ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က လူဝင်မှုကြီးကြပ်ရေးဝန်ကြီးနဲ့ ရခိုင်လူထုတွေ့ဆုံပွဲမှာ
ဝန်ကြီး ဦးခင်ရီကို တွေ့ရစဉ်
photo: RFA/ Min Thein Aung
|
ဒါ့အပြင် သန်းခေါင်စာရင်းကောက်ခံမယ့် အစီအစဉ်ဟာ ကိန်းဂဏန်းတွေကို သိရှိလိုတာကြောင့် ကောက်ခံတာဖြစ်တဲ့ အတွက် နိုင်ငံသား၊ တိုင်းရင်းသားဖြစ်ခွင့်ကိစ္စရပ်တွေနဲ့ မည်သို့မျှ သက်ဆိုင်မှုမရှိကြောင်းကိုလည်း ဝန်ကြီး ဦးခင်ရီက ပြောခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ တွေ့ဆုံပွဲကို စစ်တွေမြို့က မွတ်စလင်ကျေးရွာတွေနဲ့ ဒုက္ခသည်စခန်းတွေက ရပ်မိရပ်ဖတွေနဲ့ ဘာသာရေးခေါင်းဆောင် ၁၅ ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဝန်ကြီး ဦးခင်ရီဟာ ရခိုင်လူမျိုး ရပ်မိရပ်ဖတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်း တာဝန်ရှိသူတွေနဲ့လည်း သန်းခေါင်စာရင်းကိစ္စနဲ့ ပတ်သက်ပြီး သီးခြား တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
(သတင်းအရင်းအမြစ်- RFA Burmese)
No comments:
Post a Comment