Showing posts with label ပြည်ထောင်စုအစိုးရ. Show all posts
Showing posts with label ပြည်ထောင်စုအစိုးရ. Show all posts

Tuesday, February 3, 2015

တိုင်းပြည်၏ အချုပ်အခြာအာဏာကို ထိခိုက်လာစေနိုင်သည်ဟု ရခိုင်လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက် ဆွေးနွေးသော်လည်း ၀ှိုက်ကတ်ကိုင်ဆောင်ထားသူများ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ပြုရန် လွှတ်တော်ဆုံးဖြတ်

ရခိုင်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က လွှတ်တော်၌ ကန့်ကွက်ဆွေးနွေးစဉ်
တိုင်းပြည်၏ အချုပ်အခြာအာဏာကို ထိခိုက်လာစေနိုင်သည်ဟု ရခိုင်လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ဆွေးနွေးခဲ့သော်လည်း ဝှိုက်ကတ် ကိုင်ဆောင်ထားသူများ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ပြုရန် ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းတွင် မူလက ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ကိုင်ဆောင်ထားသူများ မဲပေးခွင့်မပြုရန် ပြည်ထောင်စုလွှတ်တော်မှ ဆုံးဖြတ်ကာ နိုင်ငံတော်သမ္မတထံ ပေးပို့ခဲ့သည်။
ထို့နောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများ မဲပေးခွင့်ရှိသည့်အတွက် ယခု ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင်လည်း ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ကိုင်ဆောင်သူများ မဲပေးခွင့်ပြုသင့်ကြောင်း သဘောထားမှတ်ချက်ပြုပြီး ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ယင်းနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦး ဆွေးနွေးသည့်အနက် ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ဆွေးနွေးကာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၊ ဘူးသီးတောင် မဲဆန္ဒနယ်မှ ဦးရွှေမောင်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုင်ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဆိုင်ပေါင်းနပ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်၊ မချမ်းဘောမဲဆန္ဒနယ်မှ ဦးအင်ဖုန်ဆန်းတို့က မဲပေးခွင့်ရှိကြောင်း ဆွေးနွေးခဲ့သည်။
ရသေ့တောင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက“နိုင်သားဟု အသိအမှတ်မပြုနိုင်သဖြင့် မစစ်ဆေးနိုင်သေးခင်ကာလမှာ ယာယီထုတ်ပေးထားတဲ့ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများကို တိုင်းပြည်အချုပ်အခြာအာဏာနဲ့ဆိုင်တဲ့ ကိစ္စရပ်များအပေါ် ဆုံးဖြတ်ခွင့်ပေးရမယ်ဆိုလို့ရှိရင် တိုင်းပြည်အတွက် အလွန်အန္တရာယ်များပါတယ်။ နိုင်ငံသားမဟုတ်သူများ၏ မဲကို ရလိုမှုကြောင့် မမှန်မကန် မသင့်လျော်သော အခွင့်အရေးများပေး၍ နိုင်ငံသားမဟုတ်သူများကို နိုင်ငံသားဖြစ်အောင်၊ ဝှိုက်ကတ်များအား ပန်းရောင်ကတ်ဖြစ်အောင် လုပ်ဆောင်ပေးမည့် မရိုးသားသောလုပ်ရပ်များ ဖြစ်ပေါ်လာနိုင်ပါတယ်”ဟု ဆွေးနွေးခဲ့သည်။
နိုင်ငံခြားတိုင်းပြည်များနှင့် ဆက်စပ်နေသည့် မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် ယာယီလက်မှတ် ကိုင်ဆောင်ထားသူ အများအပြားရှိသည့်အနက် ရခိုင်ပြည်နယ်တွင် ယာယီလက်မှတ်ကိုင်ဆောင်ထားသည့် ဘင်္ဂါလီဦးရေ ၆၇ဝ,ဝဝဝ ကျော်ရှိကြောင်း၊ ယာယီသက်သေခံ လက်မှတ် ဆိုသည်မှာ မည်သူဖြစ်ကြောင်း ဖော်ပြထားခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေခံချက် မဟုတ်ကြောင်း၊ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုလိုက်မည်ဆိုပါက ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေပါ ပြဠာန်းချက်များနှင့် ဆန့်ကျင်မည်ဖြစ်ကြောင်း၊ နိုင်ငံခြားသား ဖြစ်သူများကို ဆန္ဒမဲပေးခွင့်ပြုမည်ဆိုပါက နိုင်ငံတကာစံနှုန်းများနှင့်လည်း ဆန့်ကျင်မည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ၌လည်း Green Card ရရှိထားသူများအနေဖြင့် မဲပေးပိုင်ခွင့် လုံးဝမရှိကြောင်း ဆွေးနွေးခဲ့သည်။
ဦးထွန်းအောင်ကျော်က “ဘင်္ဂါလီ လူမျိုးတွေအပေါ် ဒီအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ မဲပေးပိုင်ခွင့်ကို ခွင့်ပြုလိုက်မယ်ဆိုရင် သူတို့အနေနဲ့ နိုင်ငံတကာမှာ ဒီအချက်ကိုင်ပြီး မလိုအပ်တဲ့ကိစ္စတွေ ပေါ်ပေါက်လာနိုင်တဲ့အတွက် ကျွန်တော်တို့က ရေတိုကြည့်လို့ မရပါဘူး။ ကျွန်တော်တို့ရဲ့ အမျိုးသားလုံခြုံမှုအတွက် ရေရှည်ကို ကြည့်ရပါမယ်။ ကျွန်တော်တို့ နိုင်ငံအတွက် နောင်အနှစ် ၂ဝ အတွင်း ဖြစ်ပေါ်လာမယ့် ပြဿနာကိုလည်း ကျွန်တော်တို့ ထည့်စဉ်းစားရပါမယ်” ဟု ဆွေးနွေးခဲ့သည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဒေါက်တာအေးမောင်က “ဝှိုက်ကတ် ကိုင်ဆောင်ထားသူတွေ မဲပေးခွင့်က ဥပဒေနဲ့ မညီဘူးဆိုရင် ပြည်ထောင်စုလွှတ်တော်က ပြင်ရမယ်။ နိုင်ငံသား မဟုတ်သူတွေကို မဲပေးခွင့်ပြုခဲ့ရင် နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးလာနိုင်တယ်။ သူတို့တွေရဲ့ မဲတွေ ကို လိုချင်လို့လား။ နိုင်ငံရေးကစားတယ်ဆိုရင်လည်း သစ္စာမဖောက်ဖို့ လိုတယ်။ လူဦးရေစိမ့်ဝင်ပြီးမှ အချုပ်အခြာအာဏာကို ကိုင်လှုပ်သွားမှာပဲဆိုတာကို ကျွန်တော်တို့ မေ့နေသမျှကာလပတ်လုံး မဟာဗျူဟာမှားတယ်။ ကိုယ်မဲရဖို့၊ ကိုယ့်နိုင်ငံရေး အမြတ်ရဖို့အတွက် ဖွဲ့စည်းပုံကြီးကို ဒီအတိုင်းထားပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက မလုပ်သမျှကာလပတ်လုံး အဓိပ္ပာယ်မဖွင့်နိုင်ဘူးလို့ အဓိပ္ပာယ်ဖွင့်ကြရင်တော့ ကျွန်တော်တို့လည်း မတတ်နိုင်တော့ဘူး” ဟု ဆွေးနွေးခဲ့သည်။
ဦးဘရှိန်က ဆွေးနွေးရာတွင် ယခုဥပဒေသည် နိုင်ငံအတွက် သေရေးရှင်ရေးတမျှ အရေးကြီးကြောင်း၊ ပြီးခဲသည့်ကာလတွင် နိုင်ငံတော်ဝန်ကြီးချုပ်တစ်ပါး၏ အမှားကြောင့် ယနေ့နိုင်ငံတွင် အကျပ်အတည်းများ ရင်ဆိုင်နေရသည်ကို ပြည်ထောင်စုလွှတ်တော်နာယကကြီးလည်း သိရှိပါကြောင်း၊ ၎င်းအမှားမျိုး ထပ်မမှားရန်လိုအပ်ပြီး နိုင်ငံသားများ၏ အခွင့်အရေးကို နိုင်ငံသားမဟုတ်သူများအား ပေးမည့်အချက်ကို ကန့်ကွက်ပါကြောင်း ဆွေးနွေးခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကလည်း မကြာမီက ပြင်ဆင်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများတွင် ဝှိုက်ကတ်များ မဲပေးရမည်ဆိုသည့်အချက် မပါဝင်သည့်အတွက် ယခုဆုံးဖြတ်ခဲ့သည့် ဝှိုက်ကတ်များ မဲပေးရမည်ဆိုသည့် အတည်ပြုချက်သည် ဥပဒေနှင့်မညီကြောင်း သုံးသပ်ပြောကြားသည်။
ထို့နောက် ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်အများစုပါဝင်သည့် ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ ဝှိုက်ကတ်ကိုင်ဆောင်ထားသူများအား မဲပေးခွင့်ကို ခွင့်ပြုသင့်ကြောင်း သဘောထားတင်ပြခဲ့သည်။
အလားတူအစိုးရအဖွဲ့ကိုယ်စားလာရောက်ဖြေကြားသည့် ရွေးကောက်ပွဲကော်မရှင်ကလည်း နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်အတိုင်း ဝှိုက်ကတ်ကိုင်ဆောင်ထားသူများအား မဲပေးခွင့်ပြုခြင်းသည် ဥပဒေနှင့်ညီကြောင်း သဘောထားတင်ပြခဲ့သည်။
ထို့နောက်လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာ ဝှိုက်ကတ်သမားများ မဲပေးခွင့်ပြုရန် ထောက်ခံသူ ၃၂၈ ဦး၊ ကန့်ကွက်သူ ၇၉ ဦး၊ ကြားနေသူ ၁၉ ရှိသဖြင့် ဝှိုက်ကတ်သမားများအား မဲပေးခွင့်ပြုရန် လွှတ်တော်မှ ဆုံးဖြတ်ခဲ့သည်။
မြန်မာနိုင်ငံအတွင်း အသက် ၁၈ နှစ်ပြည့်သော လူများအနက် ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ထုတ်ပေးထားသူ စုစုပေါင်း ၅၉ဝ,ဝ၁၆ ယောက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ပြောကြားထားသည်။ အဆိုပါ ယာယီသက်သေခံလက်မှတ်အများစုကို ရခိုင်ပြည်နယ်တွင်ရှိသည့် ဘင်္ဂါလီလူမျိုးများကို ထုတ်ပေးထားသည်။
ကမ္ဘောဒီးယားအာဏာရှင်နိုင်ငံကဲ့သို့ ရွေးကောက်ပွဲမဲမသာမှုများ ဖြစ်ပေါ်လေ့ရှိသောနိုင်ငံမျိုးမှလွဲ၍ နိုင်ငံတကာတွင် နိုင်ငံသားမဟုတ်သူများနှင့် နိုင်ငံသားမဖြစ်သေးသူများအား မဲပေးခွင့် ခွင့်မပြုထားကြောင်း သိရသည်။ သို့ရာတွင် မြန်မာနိုင်ငံ၌ ယာယီသက်သေခံလက်မှတ် (white card) ကိုင်ဆောင်ထားသူများမှာ နိုင်ငံသားမဖြစ်သေးသော်လည်း နိုင်ငံသားအခွင့်အရေးဖြစ်သည့် မဲပေးခွင့် ရရှိမည်ဖြစ်သည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

အဖြူရောင်ကဒ်ကိုင်ဆောင်သူများအားမဲပေးခွင့်အတည်ပြုခြင်းနှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီမှ သဘောထားကြေငြာချက် ထုတ်ပြန်

 
အဖြူရောင်ကဒ်ကိုင်ဆောင်သူများအားမဲပေးခွင့်အတည်ပြုခြင်းနှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီ၏ ထုတ်ပြန်ကြေငြာချက်
သဘောထားထုတ်ပြန်ချက်အမှတ် (၂/၂၀၁၅)
ရက်စွဲ။ ၂၀၁၅-ခုနှစ် ဖေဖေါ်ဝါရီလ (၃) ရက်
၁။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံ ခံယူပွဲတွင် အဖြူရောင်ကဒ် ကိုင်ဆောင်သူများအား မဲပေးခွင့်ကို ၂၀၁၅၊ ဖေဖေါ်ဝါရီလ (၂)ရက် နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီမှ လွတ်တော်ကိုယ်စားလှယ်များက အပြင်းအထန် ကန့်ကွက်ခဲ့ကြသော်လည်း မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့သည်။
၂။ ခေတ်အဆက်ဆက် တိုင်းပြည်နှင့် လူမျိုး၏ ရေရှည်အကျိုးကို မကြည့်ဘဲ ရွေးကောက်ပွဲ တစ်ပွဲအနိုင်ရရှိ ရေးကိုသာ ရှေ့ရှုလုပ်ဆောင်သော ညံ့ဖျင်းနိမ့်ကျသည့် နိုင်ငံရေးသမားအမည်ခံများ၏ ကိုယ်ကျိုးကြည့် လုပ်ဆောင်မှုများကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ခိုးဝင်ဘင်္ဂါလီများ အရေးသည် ဤမျှကြီးထွားလာခြင်းဖြစ်သည်။
၃။ ကိုယ်ကျိုးကြည့်သော နိုင်ငံရေးသမားအမည်ခံများကသော်လည်းကောင်း၊ လက်ရှိလွှတ်တော် အသီးသီးက သော်လည်းကောင်း မည်သို့ပင်ဆုံးဖြတ်စေကာမူ ရခိုင်အမျိုးသားပါတီအနေဖြင့် အဖြူကဒ် ကိုင်ဆောင် သော ခိုးဝင်ဘင်္ဂါလီများ မဲပေးခွင့်မရရှိရေးနှင့် ပတ်သက်၍ မလျှော့စတမ်း ဆက်လက်တိုက်ပွဲဝင်သွား မည်။
၎။ ရခိုင်အမျိုးသားတစ်ရပ်လုံးအပါအ၀င် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တိုင်းရင်းသားပြည်သူအပေါင်း တို့ အနေဖြင့်လည်း ဤအရေးတွင် လက်တွဲ၍တိုက်ပွဲဝင်ကြပါရန် ရခိုင်အမျိုးသားပါတီက နှိုးဆော်အပ်ပါသည်။
မှတ်ချက်။ ။ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီမှ လွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ ရပ်တည်ကာ အဖြူကဒ်ကိုင်ဆောင်သူများမဲပေးခွင့်မရရှိရေးအတွက် ကန့်ကွက်မဲ ပေးခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများအား ရခိုင်အမျိုးသားပါတီက ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ရခိုင်အမျိုးသားပါတီ
(ဤသတင်းအား Coral Arakan News မှ ကူးယူဖော်ပြပါသည်)

Wednesday, January 21, 2015

ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တွေအကြား လက်ရှိအစိုးရက သွေးခွဲဖို့ ကြိုးစားနေပြီလား

405x250xmeet001-405x250.jpg.pagespeed.ic.6kRwQHQ-Pb

ဇန်န၀ါရီလ ၁၂ ရက်နေ့ကနေပြည်တော်မှာ သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စု လွှတ်တော်နာယက၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ နိုင်ငံရေး ပါတီ ခေါင်းဆောင်များနှင့် တိုင်းရင်းသား ရေးရာဝန်ကြီးများ ပါဝင်သော ဆွေးနွေးပွဲ တစ်ခုကို ပြုလုပ်ခဲ့သည်။
၎င်းဆွေးနွေးပွဲသို့ ရခိုင်အမျိုးသားများ အထဲမှ ရခိုင်အမျိုးသားပါတီမှ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးအေးသာအောင်နှင့် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင် တို့တက်ရောက်ခဲ့ပါသည်။
ယခုကဲ့သို့ နိုင်ငံအတွက် အရေးကြီးသော အစည်းအဝေးတစ်ခုသို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတမှ ရခိုင်ပြည်နယ် အင်အား အကြီးဆုံး ပါတီ တစ်ခု ဖြစ်သော အမျိုးသားပါတီအား ဖိတ်ကြားမူ မရှိဘဲ byname ဖြင့် ပုဂ္ဂိုလ်ရေးအရ ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်အား ဖိတ်ကြားခြင်းသည် လုပ်ထုံးလုပ်နည်း မူဘောင်နှင့် မကိုက်ညီသဖြင့် ရခိုင်နိုင်ငံရေး အသိုင်းအ၀ိုင်းတွင် ယခုဖိတ်ကြားမှုနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုများ ပေါ်ထွက်နေသည်။
ယင်းဖိတ်ကြားမှုနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုသဖြင့် နိရဉ္စရာ သတင်းဌာနမှ အစည်းအဝေးမစတင်မီ နေပြည်တော်သို့ သွားနေသော ဦးအေးသာအောင်အား မေးကြည့်ရာ သူက ယခုလို ပြောဆိုသည်။
“ ကျွန်တော့်ကို ဦးအေးသာအောင်၊ ဗဟို အလုပ်အမှုဆောင် ကော်မတီ၊ ရခိုင်အမျိုးသား ပါတီဆိုပြီး ဖိတ်တာပါ။ နောက်ထပ် ဘယ်သူတွေ ပါတယ်ဆိုတာကို မသိပါဘူး။ ကျွန်တော်ကို ဖိတ်တဲ့ အတွက် ကျွန်တော် အခု အစည်းအဝေးကို တက်ရောက်ဖို့ သွားနေပါတယ်” ဟု ဦးအေးသာအောင်က ဆိုသည်။
ယင်းအပြင် ဖိတ်ကြားသည့် စာထဲတွင် အချက် (၃) ချက်ကို ဆွေးနွေးမည့် အကြောင်းအရာ အဖြစ် ဖေါ်ပြထားသည်ဟု ဆိုသည်။
“ အဓိကကတော့ ဖိတ်ကြားထားတဲ့ ဖိတ်စာထဲမှာအချက် ၃ ချက် ဆွေးနွေးဖို့ ဖော်ပြထားပါတယ်။ ပထမတစ်ချက် (က) ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ပြုပြင်ပြောင်းလဲရေး (ခ) ပြည်တွင်းငြိမ်းချမ်းရေးနဲ့စပ်လျဉ်းပြီးတော့ အမျိုးသား သွေးစည်းညီညွတ်ရေး (ဂ) ၂၀၁၅ ရွေးကောက်ပွဲကိုလွတ်လပ် တရားမျှတတဲ့  ရွေးကောက်ပွဲဖြစ်ရေး စတဲ့ အချက် သုံးချက်နဲ့ ဖိတ်တာပါ” ဟု ဆိုသည်။
ယခုဖိတ်ကြားရာတွင် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌလည်းဖြစ်၊ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲအတွက် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံထားရသူလည်း ဖြစ်သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်ကိုမူ ဖိတ်ကြားခြင်း မရှိကြောင်း သိရသည်။
“ ကျွန်တော်ကိုတော့ မဖိတ်ဘူးဗျာ။ ဘာကြောင့် မဖိတ်လည်းဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ အစိုးရအဖွဲ့ တစ်ခုဆိုတာက ဖွဲ့စည်းပုံ အခြေခံဥပဒေကို မူတည်ပြီးမှ ပေါ်ပေါက်လာတဲ့ အုပ်ချုပ်ရေးအာဏာပါ။ နိုင်ငံရေး ပါတီဆိုတာကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အတည်ပြုပြီးမှ ပေါ်ပေါက်လာတဲ့  နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်နဲ့  တရားဝင် ခွင့်ပြုထားတဲ့ ပါတီတစ်ခု ဖြစ်ပါတယ်။ သူ့မှာလည်း ပါတီဖွဲ့စည်းပုံရှိတယ်၊ ဆိုတော့ အဖွဲ့စည်း တစ်ခုကို တစ်ခုကနေ အလေးအထားဖို့နဲ့ အပြန်အလှန်  respect ထားတတ်ဖို့တော့ လိုပါတယ်။ အခုတော့ အဲဒီသလို အစဉ်အလာမဲ့နေတယ်လို့ သုံးသပ်ပါတယ်” ဟု ဆိုသည်။
ပါတီကို မဖိတ်ဘဲ လူပုဂ္ဂိုလ်ကိုယ်ကို ဖိတ်ကြားမှုသည် ပါတီကို ကိုယ်စား မပြုနိုင်သဖြင့် ပါတီကို ကိုယ်စားပြုသည်ဟု မသတ်မှတ်နိုင်ကြောင်း ဒေါက်တာ အေးမောင်က ဆိုသည်။
“ နိုင်ငံရေးပါတီလို့ သုံးလို့ရှိရင် နိုင်ငံရေးပါတီကို အလေးအနက်ထား ဖိတ်ကြားဖို့ လိုပါတယ်။ နိုင်ငံရေး ပါတီကို အမည်တပ်ပြီး ပုဂ္ဂိုလ် ကိုသာ ဖိတ်ကြားရင် ဖိတ်ကြားတဲ့ အဖွဲ့အစည်းတွေမှာ တာဝန်ရှိပါတယ်။ အဲဒီလိုပဲ ကျွန်တော်တို့ ရပ်တည်ပါတယ်။ အခု  ဖိတ်ကြားမှုသည် ဦးအေးသာအောင်ကိုသာ ဖိတ်ကြားတဲ့အတွက် ကျွန်တော် ၀မ်းသာပါတယ်။ သို့သော် အဲဒီ ဖိတ်ကြားမှုဟာ ပါတီကို ကိုယ်စားပြုတယ်လို့ မသတ်မှတ်ပါ” ဟု ဆိုသည်။
ယင်းပြင် ယခုတွေ့ဆုံပွဲသည် လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင်၊ နောက်ပိုင်းတွင် ၁၂ ပွင့်ဆိုင် စသည်ဖြင့် အပွင့်နိုင်ငံရေး များလာရာမှ နိုင်ငံရေးကစားကွက်တစ်ခုသာဖြစ်ကြောင်း ဒေါက်တာ အေးမောင်ကဆိုသည်။
“ကျွန်တော့်အနေနဲ့အခုအခင်းအကျင်းနဲ့ နိုင်ငံရေးကစားကွက်တစ်ခုထဲ ရောက်သွားပုံ ပေါ်တယ်။ ပြည်ထောင်စုလွှတ်တော်ဘက်က ခြောက်ပွင့်ဆိုင်ကို အဆိုပြုပြီးခါမှအတည်မဖြစ်သေးခင်မှာလေးပွင့်ဆိုင်ဆိုတဲ့ဥစ္စာလေးက၂၀၁၃ခုနှစ်ကတည်းက ပေါ်ပေါက်ခဲ့ပါတယ်။ အခုတခါ  ၁၂ ပွင့်လိုလို တိုင်းဒေသကြီး လွှတ်တော်ဘက်က အင်အားတစ်ခုနဲ့ အခင်းအကျင်း တစ်ခုအဖြစ် ထိုးဖောက်လာတာကိုတွေ့ရတယ်။ ဒါပေမယ့်လည်း ကျွန်တော် ထင်ပါတယ်။ ဒါဟာ နိုင်ငံရေး ကစားကွက်တစ်ခုလို့ပဲ သုံးသပ်ပါတယ်” ဟု ဆိုသည်။
ယခုတွေ့ဆုံမှုမှာ လက်ရှိအာဏာရသူများ၏ နိုင်ငံရေး ကစားကွက် တစ်ခုဖြစ်ခဲ့လျှင် တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေဖြင့် ရခိုင်အမျိုးသားပါတီအားလည်း ကစားကွက်ထဲ ဆွဲခေါ်လာပုံရကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်သည်။
မည်သို့ပင် ဖြစ်စေ ယခု နေပြည်တော်တွင် ပြုလုပ်သော နိုင်ငံရေးဆွေးနွေးပွဲသို့ ရခိုင်အမျိုးသား ပါတီ အားသော်လည်းကောင်း၊ ယင်းပါတီ၏  ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်အားလည်းကောင်း မဖိတ်ကြားဘဲ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးအေးသာအောင် တစ်ဦးတည်းကို သီးသန့် ဖိတ်ကြားခြင်းကြောင့် ရခိုင်အမျိုးသားပါတီရှိ ခေါင်းဆောင်မှု အကြား နားလည်မှု လွဲမှားနိုင်သည်သာမက  တစ်ဘက်နှင့် တစ်ဘက် အားပြိုင်မှုများ ပေါ်ပေါက်လာကာ ပါတီတွင်း ညီညွှတ်ရေးကို ထိခိုက်နိုက်သည်ဟု လေ့လာ သုံးသပ်သူများက ပြောသည်။
ယခုကဲ့သို့ အခြေအနေကို နားလည်ပါလျက် ရခိုင်အမျိုးသားပါတီကို မဖိတ်ကြားဘဲ လူပုဂ္ဂိုလ်ကိုသာ ဖိတ်ကြားခဲ့ခြင်းသည် နောက်ကွယ်တွင် ရည်မှန်းချက်တစ်ခုခုပါဝင်နိုင်ကြောင်း လေ့လာသုံးသပ်နိုင်ပါသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, January 6, 2015

နိုင်ငံသားဖြစ်ခွင့်သတ်မှတ်ချက် မည်သူမျှ တိုက်တွန်း၍မရဟု မြန်မာတုံ့ပြန်

 မြန်မာနိုင်ငံတွင် နိုင်ငံသားအဖြစ်    သတ်မှတ်ပေးရန် မည်သူကမျှ  မြန်မာအစိုးရအား တိုက်တွန်း၍မရဘဲ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေနှင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေများဖြင့်သာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကုလသမဂ္ဂသို့ မြန်မာ အစိုးရကိုယ်စားလှယ်အဖွဲ့က တုံ့ပြန်လိုက်သည်။
အီးယူနိုင်ငံများက တင်သွင်းသည့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးတွင် ဒီဇင်ဘာ ၂၉ ရက်က ချမှတ်ခဲ့ရာ လူနည်းစုများကို နိုင်ငံသားဖြစ်ခွင့်ပေးရန်၊ ရိုဟင်ဂျာအမည်များ ကို သုံးစွဲခွင့်ပြုရန်နှင့် ၎င်းတို့ကို မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်စွာ သွားလာခွင့်ပြုရန် အချက်တို့ ပါဝင်ခဲ့သည်။
‘‘EU ဆုံးဖြတ်ချက်မှာကတော့ နိုင်ငံသားဖြစ်ရေးအတွက် လိုအပ်တဲ့အခွင့်အရေးတွေ ညီတူ ညီမျှ ပေးအပ်ဖို့လို့ ဖော်ပြထား တယ်။ နိုင်ငံသားအဖြစ် သတ်မှတ်ပေးဖို့ မည်သူတစ်ဦးတစ်ယောက်ကမျှ မြန်မာနိုင်ငံအစိုးရကို တိုက်တွန်းလို့မရပါဘူး။ နိုင်ငံသားဖြစ်ရေးဟာ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေ၊ အထူးသဖြင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှုဥပဒေနဲ့အညီသာ ဆောင်ရွက်ရမယ်လို့ မြန်မာကိုယ်စားလှယ်အဖွဲ့က ရှင်းလင်းပြောကြားခဲ့ပါတယ်’’ဟု အီးယူကတင်သွင်းသည့် ဆုံးဖြတ်ချက်ကို    မူကြမ်းမှစ၍ နောက်ဆုံးကုလတွင်အတည်ပြု သည်အထိ ပါဝင်ဆွေးနွေးခဲ့သော နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းနှင့် စီးပွားရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
နိုင်ငံသားအဖြစ် စိစစ်ရန် ပထမအဆင့်အဖြစ် နိုင်ငံသား စိစစ်မှုရှေ့ပြေးစီမံချက်ကို ဆောင်ရွက်ခဲ့ပြီး ကိုက်ညီသူများကို နိုင်ငံသားပြုခွင့်ရသူနှင့် နိုင်ငံသားအဖြစ် စိစစ်ခွင့်ပြုခဲ့သည်ဟု ၎င်းက ဆိုသည်။
‘‘စိစစ်မှုအောင်မြင်တဲ့သူတို့ရဲ့ သားသမီးတွေဟာ ဒီဥပဒေနဲ့ အညီ အခွင့်အရေးတွေရရှိပြီးဖြစ်ပါတယ်။ ဒီလိုစိစစ်မှုတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ရိုဟင်ဂျာအသုံး အနှုန်းကိုလည်း ကျွန်တော်တို့ ဒီအစည်းအဝေးတစ်လျှောက်လုံး ကန့်ကွက်ခဲ့တာပါ။ ရိုဟင်ဂျာလို့ ဘယ်တုန်းကမှမရှိတဲ့နာမည်ကို သုံးစွဲနေမယ်ဆိုရင် ရခိုင်ပြည်နယ်မှာ မလိုလားအပ်တဲ့ပြဿနာတွေကို ဖြစ်ပေါ်စေတယ်လို့လည်း ပြောခဲ့ပါတယ်’’ဟု ၎င်းက ပြောကြားသည်။
နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ်လိုလားပါက လက်တွေ့ကျသည့် ဖွံ့ဖြိုးတိုးတက်မှုအကူအညီများ ပေးအပ်ရန်လိုကြောင်း ထောက်ပြခဲ့သည်ဟု ဆိုသည်။
ပြီးခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးကာလတွင် ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံခရီးစဉ်အတွင်း လူနည်းစုရိုဟင်ဂျာဟု သုံးနှုန်းခဲ့သဖြင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ဘန်ကီမွန်းထံ ကန့်ကွက်သည့် သတိထောက်လွှာကို ပေးခဲ့သည်။
ယခု EU က တင်သွင်းသည့် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်မှာ ယခင်ကဲ့သို့ မဲခွဲဆုံးဖြတ်ခြင်းမဟုတ်ဘဲ မြန်မာ အစိုးရတာဝန်ရှိသူတို့နှင့် အပြန်အလှန်ညှိနှိုင်း၍ ကုလတတိယ ကော်မတီသို့ တင်သွင်းခြင်းဖြစ်သည်။ ဆုံးဖြတ်ချက်အများစုတွင် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုထောက်ခံကြောင်း ပြောကြားချက်များကို မြန်မာကိုယ်စားလှယ်အဖွဲ့က ကြိုဆိုသော်လည်း ရိုဟင်ဂျာနှင့် ပတ်သက်၍ မြန်မာအစိုးရ၏ သဘောထားနှင့် တည်ဆဲဥပဒေများကိုသာမူတည်၍ ဖြေရှင်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းအရင်းအမြစ်- 7 Days News)

Thursday, January 1, 2015

ရိုဟင်ဂျာမူဆလင်များကို မြန်မာနိုင်ငံသားအဖြစ် အပြည့်အဝပေးရန် ကုလသမဂ္ဂ တိုက်တွန်းချက် လွှတ်တော် ကိုယ်စားလှယ် များနှင့် မြန်မာ့နိုင်ငံရေးကို စောင့်ကြည့်လေ့လာသူများ ပြင်းထန်စွာကန့်ကွက်ရှုတ်ချ

UN Building
နယူးယော့ခ်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်အား တွေ့ရစဉ်။

000 Del6371634
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းအား ရခိုင်ပြည်နယ်တွင် နိုဝင်ဘာ ၂၃ရက်က ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့စဉ်။ ဖိုင်ဓာတ်ပုံ-အေအက်ဖ်ပီ
ရိုဟင်ဂျာမူ ဆလင်များကို မြန်မာနိုင်ငံသားအ ဖြစ် အပြည့်အဝပေးရန်နှင့် နိုင်ငံအ နှံ့ လွတ်လပ်စွာသွား လာခွင့်ပြုရန် ကုလသမဂ္ဂ အထွေထွေညီလာခံ၏တိုက်တွန်းချက်ကို လွှတ် တော်ကိုယ် စားလှယ်များနှင့် မြန်မာ့နိုင်ငံရေး ကို စောင့်ကြည့် လေ့လာနေသူများက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက် ကြောင်း သိရသည်။ အဆိုပါတိုက်တွန်းချက်ကို ဒီဇင်ဘာ၂၉ရက် တနင်္လာနေ့က ကျင်းပ ခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီ လာခံတွင် ယင်းကဲ့သို့ တိုက်တွန်းခဲ့ ခြင်းဖြစ်သည်။

ယင်းတိုက်တွန်းချက်နှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က''ကျွန်တော် တို့ကတော့ လက်မခံဘူး။ ရှုတ်ချပါ တယ်။ နောက်ပြီးတော့ နိုင်ငံငယ် တစ်ခုရဲ့ အချုပ် အခြာအာဏာကို စော်ကားသလိုလုပ်တဲ့ သဘောဖြစ် တဲ့အတွက် ကုလသမဂ္ဂအနေနဲ့ နိုင် ငံရေးသိက္ခာချတယ်လို့ သုံးသပ်တယ်။ ကုလသမဂ္ဂရဲ့ နိုင်ငံရေး ကစားကွင်း တစ်ခုအနေနဲ့ ရောက်မှန်း မသိ ရောက်လာတယ်။ တစ်နည်းအား ဖြင့် ကုလသမဂ္ဂဟာ ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက် သာလာယံဇရပ် လိုဖြစ်လာတယ်။ ကုလသမဂ္ဂဟာ စတင်တည်ထောင်စဉ်တုန်းနဲ့ ဒုတိယ ကမ္ဘာစစ် အလွန် ကာလပုံစံမျိုးနဲ့ မ တူတော့ဘူးလို့ သုံးသပ်တယ်။ ဒီ မိုကရေစီ သဘောအရ အင်အားကြီး တဲ့အုပ်စုက အောင်မြ င်တယ်။ အင် အားနည်းပါးတဲ့ ငွေကြေးနည်းပါး တဲ့ အုပ်စုကတော့ လက်ညှိုးထိုးခံရ ပြီး ခုလိုလုပ်ရခြင်းခံရတယ်။ ဒါ ကြောင့် နိုင်ငံငယ်တော်တော်များ များတောင်  UN မှာ ပါဖို့ မသင့်တော့ ဘူးလို့ သုံးသပ်မိတယ်'' ဟု ဝေဖန် ပြောကြားလိုက်သည်။

ယခုလုပ်ရပ်သည် ရခိုင်မျိုးနွယ် စုအပေါ်တွင် အသိအမှတ်မပြုဘဲ  အခြားအင်အားစုအပေါ်တွင် နာမည် ဖန်တီးခြင်းမှာ အနိုင်ကျင့်သည့် လုပ် ရပ်ဖြစ်ပြီး ယင်းလုပ်ရပ်သည် လုပ်ရပ် ကောင်း မဟုတ် ကြောင်း ဒေါက်တာ အေးမောင်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ ၏ တိုက်တွန်းချက် နှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးက ''ကုလသမဂ္ဂက non-bidding resolution တိုက်တွန်းတာပါ။ မဖြစ်မနေ လုပ်ရမယ့် ကိစ္စမဟုတ်ဘူး။ ဒါကြောင့် ပြည်သူတွေအနေနဲ့ စိတ်ပူစရာမလို ပါဘူး။ မြန်မာနိုင်ငံ အနေနဲ့ ရိုဟင် ဂျာမရှိဘူးဆိုတာကို နိုင်ငံတကာကို တရားဝင် ပြောကြား ထားပြီး သား ဖြစ်တယ်။ နောက်ဘန်ကီမွန်း မြန်မာ နိုင်ငံကို လာတုန်းကလဲ ရိုဟင်ဂျာ မရှိဘူးဆိုတာကို တရားဝင်အသိ ပေး ပြောကြားထားပြီးသားဖြစ်တယ်။ နံပါတ် (၂) အချက်ကတော့ ဘင်္ဂါလီ တွေကို နိုင်ငံသားပေးဖို့ကို အစိုးရရဲ့ ရပ်တည်ချက်ကတော့ ငြင်းပယ်တာ မဟုတ်ဘူး။ ၁၉၈၂ ဥပဒေနဲ့ညီရင် ပေးမယ်။ မညီရင်မပေးဘူး။ ဘယ် နိုင်ငံ မှာ မဆို အစိုးရတစ်ရပ်အနေ နဲ့ တည်ဆဲဥပဒေကို ကျော်လွန်ပြီး တော့ လုပ်လို့မရဘူး။ နံပါတ်(၃) အ နေနဲ့ကတော့ ကုလသမဂ္ဂနဲ့ မြန်မာ နိုင်ငံဟာ လက်ရှိ အစိုးရ သစ် လက်  ထက်မှာ အပြန်အလှန်ဆက်ဆံ မှု မြင့်တက် လာတယ်။ မြန်မာနိုင်ငံ က ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ အဖြစ် ပီသအောင်နေတယ်။ ဒါ ကြောင့် မြန်မာ နိုင်ငံ ကိုလဲ ကုလသ မဂ္ဂအနေနဲ့ အပြန်အလှန်လေးစားဖို့ လိုအပ်တယ်။ ကုလသမဂ္ဂအပါအ ဝင် ဘယ်နိုင်ငံမဆို နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးလို့ မရဘူး။ နံပါတ် (၄) အနေနဲ့ လက် ရှိနိုင်ငံခြားရေး မူဝါဒအတိုင်း ဆက် လက်ဆောင်ရွက်သွားမှာဖြစ်တယ်'' ဟု ပြောသည်။
ယင်းကဆက်လက်၍ ''မြန်မာ နိုင်ငံမှာ ရခိုင်ပြည်နယ်မှာ ပဋိပက္ခ နှစ်ကြိမ်ဖြစ်ခဲ့တယ်။ အဲ့ဒီမှာ အစိုးရ အနေနဲ့ ခက်ခက်ခဲခဲဖြေရှင်းခဲ့ရ တယ်။ ခုထိလဲ ရခိုင်ကိုအရေးပေါ် အခြေ အနေ ကြေညာထား ရဆဲဖြစ် တယ်။ ဒါကိုနိုင်ငံတကာ အသိုင်းအ ဝိုင်းအနေနဲ့ နားလည်ဖို့လို တယ်။ အပြုသဘောဆောင်ပြီး လက်ခံပေး ဖို့လိုတယ်။ လက်ရှိ ကုလသမဂ္ဂရဲ့ လုပ်ဆောင်မှုဟာ မြန်မာနိုင်ငံ မှာ ပြဿနာကို ပိုဆိုးအောင် လုပ်သလို ဖြစ်နေတယ်။ ဒီပြဿနာကိုပြေလည် ဖို့ အစိုးရအနေနဲ့ ဥပဒေနဲ့အညီ လုပ်ဆောင် ဖို့လုပ်နေတယ်'' ဟု ပြော ကြားခဲ့သည်။

ယင်းတိုက်တွန်းချက်နှင့် ပတ် သက်ပြီးလည်း နိုင်ငံရေးလေ့လာသုံး သပ်သူ ဦးသန်းစိုးနိုင်က''ကုလသမ ဂ္ဂအဖွဲ့ဝင်နိုင်ငံအနေနဲ့ ဆုံးဖြတ်ချက် ကို လက်ခံအကောင်အထည်ဖော်ရ မယ့် တာဝန် တော့ရှိ တယ်။ ဒီကိစ္စက လုံခြုံရေးကောင်စီရောက်ရင် ဗီတို အာဏာသုံးနိုင်တဲ့ တရုတ်တို့၊ ရုရှား တို့က ဗီတိုအာဏာသုံးပြီး ကန့်ကွက် မယ့် အနေအထားရှိတယ်။ မြန်မာ နိုင်ငံအတွက် ဆိုရင်လဲ ရခိုင်ပြည် နယ်အရေးကိစ္စဟာ အင်မတန်သိမ် မွေ့စွာ ကိုင်တွယ်ရမယ့် အနေအထား ဖြစ်တယ်။ ဘန်ကီမွန်းလာတုန်းက တောင် ရိုဟင်ဂျာဆိုပြီး သုံးနှုန်းတဲ့ အတွက် ဆန္ဒပြကန့်ကွက်မှုတွေ အ များကြီး ဖြစ်ပွားခဲ့တယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက် ချပေမယ့်လဲ အစိုးရအနေနဲ့ သံတ မန်ရေးနည်းလမ်းတစ်ခုခုနဲ့ ရှောင်လွှဲ ဖို့ကြိုးပမ်းလိမ့်မယ်လို့ ယူဆတယ်'' ဟု သုံးသပ် ပြောကြားသည်။
ယင်းကဆက်လက်၍ ''မြန်မာ နိုင်ငံမှာ ရခိုင်ပြည်နယ်မှာ ပဋိပက္ခ နှစ်ကြိမ်ဖြစ်ခဲ့တယ်။ အဲ့ဒီမှာ အစိုးရ အနေနဲ့ ခက်ခက်ခဲခဲဖြေရှင်းခဲ့ရ မောင်တောမြို့နယ် ဒေသခံ တစ်ဦးဖြစ်သူ ဦးခိုင်ကျော်မိုးက လည်း ''ကုလသမဂ္ဂကလဲ သူ့ criteria သတ်မှတ်ချက်တွေနဲ့ အညီ ပြော တာ ပေါ့။ သမ္မတကြီးကလဲ မြန်မာနိုင်ငံ ထဲမှာ ရိုဟင်ဂျာ မရှိဘူး လို့ ပြောပြီး သားပဲ။ ဒါကို ကုလသမဂ္ဂအနေနဲ့ အတင်းအကျပ် ဖိအားပေးမယ် ဆို ရင်တော့ ကုလသမဂ္ဂဟာ  moderate  ဖြစ်ရဲ့လားဆိုတာ ပြန်ပြီးမေးခွန်း ထုတ်စရာ ဖြစ်နေတယ်။ နိုင်ငံ ရဲ့အ ချုပ်အခြာ အာဏာကို ဝင်ရောက်စွက် ဖက်ရာ ရောက်နေတယ်။ တရားနည်း လမ်းကျတဲ့ နိုင်ငံသားဖြစ်မှုနဲ့ပဲ သွား လို့ရမယ်။ နည်းလမ်းတကျနဲ့ နိုင်ငံ သားရ သင့်တဲ့ သူကို တော့ ရမယ်။  အဲ့ဒီလို မဟုတ်ဘဲ ရခိုင်ပြည်သူတွေ ဘက်ကတော့ အလျှော့ပေးစရာ မလို ဘူးလို့ဘဲ မြင် တယ်''ဟုပြောသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံသား ဖြစ်ခွင့်၊ မဖြစ်ခွင့်မှာ ကုလသမဂ္ဂ၏တိုက်တွန်းချက်၊ ဆုံးဖြတ်ချက်အပေါ် မူတည်ခြင်းမရှိဘဲ ၁၉၈၂ ခုနှစ် နိုင်ငံ သားဖြစ်ခွင့် ဥပဒေနှင့်သာ သက် ဆိုင်ကြောင်း သုံး သပ် ကြသည်။

ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးသိန်းညွန့်က ''မြန်မာနိုင်ငံမှာ ရှိတဲ့တိုင်းရင်းသား ၁၃၅မျိုး စာရင်း ထဲမှာလဲမရှိဘူး။ အဲ့ဒါကို နိုင်ငံမဲ့ဖြစ် နေလို့ ကုလသမဂ္ဂ အထွေထွေညီ လာခံမှာ ပါတဲ့ ထောက်ခံတဲ့နိုင်ငံတွေ ကသူတို့အသိအမှတ်ပြုရင် သူတို့ နိုင်ငံခေါ် သွားပေါ့။ မြန်မာနိုင်ငံ မှာတော့ အချုပ်အခြာအာဏာပိုင် ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့နိုင်ငံ သားဥပဒေနဲ့အညီ ဆောင် ရွက်နေ တယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံသား ဖြစ် ခွင့်ဥပဒေနဲ့အညီပဲ ဆောင်ရွက်မှာပဲ။ ကုလသမဂ္ဂ အထွေထွေညီလာခံ က ဒီလိုဆုံးဖြတ်တယ်ဆိုတာ ကြား လိုက်ရတာမှတစ်ပါး မြန်မာနိုင်ငံ အနေနဲ့ အသက်ဝင် ဖို့လဲ မရှိဘူး။ ဆောင်ရွက်ဖို့အကြောင်းလဲ မရှိဘူး'' ဟု သုံးသပ်ပြော ကြားသည်။

ရခိုင်တိုင်းရင်းသားရေးရာဝန် ကြီး ဦးဇော်အေးမောင်က ''ကုလသမဂ္ဂအထွေထွေညီလာခံက ဘယ် လိုပဲ ဆုံးဖြတ်ချက်ချမှတ်ချမှတ်၊ ဘယ်လိုပဲတိုက်တွန်းတိုက်တွန်း မြန်မာ နိုင်ငံသည် အချုပ်အခြာ အာဏာပိုင်နိုင်ငံဖြစ်တယ်။ မြန်မာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကိုဘယ် အဖွဲ့အစည်းကမှ (လွှမ်းမိုး)လို့ မရဘူး။ သမ္မတကြီးကိုယ်တိုင်က လဲ ပြောပြီး သားဖြစ်တယ်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရသူကို နိုင်ငံသား ပေးမယ်။ မြန်မာနိုင်ငံသည် အချုပ် အခြာအာဏာပိုင် နိုင်ငံဖြစ်တဲ့အ တွက် ဒီလိုဆုံး ဖြတ်ချက်ကို မလိုက် နာပေမယ့် ဘာပြဿနာမှ တက်နိုင် စရာအကြောင်းမရှိဘူး'' ဟု သုံးသပ် ပြောကြားခဲ့သည်။

ရိုဟင်ဂျာများအား ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုများတွင် သာတူညီမျှရရှိစေရန်နှင့် ခွဲခြား ဆက်ဆံမှုနှင့် အကြမ်းဖက်မှုများ အား ဖော်ထုတ်ရန်လည်း ကုလသမဂ္ဂ အထွေထွေညီ လာခံတွင် ထည့်သွင်း တောင်းဆိုခဲ့သည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက ''ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားမဟုတ် ဘူး။ နောက်တစ်ခုက နိုင်ငံသားဖြစ် မှုဆိုတာ ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေရှိ တယ်။ ၁၉၈၂ ဥပဒေအရ ဘယ်ဧည့်နိုင်ငံသားမဆို ၁၉၈၂ ဥပဒေနဲ့ညီရင် နိုင်ငံသားဖြစ်ခွင့်ရှိ တယ်။ ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက် နဲ့ ပတ်သက်ပြီးအကြံပြုချင်တာက တော့ လူ့အခွင့်အရေး ရှုထောင့် က နေသာမက အချုပ်အခြာအာဏာ ရှုထောင့်ကပါ ထည့်သွင်းစဉ်းစား ဖို့လိုမယ်လို့ပြောချင်တယ်''ဟု ပြော သည်။

ကုလသမဂ္ဂအထွေထွေညီလာ ခံတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ ဒီမို ကရေစီကူးပြောင်းရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ လူ့အခွင့်အရေး မြှင့်တင်ရေးတို့ ဆောင်ရွ က်လျက် ရှိသည့်အပေါ် ကြိုဆိုလိုက်ပြီး ကျန် ရှိနေသေးသည့် လူ့အခွင့်အရေးချိုး ဖောက်မှုများအား တိုးမြှင့်လုပ်ဆောင် ရန် မြန်မာနိုင်ငံအစိုးရအား တိုက် တွန်းခဲ့သည်။
(သတင်းအရင်းအမြစ်- ဒီမိုကရေစီတူဒေးသတင်းစာ)
မူရင်းလင့်အားကြည့်ရန်ဤနေရာကိုနှိပ်ပါ။

သဘာဝသယံဇာတပေါများပြီး ပင်လယ်ဆိပ်ကမ်းများရှိပါလျှက် ဆင်းရဲနေရသော ရခိုင်ပြည်နယ်ကို သမ္မတက တိုးတက်စေလို

DSC01367
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဒီဇင်ဘာလ ၂၆ ရက်နေ့က ရခိုင်လူထုနှင့် တွေ့ဆုံစဉ် သဘာဝသယံဇာတ ပေါများပြီး ပင်လယ်ဆိပ်ကမ်းများရှိပါလျှက် ဆင်းရဲနေရသော ရခိုင်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်စေလိုသည်ဟု နိုင်ငံတော် သမ္မတက ပြောဆိုသွားခဲ့သည်။
ပြည်ထောင်စုမြန်မာနိုင်ငံတွင်  ဖွံ့ဖြိုးမှု အနည်းဆုံး ဒေသ ၃ ခုရှိရာ ချင်းပြည်နယ် ပထမ၊  ရခိုင်ပြည်နယ်က ဒုတိယနှင့် ကယားပြည်နယ်က တတိယဖြစ်ကြောင်း စစ်တွေမြို့ ဦးဥတ္တမ ခန်းမတွင် ဒီဇင်ဘာ ၂၆ ရက်နေ့က စစ်တွေ လူထုနှင့် တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတမှ သူ၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။
“ ချင်းပြည်နယ်နှင့် ကယားပြည်နယ် ဆင်းရဲရခြင်းမှာ သဘ၀သယံဇာတ ထွက်ရှိမှု မရှိတာက အခြေခံ အကြောင်းအရင်း ဖြစ်တယ်။ သို့ပေမယ့် ရခိုင်ပြည်နယ်ကတော့ သဘာဝသယံဇာတ ပေါများလျှက်၊ ပင်လယ်ဆိပ်ကမ်းများရှိပါလျှက်နှင့် ဆင်းရဲနေရတယ်” ဟု သမ္မတက ပြောဆိုသည်။
ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန် အတွက် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေးတို့မှာ အလွန်အရေးပါကြောင်း၊ သို့အတွက် နိုင်ငံတော်အနေဖြင့် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီး ရရှိရန် ကြိုးစား ဆောင်ရွက်နေကြောင်း နိုင်ငံတော် သမ္မတမှ ယခုလို ပြောဆိုသည်။
“တိုင်းပြည် တစ်ခုတိုးတက်ဖို့အတွက် လမ်းပန်းဆက်သွယ်ရေးဟာ အထူးအရေးပါ ပါတယ်။ တရုတ်စကားပုံ တစ်ခုရှိတယ်။ ဖွံ့ဖြိုးတိုးတက်စေချင်လျှင် လမ်းဖေါက်ပါတဲ့။ ရခိုင်ပြည်နယ်မှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီ၊ လျှပ်စစ်မီးလည်း ရရှိလာပြီဖြစ်တဲ့ အတွက် အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေကို လုပ်ဆောင် လာနိုင်တော့မှာ ဖြစ်ပါတယ်” ဟု  ပြောသည်။
စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် ပြုလုပ်သော တွေ့ဆုံ ဆွေးနွေးပွဲသို့  ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီမှ ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ၊ အမျိုးသမီး ကိုယ်စားလှယ် များနှင့်  စစ်တွေမြို့မှ ဂုဏ်သရေရှိ လူကြီးများ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲ အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကလည်း မိန်းခွန်းပြောကြားခဲ့ရာ  ရခိုင်ပြည်နယ် ဖွံ့ဖြိုးတက်မှ တည်ငြိမ်မှုရှိလာမည်ဟု ပြောဆိုသည်။
“ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်လုံခြုံမှုများဟာ အပြည့်အ၀နီးပါး ရရှိနေပါပြီ။ တည်ငြိမ်မှ ဖွံ့ဖြိုး တိုးတက်မှုရှိမယ် ဆိုပေမယ့် ရခိုင်ပြည်နယ် အတွက်ကတော့ ဖွံ့ဖြိုးတက်မှ တည်ငြိမ်မှုရှိလာမှာပါ”ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောသည်။
သူကဆက်လက်၍ ၄င်းလက်ထက်တွင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သော လုပ်ငန်းကြီးများမှာ ပုဏ္ဏားကျွန်းစက်မှုစီမံကိန်း၊ ရသေ့တောင် စိုက်ပျိုးရေးနဲ့ မွေးမြူရေးစီမံကိန်း၊ မြောက်ဦး ဟိုတယ်စီမံကိန်းနဲ့ ဒေသခံလူမျိုးတွေရဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးရေးလုပ်များကို ဆောင်ရွက်နေကြောင်း ထပ်လောင်းပြောကြားသည်။
ရခိုင်တစ်ပြည်နယ်လုံး မီးလင်းရေးနှင့် ပတ်သက်ပြီး ပြောကြားရာတွင်လည်း ဒီဇင်ဘာလ ၁၅ ရက်နေ့ ရခိုင်ပြည်နယ်နေ့က စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်များသို့ မဟာဓါတ်အားလှိုင်းမှ လျှပ်စစ်မီးဖြန့်ဖြူးနိုင်ခဲ့ပြီး၊ မြောက်ဦးမြို့သို့ ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့မှ စတင်ပြီး လျှင်စစ်မီး ထုတ်လွှတ်မည်ဟု ပြောသည်။
လက်ရှိ အိမ်နီးချင်း ထိုင်းနိုင်ငံ၏ ဓါတ်အားသုံးစွဲမှုပမာဏမှာ ၃၃၀၀၀ မီဂါဝတ် ရှိပြီး မြန်မာနိုင်ငံမှာမူ ၂၅၀၀ မီဂါဝတ်သာရှိသေးကြောင်း၊ မြန်မာတစ်နိုင်ငံလုံး မီးလင်းရေးအတွက် နောက်ထပ် ၁၂ ခန့် ကြာဦးမည်ဟု သိရသည်။
သို့သော် သံလွင်မြစ်တွင် ရေကာတာတည်ဆောက်ပြီး လျှပ်စစ်ထုတ်လုပ်မည်ဆိုလျှင် မီဂါဝတ် ၄၀၀၀၀ မှ ၆၀၀၀၀ အထိ ထုတ်လုပ်နိုင်မည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်ရှိ မင်းပြား၊ ပေါက်တောမြို့နှင့် မြေပုံမြို့နယ်တို့သည်လည်း  ၂၀၁၅ တွင် လျှပ်စစ်မီး ရရှိတော့မည်ဟု ပြည်ထောင်စု လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။
DSC01362
ရခိုင်ပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာစေရန်အတွက် ယမန်နှစ်က ၇၈ ဘီလီယံကျပ် အသုံးပြုခဲ့ပြီး ယခုနှစ်တွင် ၇၂ ဘီလီယံ အသုံးပြုလျှက်ရှိကာ မင်းပြားမြေပုံကို ဆက်သွယ်နိုင်ရန် ကျောက်ခင်းလမ်းအဆင့်ကို ဖေါက်လုပ်ပြီးစီးလျှက်ရှိပြီး၊ ပုဏ္ဏားကျွန်း-ပေါက်တောလမ်းကိုလည်း ဖေါက်လုပ်သွားမည်ဟု သိရသည်။
တွေ့ဆုံပွဲကို မွန်းလွဲတစ်နာရီခွဲခန့်တွင် စတင်ခဲ့ပြီး၊ ညနေ ၄ နာရီတွင် ပြီးဆုံးခဲ့သည်။
သမ္မတကြီးဦးသိန်းစိန်သည် ယခုတွေ့ဆုံပွဲအား ကျောက်တော်မြို့နယ်ရှိ  မဟာမုနိဘုရားကို သွားရောက် ဖူးမျှော်ခဲ့ပြီး အပြန်တွင် ပြုလုပ်ခဲ့သည်။ သမ္မတကြီး၏ ယခု ရခိုင်ခရီးစဉ်မှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးထက် ဘုရားဖူးခရီးစဉ်သာ ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ဝေဖန် ပြောဆိုသည်။
“ သမ္မတကြီးက နှစ်ကုန်ခါနီး မဟာမုနိဘုရားကို လာရောက်ဖူးမျှော် ခြင်းသာဖြစ်ပါတယ်။  ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စု အစိုးရနဲ့  ပြည်နယ်အစိုးရတို့ရဲ့ ဆောင်ရွက်နေမှုအပေါ် အားရ ကျေနပ်မှု မရှိသေးပါဘူး” ဟု သူက ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်ရေးကို ဆက်လက်ထိန်းသိမ်းရန် နိုင်ငံတော်သမ္မတ ရခိုင်လူထုကို တိုက်တွန်း

U-Thein-Sein-photo-by-Narinjara
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လက်ရှိ ရရှိနေသော တည်ငြိမ်ရေးကို ဆက်လက် ထိန်းသိမ်းရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီဇင်ဘာလ ၂၅ ရက်နေ့က  ကျောက်ဖြူမြို့သို့ ရောက်ရှိလာစဉ် ဒေသခံ ရခိုင်ပြည်သူများအား တိုက်တွန်းသွားသည်ဟု သိရသည်။
“ နိုင်ငံတော် သမ္မတက ၃ နာရီ ကျော်ကျော်လောက်မှာ ကျောက်ဖြူမြို့ ရမ္မာဝတီ ခန်းမမှာ မြို့လုထုနဲ့ တွေ့ဆုံပါတယ်။ အဲဒီ တွေ့ဆုံဆွေးနွေးပွဲမှာ လူမျိုးစု နှစ်ခုကြားမှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာလည်း အခုအခါ တည်ငြိမ်လာပြီ ဖြစ်တဲ့ အတွက် ရရှိပီးသား တည်ငြိမ်မှုကို ရခိုင်ပြည်နယ် သူ ပြည်နယ်သားတွေ အနေနဲ့ ဆက်လက်ထိန်းသိမ်းကြဖို့ တိုက်တွန်းသွားပါတယ်” ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်က ပြောသည်။
၎င်းပြင် နိုင်ငံတော် သမ္မတမှ ဒေသဖွံ့ဖြိုးမှုအတွက် တည့်ငြိမ်အေးချမ်းမှုရှိရန် လိုကြောင်း၊ တည်ငြိမ်အေးချမ်းမှု မရှိဘဲနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ရန်မှာ မဖြစ်နိုင်ကြောင်း၊ တခြားတစ်ဘက်တွင်လည်း ဒေသ ဖွံ့ဖြိုးတိုးတက်မှုရှိပါမှ တည်ငြိမ် အေးချမ်းမှုရှိလာမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သူက ဆိုသည်။
၎င်းပြင် နိုင်ငံတော် သမ္မတက “ ဘာသာမတူ လူမျိုးမတူသည့် လူ့အဖွဲ့အစည်းနှစ်ခုကြား သွေးထွက် သံယို ပဋိက္ခများ ဖြစ်ပွားခဲ့သော်လည်း ယခုအခါတည်ငြိမ်နေပြီဖြစ်သဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအလားအလာ ကောင်းနေပြီဖြစ်သည်ဟု  ပြောဆိုကြောင်း” ကျောက်ဖြူမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီဝင်တစ်ဦးက ပြောသည်။
လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးကလည်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုပေါင်း ၅၀ ရာခိုင်နူန်းကျော် လျှပ်စစ်မီးရရှိရန် ဆောင်ရွက်နေကြောင်း၊ လျှပ်စစ်မီး မရှိသေးသော ရခိုင်ပြည်နယ် မြို့နယ်များကိုလည်း လျှပ်စစ်မီး မကြာခင်ရရှိအောင် လုပ်ဆောင်နေကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။
နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံပွဲသို့ ဌာနဆိုင်ရာ လူကြီးများ၊ မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီအသီးသီးမှ ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊  မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများ၊ အမျိုးသမီး ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံစဉ် ကျောက်ဖြူမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီက ကျောက်ဖြူမြို့နယ်တွင် ခုတင်၂၀၀ ဆံ့ ဆေးရုံတစ်ရုံ ဆောက်လုပ်ပေးရန်၊ မြို့တော်ခန်းမကို တိုးချဲ့ ဆောက်လုပ်ပေးရန်၊ မြို့ပေါ်လမ်းငါးလမ်းကိုကွန်ကရစ်လမ်းခင်းပေးရန်၊ ဟောင်းနေပြီဖြစ်သော မြို့မဈေးကို အသစ်ပြန်လည်တည်ဆောက်ပေးရန်စသည်တို့ကို စာဖြင့် ရေးသားတောင်းဆိုခဲ့ကြသည်ဟု သိရသည်။
နိုင်ငံတော်သမ္မတသည် ကျောက်ဖြူမြို့တွင် လူထုနှင့် တွေ့ဆုံပြီးနောက် ရမ်းဗြဲမြို့သို ရဟတ်ယာဉ်များဖြင့် ထွက်ခွာသွားသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

နိုင်ငံတော် သမ္မတ သံတွဲမြို့ ရောက်ရှိစဉ် အလိုတော်ပြည့်တော် ဆရာတော်ကို သွားရောက်ဖူးမျှော်

image-bbb4a3df9b2b2062d722d99adc87cf80c4a9c69bf170eb38527f66902cd48c09-V
ရခိုင်ပြည်နယ် ခရီးစဉ် အဖြစ် သံတွဲမြို့သို့ ဒီဇင်ဘာလ ၂၅ ရက်နေ့က စတင်ရောက်ရှိလာသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် သံတွဲမြို့နယ် ငပလီ ဂျိုတ္တောကျေးရွာ မဒေးတောင်ပေါ်ရှိ အမတသုခ အလိုတော်ပြည့်ကျောင်းသို့ သွားရောက်ပြီး အလိုတော်ပြည့် ဆရာတော် ဒေါက်တာ အာရိယ၀ံသအား သွားရောက် ဖူးမျှော်ကန်တော့ခဲ့သည်ဟု သိရသည်။
ထိုသို့ သွားရောက်ဖူးမျှော်စဉ် ဆရာတော်ကြီးနှင့် ကြွရောက် သံဃာတော်များအား လှူဖွယ် ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့သည်ဟု သိရသည်။
နိုင်ငံတော်သမ္မတသည် ဆရာတော်နှင့် တွေ့ဆုံစဉ် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု လက်ထောက်ဆရာတော် ဦးကုမာရက ပြောသည်။
image-171c7491591d57c40b7d2f30477392945d93ef8d6982da874fcd2c83195aed51-V
“ နိုင်ငံတော်သမ္မတနဲ့ ဆရာတော်ကြီးတို့ တွေ့ဆုံစဉ်မှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်တွေရယ်၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး ကိစ္စရပ်တွေရယ်၊ တရားဥပဒေစိုးမိုးရေးနဲ့ ဒေသအတွင်း လုံခြုံရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်” ဟု ဦးကုမာရက ပြောသည်။
၎င်းပြင်း ဦးကုမာရက “ အသေးစိတ် အချက်အလက်များကိုတော့ ဆရာတော်ကြီးနှင့် သမ္မတကြီးတို့က အသေးစိတ် တံခါးပိတ် ဆွေးနွေးကြတဲ့ အတွက် ပြောဖို့ခက်ပါတယ်” ဟု ဆိုသည်။
နိုင်ငံတော်သမ္မတသည် မဒေးတောင်ပေါ်ရှိ တိလောကသယမ္ဘူ ဗုဒ္ဓရုပ်ပွားတော်အား သွားရောက် ဖူးမျှော်ခဲ့ပြီး  ပန်း၊ ရေချမ်းဆီမီးများ ကပ်လှူခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Thursday, November 27, 2014

စစ်တပ်သဘောထားတင်းမာမှုကြောင့် ၆ ပွင့်ဆိုင်သည့်တိုင် ဖွဲ့စည်းပုံ ပြင်ရေး မလွယ်ဟုဆို

တပ်မတော် , ကာချုပ်
အခြေခံဥပဒေ ပြင်ဆင်ရေး အောင်မြင်ရန် ၆ ပွင့်ဆိုင် ဆွေးနွေးရန် တောင်းဆိုခြင်း ဖြစ်သည် (ဓာတ်ပုံ – ဧရာဝတီ)
စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲ ပြဋ္ဌာန်းခဲ့တဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်ဥက္ကဋ္ဌ ၂ ဦး၊ သမ္မတဦးသိန်းစိန်၊ ကာချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ကိုယ်စားပြု ခေါင်းဆောင် ၁ ဦးပါဝင်သော ၆ ပွင့် ဆိုင် တွေ့ဆုံရန် ပြည်ထောင်စုလွှတ်တော်က နိုဝင်ဘာလ ၂၅ ရက်နေ့တွင် တောင်းဆိုလိုက်သော်လည်း တပ်မတော်၏ သဘောထားတင်းမာမှုကြောင့် ၆ ပွင့်ဆိုင်သည့်တိုင် အခြေခံဥပဒေ ပြင်ဆင်ရန် မလွယ်ကူကြောင်း နိုင်ငံရေး အသိုင်း အဝိုင်းက သုံးသပ်သည်။
ပြည်ထောင်စုလွှတ်တော်က တောင်းဆိုလိုက် သော ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအတွက် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များနှင့် နိုင်ငံရေးအသိုင်းအဝိုင်းက ထောက်ခံကြိုလိုက်သော်လည်း လက်ရှိအချိန်တွင် တပ်မတော်၏ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မည်ဆိုသော သဘောထားခံယူချက်ကြောင့် ပုဒ်မ ၄၃၆ ပြင်ဆင် ရေး အပါအဝင်အဓိကကျ အရေးကြီးသော အခြေခံဥပဒေ ပြဋ္ဌာန်းချက်များ ပြင်ဆင်ရန်မလွယ်ကူဟု လွှတ်တော်ကိုယ်စား လှယ် တချို့က သုံးသပ်သည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်း မြင့်အောင်က တပ်မတော်က အခြေခံဥပဒေတွင် ပုဒ်မ ၄၃၆၊ ၅၉ (စ) ကဲ့သို့ ပြဋ္ဌာန်းချက်များကို မပြင် ဆင်လိုဘဲအခြားသော တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးအတွက် လိုအပ်သည့် အချက်ကိုသာ ကွက် ၍ ပြင်လို သည့် သဘောမျိုးရှိကြောင်း သုံးသပ်ပြောဆိုသည်။
“သိပ်ထူးမယ် မထင်ဘူး ကာချုပ်ကို ကြံ့ခိုင်ရေး က ၃ ယောက်ဖြစ်တဲ့ သမ္မတနဲ့ လွှတ်တော် ဥက္ကဋ္ဌ ၂ ယောက်က ဩဇာ လွှမ်းနိုင်မယ်မထင်ဘူး။ လွှမ်း လည်း မလွှမ်းနိုင်ဘူး။ ကာချုပ်ကလည်းသူ့ရပ်တည် ရမယ့် ကိစ္စတွေမှာ ဘယ်လျှော့ ပေး မလဲ။ ၄၃၆ ပြင် လိုက်မယ်ဆိုရင် တပ်ပိုင်းဆိုင်ရာကိစ္စတွေပါ ပြင်ပေး ရမှာပေါ့” ဟု ဦးဖုန်းမြင့်အောင်က ပြောသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကလည်း ၆ ပွင့် ဆိုင် တွေ့ဆုံဆွေးနွေးဖြစ်လာ သည့်အတိုင် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အပေးအယူမြောက်မြားစွာလုပ်ရမည်ဟု မျှော်လင့်ကြောင်း၊ ဥပမာအားဖြင့် သမ္မတသည် လွှတ်တော်ကို ထိန်းချုပ်လိုသော ကိစ္စမျိုးနဲ့ အခြေခံဥပဒေ ပြင်ဆင် ရေး အပေးအယူလုပ်နိုင်ကြောင်း၊ ယေဘုယျအားဖြင့် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးမှ အခြေခံဥပဒေ ပြင်ဆင်နိုင်မည်ဟု မမျှော်လင့်ကြောင်းသုံးသပ်သည်။
“ကျနော်တော့ မထင်ဘူး။ ဒီကိစ္စမတိုင်ခင် လွှတ်တော်ထဲမှာ ဆွေးနွေးနေတဲ့ အချိန်တုန်းကလည်း သမ္မတကရော၊ ကာချုပ်ကရော ဒါတွေပြင်ဖို့အတွက်က လွှတ်တော်ထဲမှာပဲ တာဝန်ရှိပါတယ်လို့ပြောတာ။ သူတို့နဲ့ မဆိုင်ပါဘူးလို့ ပြောထားတာရှိတယ်။ ၆ ပွင့်ဆိုင်တွေ့ရင် ဖြစ်နိုင်ချေ ၂ ခု ရှိတယ်။ တခုက စစ်တပ်ကသူတို့ အရင်ပြောတဲ့အတိုင်းပဲ ရပ်ခံနေပြီးတော့ အဖြေတခု မရအောင် ရှောင်နေလိုက်တာမျိုး ဖြစ်နိုင်တယ်။ နောက်တခု သူတို့တပ်က တင်ပြထားတဲ့ လွှတ်တော်ကို သမ္မတကနေ ထိန်းချုပ်မယ်ဆိုတဲ့ ကိစ္စနဲ့ အပေးအယူ လုပ်နိုင်တယ်။
လက်ရှိ အချိန်တွင် သမ္မတမှာ လွှတ်တော်အပေါ် တွင် ဩဇာလွှမ်းမိုးနိုင်မှု လုံးဝမရှိဘဲ သမ္မတသဘော မတူသည့် ဥပဒေကြမ်းတချို့ကိုပင် လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့သဖြင့် သမ္မတနှင့်လွှတ်တော် ကြားတွင်လည်း အပေး အယူတခု ရှိလာနိုင်တယ်” ဟု ဦးရဲထွန်းက ဆိုသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကမူ တပ်မတော်၏ သဘောထားတင်းမာမှုကြောင့် အခြေခံ ဥပဒေ ပြင်ဆင်ရေး မဖြစ်နိုင်ကြောင်း သုံးသပ်သည်။
“အရေးကြီးတဲ့ အခြေခံဥပဒေပြဋ္ဌာန်းချက် ၉၅ ခုကို ပြင်ပေးဖို့တော့ တပ်ဘက်က အလျှော့ပေးမှာ မဟုတ်ဘူး။ ၄၃၆ လည်း ပြင်လို့ရမှာ မဟုတ်ဘူး။ ဖြစ်နိုင်တာက ဒီ ၆ ပွင့်ဆိုင်မှာ ဖွဲ့စည်းပုံပြင်ဖို့ရေရှည် အမြင်မျိုးနဲ့ လမ်းပြမြေပုံတခုပုံစံနဲ့ သဘော တူ လာနိုင်တယ်။ လွှတ်တော်မှာတပ်မတော်သား ပါဝင်နေမှုကို ဘယ်အချိန်မှာ ပြင်ပေးမယ်ဆိုတဲ့ ပုံစံမျိုးလည်း ဖြစ်လာ နိုင် တယ်။ ဒီ ၆ ပွင့်ဆိုင်ရုံနဲ့ ဖွဲ့စည်းပုံပြင်နိုင်ဖို့ကတော့ မဖြစ်နိုင်သေးဘူး။ ကျနော်ကတော့ မျှော်လင့်ချက်ကို မထားဘူး” ဟု ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။
၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တပ်မတော် သည် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး ကဏ္ဍများတွင် အထူး အခွင့် အာဏာများ ရရှိထားပြီး တရားဝင် စစ်အာဏာသိမ်းပိုင်ခွင့်ရှိသည်ဟုလည်း ပြဋ္ဌာန်းထားသည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

၆ ပွင့်ဆိုင်ဆွေးနွေးပွဲအတွက် တိုင်းရင်းသားကိုယ်စားလှယ် ရွေးချယ်ပြီး

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ၆ ပွင့်ဆိုင်ဆွေးနွေးပွဲတွင် ပါဝင်မည့် တိုင်းရင်းသားကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ရွေးချယ်လိုက်ပါတယ်။
ဒေါက်တာ အေးမောင်
ဒေါက်တာ အေးမောင်
နေပြည်တော်မှာရှိတဲ့ စည်ပင်ဧည့်ရိပ်မှာ တိုင်းရင်းသားလွှတ်တော်ကိုယ်စားတွေ လျှို့ဝှက်မဲစနစ်နဲ့ ဒီနေ့မနက်ပိုင်းက ရွေးချယ်တင်မြှောက်လိုက်တာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၂၅ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ဆွေးနွေးပွဲမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ၆ ပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပဖို့အတွက် အရေးအကြီးအဆိုတရပ်ကို တင်သွင်းရာမှာ အတည်ပြုခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို နိုဝင်ဘာလ ၂၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာစာရင်း ထုတ်ပြန် ခဲ့တာကြောင့် တိုင်းရင်းသားကိုယ်စားပြု ကိုယ်စားလှယ်တဦးကို ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒေါက်တာအေးမောင် ဟာ သမ္မတဦးသိန်းစိန် လက်ထက်မှာ ဒုတိယ သမ္မတ ရာထူးအတွက် လျာထားခံခဲ့ရဖူးတဲ့ ကိုယ်စားလှယ်ဖြစ်ပြီး လက်ရှိမှာ ရခိုင်အမျိုးသားပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။
(သတင်းအရင်းအမြစ်- DVB Burmese)

Tuesday, November 11, 2014

ဦးအောင်မင်းနှင့် တိုင်းရင်းသား ခေါင်းဆောင်တချို့ နေပြည်တော်၌ တွေ့ဆုံ

အစိုးရ၀န်ကြီး, တိုင်းရင်းသား ခေါင်းဆောင် , ငြိမ်းချမ်းရေး , နေပြည်တော်
နေပြည်တော်တွင် အစိုးရ ၀န်ကြီးများနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ယနေ့ တွေ့ဆုံစဉ် (ဓာတ်ပုံ – ဦးညိုအုန်းမြင့် ဖေ့စ် ဘုတ်)
ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း အပါအ၀င် အစိုးရ ၀န်ကြီး ၄ ဦးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သည့် တိုင်းရင်းသား ခေါင်းဆောင် တချို့တို့ နေပြည်တော်တွင် ယနေ့ အလွတ်သဘော တွေ့ဆုံကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံမှုသည် ငြိမ်းချမ်းရေး အတွက် ဆွေးနွေးကြခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင်ရေး ဗဟိုဌာန (MPC) မှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောသည်။
အစိုးရ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသော ဦးအောင်မင်း၊ ဦးဝင်းထွန်း၊ ဦးခင်ရီ၊ ဦးသန်းဌေး တို့နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ဖြစ်သော နိုင်ဟံသာ မွန်ပြည်သစ်ပါတီ (NMSP)၊ ခွန်ဥက္ကာ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ ဦးထွန်းဇော် ရခိုင် အမျိုးသားကောင်စီ (ANC)၊ ဆလိုင်း ခလာအေး ချင်းအမျိုးသားတပ်ဦး(CNF)တို့ တွေ့ဆုံခြင်း ဖြစ်ကြောင်း သိရသည်။
ဦးလှမောင်ရွှေက“နေပြည်တော်မှာ တွေ့တာ တဖွဲ့ချင်းလို့ပြောရမယ်။ NCCT(တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ) အနေနဲ့ လာတွေ့တာတော့ မဟုတ်ဘူး။ အစိုးရဘက်ကလည်း UPWC (ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော် ဆောင်ရေး လုပ်ငန်း ကော်မတီ)လို့ ပြောလို့ မရဘူး။ နောက် အစည်းအဝေးတွေမှာ အခက်ခဲတွေမဖြစ်အောင် ဘယ်လိုလုပ်မလဲ ဆို တာကို ဆွေးနွေးတယ်။ အလွတ်သဘောပေါ့။ ဆွေးနွေးတာမှာ သူတို့သိချင်တာမေးတယ်။ အရင် အခက်အခဲဖြစ်တာကိုလည်း ပြောကြ တယ်။ နောက် ဝန်ကြီးဦးအောင်မင်းက ဆွေးနွေးပွဲတွေ နိုဝင်ဘာမှာ လုပ်ဖို့ကမ်းလှမ်းထားတယ်”ဟု ပြောသည်။
ယခုတွေ့ဆုံမှုသည် ဝန်ကြီးဦးအောင်မင်း နှင့်သာ အဓိက ဆွေးနွေးခြင်း ဖြစ်ကြောင်း၊ တခြားမည်သူနှင့်မျှတွေ့ဆုံ ဆွေးနွေးခြင်း မရှိသေး ကြောင်းလည်း ဦးလှမောင်ရွှေက ပြောသည်။
ကရင် အမျိုးသား အစည်းအရုံး(KNU) အတွင်းရေးမှူး ဖဒို စောကွယ်ထူးဝင်းကလည်း“အခုချိန်ထိတော့ တခြားတွေ့ဆုံမှုတွေ မရှိသေး ဘူးလို့ပဲ သိထားတယ်။ စစ်တပ်နဲ့ တွေ့မတွေ့ကလည်း မသိသေးဘူး။ အခြား တိုင်းရင်းသားတွေကို တင်ပြပြီး NCCT ၊ UNFC (တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ) စတဲ့ အဖွဲ့အနေနဲ့သွားတာ မဟုတ်တော့ ပြောရခက်ပါတယ်။ နောက်တခုက ဘယ် လို တွေ့ဆုံမှုတွေ လုပ်ခဲ့လဲ၊ ဘယ်သူနဲ့တွေ့မလဲဆိုတာ သူတို့အဖွဲ့ရဲ့သဘောထားနဲ့တွေ့ဆုံတာပါ”ဟု ပြောသည်။
တိုင်းရင်းသားများ အနေနှင့် တွေ့ဆုံခြင်း ဖြစ်ကြောင်း၊ မည်သည့် အရာများကို ဆွေးနွေးသည်ကိုလည်း အတိအကျ မသိကြောင်း၊ ငြိမ်းချမ်းရေး အတွက် ဆွေးနွေးခြင်း ဖြစ်ပါက ကောင်းမွန်ကြောင်းလည်း ၎င်းက ပြောဆိုသည်
ယင်း ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး မေးမြန်းရန် ဆွေးနွေးပွဲတက်ရောက်လာသည့် တိုင်းရင်းသားခေါင်းဆောင်များကို ဆက်သွယ်ခဲ့ သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။
ပြီးခဲ့သည့် စက်တင်ဘာလက နောက်ဆုံး တွေ့ဆုံခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို နိုဝင်ဘာ ၂၄ ရက် ၊၂၅ ရက်တွင် ပြန်လည် ကျင်းပရန် တိုင်းရင်းသားများဘက်မှ စီစဉ်ထားကြောင်း၊ အစိုးရဘက်နှင့် ညှိနှိုင်းရခြင်း မရှိသေးသော်လည်း အဆိုပါရက်တွင် ပြန် လည် စတင်ရန် ဦးအောင်မင်း က တိုင်းရင်းသားများဘက်ကို တောင်းဆိုထားကြောင်း သိရသည်။
“တပ်နေရာကိစ္စ၊ စစ်သည်တော် ကျင့်ဝတ်တွေ အတွက် အောက်ခြေပိုင်းနှစ်ဘက် လုပ်ငန်းကော်မတီတွေ တွေ့ဖို့လုပ်ထား ပေမယ့် ကျနော်တို့တွေ မတွေ့ဖြစ်ဘူး။ တပ်ပိုင်းက တွေ့မှ ရမှာပါ။ တွေ့တော့ တွေ့ဖို့လုပ်နေတယ်။ ဒါမှငြိမ်းချမ်းရေး ဆက် လုပ်လို့ရမှာလေ။ အခုတော့ လာမယ့်ဆွေးနွေးပွဲပြီးမှ တွေ့ဖြစ်မယ်ထင်တယ်”ဟု ဖဒိုကွယ်ထူးဝင်း က ပြောသည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

Monday, November 10, 2014

ကျန်းမာရေးဝန်ထမ်းများကို ကျန်းမာရေးဝန်ကြီးဌာနက ခန့်အပ်ခြင်းမျိုးထက် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရမှ မိမိတို့ဒေသအလိုက် လိုအပ်သည့် ကျန်းမာရေးဝန်ထမ်းများ စတင်ခန့်အပ်ခွင့်ပေးမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံတစ်ရုံမှ ကျန်းမာရေးဝန်ထမ်းများကို တွေ့ရစဉ်။
ဆရာဝန်၊ သူနာပြုများကဲ့သို့ ကျန်းမာရေးဝန်ထမ်းများကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ရွေးချယ်ခန့်အပ်ခြင်းမျိုးထက် လာမည့်နှစ်မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရမှ မိမိတို့ဒေသအလိုက် လိုအပ်သည့် ကျန်းမာရေးဝန်ထမ်းများကို မိမိတို့ အစီအစဉ်ဖြင့် စတင်ရွေးချယ် ခန့်အပ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်း၏ ပြောကြားချက်အရ သိရသည်။

“အရင်က လက်ထောက်ဆရာဝန်တစ်ယောက်က ကျန်းမာရေးဝန်ကြီးဌာနမှာ အမှုထမ်းချင်လို့ရှိရင် ရေးဖြေစာမေးပွဲတွေ၊ နှုတ်ဖြေစာမေးပွဲတွေ ဖြေရတယ်။ ၀န်ကြီးဌာန အနေနဲ့ကလည်း အားလုံးကိုမခန့်ဘူး လိုအပ်တဲ့ အရေအတွက်ကိုပဲ ရွေးချယ်ခန့်အပ်တာဖြစ်တယ်။ အခုကျတော့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လိုအပ်တဲ့ဆရာဝန်၊ ဆရာမတွေ အထူးသဖြင့် ဆရာဝန်တွေ ခန့်ထားနိုင်ဖို့အတွက် သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရရဲ့ လမ်းညွှန်မှုနဲ့ ကျွန်တော်တို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့တို့က ညှိနှိုင်းပြီးတော့ သက်ဆိုင်ရာဒေသတွေမှာ သူ့အစီအစဉ်နဲ့ လျှောက်လွှာခေါ်ပြီး သူ့အစီအစဉ်နဲ့ ရွေးချယ်ခန့်ထားဖို့အတွက် ဆောင်ရွက်ပြီးနေပါပြီ” ဟု ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်း၏ ပြောကြားချက်အရ သိရသည်။

ထို့ပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သည့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ၀နှင့် သွားလာရေးခက်ခဲသည့် ဒေသများမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ဆေးတက္ကသိုလ် တက်ရောက်ချင်သူများ အတွက်ကိုလည်း အထူးအခွင့်အရေးအနေဖြင့် ဆေးတက္ကသိုလ်တက်ရောက်ခွင့် ပေးထားကြောင်းနှင့် အောင်မြင်ပြီးသူများကိုလည်း မိမိဒေသတွင် ပြန်လည်ထမ်းဆောင်ခွင့်ပြုရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ရေးအတွက်လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများနှင့် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသည့် ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း၊ ဆေးပညာကို အမှန်တကယ် ၀ါသနာပါပြီး မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ပြန်လည်ထမ်းဆောင်နိုင်မည့် အရည်အသွေးပြည့်ဝသည့် ဆေးပညာရှင် ဆရာဝန်ကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။

လျှောက်ထားသူများအတွက် သတ်မှတ်ထားသည့် စည်းမျဉ်းများမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများနှင့် နိုင်ငံတော်မှထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသည့် ဒေသများတွင် အမြဲနေထိုင်သူ၊ လျှောက်ထားသူနှင့် မိဘနှစ်ပါးစလုံးသည် တည်ဆဲနိုင်သား ပြစ်မှုဥပဒေနှင့် ကိုက်ညီသော နိုင်ငံသားဖြစ်သူ၊ ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာတွဲဖြင့် အောင်မြင်သူ၊ အခြေခံပညာ ရှစ်တန်း၊ ကိုးတန်း၊ ၁၀ တန်းများကို ၎င်းဒေသများတွင် ဆက်တိုက်ပညာသင်ကြားခဲ့ပြီး ၎င်းဒေသများမှပင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူ စသည်တို့ သတ်မှတ်ခဲ့ပြီး လူဦးရေ ကန့်သတ်ချက် မရှိခဲ့ကြောင်းလည်း သတင်းရရှိသည်။

(သတင်းအရင်းအမြစ်- Eleven Media Group)

ဒုက္ခသည်အားလုံးကို ပြန်လက်ခံရန် ဘင်္ဂလားဒေ့ရှ်သမ္မတ တောင်းဆိုမှု ဦးသိန်းစိန် ပယ်ချ

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းများရှိ မြန်မာဒုက္ခသည်ဆိုသူ အားလုံးကို ပြန်လည်လက်ခံရန် ဘင်္ဂလားဒေ့ရှ်သမ္မတ၏ တောင်း ဆိုမှုကို သမ္မတဦးသိန်းစိန်က ပယ် ချလိုက်ပြီး နှစ်နိုင်ငံညှိနှိုင်းထား သည့် ဒုက္ခသည်နှစ်ထောင်ကျော် သာ ပြန်လည်စိစစ်လက်ခံမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သမ္မတ အား ပြောကြားခဲ့သည်ဟု သတင်း ရရှိသည်။
နိုဝင်ဘာ ၉ ရက်က တရုတ် နိုင်ငံ ဘေဂျင်းမြို့တွင် ကျင်းပ လျက်ရှိသော အေပက်အလွန် ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အခွင့် အလမ်းများ ဆွေးနွေးပွဲမတိုင်မီ ဘင်္ဂလားဒေ့ရှ်သမ္မတ အဗ္ဗဒူလ် ဟာမစ်နှင့်
နှစ်နိုင်ငံ ခေါင်းဆောင်ချင်း သီးသန့် တွေ့ဆုံမှုတွင် အထက်ပါအတိုင်း ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သမ္မတခရီးစဉ်တွင်လိုက်ပါသွား သည့် သမ္မတ၏ပြောရေးဆိုခွင့်ရှိ သူ ဝန်ကြီးဦးရဲထွဋ်က ပြောသည်။
 ‘‘ဘင်္ဂလားဒေ့ရှ်ဘက်က သူတို့ ဒုက္ခသည်စခန်းမှာရှိတဲ့လူ တွေကို စိစစ်လက်ခံပေးဖို့ ပြော တာပါ။ ဒါပေမဲ့ မြန်မာဘက်က တော့ ဒုက္ခသည်စခန်းက ဘင်္ဂါလီ တွေကို နှစ်နိုင်ငံ သဘောတူညီ ထားတဲ့စစ်ဆေးမှု မူလေးချက်နဲ့ပဲ စစ်ဆေးလက်ခံနိုင်မယ်ဆိုတာ သမ္မတက ထပ်ပြောပါတယ်။ အရင်ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ ဆွေးနွေးတုန်းက လည်း ဒီသဘောထားအတိုင်းပဲ ပြောခဲ့တာပါ။ နှစ်နိုင်ငံသဘောတူထားတာကလည်း ၂၀၀၅ ကတည်းကဖြစ်တယ်။ လူနှစ် ထောင်ကျော်ပဲရှိပါတယ်။ ဒါတွေ ကိုလည်း အခုတကယ်ရှိ၊ မရှိဆို တာ ထပ်စိစစ်ရဦးမှာပါ’’ ဟု ၎င်းက ပြောကြားသည်။
အဆိုပါ ဒုက္ခသည် နှစ် ထောင်ကျော်ကို ၂၀၀၅ ကတည်းက မြန်မာနိုင်ငံသားဖြစ် ကြောင်း အထောက်အထားလက် မှတ်ရှိခြင်း၊ သက်သေပြနိုင်ခြင်း၊ မြန်မာနိုင်ငံသားမိဘနှစ်ပါးမှမွေး ဖွားခြင်းအပါအဝင် စစ်ဆေးမှု မူလေးချက်နှင့် နှစ်နိုင်ငံညှိနှိုင်း သဘောတူထားခြင်းဖြစ်ပြီး ပြီးခဲ့ သည့် ဇူလိုင်က ဒါကာတွင် အဆို ပါ ဒုက္ခသည်များကို ပြန်လည် စိစစ်လက်ခံရန် နှစ်နိုင်ငံထပ်မံ သဘောတူညီခဲ့ပြီး စိစစ်ရေးအဖွဲ့ ဖွဲ့စည်းထားသည်။
မြေပြင်အခြေအနေများအရ အဆိုပါစိစစ်ပြီး ဒုက္ခသည်နှစ် ထောင်ကျော်အနက် အများစုမှာ မြန်မာနိုင်ငံသို့ ပြန်လည်လာ ရောက်လိုခြင်းမရှိကြောင်း နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ လာသော သတင်းများအရ သိရသည်။ဘင်္ဂလားဒေ့ရှ်သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူက ‘‘ဘင်္ဂလားဒေ့ရှ်ဘက်က ရင်ဆိုင်နေရတဲ့ ဒီကိစ္စနှစ်ခု(ရိုဟင်ဂျာနှင့် မူးယစ်ဆေးဝါး)ကို မြန်မာသမ္မတကိုအသိပေးခဲ့တယ်။ တတ်နိုင်သမျှ အမြန်ဆုံး သူတို့နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ တိုက်တွန်းခဲ့တယ်’’ဟု BD News 24.com သတင်းဌာနသို့ ပြော သည်။
ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် လူမျိုးအများစုမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ တရားမ၀င် ၀င် ရောက်လာသော ဘင်္ဂါလီလူမျိုး မျာသာဖြစ်ပြီး တိုင်းရင်းသားဘာ သာစကားမတတ်ကျွမ်းသူအများ စုဖြစ်ကြောင်း ရခိုင်အမျိုးသားရေး အင်အားစုများကပြောကြားထား သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ရိုဟင်ဂျာလူမျိုး ငါးသိန်းခန့်ရှိမည် ဟုခန့်မှန်းထားပြီး UNHCRလက် မှတ်ရ ရိုဟင်ဂျာ ဒုက္ခသည် သုံး သောင်းရှိကြောင်း BD News 24.comကဆိုသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခေါင်း ဆောင်များအနေဖြင့် မြန်မာအစိုး ရအဖွဲ့၊ နိုင်ငံရေးအင်အားစုအချို့ နှင့်တွေ့ဆုံတိုင်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းရှိ ဘင်္ဂါလီ ဒုက္ခသည်များမှာ မြန်မာနိုင်ငံမှ လာရောက်ခြင်းဖြစ်ပြီး မြန်မာအစိုးရက ပြန်လည်လက်ခံရန် အစဉ်တိုက်တွန်းတောင်းဆိုလေ့ ရှိသည်။ ယခု နှစ်ဆန်းပိုင်းက ဘင်းစတက် အစည်းအဝေးတွင်သမ္မတဦးသိန်းစိန်ကို ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ဘင်္ဂါလီ ဒုက္ခ သည်တစ်သိန်းကျော် ပြန်လည် လက်ခံရန် တောင်းဆိုခဲ့သည်။
      သမ္မတ ဦးသိန်းစိန်နှင့် သမ္မတအဗ္ဗဒူလ်ဟာမစ်တို့တွေ့ဆုံမှုကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ဘင်္ဂါလီ (ဘင်္ဂလားဒေ့ရှ်သမ္မတက ယခု တစ်ခေါက်တွင် ရိုဟင်ဂျာဟု မသုံးစွဲခဲ့) အရေးကိစ္စအပါအဝင် နယ်စပ်လုံခြုံရေး၊ မူးယစ်ဆေးဝါး နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ကုန်သွယ်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံ ကြား ပုံမှန်ရေကြောင်း၊ လေ ကြောင်း ဆက်သွယ်ရေးတို့ကို ဆွေးနွေးခဲ့သည်ဟု ဦးရဲထွဋ်က ပြောသည်။
(သတင်းအရင်းအမြစ်- 7 Days News)

ဝန်ကြီးချုပ်ဖလား နပန်းပြိုင်ပွဲ စစ်တွေတွင် ပထမဆုံးအကြိမ် ကကွက်ဖေါ် မီးရောင်စုံများအသုံးပြုဖွင့်လှစ်

Naban
ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဖလား ပြည်နယ်နှင့်တိုင်း နပန်းအားကစားပြိုင်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့  ညနေ ၆ နာရီ အချိန်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဝေသာလီ အားကစားကွင်းတွင် မီးရောင်စုံထွန်းညှိကာ ကကွက်များ ဖေါ်၍ အခမ်းအနားဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့သည်။
ယင်းအခမ်းအနားသို့ ပြည်ထောင်စု အားကစားဝန်ကြီး ဦးတင့်ဆန်း၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းတို့မှ တက်ရောက် ဖွင့်လှစ်ခဲ့သည်။
ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်းမှ ရခိုင်ရိုးရာ ‘ ကျင်’ အားကစား အပေါ် ထုတ်ဖေါ် ချီးကျူးသွားပြီး ‘ကျင်’ အားကစားသည် နပန်းအားကစားကိုများစွာ  အထောက်အကူ ပြုစေနိုင်သည်ဟု ပြောကြားသွားသည်။
Naban1
“ရခိုင်ရိုးရာကျင်အားကစားသမားများသည် အပြည်ပြည်ဆိုင်ရာနပန်းအားကစားသမားများ အပေါ် များစွာ အထောက်အကူပြုစေနိုင်တဲ့ အတွက် ကျင်အားကစားသမားတွေကို ရွေးချယ်မွေးထုတ်ပေးဖို့ လိုအပ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ဆိုသည်။
နပန်းအားကစားနည်းသည်  မြန်မာနိုင်ငံတွင် ရှေးဘုရင်များ လက်ထက်ကတည်းက မြန်မာ့ရိုးရာ နပန်းအားကစားနည်းဟူ၍ ထင်ရှားခဲ့ကြောင်း အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ဆိုသည်။
ခန္ဓာကိုယ်ကြံ့ခိုင်စွမ်းရှိမှု၊ လျင်မြန်ပါးနပ်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် စည်းကမ်းရိုသေလိုက်နာမှု စသည့် အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သည့် နပန်းအားကစားနည်းမှာ မြန်မာနိုင်ငံအတွင်းရှိ အခြား တိုင်းနှင့် ပြည်နယ်အသီးသီးတွင်လည်း တွင်ကျယ်စွာ ကစားလျက်ရှိနေသည်ဟု ပြည်ထောင်စု ၀န်ကြီးက ဆိုသည်။
ရခိုင်ပြည်နယ်တွင် ရခိုင်ရိုးရာကျင်ပွဲမှာ အထင်ရှားဆုံးနှင့် ယနေ့တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိနေကြောင်း၊ သို့အတွက်ကြောင့်  ရခိုင်ရိုးရာကျင်အားကစားသမားများကို ယခုထက်ပိုမိုမွေးထုတ်ပေးသင့်ကြောင်း ဝန်ကြီးက  ဆက်လက် ပြောဆိုသည်။
နပန်းအားကစားမှာ ရခိုင်ရိုးရာ ကျင်အားကစားနှင့် တစ်စုံတစ်ရာ ဆက်နွယ် ပတ်သက်မူ မရှိကြောင်း စစ်တွေမြို့မှ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ဆိုသည်။
“ နပန်းဟာ နပန်း၊ ကျင်ဟာ ကျင်ဘဲ။ နပမ်းနဲ့ ကျင်ဟာ တစ်စုံတစ်ရာ ဆက်နွယ်ပတ်သက်မူ မရှိပါဘူး။ ဒါကို ကွဲကွဲပြားပြား မြင်ဖို့လိုပါတယ်” ဟု ဆိုသည်။
ယခု စစ်တွေမြို့တွင် ကျင်းပ ပြုလုပ်နေသော နိုင်ငံတကာ နပန်းအားကစားပြိုင်ပွဲကို နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက်ဖြင့် ပြုလုပ်နေခြင်းဖြစ်ပြီး တိုင်းနှင့် ပြည်နယ် တစ်ခုတွင် နိုင်ငံတကာ အားကစားနည်း တစ်ခုခုကို ကျင်းပရန် ညွှန်ကြားထားသည်ဟု သိရသည်။
Naban-3
“ ရခိုင်ပြည်နယ်က နပန်းအားကစားနည်းကို ကျင်းပခွင့်ရတဲ့အတွက် ခုလို ပြုလုပ်နေတာ ဖြစ်ပါတယ်။ တိုင်းနှင့်ပြည်နယ်တွေက ကိုယ်စားပြု အားကစားသမားတွေ လာရောက် ယှဉ်ပြိုင်ကြပါတယ်။ ဒိုင်ကတော့ ဂျာမဏီက ဖြစ်ပါတယ်” ဟု ဦးသန်းထွန်းက ဆိုသည်။
တိုင်းနှင့်ပြည် နယ်တစ်ခုစီ အားကစားနည်း တစ်မျိုးစီကိုပြုလုပ်ခွင့်ရသည့် အနက် ရခိုင်ပြည်နယ်တွင် နဘန်း အားကစားပြိုင်ပွဲကို ပြုလုပ်ခွင့်ရရှိကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။
နပန်းအားကစားနည်းမှာ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်း ယနေ့တိုင်ကစားလျက်ရှိ နေသည့် အားကစားနည်း တစ်မျိုးဖြစ်သော်လည်း ကျင်အားကစားနည်းထက် အလေးထားကစားကြသည်ကိုမတွေ့ရကြောင်း ရခိုင်သက်ကြီးပိုင်း အချို့က ပြောကြားသည်။
ယခုပြုလုပ်နေသည့်နပန်းအားကစားနည်းမှာ ရခိုင်ရိုးရာအားကစားနည်းမဟုတ်သည့်အတွက် ရိုးရာအားကစားနည်းဖြစ်သည့် ကျင်အားကစားပြိုင်ပွဲကိုသာ ယခုပြုလုပ်နေသည့်ပွဲကဲ့သို့ ခမ်းနားကြီး ကျယ်စွာပြုလုပ်ပေးသင့်ကြောင်းလည်း ရခိုင်တိုင်းရင်းသားများက ထောက်ပြပြောဆိုနေကြသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖလား တိုင်းဒေသကြီးနှင့် ပြည်နယ် နပန်းအားကစား ပြိုင်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့မှ ၉ ရက်အထိ ၃ ရက်တိုင်တိုင်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, November 5, 2014

ပြည်ထောင်စုအဆင့်ဝန်ကြီး သုံးဦး ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ စစ်တွေတွင် တွေ့ဆုံရှင်းလင်း


4-ministers-in-Sittwe
ပြည်ထောင်စု ၀န်ကြီးများဖြစ်ကြသော ဦးစိုးသိန်း၊ ဦးတင်သိန်းနိုင်၊ ဦးခင်ရီနှင့် ရခိုင်ပြည်နယ်အစိုးရ ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း တို့သည် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးကဏ္ဍများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရှင်းလင်းပွဲ တစ်ခုကို ယနေ့ ပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားအား စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် ပြုလုပ်ခဲ့ပြီး  ရခိုင် ၀န်ကြီးများ၊ ဌာနဆိုင်ရာအစိုးရ၀န်ထမ်းများ၊ ၊ ဖွံ့ဖြိုးရေးကဏ္ဍကို ဦးစီးလုပ်ကိုင်နေသော ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဘများနှင့် စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ၇၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
ယင်းရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးများက ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးစီမံကိန်းများကို ရှင်းလင်းပြောကြားခြင်းအပြင် စီမံကိန်းကို ဦးစီးလုပ်ကိုင်နေသော ဌာနဆိုင်ရာအကြီးအကဲများက ရှင်းလင်းခြင်း၊ တက်ရောက်လာသူ ရပ်မိရပ်ဘများက ပြန်လည် မေးမြန်းတင်ပြခြင်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများက ထပ်ဆင့်ရှင်းလင်းခြင်းများကို ရင်းနှီးပွင့်လင်းစွာ ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးတိုးတက်ရေး၊ ရခိုင်အမျိုးသားများကိုယ့်စာပေ ဖေါ်ထုတ်ရေးနှင့် ရခိုင်အမျိုးသားအချင်းချင်းအကြား စည်းလုံးညီညွတ်မှုရှိဖို့ လိုအပ်သည့်အကြောင်းများကို ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက ထည့်သွင်းပြောကြားခဲ့သည်။
“ရခိုင်ပြည်နယ်မှာ တည်ရှိတဲ့အဓိက မြစ်ကြီးလေးသွယ်လိုမျိုး မြန်မာနိုင်ငံ ဘယ်နေရာမှာမှ မရှိပါဘူး။ ဒီမြစ်ကြီးလေးသွယ်ကို စနစ်တကျထိန်းသိမ်းပြီး ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ရခိုင်ပြည်သူတွေက အသုံးချနိုင်ရပါမယ်။ ရခိုင်ပြည်နယ်မှာ ရခိုင်ဘာသာနဲ့ မြန်မာဘာသာ နှစ်မျိုးနဲ့ထုတ်ဝေတဲ့ ဒေသသတင်းစာ ပေါ်ထွက်စေချင်ပါတယ်။ ရခိုင်လိုထက်ဝက်၊ ဗမာလို ထက်ဝက် ဖေါ်ပြကြပေါ့။ မွန်ပြည်နယ်မှာတော့ အခုလိုမျိုးသတင်းစာ ထွက်နေပါပြီ။ နောက်ပြီးတော့ ရခိုင်ပြည်သူတွေအနေနဲ့ စွမ်းရည်ရှိအောင်၊ ကျန်းမာ သန်းစွမ်းမှုရှိအောင်၊ စည်းလုံးညီညွတ်မှုရှိအောင် လုပ်ဆောင်ကြရပါမယ်”ဟု ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းကပြောသည်။
ဆက်လက်ပြီး ၀န်ကြီးက ရခိုင်ပြည်နယ်မှာတည်ဆောက်နေသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် မြန်မာနိုင်ငံတွင် အဆင့်မြင့်ဆုံးဖြစ်ကြောင်း၊ အပန်းဖြေကမ်းခြေများကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခြင်းအားဖြင့် ဒေသစီးပွားရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ Institution များ ပေါ်ပေါက်လာပါက ပြည်ထောင်စုအစိုးရက ပံ့ပိုးကူညီဖို့ အဆင်သင့် ရှိကြောင်းလည်း ရှင်းပြသွားပါသည်။
ရခိုင်ပြည်နယ်တွင် ကုန်စည်စီးဆင်းမှုလွယ်ကူပြီး ကုန်ပစ္စည်းများကို ကုန်ဈေးနှုန်းသက်သာစွာဖြင့် ၀ယ်ယူနိုင်ရန် ပြည်တွင်းပို့ကုန်များကို သဘောင်္ကြီးများဖြင့် ပို့ဆောင်ဖို့လိုအပ်ကြောင်း၊ ယင်းသို့ပို့ဆောင်နိုင်ရန်အတွက် စစ်တွေမြို့တွင် ဆိပ်ကမ်းတစ်ခု အသစ် တည်ဆောက်ပေးဖို့ လိုအပ်ကြောင်း၊ ရထားလမ်းဖြင့် သယ်ယူပို့ဆောင်နိုင်ရန် အသုံးပြုနိုင်သော အပိုင်းများကို အလျင်မြန် အကောင်အထည်ဖေါ် လုပ်ဆောင်ပေးဖို့ လိုအပ်ကြောင်း တက်ရောက်လာသူများက တောင်းဆို တင်ပြခဲ့ကြသည်။
ယင်းကိစ္စများကို ရခိုင်ပြည်နယ်အစိုးရနှင့် ညှိနှိုင်းလုပ်ဆောင်ရန် အကြံပေးသည့်အပြင် ဆိပ်ကမ်းနှင့် သဘောင်္ကျင်းကိုပါ တည်ဆောက်ပေးမည်ဖြစ်ပြီး၊ ပုဏ္ဏားကျွန်းနှင့်ပေါက်တောကို ဆက်သွယ်နိုင်မည့် တံတားတစ်စင်း တည်ဆောက်နိုင်အောင် သမ္မတကြီးဦးသိန်းစိန်ကို တိုက်ရိုက်တင်ပြသွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဂတိပြုပြောကြားသွားသည်။
ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖေါ်လုပ်ဆောင်လျှက်ရှိသော စစ်တွေရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ဆတ်ရိုးကျချောင်း ပြန်လည်တူးဖေါ်ခြင်း လုပ်ငန်းများသည် ၈၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း သက်ဆိုင်ရာ လုပ်ငန်းဦးစီးဌာနများက တာဝန်ရှိသူများက ရှင်းပြဖြေကြားသွားသည်။
For-minister
မောလိပ်ရပ်ကွက်မှ ရပ်မိရပ်ဘ တစ်ယောက်၏ စာသင်ကျောင်းနှင့် ကျောင်းသားကိုက်ညီမှု မရှိခြင်း၊ အမိုးများကို ဆားငံခံနိုင်အောင် ဆောက်လုပ်ပေးဖို့လိုအပ်ကြောင်း ထောက်ပြဝေဖန် အကြံပြုခဲ့သည်။
“ရခိုင်ပြည်နယ်က စာသင်ကျောင်းတွေထဲမှာ ကျောင်းအင်္ဂါရပ်နဲ့ညီညွတ်တဲ့ကျောင်း တစ်ကျောင်းမှမရှိဘူး။ စာသင်ခန်းတစ်ခုတည်းမှာ တပည့်အယောက် ၈၀ ကို သင်ပေးနေရတာတွေလည်းရှိတယ်။ ဆရာ မလုံလောက် တာတော့မဟုတ်ဘူး။ ကျောင်းတည်ဆောက်မှုဖွဲ့စည်းပုံလိုသွားတာ။ အထပ်မြှင့်ဆောက်လုပ်ပေးရပါမယ်။ စာသင်ကျောင်းတွေမှာ ကလေးတွေ ကစားနိုင်ဖို့အတွက် အားကစားကွင်းတွေ တည်ဆောက်ပေးရပါမယ်။ ကျောင်းခေါင်မိုးသွပ်ပြားကို ဆားငံဒဏ်ခံနိုင်တဲ့ဟာကို အသုံးပြုသင့်ပါတယ် ”ဟု ယင်းရပ်မိရပ်ဘမှ အကြံပြုတင်ပြခဲ့သည်။
သမ္မတရုံးဝန်ကြီးဦးတင်နိုင်သိန်းက ဒေသအလိုက် ဒေသခံလူထု၏တောင်းဆိုမှု၊ ယင်းဒေသ သဘာဝနှင့်ကိုက်ညီအောင် ကျောင်းအဆောက်အဦများကို တည်ဆောက်ပေးသွားမည်ဖြစ်ပြီး။ KG +12 ပညာရေးစီမံကိန်းနှင့်ကိုက်ညီအောင် ကျောင်းများကို ဗိသုကာပညာရှင်များ၊ အင်ဂျင်နီယာများနှင့် ညှိနှိုင်းတည်ဆောက်သွားမည်ဟု ဖြေကြားခဲ့ပါသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, September 10, 2014

အပေါ်ကအမိန့်ရမှလုပ်တတ်သည့်အကျင့်ကိုဖျောက်ဖျက်ရန် ဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်းက စစ်တွေတွင် တိုက်တွန်းပြောကြား

Myanmar-Voice-president-Sai
ဒုတိယ သမ္မတ စိုင်းမောက်ခမ်းမှ စစ်တွေတွင် အစိုးရ တာဝန်ရှိသူများ၊ ရပိမိရပ်ဖများနှင့် တွေ့ဆုံနေစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ/ ခိုင်ခိုင်ဇံ)
ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများအပါအဝင် အစိုးရဌာနဆိုင်ရာဝန်ထမ်းများနှင့် လွှတ်တော်ကိုယ်စား လှယ်များ အနေဖြင့် ‘ အပေါ်က အမိန့်ရမှထလုပ်တတ်သည့်အကျင့်ကိုဖျောက်ဖျက်လုပ်ဆောင်ရန်’ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက စစ်တွေခရီးစဉ်တွင် တိုက်တွန်းပြောကြားလိုက်သည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ရောက်ရှိလာသော ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းမှ စက်တင်ဘာလ ၃ ရက်၊ နံနက်ပိုင်းက  စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ စစ်တွေမြို့မိမြို့ဖများအပါအဝင် အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့်ေ တွ့ဆုံရာတွင် ယင်းသို့ တိုက်တွန်းပြောကြားလိုက်ခြင်းဖြစ်သည်။
“ခါတိုင်းက ဗဟိုကနေ အကုန်လုံးကိုကိုင်ထားတယ်။ တစ်ခုခုရှိရင် အပေါ်က အမိန့်ရမှ၊ အဲလိုမျိုး ကျွန်တော်တို့မသွားစေချင်ဘူး” ဟု ဒုတိယ သမ္မတ စိုင်းမောက်ခမ်းက ဆိုသည်။
မသွားစေချင်သော အကြောင်းအရင်းမှာ အချိန်ကြန့်ကြာပြီး ကိစ္စများမြန်မြန်ဆန်ဆန် မပြီးပြတ်၍ ဖြစ်ကြောင်း၊ ယင်းအစဉ်အလာကို ရပ်တန့်ပစ်ရန်လိုကြောင်း ဒုသမ္မတက ဆိုသည်။
“ မသွားစေချင်တဲ့အကြောင်းရည်ရွယ်ချက်က အဲလို ကျနော်တို့ဖြတ်သန်းလာခဲ့ တာကြာပါပြီ။ တစ်ချို့ကိစ္စတွေ အောက်ခြေမှာ ပြီးပြတ်နိုင်တဲ့ကိစ္စကို အပေါ်ရောက်မှ၊ အောက်ဆင်းရမှနဲ့ လူက သာအသက်ကြီးပြီး ဆုံးရင် ဆုံးသွားနိုင်တယ်။ သူ့ကိစ္စမပြေလည်ဘူးဆိုတာတွေရှိပါတယ်။ ဒါကြောင့်မို့ ဒီမှာရှိ တဲ့ပြသနာက အောက်မှာ ရှင်းလို့ရရင် ဒီမှာပဲရှင်းစေချင်ပါတယ်။ အပေါ်မှာကတော့၊ ဗဟိုမှာကတော့ ပြသနာပေါင်း သောင်းခြောက်ထောင်ပါ။ အများကြီးပါပဲ။ အသေးစိတ်ကိုမကြည့်နိုင်ပါဘူး” ဟု ဒုတိယသမ္မက ဆိုသည်။
ဒုတိယသမ္မတနှင့်တွေ့ဆုံပွဲတွင် စစ်တွေလူထုအချို့က ဒေသလိုအပ်ချက်များဖြစ်သည့် ကျောင်းကျန်းမာရေး ကိစ္စရပ်များ၊ စစ်တွေဆေးရုံရှိ အအေးခန်း လိုအပ်ချက်၊ ဒေသတွင်းတရားဥပဒေစိုးမိုးရေးကိစ္စရပ်များနှင့် စည်ပင်သာယာလိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးရန်တောင်းဆိုရာ အဆိုပါတောင်းဆိုချက်များအ နက် အောက်ခြေတွင်လုပ်ဆောင်၍ရနိုင်သည့်ကိစ္စရပ်များလည်းပါဝင်နေသည့်အတွက် ယင်းအချက်များကို အောက်ခြေအဆင့်ဖြစ်သော ရခိုင်ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်ဝန်ကြီးများနှင့်ဒေသခံများ ဆွေး နွေးညှိနှိုင်းလုပ်ဆောင်သင့်ပြီး သမ္မတအဆင့်ထိတက်ရောက်တောင်းခံနေစရာမလိုကြောင်း ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားသည်။
ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရန်မှာ ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသတွင်းစီးပွားရေးအင်အားတောင့်တင်းကာ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများဝင်လာနိုင်ရေးတို့မှာ အဓိက ကျပြီး ပြည်သူလူထုကလည်း အစိုးရနှင့်အတူပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဒုတိယသမ္မတ ပြောကြားသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး တွေ့ဆုံပွဲသို့တက်ရောက်လာသည့် စစ်တွေလူထုကိုယ်စားလှယ်အချို့က ရခိုင်ပြည်နယ် အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များကိုဆောင်ရွက်ရာတွင် ရခိုင်ပြည်သူများသည် ဥပဒေနှင့် သွေဖယ်လုပ်ဆောင်ခဲ့သည်များမရှိခဲ့ကြောင်း၊ ရခိုင်တိုင်းရင်းသားများကြောင့် တရားဥပဒေ စိုးမိုးရေးပျက်ပြားသွားရသည့် ကိစ္စရပ်များ မည်သည့်အခါမျှ ဖြစ်ပေါ်ခဲ့ခြင်းမရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
“တရားဥပဒေစိုးမိုးမှု ပျက်ပြားတဲ့ဒေသတွေကိုသာ တရားဥပဒေစိုးမိုးအောင်လုပ် ပေးပါ။ နိုင်ငံတော်အ ဆင့်စီမံချက်တွေကို ပုန်ကန်တဲ့လူတွေ၊ နိုင်ငံတော်အဆင့် သန်ခေါင်းစာရင်း ကောက်ယူမှုတွေကို ဖီဆန် တဲ့လူတွေ၊ နိုင်ငံတော် မှာမရှိဘူးလို့ ပြောတဲ့တိုင်းရင်းသားတစ်မျိုးရဲ့ နာမည်ကို အမြဲတမ်း ထုတ်ဖော် ပြောနေကြတဲ့လူတွေကို တရား ဥပဒေစိုးမိုးရေးအရ ပြတ်ပြတ်သားသားလုပ်ပေးပါလို့ ကျွန်တော် စစ်တွေမြို့မိမြို့ဖကိုယ်စား သမ္မတကြီးကို အနူးအညွတ်မေတ္တာရပ်ခံလိုပါတယ်လို့ ကျွန်တော်က တောင်းဆိုခဲ့ပါတယ်”ဟု စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းက ပြောသည်။
ဖွံ့ဖြိုးမှုနောက်ကျနေသောရခိုင်ပြည်နယ်၏ဆင်းရဲမှုနှုန်းမှာ ၂ဝဝ၅ ခုနှစ်တွင် ၃၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း UNDP ၊ Unicef နှင့် စီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခု၊ မြို့နယ် ၁၁၆ မြို့နယ်၊ အိမ်ထောင်စုပေါင်း ၁၈၆ဝဝ ခန့်တွင် ကောက်ယူခဲ့သည့်စစ်တမ်းတွင်ဖော်ပြထားပြီး အဆိုပါဆင်းရဲမှုနှုန်း ၃၈ ရာခိုင်နှုန်းကို ၂ဝ၁၅ ခုနှစ်တွင် ၁၉ ရာခိုင်နှုန်းအထိ ထက်ဝက်ကျအောင် ကြိုးစား ဆောင်ရွက်သွားမည်ဟု ကုလသမဂက ထောင်စုနှစ်ရည်မှန်း ချက်အဖြစ်ရည်ရွယ်ထားကြောင်း ဒေါက်တာစိုင်းမောက်ခမ်းက ဆိုသည်။
Myanmar-Voice-president-Sai
၂ဝဝ၅ ခုနှစ်တွင် ရခိုင်ပြည်နယ်၏ ဆင်းရဲမှုနှုန်းမှာ ၃၈ ရာခိုင်နှုန်းရှိခဲ့သော်လည်း ၂ဝ၁ဝ ခုနှစ်တွင် ၄၃ ရာခိုင်နှုန်းဖြစ်လာခြင်းက ရာခိုင်နှုန်းကျမသွားသည့်အပြင် ထိုးတက်လာသည်ကိုလေ့လာသိရှိရကြောင်း ယင်း က ဆက်လက်ပြောသည်။ သို့သော် ရည်မှန်းထားသည့်အတိုင်း ၁၉ ရာခိုင်နှုန်းဖြစ်လာအောင် ကြိုးစားဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ဒေါက်တာစိုင်းမောက်ခမ်းက ကတိပြုပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ်သို့ စက်တင်ဘာ ၃ ရက်မှ စက်တင်ဘာလ ၅ ရက်နေ့အထိ ၃ ရက်ကြာအလည် အပတ် ရောက်ရှိနေသော ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း လဝက ပြည်ထောင်စုဝန်ကြီးဦးခင်ရီအပါအဝင် ပြည်ထောင်ဝန်ကြီးအချို့နှင့် သက်ဆိုင်ရာတာဝန်ရှိသူအချို့တို့လိုက်ပါ လာခဲ့ကြသည်။
ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းခေါင်းဆောင်သောအဖွဲ့သည် စက်တင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့ကိုလှည့်လည်ကြည့်ရှုကြပြီး စစ်တွေလူထုနှင့်တွေ့ဆုံခဲ့ကာ ယင်းနေ့နေ့လယ်ပိုင်းတွင် ပုဏားကျွန်းမြို့သို့သွားရောက်ကာ စက်မှုဇုန်တည်ဆောက်မည့်နေရာသို့သွားရောက်ကြည့်ရှုခဲ့သည်။ ယင်း နောက် စစ်တွေသို့ပြန်လာပြီး စစ်တွေမြို့နယ်ရှိ ရခိုင်ဒုက္ခသည်စခန်းတစ်ခုဖြစ်သော စက်ရုံစုကယ်ဆယ်ရေး စခန်းနှင့် ဘင်္ဂါလီဒုက္ခသည်စခန်းများဖြစ်သော ဒါးပိုင်နှင့် သက္ကေပြင်ကယ်ဆယ်ရေးစခန်းများသို့သွားရောက်ခဲ့ ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
၎င်းအဖွဲ့သည် စက်တင်ဘာ ၄ ရက်နေ့တွင် မြေပုံ၊ မြောက်ဦးနှင့် မင်းပြားမြို့များသို့သွားရောက် ကြမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Thursday, July 31, 2014

MSF ကို ပြန်လည်ဖိတ်ခေါ်ခဲ့ခြင်းအတွက် ဒေသခံများအား ပြည်နယ်ဝန်ကြီးချုပ် တောင်းပန်

ဖေဖော်ဝါရီလအတွင်းက MSF ထွက်ခွာသွားရေး ဆန္ဒထုတ်ဖော်နေသည့် ရခိုင်တိုင်းရင်းသားများ (ဓာတ်ပုံ−ညွန့်ဝင်း/အီးပီအေ)
နယ်စည်းမခြား ဆရာ ၀န်များအဖွဲ့ MSF (AZG) အား ရခိုင်ပြည်နယ်အတွင်း လုပ်ငန်း ပြန်လည်လုပ်ကိုင်ခွင့် ပြုခဲ့ခြင်းအ တွက် ရခိုင်တိုင်းရင်းသားများ စိတ်ဆင်းရဲခဲ့ခြင်းအပေါ် ပြည် နယ်ဝန်ကြီးချုပ်က တောင်းပန် လိုက်ပြီး UN/INGO များ၏ ရခိုင် ပြည်နယ်အတွင်း ဆောင်ရွက်မှု များအတွက် ပြည်နယ်အစိုးရအ ဖွဲ့က လုံးဝတာဝန်ယူကြောင်း က တိပြုလိုက်သည်။
ပြည်နယ်အစိုးရက MSF (AZG) အဖွဲ့အား ပြန်လည် ဖိတ် ခေါ်ခဲ့သည့်အပေါ် ရခိုင်တိုင်းရင်း သားများက ကန့်ကွက်ကြောင်း ဇူ လိုင် ၂၇ ရက်က အကြောင်းကြား စာကို ဇူလိုင် ၁၈ ရက်တွင် ပြန် လည်အကြောင်းပြန်သည့်စာ၌ အထက်ပါ ကတိက၀တ်များ ထည့် သွင်းရေးသားခဲ့ခြင်းဖြစ်ကြောင်း ပြန်စာလက်ခံရရှိသူများက ပြော သည်။
အငြင်းပွားဖွယ်ရာ အခြေအ နေများ၊ ဘင်္ဂါလီများအပေါ် ဘက် လိုက်ထောက်ခံမှုများနှင့်ပြည် နယ်အတွင်း နိုင်ငံရေးကိစ္စများ ၀င်ရောက်စွက်ဖက်သည်ဟု အ စဉ်တစိုက် ဝေဖန်ခံခဲ့ရသည့် နယ် စည်းမခြား ဆရာဝန်များအဖွဲ့ MSF (AZG) ကို အခြား NGO/ INGO များနှင့်အတူ ရခိုင်ပြည် နယ်အတွင်း ပြန်လည်လုပ်ကိုင် ရန် ပြည်နယ်အစိုးရက ဇူလိုင် ၂၃ ရက်က ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
ပြည်နယ်အစိုးရ၏ ဖိတ်ခေါ် မှုအပြီးတွင် ရခိုင်တိုင်းရင်းသား များက ကန့်ကွက်မှုများပြုလုပ်ခဲ့ ပြီး ဆရာတော်သံဃာတော်များ၊ သက်ကြီးနိုင်ငံရေး အုပ်စုများ၊ မြို့မိမြို့ဖများ၊ စစ်တွေမြို့ပေါ်ရှိ လူမှုအဖွဲ့အစည်းများ၊ တစ်သီး ပုဂ္ဂလများက စစ်တွေမြို့၌ ဇူလိုင် ၂၅ ရက်တွင်  စည်းဝေးတိုင်ပင် ခဲ့ပြီး ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်လပိုင်းအတွင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ဦးလှမောင်တင်၏ နေရာတွင် အ စားထိုးခန့်အပ်ခံခဲ့ရသည့် ဦးမောင် မောင်အုန်း (ဗိုလ်ချုပ်)သည် စစ် တွေမြို့ပေါ်ရှိ ရခိုင်တိုင်းရင်းသား အင်အားစုများထံ အကြောင်းပြန် သည့်စာတွင် UN/INGO မည် သည့်အဖွဲ့အစည်းမဆို ဘက် လိုက်မှု၊ ခွဲခြားဆက်ဆံမှု၊ နိုင်ငံ ရေးကိစ္စများကို သွေးထိုးလှုံ့ဆော် မှုစသည့်ကိစ္စများ လုံးဝမရှိစေဘဲ ပြည်နယ်အစိုးရအဖွဲ့၊ ပြည် ထောင်စုအဆင့် ECC ၊ ပြည်နယ် အဆင့် ECC နှင့်အတူ ရခိုင်တိုင်း ရင်းသား မြို့မိမြို့ဖ၊ လူငယ်အဖွဲ့ အစည်းအားလုံး၏ အနီးကပ်ကြပ် မတ်မှုများဖြင့် ရခိုင်တိုင်းရင်းသား များ၏ ဆန္ဒအတိုင်းသာ အလေး ထားဆောင်ရွက်သွားစေမည်ဖြစ် ကြောင်းလည်း အကြောင်းပြန်ခဲ့ သည်။
ထို့အပြင် UN/INGO များ ၏ ရခိုင်ပြည်နယ်အတွင်း ဆောင် ရွက်မှုများအတွက် ပြည်နယ်အစိုး ရအဖွဲ့က လုံးဝ တာဝန်ယူကြောင်း ကတိက၀တ်ပြုလိုက်သည်။
UN/INGO များသည် ပြည် ထောင်စုအဆင့် အရာရှိများဖြင့် သဘောတူစာချုပ်များ ချုပ်ဆို ထားခြင်းဖြစ်သောကြောင့် ပြည် နယ်အစိုးရက ၎င်းတို့၏ လုပ်ရပ် များအပေါ် လုံးဝတာဝန်ယူ ကြောင်း ပြောဆိုသည်ကို သံသ ယအနည်းငယ်ဖြစ်မိကြောင်း စစ် တွေမြို့၏ မြို့မိမြို့ဖ ဦးသန်းထွန်း က ပြောသည်။
‘‘ဒါဝန်ကြီးချုပ်ကို မယုံလို့ ပြောတာမဟုတ်ဘူး။ စနစ်ကို မယုံလို့ ပြောတာပါ’’ ဟု ဦးသန်း ထွန်းက ပြောသည်။
MSF ကိစ္စနှင့်ပတ်သက်၍ ရခိုင်တိုင်းရင်းသားများက မကျေ မနပ်ဖြစ်ပြီး စိတ်ဆင်းရဲ ဒေါသ ဖြစ်မှုများ ဖြစ်ခဲ့ရကြောင်း သိရ သည့်အတွက် ရခိုင်ပြည်နယ်အ စိုးရအဖွဲ့ ၀န်ကြီးချုပ်အနေဖြင့် အမှန်တကယ် လွန်စွာ စိတ်မ ကောင်း ၀မ်းနည်းခံစားခဲ့ရသည် ဟုလည်း အဆိုပါ အကြောင်းပြန် စာတွင် ရေးသားထားကြောင်း သိ ရသည်။
အဆိုပါ အဖွဲ့အစည်းကို ဖိတ်ခေါ်ရခြင်းမှာ ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေး အစီအမံများ ထိ ရောက်စွာ ဆောင်ရွက်နိုင်ရေး၊ နိုင်ငံတကာ စာမျက်နှာတွင် လွန် ကဲစွာ သုံးသပ်နေမှုများကို ထင် သာမြင်သာရှိအောင် ဆောင်ရွက် ခြင်းတို့ကြောင့်ဖြစ်ကြောင်း ရေး သားထားသည်။
‘‘အထူးသဖြင့် MSF ဟာ ရ ခိုင်လူမျိုးတွေအတွက် ပြစ်မှုကြီး တွေအများကြီး ကျူးလွန်ခဲ့တယ်။ အဲဒီပြစ်မှုကြီးတွေ အများကြီး ကျူးလွန်ခဲ့တဲ့ MSF ကို ရခိုင်တို့ရဲ့ သဘောထားကို မျက်ကွယ်ပြုပြီး ပြန်လည်ဖိတ်ခေါ်ခဲ့တာကို ရခိုင် တိုင်းရင်းသားတွေက လုံးဝသ ဘောမတူဘူးလို့ ကန့်ကွက်တယ်။ MSF ဟာ အရင်လိုပဲ ဆက်လုပ် နေရင် အခုတစ်ခါ ဆန္ဒပြပွဲထက် ပိုဆိုးတဲ့ အနေအထားကို ရောက် လာနိုင်တယ်’’ ဟု ဦးသန်းထွန်းက ပြောသည်။
(သတင်းအရင်းအမြစ်- 7 Days News)

Wednesday, July 30, 2014

ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးကိုမလုပ်နိုင်လျှင် ပြည်ထောင်စုဝန်ကြီးရာထူးမှ နုတ်ထွက်ရန်အထိ ကတိခံဆောင်ရွက်နေပါကြောင်း ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း ထုတ်ဖော်ပြောကြား

27-7-2014-(1)
ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလုပ် ဆောင်နေသည့် ပြည်ထောင်စုဝန် ကြီးများအနေဖြင့် မိမိတို့၏ဆောင် ရွက်ချက်များကို သတ်မှတ်ကာလအတွင်း မလုပ်ဆောင်နိုင်လျှင် ရာထူး မှနုတ်ထွက်ကြရန်အထိကတိခံဆောင် ရွက်နေပါကြောင်း ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်းက စစ်တွေတွင် တရားဝင်ထုတ်ဖော်ပြောဆိုလိုက် သည်ဟု သိရသည်။
နယ်စည်းမခြားဆရာဝန်များ အဖွဲ့ (AZG/MSF) ကို ရခိုင်ပြည် နယ်အတွင်း ဝင်ရောက်လုပ်ကိုင်ရန် အစိုးရက ပြန်လည်ခေါ်ယူလိုက်ခြင်း နှင့်ပတ်သက်ပြီးဇူလိုင်၂၇ရက်၊ နေ့လယ်ပိုင်းကရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ ရုံးတွင် နိုင်ငံတကာသံအမတ်သုံး ဦးအပါအဝင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ပြည်နယ်အစိုး ရတာဝန်ရှိသူများ၊ စစ်တွေမြို့မိမြို့ဖ များ၊ ဒေသတွင်းလူမှုအဖွဲ့အစည်း များနှင့် တွေ့ဆုံပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူများ ထံမှ သိရသည်။
''ဒီအဖွဲ့တွေကိုပြန်ခေါ်လိုက် တာနဲ့ပတ်သက်ပြီး ဦးစိုးသိန်း၊ ဦးခင်ရီတို့က သူတို့ကိုနားလည်ပေး ပါ။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးဖို့အတွက် လုပ်ပေးတာပါ။ ရခိုင်ပြည်နယ်ဖွံ့ဖြိုး ရေးအတွက် ဒီဇင်ဘာမှာစစ်တွေနဲ့ ပုဏ္ဏားကျွန်းကို လျှပ်စစ်မီးအပြည့် အဝပေးမယ်လို့ ကတိခံထားတာတွေ ရှိတယ်။ တကယ်လို့ ဒီဇင်ဘာမှာ မပေးနိုင်ရင် လျှပ်စစ်ဝန်ကြီးဦးခင် မောင်စိုးလည်း အလုပ်ကထွက်၊ ကျွန်တော်လည်း အလုပ်ကထွက်မယ် ဆိုပြီး ပြောထားတာတွေရှိပါတယ်။
ရခိုင်ပြည်နယ်ဖွံ့ဖြိုးဖို့အတွက် အဲဒီလိုတာဝန်ခံထားတာတွေရှိပါ တယ်လို့ ဦးစိုးသိန်းကပြောခဲ့တယ်''ဟု ဦးစိုးသိန်း၏ပြောဆိုချက်ကို ကိုး ကား၍ စစ်တွေမြို့မိမြို့ဖ ဦးရွှေကျော် သာက ပြန်လည်ပြောကြားခြင်းဖြစ် သည်။
ယခုတွေ့ဆုံပွဲတွင် ပြည်ထောင် စုဝန်ကြီးအဆင့် ဦးစိုးသိန်းနှင့် ဦးခင်ရီ တို့နှစ်ဦးတည်းသာပါရှိသော်လည်း ဦးစိုးသိန်းက ယခုကဲ့သို့ပြောဆို ခဲ့ခြင်းမှာဟုတ်မှန်ကြောင်း ရခိုင်ပြည် နယ်အစိုးရအဖွဲ့၏ သတင်းထုတ် ပြန်ရေးနှင့် မှတ်တမ်းပြုစုရေးဆပ် ကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင် က အတည်ပြုပြောဆိုသည်။''အဲလိုပြောခဲ့တာဟုတ်ပါ တယ်။ အဲဒီမှာပဲ တရားဝင်ပြော တာ''ဟု ဦးဝင်းမြိုင်က ပြောသည်။
ယင်းနှင့်ပတ်သက်ပြီး အဆိုပါ တွေ့ဆုံပွဲသို့တက်ရောက်လာသည့် လူမှုကွန်ရက်အဖွဲ့ဝင်တစ်ဦးက''သူ တို့ရဲ့ အဲဒီလိုပြောဆိုချက်တွေကို ဟုတ်၊ မဟုတ်စောင့်ကြည့်လိုက်ပါ့ မယ်''ဟု တုံ့ပြန်ပြောသည်။
လုပ်ငန်းများပြန်လည်လုပ်ကိုင်နိုင်ရန်အစိုးရ၏တရားဝင်ဖိတ် ခေါ်ခြင်းခံထားရသည့် AZG/MSF အဖွဲ့မှာ ရခိုင်ပြည်နယ်အတွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာ တွင် နှစ်ဖက်လူ့အဖွဲ့အစည်းအပေါ် ဘက်လိုက်လုပ်ဆောင်ခဲ့ပြီး ယခုနှစ်၊ ဖေဖော်ဝါရီလက မောင်တောမြို့ နယ်၊ ဒုချီးရားတန်းကျေးရွာ၌ ရဲတပ်ကြပ်ကြီးအောင်ကျော်သိန်း အသတ်ခံရမှု ကိစ္စတွင်လည်း ရခိုင် တိုင်းရင်းသားများက ဘင်္ဂါလီများ ကို တိုက်ခိုက်သတ်ဖြတ်နေသည်ဟု ဆိုကာ သတင်းဌာနများသို့ သတင်း မှားများထုတ်လွှင့်ခဲ့သည့်အပြင် နိုင်ငံရေး၌လည်း ဝင်ရောက်စွက်ဖက် မှုများရှိလာသည်ဟုဆိုကာ အဆိုပါ အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်တွင် ဝင်ရောက်လုပ်ကိုင်နေမှုကို လုံးဝလက် မခံနိုင်တော့ကြောင်း ဒေသခံများက ဖေဖော်ဝါရီ ၂၃ ရက်မှစတင်ကာ ထိုင်သပိတ်ပြုလုပ် ကန့်ကွက်ဆန္ဒပြ ခဲ့ကြသည်။
ယင်းနောက်ပိုင်း အဆိုပါအ ဖွဲ့ကို ရခိုင်ပြည်နယ်အတွင်းလုပ် ကိုင်ခွင့်ကို အစိုးရကတားမြစ်ခဲ့ သော်လည်း ယခုအခါ အဆိုပါအ ဖွဲ့နှင့် အစိုးရတို့ နားလည်မှုစာချွန် လွှာ(MoU) ထိုးကာပြန်လည် လက် ခံလိုက်ခြင်းဖြစ်ပြီး အဆိုပါအဖွဲ့ အနေဖြင့် ယခုနောက်ပိုင်းလုပ်ငန်း များလုပ်ဆောင်ရာတွင် မမှန်မကန် လုပ်ရပ်များ ဆက်လက်လုပ်ဆောင် ပါက အစိုးရအနေဖြင့် သည်းခံတော့မည်မဟုတ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးများကပြောကြားခဲ့ကြောင်း တွေ့ဆုံပွဲသို့တက်ရောက်သူများ၏ပြောကြားချက်များအရသိရသည်။
''အဲဒီလို မဟုတ်မမှန်တွေမလုပ် ရအောင် သူတို့က Control လုပ် ပေးပါ့မယ်။ အကြောင်းအမျိုးမျိုး ကြောင့် အခုလိုလက်ခံလိုက်ရတာ ပါလို့ ဝန်ကြီးတွေကပြောခဲ့တယ်''ဟု စစ်တွေမြို့မိမြို့ဖဦးသာပွင့်က ဆိုသည်။
သို့သော် နယ်စည်းမခြားဆရာ ဝန်များအဖွဲ့(AZG/MSF)ကို အစိုး ရက ထပ်မံခေါ်ယူလိုက်ခြင်း အပေါ် ဒေသခံများအနေဖြင့် လုံးဝလက်မ ခံနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးများမှတစ်ဆင့်သမ္မတထံအိတ်ဖွင့် ပေးစာတစ်စောင်ပေးပို့ခဲ့ကြောင်း လည်း သိရသည်။
အဆိုပါ AZG/MSF အဖွဲ့ ရခိုင်ပြည်နယ်အတွင်း လုပ်ငန်းများ လုပ်ကိုင်ခွင့်ကို ၂ဝ၁၄ခုနှစ် ဖေဖော်ဝါရီလအတွင်းက ခေတ္တရပ် နားခဲ့စဉ်က ပြည်နယ်တွင်းရှိ HIV/AIDS ဝေဒနာရှင်များအတွက် ယင်းအဖွဲ့က ထောက်ပံ့ပေးနေ သည့် ART ဆေးဝါးများပြတ်လပ်သွားခဲ့သည်အထိ အခက်အခဲ တချို့ ဖြစ်ပေါ်ခဲ့သေးသည်။
ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများလုပ်ဆောင်ရန် AZG/MSF အပါအဝင် အခြား အိုင် အင်န်ဂျီအိုအဖွဲ့အစည်းများကိုလည်း ဇူလိုင် ၂၃ရက် ရက်စွဲဖြင့် အစိုးရက နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် တရားဝင်ခေါ်ယူခဲ့ခြင်းဖြစ်သည်။
(သတင်းအရင်းအမြစ်- Yangon Media Group)

Tuesday, July 29, 2014

MSF ကို ရခိုင်ပြည်နယ် ပြန်ခေါ်သွင်းလာမူအတွက် သမ္မတရုံးဝန်ကြီးတောင်းပန်

27-7-2014-(1)
MSF ခေါ် AZG အား ရခိုင်ပြည်နယ်တွင် ကျန်းမာရေး လုပ်ငန်းများ လုပ်ကိုင်ရန် ပြန်လည် ခေါ်သွင်းလာမူ အပေါ် ရခိုင်ပြည်သူများအား တောင်းပန်ကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းမှ ပြောကြားခဲ့သည်ဟု စစ်တွေမြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောကြားသည်။
၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ နေ့လည် ၂ နာရီမှ ၃ နာရီခွဲထိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သော စစ်တွေမြို့ ဒေသခံများနှင့် ပြည်ထောင်စု ၀န်ကြီးများ၊ အနောက်တိုင်း သံအမတ်ကြီးများးနှင့် တွေ့ဆုံစဉ် ၀န်ကြီး ဦးစိုးသိန်းမှ ထိုသို့ ပြောကြားခဲ့သည်ဟု ဦးသန်းထွန်းက ဆိုသည်။
“ သူက ထူးထူးခြားခြား ဘာပြောသလဲဆိုရင် MSF ကို ရခိုင်ပြည်နယ်ထဲမှာ ကျန်းမာရေး လုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်ဖို့ ခေါ်သွင်းလာရတဲ့အတွက် ကျွန်တော်အနေနဲ့ တောင်းပန်ပါတယ်လို့ ပြောဆိုပါတယ်” ဟု ဆိုသည်။
27-7-2014-(4)
သို့သော်လည်း ၀န်ကြီးမှ ရခိုင်ပြည်သူများ၏ ခံစားမူကိုလည်း မိမိတို့အနေဖြင့် နားလည်ပါကြောင်း၊ နိုင်ငံတော် အစိုးရဘက်မှ ကြုံတွေ့နေရသော အခက်အခဲနှင့် အကျပ်အတည်းများကိုလည်း ရခိုင်ပြည်သူလူထု အနေဖြင့် ကိုယ်ချင်းစာ နားလည်ရန်လိုအပ်ပါကြာင်း ပြောကြားခဲ့သည်ဟု သူက ဆိုသည်။
“ သူတို့ ခုလို စစ်တွေမြို့မိမြို့ဖ အပါအ၀င် အရပ်ဘက် လူမူ အဖွဲ့အစည်းတွေကို ခေါ်ယူတွေ့ဆုံရတဲ့ အကြောင်းက MSF ကို ရခိုင်ပြည်နယ်ကို ပြန်လည်ခေါ်သွင်းလာရတဲ့ အကြောင်းကို ရှင်းပြချင်တဲ့ အတွက် ဖြစ်တယ်။ မြန်မာနိုင်ငံဟာ MSF နဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဖိအားပေးမူတွေ အများကြီးရှိလာတဲ့အတွက် ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်ရေး လုပ်ကိုင်ဖို့ လက်ခံလိုက်ရတယ်ဆိုတဲ့ အကြောင်းက တစ်ပိုင်း၊ နောက်တစ်ပိုင်းက ဒေသ ဖွံ့ဖြိုးရေးကို ရှင်းပြချင်တဲ့ အကြောင်းအရာက တစ်ပိုင်း ပါတယ်ပေါ့လေ” ဟု သူက ဆိုသည်။
MSF ကို ရခိုင်ပြည်နယ်တွင် ပြန်လည် ခေါ်ယူ၍  ပြသနာ ဖြစ်ပွားပါက ခေါ်ယူသူ ရခိုင်ပြည်နယ် အစိုးရတွင်သာ တာဝန်ရှိမည် ဖြစ်ပြီး မိမိတို့ ရခိုင်ပြည်သူလူထု အနေနှင့် တာဝန်ရှိမည်မဟုတ်ဟု ဦးသန်းထွန်းက ပြောသည်။
“ ကျွန်တော်တို့ ရဲ့ MSF နဲ့ ပတ်သက်ပြီး သဘောထား ထုတ်ပြန်ထားတာရှိပါတယ်။ တွေ့ဆုံဆွေးနွေးပွဲမှာလည်း မြို့မိမြို့ဖ တစ်ဦး ဖြစ်တဲ့ ဦးသာပွင့်က MSF ကို အစိုးရက ပြန်လက်ခံတာကို ရခိုင်ပြည်သူက လုံးဝ လက်မခံဘူးလို့ ပြောဆိုခဲ့ပါတယ်” ဟု ဆိုသည်။
ဆွေးနွေးပွဲတွင် နယ်စပ် လုံခြုံရေး ကိစ္စ၊ ဘင်္ဂလာဒေခ်ျ့မှ ၀င်ရောက်လာသော ရခိုင်မျိုးနွယ်စုများ ကိစ္စ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
ဆွေးနွေးပွဲတွင် စစ်တွေမြို့မိ မြို့ဖ တစ်ဦး ဖြစ်သူ ဦးကျော်ဦးကလည်း Develop ဖွံ့ဖြိုးတိုးတက်မူ လုပ်သည်ကို လက်ခံပါကြောင်း၊ သို့သော်လည်း ရခိုင်ပြည်နယ်တွင် ဘင်္ဂလီများနှင့် ဖြစ်ပွားနေသော နာတာရှည်ရောဂါကို ပျောက်အောင် မကုသဘဲ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်၍ ရမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
27-7-2014-(2)
ဆွေးနွေးပွဲတွင် လ၀က ၀န်ကြီး ဦးခင်ရီမှ ဘင်္ဂလာဒေခ်ျ့မှ ၀င်ရောက်လာသော ရခိုင်မျိုးနွယ်စုများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားရာတွင် တစ်ဘက်နိုင်ငံမှ ၀င်လာသူများမှာ ရခိုင်တိုင်းရင်းသား ဖြစ်ကြသော်လည်း တစ်ဘက်နိုင်ငံသား အဖြစ် ခံယူထားသဖြင့် သူတို့၏ မြန်မာနိုင်ငံသား ဖြစ်ပိုင်ခွင့်မှာ ဆုံးရှုံးသွားခဲ့ပြီ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် သူတို့အား ပစ်ပယ်ထားခြင်း မဟုတ်ကြောင်း၊ သူတို့ အနေဖြင့် မြန်မာနိုင်ငံ၏ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မူ ဥပဒေအရ နိုင်ငံသား (၂)ခု ဖြစ်၍ မရကြောင်း၊ မြန်မာနိုင်ငံသားအဖြစ် လျှောက်လိုလျှင် တဘက်နိုင်ငံသားအဖြစ် ခံယူထားမူကို စွန့်လွတ်ရမည် ဖြစ်ကြောင်း၊ စွန့်လွှတ်ပြီးလျှင် မြန်မာနိုင်ငံသားအဖြစ် ပြန်လျှောက်ထားနိုင်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
ဆွေးနွေးပွဲတွင် သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း၊ လ၀က ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း၊ အမေရိကန် သံအမတ်ကြီး၊ ဗြိတိသျှ သံအမတ်ကြီးတို့အပါအ၀င် လူပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို ညနေ ၃ နာရီခွဲတွင် ရပ်နားခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, July 28, 2014

MSF ဝင်ရောက်ရေး စစ်တွေမှာ ဝန်ကြီးများ ရှင်းလင်းဆွေးနွေး

ukhineye-305
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဇူလိုင်လ ၂၇ ရက်နေ့ က နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ရပ်မိရပ်ဖတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံစဉ်
Photo: Min Thine Aung / RFA
နိုင်ငံတော်အစိုးရအနေနဲ့ MSF ခေါ်နယ်စည်းမထား ဆရာဝန်များအဖွဲ့ကို ရခိုင်ပြည်နယ်ထဲ ပြန်လည် ဝင်ရောက် လုပ်ကိုင်ဖို့ ဖိတ်ခေါ်ခဲ့တာနဲ့ ပတ်သက်ပြီး ရခိုင်ဒေသခံတွေဘက်က သဘောမတူတဲ့ခံစားချက်ကို စာနာနားလည်မိသလို အစိုးရရဲ့ အကျပ်အတည်းတွေ ကိုလည်း ရခိုင်ဒေသခံတွေဘက်က နားလည်ပေးကြ ဖို့ နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဒီကနေ့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဒီကနေ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ စစ်တွေမြို့က ရပ်မိ ရပ်ဖတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး အခုလို ပြောပြတာပါ။
"ဒီနေ့ ပြဿ     နာလေးတစ်ခုကတော့ ခင်ဗျားတို့ အနေနဲ့ကတော့ ဟုတ်လား MSF ကို ကျနော်တို့က မလိုချင်ဘူး ငြင်းကြတယ်၊ အစိုးရတော့ ဒီလိုလုပ် တယ်ဆိုပြီး ခင်ဗျားတို့ ရင်ထဲမှာရှိပါတယ်၊ ကျနော်နားလည်ပါတယ်၊ ဒါပေမဲ့ ကျနော်ကိုလည်း နားလည်ပေးဖို့က နိုင်ငံတကာနဲ့ ကျနော်လုပ်ရတဲ့အခါမှာ ခင်ဗျားတို့ဟာ အလေးထားတယ် သို့သော် လည်း ကျနော်ဘက်က နိုင်ငံတကာနဲ့ ပုံဖော်ပြီးတော့ မြန်မာအစိုးရဟာ ဒီလိုလူတွေကို ဆေးမကုပဲ သတ်နေတယ်လို့ ပြောတဲ့အတွက်ကြောင့် ဒီပုံဖော်ခြင်းကို ကျနော်က ပြန်ပြီးတော့ လျော့အောင် လုပ်ရမယ်၊ ဒါကြောင့် ကျနော်တို့ အစိုးရကိုလည်း နားလည်ပေးပါလို့ ကျနော်ကပြောချင်ပါတယ်"
နိုင်ငံတော်အစိုးရအနေနဲ့ MSF ခေါ် နယ်စည်းမထား ဆရာဝန်များအဖွဲ့ကို ရခိုင်ပြည်နယ်အတွင်း ပြန်လည် ဝင်ရောက်လုပ်ကိုင်တဲ့ အခါမှာလည်းအရင်က အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အချက်အလက်တွေအတိုင်း ပွင့်လင်းမြင်သာဖို့၊ နှစ်ဘက်မျှတအောင်ဆောင်ရွက်ဖို့နဲ့ ကျန်းမာရေး ဝန်ကြီးဌာနအပြင် ပြည်နယ်အစိုးရအဖွဲ့နဲ့ ပူးတွဲပြီး ဆောင်ရွက်သွားဖို့ စတဲ့အချက်တွေကို ပြင်ဆင် ထားကြောင်းလည်း ဝန်ကြီးဦးစိုးသိန်းက ပြောပါတယ်။
တစ်ဆက်တည်းမှာပဲ အစိုးရက MSF ခေါ် နယ်စည်းမထားဆရာဝန်များအဖွဲ့ကို ရခိုင်ပြည်နယ်ထဲကို ပြန်လည် ဝင်ရောက်ဖို့ ဖိတ်ခေါ်ခဲ့တဲ့ကိစ္စအပေါ် ရခိုင်ဒေသခံပြည်သူလူထုတွေက သဘောမတူကြောင်း စစ်တွေမြို့က သံဃာ့အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း အပါအဝင် ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတွေကို ဒီကနေ့ရက်စွဲနဲ့ ကန့်ကွက်စာပေးပို့လိုက်ပါတယ်။
ဒီကနေ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာပြုလုပ်တဲ့ တွေ့ဆုံပွဲကို လဝကဝန်ကြီး ဦးခင်ရီ အပါအဝင် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်နဲ့ ဗြိတိန်သံအမတ်ကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
ဒီတွေ့ဆုံပွဲ ကို အမေရိကန်နဲ့ ဗြိတိန်သံအမတ်ကြီးတို့လည်း တက်ရောက်ခဲ့ပြီး  မြို့ခံလူကြီး တစ်ဦိးဖြစ်သူ ဦးသန်းထွန်းကို ဒေါ်ခင်ခင်အိက မေးမြန်း တင်ပြထားပါတယ်။
 ဦးသန်းထွန်းနှင့်ဆက်သွယ်မေးမြန်းချက်ကို နားထောင်ရန် ဤနေရာကို နှိပ်ပါ။
(သတင်းအရင်းအမြစ်- RFA Burmese)