Showing posts with label နိုင်ငံတကာဆက်ဆံရေး. Show all posts
Showing posts with label နိုင်ငံတကာဆက်ဆံရေး. Show all posts

Thursday, January 22, 2015

မြန်မာငါးဖမ်းစက်လှေနှစ်စီးနှင့် လူ ၁၅ ဦးကို ဘင်္ဂလာရေတပ်မှဖမ်းဆီ

troller_1
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ရေပိုင်နက်အတွင်း ၀င်ရောက်ငါးဖမ်းသည့် မြန်မာဘက်မှ ငါးဖမ်းစက်လှေ ၂ စီးကို လူ ၁၅ ဦးနှင့် အတူ ဘင်္ဂလာဒေခ်ျ့ ရေတပ်မှ ဖမ်းဆီးလိုက်ကြောင်း သိရသည်။
မြန်မာ ငါးဖမ်းစက်လှေ နှစ်စီးကို ဇန်န၀ါရီလ ၂၁ ရက်နေ့ ညနေပိုင်းက နစ်မြစ်ဝရှိ စိန့်မာတင်ခေါ် အုန်းကျွန်းအနီး ၀င်ရောက်ငါးဖမ်းနေစဉ် ဖမ်းဆီးမိခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများကို ကိုးကားပြီး ကော့စ်ဘာဇားသတင်း တပုဒ်တွင်ဖော်ပြသည်။
ဖမ်းမိသည့် စက်လှေနှစ်စီးတွင် ရေလုပ်သား ၁၅ ဦးပါဝင်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးမှုနှင့်ပတ်သတ်ပြီး စိန့်မာတင်အခြေစိုက် ဘင်္ဂလာရေတပ်မှ အရာရှိတစ်ဦးက အတည်ပြုပြော ဆိုပြောဆိုသည်။  ဖမ်းဆီးရမိသည့် စက်လှေနှင့်ရေလုပ်သားများကို တက်ကနက် ဆိပ်ကမ်းသို့ ယူဆောင်လာပြီး တရားဥပဒေ အရ အရေးယူဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ကိုးရီးယားကုမ္ပဏီတစ်ခုမှ စစ်တွေမြို့ပြ ဖွံ့ဖြိုးရေးကို လုပ်ဆောင်ရန် ကမ်းလှမ်း

(ဓာတ်ပုံ - စစ်တွေမြို့မဈေးကြီးအားတွေ့ရစဉ်)
(ဓာတ်ပုံ – စစ်တွေမြို့မဈေးကြီးအားတွေ့ရစဉ်)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပြ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်ရန် ကိုးရီးယား ကုမ္ပဏီတစ်ခုက ကမ်းလှမ်းထားကြောင်း သတင်း ရရှိသည်။
စစ်တွေမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စစ်တွေဆိပ်ကမ်း သာယာလှပရေးကို စီမံကိန်းချ လုပ်ကိုင်ရန် ကိုးရီးယားနိုင်ငံမှ ကုမ္ပဏီ တစ်ခုဖြစ်သော BXT Construction & Development ကုမ္ပဏီက ပြည်နယ် အစိုးရအဖွဲ့မှ တဆင့် ယခုလ အစောပိုင်းက ကမ်းလှမ်းလာခြင်းဖြစ်သည်။
စီမံကိန်း၏ အဓိကလုပ်ငန်းများမှာ ကုလားတန်မြစ်ကြောင်းတစ်လျှောက်ရှိ စစ်တွေမြို့ မြို့မဈေးအနီး ကမ်းခြေအား မြေဖို့ကာ မြို့ပြမြေယာဖော်ထုတ်မည်ဖြစ်ပြီး ယင်းနေရာများတွင် လူနေအိမ်ခန်းများ၊ စူပါမားကတ်များ၊ ဟိုတယ်များ၊ အပန်းဖြေကလေးကစားကွင်း၊ ဈေးဆိုင်စသည်များကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
၎င်းကိုးရီးယားကုမ္ပဏီသည်  လုပ်ငန်းများစတင်နိုင်ရန် မြို့လူထုနှင့် ယခုလ ၇ ရက်နေ့က စစ်တွေမြို့တွင်တွေ့ဆုံပြီး သဘောထားများကို မေးမြန်းတောင်းခံသွားသည်ဟု သိရသည်။ ယင်းတွေ့ဆုံပွဲသို့ ရခိုင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင် ၀န်ကြီးများလည်း တက်ရောက်ခဲ့သည်ဟု သိရသည်။
ယင်းသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မြို့ခံများ၏ ဆန္ဒ သဘောထားကို တောင်းခံခဲ့သည်ဟု  မြို့ခံ တစ်ဦးက ပြောသည်။
“လက်ရှိလုပ်ကိုင်နေတဲ့ စစ်တွေပင်လယ်ကူး ဆိပ်ကမ်းကိုလုပ်ကိုင်နေတဲ့ ပုံစံမျိုးဆိုရင်တော့ ကျွန်တော့်ရဲ့ ပုဂ္ဂလိက အမြင်ကတော့ လက်မခံနိုင်စရာမရှိဘူး။ ဒါပေမယ့် ဒေသတွင်းကအဆီအနှစ်တွေကို သူတို့တွေကယူသွားပြီးတော့ ဒေသအတွက် အရိုးအရင်းလေးပဲ ပေးမယ်ဆိုရင်တော့ ကန့်ကွက်ရလိမ့်မယ်”ဟု မြို့ခံတစ်ဦးက ဆက်ပြောသည်။
မြို့မိမြို့ဖ တစ်ဦးကလည်း အခြေအနေကို စောင့်ကြည့်ရန် လိုအပ်ကြောင်း ပြောဆိုသည်။
DSC03233“ရလာတဲ့အကျိုးအမြတ် ပြည်နယ်အစိုးရကိုလွှဲပေးမယ်လို့ အဲဒီကုမ္ပဏီရဲ့အရာရှိပြောတာကို ပြည်နယ်ဝန်ကြီးချုပ်က ကျွန်တော်တို့ကို ပြန်ပြောတယ်။ ဒါပေမယ့် အဲဒီအကျိုးအမြတ်ကို ဒေသဖွံ့ဖြိုးရေးအတွက် ဘယ်လိုအသုံးချမှာလဲဆိုတာကို ပြည်နယ်အစိုးရက ဘာမှမပြောသေးဘူး။ ဒါကြောင့် ကျွန်တော်တို့မြို့လူထုအနေနဲ့လည်း အခြေအနေကို စောင့်ကြည့် နေသေးတယ်”ဟု ဆိုသည်။
စစ်တွေဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကိုးရီးယားကုမ္ပဏီအပြင် ပြည်တွင်း ကုမ္ပဏီ တစ်ခုဖြစ်သော ဆုထူးစံကုမ္ပဏီကလည်းပူးပေါင်းလုပ်ဆောင်သွားမည်ဟု ပြည်နယ်အစိုးရက ထုတ်ဖော်ပြောဆိုသည်။
ယခုအခါ ကုလားတန် မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းတွင် ပါဝင်သော စစ်တွေဆိပ်ကမ်းကို အိန္ဒိယနိုင်ငံမှ  တည်ဆောက်နေပြီး  များမကြာမီ စီမံကိန်းပြီးစီးတော့မည် ဖြစ်ကာ စီမံကိန်းပြီးစီးပါက မြန်မာ အစိုးရကို လွှဲပြောင်းပေးအပ် လုပ်ကိုင်စေမည်ဖြစ်သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, January 6, 2015

နိုင်ငံသားဖြစ်ခွင့်သတ်မှတ်ချက် မည်သူမျှ တိုက်တွန်း၍မရဟု မြန်မာတုံ့ပြန်

 မြန်မာနိုင်ငံတွင် နိုင်ငံသားအဖြစ်    သတ်မှတ်ပေးရန် မည်သူကမျှ  မြန်မာအစိုးရအား တိုက်တွန်း၍မရဘဲ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေနှင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေများဖြင့်သာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကုလသမဂ္ဂသို့ မြန်မာ အစိုးရကိုယ်စားလှယ်အဖွဲ့က တုံ့ပြန်လိုက်သည်။
အီးယူနိုင်ငံများက တင်သွင်းသည့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးတွင် ဒီဇင်ဘာ ၂၉ ရက်က ချမှတ်ခဲ့ရာ လူနည်းစုများကို နိုင်ငံသားဖြစ်ခွင့်ပေးရန်၊ ရိုဟင်ဂျာအမည်များ ကို သုံးစွဲခွင့်ပြုရန်နှင့် ၎င်းတို့ကို မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်စွာ သွားလာခွင့်ပြုရန် အချက်တို့ ပါဝင်ခဲ့သည်။
‘‘EU ဆုံးဖြတ်ချက်မှာကတော့ နိုင်ငံသားဖြစ်ရေးအတွက် လိုအပ်တဲ့အခွင့်အရေးတွေ ညီတူ ညီမျှ ပေးအပ်ဖို့လို့ ဖော်ပြထား တယ်။ နိုင်ငံသားအဖြစ် သတ်မှတ်ပေးဖို့ မည်သူတစ်ဦးတစ်ယောက်ကမျှ မြန်မာနိုင်ငံအစိုးရကို တိုက်တွန်းလို့မရပါဘူး။ နိုင်ငံသားဖြစ်ရေးဟာ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေ၊ အထူးသဖြင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှုဥပဒေနဲ့အညီသာ ဆောင်ရွက်ရမယ်လို့ မြန်မာကိုယ်စားလှယ်အဖွဲ့က ရှင်းလင်းပြောကြားခဲ့ပါတယ်’’ဟု အီးယူကတင်သွင်းသည့် ဆုံးဖြတ်ချက်ကို    မူကြမ်းမှစ၍ နောက်ဆုံးကုလတွင်အတည်ပြု သည်အထိ ပါဝင်ဆွေးနွေးခဲ့သော နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းနှင့် စီးပွားရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
နိုင်ငံသားအဖြစ် စိစစ်ရန် ပထမအဆင့်အဖြစ် နိုင်ငံသား စိစစ်မှုရှေ့ပြေးစီမံချက်ကို ဆောင်ရွက်ခဲ့ပြီး ကိုက်ညီသူများကို နိုင်ငံသားပြုခွင့်ရသူနှင့် နိုင်ငံသားအဖြစ် စိစစ်ခွင့်ပြုခဲ့သည်ဟု ၎င်းက ဆိုသည်။
‘‘စိစစ်မှုအောင်မြင်တဲ့သူတို့ရဲ့ သားသမီးတွေဟာ ဒီဥပဒေနဲ့ အညီ အခွင့်အရေးတွေရရှိပြီးဖြစ်ပါတယ်။ ဒီလိုစိစစ်မှုတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ရိုဟင်ဂျာအသုံး အနှုန်းကိုလည်း ကျွန်တော်တို့ ဒီအစည်းအဝေးတစ်လျှောက်လုံး ကန့်ကွက်ခဲ့တာပါ။ ရိုဟင်ဂျာလို့ ဘယ်တုန်းကမှမရှိတဲ့နာမည်ကို သုံးစွဲနေမယ်ဆိုရင် ရခိုင်ပြည်နယ်မှာ မလိုလားအပ်တဲ့ပြဿနာတွေကို ဖြစ်ပေါ်စေတယ်လို့လည်း ပြောခဲ့ပါတယ်’’ဟု ၎င်းက ပြောကြားသည်။
နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ်လိုလားပါက လက်တွေ့ကျသည့် ဖွံ့ဖြိုးတိုးတက်မှုအကူအညီများ ပေးအပ်ရန်လိုကြောင်း ထောက်ပြခဲ့သည်ဟု ဆိုသည်။
ပြီးခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးကာလတွင် ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံခရီးစဉ်အတွင်း လူနည်းစုရိုဟင်ဂျာဟု သုံးနှုန်းခဲ့သဖြင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ဘန်ကီမွန်းထံ ကန့်ကွက်သည့် သတိထောက်လွှာကို ပေးခဲ့သည်။
ယခု EU က တင်သွင်းသည့် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်မှာ ယခင်ကဲ့သို့ မဲခွဲဆုံးဖြတ်ခြင်းမဟုတ်ဘဲ မြန်မာ အစိုးရတာဝန်ရှိသူတို့နှင့် အပြန်အလှန်ညှိနှိုင်း၍ ကုလတတိယ ကော်မတီသို့ တင်သွင်းခြင်းဖြစ်သည်။ ဆုံးဖြတ်ချက်အများစုတွင် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုထောက်ခံကြောင်း ပြောကြားချက်များကို မြန်မာကိုယ်စားလှယ်အဖွဲ့က ကြိုဆိုသော်လည်း ရိုဟင်ဂျာနှင့် ပတ်သက်၍ မြန်မာအစိုးရ၏ သဘောထားနှင့် တည်ဆဲဥပဒေများကိုသာမူတည်၍ ဖြေရှင်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းအရင်းအမြစ်- 7 Days News)

Thursday, January 1, 2015

ရိုဟင်ဂျာမူဆလင်များကို မြန်မာနိုင်ငံသားအဖြစ် အပြည့်အဝပေးရန် ကုလသမဂ္ဂ တိုက်တွန်းချက် လွှတ်တော် ကိုယ်စားလှယ် များနှင့် မြန်မာ့နိုင်ငံရေးကို စောင့်ကြည့်လေ့လာသူများ ပြင်းထန်စွာကန့်ကွက်ရှုတ်ချ

UN Building
နယူးယော့ခ်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်အား တွေ့ရစဉ်။

000 Del6371634
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းအား ရခိုင်ပြည်နယ်တွင် နိုဝင်ဘာ ၂၃ရက်က ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့စဉ်။ ဖိုင်ဓာတ်ပုံ-အေအက်ဖ်ပီ
ရိုဟင်ဂျာမူ ဆလင်များကို မြန်မာနိုင်ငံသားအ ဖြစ် အပြည့်အဝပေးရန်နှင့် နိုင်ငံအ နှံ့ လွတ်လပ်စွာသွား လာခွင့်ပြုရန် ကုလသမဂ္ဂ အထွေထွေညီလာခံ၏တိုက်တွန်းချက်ကို လွှတ် တော်ကိုယ် စားလှယ်များနှင့် မြန်မာ့နိုင်ငံရေး ကို စောင့်ကြည့် လေ့လာနေသူများက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက် ကြောင်း သိရသည်။ အဆိုပါတိုက်တွန်းချက်ကို ဒီဇင်ဘာ၂၉ရက် တနင်္လာနေ့က ကျင်းပ ခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီ လာခံတွင် ယင်းကဲ့သို့ တိုက်တွန်းခဲ့ ခြင်းဖြစ်သည်။

ယင်းတိုက်တွန်းချက်နှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က''ကျွန်တော် တို့ကတော့ လက်မခံဘူး။ ရှုတ်ချပါ တယ်။ နောက်ပြီးတော့ နိုင်ငံငယ် တစ်ခုရဲ့ အချုပ် အခြာအာဏာကို စော်ကားသလိုလုပ်တဲ့ သဘောဖြစ် တဲ့အတွက် ကုလသမဂ္ဂအနေနဲ့ နိုင် ငံရေးသိက္ခာချတယ်လို့ သုံးသပ်တယ်။ ကုလသမဂ္ဂရဲ့ နိုင်ငံရေး ကစားကွင်း တစ်ခုအနေနဲ့ ရောက်မှန်း မသိ ရောက်လာတယ်။ တစ်နည်းအား ဖြင့် ကုလသမဂ္ဂဟာ ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက် သာလာယံဇရပ် လိုဖြစ်လာတယ်။ ကုလသမဂ္ဂဟာ စတင်တည်ထောင်စဉ်တုန်းနဲ့ ဒုတိယ ကမ္ဘာစစ် အလွန် ကာလပုံစံမျိုးနဲ့ မ တူတော့ဘူးလို့ သုံးသပ်တယ်။ ဒီ မိုကရေစီ သဘောအရ အင်အားကြီး တဲ့အုပ်စုက အောင်မြ င်တယ်။ အင် အားနည်းပါးတဲ့ ငွေကြေးနည်းပါး တဲ့ အုပ်စုကတော့ လက်ညှိုးထိုးခံရ ပြီး ခုလိုလုပ်ရခြင်းခံရတယ်။ ဒါ ကြောင့် နိုင်ငံငယ်တော်တော်များ များတောင်  UN မှာ ပါဖို့ မသင့်တော့ ဘူးလို့ သုံးသပ်မိတယ်'' ဟု ဝေဖန် ပြောကြားလိုက်သည်။

ယခုလုပ်ရပ်သည် ရခိုင်မျိုးနွယ် စုအပေါ်တွင် အသိအမှတ်မပြုဘဲ  အခြားအင်အားစုအပေါ်တွင် နာမည် ဖန်တီးခြင်းမှာ အနိုင်ကျင့်သည့် လုပ် ရပ်ဖြစ်ပြီး ယင်းလုပ်ရပ်သည် လုပ်ရပ် ကောင်း မဟုတ် ကြောင်း ဒေါက်တာ အေးမောင်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ ၏ တိုက်တွန်းချက် နှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးက ''ကုလသမဂ္ဂက non-bidding resolution တိုက်တွန်းတာပါ။ မဖြစ်မနေ လုပ်ရမယ့် ကိစ္စမဟုတ်ဘူး။ ဒါကြောင့် ပြည်သူတွေအနေနဲ့ စိတ်ပူစရာမလို ပါဘူး။ မြန်မာနိုင်ငံ အနေနဲ့ ရိုဟင် ဂျာမရှိဘူးဆိုတာကို နိုင်ငံတကာကို တရားဝင် ပြောကြား ထားပြီး သား ဖြစ်တယ်။ နောက်ဘန်ကီမွန်း မြန်မာ နိုင်ငံကို လာတုန်းကလဲ ရိုဟင်ဂျာ မရှိဘူးဆိုတာကို တရားဝင်အသိ ပေး ပြောကြားထားပြီးသားဖြစ်တယ်။ နံပါတ် (၂) အချက်ကတော့ ဘင်္ဂါလီ တွေကို နိုင်ငံသားပေးဖို့ကို အစိုးရရဲ့ ရပ်တည်ချက်ကတော့ ငြင်းပယ်တာ မဟုတ်ဘူး။ ၁၉၈၂ ဥပဒေနဲ့ညီရင် ပေးမယ်။ မညီရင်မပေးဘူး။ ဘယ် နိုင်ငံ မှာ မဆို အစိုးရတစ်ရပ်အနေ နဲ့ တည်ဆဲဥပဒေကို ကျော်လွန်ပြီး တော့ လုပ်လို့မရဘူး။ နံပါတ်(၃) အ နေနဲ့ကတော့ ကုလသမဂ္ဂနဲ့ မြန်မာ နိုင်ငံဟာ လက်ရှိ အစိုးရ သစ် လက်  ထက်မှာ အပြန်အလှန်ဆက်ဆံ မှု မြင့်တက် လာတယ်။ မြန်မာနိုင်ငံ က ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ အဖြစ် ပီသအောင်နေတယ်။ ဒါ ကြောင့် မြန်မာ နိုင်ငံ ကိုလဲ ကုလသ မဂ္ဂအနေနဲ့ အပြန်အလှန်လေးစားဖို့ လိုအပ်တယ်။ ကုလသမဂ္ဂအပါအ ဝင် ဘယ်နိုင်ငံမဆို နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးလို့ မရဘူး။ နံပါတ် (၄) အနေနဲ့ လက် ရှိနိုင်ငံခြားရေး မူဝါဒအတိုင်း ဆက် လက်ဆောင်ရွက်သွားမှာဖြစ်တယ်'' ဟု ပြောသည်။
ယင်းကဆက်လက်၍ ''မြန်မာ နိုင်ငံမှာ ရခိုင်ပြည်နယ်မှာ ပဋိပက္ခ နှစ်ကြိမ်ဖြစ်ခဲ့တယ်။ အဲ့ဒီမှာ အစိုးရ အနေနဲ့ ခက်ခက်ခဲခဲဖြေရှင်းခဲ့ရ တယ်။ ခုထိလဲ ရခိုင်ကိုအရေးပေါ် အခြေ အနေ ကြေညာထား ရဆဲဖြစ် တယ်။ ဒါကိုနိုင်ငံတကာ အသိုင်းအ ဝိုင်းအနေနဲ့ နားလည်ဖို့လို တယ်။ အပြုသဘောဆောင်ပြီး လက်ခံပေး ဖို့လိုတယ်။ လက်ရှိ ကုလသမဂ္ဂရဲ့ လုပ်ဆောင်မှုဟာ မြန်မာနိုင်ငံ မှာ ပြဿနာကို ပိုဆိုးအောင် လုပ်သလို ဖြစ်နေတယ်။ ဒီပြဿနာကိုပြေလည် ဖို့ အစိုးရအနေနဲ့ ဥပဒေနဲ့အညီ လုပ်ဆောင် ဖို့လုပ်နေတယ်'' ဟု ပြော ကြားခဲ့သည်။

ယင်းတိုက်တွန်းချက်နှင့် ပတ် သက်ပြီးလည်း နိုင်ငံရေးလေ့လာသုံး သပ်သူ ဦးသန်းစိုးနိုင်က''ကုလသမ ဂ္ဂအဖွဲ့ဝင်နိုင်ငံအနေနဲ့ ဆုံးဖြတ်ချက် ကို လက်ခံအကောင်အထည်ဖော်ရ မယ့် တာဝန် တော့ရှိ တယ်။ ဒီကိစ္စက လုံခြုံရေးကောင်စီရောက်ရင် ဗီတို အာဏာသုံးနိုင်တဲ့ တရုတ်တို့၊ ရုရှား တို့က ဗီတိုအာဏာသုံးပြီး ကန့်ကွက် မယ့် အနေအထားရှိတယ်။ မြန်မာ နိုင်ငံအတွက် ဆိုရင်လဲ ရခိုင်ပြည် နယ်အရေးကိစ္စဟာ အင်မတန်သိမ် မွေ့စွာ ကိုင်တွယ်ရမယ့် အနေအထား ဖြစ်တယ်။ ဘန်ကီမွန်းလာတုန်းက တောင် ရိုဟင်ဂျာဆိုပြီး သုံးနှုန်းတဲ့ အတွက် ဆန္ဒပြကန့်ကွက်မှုတွေ အ များကြီး ဖြစ်ပွားခဲ့တယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက် ချပေမယ့်လဲ အစိုးရအနေနဲ့ သံတ မန်ရေးနည်းလမ်းတစ်ခုခုနဲ့ ရှောင်လွှဲ ဖို့ကြိုးပမ်းလိမ့်မယ်လို့ ယူဆတယ်'' ဟု သုံးသပ် ပြောကြားသည်။
ယင်းကဆက်လက်၍ ''မြန်မာ နိုင်ငံမှာ ရခိုင်ပြည်နယ်မှာ ပဋိပက္ခ နှစ်ကြိမ်ဖြစ်ခဲ့တယ်။ အဲ့ဒီမှာ အစိုးရ အနေနဲ့ ခက်ခက်ခဲခဲဖြေရှင်းခဲ့ရ မောင်တောမြို့နယ် ဒေသခံ တစ်ဦးဖြစ်သူ ဦးခိုင်ကျော်မိုးက လည်း ''ကုလသမဂ္ဂကလဲ သူ့ criteria သတ်မှတ်ချက်တွေနဲ့ အညီ ပြော တာ ပေါ့။ သမ္မတကြီးကလဲ မြန်မာနိုင်ငံ ထဲမှာ ရိုဟင်ဂျာ မရှိဘူး လို့ ပြောပြီး သားပဲ။ ဒါကို ကုလသမဂ္ဂအနေနဲ့ အတင်းအကျပ် ဖိအားပေးမယ် ဆို ရင်တော့ ကုလသမဂ္ဂဟာ  moderate  ဖြစ်ရဲ့လားဆိုတာ ပြန်ပြီးမေးခွန်း ထုတ်စရာ ဖြစ်နေတယ်။ နိုင်ငံ ရဲ့အ ချုပ်အခြာ အာဏာကို ဝင်ရောက်စွက် ဖက်ရာ ရောက်နေတယ်။ တရားနည်း လမ်းကျတဲ့ နိုင်ငံသားဖြစ်မှုနဲ့ပဲ သွား လို့ရမယ်။ နည်းလမ်းတကျနဲ့ နိုင်ငံ သားရ သင့်တဲ့ သူကို တော့ ရမယ်။  အဲ့ဒီလို မဟုတ်ဘဲ ရခိုင်ပြည်သူတွေ ဘက်ကတော့ အလျှော့ပေးစရာ မလို ဘူးလို့ဘဲ မြင် တယ်''ဟုပြောသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံသား ဖြစ်ခွင့်၊ မဖြစ်ခွင့်မှာ ကုလသမဂ္ဂ၏တိုက်တွန်းချက်၊ ဆုံးဖြတ်ချက်အပေါ် မူတည်ခြင်းမရှိဘဲ ၁၉၈၂ ခုနှစ် နိုင်ငံ သားဖြစ်ခွင့် ဥပဒေနှင့်သာ သက် ဆိုင်ကြောင်း သုံး သပ် ကြသည်။

ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးသိန်းညွန့်က ''မြန်မာနိုင်ငံမှာ ရှိတဲ့တိုင်းရင်းသား ၁၃၅မျိုး စာရင်း ထဲမှာလဲမရှိဘူး။ အဲ့ဒါကို နိုင်ငံမဲ့ဖြစ် နေလို့ ကုလသမဂ္ဂ အထွေထွေညီ လာခံမှာ ပါတဲ့ ထောက်ခံတဲ့နိုင်ငံတွေ ကသူတို့အသိအမှတ်ပြုရင် သူတို့ နိုင်ငံခေါ် သွားပေါ့။ မြန်မာနိုင်ငံ မှာတော့ အချုပ်အခြာအာဏာပိုင် ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့နိုင်ငံ သားဥပဒေနဲ့အညီ ဆောင် ရွက်နေ တယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံသား ဖြစ် ခွင့်ဥပဒေနဲ့အညီပဲ ဆောင်ရွက်မှာပဲ။ ကုလသမဂ္ဂ အထွေထွေညီလာခံ က ဒီလိုဆုံးဖြတ်တယ်ဆိုတာ ကြား လိုက်ရတာမှတစ်ပါး မြန်မာနိုင်ငံ အနေနဲ့ အသက်ဝင် ဖို့လဲ မရှိဘူး။ ဆောင်ရွက်ဖို့အကြောင်းလဲ မရှိဘူး'' ဟု သုံးသပ်ပြော ကြားသည်။

ရခိုင်တိုင်းရင်းသားရေးရာဝန် ကြီး ဦးဇော်အေးမောင်က ''ကုလသမဂ္ဂအထွေထွေညီလာခံက ဘယ် လိုပဲ ဆုံးဖြတ်ချက်ချမှတ်ချမှတ်၊ ဘယ်လိုပဲတိုက်တွန်းတိုက်တွန်း မြန်မာ နိုင်ငံသည် အချုပ်အခြာ အာဏာပိုင်နိုင်ငံဖြစ်တယ်။ မြန်မာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကိုဘယ် အဖွဲ့အစည်းကမှ (လွှမ်းမိုး)လို့ မရဘူး။ သမ္မတကြီးကိုယ်တိုင်က လဲ ပြောပြီး သားဖြစ်တယ်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရသူကို နိုင်ငံသား ပေးမယ်။ မြန်မာနိုင်ငံသည် အချုပ် အခြာအာဏာပိုင် နိုင်ငံဖြစ်တဲ့အ တွက် ဒီလိုဆုံး ဖြတ်ချက်ကို မလိုက် နာပေမယ့် ဘာပြဿနာမှ တက်နိုင် စရာအကြောင်းမရှိဘူး'' ဟု သုံးသပ် ပြောကြားခဲ့သည်။

ရိုဟင်ဂျာများအား ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုများတွင် သာတူညီမျှရရှိစေရန်နှင့် ခွဲခြား ဆက်ဆံမှုနှင့် အကြမ်းဖက်မှုများ အား ဖော်ထုတ်ရန်လည်း ကုလသမဂ္ဂ အထွေထွေညီ လာခံတွင် ထည့်သွင်း တောင်းဆိုခဲ့သည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက ''ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားမဟုတ် ဘူး။ နောက်တစ်ခုက နိုင်ငံသားဖြစ် မှုဆိုတာ ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေရှိ တယ်။ ၁၉၈၂ ဥပဒေအရ ဘယ်ဧည့်နိုင်ငံသားမဆို ၁၉၈၂ ဥပဒေနဲ့ညီရင် နိုင်ငံသားဖြစ်ခွင့်ရှိ တယ်။ ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက် နဲ့ ပတ်သက်ပြီးအကြံပြုချင်တာက တော့ လူ့အခွင့်အရေး ရှုထောင့် က နေသာမက အချုပ်အခြာအာဏာ ရှုထောင့်ကပါ ထည့်သွင်းစဉ်းစား ဖို့လိုမယ်လို့ပြောချင်တယ်''ဟု ပြော သည်။

ကုလသမဂ္ဂအထွေထွေညီလာ ခံတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ ဒီမို ကရေစီကူးပြောင်းရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ လူ့အခွင့်အရေး မြှင့်တင်ရေးတို့ ဆောင်ရွ က်လျက် ရှိသည့်အပေါ် ကြိုဆိုလိုက်ပြီး ကျန် ရှိနေသေးသည့် လူ့အခွင့်အရေးချိုး ဖောက်မှုများအား တိုးမြှင့်လုပ်ဆောင် ရန် မြန်မာနိုင်ငံအစိုးရအား တိုက် တွန်းခဲ့သည်။
(သတင်းအရင်းအမြစ်- ဒီမိုကရေစီတူဒေးသတင်းစာ)
မူရင်းလင့်အားကြည့်ရန်ဤနေရာကိုနှိပ်ပါ။

Thursday, November 27, 2014

အလိုတော်ပြည့်ဆရာတော်ကြီး သီရိလင်္ကာသမ္မတထံသို့ ကျောက်စိမ်းဘုရားများ ပေးအပ်လှူဒါန်း

Sirlanka-photo-03
ပြည်တွင်း ပြည်ပသာသနာပြု အလိုတော်ပြည့်ဆရာတော် ဒေါက်တာဘဒ္ဒန္တအရိယ၀ံသမှ သီရိလင်္ကာ သမ္မတ မဟိန္ဒရာဇပဆ ဖူးမျှော် ကိုးကွယ်နိုင်ရန်  ရည်ရွယ်ပြီး မြန်မာနိုင်ငံမှ ပြုလုပ်သော ကျောက်စိမ်း ဘုရားတစ်ဆူအား ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
လှူဒါန်းခဲ့သော ယင်းကျောက်စိမ်းဘုရားတစ်ဆူ အပါအ၀င် န၀ရတ်ကိုးပါးလက်စွပ်နှင့် ရတနာများကို သီရိလင်္ကာ သမ္မတ ကိုယ်တိုင် ကိုးကွယ်ရန် တည်ထားသော ဆန္ဒဟိရုဆေယ အမည်ရှိသော ဗုဒ္ဓဒဂဘစေတီတော်တွင် ယခုလ ၂၃ ရက်နေ့က ဌာပနာထည့်သွင်းခဲ့ကြောင်း အလိုတော်ပြည့်ကျောင်း လက်ထောက်ဆရာတော် အရှင်ကုမာရက ပြောဆိုသည်။
“ ဒီ ဗုဒ္ဓဒဂဘစေတီတော် ဓါတ်တော်မွေတော်တွေ ဌာပနာထည့်သွင်းပွဲတော်ကို နိုဝင်ဘာလ ၂၃ ၇က် နံနက် ၈ နာရီ ကျော်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အလိုတော်ပြည့်ဆရာတော်ကြီးက လှူဒါန်းတဲ့ ရူပီးငွေ (၇) သိန်းတန်ဖိုးရှိ ကျောက်စိမ်း ဘုရားတစ်ဆူနဲ့ ရူပီး (၅) သိန်း တန်ဖိုးရှိတဲ့ န၀ရတ်ကိုးပါးလက်စွပ်နဲ့ ရတနာတွေကို ဌာပနာထည့် ပေးအပ်လှူဒါန်းခဲ့ပါတယ်” ဟု အရှင်ကုမာရက မိန့်ကြားသည်။
သီရိလင်္ကာပြည်သူ့ သမ္မတနိုင်ငံ၏ သမ္မတ မဟိန္ဒရာဇပကဆ၏ စိတ်ကူးကိုအကောင်အထည်ဖော်သောအားဖြင့် ဆန္ဒဟိရု ဆေယ အမည်ရှိသော ဗုဒ္ဓဒဂဘ တည်ဆောက်ခြင်းလုပ်ငန်းကို ဘာသာရေးမြို့တော် အနုရာဓပူရမှာ လက်ရှိ တည်ဆောက်လျှက်ရှိနေကြောင်း၊ ၎င်းစေတီအား ၂၀၀၉ ခုနှစ် သီရိလင်္ကာနိုင်ငံအကြမ်းဖက်အောင်မြင်မူ အမှတ်တရ အနေဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ သီရိလင်္ကာနိုင်ငံ သမ္မတကြီးမှ ပင့်သံဃာတော် ၆ ထောင်တို့ ပါဝင်ပြီး မင်္ဂလာအခမ်းအနား ပြုလုပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ အလိုတော်ပြည့်ဆရာတော်အား ပင့်ဖိတ်၍ ကြွရောက်ချီးမြှင့်ခဲ့ကြောင်း ဦးဇင်းကုမာရက မိန့်ကြားသည်။
Sirlanka-photo-01
ဒဂဘစေတီတော် ဓါတ်တော်မွေတော်များ ဌာပနာထည့်သွင်းပွဲကို နိုင်ငံတော်အဆင့် ကျင်းပ ပြုလုပ်ခဲ့ပြီး သီရိလင်္ကာ သမ္မတကိုယ်တိုင် တက်ရောက်ခဲ့သည်ဟု သိရသည်။
ယင်းပွဲတော် မတိုင်မှီ နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း ဗုဒ္ဓဘာသာ စည်ပင် ၀ပြော ဖွံ့ဖြိုးတိုးတက်ရန်  အဓိက ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံကိုလည်း သီရိလင်္ကာနိုင်ငံတွင် ကျင်းပခဲ့သည်ဟု သိရသည်။
ယင်းညီလာခံအား သီရိလင်္ကာနိုင်ငံ၏ ဘိကဆု(Bhiksu) တက္ကသိုလ်မှ မဟာဌာနများဖြစ်သော ဗုဒ္ဓဘာသာလေ့လာရေး မဟာဌာနနှင့် ဘာသာစကားနှင့်ယဉ်ကျေးမူ လေ့လာရေးမဟာဌာနတို့ ပူးပေါင်းလျှက် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲတော်နှစ်ခုသို့ တက်ရောက်ခွင့်ရသော အလိုတော်ပြည့်ဆရာတော်ကြီးမှာ များစွာဂုဏ်ယူမိကြောင်း၊ ဗုဒ္ဓဘာသာ၏ အရေးပါမှုနှင့် ဤအခမ်းအနားများအတွက် သီရိလင်္ကာ၏ အရေးပါမူ ဂုဏ်သတင်းကို ကမ္ဘာသို့ ပျံ့နှံ့စေပြီး ဗုဒ္ဓဘာသာဝင်များ အတွက် အကျိုးကျေးဇူး များစွာ ဖြစ်ပေါ်စေကြောင်း ဆရာတော်ကြီးမှ ပြောဆိုသည်ဟု အရှင်ကုမာရက ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, November 12, 2014

အာဆီယံခေါင်းဆောင်များ မျက်နှာစုံညီအစည်းအဝေးတွင် အကြမ်းဖက်အန္တရာယ်နှိမ်နင်းရေး၊ အီဘိုလာရောဂါကာကွယ်ရေး၊ နယ်စပ်ဖြတ်ကျော်ခြိမ်းခြောက်မှုများ အလေးထားဆွေးနွေးစေလိုကြောင်း သမ္မတဦးသိန်းစိန်တိုက်တွန်း

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
(၂၅)ကြိမ်မြောက် အာဆီယံခေါင်းဆောင်များ မျက်နှာစုံညီအစည်းအဝေးတွင် နယ်စပ်ဖြတ်ကျော်ခြိမ်းခြောက်မှုအန္တရာယ်၊
အကြမ်းဖက်အစွန်းရောက် နှိမ်နင်းရေးနှင့် အီဘိုလာကူးစက်ရောဂါနှိမ်နင်းရေးတို့ကို ဒေသတွင်းနှင့် နိုင်ငံတကာတွင် အာဆီယံအနေဖြင့်လက်တွဲဖြေရှင်းဆောင်ရွက်ရေးကို ဆွေးနွေးကြစေလိုကြောင်း အာဆီယံခေါင်းဆောင်များကို သမ္မတဦးသိန်းစိန်က တိုက်တွန်းခဲ့သည်။
အထက်ပါကိစ္စရပ်များအပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အကူပေးရေး၊ အာဆီယံ ဒေသတွင်း အကျိုးစီးပွားအတွက် အာဆီယံအသိုက်အဝန်းများပေါ်ပေါက်ရေးနှင့် အာဆီယံအဖွဲ့အစည်းကိုခိုင်မာသည့် အဖွဲ့အစည်းဖြစ်အောင်ရည်မှန်းထားမှုများကိုဖြစ်မြောက်အောင် အကောင်အထည်ဖော်ရမည့်အချိန်ရောက်ပြီဖြစ်ကြောင်းလည်း ၎င်းက တိုက်တွန်းပြောကြားသည်။
အာဆီယံထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးများကျင်းပချိန်တွင် ဒေသတွင်းနှင့် နိုင်ငံတကာအတွင်း
အရေးစိုက်၍ ဆွေးနွေး စရာကိစ္စရပ်များရှိလာနေချိန်ဖြစ်ပြီး အာဆီယံအနေဖြင့် ယင်းပြဿ     နာကို အသေးစိတ်ဆွေးနွေးစေလိုကြောင်းလည်းသမ္မတဦးသိန်းစိန်က တိုက်တွန်းသည်။
နိုဝင်ဘာ ၁၂ ရက်က နေပြည်တော်တွင်စတင်ကျင်းပသည့်အာဆီယံထိပ်သီးအစည်းအဝေးသို့ပထမဆုံးအကြိမ် တက်ရောက်လာကြသည့်အင်ဒိုနီးရှား သမ္မတဂျိုကိုဝီဒိုဒိုနှင့် ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာတို့ကိုလည်း သမ္မတဦးသိန်းစိန်က ဂုဏ်ပြုကြောင်း ၎င်းတို့တက်ရောက်ရသည့်မျက်နှာစုံညီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
‘‘အာဆီယံရဲ့ အနာဂတ်အစီအစဉ်တွေနဲ့ ဒေသတွင်းနိုင်ငံတကာရေးကိစ္စတွေကို ဒီမျက်နှာစုံညီအစည်းအဝေးမှာ
အမြင်ကျယ်ကျုယ်နဲ့ ဆွေးနွေးမှာဖြစ် တယ်။ အာဆီယံခေါင်းဆောင်တွေအနေနဲ့လည်း တခြားကိစ္စတွေကို ဆွေးနွေးလိုတယ်ဆိုရင်လည်း ဆွေးနွေးနိုင်ပါတယ်’’ဟုဦးသိန်းစိန်က ပြောသည်။ ယခုအခါ အာဆီယံခေါင်းဆောင်များ မျက်နှာစုံညီအစည်းအဝေးမှာ ယခုအခါ ကျင်းပပြီးနေပြီဖြစ်သည်။
အဆိုပါမျက်နှာစုံညီအစည်းအဝေးသို့ အာဆီယံဥက္ကဋ္ဌ မြန်မာသမ္မတဦးသိန်းစိန်၊ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၊ ဗီယက်နမ်သမ္မတ၊
ဘရူနိုင်းဘုရင် ဆူလတန်၊ လာအိုဝန်ကြီးချုပ်၊ ဖိလစ်ပိုင်သမ္မတ အကွီနို၊ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်၊မလေးရှား ဝန်ကြီးချုပ်၊ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် လီယောင်မင်တို့တက်ရောက်ခဲ့ကြပြီးအစည်းအဝေးစတင်ချိန်တွင် မလေးရှားဝန်ကြီးချုပ်သည် အစည်းအဝေးသို့ ၁၅ မိနစ်ခန့်နောက်ကျ၍ ရောက်ရှိလာခဲ့သည်။
ယင်းအစည်းအဝေးတွင် အာဆီယံအစိမ်းရောင်စီးပွားရေးဗဟိုဌာနတည်ထောင်ခြင်းကိုလည်း အာဆီယံခေါင်းဆောင်များက သဘောတူကြေညာခဲ့ကြသည်။
အာဆီယံအစိမ်းရောင်စီးပွားရေးဗဟိုဌာနကို မြန်မာနိုင်ငံက အဆိုပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါဌာနကို ရန်ကုန်မြို့တွင် ထူထောင်မည်ဖြစ်ပြီးရာသီဥတု ပြောင်းလဲမှုဒဏ်ကိုခံနိုင်၍ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အထောက်အကူပြုစေမည့် နည်းပညာများနှင့်ပတ်သက်၍ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း များကို အာဆီယံနိုင်ငံအချင်းချင်းနှင့် အာဆီယံအဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါအစည်းအဝေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒေသတွင်းနှင့် နိုင်ငံတကာပြဿနာဖြစ်သည့် တောင်တရုတ်ပင်လယ်အရေးကိစ္စ၊ ဆီးရီးယားနှင့် အီရတ်နိုင်ငံများမှ
 အစွန်းရောက်အကြမ်းဖက်မှုများ၏ ခြိမ်းခြောက်မှုများနှင့် အီဘိုလာရောဂါပြန့်ပွားမှုများကိုလည်း အာဆီယံခေါင်းဆောင်များ အမြင်ချင်းဖလှယ်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းအရင်းအမြစ်- 7 Days News)

ထားဝယ်နှင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတွင် အိန္ဒိယ ပါဝင်ရင်းနှီးမြှုပ်နှံရန် နှစ်နိုင်ငံ ခေါင်းဆောင်များ ဆွေးနွေး

မြန်မာနိုင်ငံသည်တောင်အာရှနှင့် အရှေ့တောင် အာရှ၏ အဓိကထွက်ပေါက်ဖြစ် သည့်အတွက် မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ထားဝယ်ရေ နက်စီမံကိန်း၊ ကျောက်ဖြူအ ထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံ ရေးနှင့် မြန်မာနိုင်ငံ၏ စက်မှုဇုန် များတွင် ရင်းနှီးမြှုပ်နှံရေးတို့ကို သမ္မတဦးသိန်းစိန်နှင့် အိန္ဒိယ၀န် ကြီးချုပ် နရန်ဒရာမိုဒီတို့ သီးသန့် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။
သမ္မတဦးသိန်းစိန်နှင့် တွေ့ ဆုံဆွေးနွေးမှုမှာ ကျေနပ်ဖွယ် ကောင်းကြောင်းနှင့် နှစ်နိုင်ငံ ဆက်ဆံရေးအရ မျှော်မှန်းချက်  အမျိုးမျိုးတွင် ရေရှည်တည်တံ့စေ မည့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ ကြောင်းနှင့် ယဉ်ကျေးမှု၊ ကုန် သွယ်မှုနှင့် ကူးသန်းရောင်းဝယ် ရေး၊ ဆက်သွယ်သွားလာရေးတို့ တွင် ခိုင်မာသည့် ပေါင်းကူးဆက် သွယ်မှုများ ဖြစ်ပေါ်လာရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ၀န်ကြီးချုပ် မိုဒီက တွေ့ဆုံမှုအပြီး နာရီပိုင်း အတွင်း ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက် နှာတွင် ရေးသားထားသည်။
ထို့အပြင် ၀န်ကြီးချုပ် မိုဒီ ပြည်နယ် ၀န်ကြီးချုပ် လက်ထက်က ဂူဂျာရတ်ပြည်နယ်တွင် အောင်မြင်ခဲ့သည့် ဆင်းရဲနွမ်းပါး မှု လျှော့ချရေးလုပ်ငန်းစဉ်နှင့် ဆို လာစနစ်ဖြင့် ကျေးလက်မီးလင်း ရေးဆောင်ရွက်မှုများကို သမ္မတ ဦးသိန်းစိန်က ဆွေးနွေးခဲ့ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြော သည်။
‘‘အဓိကက နှစ်နိုင်ငံကြားကုန်သွယ်မှုမှာ ၁ ဒသမ ၆ ဘီလီ ယံပဲရှိသေးလို့ ဒါကို မြှင့်တင်ရေး၊ အသေးစား၊ အလတ်စား စက်မှု လုပ်ငန်းနဲ့ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးပါတယ်။ မြန်မာက အ ချက်အချာကျတော့ ဒီထားဝယ် တို့၊ ကျောက်ဖြူတို့မှာ သူတို့စက် ရုံတွေ လာတည်ပြီး ပစ္စည်းတွေ ပို့မယ်ဆို ပိုနီးသွားတာပေါ့။ ဒါကို အဓိက ဆွေးနွေးပါတယ်’’ ဟု ၎င်းက ပြောသည်။
ထို့ပြင် အိန္ဒိယနှင့် နယ်နိ မိတ်ထိစပ်နေသည့် ချင်းပြည်နယ် နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့ တွင် အခြေခံအဆောက်အအုံ ဖွံ့ ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူမှု စီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအ တွက် ပြည်နယ်အချင်းချင်း ပူး ပေါင်းဆောင်ရွက်ရေးနှင့် ညီအစ် မမြို့တည်ထောင်ရေး၊ နယ်စပ် ကုန်သွယ်ရေးဂိတ်များ ထပ်မံဖွင့် လှစ်ရေးနှင့် ချင်းတောင်ကို လမ်း ပန်းဆက်သွယ်ရေး ပိုကောင်းရန် အိန္ဒိယက အကူအညီပေးနိုင်ရေး ဆွေးနွေးခဲ့ကြောင်း ၎င်းက  ပြောသည်။ နှစ်နိုင်ငံ နိုင်ငံခြားရေးမူဝါဒ ကို သီးသန့်မဆွေးနွေးဘဲ ငြိမ်း ချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူငါးချက်ကို လက်ခံသည့် နိုင်ငံ အချင်းချင်းဖြစ်၍ မူဝါဒ ကွာခြား မှုမရှိကြောင်း ၎င်းက ပြောသည်။
(သတင်းအရင်းအမြစ်- 7 Days News၊ ဓာတ်ပုံ- သမ္မတရုံး)

အမေရိကန်ရေတပ်မှ စစ်ရေယာဉ်တစ်စင်းအမေရိကန်သမ္မတ လုံခြုံရေးကို ဆောင်ရွက်ရန် မြန်မာနိုင်ငံသို့လာမည်

အမေရိကန် သမ္မတလုံခြုံရေးအတွက် အမေရိကန် ရေတပ်မှ စစ်ရေယာဉ် တစ်စင်း လုံခြုံ ရေး လာရောက်ဆောင်ရွက်ရန်အ တွက် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၁၁ရက်ညတွင်ရောက် ရှိလာမည်ဖြစ်သည့် အဆိုပါရေယာဉ် သည် အမေရိကန်ရေတပ်မှ စစ်ရေ ယာဉ် USS peleliu (LHA-5) ဖြစ် ပြီး ၄င်းစစ်ရေယာဉ်သည် ရခိုင်ကမ်း ရိုးတန်းပင်လယ်ပြင်ကို နိုဝင်ဘာ ၁၁ ရက်တွင် ရောက်ရှိမည်ဖြစ်ကြောင်း၊ မြန်မာရေတပ်မှ ဖရီးဂိတ်တစ်စီးနှင့် စစ်ရေယာဉ်နှစ်စီးသည်လည်း အဆို ပါ ရခိုင်ကမ်းရိုးတန်း ပင်လယ်ပြင်သို့ ရောက်ရှိနေပြီး နှစ်ဖက်စစ်ရေယာဉ် များမှ ရေတပ်တပ်ဖွဲ့ဝင်များတွေ့ဆုံ သွားမည်ဖြစ်ကြောင်း မြန်မာ navy ဝက်ဘ်ဆိုက်တွင် တရားဝင်ဖော်ပြ ထားသည်။
ယင်းနှင့်ပတ်သက်၍ နေပြည် တော်ရှိ အာဆီယံလုံခြုံရေးဆပ်ကော် မတီမှ ရဲမှူးကြီးဇော်ခင်အောင်က ''အမေရိကန်သမ္မတရဲ့ လုံခြုံရေးအ တွက် အမေရိကန်ရေတပ်က စစ်ရေ ယာဉ်တစ်စင်း မြန်မာနိုင်ငံကို လာ ရောက်မယ်ဆိုတာ ဟုတ်ပါတယ်။သူတို့သမ္မတရဲ့လုံခြုံရေးအတွက် အ ရန်သင့် လာရောက်စောင့်နေကြတာ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လဲ လုံခြုံရေးကို အမြင့်ဆုံး ဆောင် ရွက်ထားတာပါ''ဟု ပြောသည်။
အာဆီယံအစည်းအဝေးကျင်း ပနေစဉ်အတွင်း မြန်မာတစ်နိုင်ငံလုံး ၏လုံခြုံရေးကို စစ်တပ်နှင့် ရဲတပ်ဖွဲ့မှ ပူးပေါင်းပြီး ဆောင်ရွက်နေကြောင်း၊ လုံခြုံရေးကို အမြင့်ဆုံးအနေဖြင့် အနီရောင်အဆင့်အဖြစ် သတ်မှတ် ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ သိရသည်။
နေပြည်တော်ရဲတပ်ဖွဲ့ဌာနချုပ် မှ တာဝန်ရှိသူတစ်ဦးက ''အခုဆို အင်တာပိုလ်နဲ့လဲ ပူးပေါင်းပြီး လုံခြုံ ရေးအရ ရေဆိပ်၊ လေဆိပ်တွေမှာ ဆောင်ရွက်နေပါတယ်။ အမြင့်ဆုံး အနေအထားပေါ့။ လုံခြုံရေးအပိုင်း ကို စစ်တပ်ကလဲ တာဝန်ယူထားတာ တွေ ရှိပါတယ်''ဟု ပြောသည်။
ထို့အပြင် နိုင်ငံ့ခေါင်းဆောင် များ၏ လုံခြုံရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် ဝင်းနိုင်ထွန်း ဦးစီးပြီး ရဲမှူးကြီး ၁၈ဦးကို နိုင်ငံ့ ခေါင်းဆောင် တစ်ဦးချင်းစီအလိုက် လုံခြုံရေးလုပ်ဆောင်ရန် စီစဉ်ဆောင် ရွက်ထားကြောင်း သိရသည်။
၂ဝ၁၂ခုနှစ် နိုဝင်ဘာလအ တွင်းက အမေရိကန်သမ္မတ မြန်မာ နိုင်ငံသို့ လာရောက်စဉ် အချိန်က လည်း မြန်မာ့ပင်လယ်ပြင်မုတ္တမကွေ့ သို့ အမေရိကန်ရေတပ်မှ စစ်ရေ ယာဉ်တစ်စင်း လာရောက်ခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Yangon Media Group၊ ဓာတ်ပုံ- Myanma NAVY)

Tuesday, November 11, 2014

သမ္မတ အိုဘားမား လုံခြုံရေးဆောင်ရွက်ရန် အမေရိကန် စစ်ရေယာဉ်တစ်စီး ရခိုင်ကမ်းရိုးတန်းသို့ ယနေ့ရောက်မည်

ရခိုင်ကမ်းရိုးတန်းသို့ ရောက်ရှိလာမည့် အမေရိကန် စစ်ရေယာဉ် USS Peleliu
(LHA-5) ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - အင်တာနက်)
မြန်မာနိုင်ငံတွင် မကြာမီ ကျင်းမမည့် အာဆီယံထိပ်သီး အစည်းအဝေးသို့တက်ရောက်မည့် အမေရိကန် သမ္မတ အိုဘားမား၏ လုံခြုံရေးအတွက် အမေရိကန်ရေတပ်မှစစ်ရေယာဉ် USS Peleliu (LHA-5) သည် နေပြည်တော်နှင့် အနီးဆုံးနေရာဖြစ်သည့်ရခိုင်ကမ်းရိုးတန်း ပင်လယ်ပြင်သို့ ယနေ့ (နိုဝင်ဘာ၁၁ ရက်)
တွင်ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာ့တပ်မတော် (ရေ) မှသတင်းထုတ်ပြန်သည်။
အာဆီယံထိပ်သီး အစည်းအဝေးတက်ရောက်ရန် အမေရိကန်သမ္မတ အိုဘားမားသည် နိုဝင်ဘာ
၁၂ ရက်တွင် နေပြည်တော်သို့ ရောက်ရှိမည်ဖြစ်သည်။
ထို့ကြောင့် ကြိုတင်ညှိနှိုင်းထားချက်များအရ သမ္မတ အိုဘားမားလုံခြုံရေးအတွက် အမေရိကန်ရေတပ် Seventh Fleet ၏ Amphibious Forces မှTarawa-Class Amphibious Assault Ship ဖြစ်သည့် စစ်ရေယာဉ် USS Peleliu
(LHA-5) သည် ရခိုင်ကမ်းရိုးတန်းသို့ ရောက်ရှိလာမည်ဖြစ်သည်။
ထို့အပြင် မြန်မာ့တပ်မတော်(ရေ) မှလည်း ဖရီးဂိတ်တစ်စီးအပါအဝင် စစ်ရေယာဉ်(၂)စီးသည် အဆိုပါ ပင်လယ်ပြင်သို့ရောက်ရှိနေပြီးနှစ်ဘက်စစ်ရေယာဉ်များ နှစ်ဘက်ရေတပ် တပ်ဖွဲ့များနှင့်တွေ့ဆုံသွားမည်ဖြစ်သည်။
အမေရိကန် သမ္မတ ဘာရက် အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်အတွက် ၄င်းစီးနင်းမည့် မော်တော်ယာဉ်အပါအ၀င်
လုံခြုံရေးအတွက် အသုံးပြုမည့် တိုက်လေယာဉ်နှင့် ကျည်ကာကားများသည် နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်သည်။
(ဤသတင်းအား Rakhine News Agency မှ ကူးယူဖော်ပြပါသည်)

Monday, November 10, 2014

ရိုဟင်ဂျာဟု သုံးနှုန်းလျှင် အိုဘားမားကို ဆန္ဒပြမည်

အမေရိကန် သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဘင်္ဂါလီလူမျိုးများကို ရိုဟင်ဂျာဟု သုံးနှုန်းပြောဆိုပါက ဆန္ဒပြမည်ဟု ရခိုင်တိုင်းရင်းသားလူမှု အဖွဲ့အစည်းအချို့၏ ဦးဆောင်သူများက ပြောသည်။
Obama-visits-Myanmar
ရန်ကုန် တက္ကသိုလ်တွင် အိုဘားမား မိန့်ခွန်းပြောစဉ်။ (ဓာတ်ပုံ - အီးပီအေ)
“သမ္မတဦးသိန်းစိန် ကိုယ်တိုင်က ရိုဟင်ဂျာဆိုတာ မရှိပါဘူးလို့ တရားဝင်ပြောထားပါလျက် အိုဘာမားက လက်မခံဘဲ ထပ်ပြီး ရိုဟင်ဂျာလို့ သုံးနှုန်းပြောလာမယ်ဆိုရင် ကျွန်တော်တို့ ကန့်ကွက် ဆန္ဒပြသွားမယ်” ဟု ကျောင်းသားသမဂ်္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီ အထွေထွေအတွင်းရေးမှူး ကိုရဲမင်းဦးက မဇ္ဈိမကို ပြောသည်။
အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် ၂၀၁၂ ခုနှစ်အတွင်း ၎င်း၏ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်၌ ရိုဟင်ဂျာဟု သုံးနှုန်းပြောကြားမှု အချို့ရှိခဲ့၍ ရခိုင်အမျိုးသားကွန်ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်း၊ အိုဘားမားထံ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခြင်း တို့ ဆောင်ရွက်ဖူးသည်။
ထို့ကြောင့် ၎င်း၏ ဒုတိယမြောက် မြန်မာနိုင်ငံခရီးစဉ်အတွင်း ရိုဟင်ဂျာဟု ထပ်မံသုံးနှုန်းခြင်းရှိမရှိ စောင့်ကြည့်သွားမည်ဖြစ်ပြီး သုံးနှုန်းပါက ဆန္ဒပြပွဲလုပ်သည် အထိ ကန့်ကွက်ရန် ရခိုင်တိုင်းရင်းသား အဖွဲ့အချို့က စီစဉ်နေခြင်းဖြစ်သည်။
ရခိုင်ပဋိပက္ခစုံစမ်းရေးကော်မရှင်တွင် ပါဝင်ခဲ့သူ ဒီမိုကရက်တစ်ပါတီ(မြန်မာ) အထွေထွေအတွင်းရေးမှူး ဒေါ်သန်းသန်းနု က “အိုဘားမားအနေနဲ့ ဧည့်သည်တော် အဖြစ်နဲ့လာတဲ့အခါမှာ အဲဒီတိုင်းပြည်က ပြည်သူတွေ မနှစ်သက်တဲ့ အသုံးအနှုန်းကို မသုံးတာ ပိုကောင်းပါတယ်။ ယဉ်ယဉ်ကျေး ကျေးသုံးမယ်ဆိုရင် အစ္စလာမ်ဘာသာဝင် မွတ်စလင်များလို့ သုံးရင်လည်း ဖြစ်တာပဲ” ဟု ပြောသည်။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီကမူ “အမေရိကန်သမ္မတဆိုတာမျိုးက အင်မတန်ကြီးတဲ့ရာထူးကို ရယူထားတဲ့သူ ဖြစ်တယ်။ ဒါမျိုးလူတစ်ယောက်ကို ကျွန်တော့် အနေနဲ့ ဘယ်လိုသုံးသင့်တယ်၊ မသုံးသင့်ဘူး ဆိုတာမျိုး မှတ်ချက်မပေးရဲပါဘူး။ သူသုံးသင့်တဲ့ စကားကို သူသုံးမှာပဲ။ သူပြောတဲ့ စကားကိုလည်း သူတာဝန်ယူမှာပါလိမ့်မယ်” ဟု မှတ်ချက်ပြုသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “ဆန္ဒပြသင့်တဲ့ ကဏ္ဍဆိုရင်တော့ ဆန္ဒပြ သင့်တယ်။ ဒါပေမဲ့လည်း ရခိုင်တစ်မျိုးသားလုံး ဆတ်ဆတ်ထိ မခံတဲ့ လက်မခံနိုင်တဲ့ အသုံးအနှုန်းမျိုးကို သုံးသွားမယ်ဆိုရင်တော့ ကျွန်တော်တို့ပါတီ အနေနဲ့ ဒီအတိုင်းမနေပါဘူး။ တစ်ခုခု တုံ့ပြန်သွားမှာပါ”ဟု ဆိုသည်
ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦးတင် ထူးအောင်က “သမ္မတ အိုဘားမားအနေနဲ့ ဒီအသုံးအနှုန်းကိုပဲ ထပ်ပြီးသုံးမလား။ မြန်မာနိုင်ငံမှာမရှိတဲ့ လူမျိုးနာမည်ကို သုံးနှုန်းပြောဆိုလာမယ် ဆိုရင်တော့ ကျွန်တော် တို့ဘက်ကလည်း ကန့်ကွက်သင့် ကန့်ကွက်မယ်။ ရှုတ်ချသင့် ရှုတ်ချရမယ်၊ ဆန်္ဒပြသင့် ရင်လည်း ဆန္ဒပြသွားမည်”ဟု ဆိုသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ရခိုင်အမတ် ဦးဖေသန်း ကလည်း ထိုသို့ သုံးနှုန်းလျှင် မည်သူ့ကိုမဆို ကန့်ကွက်သင့် သည်ဟု ပြောသည်။
နေပြည်တော်တွင် နိုဝင်ဘာ ၁၂ ရက် နှင့် ၁၃ ရက်၌ ကျင်းပမည့် ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်း အဝေးသို့ အမေရိကန် သမ္မတ အိုဘားမား တက်ရောက်ရန်ရှိပြီး နိုဝင်ဘာ ၁၄ ရက်တွင် ရန်ကုန် မြို့သို့ လာရောက်ရန်ရှိနေသည်။
ယင်းသို့ အချိန်တွင် အမေရိကန် သံရုံးမှတစ်ဆင့် ကြိုတင် အိတ်ဖွင့်ပေးစာ တစ်စောင်ပို့ရန် စီစဉ်နေသည်ဟု ကိုရဲမင်း ဦးကဆိုသည်။
(သတင်းအရင်းအမြစ်- Mizzima Burmese)

ဒုက္ခသည်အားလုံးကို ပြန်လက်ခံရန် ဘင်္ဂလားဒေ့ရှ်သမ္မတ တောင်းဆိုမှု ဦးသိန်းစိန် ပယ်ချ

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းများရှိ မြန်မာဒုက္ခသည်ဆိုသူ အားလုံးကို ပြန်လည်လက်ခံရန် ဘင်္ဂလားဒေ့ရှ်သမ္မတ၏ တောင်း ဆိုမှုကို သမ္မတဦးသိန်းစိန်က ပယ် ချလိုက်ပြီး နှစ်နိုင်ငံညှိနှိုင်းထား သည့် ဒုက္ခသည်နှစ်ထောင်ကျော် သာ ပြန်လည်စိစစ်လက်ခံမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သမ္မတ အား ပြောကြားခဲ့သည်ဟု သတင်း ရရှိသည်။
နိုဝင်ဘာ ၉ ရက်က တရုတ် နိုင်ငံ ဘေဂျင်းမြို့တွင် ကျင်းပ လျက်ရှိသော အေပက်အလွန် ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အခွင့် အလမ်းများ ဆွေးနွေးပွဲမတိုင်မီ ဘင်္ဂလားဒေ့ရှ်သမ္မတ အဗ္ဗဒူလ် ဟာမစ်နှင့်
နှစ်နိုင်ငံ ခေါင်းဆောင်ချင်း သီးသန့် တွေ့ဆုံမှုတွင် အထက်ပါအတိုင်း ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သမ္မတခရီးစဉ်တွင်လိုက်ပါသွား သည့် သမ္မတ၏ပြောရေးဆိုခွင့်ရှိ သူ ဝန်ကြီးဦးရဲထွဋ်က ပြောသည်။
 ‘‘ဘင်္ဂလားဒေ့ရှ်ဘက်က သူတို့ ဒုက္ခသည်စခန်းမှာရှိတဲ့လူ တွေကို စိစစ်လက်ခံပေးဖို့ ပြော တာပါ။ ဒါပေမဲ့ မြန်မာဘက်က တော့ ဒုက္ခသည်စခန်းက ဘင်္ဂါလီ တွေကို နှစ်နိုင်ငံ သဘောတူညီ ထားတဲ့စစ်ဆေးမှု မူလေးချက်နဲ့ပဲ စစ်ဆေးလက်ခံနိုင်မယ်ဆိုတာ သမ္မတက ထပ်ပြောပါတယ်။ အရင်ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ ဆွေးနွေးတုန်းက လည်း ဒီသဘောထားအတိုင်းပဲ ပြောခဲ့တာပါ။ နှစ်နိုင်ငံသဘောတူထားတာကလည်း ၂၀၀၅ ကတည်းကဖြစ်တယ်။ လူနှစ် ထောင်ကျော်ပဲရှိပါတယ်။ ဒါတွေ ကိုလည်း အခုတကယ်ရှိ၊ မရှိဆို တာ ထပ်စိစစ်ရဦးမှာပါ’’ ဟု ၎င်းက ပြောကြားသည်။
အဆိုပါ ဒုက္ခသည် နှစ် ထောင်ကျော်ကို ၂၀၀၅ ကတည်းက မြန်မာနိုင်ငံသားဖြစ် ကြောင်း အထောက်အထားလက် မှတ်ရှိခြင်း၊ သက်သေပြနိုင်ခြင်း၊ မြန်မာနိုင်ငံသားမိဘနှစ်ပါးမှမွေး ဖွားခြင်းအပါအဝင် စစ်ဆေးမှု မူလေးချက်နှင့် နှစ်နိုင်ငံညှိနှိုင်း သဘောတူထားခြင်းဖြစ်ပြီး ပြီးခဲ့ သည့် ဇူလိုင်က ဒါကာတွင် အဆို ပါ ဒုက္ခသည်များကို ပြန်လည် စိစစ်လက်ခံရန် နှစ်နိုင်ငံထပ်မံ သဘောတူညီခဲ့ပြီး စိစစ်ရေးအဖွဲ့ ဖွဲ့စည်းထားသည်။
မြေပြင်အခြေအနေများအရ အဆိုပါစိစစ်ပြီး ဒုက္ခသည်နှစ် ထောင်ကျော်အနက် အများစုမှာ မြန်မာနိုင်ငံသို့ ပြန်လည်လာ ရောက်လိုခြင်းမရှိကြောင်း နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ လာသော သတင်းများအရ သိရသည်။ဘင်္ဂလားဒေ့ရှ်သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူက ‘‘ဘင်္ဂလားဒေ့ရှ်ဘက်က ရင်ဆိုင်နေရတဲ့ ဒီကိစ္စနှစ်ခု(ရိုဟင်ဂျာနှင့် မူးယစ်ဆေးဝါး)ကို မြန်မာသမ္မတကိုအသိပေးခဲ့တယ်။ တတ်နိုင်သမျှ အမြန်ဆုံး သူတို့နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ တိုက်တွန်းခဲ့တယ်’’ဟု BD News 24.com သတင်းဌာနသို့ ပြော သည်။
ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် လူမျိုးအများစုမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ တရားမ၀င် ၀င် ရောက်လာသော ဘင်္ဂါလီလူမျိုး မျာသာဖြစ်ပြီး တိုင်းရင်းသားဘာ သာစကားမတတ်ကျွမ်းသူအများ စုဖြစ်ကြောင်း ရခိုင်အမျိုးသားရေး အင်အားစုများကပြောကြားထား သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ရိုဟင်ဂျာလူမျိုး ငါးသိန်းခန့်ရှိမည် ဟုခန့်မှန်းထားပြီး UNHCRလက် မှတ်ရ ရိုဟင်ဂျာ ဒုက္ခသည် သုံး သောင်းရှိကြောင်း BD News 24.comကဆိုသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခေါင်း ဆောင်များအနေဖြင့် မြန်မာအစိုး ရအဖွဲ့၊ နိုင်ငံရေးအင်အားစုအချို့ နှင့်တွေ့ဆုံတိုင်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းရှိ ဘင်္ဂါလီ ဒုက္ခသည်များမှာ မြန်မာနိုင်ငံမှ လာရောက်ခြင်းဖြစ်ပြီး မြန်မာအစိုးရက ပြန်လည်လက်ခံရန် အစဉ်တိုက်တွန်းတောင်းဆိုလေ့ ရှိသည်။ ယခု နှစ်ဆန်းပိုင်းက ဘင်းစတက် အစည်းအဝေးတွင်သမ္မတဦးသိန်းစိန်ကို ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ဘင်္ဂါလီ ဒုက္ခ သည်တစ်သိန်းကျော် ပြန်လည် လက်ခံရန် တောင်းဆိုခဲ့သည်။
      သမ္မတ ဦးသိန်းစိန်နှင့် သမ္မတအဗ္ဗဒူလ်ဟာမစ်တို့တွေ့ဆုံမှုကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ဘင်္ဂါလီ (ဘင်္ဂလားဒေ့ရှ်သမ္မတက ယခု တစ်ခေါက်တွင် ရိုဟင်ဂျာဟု မသုံးစွဲခဲ့) အရေးကိစ္စအပါအဝင် နယ်စပ်လုံခြုံရေး၊ မူးယစ်ဆေးဝါး နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ကုန်သွယ်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံ ကြား ပုံမှန်ရေကြောင်း၊ လေ ကြောင်း ဆက်သွယ်ရေးတို့ကို ဆွေးနွေးခဲ့သည်ဟု ဦးရဲထွဋ်က ပြောသည်။
(သတင်းအရင်းအမြစ်- 7 Days News)

မြန်မာနိုင်ငံမှ ဆိုသူများကို ပြန်လက်ခံရန် ဘင်္ဂလာဒေခ်ျ့ သမ္မတတောင်းဆိုမူ သမ္မတဦးသိန်းစိန် ပယ်ချ


Burma-Bangladesh
အထောက်အထားမဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဒုက္ခသည် စခန်းများတွင် နေထိုင်နေကြသော မြန်မာနိုင်ငံသား ဆိုသူများကို ပြန်လည် လက်ခံရန် ဘင်္ဂလာဒေခ်ျ့ သမ္မတ၏ တောင်းဆိုမူကို မြန်မာ သမ္မတ ဦးသိန်းစိန်က ပယ်ချလိုက်ကြောင်း ယနေ့ နံနက်က ထုတ်လွှင့်သွားသော မန္တလေး FM သတင်းတွင် ဖေါ်ပြသည်။
နိုဝင်ဘာ ၉ ရက်နေ့က မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ဘင်္ဂလာဒေခ်ျ့ သမ္မတတို့ တရုတ်နိင်ငံ ဘီဂျင်းမြို့တွင် APEC (အေပက်အလွန် ဒေသ၏ ဖွံ့ဖြိုးတိုးတက်မူနှင့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလန်းများ) အစည်းအဝေး မတိုင်မီ သီးသန့်တွေ့ဆုံရာတွင် ဘင်္ဂလာဒေခ်ျ့ သမ္မတက ထိုသို့ တောင်းဆိုခဲ့သည်ဟု မန္တလေး FM မှ The Voice ဂျာနယ်ကို ကိုးကားဖေါ်ပြသည်။
မြန်မာ သမ္မတမှ စခန်းနှစ်ခုရှိ ယခင်စိစစ်ရန် သဘောတူထားသော လူပေါင်း ၂၄၀၀၀ ကိုသာ အချက် (၄) ချက်ဖြင့် ပြန်လည် စိစစ်ပြီး လက်ခံသွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။
ဘင်္ဂလာဒေခ်ျ့ နိင်ငံတွင် အထောက်အထား တစ်စုံတစ်ရာ မရှိသည့်အပြင် မြန်မာစကားကိုလည်း မပြောတတ်သော ဘင်္ဂလီလူမျိုး တစ်သိန်းခန့်ကို ဒုက္ခသည် စခန်းများတွင် စုဆောင်းထားပြီး သူတို့မှာ မြန်မာနိုင်ငံသားများ ဖြစ်သည်ဆိုကာ ဘင်္ဂလာမှ မြန်မာနိုင်ငံကို ပြန်ပို့ရန် လိုလားနေသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, November 5, 2014

နေပြည်တော်အတွက် အိုဘားမားသယ်လာမည့် သတင်းစကား

ဓာတ်ပုံ-အီးပီအေ
သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ လာရောက်ရန် သီတင်းတစ်ပတ်အချိန်အားဖြင့် နာရီပေါင်း ၁၆၈ နာရီသာ လိုပါတော့သည်။
အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေး တက်ရောက်ရန် အိုဘားမား နေပြည်တော်သို့ နိုဝင်ဘာ ၁၂ ရက်တွင် ရောက်ရှိလာမည်ဖြစ်သည်။ လွန်ခဲ့သည့် ၂ နှစ် မြန်မာနိုင်ငံသို့ သမိုင်းဝင် ခြောက်နာရီကြာ ခရီးစဉ်အပြီး ဒုတိယအကြိမ်လာရောက်မည့် သမ္မတအိုဘားမား ပြုပြင်ပြောင်းလဲရေးကာလ မြန်မာနိုင်ငံအတွက် ဘယ်လိုမိန့်ခွန်းမျိုး သယ်ဆောင်လာမလဲဆိုတာကို နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ပြည်တွင်းက စိတ်ဝင်တစား စောင့်ကြည့်နေကြချိန်လည်း ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲကျင်းပရန် တစ်နှစ်ခန့်သာလိုတော့ချိန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအင်အားစုများနှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံခဲ့သည့် နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲမှာ အစိုးရက ဟန်ပြလုပ်သည်ဟု သတင်းများထွက်ပေါ်ချိန်တွင် ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင် ဦးအောင်သောင်းကို ပိတ်ဆို့မှုစာရင်းထဲ ထည့်သွင်းလိုက်ခြင်းက မြန်မာအစိုးရကို အမေရိကန်က သတိပေးလိုက်သည့် သင်္ကေတဟု မှတ်ယူကြောင်း ပြောကြားမှုများ ရှိလာသည်။
ထို့ကြောင့် နေပြည်တော်တွင် ပြောကြားမည့် အိုဘားမား၏မိန့်ခွန်းတွင် အခြေခံဥပဒေပြင်ဆင်ရေးအပါအ၀င် ၂၀၁၅ ရွေးကောက်ပွဲနှင့် ပြည်တွင်းငြိမ်းချမ်းရေးတို့ကို ရှင်းလင်းတိကျသည့် သတင်းစကားများဖြင့် မြန်မာအစိုးရအား ဖိအားပေး ပြောကြားစေလိုကြောင်း ယခုဆောင်းပါးအတွက် မေးမြန်းထားသည့် ကဏ္ဍအသီးသီးမှ ကိုယ်စားလှယ်များက တိုက်တွန်းပြောကြားသည်။
ပြည်တွင်းအကျပ်အတည်းတွင် အမေရိကန်အစိုးရအနေဖြင့် မည်သို့သဘောထားရှိသည်ဆိုသည်မှာ ခန့်မှန်းရခက်သော်လည်း အတိုက်အခံများ၏အသံမှာ ယခင်စစ်အစိုးရလက်ထက်ကကဲ့သို့ တစ်သံတည်းမဟုတ်တော့၍ ၎င်း၏မိန့်ခွန်းတွင် အားလုံး၏အသံ ထင်ဟပ်ရန်မှာမူ ခက်ခဲမည်ဖြစ်ကြောင်း မြန်မာပြည်သူ့ဖိုရမ်ဖြစ်မြောက်ရေးတာဝန်ခံ ဦးကျော်လင်းဦးက ပြောသည်။
‘‘သူ့ (အိုဘားမား)မှာလည်း ဖိအားတွေရှိတယ်။ မြန်မာကို အနီးကပ်ဆက်ဆံတဲ့အတွက် သူ့ပါတီဒီမိုကရက်ရော၊ ရီပက်ဘလေကန်ရဲ့ ဝေဖန်မှုကိုပါ သူခံရတာ။ ဒါကို ပြန်တုံ့ပြန်တဲ့အနေနဲ့ တစ်ကမ္ဘာလုံးက စိတ်ဝင်စားတဲ့ ရခိုင်ကိစ္စနဲ့ ရွေးကောက်ပွဲကိုပဲ ဦးစားပေးပြီး ပြောတာဖြစ်တယ်။ ဒါပေမဲ့ ဒီမှာလည်း အတိုက်အခံက အရင်လိုမညီတော့တဲ့အတွက် အခု သူပြောမယ့် မိန့်ခွန်းမှာတော့ အတိုက်အခံတွေရဲ့ အသံတွေ အများကြီးတော့ ထင်ဟပ်မှာ မဟုတ်ဘူး။ သေချာပေါက်တော့ ရွေးကောက်ပွဲကိစ္စကို ပြောဖို့လိုတယ်’’ဟု ၎င်းကပြောသည်။
ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ အားလုံးရှေ့တွင် အိမ်ရှင်နိုင်ငံ မျက်နှာပျက်လောက်သည့် အကြီးအကျယ်ဝေဖန်ပြစ်တင်မှုမျိုးကို အိုဘားမားလုပ်မည်မဟုတ်သော်လည်း သမ္မတဦးသိန်းစိန်နှင့် နှစ်ဦးတည်းတွေ့ဆုံမှုတွင် ၂၀၁၅ ရွေးကောက်ပွဲ၌ အားလုံးပါဝင်နိုင်ရေးထက် ပိုပြီးတိကျသည့် ဒေါ်အောင်ဆန်းစုကြည်ကို ကန့်သတ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကို ဖိအားပေးသည့် သတင်းစကား ပြောလိမ့်မည်ဟု ယူဆကြောင်း ကမာရွတ်မီဒီယာတည်ထောင်သူ ကိုနေသန်မောင်က ခန့်မှန်းသုံးသပ်သည်။
‘‘ဂျွန်ကယ်ရီလာတုန်းက ပြောသွားတဲ့အချက်လေးချက်ကို ဆက်လုပ်မယ်လို့ ဦးသိန်းစိန်က ကတိပေးလိုက်လို့ အခုအိုဘားမားလာတာလို့ ကျွန်တော်သိထားတယ်။ ဦးသိန်းစိန် ရှေ့ဆက်သွား၊ မသွားကို သူစိတ်မ၀င်စားဘူး။ ဂျွန်ကယ်ရီကိုပေးလိုက်တဲ့ အချက်လေးချက် အကောင်အထည် ဖော်၊ မဖော်ကိုပဲ အိုဘားမားက စိတ်ဝင်စားတယ်။ ကျွန်တော်တို့ မြင်ရသလောက်တော့ အဲဒီအချက်လေးချက်က အခုထိ တစ်ခုမှ ဖြစ်မလာဘူး။ ဒါကြောင့် ဦးအောင်သောင်းကို နမူနာနဲ့အချက်ပြလိုက်တာ။ အဲဒီနမူနာကို ဦးသိန်းစိန် မယူဘူးဆိုရင်တော့ ဒါ လက်ရှိအစိုးရအတွက် အကျပ်အတည်း အကြီးကြီးတွေ့တော့မယ်’’ဟု ၎င်းကပြောသည်။
ဂျွန်ကယ်ရီက နေပြည်တော်ခရီးစဉ်တွင် ၂၀၁၅ ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အားလုံးပါဝင်နိုင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး၊ မူးယစ်ဆေးဝါးပြဿနာကိုင်တွယ်ဖြေရှင်းရေးနှင့် ပြည်တွင်းအကြမ်းဖက်ပဋိပက္ခများ အဆုံးသတ်ရေးတို့ကို တောင်းဆိုခဲ့ခြင်းဖြစ်ပြီး အဆိုပါ mandate များကို ဦးသိန်းစိန်က ဆက်လုပ်မည်ဟု ကတိက၀တ်ပြုခဲ့ခြင်းကြောင့် ယခု အိုဘားမား လာရောက်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
ယခင်စစ်အစိုးရလက်ထက်တွင် အတိုက်အခံများအားလုံးက အသံတစ်ညီတည်း ထွက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေးနှင့် တိုင်းပြည်ကို ဒီမိုကရေစီစနစ်သို့ ပြုပြင်ပြောင်းလဲရေးတို့ ဖြစ်သည်။
ယခုအစိုးရသစ်လက်ထက်တွင်တော့ အဓိကအင်အားကြီးအတိုက်အခံပါတီဖြစ်သည့် ဒီချုပ်ပါတီနှင့် ၈၈ မျိုးဆက်များက ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် လေးပွင့်ဆိုင်တွေ့ဆုံရေးကို တောင်းဆိုသည်။ တိုင်းရင်းသားအင်အားစုများက ပြည်တွင်းငြိမ်းချမ်းရေးနှင့် တန်းတူညီမျှမှုကို တောင်းဆိုသည်။ လက်နက်ကိုင်အင်အားစုများက ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တောင်းဆိုသည်။ တက်ကြွလှုပ်ရှားသူများက လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို တောင်းဆိုသည်။
သမ္မတအိုဘားမားမလာမီ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်က အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ်များနှင့် သတင်းမီဒီယာအချို့ကို ဖိတ်ခေါ်တွေ့ဆုံထားသည်။ ထို့ပြင် ကချင်ပြည်နယ်သို့ သွားရောက်၍ အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့ဝင်များနှင့် မြေပြင်အခြေအနေတို့ကို သွားရောက်တွေ့ဆုံလေ့လာထားသည်။
‘‘သံအမတ်ကြီးဒဲရစ်မစ်ချယ်က သူ့သမ္မတကြီးမလာခင်ကတည်းက တွေ့စရာရှိတဲ့လူတွေနဲ့ တွေ့ထားတယ်။ ကဏ္ဍအသီးသီးမှာ စိုးရိမ်မှု ဘာတွေရှိလဲဆိုတာကို သူတို့နားထောင်ထားတယ်ဆိုတော့ အဲဒီအသံတွေလည်း သမ္မတကို စုပို့ပေးမှာသေချာတယ်။ ဒီတော့ နေပြည်တော်မှာ မြန်မာနဲ့ပတ်သက်တဲ့ မိန့်ခွန်းကတော့ ပြည်တွင်းအခြေအနေတွေကို အားလုံးထင်ဟပ်အောင် ပြောပေးမယ်လို့တော့ ယုံကြည်တယ်။ ယူဆတယ်။ ဒါပေမဲ့ နှစ်နိုင်ငံ သံတမန်ရေးအရတော့ ကျွန်မတို့ တက်ကြွလှုပ်ရှားသူတွေလိုတော့ ပြောချင်မှပြောမှာပေါ့’’ဟု အရပ်ဘက်အဖွဲ့အစည်းများ ဖြစ်မြောက်ရေး ကော်မတီအဖွဲ့မှ ဒေါ်ခင်လေးက ပြောကြားသည်။
သို့သော် သမ္မတအိုဘားမားမလာမီ ဦးအောင်သောင်းကို ပိတ်ဆို့မှုစာရင်းထဲ ထည့်ပြလိုက်သည့်အတွက် အမေရိကန်က မြန်မာအစိုးရ၏ တစ်ဖက်သတ်စကားကိုပဲ မျက်စိမှိတ်ယုံကြည်နေခြင်းမဟုတ်ဟု အိုဘားမားက ပြသလိုက်သည်ဟု ယုံကြည်ကြောင်း ဒေါ်ခင်လေးက ဆက်လက်ပြောကြားသည်။
အိုဘားမား သမ္မတကျမ်းသစ္စာကျိန်ဆိုသည့် မိန့်ခွန်းတွင် အာဏာရှင်အစိုးရများထံ သတင်းစကားပါးခဲ့ဖူးသည်။
‘‘ခင်ဗျားတို့ သံလက်သီးဆုပ်ဖြေရင် ကျွန်တော်တို့က လက်ကမ်းပါ့မယ်’’ ဆိုသည့် စကားဖြစ်သည်။
သမ္မတသက်တမ်း ဒုတိယအကြိမ် ရွေးကောက်ခံရပြီး ပထမဆုံးပြည်ပခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာစဉ်ကလည်း ရန်ကုန်တက္ကသိုလ်မိန့်ခွန်းတွင် ဒီစကားကို သူ ပြန်သုံးစွဲခဲ့သည်။ လက်သီးဆုပ်ဖြေပြခဲ့သော မြန်မာအစိုးရကို သူက ထိတွေ့ဆက်ဆံမှုနှင့် ပိတ်ဆို့အရေးယူမှုဟူသည့် (Dual Track) နှစ်လမ်းသွားမူဝါဒဖြင့် သံတမန်ဆက်ဆံရေး ပြန်လည်စတင်ခဲ့သည်။ သို့သော် လက်ရှိအချိန်တွင် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများ နောက်ပြန်လှည့်သည့် အရိပ်အယောင်များ ရှိနေကြောင်း ကုလသမဂ္ဂညီလာခံက မကြာမီတွင် ထုတ်ပြန်ခဲ့သည်။

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် အိုဘားမား မိန့်ခွန်းပြောနေစဉ်/ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ယခု ဒုတိယအကြိမ် မလာရောက်မီ အိုဘားမားက ဦးသိန်းစိန်ထံ ဖုန်းဖြင့် ဆက်သွယ်ပြောကြားရာတွင် ရခိုင်ပြည်နယ်အရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲကိုသာ ၎င်းက ဦးစားပေးပြောခဲ့သည်။ တကယ်တမ်းတွင် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ သတင်းထောက်များ ထောင်ချခံရခြင်း၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ အားမကောင်းသေးခြင်းနှင့် တရားဥပဒေစိုးမိုးရေး စသည့် ပြဿနာပေါင်းများစွာ ရှိနေသည့်အထဲမှ  ယင်းနှစ်ချက်ပဲ ပြောခြင်းမှာ ရုပ်ပြဆန်လွန်းကြောင်းလည်း အိုဘားမားအပေါ် အချို့ကဝေဖန်သည်။
‘‘မြန်မာနိုင်ငံရဲ့ လတ်တလော အကျပ်အတည်းကြီးနှစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေး အကျပ်အတည်းပဲ။ ဖွဲ့စည်းပုံအကျပ်အတည်းကို မဖြေရှင်းနိုင်သရွေ့ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ အခြေခိုင်တဲ့ဘက်ကို ဦးတည်ပြီလို့ ပြောဖို့ခက်ပါတယ်။ အဲဒီအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ စားပွဲဝိုင်းတွေ့ဆုံဆွေးနွေးရေးက အရေးကြီးပါတယ်။ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ခရီးပေါက်ဖို့၊ အချိန်ဇယားနဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ တွေ့ဆုံဆွေးနွေးပွဲဖြစ်ဖို့ အမေရိကန်အစိုးရအနေနဲ့ ထိထိရောက်ရောက် ဖိအားပေးဆောင်ရွက်နိုင်ဖို့ လိုပါတယ်’’ဟု နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းက မှတ်ချက်ပြုသည်။
ပထမတစ်ခေါက်ခရီးစဉ်က ခြောက်နာရီသာဖြစ်၍ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် နာရီဝက်ခန့်၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဆယ့်ငါးမိနစ်ခန့်သာ တွေ့ဆုံခဲ့ရသည်။ ယခုတစ်ခေါက်တွင် ရန်ကုန်၌ ဒေါ်အောင်ဆန်းစုကြည်၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဘာသာရေးခေါင်းဆောင်များနှင့် သမ္မတအိုဘားမား တွေ့ဆုံရန်ရှိကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။
‘‘အိုဘားမားက ၂၀၁၅ ရွေးကောက်ပွဲကို ကောင်းကောင်းမွန်မွန်ဖြစ်စေချင်ရင် ဖွဲ့စည်းပုံပြင်ပေးဖို့ တိုက်တွန်းရမယ်။ ဖွဲ့စည်းပုံဆိုတာမှာ အဓိကကျတာက ပုဒ်မ ၄၃၆ ကိုပြင်မှပဲ ရွေးကောက်ပွဲကအဓိပ္ပာယ်ရှိမှာ။ ဒါကြောင့် ၄၃၆ ပြင်ဆင်ရေးကို အားလုံးဝိုင်းလုပ်ဖို့ တိုက်တွန်းပေးစေချင်တယ်။ ဒုတိယအရေးကြီးဆုံးက ပြည်တွင်းငြိမ်းချမ်းရေးပဲ’’ ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက ပြောသည်။
သို့သော် နိုင်ငံတကာအမြင်တွင်မူ အိုဘားမားသည် ၎င်းအပေါ် နိုင်ငံရေးအရ ဖိအားပေးမှုများအပေါ် သက်သေထူတုံ့ပြန်ရန် မြန်မာအစိုးရအပေါ်ထားသည့် နိုင်ငံခြားရေးမူဝါဒကို ဆက်လက်ကျင့်သုံးမည်ဖြစ်ပြီး ဖိအားပေးပြောကြားမှုမျိုး ရှောင်လိမ့်မည်ဟု ယူဆကြောင်း အာဆီယံရေးရာကျွမ်းကျင်သူ ထိုင်းသတင်းစာဆရာ မစ္စတာက၀ီက ပြောသည်။
‘‘အိုဘားမားက မြန်မာအပေါ် သူထားတဲ့မူဝါဒအပေါ် အရမ်းဂုဏ်ယူနေတယ်။ သူ အဓိကပြောမှာကတော့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကိုရောက်ဖို့ အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းကိုပဲ ဦးတည်ပြောလိမ့်မယ်။ တခြားဟာတွေ သိပ်အများကြီး ပြောမယ်မထင်ဘူး။ ဖွဲ့စည်းပုံပြင်ဆင်ရေးအပေါ်တော့ စောဒကတက်တာ သံသယဖြစ်နေမှာတော့ ရှိကောင်းရှိမယ်။ လူ့အခွင့်အရေးတို့၊ သတင်းလွတ်လပ်ခွင့်တို့ကိုလည်း သူတိုက်တွန်းတော့ တိုက်တွန်းလိမ့်မယ်။ ဒါပေမဲ့ အစိုးရဆီက သူအများကြီးတော့ မမျှော်လင့်ဘူး’’ဟု ဆိုသည်။
ထို့ပြင် အိုဘားမားမှာ နောက်ထပ်သမ္မတသက်တမ်းအတွက်လည်း မျှော်လင့်စရာမရှိတော့သည့်အတွက် မြန်မာနှင့်ဆက်ဆံရေးအပေါ် အမြဲဖိအားပေးနေသည့် အမေရိကန်ကွန်ဂရက်နှင့် အင်အားစုများကို အလွန်ဂရုတစိုက်ပြုလိမ့်မည်ဟု မထင်ကြောင်း ဦးကျော်လင်းဦးက ပြောကြားသည်။
‘‘သူက ဒီသက်တမ်းပဲပြီးရင် မျှော်လင့်စရာမရှိတော့ဘူး။ ဒီတော့ မြန်မာနဲ့ပတ်သက်လို့ ဇာတ်သိမ်းကောင်းကိုပဲ သူလုပ်သွားမှာပါ’’ဟု ၎င်းကပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အားလုံးပါဝင်ခွင့်ရရေးနှင့် လွတ်လပ်ပြီး တရားမျှတရေးအတွက် အမေရိကန်က တစ်ချိန်လုံးပြောနေရခြင်းမှာ အဓိကအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ကန့်သတ်ထားသည့် ၅၉(စ) အပါအ၀င် ဖွဲ့စည်းပုံပြင်ဆင်ရေး တိုက်တွန်းမှုတစ်ခုဟုပင်မြင်ကြောင်း ကိုနေသန်မောင်က ပြောသည်။
ပြည်သူတစ်ဦးအနေဖြင့် ရွေးကောက်ပွဲတရားမျှတရန်နှင့် ရွေးကောက်ပွဲမတိုင်မီ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးနိုင်ရန် အိုဘားမားအနေဖြင့် တိုက်တွန်းသင့်ကြောင်း ယခင်သံအမတ်ကြီးဟောင်း ဦးမောင်မောင်စိုးတင့်က ပြောသည်။
‘‘ဒုတိယအရေးကြီးတာက ဖွဲ့စည်းပုံအခြေခံဥပဒေကို ခေတ်နဲ့အညီ ပြင်နိုင်မလား။ အဲဒါတစ်ခု အဆင်ပြေရင် နိုင်ငံရေးအင်အားစုတွေနဲ့ ထိပ်သီးဆွေးနွေးပွဲကို အားပေးပြီး မကြာခဏလုပ်ပေးဖို့ ထည့်ပြောစေချင်တယ်’’ဟု ၎င်းကပြောသည်။
အရေးကြီးဆုံးအချက်မှာ နိုင်ငံတကာက ၀ိုင်းဝေဖန်နေသည့် ဘင်္ဂါလီ (အိမ်ဖြူတော်က ရိုဟင်ဂျာဟုသာသုံးစွဲ) ပြဿနာကို ပြောကြားသည့်အခါ အိုဘားမားကိုယ်တိုင် မြေပြင်အခြေအနေကို နားလည်လေ့လာပြီးမှသာ အချက်အလက်နှင့် ပြောသင့်ပြီး တစ်ဖက်သတ်ကောက်ချက်မချသင့်ကြောင်း ၎င်းကအကြံပြုသည်။
ယနေ့မှစရေတွက်လျှင် ရက်ပေါင်း ခုနစ်ရက်၊ နာရီပေါင်း ၁၆၈ နာရီကုန်လွန်ပြီးနောက် နေပြည်တော်တွင် သမ္မတဦးသိန်းစိန်နှင့် သမ္မတအိုဘားမား၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တတိယအကြိမ် နှစ်ဦးတည်းသီးသန့်တွေ့ဆုံမှု ထပ်မံပြုလုပ်ပါတော့မည်။ ယင်းတွေ့ဆုံပွဲအပြီးတွင် မြန်မာအစိုးရအပေါ် အမေရိကန်အစိုးရ ဘယ်လိုသဘောထားသလဲဆိုသည့် သတင်းစကားတစ်ခုကို အမေရိကန်သမ္မတအိုဘားမား အဖြေထုတ်ပေးတော့မည်ဖြစ်ပါသည်။
၂၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး (နိုဝင်ဘာ ၁၂၊ ၁၃၊ နေပြည်တော်)
-အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)က တစ်နှစ်လျှင် နှစ်ကြိမ်ထိပ်သီးအစည်းအဝေးများကို အလှည့်ကျဥက္ကဋ္ဌနိုင်ငံများတွင် ကျင်းပ။
-ပထမထိပ်သီးမှာ အာဆီယံအဖွဲ့ဝင် ဆယ်နိုင်ငံခေါင်းဆောင်များ သီးသန့်သာဖြစ်ပြီး ဒုတိယအကြိမ်တွင် အမေရိကန်အပါအ၀င် အာဆီယံဆွေးနွေးဖက်ရှစ်နိုင်ငံမှ ထိပ်တန်းခေါင်းဆောင်များ တက်ရောက်။
-အာဆီယံနှင့် ဆွေးနွေးဖက်သုံးနိုင်ငံ (Asean plus Three) အစည်းအဝေး၊ အာဆီယံ၊ အမေရိကန် အပါအ၀င် အရှေ့အာရှဒေသတွင်း ဆယ့်ရှစ်နိုင်ငံ ထိပ်သီးအစည်းအဝေး (East Asia Summit)တို့ ကျင်းပ။
-ဒေသတွင်းလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် အရှေ့အာရှထိပ်သီးအစည်းအဝေး (East Asia Summit)ကို ကျင်းပ။
-အာရှနှင့် အရှေ့တောင်အာရှတွင် တရုတ်သြဇာနှင့် ပါဝါကြီးထွားလာမှုကို ထိန်းချုပ်ပြီး balance လုပ်နိုင်ရန်နှင့် အမေရိကန်နှင့် အနောက်အုပ်စုတို့အတွက် အာဆီယံကို ဆက်သွယ်ရန် တံခါးပေါက်ဖြစ်သည့် ESA အစည်းအဝေးကို ၂၀၀၅ ခုနှစ်တွင် စတင်ကျင်းပခဲ့။
-ယင်းအစည်းအဝေးတွင် မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်း၊ ထိုင်း၊ အင်ဒိုနီးရှား စသည့် အာဆီယံဆယ်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ အရှေ့အာရှဒေသတွင်းမှ အိန္ဒိယ၊ တရုတ်၊ သြစတြေးလျ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုရီးယား စုစုပေါင်း ၁၈ နိုင်ငံ တက်ရောက်။
(သတင်းအရင်းအမြစ်- 7 Days News)

Thursday, September 11, 2014

ရိုဟင်ဂျာလို့မသုံးပါနဲ့။ ရိုဟင် ဂျာဆိုတာ မြန်မာ့သမိုင်းမှာဘယ် တုန်းကမှမရှိခဲ့ပါဘူး


ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများကို နိုင်ငံသားဥပဒေ နှင့်ညီပါက နိုင်ငံသားဖြစ်ခွင့်ပြု နိုင်သော်လည်း တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရန် တိုက်တွန်းမှုကို လုံးဝလက်မခံနိုင်ကြောင်း၊ ရခိုင်ဒေသ အခြေအနေမှန်ကို လက်တွေ့သိလိုပါက ရခိုင်သို့လာရောက်လေ့လာပြီးမှ ပြောကြားစေလိုကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
ထို့အပြင် ရခိုင်ပြည်နယ်ပဋိ ပက္ခသည်လူမျိုးစုနှစ်ခုကြားက ပြဿ     နာသာဖြစ်ပြီး ဗုဒ္ဓဘာသာ နှင့် အစ္စလာမ်တို့၏ ပဋိပက္ခအဖြစ် ပုံမဖော်ရန် ၎င်းက ဆက်လက် ပြောကြားသည်။
စက်တင်ဘာ ၈ ရက်က နယ်သာလန် လွှတ်တော်ဥက္ကဋ္ဌ၊ ပါလီမန်အမတ်များနှင့် တွေ့ဆုံ စဉ် ရိုဟင်ဂျာဒုက္ခသည်များကူညီ စောင့်ရှောက်မှုနှင့် နိုင်ငံမဲ့ရိုဟင် ဂျာများအရေးဟု ခေါင်းစဉ်တပ်၍ မေးမြန်းခဲ့သော နယ်သာလန် ပါလီမန်အမတ်တစ်ဦးအား ဦးသိန်းစိန်က ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ဘင်္ဂါလီများကို နိုင်ငံမဲ့ (stateless)ဟုပြော၍မရဘဲ အင်္ဂလိပ်လက်ထက်က လယ်လုပ်ရန် ရခိုင်ပြည်နယ်အတွင်းသို့ အတား အဆီးမဲ့ဝင်ခွင့်ပြုခဲ့သည့် လူဝင်မှု ကြီးကြပ်ရေးမူဝါဒကြောင့်ဖြစ်၍ ၎င်းတို့တွင် မူရင်းဒေသရှိပြီးဖြစ် ကြောင်း ဦးသိန်းစိန်က ပြောကြား သည်။
‘‘ဒီဘင်္ဂါလီတွေကို နိုင်ငံသား ဥပဒေနဲ့ညီရင် နိုင်ငံသားပြုပေး နိုင်တယ်။ လက်ရှိလည်းပေးထား တယ်။ ဆက်လည်းစိစစ်နေတယ်။ ဒါပေမဲ့ ဒီလူတွေကို တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုဖို့ဆိုတာ ဘယ်မြန်မာတိုင်းရင်းသားကမှ လက်မခံနိုင်ဘူး။ ပြီးတော့ သူတို့ ကို ရိုဟင်ဂျာလို့မသုံးပါနဲ့။ ရိုဟင် ဂျာဆိုတာ မြန်မာ့သမိုင်းမှာဘယ် တုန်းကမှမရှိခဲ့ပါဘူး’’ဟု သမ္မတ ဦးသိန်းစိန်က လွှတ်တော်အမတ် ကို ပြန်လည်တုံ့ပြန်ခဲ့သည်။
နယ်သာလန်ပါလီမန် အမတ်မှာ ၎င်းထံသို့ နယ်သာလန် အခြေစိုက် အဖွဲ့အစည်းတစ်ခုမှ ပေးပို့ထားသော ဘင်္ဂါလီအရေး နှင့်ပတ်သက်သည့်စာကို သမ္မတ နှင့် တွေ့ဆုံစဉ် ထုတ်ဖော်ရည် ညွှန်း မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သမ္မတနှင့်အတူ လိုက်ပါသွား သည့် ပြည်ထောင်စုဝန်ကြီး ဦးရဲ ထွဋ်က အီးမေးလ်မှတစ်ဆင့် ဖြေ ကြားသည်။
ထို့အပြင် နယ်သာလန် သတင်းဌာနအချို့ကလည်း သမ္မတဦးသိန်းစိန်ခရီးစဉ်အတွင်း ရိုဟင်ဂျာတို့ အရေးနှင့် ပတ်သက်၍ မေးမြန်းရန် နယ်သာလန် အစိုးရကို နယ်သာလန်အခြေစိုက် အစ္စလာမ်မစ် အဖွဲ့တစ်ဖွဲ့က တောင်းဆိုခဲ့ကြောင်း ဖော်ပြကြ သည်။
‘‘အခုအစိုးရက ရခိုင်မှာ ပဋိ ပက္ခထပ်မဖြစ်အောင်ထိန်းတယ်။ လူမျိုးစုနှစ်ခု သဟဇာတဖြစ် အောင် ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက် ရေးအတွက် စီမံချက်ဆွဲပြီး နိုင်ငံ တကာနဲ့ ပူးပေါင်းလုပ်ဆောင် မယ်။ လက်တွေ့သိချင်ရင် လာ လေ့လာပါလို့ သမ္မတကြီးက ဖြေ ကြားခဲ့ပါတယ်’’ဟု ဦးရဲထွဋ်က ဖြေကြားသည်။
နယ်သာလန် နိုင်ငံသည် ယခင်စစ်အစိုးရ လက်ထက်က မြန်မာ့အရေး လှုပ်ရှားသူများကို အခြေစိုက်နေထိုင်ခွင့်ပေးခဲ့သည့် နိုင်ငံဖြစ်ပြီး ယခုအခါ မြန်မာအစိုး ရနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နေသည့် နိုင်ငံလည်းဖြစ် သည်။ နယ်သာလန်လွှတ်တော် အသိုင်းအဝိုင်းနှင့်တွေ့ဆုံစဉ် မြန်မာ့နိုင်ငံရေးအခြေအနေနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အဓိကဆွေးနွေးခဲ့ပြီး ခရီးစဉ်တိုင်း အမြဲလို ဖိအားပေးခံခဲ့ရသည့် ရခိုင်ပြဿ     နာနှင့်ပတ်သက်၍ နယ်သာလန်လွှတ်တော်အမတ် တစ်ဦးကသာ မေးမြန်းခဲ့ခြင်းဖြစ်သည်။
(သတင်းအရင်းအမြစ်- 7Days News၊ ဓာတ်ပုံ- မှူးဇော် Facebook)

Wednesday, September 10, 2014

တရုတ်အဆောင် မီးရှို့မူဖြင့် မြန်မာအလုပ်သမား (၁၇) ဦး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ

china-opens-pipeline-to-bring-gas-from-myanmar
ရခိုင်ပြည်နယ် အမ်းမြို့နယ် တောင်စောက် တရုတ် ရေနံတွန်းအားပေး စက်ရုံရှိ တရုတ် အလုပ်သမား အဆောင် မီးရှို့မူနှင့် စွပ်စွဲ ဖမ်းဆီးခံထားရသူ မြန်မာ အလုပ်သမား ချင်းလူမျိုး (၁၇) ဦးကို အမ်းမြို့နယ်တရားရုံးက နှစ်ရှည် ထောင်ဒဏ်များ အသီးသီးချမှတ်လိုက်သည်။
စက်တင်ဘာလ (၅) ရက်နေ့ နောက်ဆုံး ရုံးချိန်းတွင် အမ်းမြို့နယ် တရားရုံးက ဦးဆောင်ပါဝင်သူ သုံးဦးကို ထောင် ၁၀ နှစ်၊ ကျန် ၁၄ ဦးကို ထောင် ၆ နှစ်စီ အသီးသီး စီရင်ချက်ချလိုက်ကြောင်း မြို့နယ် ရဲစခန်းတာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသည်။
“ သူတို့ထဲက ဓာတ်ဆီယူလာသူ၊ မီးခြစ်ပေးသူ၊ မီးရှို့သူ သုံးဦးကို ထောင် (၁၀) နှစ်စီ တရားရုံးက အပြစ်ပေးလိုက်တယ်။ ကျန် ၁၄  ဦးကိုတော့ ၆ နှစ်စီချလိုက်တယ်။ အမ်းမြို့နယ် တရားရုံးက  ခုလို သူတို့ကို ထောင်ဒဏ်တွေ ချမှတ်လိုက်တာဖြစ်ပါတယ်” ဟု သူက ဆိုသည်။
သူတို့အား ထောင်ချလိုက်သော ပုဒ်မများမှာ မီးရှို့မူ ပုဒ်မ ၄၃၆၊ ပိုင်နက်ကျူးလွန်မူ ပုဒ်မ ၄၅၂ နှင့် အကျိုးဖျက်ဆီးမူ ပုဒ်မ ၄၂၇ တို့ဖြစ်ကြောင်း၊ ထိုအထဲမှ မင်းကို၊ မောင်ဇော်နဲ့ ငမဲတို့မှာ ဦးဆောင်သူများဖြစ်၍ ထောင် (၁၀) နှစ်စီ ချမှတ်လိုက်ကြောင်း၊ ကျန် ၁၄ ဦးကို (၆) နှစ်စီ ချလိုက်ကြောင်း  အဆိုပါ ရဲတာဝန်ရှိသူက ဆိုသည်။
“ ဖြစ်တာက တရုတ်အလုပ်သမားတွေက သူတို့ကို အနိုင်ခံတယ်။ နောက်တစ်ချက်က လစာနည်းတယ်ဆိုပြီး မြန်မာ အလုပ်သမားတွေက မကျေနပ် ဖြစ်ရာကနေ အဆောင်တွေကို ဖျက်ဆီး၊ မီးရှို့မူတွေ လုပ်ခဲ့အတွက် အမ်းမြို့နယ် တရားရုံးက ခုလို ထောင်ပြစ်ဒဏ်တွေ ချမှတ်လိုက်တာ ဖြစ်ပါတယ်” ရဲတာဝန်ရှိသူက ဆိုသည်။
ယခု တရားစီရင်မူမှာ ဥပဒေကြောင်းရ မျှတမူ မရှိသဖြင့် ကျောက်ဖြူခရိုင် တရားရုံးတွင် အယူခံဝင်သွားမည်ဟု သူတို့အမူကို လိုက်ပါဆောင်ရွက်နေသူ ရှေ့နေ (၄) ဦးထဲမှ တစ်ဦးဖြစ်သူ ဦးမျိုးမြတ်ဟိန်းက ပြောသည်။
“ ဥပဒေကြောင်းအရရော၊ တခြားအကြောင်းအခြင်းအရာတွေအရရော ခုလို စီရင်ချက်ချလိုက်တာဟာ မျှတမူ မရှိဘူးလို့ ယုံကြည်တဲ့ အတွက် ကျောက်ဖြူခရိုင် တရားရုံးမှာ ဆက်လက် အယူခံ ၀င်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ယခုနှစ် ဇန်န၀ါရီလ ၂၆ ရက်နေ့က  အမ်းမြို့နယ် တောင်စောက် ရေနံတွန်းအားပေး စက်ရုံတွင် အဆောင် အပေါ်ထပ်တွင် နေထိုင်သူ တရုတ်အလုပ်သမားများက အောက်ထပ်တွင် နေထိုင်သူ  မြန်မာအလုပ်သမားများ အပေါ်သို့ ရေဖြင့် လောင်းချရာမှ အချင်းများခဲ့ကြပြီး ကျေနပ်မူ မရှိသော မြန်မာ အလုပ်သမားများက တရုတ်အလုပ်သမားများနေထိုင်သော အဆောင် တစ်ဆောင်အား  မီးရှို့ ဖျက်ဆီးခံခဲ့ကြသည်။
ယင်းအမူနှင့် ဆက်စပ်ပြီး မြန်မာ အလုပ်သမား ၁၇ ဦးကို ရဲက ဖမ်းဆီးခဲ့ပြီး တရားစွဲတင်ကာ အမ်းမြို့နယ်တရားရုံးက  (၈) လအကြာ အမူကို ကြားနာ စစ်ဆေးခဲ့သည်။
၂၀၁၄ ခုနှစ် စက်တင်ဘာလ (၅) ရက်နေ့တွင် အမ်းမြို့နယ် တရားရုံးက မြန်မာ အလုပ်သမားများကို ပြစ်မူ ထင်ရှားသည်ဟု ဆိုကာ ထောင် (၆) နှစ်ကနေ (၁၀) နှစ်ထိ အသီးသီး ချမှတ်လိုက်ခြင်း ဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, June 4, 2014

မြန်မာ-ဘင်္ဂလာဒေခ်ျ့တင်းမာမူ လျှော့ကျသွားပြီဟု ဘင်္ဂလာဒေခ်ျ့နိုင်ငံခြားရေးဝန်ကြီးပြောကြား

FM AH Mahmood Ali
(ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီး AH Mahmood Ali)
မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ် တင်းမာမူ လျှော့ကျသွားပြီ ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီး AH Mahmood Ali ပြောသည်။
ယမန်နေ့က ဒက္ကားမြို့ရှိ ဟိုတည် တစ်ခုဖြစ်သော Ruposhi Bangla တွင် ပြုလုပ်သော အခမ်းအနား တစ်ခုတွင် သူက ထိုကဲ့သို့ ထုတ်ဖေါ်ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ တင်းမာမူကတော့ လျှော့ကျသွားပြီး၊ နယ်စပ်မှာ နဂိုပုံမှန်ကို ပြန်ရောက်ဖို့ကျနော်တို့ ကြိုးစားနေပါတယ်” ဟု အခမ်းအနားအပြီးတွင် သတင်းထောက်များသို့ သူက ပြောဆိုသည်။
ယင်းပြင် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့မှာ အိမ်နီးချင်း မိတ်ဆွေများ ဖြစ်ကြပြီး အခုအခါ နှစ်နိုင်ငံအကြားအရေးပါတဲ့ ပြောင်းလဲမူများနှင့် အတူ နှစ်နိုင်ငံဆက်ဆံရေးအောက်တွက် နေရာများစွာမှာ အတူတကွ ပူပေါင်း ဆောင်ရွက်နေကြောင်း သူက ပြောကြားသည်။
ယင်းပြင် ဘင်္ဂလာဒေခ်ျ- တရုတ်- အိန္ဒိယ-မြန်မာ တို့ ပါဝင်သည့် (BCIM)  စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် BIMSTEC တွင်လည်း မြန်မာနိုင်ငံမှာ အဖွဲ့ဝင်နိုင်ငံတစ်ခုပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်နေကြောင်း သူက ဆိုသည်။
ကျနော်တို့အနေဖြင့် မြန်မာနှင့် ပူးပေါင်းဆောင်ရွက်ရေးကို မြင့်တင်နေကြောင်း၊ ခင်ဗျားတို့လည်း ဒါကို လိုလားပါလိမ့်မယ်ဟု သူက သတင်းထောက်များတွေ့ဆုံစဉ် ထိုသို့ ပြောဆိုသည်။
ဇွန်လ (၉) ရက်နေ့တွင် ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ ( BGB) အကြီးအကဲ ညွှန်ချုပ် မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်ပြီး နယ်စပ် ရေးရာ ကိစ္စများကို ဆွေးနွေးမည်ဟု သူက ဆိုသည်။
ယင်းပြင် ဇွန်လ (၁၉) ရက်နေ့တွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာလက်အောက်တွင် ဖွဲ့စည်းထားသော နိုင်ငံခြားရေးရုံးအဆင့် ညှိနိုင်းရေးအဖွဲ့ဝင်များသည်လည်း ဒက္ကားမြို့တွင် တွေ့ဆုံပြီး ဆွေးနွေးကြမည်ဟု သိရသည်။
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့တို့အကြား နယ်စပ်တွင် တင်းမာမူ ဖြစ်ပေါ်ခဲ့ပြီး မေလ (၃၀) ရက်နေ့က အပြန်အလှန် ပစ်ခတ်မူများ ပေါ်ပေါက်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် တင်းမာမူ လျှော့ကျရေး သံတမန်နည်းအရ ဖြေရှင်းရန်ကြိုးစားလာကြခြင်း ဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

နှစ်ဘက်တပ်များ တိုးချသော်လည်း နယ်စပ် အခြေအနေငြိမ်သက်နေ

ဘင်္ဂလာဒေခ်ျ့ဘက်က စစ်ရေးလူပ်ရှားနေမူများ (ဓါတ်ပုံ- ဘင်္ဂလာဒေခ်ျ့ သတင်းစာများမှ)
ဘင်္ဂလာဒေခ်ျ့ဘက်က စစ်ရေးလူပ်ရှားနေမူများ (ဓါတ်ပုံ- ဘင်္ဂလာဒေခ်ျ့ သတင်းစာများမှ)
မြန်မာ-ဘင်္ဂလာဒေခ်ျ့နယ်စပ်တွင် နှစ်ဘက်တပ်များ တိုးချသော်လည်း နယ်စပ် အခြေအနေမှာ တည်ငြိမ်နေကြောင်း သိရသည်။
သို့သော် နယ်စပ်အခြေအနေမှာတင်းမာနေကြောင်း ဘင်္ဂလာဒေခ်ျ့ စစ်ဘက်သတင်းရပ်ကွက်များကို ကိုးကားပြီး ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြသည်။
သေဆုံးသွားသူ ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်သား နာယတ် မီဇနူရ် ရာဟာမန် (Nayek Mizanur Rahman – ၄၃ နှစ်) အလောင်းအား ယမန်နေ့ (မေလ ၃၁ ရက်နေ့) နံနက်က မြန်မာဘက်က လွှဲပြောင်းပေးပြီးနောက် ပစ်ခတ်သံများဆက်မကြားရတော့ဟု နယ်စပ်နေ ဒေသခံများက ပြောသည်။
still-tensed-border
သို့သော်လည်း နှစ်ဘက်နယ်စပ် ပြည်သူများမှာ တပ်အင်အားများ ဖြည့်တင်းနေကြသဖြင့် အထူးစိုးရိမ် ပူပန်နေကြပြီး ညဥ့်အချိန်တွင် အိမ်များကို စွန့်ခွာပြီး ဘေးလွှတ်ရာသို့ သွားအိပ်ကြသည်ဟု ဆိုသည်။
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နယ်စပ် တပ်ဖွဲ့အကြား လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က နယ်စပ်မိုင်တိုင်အမှတ် (၅၂) အနီး အပြန်အလှန် ပစ်ခတ်မူ ဖြစ်ပွားစဉ် ဘင်္ဂလာဒေခ်ျ့ ဘီဂျီဘီတပ်မှ နာယတ် မီဇနူရ် ရာဟာမန် ကျဆုံးခဲ့သည်။
မြန်မာဘက်မှ ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင်းသို့ ၀င်ရောက်လာပြီး ၎င်းနာယတ် မီဇနူရ် ရာဟာမန်အား မြန်မာဘက်သို့ ဆွဲယူသွားခဲ့သည်ဟု ဘင်္ဂလာဒေခ်ျ့က စွပ်စွဲသည်။
still-tensed-border
လွန်ခဲ့သော သောကြာနေ့က နယ်စပ်တွင် ပျောက်ဆုံးသွားသော နာယတ် မီဇနူရ် ရာဟာမန်အား ဘင်္ဂလာဒေခ်ျ့ ဘီဂျီဘီ (Border Guard Bangladesh) တပ်ဖွဲ့မှ နယ်စပ်တွင် ရှာဖွေစဉ် မြန်မာဘက်က ပစ်ခတ်သဖြင့် အပြန်အလှန် ပစ်ခတ်မူများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ယင်းသို့ ဖြစ်ပွားပြီးနောက် ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်က ဘင်္ဂလာဒေခ်ျ့ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သန်းအား ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ ဒုတိယ အကြိမ်မြောက်ဆင့်ခေါ်ခဲ့ပြီး နယ်စပ်တွင် ပစ်ခတ်မူပြုလုပ်ခြင်းနှင့် နာယတ် မီဇနူရ် ရာဟာမန် သေဆုံးရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပေးရန် တောင်းဆိုခဲ့သည်။
မြန်မာဘက်မှ ယခုကဲ့သို့ ဖြစ်ရခြင်းမှာ အာရ်အက်ဆို အကြမ်းဖက်အဖွဲ့ဟု ထင်မှတ်သဖြင့် ပစ်ခတ်ရာမှ သေဆုံးသွားခြင်း ဖြစ်ကြောင်း၊ နောက်ပိုင်းမှ သေဆုံးသူမှာ ဘင်္ဂလာဒေခ်ျ့ ဘီဂျီဘီ တပ်ဖွဲ့ဝင် ဖြစ်သည်ဟု သိရကြောင်း ပြန်လည် ရှင်းလင်းချက်ပေး ပြောဆိုသည်ဟု သိရသည်။
BGB_Naikkhangchari
သို့သော်လည်း ဘင်္ဂလာဒေခ်ျ့ဘက်မှ ဘင်္ဂလာဒေခ်ျ့ ပိုင်နက်နယ်မြေတွင် အာရ်အက်ဆို အကြမ်းဖက်အဖွဲ့ ခိုအောင်း၍ မရှိကြောင်း ငြင်းဆိုသည်ဟု ဆိုသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သတင်းကျေညာချက် တစ်စောင် ယမန်နေ့က ထုတ်ပြန်ပြီး ယခု နယ်စပ်တွင် ဖြစ်ပွားခဲ့မူနှင့် ပတ်သက်ပြီး စစ်ဆေးရန်နှင့် နယ်စပ်တွင် စုရုံးရောက်ရှိနေသော မြန်မာတပ်များကို အမြန်ဆုံး ရုတ်သိမ်းရန် မြန်မာ အစိုးရအား တောင်းဆိုခဲ့သည်ဟု သိရသည်။
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့တို့သည် ၂၀၀၈ ခုနှစ် နိုဝင်္ဘာလကလည်း ရေပြင်ပိုင်နက် အငြင်းပွားမူကြောင့် စစ်ပွဲ ဖြစ်လုနီးပါးထိ ပြသနာ ပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်းတွင်သံတမန်နည်းလမ်းဖြင့် ဖြေရှင်းကာ ပြေငြိမ်းခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မြန်မာနယ်စပ်အနီး နယ်ခြားစောင့်ကင်းစခန်း ၂၈ ခု ဘင်္ဂလာမှ တိုးချဲ့တည်ဆောက်

BGB
ဘင်္ဂလာနယ်ခြားစောင့်တပ်မှ ယခုလို RPG နောက်ပွင့် လောင်ချာများဖြင့် စစ်ရေး လေ့ကျင့်နေချိန်တွင် မြန်မာ နယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ခေတ်မှီလက်နက်များကို လူတိုင်းစေ့ မကိုင်နိုင်သေး။ (photo-Internet)
မြန်မာနှင့် ထိစပ်နေသည့် နယ်စပ် တစ်လျှောက်တွက် ဘင်္ဂလာဒေခ်ျ့မှ နယ်ခြားစောင့် ကင်းစခန်း (၂၈) ခုကို တိုးချဲ့ တည်ဆောက်သွားမည်ဟု သိရသည်။
“ နယ်ခြားစောင့်စခန်းများကို တိုးချဲ့ရခြင်းမှာ လက်နက်မှောင်ခိုမှုနှင့် တရားမ၀င် နယ်စပ်ဖြတ်ကျော်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှုများကို တိုက်ဖျက်ရန်ဖြစ်ကြောင်း” ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် Abul Hasnat Md Khairul Bashar က ပြောဆိုသည်။
ယင်းကင်းစခန်းများကို ဘင်္ဂလာဒေခ်ျ့ စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုဘင် (ရွာတော်) ခရိုင် နတ်ကျောက်ဆရီမြို့နယ်၊ လမားမြို့နယ်နှင့် ရုံမော်မြို့နယ်တို့တွင် တည်ဆောက်သွားမည်ဟုဆိုသည်။
ယင်းဒေသများသည် မြန်မာနိုင်ငံဘက်မှ မောင်တော၊ ဘူးသီးတောင်နှင့် ကျောက်တော်မြို့တို့နှင့် ထိစပ်နေသော နယ်မြေများ ဖြစ်ကြပြီး အလွန်တောတောင် ထူထပ်ကြောင်း သိရသည်။
ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များသည် နယ်စပ် ကင်းစခန်းများကို မြန်မာနယ်စပ်တွင်သာမက အိန္ဒိယနှင့် ထိစပ်နေသော နယ်စပ်တလျှောက်တွင်လည်း နယ်စပ် ကင်းစခန်း (၅၀) ကို တိုးချဲ့သွားမည်ဟု ဆိုသည်။
ကီလိုမီတာ ၄၄၂၇ ရှည်လျားသော မြန်မာ-အိန္ဒိယ ဆက်စပ်သော နယ်စပ်တလျှောက်တွင် ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့် စခန်းပေါင်း ၅၅၀ ရှိကြောင်း သိရသည်။
ယခု အစီအစဉ်သည် ၂၀၁၁ နှစ်ကတည်းက ဘင်္ဂလာအစိုးရမှ ချမှတ်ထားသော အစီအစဉ် တစ်ခု ဖြစ်ကြောင်း၊ ယခုအခါ လက်တွေ့အကောင်အထည် ဖော်ခြင်းဖြစ်ကြောင်း၊ အချို့စခန်းများကို စတင် ဖွင့်လှစ်နေပြီ ဖြစ်ကြောင်း ယင်းဗိုလ်ချုပ်က ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မြန်မာ-ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများ နယ်စပ်ပြဿ နာများအတွက် တွေ့ဆုံမည်

 မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်, တိုက်ခိုက်မှု, ရခိုင်ပြည်နယ်, မောင်တော, RSO , BGB
ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာ၌ တွေ့ရသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ ၂ နိုင်ငံ တပ်ဖွဲ့ဝင်များ နယ်စပ် မှတ်တိုင် (၅၂) အနီး ရိုက်ထားသော မှတ်တမ်း ဓာတ်ပုံ (ဓာတ်ပုံ – မြန်မာ့အလင်း)

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား တိုက်ခိုက်မှုများ ဖြစ်ပွားခြင်း အပါအ၀င် နယ်စပ်ရေးရာ ပြဿနာများနှင့် ပတ် သက် ၍ နှစ်နိုင်ငံ အရာရှိများ ရခိုင်ပြည်နယ် မောင်တောမြို့တွင် တွေ့ဆုံ ဆွေးနွေးကြမည်ဟု သိရှိရသည်။
ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ နယ်စပ်ဒေသ ကွပ်ကဲရေးမှူး အဆင့်ရှိသူများက တက်ရောက်ကြမည် ဖြစ်ပြီး ဇွန်လ ၅ ရက်နေ့တွင် တွေ့ဆုံကြမည်ဟု မောင်တော ရဲစခန်း တာဝန်ရှိသူ က ပြောသည်။
မြန်မာ-ဘင်္ဂလား နယ်စပ်၌ ဖြစ်ပွားနေသည့် တိုက်ပွဲမျာ၊ ပဋိပက္ခများနှင့် ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေး လက်နက် ကိုင်အဖွဲ့ (RSO) ကိစ္စတို့ကိုပါ အဓိကထား ဆွေးနွေး အဖြေရှာကြမည် ဖြစ်သည်။
ထို့အတူ နှစ်နိုင်ငံ အလံတင် အခမ်းအနားကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း ဇွန်လ ၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ မေလ ၂၈ ရက်က နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး အဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဘင်္ဂလား ဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) မှ တပ်ကြပ် အဆင့်ရှိသူ တဦးသေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက သတင်း ထုတ်ပြန်ထားသည်။
အလားတူ မေလ ၁၇ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် အမည်မသိ လက်နက်ကိုင်အဖွဲ့ တခုနှင့် မြန်မာ နယ်ခြားစောင့်တပ်တို့ တိုက်ပွဲ ဖြစ်ခဲ့ကြရာ မြန်မာ ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ကြောင်း မြန်မာ အာဏာပိုင်များက မီဒီယာများကို ဖြေဆိုခဲ့သည်။
RSO အဖွဲ့သည် မြန်မာနိုင်ငံ အတွင်း နေထိုင်နေသည့် ဘင်္ဂါလီလူမျိုးများ၏ အခွင့်အရေး ရရှိရန် အတွက်ဟု ဆိုကာ နှစ်နိုင်ငံ နယ်စပ်ဒေသများ၌ ခိုအောင်း သွားလာ လှုပ်ရှားနေကြောင်း နိုင်ငံတော် သမ္မတ ပြောခွင့်ရသူနှင့် ပြန်ကြားရေး ဒု ၀န်ကြီး ဦးရဲထွဋ် က ပြောခဲ့သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြဿနာများနှင့် ပတ်သက်၍ သတင်းထောက်များနှင့် ပြည်မြို့၌ တွေ့ဆုံစဉ် ထိုသို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် နယ်စပ်ဒေသများ၌ အစ္စလမ် ဘာသာဝင် အစွန်းရောက် လက်နက်ကိုင်အဖွဲ့များသည် မူဂျာဟစ် အမည် များဖြင့် ၁၉၆၄ ခုနှစ်မှ စ၍ စတင်လှုပ်ရှားခဲ့ပြီး ၁၉၉၀ ၀န်းကျင်တွင် RSO အဖွဲ့အဖြစ် ပြန်လည် အသက်ဝင်လာခဲ့ခြင်း ဖြစ်ကြောင်း၊ ထို RSO အဖွဲ့၏ လှုပ်ရှားမှုများသည် ၂၀၁၂ ခုနှစ်မှစတင်၍ ပြန်လည်တွေ့မြင်လာရကြောင်းလည်း သမ္မတ ပြောခွင့်ရသူ ဦးရဲထွဋ် က ဆိုသည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

Tuesday, May 27, 2014

အမေရိကန်သံရုံးအရာရှိတစ်ဦး ရခိုင်အမျိုးသားပါတီခေါင်းဆောင်များနှင့် လာရောက်တွေ့ဆုံ

ANP-Office
ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးနိုင်ငံရေးအရာရှိ Mr Clint Fenning သည် မေလ ၂၁ ရက်နေ့က စစ်တွေမြို့ရှိ ရခိုင်အမျိုးသားပါတီ ဗဟိုရုံးသို့ လာရောက်ပြီး ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးသွားခဲ့သည်ဟု သတင်းရရှိသည်။
ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်များဖြစ်ကြသည့် ဦးခင်မောင်ကြီး၊ ဦးကျော်ဇော်ဦး၊ ဦးရွှေမောင် တို့နှင့် တစ်နာရီခန့်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု ဆွေးနွေးပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ ဦးခင်မောင်ကြီးက ပြောသည်။
ယင်းသို့ ဆွေးနွေးရာတွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ပဠိပက္ခများနှင့်ပတ်သက်၍ အဓိကဆွေးနွေးခဲ့သည်ဟု သူက ဆိုသည်။
“အဓိကကတော့ ဒီမှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေပေါ့။ ပဋိပက္ခအခြေအနေနဲ့ ပတ်သက်ပြီး ပါတီရဲ့မူဝါဒတွေဘာရှိလဲ။ ပဋိပက္ခအပေါ် ပါတီကဘယ်လိုဖြေရှင်းမလဲပေါ့နော်၊ အဲဒါလေးတွေကို သူကမေးတာပါ။”
ရခိုင်အမျိုးသားပါတီခေါင်းဆောင်များ၏ တုန့်ပြန်ပြောကြားချက်များကိုလည်း သူက ယခုလိုပြောသည်။
“ကျွန်တော်တို့က ပဋိပက္ခပြေငြိမ်းဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာရယ်၊ ပြည်ထောင်စုအစိုးရရယ်၊ ရခိုင်ပြည်သူတွေရယ် ၀ိုင်းဝန်း အဖြေရှာရမှာပေါ့၊ ဒါဟာ လူမျိုးအဖွဲ့အစည်းနှစ်ခုရဲ့ ဘာသာရေး လူမျိုးရေးဆန်တဲ့ ပဋ္ဌိပက္ခမဟုတ်ဘူး။ ကျွန်တော်တို့ရခိုင် အမျိုးသားတွေရဲ့ အမျိုးသားရပ်တည်ရေးနဲ့ အမျိုးသားလုံခြုံရေးအတွက် ရပ်တည်ဖြေရှင်းမှ ပြေငြိမ်းမှုကို ရလိမ့်မယ်။ အဲဒါမှ ဒီပဋိပက္ခတွေကို ဖြေရှင်းနိုင်လိမ့်မယ် လို့ကျွန်တော်တို့ယုံကြည်တယ်ဆိုပြီးကျွန်တော်တို့ ပြောတာပေါ့။”
အမေရိကန် သံအရာရှိမှ ယခုကဲ့သို့ တုန့်ပြန်ပြောကြားခဲ့သည်ဟု သူက ဆိုသည်။
“သူတို့ဘက်ကတုန့်ပြန်တာကတော့ သူတို့အနေနဲ့ ဒီဟာကို အဖြေထုတ်နိုင်တဲ့ အနေအထားတော့ မရှိဘူးပေါ့နော်။ ဒီအနေအထားတွေကို သူက သံရုံး၊ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနတွေထိ ရောက်အောင် သူ့အနေနဲ့ တတ်နိုင်သမျှ တင်ပြပေးမယ်ပေါ့အဲ့ဒီအတွက် ကျွန်တော်တို့နဲ့ဆွေးနွေးတာပါဆိုပြီးပြောပါတယ်။”
ပါတီ၏ သဘောထားနှင့်ပတ်သက်ပြီးလည်း ဦးခင်မောင်ကြီးက ယခုလိုရှင်းပြပြောဆိုသည်။
“ အဓိက ကတော့ ကျွန်တော်တို့ဆီမှာ ဖြစ်နေတဲ့ ပြဿနာက ရိုဟင်ဂျာဆိုတဲ့ နာမည်က ပဋိပက္ခဖြစ်စေတဲ့ အဓိက အကြောင်းအရင်း တစ်ခုပဲလေ။ အဲဒီအပေါ်မှာ ကုလသမဂ္ဂတို့၊ အမေရိကန်အစိုးရတို့ပေါ့၊ အဲဒီကနေပြီးတော့  တိုင်းရင်းသားဖြစ်ရမယ်၊ နိုင်ငံသားဖြစ်ရမယ်ဆိုပြီးတော့ သူတို့က ဖိအားပေးတဲ့ သဘောမျိုး ပြောတာပေါ့နော်။ အဲဒီအနေအထားတွေကို ကျွန်တော်တို့က လက်မခံနိုင်ပါဘူးလို့ ကျွန်တော်တို့က အဲ့ဒါကို ရှင်းပြတယ်။”
ယင်းပြင်သူက ယခုလို ဆက်ဆိုသည်။
“ နောက်ပြီးတော့ အခုနောက်ဆုံးအမေရိကန်အစိုးရရဲ့ မြန်မာပြည်ကို စီးပွားရေး ပိတ်ဆို့ဖို့အတွက် တစ်နှစ် သက်တမ်းတိုးလိုက်တဲ့အပိုင်းမှာ ကျွန်တော်တို့ ရခိုင်ပြည်မှာဖြစ်နေတဲ့ ပဋိပက္ခက အကြောင်းပြချက် တစ်ခု အနေနဲ့ပါတယ်။ အဲဒီအကြောင်းပြချက်က ဘာလဲဆိုရင် ရခိုင်ပြည်မှာဖြစ်နေတဲ့ ပဋိပက္ခတွေဟာ အမေရိကန် နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့အမျိုးသားအကျိုးစီးပွားတွေကို ထိခိုက်စေတယ်ဆိုပြီး အကြောင်း ပြထားတာ ရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ရဲ့ ရခိုင်အမျိုးသားလုံခြုံရေးနဲ့ ကျွန်တော်တို့ ရခိုင်အမျိုးသားတည်တံ့ရေး အတွက် ဒီပြဿနာကို ဖြေရှင်ရမယ့် တာဝန် ကျွန်တော်တို့မှာလည်း ရှိတယ်။ ပါတီတစ်ခုအနေနဲ့လည်း ရှိတယ် ပေါ့နော်။ ကျွန်တော်တို့ရဲ့ အမျိုးသားလုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ အမျိုးသား လုံခြုံရေး၊ အမေရိကန်ရဲ့ အကျိုးစီးပွားကို ထိခိုက်တယ်ဆိုလို့ရှိရင် ကျွန်တော်တို့အမျိုးသားလုံခြုံရေးနဲ့ ကျွန်တော်တို့ အမျိုးသား တည်တံ့ရေး အတွက်ကျတော့ အမေရိကန်က ဘာမျာလုပ်ပေးနိုင်မလဲ။ အဲ့ဒါတွေကို ကျွန်တော်တို့ ဆွေးနွေးခဲ့ကြတယ်။”
ဆွေးနွေးပွဲမှာ အကျိုးရှိသော ဆွေးနွေးပွဲ တစ်ခု ဖြစ်ကြောင်း ဦးခင်မောင်ကြီးက သုံးသပ် ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)