Showing posts with label ဘင်္ဂလီ. Show all posts
Showing posts with label ဘင်္ဂလီ. Show all posts

Friday, February 6, 2015

ဝှိုက်ကတ်အရေး နောက်ကွယ်

မှတ်ပုံတင်ပျောက်နေသူတစ်ဦးပြုလုပ်ထားသော White card ကိုတွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများကို ထုတ်ပေးသော White card နှင့် UNHCR ကဒ်ကို ပြသနေသူတစ်ဦး (ဓာတ်ပုံ - india.blogs.nytimes.com)
 ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ယာယီသက်သေခံလက်မှတ် (white card)ကိုင်ဆောင်ထားသူများ မဲပေးခွင့်ပြုလိုက်ခြင်းကြောင့် ရခိုင်အမျိုးသားအင်အားစုများ အပါအဝင် နိုင်ငံရေးလေ့လာသူများအကြား စိုးရိမ်မှုများမြင့်တက်လာသည်။
ဝှိုက်ကတ်ကိုင်ဆောင်ထားသူများ မဲပေးခွင့်ပြုလိုက်ခြင်းသည် အာဏာရပါတီ၏ နိုင်ငံရေး ကစားကွက်ဟုလည်း စွပ်စွဲမှုများ ထွက်ပေါ်နေသည်။ ထို့အပြင် ဒီမိုကရေစီကူးပြောင်းစနိုင်ငံအတွက် ဆိုးကျိုးများ ဖြစ်ပွားလာနိုင်သည်ဟုလည်း သုံးသပ်သူများရှိသည်။
ယာယီသက်သေခံလက်မှတ်ကို ၁၉၅၁ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း နေထိုင်သူများ မှတ်ပုံတင်ခြင်း နည်းဥပဒေများအရ ထုတ်ပေးထားခြင်းဖြစ်သည်။ ယင်းလက်မှတ် ကိုင်ဆောင်သူများထဲတွင် နိုင်ငံသား၊ နိုင်ငံခြားသား မခွဲခြားနိုင်သေးသူ အများစုဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင် ပျောက်ဆုံးနေသူများ၊ မရရှိသေးသည့် တိုင်းရင်းသားများ အနည်းစုပါဝင်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းတွင် ယာယီသက်သေခံလက်မှတ် (white card)ကိုင်ဆောင်ထားသူများကိုပါ မဲပေးခွင့်ရှိကြောင်း ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်သမ္မတ မှတ်ချက်ဖြင့် ဖေဖော်ဝါရီ ၂ ရက် ၌ ပြင်ဆင်အတည်ပြုခဲ့သည်။
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီသည်  ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်နှင့် စိစစ်ခဲ့ခြင်းဖြစ်ကာ လွှတ်တော်သို့တင်သွင်းစဉ်ကတည်းက ဥပဒေကြမ်း၌ ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူများ မဲပေးခွင့်ရှိသည်ဆိုသောအချက် ပါရှိခဲ့သည်။
ဥပဒေကြမ်း၌ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကျင်းပသည့် ရက်တွင် အသက် (၁၈)နှစ်ပြည့် ပြီးဖြစ်သည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတိုင်းသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသည်။ ယင်းဆန္ဒမဲပေးခွင့်ရှိ သူတိုင်းကို မဲစာရင်းတွင် ထည့် သွင်းရမည်ဟု ဖော်ပြထားခြင်း ဖြစ်သည်။
သို့သော် အဆိုပါအချက်ကို လွှတ်တော်က ပယ်ဖျက်ခဲ့ပြီးနောက် ဥပဒေကြမ်းကို အတည် ပြုပြဋ္ဌာန်းပေးနိုင်ရန် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးနိုင်ရန် သမ္မတထံ ပေးပို့ခဲ့သည်။ သမ္မတက ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ မဲပေးခွင့် ရှိကြောင်းအပါအဝင်  ပြင်ဆင်ချက်၁၁ ချက်ဖြင့် ဥပဒေကြမ်းကို လွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့သည်။
နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်တွင်‘‘ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပသည့် နေ့ရက်၌အသက် (၁၈)နှစ် ပြည့်ပြီးဖြစ်သည့်နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသည်။ ယင်းဆန္ဒမဲပေးခွင့်ရှိသူတိုင်းကို မဲစာရင်းတွင် ထည့်သွင်းရမည်’’ဟု ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၂ ရက်ကပြု လုပ်သော ပြည်ထောင်စုလွှတ် တော်အစည်းအဝေးတွင် ရခိုင် တိုင်းရင်းသားလွှတ်တော်ကိုယ် စားလှယ်များက အချုပ်အခြာ အာဏာထိပါးလာနိုင်ကြောင်း ကန့်ကွက်ဆွေးနွေးခဲ့ကြသည်။ သို့သော် ပြည်ထောင်စုလွှတ်တော် က ပြည်ခိုင်ဖြိုးပါတီ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အများစု၏ ထောက်ခံချက်ဖြင့် မဲပေးခွင့်ကို အတည်ပြုခဲ့သည်။ ဝှိုက်ကတ်ကိုင်ဆောင်သူများ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရှိသည်ဆိုသောအချက်အပေါ် ထောက်ခံသူအမတ် ၃၂၈ ဦး၊ ကန့်ကွက်သူ ၇၉ ဦးနှင့် ကြားနေ ၁၉ ဦးဖြစ်သည်။
ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများကို မဲပေးခွင့်ပြုခဲ့ခြင်းမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိစေရန် နိုင်ငံရေးကစားခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ထွက်ပေါ်ခဲ့သည်။
‘‘အားလုံးကို ခြုံငုံပြီးပြောရရင်တော့ နိုင်ငံရေးကစားတာပဲ။ အဲဒီစကားတစ်လုံးပဲရှိတယ်’’ဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ၎င်း၏အမြင်ကို ပြောသည်။
‘‘နိုင်ငံရေးကစားတယ်ဆိုတဲ့ စကားရဲ့ နောက်ကွယ်မှာတော့ အများကြီးရှိတာပေါ့။ မဲရလိုမှုလည်းရှိတာပေါ့’’ဟု ၎င်းက ဆက်လက်ပြောသည်။
နိုင်ငံရေးလေ့လာသူအချို့ နှင့် ရခိုင်အမျိုးသားအင်အားစုများက အချက်နှစ်ချက်ကြောင့် ယခုကဲ့သို့ ယာယီသက်သေခံ လက်မှတ်ကို မဲပေးခွင့်ပြုခဲ့ခြင်း ဖြစ်နိုင်ကြောင်း တညီတညွတ်တည်းသုံးသပ်သည်။
‘‘ပထမတစ်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို နောက်ဆုတ်ဖို့ကြိုးစားတာ’’
‘‘နောက်တစ်ချက်က မိမိ ပါတီအာဏာရဖို့ တိုင်းပြည်အကျိုးထက် ပါတီအကျိုးကိုရှေးရှုတာ’’ ဟု စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းက ပြောသည်။
ယင်းကဲ့သို့ နိုင်ငံရေးအကျိုး အမြတ်ရရှိအောင် လုပ်ဆောင်မှုမျိုးမှာ မြန်မာ့သမိုင်းတွင် ယခင် ကလည်း ရှိခဲ့ဖူးသည်။
ဘင်္ဂါလီလူမျိုးများက ရိုဟင်ဂျာတိုင်းရင်းသားအဖြစ် တောင်းဆိုမှုကို ဖဆပလအစိုးရက ရွေးကောက်ပွဲအနိုင်ရရှိရန် လက်ခံခဲ့ဖူးသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများက ပါတီမဲရရှိရန် ဘင်္ဂါလီလူမျိုးအများအပြားအား ယာယီမှတ်ပုံတင်အဖြူကတ်များ ထုတ်ပေးခဲ့ခြင်းကြောင့် လူမျိုးရေး ပြဿနာများ ပိုမိုရှုပ်ထွေးခဲ့ရ ကြောင်း  ရခိုင်ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင် အစီအရင်ခံစာ၌ ရခိုင်တိုင်းရင်းသားများ ပြောကြားချက်ကို ကိုးကား၍ ရေးသားထားသည်။
‘‘ကျွန်တော်တို့က ယာယီသက်သေခံလက်မှတ်တွေ မဲမပေးရတဲ့ဘက်က ရပ်တည်တယ်။ ဒါပေမဲ့ မဲရှုံးသွားတယ်’’ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။
‘‘သမ္မတရဲ့ ပြင်ဆင်ချက် ကြည့်ရတာ ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားတဲ့သူတွေ မဲမပေးရဘူးဆိုတာ ကြိုက်ပုံ မပေါ်ဘူး။ နောက်ကွယ်ကဟာတွေတော့ ကျွန်တော်လည်း မသိထားတော့ မပြောလိုပါဘူး’’
မြန်မာနိုင်ငံတွင် ယာယီ သက်သေခံလက်မှတ် (white card) ကိုင်ဆောင်ထားသူ ခြောက်သိန်းခန့်ရှိကြောင်း လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက တရားဝင်ပြောကြားထားသည်။ ယင်းအနက်မှ အများစုမှာ ရခိုင် ပြည်နယ်မှ ဘင်္ဂါလီလူမျိုးများဖြစ်သည်။
‘‘၈၀ ရာခိုင်နှုန်းလောက် ဖြစ်မှာပါ’’ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးအဆင့်ရှိသူတစ် ဦးက ပြောသည်။
ရခိုင်အမျိုးသားအင်အားစုများကမူ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုးတစ်သန်းကျော် အနက် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူ ငါးသိန်းကိုးသောင်းခန့်ရှိသည်ဟု ဆိုသည်။
ဝှိုက်ကတ်ကိစ္စ ယခုအချိန်တွင်မှ ပေါ်ပေါက်လာခြင်းမှာ အခြေခံဥပဒေပြင်ဆင်ရေး အာရုံလွဲအောင် ကြိုးပမ်းခြင်းဟု သုံးသပ်မှုများလည်းရှိသည်။
လက်ရှိပြဋ္ဌာန်းထားသော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ရွေးကောက်ပွဲဥပဒေများအရ ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများမှာ ဆန္ဒမဲပေးနိုင်ခွင့် ရှိသည်။
နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ရွေးကောက်ပွဲဥပဒေများအရ သမ္မတက သဘောထားမှတ်ချက်ပြုခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်တစ်ခုတည်းသာမက အခြားတိုင်းရင်းသားဒေသများရှိ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ များအတွက်ပါ ထည့်သွင်းစဉ်းစားပြီး ယင်းကဲ့သို့ မှတ်ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း 7 day Daily အားပြောသည်။
‘‘အမိန့်ပေးတာမဟုတ်ပါဘူး။ စဉ်းစားနိုင်အောင် သဘောထားမှတ်ချက်ပေးတာပါ’’ဟု ၎င်းက ပြောသည်။
ယာယီသက်သေခံလက်မှတ်များကို မဲပေးခွင့်ပြုခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေများနှင့် ဆန့်ကျင်နေကြောင်း ထောက်ပြသူများရှိသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄ တွင် ‘‘နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်’’ ဟု ဖော်ပြထားသည်။
၁၉၈၂ နိုင်ငံသားဥပဒေ ပုဒ်မ ၂(င)တွင်မူ ယခုကဲ့သို့ပြဋ္ဌာန်းထားသည်။
‘‘နိုင်ငံခြားသားဆိုသည်မှာ နိုင်ငံသားမဟုတ်သောသူ (သို့မဟုတ်) ဧည့်နိုင်ငံသားမဟုတ်သောသူ (သို့မဟုတ်) နိုင်ငံသား ပြုခွင့်ရသူမဟုတ်သောသူကို ဆိုသည်’’
ထို့အတွက်ကြောင့်ပင် နိုင်ငံသားမဟုတ်သူများကို မဲပေးခွင့်ပြုခြင်းမှာ ဖွဲ့စည်းပုံအပါအဝင် တည်ဆဲဥပဒေများကို ချိုးဖောက်နေကြောင်း ရခိုင်အမျိုးသားအင်အားစုများနှင့် နိုင်ငံရေးလေ့လာသူများက ဝေဖန်သည်။
‘‘ကမ္ဘာပေါ်က ဘယ်တိုင်းပြည်မှာမဆို နိုင်ငံခြားသားကို မဲပေးပိုင်ခွင့်ရှိတယ်လို့ မပြဋ္ဌာန်းထားဘူး’’ဟု စစ်တွေမြို့မိမြို့ဖ ရှေ့နေဦးသာပွင့်က ဆိုသည်။
သို့ရာတွင် ယာယီသက်သေခံလက်မှတ်မှာ ရခိုင်ပြည်နယ်တွင် ထိလွယ်ရှလွယ်ဖြစ်သော်လည်း ယခင်က မဲပေးခွင့်ရှိသည့်အတွက် ဆက်လက် မဲပေးခွင့်ပေးသင့်ကြောင်း သုံးသပ်သူများလည်းရှိ သည်။
‘‘အခုကျမှ မဲပေးခွင့်မပေးတော့ဘူးဆိုရင် ကျွန်တော်တို့ ဥပဒေက မတည်ငြိမ်ဘူးလို့ အားလုံးကဝေဖန်မှုတွေဖြစ်လာမယ်။ ရှေ့ကတစ်မျိုး၊ နောက်ကတစ်မျိုး လိုသလိုအသုံးချတယ်လို့ ပြောကြမယ်’’ဟု လွှတ်တော်တွင် မဲခွဲစဉ် ထောက်ခံမဲပေးခဲ့သူ ဒီမိုကရက်တစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဆိုင်းပေါင်းနပ်က ပြောသည်။
‘‘တိုင်းရင်းသားတွေထဲမှာ မှတ်ပုံတင်မရှိလို့ ဝှိုက်ကတ်ကိုင်ထားတဲ့သူတွေ အများကြီးပဲ။ အဲဒီတော့ ဝှိုက်ကတ်ကို မဲပေးခွင့်မပေးတော့ဘူးဆိုရင် ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ အခွင့်အရေး ဆုံးရှုံးသွားမှာပေါ့’’ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သူ ဦးဆိုင်းပေါင်းနပ်က ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ ယခုကဲ့သို့ မှတ်ချက်ပြုသည်။
‘‘ရခိုင်ပြည်နယ်က ဝှိုက်ကတ်ကိစ္စကတော့ သေချာ စိစစ်ကိုင်တွယ်သင့်ပါတယ်။ ကျွန်တော်ထင်ပါတယ် မဲပေးခါနီးရင် ဝှိုက်ကတ်တွေ ပြန်စိစစ်လိမ့်မယ်’’
၂၀၁၅ ရွေးကောက်ပွဲနီးကပ်လာချိန်တွင် ယခုကဲ့သို့ယာယီ သက်သေခံလက်မှတ်ကိုင်ဆောင်သူများအား မဲပေးခွင့်ပြုခဲ့ခြင်းသည် တိုင်းပြည်အတွက် ဆိုးကျိုးများဖြစ်လာနိုင်ကြောင်း စိုးရိမ်သူများလည်းရှိသည်။
‘‘သူတို့က ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးမှာ မဲပေးရတော့မယ်။ အဲဒီအခါမှာ စိန်ခေါ် မှုတွေရှိလာပြီ’’ဟု အမျိုးသား ဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။
‘‘တိုင်းရင်းသားတွေမကြိုက်တာကို သူတို့က ထောက်ခံရင်၊ နိုင်ငံသားမဟုတ်သေးတဲ့သူတွေကိုထောက်ခံရင် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိခိုက်တာပဲ’’
ရခိုင်အမျိုးသားအင်အားစုများက ယခုကိစ္စသည် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်ပြီး အကျိုးသက်ရောက်မှုများက ပြည်တွင်းသို့ ကျော်လွန်သွားနိုင်ကြောင်း ထောက်ပြသည်။
‘‘လက်ပံတောင်းတို့၊ အခု ကျောင်းသားသပိတ်တို့ထက် ဒီကိစ္စက ဆိုးကျိုးတွေဟာ ပိုပြီး နစ်နာဆုံးရှုံးသွားနိုင်တယ်’’ဟု ဦးသန်းထွန်းက မှတ်ချက်ပြုသည်။
လတ်တလောတွင် ရဟန်း သံဃာတော်များက မဲပေးခွင့်ဆုံးဖြတ်ချက်ပြင်ဆင်ရန် ဆန္ဒထုတ်ဖော်မှုများကို ရန်ကုန်မြို့၌ပြုလုပ်သွားရန် စီစဉ်နေသည်။ ရခိုင် ပြည်နယ်တွင်လည်း မည်ကဲ့သို့ တုံ့ပြန်ဆောင်ရွက်သွားမည်ကို လူထုအစည်းအဝေးများပြုလုပ်၍ ဆုံး ဖြတ်သွားမည်ဖြစ်သည်။
ရခိုင်ပြဿနာနှင့် ကချင်အပါအဝင် ပြည်တွင်းစစ်ရပ်စဲရေး စသည့်ကိစ္စရပ်များစွာကို ဖြေရှင်းနိုင်ခြင်းမရှိသေးသည့် အစိုးရမှာ ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ စိန်ခေါ်မှုများ ထပ်မံကြုံတွေ့လာမည်ဖြစ်ကြောင်း နိုင်ငံတကာအပါအဝင် လေ့လာသူများက အစဉ်တစိုက်ထောက်ပြခဲ့ကြသည်။
ဦးခင်မောင်ဆွေကမူ ယခုကဲ့သို့မှတ်ချက်ပြုသည်။ ‘‘အမျိုးသားလုံခြုံရေးအမြင်၊ နိုင်ငံတော် လုံခြုံရေးအမြင်နဲ့ ဒီကိစ္စကို သေချာစိစစ်လုပ်ကိုင်သင့်တယ်’’
××××××××××××××××××××
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းကို လွှတ်တော်အသီးသီးတွင် ဆွေးနွေးအတည်ပြုခဲ့မှုအခြေအနေများ
××××××××××××××××××××××××××××××××××
- ၂၀၁၄ နိုဝင်ဘာ ၁၈ ရက် သတင်းမီဒီယာတွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒခံယူပွဲကို မေလအတွင်း လုပ်ပေးမည်ပြော။
- ၂၀၁၄ နိုဝင်ဘာ ၂၀ ရက်တွင် ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီက ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ ဥပဒေကြမ်းကို တင်သွင်းခဲ့။
- ၂၀၁၄ နိုဝင်ဘာ ၂၄ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ယာယီသက်သေခံကတ်ပြား ကိုင်ဆောင်ထားသူများ မဲပေးခွင့်ရသည်ဆိုသော အချက်ကို လွှတ်တော်က ပယ်ဖျက်ရန်သဘောတူညီခဲ့။
- ၂၀၁၄ နိုဝင်ဘာ ၂၈ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိပေးပို့သော ဥပဒေကြမ်းကို လက်ခံရရှိပြီး ဆက်လက်ဆောင်ရွက်သွားရန် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ အသိပေးခဲ့။
- လွှတ်တော်နှစ်ရပ်စလုံးတွင် ဆွေးနွေးမှုများပြုလုပ်ပြီးနောက် ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းနိုင်ရန် နိုင်ငံတော်သမ္မတထံ ပြည်ထောင်စုလွှတ်တော်က ပေးပို့ခဲ့။
- ၂၀၁၅ ဇန်နဝါရီ ၂၂ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ နိုင်ငံတော်သမ္မတက ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ပြင်ဆင်ချက် ၁၁ ချက်ဖြင့် ပေးပို့လာမှုအပေါ် ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီက အစီရင်ခံစာတင်သွင်းခဲ့။
-၂၀၁၅ ဖေဖော်ဝါရီ ၂ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ် တော်အစည်းအဝေးက ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရှိသည်ဆိုသောအချက်ကို ထောက်ခံသူများသဖြင့် အတည်ပြုခဲ့။
(သတင်းအရင်းအမြစ်- 7 Days News)

Thursday, January 29, 2015

ပေါက်တောမြို့နယ် ကြိမ်နီပြင် ဘင်္ဂလီဒုက္ခသည်စခန်းမီးလောင်၊ အိမ်ထောင်စု ၁၀၆ စု အိုးမဲ့အိမ်မဲ့ဖြစ်

bangali-camp
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ကြိမ်နီပြင် ဘင်္ဂလီဒုက္ခသည် စခန်းတွင် မီးလောင်မှု ဖြစ်ပွားသဖြင့် အိမ်ထောင်စု ၁၀၆စု၊ လူပေါင်း ၄၅၀ အိုးမဲ့အိမ်မဲ့ဖြစ်သွားကြောင်း  မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွှင်က အတည်ပြု ပြောကြားသည်။
“ မီးလောင်တာက ဇန်န၀ါရီလ ၂၃ ရက်နေ့  ညနေ ၃ နာရီခွဲက စလောင်ပြီး ၄နာရီခွဲမှာ ပီးသွားပါတယ်။ ရှစ်ခန်းတွဲ အဆောင် ၁၀ ခုမီးထဲပါသွားပါတယ်။ ပေါ့ဆမီးပါ။ ထမင်းချက်ရာကနေ လောင်တာပါ” ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။
ယင်းမီးသည် ကြိမ်နီပြင် ဒုက္ခသည်စခန်းရှိ အဒူချော်ဘီအိမ်က စလောင်ခြင်းဖြစ်ပြီး အဆောင် (၁၀) ခုအား ၀ါးမျိုဖျက်ဆီးပစ်ခဲ့သည်ဟု ဆိုသည်။
“ မီးသတ် ဌာနရဲ့ ခန့်မှန်းချက်အရ ကျပ်သိန်း ၈၀ ခန့် ဆုံးရှုံးတယ်လို့ သိရပါတယ်။ အခုတော့ အဒူချော်ဘီကို ဖမ်းဆီးအရေးယူထားပါတယ်” ဟု အုပ်ချုပ်ရေးမှူးက ဆက်လက် ပြောဆိုသည်။
ယခုအခါ သက်ဆိုင်ရာမှ မီးဘေးဒုက္ခသည်များအတွက် ယာယီစခန်းဖွင့်လှစ်ထားပြီး ဆန်ဆီဆားစည့် လိုအပ်သည့် စားသောက်ကုန်များအပြင် ရွက်ဖျင်တဲများ၊ စောင်များ ကူညီထောက်ပံ့ပေးထားသည်ဟု သိရသည်။
ဇန်န၀ါရီလ ၂၄ ရက်နေ့ကလည်း ရခိုင်ပြည်နယ် ၀န်ကြီးအဖွဲ့မှ ၀န်ကြီး ၂ ဦး အပါအ၀င် အစိုးရ တာဝန်ရှိသူများသွားရောက်ပြီး အကူအညီနှင့် အားပေးစကားများ ပြောကြားခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, January 21, 2015

နိုင်ငံတော်သမ္မတမှ ရခိုင်အရေးအခင်းတွင် ထိပ်တန်းက ပါဝင်ပတ်သက်သူတစ်ဦးအတွက် အထူးလွှတ်ငြိမ်းချမ်းသာ ခွင့်ထုတ်ပြန်

အလယ်မှ အကျီ အဖြူနှင့် သူမှာ ဒေါက်တာ ထွန်းအောင်ဖြစ်ပြီး သူ့ဘေးမှသူမှာ သမီးဖြစ်သူနှင့် နောက်တစ်ဦးမှာ သူလွှတ်မြောက်ရေးအတွက် ကူညီသူ Aaron Schock မှာ အစွန်ဆုံးလူ ဖြစ်သည်။ (ဓါတ်ပုံ- RFA)
အလယ်မှ အကျီ အဖြူနှင့် သူမှာ ဒေါက်တာ ထွန်းအောင်ဖြစ်ပြီး သူ့ဘေးမှသူမှာ သမီးဖြစ်သူနှင့် နောက်တစ်ဦးမှာ သူလွှတ်မြောက်ရေးအတွက် ကူညီသူ Aaron Schock မှာ အစွန်ဆုံးလူ ဖြစ်သည်။ (ဓါတ်ပုံ- RFA)
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ရခိုင်ပြည်နယ် အရေးအခင်းတွင် ကြိုးကိုင်ပါဝင်သူဟု စွပ်စွဲခံရပြီး ထောင် ၁၇ နှစ် ချမှတ်ခံထားရသူ တစ်ဦးအတွက် အထူးလွှတ်ငြိမ်းချမ်းသာခွင့်တစ်ရပ်ကို ထုတ်ပြန်လိုက်သည်ဟု သတင်း ရရှိသည်။
ယင်းထုတ်ပြန် ချက်ကို ဇန်န၀ါရီလ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းလွှတ်ငြိမ်းချမ်းသာခွင့်နှင့် အတူ ထောင်ထဲမှ လွှတ်မြှောက်လာသူမှာ မောင်တောအကြမ်းဖက်မှုတွင် ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင် ပတ်သက်သည်မှာ ထင်ရှားသဖြင့် စစ်တွေခရိုင် တရားရုံးမှ ထောင်  ၁၇ နှစ်ချမှတ်ခံရသူ ဒေါက်တာထွန်းအောင် (ခ) နူရာဟောက် ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့က ရခိုင်ပြည် နယ် မောင်တောမြို့ပေါ်ရှိ ရခိုင်ရပ်ကွက်နှင့် ရခိုင်ကျေးရွာအချို့ကို ဘင်္ဂလီမွတ်ဆလင်များမှ အုပ်စုဖွဲ့ တိုက်ခိုက်မီရှို့မူ ဖြစ်ပွားခဲ့သည်။ ယင်းတိုက်ခိုက်မှုတွင် ရခိုင်လူမျိုးအနည်းဆုံး ၇ ဦး သေဆုံးပြီး အိမ်ပေါင်း ၅၀၀ ခန့် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည်။
ထိုတိုက်ခိုက်မူမှာ မောင်တောမြို့ မြို့မ ဗလီတွင် ဆုတောင်းပွဲတစ်ရပ် အပြီးပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပြီး ယင်းဆုတောင်းပွဲအား ဒေါက်တာထွန်းအောင် (ခ) နူရာဟောက်က ထိုစဉ်က နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီးခွင့်ပြုချက်ဖြင့် စီစဉ် ပြုလုပ်ခဲ့သည်။
ဆုတောင်းပွဲ အပြီးတွင် ရာပေါင်းများစွာသော ဘင်္ဂလီများသည် တုတ်ဓါးလက်နက်များ ကိုင်ဆောင်ပြီး ဗလီမှ ထွက်လာကြပြီး  ကြွေးကြော်သံများ ကြွေးကြော်ကာ မောင်တောမြို့ပေါ်ရှိ ဗိုလ်မှူးရွာကို စတင် မီးရှို့တိုက်ခိုက်ခဲ့သည်။ နောက်ပိုင်းတွင် တစ်ခြားရခိုင်ရွာ အများအပြားလည်း မီးရှို့တိုက်ခိုက်ခံခဲ့ရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆုတောင်းပွဲအား ဦးဆောင်စီစဉ်သူ ဒေါက်တာ ထွန်းအောင်အား ဇွန်လ ၁၁ ရက်နေ့က မောင်တော UNHCR ရုံးခွဲတွင် ပုန်းခိုနေစဉ် ဖမ်းဆီးခဲ့ပြီး ပြစ်မှု ထင်ရှားသဖြင့် တရားစွဲဆိုခဲ့သည်။ ဒေါက်တာထွန်းအောင်အား မောင်တောမှ စစ်တွေသို့ ယူဆောင်ခဲ့ပြီး စစ်တွေခရိုင် တရားရုံးက ထောင်  ၁၇ နှစ် ချမှတ်ခဲ့သည်။
နောက်ပိုင်းတွင် နိုင်ငံတကာမှ ဖိအားကြောင်း ဒေါက်တာထွန်းအောင်ဟာ မူလက ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရာမှ ပြစ်ဒဏ်ကို ၉  နှစ်လျှော့ပေါ့ သတ်မှတ်ခဲ့သည်။
ယခုတစ်ခါ နိုင်ငံတော် သမ္မတမှ အထူးလွှတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်ကာ ဇန်န၀ါရီလ ၁၉ ရက်နေ့ ညနေ ၄ နာရီက ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်မှ လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
သူလွှတ်မြှောက်ရေးအတွက် အမေရိကန်အောက် လွှတ်တော်အမတ် Aaron Schock ၀ိုင်းဝန်းကူညီခဲ့ပြီး ကျန်ကူညီခဲ့သော အဖွဲ့အစည်းတစ်ခုမှာ ချက်နိုင်ငံအခြေစိုက် Prague Freedom Foundation ဖြစ်ကြောင်း သိရသည်။
လူပေါင်းအများအပြား သေစေခဲ့ပြီး နိုင်ငံ၏ တည်ငြိမ်ရေးကို ပျက်ပြားစေရန် ကျူးလွန်ခဲ့သူ တစ်ဦးအား နိုင်ငံတော် သမ္မတမှ အထူးလွှတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်ကာ လွှတ်ပေးလိုက်ခြင်း အပေါ် အများက ဝေဖန်မှုများ ထွက်ပေါ်နေသည်။ ယခုလုပ်ရပ်မှာ နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးကို အယုံအကြည်မဲ့စေသည်ဟု စစ်တွေ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောဆိုသည်။
“ ဒေါက်တာ ထွန်းအောင်ဟာ ၂၀၁၂ ခုနှစ်ရခိုင်ပဋိပက္ခ ဖြစ်ပွားအောင် လုံ့ဆော်တဲ့ နေရာမှာ အဓိက ဇာတ်ကောင် ဖြစ်ပါတယ်။ အခုသူ့ကို ပြန်လွှတ်လိုက်တယ်ဆိုတော့ သူကြောင့်  တည်ငြိမ်နေတဲ့ ရခိုင်အရေးက ပြန်ပြီး မဖြစ်လာနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး။ တစ်ခြားတစ်ဘက်မှာလည်း အဲဒီပဋိပက္ခကြောင့် ထောင်ထဲမှာ ဒီင်္အမှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံထားရတဲ့ ရခိုင်တိုင်းရင်းသားတွေလည်း အများကြီးရှိနေတယ်။ အဲသလို ရှိနေတာကို သူတစ်ယောက်တည်းကို ပြန်လွှတ်လိုက်တယ်ဆိုတော့ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို အများကြီး မေးခွန်းထုတ်စရာ ရှိနေပါတယ်” ဟု ဦးသန်းထွန်းက ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

လမ်းပေါ်ထွက်ဆန္ဒပြသည်မှာ ခြေပူ၊နေပူရုံသာရှိပြီး ဘင်္ဂါလီကိုရိုဟင်ဂျာအမည်ဖြင့် နိုင်ငံသားဖြစ်ခွင့်ပေးပါက မြန်မာပြည်သူတစ်ရပ်လုံး ရင်ပူရမည်ဟု ဦးဝီရသူမိန့်ကြား

DSCN8645
ဘင်္ဂါလီကိစ္စကြောင့် ပြည်သူများ လမ်းပေါ်ထွက်ကာ ဆန္ဒပြရသဖြင့် မိမိတို့တတွေမှာ ခြေပူရုံ၊ နေပူရုံသာရှိမည် ဖြစ်ပြီး ဘင်္ဂါလီဆိုသည့် ပုဂ္ဂိုလ်များက ရိုဟင်ဂျာအမည်ဖြင့် သူတို့တောင်းဆိုနေသည်ကိုရသွားလျှင် မိမိတို့ပြည်သူတစ်ရပ်လုံးမှာ ရင်ပူရမည်ဟု ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။
ဇန်နဝါရီလ ၁၆ ရက်နေ့က ရန်ကုန်မြို့၊ ဟစ်တိုင်ကွင်းတွင် ပြုလုပ်သည့် ကုလသမဂ္ဂညီလာခံ၏ ဘင်္ဂလီအရေးနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို ကန့်ကွက်ဆန္ဒပြပွဲ အခမ်းအနားတွင် ဆရာတော် ဦးဝီရသူ ထိုသို့ မိန့်ကြားသွားခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် ဆရာတော်က “ကမ္ဘာ့မြေပုံထဲကနေ မြန်မာ့မြေပုံကိုပျောက်အောင် ဖျောက်ဖျက်ဖို့ ကြိုးစားနေတာက ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလိမ်တွေ၊ အဲဒီဘင်္ဂါလိမ်တွေ ကုလသမဂ္ဂရုံးခန်းထဲ၊ ရုံးခန်းစားပွဲပေါ်ထိ ဒီလောက် အတင့် ရဲလာအောင် မြှောက်ပင့် ပေးနေတဲ့သူတွေကတော့ လောက်ကောင်တွေပါပဲ။ အဲဒီလောက်ကောင်တွေဟာ မစင်တွင်းထဲက လောက်ကောင်တော့ မဟုတ်ဘူး။ အသားထဲက လောက်ကောင်တွေပဲ။ အဲဒီလောက်ကောင်တွေဟာ တစ်မျိုးသားလုံးကို သစ္စာဖောက်ရုံတင်မက ဘူး။ မြန်မာပြည်ကြီးကိုပါ ဒေါ်လာနဲ့ရောင်းစားဖို့လုပ်နေတာ”ဟု မိန့်ကြားခဲ့သည်။
ယခုအခါ ကမ္ဘာကုလသမဂ္ဂမှာ အင်္ဂလိပ်လိုခေါ်ဆိုသော United Nations မဟုတ်တော့ဘဲ United Muslims ဖြစ်သွားပြီဟု ဆရာတော်က ဆိုသည်။
“United Muslim မူဆလင်သမဂ္ဂပါ။ အဲဒီမှာ ဌာနပေါင်းစုံရှိတယ်။ ဌာနပေါင်းစုံကို လိုက်ကြည့်လိုက်။ ငွေမကြိုက်တဲ့လက် တစ်ကောင်မှ မပါဘူး။ အရက်မငတ်တဲ့ပါးစပ် တစ်ပေါက်မှ မပါဘူး။ အဲဒီ အရက်နဲ့ငွေကို ရေကြိုသောက်ပြီး တော့ တို့နိုင်ငံကိုရောင်းစားတဲ့ အခြေအနေမျိုး တို့လက်ခံ နိုင်မလား”ဟု ဆရာတော်က မေးခွန်းထုတ်ခဲ့သည်။
မြန်မာနိုင်ငံရှိဘင်္ဂါလီများကို ရိုဟင်ဂျာအမည်ဖြင့် နိုင်ငံသားဖြစ်ခွင့်ပေးရန် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို ရခိုင်တိုင်းရင်းသားများ အပါအ၀င် မြန်မာတိုင်းရင်းသားပေါင်းစုံ ပါဝင်သော လူပေါင်း ၅၀၀ ခန့်က ဇန်န၀ါရီလ ၁၆ ရက်နေ့က ရန်ကုန်မြို့တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြ လူအုပ်ကြီးသည် နေ့လယ် ၁ နာရီမှစတင်ကာ ရန်ကုန်မြို့၊ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်အနီးရှိ ကြေးသွန်း ဘုရားကြီးအနီးတွင် စုဝေးခဲ့ကြပြီး ယင်းမှတဆင့် တာမွေမြို့နယ်ရှိ ဟစ်တိုင်ကွင်းသို့ ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ကာ လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြရာတွင် ပါဝင်သည့် ရခိုင် တိုင်းရင်းသားတစ်ဦးဖြစ်သူ ကိုရဲမင်းဦးက  “မစ္စယန်ဟီးလီက တရားမဝင် ခိုးဝင်လာတဲ့ သူတွေကို နိုင်ငံသားဖြစ်ခွင့်တွေ၊ လူ့အခွင့်အရေးအရ အပြည့်အဝ နိုင်ငံသားဖြစ်ခွင့်ပေးဖို့ကိစ္စတွေကျတော့ဒါကတော့ နိုင်ငံတကာမှာလည်းမရှိဘူး။ ဘယ်တိုင်းပြည်မှာမှမရှိဘူး။ ဒီလိုမျိုး သူတို့ရဲ့ဖိအားပေးမှုက အကြမ်းဖက်မှုကို ဆွပေးတဲ့ လုပ်ရပ် ဖြစ်တယ်လို့မြင်တယ်” ဟု နိရဉ္စရာသို့ ပြောဆိုသည်။
ယခုဆန္ဒပြပွဲတွင် ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားများနှင့် အမျိုးသားရေး တက်ကြွလှုပ်ရှားသည့် ဆရာတော် များဖြစ်ကြသော မန္တလေးမြို့မှ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူ၊ ရန်ကုန်မှ မကွေးကျောင်းဆရာတော် ဦးပါမောက္ခစသည့် သံဃာတော်များအပါအဝင် သီလရှင်များနှင့် အခြား ရန်ကုန်ရှိ လူမှုအဖွဲ့အစည်းအချို့မှ လူပုဂ္ဂိုလ်များ ပါဝင်ခဲ့ကြသည်။
DSCN8647
“မြန်မာ့ပြည်တွင်းရေး ပဋိပက္ခဖြစ်ပေါ်စေရန်ဖန်တီးနေသော ကုသလမဂ္ဂ၏ ဆုံးဖြတ် ချက် အလိုမရှိ”၊ “ခိုးဝင် ဘင်္ဂါလီများအား လူမျိုးအတုအယောင်အမည်ဖြင့် နိုင်ငံသားပေးရန် ကုလသမဂ္ဂ၏ဆုံးဖြတ်ချက် အား လုံးဝ ကန့်ကွက်သည်”၊ “တိုင်းရင်းမျိုးနွယ်ကို လုပ်ကြံ၍ မရ”၊  “Ethnicity can’t be fabricated”၊ “Supporters of Rohingya are our enemy ”၊ “ကုလသမဂ္ဂနှင့် မစ္စယန်ဟီးလီ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကိုလေးစားပါ၊ ပဋိပက္ခကို မဖန်တီးပါနှင့်”၊ “တိုင်းရင်းမျိုးနွယ်စုကို ဖန်တီး၍ မရနိုင်”၊ “ဘန်ကီမွန်းနှင့် ရန်ဟီးလီ တောင်နှင့် မြောက် ပေါင်းစည်းရေး ကြိုးပမ်းပါ၊ ကျုပ်တို့ တိုင်းပြည်(မြန်မာ)အတွင်းမှာ ပဋိပက္ခဖြစ်စေမယ့် ဆုံးဖြတ်ချက်မျိုး မလုပ်ပါနဲ့” စသည့် စာသားများပါ ဗီနိုင်းဆိုင်းဘိုးများကိုကိုင်ဆောင်ကာ လူအုပ်ကြီးက ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။
ယင်းအပြင် ဆန္ဒပြသူများသည် “ဝှိုက်ကတ်ကိုင်ဆောင်သူများအား ဆန္ဒမဲပေးခွင့်ပြု ခြင်းမှ ပယ်ဖျက် ပေးရေး ဒို့အရေး”၊ “တိုင်းရင်းသား ၁၃၅ မျိုးတွင်ထပ်တိုးမည့်အကြံ ဒို့လက်မခံ”၊ “ခိုးဝင် ဘင်္ဂါလီ များအား နိုင်ငံသားဖြစ်ခွင့်ပေးရန် ကုလ သမဂ္ဂရဲ့ဆုံးဖြတ်ချက် ချက်ချင်းရပ်”၊ “နိုင်ငံသား ဥပဒေအရ ခိုးဝင်ဘင်္ဂါလီများအား အရေးယူရေး ဒို့အရေး ”စသည့် စာသားများကိုလည်း လမ်းတစ်လျှောက် ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
လမ်းလျှောက်ဆန္ဒပြလာသည့် လူအုပ်သည် ယင်းတို့ဦးတည်ရာ တာမွေမြို့နယ်ရှိ ဟစ်တိုင်ကွင်းသို့ ညနေ ၃ နာရီခန့်တွင် ရောက်ရှိခဲ့ကြပြီး ဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ကုလသမဂ္ဂ ညီလာခံ၏ ဆုံးဖြတ်ချက်အား ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် အဆိုပါ ဟစ်တိုင်ကွင်းတွင် ဟောပြောခြင်းများကိုလည်း ပူးတွဲပြုလုပ်ခဲ့ကြသည်။
ယခုဆန္ဒပြပွဲကို သက်ဆိုင်ရာ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ညနေ ၄ နာရီခန့်တွင် ဆန္ဒပြပွဲ ပြီးဆုံး သွားခဲ့သည်။
ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ကပြုလုပ်ခဲ့သော (၆၉)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာနိုင်ငံရှိ ဘင်္ဂါလီများအား မြန်မာနိုင်ငံသား အဖြစ် အသိအမှတ် ပြုပေးရမည် ဖြစ်သည့် အပြင် ယင်းတို့ကို မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်စွာသွားလာ ခွင့်ပြုရန်စသည့် အချက်တို့ပါဝင်သည့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ ရန်ကုန်အပြန်ခရီးတွင် စစ်တွေဒေသခံ ၃ဝဝ ခန့်က ထပ်မံဆန္ဒပြ

image-0311ab207a6193812608b6ff25c0947a02de928983e1709bbf83602871794287-V
ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ပြန်လည်ထွက်ခွာမည့် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကို ဇန်နဝါရီလ ၁ဝ ရက်နေ့တွင် စစ်တွေဒေသခံ ၃ဝဝ ခန့်က ထပ်မံဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြသူများက ပြောသည်။
“သူ့အပြန်ခရီးကို နှုတ်ဆက်လိုက်တာပေါ့။ ကျွန်တော်တို့သတင်းကြားထားတာက သူ ၃ နာရီမှာ ဆင်းလာမယ် လို့လေ။ ဒါကြောင့် လူစုချိန်လည်းမရလိုက်တော့ဘူး။ ၃ဝဝ လောက်ပဲပြလိုက်နိုင်တယ်”ဟု ဆန္ဒပြရာတွင် ဦးဆောင်ပါဝင် ခဲ့သူ ရခိုင်လူမှုကွန်ရက်မှ ဦးစိုးနိုင်က ပြောသည်။
ဆန္ဒပြရာတွင် မစ္စယန်ဟီးလီ ရခိုင်သို့ရောက်ရှိခဲ့သည့်နေ့က ပြခဲ့သည့် ဆိုင်းဘိုးများကို ကိုင်ဆောင်ကာ လေဆိပ် တွင်ကြွေးကြော်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။
ယန်ဟီးလီသည် ဇန်နဝါရီလ ၁ဝ ရက်နေ့နံနက်ပိုင်းက စစ်တွေမြို့တွင် အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေး စင်တာ (ECC)နှင့်တွေ့ဆုံခဲ့ပြီး မွန်းလွဲပိုင်းတွင် စစ်တွေမြို့မိမြို့ဖများ၊ လူမှုအဖွဲ့အစည်းများတွေ့ဆုံခဲ့ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် မြို့မိမြို့ဖဦးသန်းထွန်းက ပြောသည်။
“သူဘက်ကပြောတာကတော့ ဘင်္ဂါလီတွေကို လူသားတစ်ယောက်လို အခွင့်အရေးပေးရမယ်၊ နောက်ပြီး နိုင်ငံသားဖြစ်ခွင့်လျှောက်တဲ့အခါ အခွင့်အရေးပေးရမယ်လို့ပြောတယ်။ ရခိုင်တွေနဲ့ဘင်္ဂါလီ တည့်မတ်ကြဖို့ အချင်း ချင်း တွေ့ဆုံဆွေးနွေးဖို့လိုတယ်လို့ပြောတယ်။ ကျွန်တော်တို့ဘက်ကလည်း ပြောတာပေါ့လေ။ လူသားချင်း စာနာမှုအတွက် ကိုတော့ ပြောစရာမလိုပါဘူး။ ဒါပေမယ့် နိုင်ငံသားဖြစ်ခွင့် ပေးရမယ် ဆိုတာ ကတော့ ဘယ်ရမလဲ။ ၁၉၈၂ ခုနှစ်၊ နိုင်ငံသား ဖြစ်ခွင့်ဥပဒေနဲ့ညီတဲ့သူကိုမှ ပေးလို့ရမှာလို့ ပြန်ပြော လိုက်ပါတယ်”ဟု သူက ဆိုသည်။
တွေ့ဆုံပွဲသို့တက်ရောက်လာသူများက ရခိုင်ပြည်နယ်ရှိ နှစ်ဘက်လူ့အဖွဲ့နှစ်ရပ်ပဋိပက္ခများဆက်လက်မဖြစ် ပွားစေလိုလျှင် မစ္စယန်ဟီးလီအနေဖြင့် ယခုရခိုင်ခရီးစဉ်နှင့်ပတ်သက်ပြီးအစီရင်ခံစာရေးသားရာတွင် ဘက်လိုက်မှုမရှိဘဲ မျှမျှတတရေးသားပေးရန်လိုအပ်ပြီး မြန်မာနိုင်ငံတွင်မရှိသည့် လူမျိုးတစ်မျိုး၏အမည်ကို ဆက်လက်မသုံးစွဲရန်လိုသည်ဟု ယန်ဟီးလီကိုတိုက်တွန်းပြောကြားခဲ့ကြကြောင်းလည်း သိရသည်။
ယန်ဟီးလီသည် ရခိုင်ပြည်နယ်သို့ ဇန်နဝါရီလ ၈ ရက်နေ့ကရောက်ရှိနေခဲ့ခြင်းဖြစ်ပြီး စစ်တွေနှင့် မြေပုံမြို့များရှိ နှစ်ဘက် လူ့အဖွဲ့အစည်းများ၏ ဒုက္ခသည်စခန်းများအပြင် နှစ်ဘက်လူ့အသိုင်းအဝိုင်းများနှင့်တွေ့ဆုံခဲ့ပြီး ဇန်နဝါရီလ ၁ဝ ရက်နေ့၊ ညနေ ၃ နာရီခွဲခန့်တွင် ရန်ကုန်သို့ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ကုလ အထူးကိုယ်စားလှယ်ရဲ့ လူမျိုးစုနှစ်ခု အတူယှဉ်တွဲနေထိုင်ရေးကမ်းလှမ်းချက် မြေပုံဒေသခံတို့ လက်မခံ

image-e9270041ed6d99f3a52ba8e53e8e4899186d2844241b760582baa4009f255f6
ဒုတိယအကြိမ်မြောက်ခရီးစဉ်အဖြစ် ရခိုင်ပြည်နယ်သို့ ဇန်ဝါရီလ ၈ ရက်နေ့က ရောက်ရှိလာသော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟီးလီသည် မြေပုံမြို့ရှိ နှစ်ဘက်လူ့ အသိုင်းအဝိုင်းနှင့်တွေ့ဆုံခဲ့ပြီး အတူ ယှဉ်တွဲ နေထိုင်မည့် ကိစ္စတွေကို ဆွေးနွေးခဲ့ကြကြောင်း သူမနှင့်တွေ့ဆုံခဲ့ သူများထံမှ သိရသည်။
သူမသည် ယနေ့နံနက်ပိုင်းက မြေပုံမြို့တွင်းရှိ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းဧည့်ရိပ်သာ၌ မြေပုံမြို့ နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအပြင် မြို့မိမြို့ဖ အချို့တို့နှင့် တွေ့ဆုံရာတွင် ယင်းသို့ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
“သူက ရခိုင်ပြည်မှာ ဒီလူမျိုးစုနှစ်ခု ဘာကြောင့် အတူမနေနိုင်ရတာလဲလို့လည်းမေးတော့ ရခိုင်ပြည်မှာ မနေ့တနေ့က နှစ်ဘက် သတ်ဖြတ်ထားကြတယ်၊ အချင်းချင်း နေအိမ်တွေကို မီးရှို့ထားကြတယ်၊ ဒါကို ဒီကနေ့ ချက်ချင်း အတူနေပေးပါဆိုလို့ရမလား။ လူကြီးမင်းတို့ ကိုရီးယား နိုင်ငံမှာတောင် တောင်နဲ့မြောက် မပေါင်းစည်း နိုင်တာ နှစ်ပေါင်း ၇ဝ ကျော်နေပြီ။ ကျွန်တော်တို့မှာ ၂ နှစ်အတွင်း ဘယ်လိုလုပ် ယှဉ်တွဲနေလို့ရမှာလဲလို့ ပြန်ဖြေလိုက်တယ်”ဟု သူမနှင့်တွေ့ဆုံခွင့်ရခဲ့သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက နိရဉ္စရာသို့ ပြောသည်။
မစ္စယန်ဟီးလီအနေဖြင့် မြေပုံမြို့တွင်ဆောင်ရွက်နေသည့် နိုင်ငံသားဖြစ်ခွင့်စိစစ်ရေးဆောင်ရွက်ချက် အခြေအနေများကိုလည်း မေးမြန်းခဲ့ကြောင်း ဦးဖေသန်းက ဆက်ပြောသည်။
“ဘင်္ဂါလီတွေကို နိုင်ငံတကာက ရိုဟင်ဂျာဆိုပြီးပြောဆိုသုံးနှုန်းနေတဲ့အတွက်ကြောင့် နိုင်ငံသားဖြစ်ခွင့် ဆောင်ရွက်တဲ့ လုပ်ငန်းဟာ အချိန်ကြန့်ကြာနေရတယ်လို့ ပြန်ပြောလိုက်တယ်။ နောက်ပြီး လူကြီးမင်းအနေနဲ့ ဒီအခြေအနေ တွေကို အစီရင်ခံစာရေးတဲ့အခါ မျှမျှတတရေးပေးဖို့တောင်းဆိုတော့ သူမက ဟုတ်ကဲ့ပါ။ ကျွန်မရဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး နောက်ထပ် ဆူပူမှုတွေမဖြစ်ရအောင် အတတ်နိုင်ဆုံးကြိုးစားရေးပေးပါ့မယ်လို့ ကတိခံခဲ့တယ်”ဟု ဦးဖေသန်းက ယန်ဟီးလီ၏ပြောဆိုချက်ကို ပြန်ပြောင်းပြောသည်။
ယန်ဟီးလီသည် ဦးဖေသန်းတို့နှင့် နံနက် ၁၁ နာရီမှ နေ့လယ် ၁ နာရီအထိ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး နေ့လယ် ၂ နာရီအချိန်တွင် သူမသည် မြို့တွင်းရှိ ဘင်္ဂါလီဒုက္ခစခန်းဖြစ်သော တောင်ပေါ်ဒုက္ခသည် စခန်းသို့သွားရောက်ကာ စခန်းတွင်းရှိ ဘင်္ဂါလီများနှင့် တွေ့ဆုံခဲ့ကြောင်း မြို့ခံများ၏ပြောပြချက်အရ သိရသည်။
ယန်ဟီးလီသွားရာလမ်းတွင် မြေပုံမြို့မှ အမျိုးသမီးကွန်ရက်အဖွဲ့ဝင်အချို့က “သမိုင်းလိမ်ညာ ရိုဟင် ဂျာ မြန်မာပြည်မှာလုံးဝမရှိ”၊ “ကိုးရီးယား တောင်နှင့်မြောက်ကိုပေါင်းစည်းနိုင်အောင်လုပ်မှ ရခိုင်ပြည်မှာလည်း လူမျိုးစု နှစ်ဘက်ပေါင်းနိုင်အောင် လုပ်ပါ” ဟူသည့် စာသားပါ ဗီနိုင်းဆိုင်းဘိုးများကိုကိုင်ဆောင် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
အဆိုပါဗီနိုင်းဆိုင်းဘိုးများကို ရဲတပ်ဖွဲ့က ဆွဲယူဆုတ်ဖြဲပစ်သည့်အတွက် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူတို့ ရုန်းရင်း ဆန်ခတ်အနည်းငယ်ဖြစ်ပွားခဲ့ကြောင်း ဆန္ဒပြသူများက ပြောသည်။
“ဝန်ကြီးချုပ်နဲ့ သမ္မတကြီးကတောင် မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိပါဘူးလို့ ပြောထားပြီးသားလေ။ ဒါကို ကျွန် မတို့ ပြည်သူတွေကော ပြောခွင့် မရှိတော့ဘူးလား။ ရဲတပ်ဖွဲ့ရဲ့လုပ်ရပ်က တော်တော်အရုပ်ဆိုးစေပါတယ်။ ကျွန် မတို့ကိုလည်း လူတွေအလယ်မှာ အရှက်ရစေတယ်” ဟု ဆန္ဒပြရာတွင်ပါဝင်သည့် အမျိုးသမီးကွန်ရက်မှ ဒေါ်ခင် သိန်းက နိရဉ္စရာသို့ပြောသည်။
ယင်းသို့ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သော်လည်း ဆန္ဒပြသူများအနေဖြင့် ယန်ဟီးလီလိုက်ပါလာသည့်ကား အနီးတွင် ယန်ဟီးလီကို “ယန်ဟီးလီ Get Out”  ဟု ဝိုင်းဝန်းဟစ်အော်ခဲ့ကြသည်ဟု ဆိုသည်။
ယန်ဟီးလီသည် ဘင်္ဂါလီဒုက္ခသည်စခန်းသို့သွားရောက်အပြီး ညနေ ၄ နာရီခန့်တွင် မြေပုံမှတဆင့် စစ်တွေမြို့သို့ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
သူမသည် ဇန်နဝါရီလ ၁ဝ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်တွေရှိ အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေးစင်တာ (ECC) အဖွဲ့နှင့် တွေ့ဆုံမည်ဖြစ်ပြီး ယင်းနောက် စစ်တွေရှိ နှစ်ဘက်ဒုက္ခသည်စခန်းများသို့သွားရောက်လေ့လာ မည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

အမေရိကန် သန်းကြွယ်သူဌေး ဂျော့ဆိုးရော့စ် စစ်တွေသို့ရောက်ရှိ

 ဂျော့ဆိုးရော့စ် ကိုယ်ပိုင်လေယာဉ်ဖြင့် ရောက်ရှိလာစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)
ဂျော့ဆိုးရော့စ် ကိုယ်ပိုင်လေယာဉ်ဖြင့် ရောက်ရှိလာစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)
အမေရိကန်သန်းကြွယ်သူဌေးတစ်ဦးဖြစ်သူ ဂျော့ဆိုးရော့စ် (George-Soros)သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ဇန်နဝါရီလ ၈ ရက်နေ့ကရောက်ရှိခဲ့သည်။
သူသည် ယင်းနေ့နံနက် ၁ဝ နာရီခွဲခန့်က စစ်တွေလေဆိပ်သို့ သူ၏ကိုယ်ပိုင်လေယာဉ်ဖြင့် ရောက်ရှိ လာခြင်းဖြစ်ပြီး သူ၏လေယာဉ်ပေါ်တွင် ပြည်နယ်ဝန်ကြီးချုပ်ဦးမောင်မောင်အုန်းနှင့် တစ်နာရီခန့် သီးသန့်ဆွေးနွေးခဲ့ကြသည်။
မည်သည့်အကြောင်းအရာကိုဆွေးနွေးခဲ့သည်ဆိုသည်ကို အသေးစိတ်သိရှိနိုင်ရန် ပြည်နယ်ဝန်ကြီးချုပ် အား နိရဉ္စရာက တွေ့ဆုံမေးမြန်းခွင့်တောင်းခဲ့သော်လည်း ဝန်ကြီးချုပ်က “နောက်နေ့မှမေး”ဟုဆိုကာ ဖြေကြားရန် ငြင်းဆန် ခဲ့သည်။
ယင်းသို့ဆွေးနွေးအပြီး ဂျော့ဆိုးရော့စ်သည် စစ်တွေရှိ ဘင်္ဂါလီဒုက္ခသည်စခန်းတစ်ခုဖြစ်သော သက်ကေပြင်စခန်းနှင့် ရခိုင်ဒုက္ခသည်စခန်းတစ်ခုဖြစ်သော စက်ရုံစုစခန်းများသို့ သွားရောက်လေ့လာခဲ့သည်။
ယင်းနောက် စစ်တွေမြို့တွင်းရှိ ဘင်္ဂါလီရပ်ကွက်ဖြစ်သော အောင်မင်္ဂလာရပ်ကွက်အတွင်းသို့ ဝင်ရောက် ပြီးရပ်ကွက်တွင်းရှိ ဘင်္ဂါလီများအား သွားရောက် တွေ့ဆုံခဲ့သည်။
ယင်းနောက် စစ်တွေဟိုတယ်တွင် ခေတ္တအနားယူကာ လေဆိပ်သို့ပြန်လာပြီး ရန်ကုန်သို့ ညနေ ၄ နာရီ ခွဲတွင် ပြန်လည် ထွက်ခွာသွားခဲ့သည်။
ဂျော့ဆိုးရော့စ်သည် စစ်တွေရှိ မြို့မိမြို့ဖအချို့ပါဝင်ဖွဲ့စည်းထားသော အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေး စင်တာ အဖွဲ့ဝင် များနှင့် တွေ့ဆုံရန်စီစဉ်ထားသော်လည်း တွေ့ဆုံခဲ့ခြင်းမရှိခဲ့ဟု အဆိုပါ စင်တာ၏အဖွဲ့ဝင်များ က ဆိုသည်။
ယင်းအပြင် ပြည်နယ်အစိုးရအဖွဲ့နှင့်လည်း သီးသန့်တွေ့ဆုံခဲ့ခြင်းမရှိခဲ့ပေ။ စစ်တွေခရီးစဉ်အတွင်း သူ၏လုံခြုံရေးကို သူ၏ ကိုယ်ပိုင်လုံခြုံရေးဝန်ထမ်းများအပါအဝင် ရခိုင်ဒေသ အာဏာပိုင်များ၏ လုံထိန်းတပ်ဖွဲ့ဝင်များနှင့် အထူးတင်းကျပ်စွာ လုံခြုံရေးယူထားခဲ့သည်။
ဂျော့ဆိုးရော့စ်သည် ရခိုင်ပြည်နယ်သို့မလာရောက်မီ ဇန်နဝါရီလ ၇ ရက်နေ့က နေပြည်တော်တွင် ဘူးသီးတောင် မဲဆန္ဒနယ်မှ ဘင်္ဂလီလူမျိုး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်အပါအဝင် အမျိုးသမီးအရေး လှုပ်ရှားသူ ဒေါ်ဝေေ၀နုနှင့် ဘင်္ဂလီ လူ့အခွင့်အရေးကာကွယ်သူ ဦးကျော်လှအောင်တို့နှင့်တွေ့ဆုံခဲ့ပြီး ရခိုင် ပြည်နယ်အတွင်းရှိ လူမျိုးစုနှစ်ခု အတူ ယှဉ်တွဲနေထိုင်ရေးကိစ္စရပ်အပါအဝင် အခြားကိစ္စရပ်တစ်ချို့ကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဦးရွှေမောင်၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

စစ်တွေရောက် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကို ဒေသခံထောင်ချီ ဆန္ဒပြ

DSCN8603ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ဘင်္ဂလီလူမျိုးများအား ရိုဟင်ဂျာအမည်ဖြင့် နိုင်ငံသားပေးရန် ကုလသမဂ္ဂ၏ တောင်းဆိုမှုကို ကန့်ကွက်သည့် အနေဖြင့်  ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့် အရေးကိုယ်စားလှယ် မစ္စယန်ဟီးလီ စစ်တွေမြို့သို့ ရောက်ရှိလာစဉ် ထောင်ချီရှိသော ဒေသခံပြည်သူများက လမ်းပေါ်ထွက် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
မစ္စယန်ဟီးလီသည် စစ်တွေမြို့သို့ ဇန်နဝါရီလ ၈ ရက်နေ့၊ ညနေ ၆ နာရီခန့်က လေကြောင်းခရီးဖြင့် ရောက်ရှိလာရာ ရခိုင်ဒေသခံ ပြည်သူ ၃ဝဝဝ ခန့်က စစ်တွေလေဆိပ် အ၀င်ဝ လမ်းဘေးယာ တစ်ဘက်တစ်ချက်မှနေပြီး ကြွေးကြော်သံများ ကြွေးကြော်ပြီး ဆန္ဒပြခဲ့ကြသည်။
“ကျွန်မတို့ရခိုင်တိုင်းရင်းသားတွေကပါ၊ သမ္မတကြီးကပါ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိဘူးလို့ပြောထားတာ ရှိပါတယ်။ ရိုဟင်ဂျာဆိုတာကို ကျွန်မတို့ကတော့ လုံးဝလက်မခံဘူး။ အဲလိုမရှိပါဘူးလို့ပြောဆိုထားတဲ့ အဲဒီအသုံး အနှုန်းကို ယန်ဟီးလီက ထပ်ကာထပ်ကာသုံးနေလို့ ကျွန်မတို့က အခုလို ဆန္ဒပြရတာပါ။ နောက်ပြီး ဟိုတစ်ပတ်က လုပ်ခဲ့တဲ့ ကုလသမဂ္ဂညီလာခံမှာ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံသားအဖြစ်အသိအမှတ်ပြုဖို့ဆိုတာတွေကို ဆုံးဖြတ် ခဲ့ကြတာကို လက်မခံနိုင်လို့ အခုလိုဆန္ဒပြရတာပါ”ဟု ဦးဆောင်ဆန္ဒပြသူ ရခိုင်အမျိုးသမီးကွန်ရက်မှ ဒုတိယ ဥက္ကဋ္ဌ ဒေါ်ကျော့စိန်က နိရဉ္စရာသို့ပြောသည်။
ဆန္ဒပြရာတွင် “ယန်ဟီးလီ ယန်ဟီးလီ နိုးနိုး”၊ “အိုအိုင်စီ နောက်လိုက် Go. Go”၊ “ရခိုင်မြေမှာ ရိုဟင်ဂျာ လုံးဝမရှိ”၊ “ဌာနေတိုင်းရင်းသား အခွင့်အရေး UN ကိုယ်စားလှယ်လေးစားပါ”၊ “ဒေါ်လာစားမ ယန်ဟီးလီ အမှန်တရားကို သိရဲ့လား”၊
“တောင်မြောက်ကိုးရီးယား ပေါင်းဖို့လား ကြိုးစားကြည့်လေ ယန်ဟီးလီ”၊ “အကြမ်း ဖက်သမား အားမပေးနှင့် မှားသွားလိမ့်မည် ယန်ဟီးလီ”၊ “ဘင်္ဂါလီလော်ဘီ ယန်ဟီးလီ Get out” စသည့် ဆိုင်းဘိုးများကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြသည်။
အဆိုပါဆန္ဒပြခြင်းကို ဒေသအာဏာပိုင်များ၏တရားဝင်ခွင့်ပြုချက်ဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်တွေရှိ စည်းကမ်း ထိန်းသိမ်းရေး ရဟန်းတော်များအဖွဲ့နှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်းပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။
DSC02120ယန်ဟီးလီကိုကန့်ကွက်ဆန္ဒပြရာတွင်ပါဝင်သူ ရခိုင်တိုင်းရင်းသားတစ်ဦးကလည်း “ဘင်္ဂါလီတွေကို ရိုဟင်ဂျာလို့သတ်မှတ်ပြီ ရခိုင်တွေနဲ့အတူယှဉ်တွဲနေထိုင်ဖို့တောင်းဆိုတာဟာ ရှေးကဖြစ်ခဲ့တဲ့ ဆူပူမှုဖြစ်စဉ်တွေ ကို သာဓကယူစေချင်တယ်လို့ ကျွန်တော်ပြောချင်တယ်။ ဒါ့ကြောင့် ဒီအဓိပ္ပာဆောင်တဲ့စကားကိုပြောတဲ့သူမကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်”ဟု ဆိုသည်။
ဆန္ဒပြခြင်းကို ယင်းနေ့ညနေ ၇ နာရီခန့်တွင် အပြီးသတ် ရုပ်သိမ်းခဲ့ကြသည်။
မစ္စယန်ဟီးလီသည် ဇန်နဝါရီလ ၉ ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့နှင့်တွေ့ဆုံမည်ဖြစ်ပြီး ယင်းနောက် တွင် နှစ်ဘက်လူ့အဖွဲ့အစည်းများ၏ ဒုက္ခသည်စခန်းများသို့သွားရောက်လေ့လာမည်ဟု ကနဦး သတင်းများအရ သိရသည်။
ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ကပြုလုပ်ခဲ့သည့် (၆၉)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာနိုင်ငံရှိ ဘင်္ဂါလီများအား မြန်မာနိုင်ငံသားအဖြစ်အသိအမှတ်ပြုပေးရမည်ဖြစ် သည့်အပြင် ဘင်္ဂါလီများအား ရိုဟင်ဂျာဟု ဆက်လက်သုံးစွဲခွင့်ပြုရန်နှင့် ယင်းတို့ကို မြန်မာနိုင်ငံတစ်ဝန်း လွတ် လပ်စွာသွားလာ ခွင့်ပြုရန်စသည့် အချက်တို့ပါဝင်သည့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ၏ ယင်းသို့ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာကို စွက်ဖက်ထိပါးသည့် အပြင် ရခိုင်ပြည်နယ် နယ်မြေတည်တံ့မှုကို တိုက်ရိုက်ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ရခိုင်တိုင်းရင်းသားများက မှတ်ယူထားသည်။
မစ္စယန်ဟီးလီသည် ၂ဝ၁၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့က ရခိုင်ပြည်နယ်သို့တစ်ကြိမ် ရောက်ရှိခဲ့ဖူး သည့်အတွက် ယခုတစ်ခေါက် သူမ၏ရခိုင်ခရီးစဉ်မှာ ဒုတိယအကြိမ်ဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, January 6, 2015

၉-၁၂-၂၀၁၄ နေ့တွင်ကျင်းပသော (၆၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တင်သွင်းဆုံးဖြတ်ခဲ့သည့် ရိုဟင်ဂျာဆိုသူများအား နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေး ဆုံးဖြတ်ချက်အပေါ် ရခိုင်အမျိုးသားပါတီ၏ ထုတ်ပြန်ကြေငြာ

၉-၁၂-၂၀၁၄ နေ့တွင်ကျင်းပသော (၆၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တင်သွင်းဆုံးဖြတ်ခဲ့သည့် ရိုဟင်ဂျာဆိုသူများအား နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေး ဆုံးဖြတ်ချက်အပေါ်
ရခိုင်အမျိုးသားပါတီ၏ ထုတ်ပြန်ကြေငြာချက်
သဘောထားထုတ်ပြန်ချက်အမှတ် (၁/၂၀၁၅)
ရက်စွဲ။ ၂၀၁၅-ခုနှစ် ဇွန်န၀ါရီလ (၄) ရက်
၁။ ၂၉-၁၂-၂၀၁၄ နေ့တွင်ကျင်းပသော (၆၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ရိုဟင်ဂျာဆိုသူများအား နိုင်ငံသားအဖြစ် အသိအမှတ်ပြုရမည် ဟု ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်ခဲ့ပါသည်။
၂။ မြန်မာနိုင်ငံတစ်ခုလုံးမှပြည်သူများက မိမိတို့နိုင်ငံအတွင်း သမိုင်းလိမ် ရိုဟင်ဂျာ ဆိုသည့် လူမျိုး လုံးဝမရှိကြောင်း ဆန္ဒပြဖော်ထုတ်ငြင်းပယ်ခဲ့ကြပြီး၊ နိုင်ငံတော်သမ္မတကိုယ်တိုင်ကလည်း ရိုဟင်ဂျာလူမျိုး မြန်မာနိုင်ငံတွင် လုံးဝမရှိကြောင်း အတိအလင်းဖော်ထုတ် ကြေငြာမြွက်ကြားထားပြီး ဖြစ်ပါသည်။
၃။ မြန်မာနိုင်ငံ တစ်မျိုးသားလုံးက ငြင်းပယ်ထားသော သမိုင်းလိမ် ရိုဟင်ဂျာ ဆိုသူများကို မြန်မာနိုင်ငံသားအဖြစ် အပြည့်အ၀ အသိအမှတ်ပြုရန် (၆၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေးတွင် အတည်ပြုချမှတ်ခြင်းသည် မြန်မာနိုင်ငံသားများ၏ ရင်တွင်း ဆန္ဒမှန်များကို ဆန့်ကျင်၍ အတင်းအဓမ္မ လိုရာဆွဲ ဆုံးဖြတ်ခြင်းဖြစ်ပြီး၊ ပြည်ထောင်စု မြန်မာနိုင်ငံ၏ အချုပ်အချာ အာဏာကို စွက်ဖက်ထိပါးမှုဖြစ်သည့်အပြင် ရခိုင်အမျိုးသားများ၏ ရခိုင်ပြည်နယ် နယ်မြေတည်တံ့မှုကို တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်သဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အဆိုပါဆုံးဖြတ်ချက်အား ရခိုင်အမျိုးသားပါတီက လုံးဝပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်သည်။
၎။ ဤသို့ မတရားသော အင်အားသုံး ဆုံးဖြတ်စွက်ဖက်မှုများကို လိုအပ်သော နည်းလမ်းမျိုးစုံဖြင့် ပြင်းပြင်း ထန်ထန် ဆန့်ကျင်ကန့်ကွက်သွားမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ကြေငြာအပ်ပါသည်။
( ဗဟိုအလုပ်အမှုဆောင်ကော်မီတီ၏ ၃-၁-၂၀၁၅ နေ့ အစည်းအဝေး ဆုံးဖြတ်ချက် )
ဗဟိုအလုပ်အမှုဆောင်ကော်မီတီ
ရခိုင်အမျိုးသားပါတီ
(ဤသတင်းအား Coral Arakan News မှ ကူးယူဖော်ပြပါသည်)

နိုင်ငံသားဖြစ်ခွင့်သတ်မှတ်ချက် မည်သူမျှ တိုက်တွန်း၍မရဟု မြန်မာတုံ့ပြန်

 မြန်မာနိုင်ငံတွင် နိုင်ငံသားအဖြစ်    သတ်မှတ်ပေးရန် မည်သူကမျှ  မြန်မာအစိုးရအား တိုက်တွန်း၍မရဘဲ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေနှင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေများဖြင့်သာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကုလသမဂ္ဂသို့ မြန်မာ အစိုးရကိုယ်စားလှယ်အဖွဲ့က တုံ့ပြန်လိုက်သည်။
အီးယူနိုင်ငံများက တင်သွင်းသည့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးတွင် ဒီဇင်ဘာ ၂၉ ရက်က ချမှတ်ခဲ့ရာ လူနည်းစုများကို နိုင်ငံသားဖြစ်ခွင့်ပေးရန်၊ ရိုဟင်ဂျာအမည်များ ကို သုံးစွဲခွင့်ပြုရန်နှင့် ၎င်းတို့ကို မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်စွာ သွားလာခွင့်ပြုရန် အချက်တို့ ပါဝင်ခဲ့သည်။
‘‘EU ဆုံးဖြတ်ချက်မှာကတော့ နိုင်ငံသားဖြစ်ရေးအတွက် လိုအပ်တဲ့အခွင့်အရေးတွေ ညီတူ ညီမျှ ပေးအပ်ဖို့လို့ ဖော်ပြထား တယ်။ နိုင်ငံသားအဖြစ် သတ်မှတ်ပေးဖို့ မည်သူတစ်ဦးတစ်ယောက်ကမျှ မြန်မာနိုင်ငံအစိုးရကို တိုက်တွန်းလို့မရပါဘူး။ နိုင်ငံသားဖြစ်ရေးဟာ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေ၊ အထူးသဖြင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှုဥပဒေနဲ့အညီသာ ဆောင်ရွက်ရမယ်လို့ မြန်မာကိုယ်စားလှယ်အဖွဲ့က ရှင်းလင်းပြောကြားခဲ့ပါတယ်’’ဟု အီးယူကတင်သွင်းသည့် ဆုံးဖြတ်ချက်ကို    မူကြမ်းမှစ၍ နောက်ဆုံးကုလတွင်အတည်ပြု သည်အထိ ပါဝင်ဆွေးနွေးခဲ့သော နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းနှင့် စီးပွားရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
နိုင်ငံသားအဖြစ် စိစစ်ရန် ပထမအဆင့်အဖြစ် နိုင်ငံသား စိစစ်မှုရှေ့ပြေးစီမံချက်ကို ဆောင်ရွက်ခဲ့ပြီး ကိုက်ညီသူများကို နိုင်ငံသားပြုခွင့်ရသူနှင့် နိုင်ငံသားအဖြစ် စိစစ်ခွင့်ပြုခဲ့သည်ဟု ၎င်းက ဆိုသည်။
‘‘စိစစ်မှုအောင်မြင်တဲ့သူတို့ရဲ့ သားသမီးတွေဟာ ဒီဥပဒေနဲ့ အညီ အခွင့်အရေးတွေရရှိပြီးဖြစ်ပါတယ်။ ဒီလိုစိစစ်မှုတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ရိုဟင်ဂျာအသုံး အနှုန်းကိုလည်း ကျွန်တော်တို့ ဒီအစည်းအဝေးတစ်လျှောက်လုံး ကန့်ကွက်ခဲ့တာပါ။ ရိုဟင်ဂျာလို့ ဘယ်တုန်းကမှမရှိတဲ့နာမည်ကို သုံးစွဲနေမယ်ဆိုရင် ရခိုင်ပြည်နယ်မှာ မလိုလားအပ်တဲ့ပြဿနာတွေကို ဖြစ်ပေါ်စေတယ်လို့လည်း ပြောခဲ့ပါတယ်’’ဟု ၎င်းက ပြောကြားသည်။
နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ်လိုလားပါက လက်တွေ့ကျသည့် ဖွံ့ဖြိုးတိုးတက်မှုအကူအညီများ ပေးအပ်ရန်လိုကြောင်း ထောက်ပြခဲ့သည်ဟု ဆိုသည်။
ပြီးခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးကာလတွင် ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံခရီးစဉ်အတွင်း လူနည်းစုရိုဟင်ဂျာဟု သုံးနှုန်းခဲ့သဖြင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ဘန်ကီမွန်းထံ ကန့်ကွက်သည့် သတိထောက်လွှာကို ပေးခဲ့သည်။
ယခု EU က တင်သွင်းသည့် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်မှာ ယခင်ကဲ့သို့ မဲခွဲဆုံးဖြတ်ခြင်းမဟုတ်ဘဲ မြန်မာ အစိုးရတာဝန်ရှိသူတို့နှင့် အပြန်အလှန်ညှိနှိုင်း၍ ကုလတတိယ ကော်မတီသို့ တင်သွင်းခြင်းဖြစ်သည်။ ဆုံးဖြတ်ချက်အများစုတွင် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုထောက်ခံကြောင်း ပြောကြားချက်များကို မြန်မာကိုယ်စားလှယ်အဖွဲ့က ကြိုဆိုသော်လည်း ရိုဟင်ဂျာနှင့် ပတ်သက်၍ မြန်မာအစိုးရ၏ သဘောထားနှင့် တည်ဆဲဥပဒေများကိုသာမူတည်၍ ဖြေရှင်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းအရင်းအမြစ်- 7 Days News)

Thursday, January 1, 2015

ရိုဟင်ဂျာမူဆလင်များကို မြန်မာနိုင်ငံသားအဖြစ် အပြည့်အဝပေးရန် ကုလသမဂ္ဂ တိုက်တွန်းချက် လွှတ်တော် ကိုယ်စားလှယ် များနှင့် မြန်မာ့နိုင်ငံရေးကို စောင့်ကြည့်လေ့လာသူများ ပြင်းထန်စွာကန့်ကွက်ရှုတ်ချ

UN Building
နယူးယော့ခ်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်အား တွေ့ရစဉ်။

000 Del6371634
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းအား ရခိုင်ပြည်နယ်တွင် နိုဝင်ဘာ ၂၃ရက်က ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့စဉ်။ ဖိုင်ဓာတ်ပုံ-အေအက်ဖ်ပီ
ရိုဟင်ဂျာမူ ဆလင်များကို မြန်မာနိုင်ငံသားအ ဖြစ် အပြည့်အဝပေးရန်နှင့် နိုင်ငံအ နှံ့ လွတ်လပ်စွာသွား လာခွင့်ပြုရန် ကုလသမဂ္ဂ အထွေထွေညီလာခံ၏တိုက်တွန်းချက်ကို လွှတ် တော်ကိုယ် စားလှယ်များနှင့် မြန်မာ့နိုင်ငံရေး ကို စောင့်ကြည့် လေ့လာနေသူများက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက် ကြောင်း သိရသည်။ အဆိုပါတိုက်တွန်းချက်ကို ဒီဇင်ဘာ၂၉ရက် တနင်္လာနေ့က ကျင်းပ ခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီ လာခံတွင် ယင်းကဲ့သို့ တိုက်တွန်းခဲ့ ခြင်းဖြစ်သည်။

ယင်းတိုက်တွန်းချက်နှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က''ကျွန်တော် တို့ကတော့ လက်မခံဘူး။ ရှုတ်ချပါ တယ်။ နောက်ပြီးတော့ နိုင်ငံငယ် တစ်ခုရဲ့ အချုပ် အခြာအာဏာကို စော်ကားသလိုလုပ်တဲ့ သဘောဖြစ် တဲ့အတွက် ကုလသမဂ္ဂအနေနဲ့ နိုင် ငံရေးသိက္ခာချတယ်လို့ သုံးသပ်တယ်။ ကုလသမဂ္ဂရဲ့ နိုင်ငံရေး ကစားကွင်း တစ်ခုအနေနဲ့ ရောက်မှန်း မသိ ရောက်လာတယ်။ တစ်နည်းအား ဖြင့် ကုလသမဂ္ဂဟာ ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက် သာလာယံဇရပ် လိုဖြစ်လာတယ်။ ကုလသမဂ္ဂဟာ စတင်တည်ထောင်စဉ်တုန်းနဲ့ ဒုတိယ ကမ္ဘာစစ် အလွန် ကာလပုံစံမျိုးနဲ့ မ တူတော့ဘူးလို့ သုံးသပ်တယ်။ ဒီ မိုကရေစီ သဘောအရ အင်အားကြီး တဲ့အုပ်စုက အောင်မြ င်တယ်။ အင် အားနည်းပါးတဲ့ ငွေကြေးနည်းပါး တဲ့ အုပ်စုကတော့ လက်ညှိုးထိုးခံရ ပြီး ခုလိုလုပ်ရခြင်းခံရတယ်။ ဒါ ကြောင့် နိုင်ငံငယ်တော်တော်များ များတောင်  UN မှာ ပါဖို့ မသင့်တော့ ဘူးလို့ သုံးသပ်မိတယ်'' ဟု ဝေဖန် ပြောကြားလိုက်သည်။

ယခုလုပ်ရပ်သည် ရခိုင်မျိုးနွယ် စုအပေါ်တွင် အသိအမှတ်မပြုဘဲ  အခြားအင်အားစုအပေါ်တွင် နာမည် ဖန်တီးခြင်းမှာ အနိုင်ကျင့်သည့် လုပ် ရပ်ဖြစ်ပြီး ယင်းလုပ်ရပ်သည် လုပ်ရပ် ကောင်း မဟုတ် ကြောင်း ဒေါက်တာ အေးမောင်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ ၏ တိုက်တွန်းချက် နှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးက ''ကုလသမဂ္ဂက non-bidding resolution တိုက်တွန်းတာပါ။ မဖြစ်မနေ လုပ်ရမယ့် ကိစ္စမဟုတ်ဘူး။ ဒါကြောင့် ပြည်သူတွေအနေနဲ့ စိတ်ပူစရာမလို ပါဘူး။ မြန်မာနိုင်ငံ အနေနဲ့ ရိုဟင် ဂျာမရှိဘူးဆိုတာကို နိုင်ငံတကာကို တရားဝင် ပြောကြား ထားပြီး သား ဖြစ်တယ်။ နောက်ဘန်ကီမွန်း မြန်မာ နိုင်ငံကို လာတုန်းကလဲ ရိုဟင်ဂျာ မရှိဘူးဆိုတာကို တရားဝင်အသိ ပေး ပြောကြားထားပြီးသားဖြစ်တယ်။ နံပါတ် (၂) အချက်ကတော့ ဘင်္ဂါလီ တွေကို နိုင်ငံသားပေးဖို့ကို အစိုးရရဲ့ ရပ်တည်ချက်ကတော့ ငြင်းပယ်တာ မဟုတ်ဘူး။ ၁၉၈၂ ဥပဒေနဲ့ညီရင် ပေးမယ်။ မညီရင်မပေးဘူး။ ဘယ် နိုင်ငံ မှာ မဆို အစိုးရတစ်ရပ်အနေ နဲ့ တည်ဆဲဥပဒေကို ကျော်လွန်ပြီး တော့ လုပ်လို့မရဘူး။ နံပါတ်(၃) အ နေနဲ့ကတော့ ကုလသမဂ္ဂနဲ့ မြန်မာ နိုင်ငံဟာ လက်ရှိ အစိုးရ သစ် လက်  ထက်မှာ အပြန်အလှန်ဆက်ဆံ မှု မြင့်တက် လာတယ်။ မြန်မာနိုင်ငံ က ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ အဖြစ် ပီသအောင်နေတယ်။ ဒါ ကြောင့် မြန်မာ နိုင်ငံ ကိုလဲ ကုလသ မဂ္ဂအနေနဲ့ အပြန်အလှန်လေးစားဖို့ လိုအပ်တယ်။ ကုလသမဂ္ဂအပါအ ဝင် ဘယ်နိုင်ငံမဆို နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးလို့ မရဘူး။ နံပါတ် (၄) အနေနဲ့ လက် ရှိနိုင်ငံခြားရေး မူဝါဒအတိုင်း ဆက် လက်ဆောင်ရွက်သွားမှာဖြစ်တယ်'' ဟု ပြောသည်။
ယင်းကဆက်လက်၍ ''မြန်မာ နိုင်ငံမှာ ရခိုင်ပြည်နယ်မှာ ပဋိပက္ခ နှစ်ကြိမ်ဖြစ်ခဲ့တယ်။ အဲ့ဒီမှာ အစိုးရ အနေနဲ့ ခက်ခက်ခဲခဲဖြေရှင်းခဲ့ရ တယ်။ ခုထိလဲ ရခိုင်ကိုအရေးပေါ် အခြေ အနေ ကြေညာထား ရဆဲဖြစ် တယ်။ ဒါကိုနိုင်ငံတကာ အသိုင်းအ ဝိုင်းအနေနဲ့ နားလည်ဖို့လို တယ်။ အပြုသဘောဆောင်ပြီး လက်ခံပေး ဖို့လိုတယ်။ လက်ရှိ ကုလသမဂ္ဂရဲ့ လုပ်ဆောင်မှုဟာ မြန်မာနိုင်ငံ မှာ ပြဿနာကို ပိုဆိုးအောင် လုပ်သလို ဖြစ်နေတယ်။ ဒီပြဿနာကိုပြေလည် ဖို့ အစိုးရအနေနဲ့ ဥပဒေနဲ့အညီ လုပ်ဆောင် ဖို့လုပ်နေတယ်'' ဟု ပြော ကြားခဲ့သည်။

ယင်းတိုက်တွန်းချက်နှင့် ပတ် သက်ပြီးလည်း နိုင်ငံရေးလေ့လာသုံး သပ်သူ ဦးသန်းစိုးနိုင်က''ကုလသမ ဂ္ဂအဖွဲ့ဝင်နိုင်ငံအနေနဲ့ ဆုံးဖြတ်ချက် ကို လက်ခံအကောင်အထည်ဖော်ရ မယ့် တာဝန် တော့ရှိ တယ်။ ဒီကိစ္စက လုံခြုံရေးကောင်စီရောက်ရင် ဗီတို အာဏာသုံးနိုင်တဲ့ တရုတ်တို့၊ ရုရှား တို့က ဗီတိုအာဏာသုံးပြီး ကန့်ကွက် မယ့် အနေအထားရှိတယ်။ မြန်မာ နိုင်ငံအတွက် ဆိုရင်လဲ ရခိုင်ပြည် နယ်အရေးကိစ္စဟာ အင်မတန်သိမ် မွေ့စွာ ကိုင်တွယ်ရမယ့် အနေအထား ဖြစ်တယ်။ ဘန်ကီမွန်းလာတုန်းက တောင် ရိုဟင်ဂျာဆိုပြီး သုံးနှုန်းတဲ့ အတွက် ဆန္ဒပြကန့်ကွက်မှုတွေ အ များကြီး ဖြစ်ပွားခဲ့တယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက် ချပေမယ့်လဲ အစိုးရအနေနဲ့ သံတ မန်ရေးနည်းလမ်းတစ်ခုခုနဲ့ ရှောင်လွှဲ ဖို့ကြိုးပမ်းလိမ့်မယ်လို့ ယူဆတယ်'' ဟု သုံးသပ် ပြောကြားသည်။
ယင်းကဆက်လက်၍ ''မြန်မာ နိုင်ငံမှာ ရခိုင်ပြည်နယ်မှာ ပဋိပက္ခ နှစ်ကြိမ်ဖြစ်ခဲ့တယ်။ အဲ့ဒီမှာ အစိုးရ အနေနဲ့ ခက်ခက်ခဲခဲဖြေရှင်းခဲ့ရ မောင်တောမြို့နယ် ဒေသခံ တစ်ဦးဖြစ်သူ ဦးခိုင်ကျော်မိုးက လည်း ''ကုလသမဂ္ဂကလဲ သူ့ criteria သတ်မှတ်ချက်တွေနဲ့ အညီ ပြော တာ ပေါ့။ သမ္မတကြီးကလဲ မြန်မာနိုင်ငံ ထဲမှာ ရိုဟင်ဂျာ မရှိဘူး လို့ ပြောပြီး သားပဲ။ ဒါကို ကုလသမဂ္ဂအနေနဲ့ အတင်းအကျပ် ဖိအားပေးမယ် ဆို ရင်တော့ ကုလသမဂ္ဂဟာ  moderate  ဖြစ်ရဲ့လားဆိုတာ ပြန်ပြီးမေးခွန်း ထုတ်စရာ ဖြစ်နေတယ်။ နိုင်ငံ ရဲ့အ ချုပ်အခြာ အာဏာကို ဝင်ရောက်စွက် ဖက်ရာ ရောက်နေတယ်။ တရားနည်း လမ်းကျတဲ့ နိုင်ငံသားဖြစ်မှုနဲ့ပဲ သွား လို့ရမယ်။ နည်းလမ်းတကျနဲ့ နိုင်ငံ သားရ သင့်တဲ့ သူကို တော့ ရမယ်။  အဲ့ဒီလို မဟုတ်ဘဲ ရခိုင်ပြည်သူတွေ ဘက်ကတော့ အလျှော့ပေးစရာ မလို ဘူးလို့ဘဲ မြင် တယ်''ဟုပြောသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံသား ဖြစ်ခွင့်၊ မဖြစ်ခွင့်မှာ ကုလသမဂ္ဂ၏တိုက်တွန်းချက်၊ ဆုံးဖြတ်ချက်အပေါ် မူတည်ခြင်းမရှိဘဲ ၁၉၈၂ ခုနှစ် နိုင်ငံ သားဖြစ်ခွင့် ဥပဒေနှင့်သာ သက် ဆိုင်ကြောင်း သုံး သပ် ကြသည်။

ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးသိန်းညွန့်က ''မြန်မာနိုင်ငံမှာ ရှိတဲ့တိုင်းရင်းသား ၁၃၅မျိုး စာရင်း ထဲမှာလဲမရှိဘူး။ အဲ့ဒါကို နိုင်ငံမဲ့ဖြစ် နေလို့ ကုလသမဂ္ဂ အထွေထွေညီ လာခံမှာ ပါတဲ့ ထောက်ခံတဲ့နိုင်ငံတွေ ကသူတို့အသိအမှတ်ပြုရင် သူတို့ နိုင်ငံခေါ် သွားပေါ့။ မြန်မာနိုင်ငံ မှာတော့ အချုပ်အခြာအာဏာပိုင် ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့နိုင်ငံ သားဥပဒေနဲ့အညီ ဆောင် ရွက်နေ တယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံသား ဖြစ် ခွင့်ဥပဒေနဲ့အညီပဲ ဆောင်ရွက်မှာပဲ။ ကုလသမဂ္ဂ အထွေထွေညီလာခံ က ဒီလိုဆုံးဖြတ်တယ်ဆိုတာ ကြား လိုက်ရတာမှတစ်ပါး မြန်မာနိုင်ငံ အနေနဲ့ အသက်ဝင် ဖို့လဲ မရှိဘူး။ ဆောင်ရွက်ဖို့အကြောင်းလဲ မရှိဘူး'' ဟု သုံးသပ်ပြော ကြားသည်။

ရခိုင်တိုင်းရင်းသားရေးရာဝန် ကြီး ဦးဇော်အေးမောင်က ''ကုလသမဂ္ဂအထွေထွေညီလာခံက ဘယ် လိုပဲ ဆုံးဖြတ်ချက်ချမှတ်ချမှတ်၊ ဘယ်လိုပဲတိုက်တွန်းတိုက်တွန်း မြန်မာ နိုင်ငံသည် အချုပ်အခြာ အာဏာပိုင်နိုင်ငံဖြစ်တယ်။ မြန်မာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကိုဘယ် အဖွဲ့အစည်းကမှ (လွှမ်းမိုး)လို့ မရဘူး။ သမ္မတကြီးကိုယ်တိုင်က လဲ ပြောပြီး သားဖြစ်တယ်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရသူကို နိုင်ငံသား ပေးမယ်။ မြန်မာနိုင်ငံသည် အချုပ် အခြာအာဏာပိုင် နိုင်ငံဖြစ်တဲ့အ တွက် ဒီလိုဆုံး ဖြတ်ချက်ကို မလိုက် နာပေမယ့် ဘာပြဿနာမှ တက်နိုင် စရာအကြောင်းမရှိဘူး'' ဟု သုံးသပ် ပြောကြားခဲ့သည်။

ရိုဟင်ဂျာများအား ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုများတွင် သာတူညီမျှရရှိစေရန်နှင့် ခွဲခြား ဆက်ဆံမှုနှင့် အကြမ်းဖက်မှုများ အား ဖော်ထုတ်ရန်လည်း ကုလသမဂ္ဂ အထွေထွေညီ လာခံတွင် ထည့်သွင်း တောင်းဆိုခဲ့သည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက ''ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားမဟုတ် ဘူး။ နောက်တစ်ခုက နိုင်ငံသားဖြစ် မှုဆိုတာ ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေရှိ တယ်။ ၁၉၈၂ ဥပဒေအရ ဘယ်ဧည့်နိုင်ငံသားမဆို ၁၉၈၂ ဥပဒေနဲ့ညီရင် နိုင်ငံသားဖြစ်ခွင့်ရှိ တယ်။ ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက် နဲ့ ပတ်သက်ပြီးအကြံပြုချင်တာက တော့ လူ့အခွင့်အရေး ရှုထောင့် က နေသာမက အချုပ်အခြာအာဏာ ရှုထောင့်ကပါ ထည့်သွင်းစဉ်းစား ဖို့လိုမယ်လို့ပြောချင်တယ်''ဟု ပြော သည်။

ကုလသမဂ္ဂအထွေထွေညီလာ ခံတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ ဒီမို ကရေစီကူးပြောင်းရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ လူ့အခွင့်အရေး မြှင့်တင်ရေးတို့ ဆောင်ရွ က်လျက် ရှိသည့်အပေါ် ကြိုဆိုလိုက်ပြီး ကျန် ရှိနေသေးသည့် လူ့အခွင့်အရေးချိုး ဖောက်မှုများအား တိုးမြှင့်လုပ်ဆောင် ရန် မြန်မာနိုင်ငံအစိုးရအား တိုက် တွန်းခဲ့သည်။
(သတင်းအရင်းအမြစ်- ဒီမိုကရေစီတူဒေးသတင်းစာ)
မူရင်းလင့်အားကြည့်ရန်ဤနေရာကိုနှိပ်ပါ။

Friday, December 19, 2014

မလေးရှားသို့ တရားမ၀င် သွားမည့် ဘင်္ဂလီများကို နယ်စပ်တွင် ကယ်တင်

ဖမ်းဆီးမိသော ဘင်္ဂလီ ၁၂ ဦးနှင့် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များ ( ဓါတ်ပုံ- The Daily Star)
ဖမ်းဆီးမိသော ဘင်္ဂလီ ၁၂ ဦးနှင့် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များ ( ဓါတ်ပုံ- The Daily Star)
မလေးရှားနိုင်ငံသို့ ရေလမ်းကြောင်းကနေ တရားမ၀င် သွားရောက်မည့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၂ ဦးကို  လူမှောင်ခိုသမားများလက်မှ ဘင်္ဂလာ အာဏာပိုင်များက ကယ်တင်နိုင်ခဲ့သည်ဟု ဘင်္ဂလာဒေရှ့် အရာရှိများက ပြောသည်။
သူတို့အား ဘင်္ဂလာဒေ့ရှ် နိုင်ငံ မော်ချော့ခါလီကျွန်း (ရခိုင်အခေါ် မဟားဇိုးကျွန်း) မှ အိမ်တစ်အိမ်တွင် မလေးရှားသို့ စက်လှေဖြင့် ထွက်ခွာသွားရန် စုရုံးနေကြစဉ် ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။
သူတို့အား ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက်စောစောပိုင်း ၁ နာရီ ၃၀ မိနစ်တွင် ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့်တပ်မှ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
သူတို့ ၁၂ ဦးမှာ ဘင်္ဂလာဒေခ်ျ့နိုင်ငံသားများ ဖြစ်ကြပြီး ယင်းအထဲတွင် ၆ ဦးမှာ Sirajganj ဖြစ်ပြီး ၄ ဦးမှာ Narsinghdi ဖြစ်ကြောင်း ကျန် ၂ ဦးမှာ and Satkhira ဖြစ်ကြောင်း ဖေါ်ပြသည်။
သူတို့အား မော်ချော့ခါလီ ရဲစခန်းသို့ လွှဲပြောင်းလိုက်သည်ဟု ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

သံတွဲ ပဋိပက္ခအတွင်း လူသတ်မှုကျူးလွန်သူများ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရ

သံတွဲထောင် (ဓါတ်ပုံ- နိရဉ္စရာ)
သံတွဲထောင် (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း လူသတ်မှု ကျူးလွန်သူ မွတ်ဆလင် (၁၀) ဦးအား ဒီဇင်ဘာလ ၁၆ ရက်နေ့က နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း သတင်း ရရှိသည်။
ထောင်ဒဏ် ချမှတ် ခံရသူများ အထဲမှ (၃) ဦးကို ထောင်ဒဏ် တစ်သက် တစ်ကျွန်းနှင့် ကျန်လူများကို နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း သံတွဲခရိုင် မူခင်းရဲဌာန အရာရှိ တစ်ဦးက အတည်ပြု ပြောကြားသည်။
တစ်သက်တစ်ကျွန်း ချမှတ်ခံရသူ (၃) ဦးမှာ ဟာမစ်၊ ခင်မောင်လွင်နှင့် ငတာ(ခ) လှမြင့်တို့ဖြစ်ကြသည်။ သူတို့အား  ပုဒ်မ ၃ဝ၂(၂)အရ ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် ပုဒ်မ ၃၂၆/၃၄ အရ ၁ဝ နှစ်စီ သီးခြား ပြစ်ဒဏ်ချမှတ်လိုက်သည်ဟု သိရသည်။
ကျန်း (၇) ဦးထဲမှ တင်ရွှေ၊ ကျော်သူလေး၊ ရဲထွဋ်အောင်၊ လိုင်ခင်တို့ (၄) ဦးအား ပုဒ်မ ၃၂၆/၃၄ အရ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့ပြီး  လိုင်ခင်နှင့် တင်နောင်ထွန်းအား ပုဒ်မ ၃ဝ၂/၂ဝ၁ အရ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့သည်။
အမျိုးသမီး ဖြစ်သူ ခင်မေသန်းအား ပုဒ်မ ၃ဝ၂/၁၁၄ အရ ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့ကြောင်း သိရှိရသည်။
၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့က တောင်ကုတ်မြို့မှ သံတွဲမြို့သို့ မောင်းနှင်လာသော ဆိုင်ကယ် နှစ်စီးအား မွတ်ဆလင် လူအုပ်တစ်ခုကမှ လင်းသီကျေးရွာမှနေပြီး တုတ်ဓါးများဖြင့် တားဆီးတိုက်ခဲ့သဖြင့် နှစ်ဦးသေဆုံးပြီး နှစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး ဆေးရုံတင်ပို့ခဲ့ရသည်။
ယင်းသတ်ဖြတ်မှုတွင် ယခု ထောင်ချခံရသူ (၁၀) ဦးမှာ ဦးဆောင်ပါဝင်သည်ဟု ဆိုကာ သံတွဲခရိုင် တရားရုံးက ယခုလို နှစ်ရှည် ထောင်ဒဏ်များ အသီးသီး ချမှတ်လိုက်ခြင်း ဖြစ်သည်။
မိသားစု အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးလှတင်ကမူ ပြည်နယ် တရားရုံးသို့ ဆက်လက် အယူခံဝင်သွားမည်ဟု ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဘင်္ဂါလီတစ်ဦးလျှင် ကျပ် ၁၃ သိန်းဖြင့် ရန်ကုန်ပို့ရန် ကြိုးစားသူများဖမ်းမိ

ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီဒုက္ခသည်များ / ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ဘင်္ဂါလီတစ်ဦးလျှင် ကျပ် ၁၃ သိန်းဖြင့် စစ်တွေမှ ရန်ကုန်မြို့သို့ ကားဖြင့်ပို့ရန် ကြိုးစားရာတွင် ပါဝင်ပတ်သက်သည့် ဘင်္ဂါလီများကို ဖမ်းဆီးစစ်ဆေးနေကြောင်း နေပြည်တော် မှုခင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
အမ်းမြို့ စစ်ဆေးရေးဂိတ်တွင် အိမ်စီးကားတစ်စီးပေါ်မှ မသင်္ကာဖွယ် ဘင်္ဂါလီအမျိုးသား လေးဦးကို စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် လဝက ပူးပေါင်းထားသည့် စစ် ဆေးရေးအဖွဲ့က ဒီဇင်ဘာ ၁၇ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခဲ့သူ လေးဦးအနက် နှစ်ဦးမှာ ဘင်္ဂါလီများကို ငွေကြေးယူ၍ ရန်ကုန်သို့ ပို့မည့်သူများဖြစ်ပြီး ကျန်နှစ်ဦးမှာ စစ်တွေ သက်ကယ်ပြင် ဘင်္ဂါလီဒုက္ခသည်စခန်းမှဖြစ်ကြောင်း အမ်းမြို့နယ် ရဲစခန်းမှူး ဒုရဲမှူးသောင်းလွင်က ပြောသည်။
‘‘လူကုန်ကူးတဲ့သူ နှစ်ယောက်က မြိတ်မြို့မှာနေတဲ့သူတွေ။ စစ်တွေက သက်ကယ်ပြင် ဘင်္ဂါလီဒုက္ခသည်စခန်းက လူနှစ်ဦးကို ငွေယူပြီး ပို့ဖို့လုပ်တာမှာ ဖမ်းနိုင်ခဲ့တာ။ အသေးစိတ်စစ်ဆေးနေတုန်းပါ’’ဟု ဒုရဲမှူး သောင်းလွင်က ပြောသည်။
ယင်းအမှုတွင် ဒုက္ခသည် စခန်းမှ ဘင်္ဂါလီနှစ်ဦး ရန်ကုန်သို့ရောက်လာပါက လက်ခံယူမည့် ပွဲစားတစ်ဦးကို မင်္ဂလာဒုံမြို့နယ်တွင် ထပ်မံဖမ်းဆီးနိုင်ခဲ့သောကြောင့် စုစုပေါင်းငါးဦးကို ရဲတပ်ဖွဲ့က စစ်ဆေးနေခြင်းဖြစ်သည်။ ၎င်းတို့ကို အထောက်အထားမရှိသူများအား တရားမဝင် သယ်ဆောင်သည့် ပြစ်မှုပုဒ်မ ၃၆၇ ဖြင့် အမှုဖွင့်ထားကြောင်း ဒုရဲမှူးသောင်းလွင်ကပြောသည်။
ရခိုင်ပြည်နယ်မှ ဘင်္ဂါလီအချို့ကို အခကြေးငွေယူကာ ရန်ကုန်မြို့သို့ခေါ်ဆောင်နေသည့် လူပွဲစားဂိုဏ်းရှိနေပြီး ပြီးခဲ့သည့်ဇွန်လကလည်း ဘင်္ဂါလီ ၁၉ ဦးကို ငွေယူ၍ ခေါ်ဆောင်ပေးသူများနှင့်အတူ အမ်းမြို့စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးနိုင်ခဲ့သည်။ ၂၀၁၄ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ ပို့ဆောင်ရန်ကြိုးစားသည့် ဘင်္ဂါလီ ၄၀ ဦးနီးပါးကို အမ်းမြို့စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း အမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
(သတင်းအရင်းအမြစ်- 7 Days News)

Tuesday, December 2, 2014

ပွင့်ပွင့်လင်းလင်းပြောရလျှင်

ပွင့်ပွင့်လင်းလင်းပြောရလျှင်
===========================
မစ္စတာဘန်ကီမွန်းကို ကန့်ကွက်ခြင်း
===========================
-မောင်သိန်းညွန့် (ကော့ကရိတ်)
၁၄-၁၁-၂ဝ၁၄ နေ့ကကျင်းပတဲ့ ပြည် ထောင်စုလွှတ်တော်မှာ အရေးကြီးအဆို တစ်ရပ်တင်သွင်းပြီး ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကို ကျွန် တော်ကန့်ကွက်ခဲ့ပါတယ်။ အရေးကြီးအဆို ဆိုတာက အများပြည်သူနှင့်သက်ဆိုင်သော လောလောဆယ် အရေးတကြီးကိစ္စတစ်ရပ်ကို တင်ပြခြင်းပါပဲ။ အများပြည်သူသိရှိနိုင်ရန် အ ရေးတကြီးအဆိုနှင့်ပတ်သက်၍ ဆွေးနွေးချက် ကို အောက်ပါ အတိုင်းဖော်ပြအပ်ပါတယ်။
ဦးသိန်းညွန့် (သင်္ဃန်းကျွန်းမဲဆန္ဒနယ်၊ ရန်ကုန် တိုင်းဒေသကြီး)
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ၁၂-၁၁-၂ဝ၁၄ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂအ ထွေထွေအတွင်းရေးမှူးချုပ်ဘန်ကီမွန်းကနေ ရိုဟင်ဂျာဆိုတဲ့အသုံး အနှုန်းကို တရားဝင်သုံးခဲ့ပါတယ်။ အဲဒီရိုဟင်ဂျာ ဒါမှမဟုတ် ဘင်္ဂါလီ ပဲခေါ်ခေါ်ပေါ့။ သူတို့ကို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ကို အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပြော ကြားခဲ့ပါတယ်။
ဘန်ကီမွန်းရဲ့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့ တရား ဝင်တည်ရှိတဲ့ လူမျိုးစာရင်း ၁၃၅ မှာ မပါပါဘူး။ ဒီအတိုင်းပဲ ၁၃၅ မှာပါတဲ့ ရခိုင်လူမျိုးစု ခုနစ်မျိုး မှာလည်း ဒီရိုဟင်ဂျာဆိုတာ မပါ ပါဘူး။ သို့သော် ဘာသာရေးခွဲ ခြားမှုမရှိတဲ့အတွက် အစ္စလာမ် ဘာသာဝင်ဖြစ်တဲ့ ကမန်လူမျိုး တွေကို ရခိုင်လူမျိုးစုထဲမှာ အတိ အလင်းဖော်ပြပေးထားခဲ့ပါတယ်။ အဲဒါကြောင့် ဘာသာရေးအရ ရခိုင်မှာ လူမျိုးခွဲခြားမှုမရှိဘူးဆိုတာလည်း သက်သေခံချက်ဖြစ်ပါ တယ်။
ဒီအတူပဲကျွန်တော်တို့ ၁၉၇၃၊ ၁၉၈၃ ခုနှစ်က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းမှာလည်း တိုင်းရင်းသားမဟုတ်တဲ့ နိုင်ငံခြားသား စာရင်းထဲမှာ တရုတ်ပါပါတယ်။ အိန္ဒိယပါပါတယ်။ ပါကစ္စတန်ပါပါ တယ်။ ဘင်္ဂါလီပါပါတယ်။ နီပေါပါပါတယ်။ ရိုဟင်ဂျာဆိုတာမပါပါ ဘူး။ ကျွန်တော်တို့အဲဒီလို တရားဝင်စာရင်း တွေရှိတဲ့အချက်ကို ကုလ သမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကနေလျစ်လျူရှုပြီး တော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ကျွန်တော်တို့နိုင်ငံမှာ တရားဝင် သုံးခြင်းဟာ သံတမန်မဆန်ပါဘူးလို့ ကျွန်တော်ယူဆပါတယ်။
အခုဆို ရင်အမေရိကန်သမ္မတကြီးအိုဘားမားကိုယ်တိုင်ပထမအကြိမ်မှာရော၊ ဒုတိယအကြိမ်မှာရော မြန်မာနိုင်ငံရဲ့တရားဝင်အသုံးအနှုန်းဖြစ်တဲ့ မြန်မာဆိုတဲ့အသုံးအနှုန်းကိုပဲ သုံးနှုန်းခဲ့ပါတယ်။
နောက်ဒုတိယအချက်ကတော့ နိုင်ငံတကာဥပဒေပါ။ နိုင်ငံ တကာဥပဒေမှာ ပြည်တွင်းဥပဒေကို လေးစားလိုက်နာရမယ်ဆိုတာ နိုင်ငံတကာဥပဒေမှာ အတိအလင်းလက်ခံထားပါတယ်။ အဲဒီတော့ ပြည်တွင်းဥပဒေမှာ ကျွန်တော်တို့နိုင်ငံသားမဟုတ်တဲ့ တရားဝင်ဘယ် တုန်းကမှမတည်ရှိခဲ့တဲ့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းများကို သုံးခြင်း ဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အနေနဲ့မလုပ်သင့်မလုပ်ထိုက်တဲ့လုပ်ရပ်ေ ပြောဆိုမှုမျိုးဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ တစ်ခုဖြစ်ပြီးတော့ ကုလသမဂ္ဂပဋိညာဉ်ကို အတိ အကျလိုက်နာတဲ့နိုင်ငံဖြစ်ပါတယ်။ ဒီနိုင်ငံရဲ့ တရားဥပဒေနဲ့ဒီနိုင်ငံရဲ့လူမျိုးတည်ရှိမှုကို လေး စားလိုက်နာရမှာဆိုတာ နိုင်ငံတကာဥပဒေကို အကောင်အထည်ဖော်နေတဲ့ ကုလသမဂ္ဂအဖွဲ့ အစည်းကြီးမှာ ကြီးမားစွာတာဝန်ရှိပါတယ်။
လေးစားအပ်ပါသော နာယကကြီးခင် ဗျား။
ကျွန်တော်တို့ကုလသမဂ္ဂနဲ့ပတ်သက်ပြီး တော့ အတိတ်ကို ပြန်ပြောရရင် ကျွန်တော်တို့ တိုင်းပြည်ကို တရုတ်ဖြူကူမင်တန်တွေကျူး ကျော်တဲ့အခါမှာ ကျွန်တော်တို့အစိုးရ ကျွန်တော်တို့ပြည်သူက တရုတ် ဖြူကူမင်တန်ဆိုတဲ့ အသုံးအနှုန်းကိုသုံးဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပါ တယ်။ သို့သော် အားလုံးသမိုင်းမှတ်တမ်းကို ပြန်ကြည့်ပါ။ အဲဒီအချိန် က ကုလသမဂ္ဂကနေ အမည်မသိ နိုင်ငံခြားသားတပ်များဆိုတာသုံးခဲ့ ပါတယ်။ အခုကျတော့ ကျွန်တော်တို့က တရားဝင်မတည်ရှိပါဘူးဆိုတဲ့ လူမျိုးတစ်မျိုးကို အကြိမ်ကြိမ်ထောက်ပြရဲ့သားနဲ့ ဒီလိုသုံးနှုန်းလာခြင်း ဟာ အခုဆိုရင် ငြိမ်သက်စပြုပြီးတော့ အေးချမ်းစပြုနေတဲ့ ရခိုင်ပြည်နယ် လူမျိုးရေးပဋိပက္ခကို သွေးထိုးလှုံ့ ဆော်ရာရောက်ပြီးတော့ ကျွန်တော် တို့ရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်း မှုတည်ငြိမ်ရေးကို ထိပါးစေပါတယ်။ ဒီထက်အရေးကြီးတဲ့ အချက် ကတော့ ကျွန်တော်တို့နိုင်ငံတော် သမ္မတကြီးကလည်း ရိုဟင်ဂျာမရှိဘူး ဆိုတာ အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ ကျွန်တော်တို့တိုင်းရင်းသားပြည်သူများကလည်း သမ္မတကြီးရဲ့ သဘော ထားအတိုင်းပဲရပ်တည်ခဲ့ပါတယ်။
ဒါကြောင့်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဘန်ကီမွန်းက ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကိုသုံး လိုက်ခြင်းဟာ ကျွန်တော်တို့နိုင်ငံတော်သမ္မတနဲ့ ကျွန်တော်တို့လူဦးရေ ၅၁ သန်းအပေါ်မှာ ထိပါးခြင်း အရာရောက်ပါတယ်။ ဒါကြောင့် ကျွန် တော်တို့ ပြည်ထောင်စုလွှတ်တော်ကြီးကနေပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်တဲ့ ကုလသမဂ္ဂအထွေ ထွေအတွင်းရေးမှူးချုပ်မစ္စတာဘန်ကီမွန်းရဲ့ ရိုဟင်ဂျာအသုံးအနှုန်း အား ပြည်ထောင်စုလွှတ်တော်မှ ကန့်ကွက်ကြောင်းနှင့် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့ပြည်ထောင်စုလွှတ်တော် ကနေကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မစ္စတာ ဘန်ကီမွန်းအား တိုက်တွန်းကြောင်းအဆိုကို မြန်မာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရေးရပ်တည် ချက်ဖြင့် ကျွန်တော်ပြည်ထောင်စုလွှတ်တော် ကြီးက လေးလေးနက်နက်လေးလေးစားစားအရေးတကြီး အဆိုအဖြစ် တင်သွင်းရခြင်းဖြစ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။ (သြဘာသံများ)
''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်သောကြောင့် မစ္စတာဘန်ကီမွန်း၏ ရိုဟင်ဂျာအသုံး အနှုန်းအား ပြည်ထောင်စုလွှတ်တော်မှကန့်ကွက်ကြောင်းအဆိုကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ကြောင်းပါဗျား''
(သတင်းအရင်းအမြစ်- Yangon Media Group)

မြန်မာနိုင်ငံသားဆိုသူ စစ်သွေးကြွသုံးဦး ဖေါက်ခွဲပစ္စည်းများနှင့်အတူ ဒက္ကားတွင် ဖမ်းမိ

Terrorists arrested
မြန်မာနိုင်ငံသားဆိုသူ ဘင်္ဂလီ လူမျိုး ၃ ဦးအား ဘင်္ဂလာဒေခ်ျ့နိုင်ငံ ဒက္ကားမြို့တွင် ဗုံးလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ နိုဝင်ဘာလ ၃၀ ရက်နေ့က ဖမ်းဆီးရမိကြောင်း bdnews24 သတင်းတပုဒ်တွင် ယနေ့ ဖော်ပြသည်။
ဖမ်းဆီးခံရသူများမှာ နုရ်ဟူစိန်ခေါ် ရော်ဖိ အစ္စလာမ် (Nur Hossain aka Rafikul Islam) ၂၆ နှစ်၊ ယာချီ အာရဖတ် (Yasir Arafat)  ၂၂နှစ် နှင့် အူလ်မာ ကာရိမ် (Omar Karim) ၂၅ နှစ် တို့ဖြစ်ကြောင်း သိရသည်။
သူတို့ ၃ ဦးကို နိုဝင်ဘာလ ၃၀ ရက်နေ့  ညနေ ၉ နာရီခွဲတွင် ဒက္ကားမြို့ လာလာဘတ် (Lalbagh) လမ်းဆုံတွင် ဖမ်းမိခြင်းဖြစ်ကြောင်း ရဲတာဝန်ရှိသူများက ပြောကြောင်း သတင်းတွင် ဖေါ်ပြသည်။
သူတို့ထံမှ ဖေါက်ခွဲရာတွင် အသုံးပြုသည့် စနက်တံ ၅ ခု၊ ငရဲမီးနှင့်ပြုလုပ်ထားသည့် ပေါက်ကွဲ စေတတ်သည့် ပစ္စည်း ၂ ခုအပါအ၀င် တခြားဗုံးလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်း တချို့ကိုလည်း သိမ်းဆည်းရမိသည်ဟု ရဲအရာရှိတစ်ဦးဖြစ်သူ ဆိုင်းဒူရ်ရိုဟာမန်က ပြောဆိုကြောင်း သတင်းတွင်ဖော်ပြသည်။
ယခုဖမ်းမိသူများမှာ  RSO အဖွဲ့၊ Arakan Rohingya Union အမည်ခံ ARU အပါဝင် နယ်သာလန် နိုင်ငံ အခြေစိုက် Rohingya Center (GRC) တို့နှင့် အဆက်အသွယ် ရှိသူများ ဖြစ်သည်ဟု အဆိုပါ ရဲအရာရှိမှ ပြောဆိုကြောင်းလည်း သတင်းတွင် ဖော်ပြသည်။
သူတို့ထဲက ၂ ဦးကို လွန်ခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့က အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလား ပြည် နယ်က နေအိမ်တခုတွင် ဗုံးပေါက်ကွဲမှုနှင့် အိန္ဒိယနိုင်ငံ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (National Investigation Agency) သံသယရှိနေသည်ဟု သိရသည်။
သူတို့သည် ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် မတရားအသင်းအဖြစ် ကြေငြာထားသည့် Jamaat-ul-Mujahideen Bangladesh (JMB)အဖွဲ့နှင့် ဆက်စပ်မှုရှိသည်ဟု ရဲတပ်ဖွဲ့က ယုံကြည်ထားကြောင်း လည်း သတင်းတွင် ဖော်ပြသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့က ကစစ်တကောင်းမြို့ ဟိုတယ်တခုမှ ပါကိစ္စတန်နိုင်ငံသား တစ်ဦးအပါအ၀င် RSO အဖွဲ့မှ ခေါင်းဆောင် ၂ ဦးကို ဖမ်းမိပြီးနောက်ပိုင်း ယခုအခါ သူတို့ ၃ ဦးကို ဘင်္ဂလား အာဏာပိုင်များမှ ထပ်မံ ဖမ်းမိခြင်းဖြစ်သည်။
အလားတူ နိုဝင်ဘာလ ၂၇ ရက်နေ့ကလည်း ဟာဖေ့စ်မိုဟာမတ်ဆူဇ်နိုင် ဆိုသူတစ်ဦးကို ဘင်ဒရာဘင် (ရွာတော်) ခရိုင် နတ်ကျောက်ဆိုးရီမြို့နယ် စက်ဒါလာ နယ်စပ်တွင် ဘင်္ဂလာနယ်ခြားစောင့်တပ်မှ ဖမ်းဆီးခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, December 1, 2014

ဘန်ကီမွန်းကို ရန်ကုန်တွင် ထပ်မံ ကန့်ကွက်ဆန္ဒပြ

PROTEST-1
ကမ္ဘာ့ကုလသမဂ္ဂ  အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းမှ သူ့၏  မြန်မာနိုင်ငံခရီးစဉ် အတွင်း ရခိုင်ပြည်နယ်တွင် နေထိုင်သော ဘင်္ဂလီလူမျိုးများကို  ရိုဟင်ဂျာအဖြစ်သုံးနှုန်းခြင်းအပေါ် ကန့်ကွက် သည့် ဆန္ဒပြပွဲတစ်ခုကို နိုဝင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ကြသည်။
ဆိုင်းဘုတ်များ၊ ပိုစတာများကို ကိုယ်စီကိုင်ထားကြသော ဆန္ဒပြသူ ၂၀၀၀ နီးပါးခန့်သည် ရွှေတိဂုံ အရှေ့ဘက်မုဒ် ကြေးသွန်းဘုရားကြီးတွင် စုရုံခဲ့ကြပြီး ယင်းမှတဆင့် ကျိုက္ကဆံအားကစားကွင်း အနီးရှိ ဟစ်တိုင် အထိ လမ်းလျှောက် ချီတက်က ကြွေးကြော်သံများ ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်။
ကြေးသွန်းဘုရားကြီး၌ စုရုံးကြစဉ် မြန်မာနိုင်ငံရဟန်းတော်များမှ ထုတ်ပြန်ချက်တစ်စောင်ကို ကြေးသွန်း ဘုရားကြီး သိမ်တော်ကြီးရှေ့တွင် ရဟန်းတော်တပါးက ဖတ်ကြားခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် “ ရိုဟင်ဂျာဆိုသောအသုံးအနှုန်းကိုနောက်နောင် လုံးဝအသုံးမပြုရန်နှင့် တိုင်းရင်းသားအဖြစ် တွန်းအားပေးရေးကို  လုံးဝထပ်မှန်မပြုလုပ်မိစေရန် အလေးအနက်၊ အတိအလင်း သတိပေးကန့်ကွက်လိုက်ပါကြောင်း” ဟု ပါရှိသည်။
ယင်းဆန္ဒပြပွဲတွင် “တိုင်းရင်းသား ၁၃၅ မျိုးထပ်တိုးမည့် အကြံဒို့လက်မခံ၊ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်သော ဘီကီမွန်းအားအလိုမရှိ၊ အစ္စလာမ်မစ် State ထူထောင်မည့်အကြံဒို့လက်မခံ၊ လူမျိုး အတု အယောင် ဖန်တီးသောင်းကျန်းသူ ဒို့ရန်သူ၊ လူမျိုးအတုအယောင် ဖန်တီးနေသူများအား ဆန့်ကျင်ကြ” စသည့် ကြွေးကြော်သံများဖြင့် လမ်းတလျှောက် ကြွေးကြော်ခဲ့ကြသည်။
ဆန္ဒပြပွဲကိုဦးဆောင်သူထဲမှ ရဟန်းတော် တပါးကလည်း “အခုနိုင်ငံတော် သမ္မတကြီးကရော၊ ၀န်ကြီးချုပ် ကရော အားလုံးပြောပြီး သွားပြီးပြီ၊ လူမျိုး ၁၃၅ မျိုးထဲ သူတို့လူမျိုး မရှိဘူး ဆိုတာကိုလည်း ပြောပြီးပြီ၊ သူတို့ဘက်ကသာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကိုထိပါးလာမည်ဆိုရင် လုံးဝ ဆန့်ကျင် ကန့်ကွက် သွားရမှာပဲ” ဟု ပြောကြားသွားသည်။
ဆန္ဒပြချီတက်သူများ ဟစ်တိုင်ကွင်းအရောက်တွင် အားလုံးစုရုံးကာ အဖွဲ့အစည်းအသီးသီးမှ ပေးပို့သော သ၀ဏ်လွှာများကို ဖတ်ကြားခြင်း၊ ဆန္ဒပြပွဲဦးဆောင်သူတစ်ချို့က ၄င်းတို့၏ ဘန်ကီမွန်းအား ဆန္ဒပြရခြင်းနှင့် ပတ်သက်၍ ထုတ်ဖေါ်ပြောကြားခြင်းများကို ပြုလုပ်ခဲ့ကြသည်။
အသျှင်ဝိရသူထံမှ ပေးပို့သောထုတ်ပြန်ချက်တစ်စောင်ကိုလည်း အရှင်ဝိရသူကိုယ်စား ရဟန်းတော်တပါးက ဖတ်ကြားခဲ့သည်။
ယင်းပြင် ရခိုင်သံဃနိကာယအသင်းမှလည်း သ၀ဏ်လွှာပေးပို့ခဲ့သည်။
PROTEST
“ UN ညီလာခံတွင် EU က တင်သွင်းသော ဘင်္ဂါလီများကို မြန်မာနိုင်ငံတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရန် ကိစ္စနှင့်ပတ်သက်၍ လူ့အခွင့်အရေး ကော်မရှင်ကတဖက်သတ်ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းတို့သည် (နိုင်ငံသား ဖြစ်မှုနှင့် ပတ်သက်သော ပြဿနာ များသည် ယင်းနိုင်ငံ၏ စီရင်ပိုင်ခွင့်အတွင်းကျရောက်သည်) ဟူ၍ စာမျက်နှာ ၁၆ တွင်ရှိသော ၁၉၅၄ ခု အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစာချုပ်များနှင့် လုံးဝ ကိုက်ညီမှု မရှိသည့် အပြင် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် ဥပဒေများကို ၀င်ရောက် စွက်ဖက်ရာ  ရောက်သောကြောင့် ရန်ကုန်တိုင်း ဒေသကြီး ရခိုင် သံဃနိကာယ အသင်းမှ လေးနက်စွာ ကန့်ကွက်ပါကြောင်း ထုတ်ပြန် ကြေငြာအပ်ပါကြောင်း” သ၀ဏ်လွှာတွင် ဖေါ်ပြသည်။
ဆန္ဒပြပွဲသို့ကြွရောက်လာသူ ဆရာတော် ဦးကောဝိတကလည်း “ဘန်ကီမွန်းပြောကြားခဲ့တာဟာ မှန်လည်း မမှန်ဘူး။ မြန်မာပြည်သူတွေကလည်း မထောက်ခံဘူး။ အဲဒါကြောင့် တပည့်တော်တို့က ဘန်ကီမွန်းကို ရှုတ်ချ ရခြင်းဖြစ်ပါတယ်။ အကျိုးရှိတဲ့စကားထဲမှာ မပါပါဘူး။ အဲ့ဒါကြောင့် ဘုရားတပည့်တော်တို့ ဆန္ဒပြရခြင်း ဖြစ်ပါတယ်” ဟုမိန့်ကြားသွားခဲ့သည်။
ဆန္ဒပြပွဲကိုမွန်းလွဲတစ်နာကျော်ခန့်တွင် စတင်ပြီးညနေ ၄ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။ ဆန္ဒပြပွဲကို ကြွေးကြော်သံများဖြင့် အဆုံးသတ်ခဲ့ကြသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မြန်မာဘက်သို့ ထွက်ပြေးရန်ကြံရွယ်သည့် အကြမ်းဖက်သမားတစ်ဦးကို ဘင်္ဂလာနယ်စပ်တွင် ဖမ်းမိဟုဆို

ဖမ်းဆီးရမိသူ ဓါတ်ပုံ ( BD news 25 com)
ဖမ်းဆီးရမိသူ ဓါတ်ပုံ ( BD news 25 com)
မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးရန် ကြံရွယ်ပုံရသည့် အကြမ်းဖက်သမားတစ်ဦးကို ဘင်္ဂလာနယ်ခြားစောင့်တပ်မှ မြန်မာ နယ်စပ် အနီး နတ်ကျောက်ဆရီမြို့နယ်တွင် ဖမ်းဆီးမိကြောင်း ကော့စ်ဘာဇားခရိုင်ထုတ် သတင်းတပုဒ်တွင် ဖော်ပြသည်။
ဖမ်းဆီးခံရသူမှာ ဟာဖေ့စ်မိုဟာမတ် ဆူဇ်နိုင် (၂၉) နှစ်ဖြစ်ပြီး သူကို ဘင်ဒရာဘင် (ရွာတော်) ခရိုင် နတ်ကျောက်ဆိုးရီမြို့နယ် စက်ဒါလာ နယ်စပ်တွင် ဘင်္ဂလာနယ်ခြားစောင့်တပ်မှ ဖမ်းမိခြင်းဖြစ်သည်။
သူ့ကို ပထမဆုံး အင်ဆာ (ခေါ်) ကျေးလက် ပြည်သူ့စစ် အရံတပ်ဖွဲ့မှ ဖမ်းဆီးစဉ် မြန်မာဘက်ကိုထွက်ပြေးခဲ့ကြောင်း၊ ထိုသို့ ထွက်ပြေးစဉ် အမှတ် (၅၀) ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်စခန်းမှ ဖမ်းမိခြင်းဖြစ်ကြောင်း ကောစ်ဘာဇား သတင်းတွင်ဖော်ပြသည်။
သူ့ထံမှ RSO အဖွဲ့ ဥက္ကဌ ဆာလာမ်အုလ္လာဟ် နှင့် ဒုဥက္ကဌဖြစ်သူ ချောဖီအူလ္လာရုပ်ပုံအပါအ၀င် အမျိုးသား မှတ်ပုံတင်ကတ်၊ မဲစာရင်းအပါအ၀င် တခြားပစ္စည်းတချို့ကို တွေ့ရှိရကြောင်းလည်း သတင်းတွင်ဖော်ပြသည်။
ယခုဖမ်းဆီးခံရသူမှာ နတ်ကျောက်ဆိုးရီမြို့သို့ လွန်ခဲ့သည့် ၆ ရက်က ရောက်ရှိနေသူဖြစ်ပြိး နတ်ကျောက်ဆိုးရီမြို့ လက်ရှိအစိုးရပါတီခေါင်းဆောင် နေအိမ်နှင့်တခြား အကြမ်းဖက်သမား နေအိမ် များကို သွားရောက်ခဲ့သည်ဟု နတ်ကျောက်ဆိုးရီ ရဲစခန်းမှ အရာရှိဖြစ်သူ တော်ဟီးရ်ဒူလ် ကော်ဘီက ပြောဆိုကြောင်းလည်း သတင်းတွင်ဖော်ပြသည်။
ယခုဖမ်းဆီးရသူသည် နိုဝင်ဘာလ ၂၄ ရက်နေ့က စစ်တကောင်းမြို့တွင် ပါကိစ္စတန်နိုင်ငံသား တစ်ဦး နှင့်အတူ ဖမ်းဆီးမိသူ ၅ ဦးနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း banglanews24 သတင်းတပုဒ်တွင် ဖော်ပြသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Thursday, November 27, 2014

ဘန်ကီမွန်းကို ဘူးသီးတောင်တွင် ဆန္ဒပြ

BUTHIDAUG-PROTECTION
နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ဘင်္ဂါလီကို ရိုဟင်ဂျာဟုသုံးစွဲခဲ့သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အား ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ယနေ့ ထပ်မံ ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
သက်ဆိုင်ရာ၏ တရားဝင်ခွင့်ပြုချက်ဖြင့်ပြုလုပ်ခဲ့သည့် အဆိုပါဆန္ဒပြပွဲကို ယနေ့ (နိုဝင်ဘာလ ၂၄ ရက်)  မွန်းလွဲ ၁ နာရီတွင် စတင်ခဲ့သည်ဟု သိရသည်။
ဆန္ဒပြသူများသည် ဘူးသီးတောင်မြို့၊ ၆ ရပ်ကွက်ရှိ ဧစေတီဘုရားအနီးမှ မင်းဘာကြီးလမ်း၊ တရားရုံးခွဆုံ၊ ဗိုလ်ချုပ်လမ်း၊ ဓညဝတီလမ်း၊ ဝိမလလမ်းတို့အတိုင်း လမ်းလျှောက်ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူ ဘူးသီးတောင်မြို့ခံ ဦးအဖြူမောင်က ပြောသည်။
“ဆန္ဒပြရာမှာ လူထုအင်အား ၃ဝဝဝ ကျော်လောက်ပါဝင်ပါတယ်။ ညနေ ၂ နာရီမှာ ဆန္ဒပြပွဲ အောင်မြင်စွာ ပြီးဆုံး ခဲ့ပါတယ်”ဟု ယင်းက ဆိုသည်။
ယင်းသို့ဆန္ဒပြရာတွင် “ရိုဟင်ဂျာလူမျိုး မြန်မာနိုင်ငံတွင်လုံးဝမရှိ”၊ “သမိုင်းလိမ်ညာ ရိုဟင်ဂျာ”၊ ရိုဟင်ဂျာဟု ပြောဆိုသူ တို့ရန်သူ”၊ “UN အကြီးအကဲ ဘန်ကီမွန်း မြန်မာပြည်ကိုတောင်းပန်ပါ”၊ “ပြည်တွင်းရေးကို စွက်ဖက်သူ တို့ရန်သူ”၊ “UN, INGO အလိုမရှိ”၊ “ဘန်ကီမွန်းကို ပြည်ထောင်စု အစိုးရက ကန့်ကွက် ရှုတ်ချ” စသည့် စာသားများကို ဆန္ဒပြသူများက ကြွေးကြော်ကာ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်သော ဦးအောင်သောင်းရွှေက “ UN, INGO အဖွဲ့တွေရဲ့ အကြီးအကဲ တစ်ဦးဖြစ်ပါလျှက် ဒီခေါင်းစဉ်နဲ့ပဲ လုပ်ဆောင်မယ်ဆိုယင် လက်ရှိထောက်ပံ့ ကူညီပေးရေး လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေအားလုံးဟာ ဘင်္ဂလီအုပ်စုကိုသာ ဦးတည်နေတယ်ဆိုတာ ရှင်းနေပါတယ်။ ဒါကို ECC အဖွဲ့အနေနဲ့ ကြပ်ကြပ်မတ်မတ် စီစစ်သင့်တယ်။ ECC ရဲ့ လုပ်ဆောင်ချက်ကိုလည်း အားမရလို့ ပိုပြီးထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ တောင်းဆိုတယ်။ လိုအပ်ရင် ပြင်ဆင်ဖွဲ့စည်းဖို့လည်း တိုက်တွန်းပါတယ်။ ဗန်ကီမွန်း အနေနဲ့ ကိုယ်ပြောတဲ့စကားကို ကိုယ်တာဝန်ခံနိုင်ဖို့လိုပါတယ်။ မြန်မာပြည်ကို ပြန်တောင်းပန်ဖို့ လိုတယ်။ ဒါကိုလည်း အစိုးရက တရားဝင်ကန့်ကွက်တောင်းဆိုဖို့ တိုက်တွန်းတယ်။ အဓိကကတော့ ဒီအချက်တွေကို သိစေချင်လို့ ဆန္ဒထုတ်ဖေါ်ရခြင်းဖြစ်ပါတယ်။ ထုတ်ပြန်တောင်းဆိုတဲ့ စာကိုလည်း UNHCR ရုံးမှာ ပေးခဲ့ပါတယ်” ဟု ရှင်းပြပါသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဘန်ကီမွန်းက ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို ရိုဟင်ဂျာဟု ပြောဆိုသုံးစွဲခဲ့သည့်အပေါ် ကန့်ကွက် ရှုတ်ချသည့်အနေဖြင့် ယခုကဲ့သို့ဆန္ဒပြရခြင်းဖြစ်ကြောင်း ဆန္ဒပြဦးဆောင်သူများက ပြောသည်။
PRORECTION-in-buthidaung“ဘန်ကီမွန်းဟာ UN ရဲ့အကြီးအကဲတစ်ယောက်ဖြစ်တယ်။ သူ့ရဲ့လူ့အခွင့်အရေး ဆောင်ရွက်မှု ကို လေးစား ပါတယ်။ ဒါပေမယ့် သူ့ရဲ့လူ့အခွင့်အရေးဆောင်ရွက်က တစ်ဘက်စွန်းရောက်သွားတယ် လို့မြင်တယ်။ လူ့အခွင့်ရေး ပြောပြီး ဒေသခံဌာနေရခိုင်တိုင်းရင်းသားတွေကို လျစ်လျူရှုထားတာဟာ သူ့ရဲ့မဟာအမှားပဲ။
ဒါ့ကြောင့် ကျနော်တို့ အခုလိုဆန္ဒပြရတာ”ဟု ဆန္ဒပြဦးဆောင်သူ ဘူးသီးတောင် မြို့ခံ ဦးထွန်းအောင်သိန်းက နိရဉ္စရာသို့ပြောသည်။
ဘူးသီးတောင်တွင် ယခုကဲ့သို့ဆန္ဒပြအပြီး မြို့လူထု၏သဘောထားကြေညာချက်တစ်စောင်ကို လည်း မြို့တွင်းရှိ UNHCR ရုံးသို့ ပေးပို့ခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်မရှိသည့်လူမျိုးတစ်မျိုး၏အမည်ကို မြန်မာနိုင်ငံသို့လာပြီးထုတ်ဖော်ပြောကြားခဲ့ သည့် ကမ္ဘာ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကို နိုဝင်ဘာ ၂၃ ရက်နေ့က လည်း ရခိုင်ပြည်နယ် အတွင်းရှိ စစ်တွေအပါအဝင် ကျောက်တော်၊ ပေါက်တော၊ မင်းပြားနှင့် မောင် တောမြို့များတွင် တစ်ပြိုင်တည်း ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

အပြောနှင့်အလုပ်မညီသော ရခိုင်ပြည်နယ် လဝက၊ ဆန္ဒပြပွဲများနှင့် တွေ့ကြုံရတော့မည်‌လော

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့တွင် အခြေစိုက်သည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)တွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ဘင်္ဂလီဝန်ထမ်းများကို နိုင်ငံခြားသို့ ဆွေးနွေးပွဲ တက်ရောက်ရန် စေလွှတ်မည်ဖြစ်ရာ ၎င်းတို့နိုင်ငံကူးလက်မှတ်ရရှိရေးအတွက် လိုအပ်နေသော အမျိုးသားမှတ်ပုံတင်ကတ်ပြား (သုံးခေါက်ချိုးကတ်ပြားများ)ကို အချိန်မီထုတ်ပေးရန် မောင်တောခရိုင်အတွင်းရှိ လဝကရုံးများမှ ဆောင်ရွက်ပေးနေရကြောင်းကြားသိနေရပါသည်။
UNHCR အပါအဝင် UN ရုံးများနှင့် Agency များ၊ INGO များတွင် လုပ်ကိုင်နေသူ အများစုမှာ ဘင်္ဂလီများသာ ဖြစ်ကြပြီး မြန်မာနိုင်ငံတွင် လက်မခံနိုင်၊ မရှိဟု အမြဲကန့်ကွက်ငြင်းဆိုထားသည့် လူမျိုးများအဖြစ်သာ ခံယူထားကြသူများဖြစ်ကြပြီး ယာယီသက်သေခံလက်မှတ်သာ ကိုင်ဆောင်ထားသူများဖြစ်ကြသည်။ ယာယီသက်သေခံကတ်ပြားဖြင့် နိုင်ငံကူးလက်မှတ် ထုတ်ပေးနိုင်ခြင်းမရှိပေ။ ယခုအခါ သူတို့ကို ပြည်ပနိုင်ငံများသို့ Workshop ဆွေးနွေးပွဲများ တက်ရောက်ရန် UNHCR မှ ရွေးချယ်ထားဖြင့် နိုင်ငံကူးးလက်မှတ် လျှောက်ထားရန် အခက်အခဲဖြစ်နေသည်ဟု ဆိုသည်။
ယင်းဘင်္ဂလီဝန်ထမ်း ၄ဦး(သို့မဟုတ်) ၅ဦးအတွက် အမျိုးသားမှတ်ပုံတင် သက်သေခံကတ်ပြားများ ထုတ်ပေးရန် UNHCR မှ ရခိုင်ပြည်နယ် လဝကသို့ မေတ္တာရပ်ခံတောင်းဆိုထားသည်ဟု အမည်မဖေါ်လိုသူ UN ဝန်ထမ်းတစ်ဦးက ပြောသည်။
မောင်တောခရိုင်အတွင်းရှိ လဝက အသိုင်းအဝန်းမှလည်း ထိုသို့ ထုတ်ပေးရန် စီစဉ်နေခြင်း မှန်ကန်ကြောင်း ပြောသည်။ အထက်ဌာနများ၏ ညွှန်ကြားချက်အရ ထုတ်ပေးခိုင်းရခြင်းဖြစ်ကြောင်း ခရိုင်လဝကရုံးနှင့် နီးစပ်သူများက ဆိုသည်။ ၎င်းကိစ္စကို လဝက ဝန်ထမ်းများက လုံးဝဖွင့်မပြောနိုင်ကြောင်း နှင့် သတင်းပေါက်ကြားမှု မရှိစေရန် တင်းကြပ်စွာ ဖိအားပေးခံထားရပုံရှိသည်ဟု ၎င်းတို့ပြောသည်။
အမျိုးသားမှတ်ပုံတင်ကတ်ပြားများကို မကြာသေးမီကလည်း မောင်တောမြို့နယ်တွင် ထုတ်ပေးခဲ့သေးသည်။ ထိုကိစ္စကို စစ်တွေမြို့ ပြည်နယ်အဆင့် ECC အစည်းအဝေးတွင် စစ်တွေမြို့ရှိ မြို့မိ၊ မြို့ဖများက မေးမြန်းခဲ့သဖြင့် ပြည်နယ်လဝကမှူးက နိုင်ငံတကာ၏ ဖိအားကြောင့် ၅ ဘာသာဂုဏ်ထူးရသူ တစ်ဦးကိုသာ ပညာသင်ကြားရေးအတွက် ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် နောက်နောက်တွင် မည်သည့်ကိစ္စနှင့်မျှ ထုတ်ပေးတော့မည်မဟုတ်ပါ၊ ထုတ်ပေးသူများကိုလည်း အရေးယူမည်ဖြစ်ကြောင်း ကတိပြုခဲ့ဖူးသည်။ သို့ရာတွင် ယခုထိုကတိသည် လွယ်လွယ်ပေးခဲ့သဖြင့် လွယ်လွယ်ပင်ပျက်ပြယ်သွားပြီဟု ဆိုရမည်ဖြစ်သည်။
မည်သည့် အဖွဲ့အစည်း၊ နိုင်ငံကပင်ဖြစ်စေ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအရ လုပ်ဆောင်နေသော ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း၊ ဖိအားပေးအကြပ်ကိုင်ခြင်းတို့ကို ဆောင်ရွက်တောင်းဆိုတိုင်း လိုက်လျောဆောင်ရွက်ပေးနေရမည်ဆိုလျှင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု ဆိုသည်ကို မေးခွန်းထုတ်ရပေတော့မည်။
ဥပဒေနှင့်မညီသည်ကို တောင်းဆိုသည်၊ တောင်းဆိုသည့်အတိုင်း လုပ်ဆောင်ပေးနေသည်ဆိုလျှင် တောင်းဆိုသူ၊ လုပ်ဆောင်ပေးသူ အားလုံးတို့သည် ဥပဒေကို ချိုးဖေါက်သူများသာ ဖြစ်သဖြင့် ဥပဒေနှင့်အညီ အရေးယူပေးရန် တောင်းဆိုရတော့မည်ဖြစ်သည်။ ဥပဒေစိုးမိုးရေးကို နိုင်ငံတွင်းနေသူများကအစ မလိုက်နာလျှင် မည်သူကလာ၍ လေးစားနိုင်ပါတော့မည်နည်း။
အမျိုးသားမှတ်ပုံတင်ကတ်ပြားများကို ၁၉၄၈ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ စီစစ်ပြီးသူများကိုသာ ထုတ်ပေးခြင်းဖြစ်သည်ဟုဆိုရာ ၎င်းကတ်ပြား လက်ဝယ်ရရှိခြင်းဖြင့် အလိုလို နိုင်ငံသား စီစစ်ပြီးသူများဖြစ်သည်ဟု သက်ရောက်သွားနိုင်သည်ကို ဥပဒေအကောင်အထည်ဖေါ်သူ လဝက ဝန်ထမ်းများက အသိဆုံးဖြစ်သင့်သည်။
၁၉၈၂ နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှု စီစစ်ဆောင်ရွက်ခြင်းများတွင် ဥပဒေနှင့်မညီ၊ လွဲချော်မှုများ ရှိနေသဖြင့် ဥပဒေနှင့်အညီ ပြန်လည်စီစစ်ပေးရန် ရခိုင်တစ်ပြည်နယ်လုံးက တောင်းဆိုထားသည့် အချိန်တွင် အမျိုးသားမှတ်ပုံတင် ကတ်ပြားများအား လွယ်လင့်တကူ ထုတ်ပေးခြင်း လုပ်သင့်/ မလုပ်သင့်ကို အလေးအနက် ပြန်လည်စဉ်းစားသင့်ပေသည်။ အလွယ်တကူ ထုတ်ပေးလိုက်ခြင်း၏ နောက်ကွယ်တွင် မမျှော်မှန်းနိုင်သော ကိစ္စရပ်များစွာ ရှိနေသည်ကို သတိချပ်သင့်လှပေ၏။ မဟုတ်လျှင် ကျွန်ုပ်တို့က ဆန္ဒထုတ်ဖေါ်ပွဲများပြုလုပ်၍ ကန့်ကွက်ရပါတော့မည်။
မင်းသိမ်းခိုင်(စိုင်းဒင်သား)
(ဤသတင်းအား Coral Arakan New မှ ကူးယူဖော်ပြပါသည်၊ ဓာတ်ပုံ- အင်တာနက်)