Showing posts with label သဘောထားထုတ်ပြန်ချက်. Show all posts
Showing posts with label သဘောထားထုတ်ပြန်ချက်. Show all posts

Friday, February 6, 2015

ဝှိုက်ကတ်ကိုင်ဆောင်သူများမဲထည့်ခွင့် ၈၈ ရခိုင်အဖွဲ့ကန့်ကွက်

88-gဖေဖော်ဝါရီလ ၂ ရက်နေ့က ပြုလုပ်ခဲ့သော ပြည်ထောင်စု လွှတ်တော်တွင် ၀ှိုက်ကတ် ကိုင်ဆောင်သူများအား ဆန္ဒမဲခံယူရာတွင် မဲထည့်ခွင့်ပြုရန် အတည်ပြု ဆုံးဖြတ်ချက်ကို ၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေး အဖွဲ့က ကြေငြာချက် တစ်စောင်ထုတ်ပြန်ပြီး ကန့်ကွက်လိုက်သည်။
ယခုကိစ္စသည် တည်ငြိမ်အေးချမ်းစ ပြုနေသော ရခိုင်ပြည်နယ်၏ အခြေအနေကို အပြင်းထန်ဆုံး ပြန်လည်လူပ်နိုးလိုက်ခြင်း ဖြစ်သည်ဟု ၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေး အဖွဲ့က သဘောထားကြောင်း ထုတ်ပြန်သည်။
ယင်းအပြင် ယင်းအဖွဲ့က ၁၉၈၈ အရေးတော်ပုံသည် ပြည်သူ့လူထု၏ ဆန္ဒကို လျစ်လျူရှုသည့် အစိုးရ၏ လုပ်ရပ်များကြောင့် ဖြစ်ပွားခဲခြင်းကို အမှတ်ရစေလိုသည်ဟု ထောက်ပြပြောဆိုသည်။
ယခုလည်း နိုင်ငံအ၀ှန်းမှ ပြည်သူအများစု၏ ဆန္ဒကို လျစ်လျူရှု၍ အဖွဲ့အစည်း တစ်ခု၏ အတ္တမာနအကျိုးကို ကာကွယ်ရန် အလို့ငှာ အဖြူရောင်ကတ် ( White Card) ကိုင်ဆောင်သူများကို မဲပေးခွင့် ပြုလိုက်ခြင်းသည် ပြည်သူ တစ်ရပ်လုံး၏ သဘောထား ဆန္ဒကို လုံးဝ မျက်ကွယ်ပြုခြင်း ဖြစ်၍ ပြင်းထန်စွာကန့်ကွက်ကြောင်း ဖေါ်ပြထားသည်။
၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေး အဖွဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဦးဦးသန်းနိုင်က “ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာလည်း နိုင်ငံသားတွေထံမှ စီးဆင်းရမယ့် အခြေခံမှု ဖြစ်ရမယ်လို့ ဖေါ်ပြထားတယ်။ အခု နိုင်ငံသားလား၊ နိုင်ငံသား မဟုတ်ဘူးလားဆိုတာတောင် မစစ်ဆေးရသေးဘဲ သူတို့တွေကို မဲပေးခွင့်ပြုဖို့ ဆုံးဖြတ်တာဟာ သူတို့ ရေးဆွဲထားတဲ့ ဥပဒေကို သူတို့ကိုယ်တိုင်ချိုးဖေါက်တာ ဖြစ်တယ်။ ဒီလုပ်ရပ်ဟာ တိုင်းပြည်အတွက် အလွန်အန္တရာယ်များပြီး ထိခိုက်မှုတွေလည်း ရှိနိုင်ပါတယ်” ဟု ပြောဆိုသည်။
ဝှိုက်ကတ်ကိုင်ဆောင်သူများအား နိုင်ငံသား တစ်ဦး၏ အဆင့်မြင့်ဆုံး အခွင့်အရေး ဖြစ်သော မဲပေးပိုင်ခွင့်ကို ပေးလိုက်ခြင်းမှာ တိုင်းပြည်ကို ရောင်းစားရာ ရောက်သည်သာမက သစ္စာဖေါက်ရာရောက်နေသဖြင့် ဝေဖန်မှုများနှင့် ကန့်ကွက်မှုများလည်း နိုင်ငံ အ၀ှန်းတွင် ပေါ်ပေါက်နေကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, February 3, 2015

အဖြူရောင်ကဒ်ကိုင်ဆောင်သူများအားမဲပေးခွင့်အတည်ပြုခြင်းနှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီမှ သဘောထားကြေငြာချက် ထုတ်ပြန်

 
အဖြူရောင်ကဒ်ကိုင်ဆောင်သူများအားမဲပေးခွင့်အတည်ပြုခြင်းနှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီ၏ ထုတ်ပြန်ကြေငြာချက်
သဘောထားထုတ်ပြန်ချက်အမှတ် (၂/၂၀၁၅)
ရက်စွဲ။ ၂၀၁၅-ခုနှစ် ဖေဖေါ်ဝါရီလ (၃) ရက်
၁။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံ ခံယူပွဲတွင် အဖြူရောင်ကဒ် ကိုင်ဆောင်သူများအား မဲပေးခွင့်ကို ၂၀၁၅၊ ဖေဖေါ်ဝါရီလ (၂)ရက် နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီမှ လွတ်တော်ကိုယ်စားလှယ်များက အပြင်းအထန် ကန့်ကွက်ခဲ့ကြသော်လည်း မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့သည်။
၂။ ခေတ်အဆက်ဆက် တိုင်းပြည်နှင့် လူမျိုး၏ ရေရှည်အကျိုးကို မကြည့်ဘဲ ရွေးကောက်ပွဲ တစ်ပွဲအနိုင်ရရှိ ရေးကိုသာ ရှေ့ရှုလုပ်ဆောင်သော ညံ့ဖျင်းနိမ့်ကျသည့် နိုင်ငံရေးသမားအမည်ခံများ၏ ကိုယ်ကျိုးကြည့် လုပ်ဆောင်မှုများကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ခိုးဝင်ဘင်္ဂါလီများ အရေးသည် ဤမျှကြီးထွားလာခြင်းဖြစ်သည်။
၃။ ကိုယ်ကျိုးကြည့်သော နိုင်ငံရေးသမားအမည်ခံများကသော်လည်းကောင်း၊ လက်ရှိလွှတ်တော် အသီးသီးက သော်လည်းကောင်း မည်သို့ပင်ဆုံးဖြတ်စေကာမူ ရခိုင်အမျိုးသားပါတီအနေဖြင့် အဖြူကဒ် ကိုင်ဆောင် သော ခိုးဝင်ဘင်္ဂါလီများ မဲပေးခွင့်မရရှိရေးနှင့် ပတ်သက်၍ မလျှော့စတမ်း ဆက်လက်တိုက်ပွဲဝင်သွား မည်။
၎။ ရခိုင်အမျိုးသားတစ်ရပ်လုံးအပါအ၀င် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တိုင်းရင်းသားပြည်သူအပေါင်း တို့ အနေဖြင့်လည်း ဤအရေးတွင် လက်တွဲ၍တိုက်ပွဲဝင်ကြပါရန် ရခိုင်အမျိုးသားပါတီက နှိုးဆော်အပ်ပါသည်။
မှတ်ချက်။ ။ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီမှ လွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ ရပ်တည်ကာ အဖြူကဒ်ကိုင်ဆောင်သူများမဲပေးခွင့်မရရှိရေးအတွက် ကန့်ကွက်မဲ ပေးခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများအား ရခိုင်အမျိုးသားပါတီက ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ရခိုင်အမျိုးသားပါတီ
(ဤသတင်းအား Coral Arakan News မှ ကူးယူဖော်ပြပါသည်)

Tuesday, January 6, 2015

၉-၁၂-၂၀၁၄ နေ့တွင်ကျင်းပသော (၆၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တင်သွင်းဆုံးဖြတ်ခဲ့သည့် ရိုဟင်ဂျာဆိုသူများအား နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေး ဆုံးဖြတ်ချက်အပေါ် ရခိုင်အမျိုးသားပါတီ၏ ထုတ်ပြန်ကြေငြာ

၉-၁၂-၂၀၁၄ နေ့တွင်ကျင်းပသော (၆၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တင်သွင်းဆုံးဖြတ်ခဲ့သည့် ရိုဟင်ဂျာဆိုသူများအား နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေး ဆုံးဖြတ်ချက်အပေါ်
ရခိုင်အမျိုးသားပါတီ၏ ထုတ်ပြန်ကြေငြာချက်
သဘောထားထုတ်ပြန်ချက်အမှတ် (၁/၂၀၁၅)
ရက်စွဲ။ ၂၀၁၅-ခုနှစ် ဇွန်န၀ါရီလ (၄) ရက်
၁။ ၂၉-၁၂-၂၀၁၄ နေ့တွင်ကျင်းပသော (၆၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ရိုဟင်ဂျာဆိုသူများအား နိုင်ငံသားအဖြစ် အသိအမှတ်ပြုရမည် ဟု ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်ခဲ့ပါသည်။
၂။ မြန်မာနိုင်ငံတစ်ခုလုံးမှပြည်သူများက မိမိတို့နိုင်ငံအတွင်း သမိုင်းလိမ် ရိုဟင်ဂျာ ဆိုသည့် လူမျိုး လုံးဝမရှိကြောင်း ဆန္ဒပြဖော်ထုတ်ငြင်းပယ်ခဲ့ကြပြီး၊ နိုင်ငံတော်သမ္မတကိုယ်တိုင်ကလည်း ရိုဟင်ဂျာလူမျိုး မြန်မာနိုင်ငံတွင် လုံးဝမရှိကြောင်း အတိအလင်းဖော်ထုတ် ကြေငြာမြွက်ကြားထားပြီး ဖြစ်ပါသည်။
၃။ မြန်မာနိုင်ငံ တစ်မျိုးသားလုံးက ငြင်းပယ်ထားသော သမိုင်းလိမ် ရိုဟင်ဂျာ ဆိုသူများကို မြန်မာနိုင်ငံသားအဖြစ် အပြည့်အ၀ အသိအမှတ်ပြုရန် (၆၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေးတွင် အတည်ပြုချမှတ်ခြင်းသည် မြန်မာနိုင်ငံသားများ၏ ရင်တွင်း ဆန္ဒမှန်များကို ဆန့်ကျင်၍ အတင်းအဓမ္မ လိုရာဆွဲ ဆုံးဖြတ်ခြင်းဖြစ်ပြီး၊ ပြည်ထောင်စု မြန်မာနိုင်ငံ၏ အချုပ်အချာ အာဏာကို စွက်ဖက်ထိပါးမှုဖြစ်သည့်အပြင် ရခိုင်အမျိုးသားများ၏ ရခိုင်ပြည်နယ် နယ်မြေတည်တံ့မှုကို တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်သဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အဆိုပါဆုံးဖြတ်ချက်အား ရခိုင်အမျိုးသားပါတီက လုံးဝပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်သည်။
၎။ ဤသို့ မတရားသော အင်အားသုံး ဆုံးဖြတ်စွက်ဖက်မှုများကို လိုအပ်သော နည်းလမ်းမျိုးစုံဖြင့် ပြင်းပြင်း ထန်ထန် ဆန့်ကျင်ကန့်ကွက်သွားမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ကြေငြာအပ်ပါသည်။
( ဗဟိုအလုပ်အမှုဆောင်ကော်မီတီ၏ ၃-၁-၂၀၁၅ နေ့ အစည်းအဝေး ဆုံးဖြတ်ချက် )
ဗဟိုအလုပ်အမှုဆောင်ကော်မီတီ
ရခိုင်အမျိုးသားပါတီ
(ဤသတင်းအား Coral Arakan News မှ ကူးယူဖော်ပြပါသည်)

Thursday, November 27, 2014

ရက္ခိုင့်တပ်မတော်မှ သဘောထားထုတ်ပြန်ချက်

ရက္ခိုင့်တပ်မတော်
စစ်ရုံးချုပ်
၁၃၇၆-ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့
(၂၀၁၄-ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်)
သဘောထားထုတ်ပြန်ကြေငြာချက်
10734190_1492526937695904_7396914389713854836_n10801629_1492526964362568_8136276425118362247_n

Friday, November 14, 2014

အမေရိကန်သမ္မတ ဘားရက်အိုဘားမား နှင့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့က “ရိုဟင်ဂျာ” ဟု သုံးနှုန်းပြောဆိုခြင်းနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ၏ သဘောထားထုတ်ပြန်ချက်

အမေရိကန်သမ္မတ ဘားရက်အိုဘားမား နှင့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့က “ရိုဟင်ဂျာ” ဟု သုံးနှုန်းပြောဆိုခြင်းနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ၏ သဘောထားထုတ်ပြန်ချက်
သဘောထားထုတ်ပြန်ချက်အမှတ် (၅/၂၀၁၄)
နေ့စွဲ။ ၁၃ အောက်တိုဘာ ၂၀၁၄
၁။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများနှင့် ပတ်သက်၍ ‘ရိုဟင်ဂျာ’ ဟု ဆက်လက်ခေါ်ဝေါ်မည် ဟု လည်းကောင်း၊ ၁၉၈၂ နိုင်ငံသားဥပဒေအတိုင်း သူတို့ကို လက်ခံပေးသင့်သည် ဟု လည်းကောင်း၊ ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အပါအ၀င် အများစုက ဘင်္ဂါလီ ဆိုသည်ထက် ရိုဟင်ဂျာ ဟုပဲ သိကြသည်၊ ထို့ကြောင့် ကုလသမဂ္ဂ လူနည်းစု အခွင့်အရေး စံနှုန်းများအရ ရိုဟင်ဂျာ ဟု သုံးနှုန်းခြင်း ဖြစ်ကြောင်း - ပြောဆိုချက်များမှာ မြန်မာနိုင်ငံ၏ အရေးကြီးသော ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း စွက်ဖက် ချိုးဖောက် စော်ကားလိုက်ခြင်း ဖြစ်ကြောင်း ကျွန်ုပ်တို့ ရှုမြင်သဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်သည်။
၂။ မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာ မရှိ ဟု သမ္မတ ဥိးသိန်းစိန် ကိုယ်တိုင် တရားဝင်ထုတ်ပြန်ထားသည်ကို လုံးဝအလေးမထားပဲ အမေရိကန်သမ္မတ အိုဘားမားက ‘ရိုဟင်ဂျာ’ ဟု ခေါ်ဝေါ်သုံးစွဲ ပြောဆိုခြင်းမှာ အမေရိကန်နိုင်ငံအနေဖြင့် အစ္စလမ္မစ်ကမ္ဘာနှင့် ပတ်သက်၍ တင်းမာလာခဲ့မှုအားလုံးအတွက် သင်ပုန်းချေ မျက်နှာပန်းလှစေရန် ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများအရေးကို ပြောင်ပြောင်တင်းတင်း အသုံးချလိုက်ခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို အင်အားသုံးဝင်ရောက်စွက်ဖက်လိုက်ခြင်းဖြစ်သည် ဟု ကျွန်ုပ်တို့ ရှုမြင်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်သည်။
၃။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် နှင့် အမေရိကန် သမ္မတတို့၏ ‘ရိုဟင်ဂျာ’ ဟု သုံးနှုန်းပြောဆိုမှုများသည် ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းလုံခြုံမှုများကို ပျက်ပြားအောင် သွေးထိုးလှုံ့ဆော်ချက်များဖြစ်ကြောင်း ကျွန်ုပ်တို့ ရှုမြင်သည်။
၎။ ရခိုင်ပြည်နယ်၌ တရားဝင် ၀င်ရောက်လုပ်ကိုင်မည့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများအနေဖြင့် ရိုဟင်ဂျာ ဟု သုံးနှုန်းပါက နိုင်ငံတော်အစိုးရက ယင်းအဖွဲ့အစည်းများကို မည်သည့်ကိစ္စနှင့်မျှ ၀င်ရောက်လုပ်ကိုင်ခွင့်မပြုရန် အလေးအနက် တောင်းဆိုသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မီတီ
ရခိုင်အမျိုးသားပါတီ
(ဤသတင်းကို Coral Arakan News မှ ကူးယူဖော်ပြပါသည်)

Wednesday, November 12, 2014

အာဆီယံခေါင်းဆောင်များ မျက်နှာစုံညီအစည်းအဝေးတွင် အကြမ်းဖက်အန္တရာယ်နှိမ်နင်းရေး၊ အီဘိုလာရောဂါကာကွယ်ရေး၊ နယ်စပ်ဖြတ်ကျော်ခြိမ်းခြောက်မှုများ အလေးထားဆွေးနွေးစေလိုကြောင်း သမ္မတဦးသိန်းစိန်တိုက်တွန်း

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
(၂၅)ကြိမ်မြောက် အာဆီယံခေါင်းဆောင်များ မျက်နှာစုံညီအစည်းအဝေးတွင် နယ်စပ်ဖြတ်ကျော်ခြိမ်းခြောက်မှုအန္တရာယ်၊
အကြမ်းဖက်အစွန်းရောက် နှိမ်နင်းရေးနှင့် အီဘိုလာကူးစက်ရောဂါနှိမ်နင်းရေးတို့ကို ဒေသတွင်းနှင့် နိုင်ငံတကာတွင် အာဆီယံအနေဖြင့်လက်တွဲဖြေရှင်းဆောင်ရွက်ရေးကို ဆွေးနွေးကြစေလိုကြောင်း အာဆီယံခေါင်းဆောင်များကို သမ္မတဦးသိန်းစိန်က တိုက်တွန်းခဲ့သည်။
အထက်ပါကိစ္စရပ်များအပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အကူပေးရေး၊ အာဆီယံ ဒေသတွင်း အကျိုးစီးပွားအတွက် အာဆီယံအသိုက်အဝန်းများပေါ်ပေါက်ရေးနှင့် အာဆီယံအဖွဲ့အစည်းကိုခိုင်မာသည့် အဖွဲ့အစည်းဖြစ်အောင်ရည်မှန်းထားမှုများကိုဖြစ်မြောက်အောင် အကောင်အထည်ဖော်ရမည့်အချိန်ရောက်ပြီဖြစ်ကြောင်းလည်း ၎င်းက တိုက်တွန်းပြောကြားသည်။
အာဆီယံထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးများကျင်းပချိန်တွင် ဒေသတွင်းနှင့် နိုင်ငံတကာအတွင်း
အရေးစိုက်၍ ဆွေးနွေး စရာကိစ္စရပ်များရှိလာနေချိန်ဖြစ်ပြီး အာဆီယံအနေဖြင့် ယင်းပြဿ     နာကို အသေးစိတ်ဆွေးနွေးစေလိုကြောင်းလည်းသမ္မတဦးသိန်းစိန်က တိုက်တွန်းသည်။
နိုဝင်ဘာ ၁၂ ရက်က နေပြည်တော်တွင်စတင်ကျင်းပသည့်အာဆီယံထိပ်သီးအစည်းအဝေးသို့ပထမဆုံးအကြိမ် တက်ရောက်လာကြသည့်အင်ဒိုနီးရှား သမ္မတဂျိုကိုဝီဒိုဒိုနှင့် ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာတို့ကိုလည်း သမ္မတဦးသိန်းစိန်က ဂုဏ်ပြုကြောင်း ၎င်းတို့တက်ရောက်ရသည့်မျက်နှာစုံညီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
‘‘အာဆီယံရဲ့ အနာဂတ်အစီအစဉ်တွေနဲ့ ဒေသတွင်းနိုင်ငံတကာရေးကိစ္စတွေကို ဒီမျက်နှာစုံညီအစည်းအဝေးမှာ
အမြင်ကျယ်ကျုယ်နဲ့ ဆွေးနွေးမှာဖြစ် တယ်။ အာဆီယံခေါင်းဆောင်တွေအနေနဲ့လည်း တခြားကိစ္စတွေကို ဆွေးနွေးလိုတယ်ဆိုရင်လည်း ဆွေးနွေးနိုင်ပါတယ်’’ဟုဦးသိန်းစိန်က ပြောသည်။ ယခုအခါ အာဆီယံခေါင်းဆောင်များ မျက်နှာစုံညီအစည်းအဝေးမှာ ယခုအခါ ကျင်းပပြီးနေပြီဖြစ်သည်။
အဆိုပါမျက်နှာစုံညီအစည်းအဝေးသို့ အာဆီယံဥက္ကဋ္ဌ မြန်မာသမ္မတဦးသိန်းစိန်၊ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၊ ဗီယက်နမ်သမ္မတ၊
ဘရူနိုင်းဘုရင် ဆူလတန်၊ လာအိုဝန်ကြီးချုပ်၊ ဖိလစ်ပိုင်သမ္မတ အကွီနို၊ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်၊မလေးရှား ဝန်ကြီးချုပ်၊ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် လီယောင်မင်တို့တက်ရောက်ခဲ့ကြပြီးအစည်းအဝေးစတင်ချိန်တွင် မလေးရှားဝန်ကြီးချုပ်သည် အစည်းအဝေးသို့ ၁၅ မိနစ်ခန့်နောက်ကျ၍ ရောက်ရှိလာခဲ့သည်။
ယင်းအစည်းအဝေးတွင် အာဆီယံအစိမ်းရောင်စီးပွားရေးဗဟိုဌာနတည်ထောင်ခြင်းကိုလည်း အာဆီယံခေါင်းဆောင်များက သဘောတူကြေညာခဲ့ကြသည်။
အာဆီယံအစိမ်းရောင်စီးပွားရေးဗဟိုဌာနကို မြန်မာနိုင်ငံက အဆိုပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါဌာနကို ရန်ကုန်မြို့တွင် ထူထောင်မည်ဖြစ်ပြီးရာသီဥတု ပြောင်းလဲမှုဒဏ်ကိုခံနိုင်၍ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အထောက်အကူပြုစေမည့် နည်းပညာများနှင့်ပတ်သက်၍ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း များကို အာဆီယံနိုင်ငံအချင်းချင်းနှင့် အာဆီယံအဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါအစည်းအဝေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒေသတွင်းနှင့် နိုင်ငံတကာပြဿနာဖြစ်သည့် တောင်တရုတ်ပင်လယ်အရေးကိစ္စ၊ ဆီးရီးယားနှင့် အီရတ်နိုင်ငံများမှ
 အစွန်းရောက်အကြမ်းဖက်မှုများ၏ ခြိမ်းခြောက်မှုများနှင့် အီဘိုလာရောဂါပြန့်ပွားမှုများကိုလည်း အာဆီယံခေါင်းဆောင်များ အမြင်ချင်းဖလှယ်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းအရင်းအမြစ်- 7 Days News)

Monday, January 27, 2014

ဒုချီးရားတန်းတွင် ရဲတပ်ကြပ်ကြီး တိုက်ခိုက်သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ RNDP ပါတီ ၏ သဘောထားထုတ်ပြန်ချက်

 
 
၁။ ၂၀၁၄-ခုနှစ် ဇွန်န၀ါရီလ (၁၃) ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ဘင်္ဂါလီကျေးရွာတွင် ကင်းလှည့်နေသူ ရဲတပ်ဖွဲ့ဝင်များအနက် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း မှာ ဘင်္ဂါလီများ၏ လုပ်ကြံတိုက်ခိုက်မှုကြောင့် မောင်းပြန်သေနတ်တစ်လက်နှင့်အတူ ပျောက်ဆုံးလျက်ရှိရာ ၄င်းမှာ ဘင်္ဂါလီများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးပြီးဖြစ်သည် ဟု ယူဆရပါသည်။

၂။ ယင်းမတိုင်မီ နှစ်ပတ်ခန့်က စစ်တွေမြို့ သင်္ချိုင်းအုတ်ဂူများကို ဖောက်ထွင်းဖျက်ဆီးနေသော ဘင်္ဂါလီများကို ဟန့်တားသူ ယူနီဖောင်းဝတ် ရဲတပ်ဖွဲ့ဝင် နှစ်ဦးအား ဘင်္ဂါလီများက တိုက်ခိုက်သဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာ သေဆုံးခဲ့ရသည်။ ယင်းဖြစ်ရပ်နှင့် မရှေးမနှောင်းတွင် ပေါက်တောမြို့နယ်မှ ရခိုင်တိုင်းရင်းသားတစ်ဦးမှာ ဘင်္ဂါလီများ လာရောက် နှောင့်ယှက်တိုက်ခိုက်လေ့ရှိသော နေရာတစ်နေရာတွင် ဦးခေါင်းပြတ်ရှ ဒဏ်ရာဖြင့် သေဆုံးခဲ့ရသည်။ တိုင်းရင်းသားများကို ဘင်္ဂါလီများက အလားတူ တိတ်တဆိတ် လုပ်ကြံသတ်ဖြတ်မှုများမှာ စဉ်ဆက်မပြတ် ပေါ်ပေါက်နေခဲ့သော ဖြစ်ရပ်များဖြစ်သည်။

၃။ ထိုကဲ့သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်သတ်ဖြတ်ခံရမှုများကြောင့် မိမိတို့အနေဖြင့် များစွာ ထိတ်လန့်တုန်လှုပ်မှုဖြစ်ရပြီး၊ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း နှင့် ရဲတပ်သား သန့်ဇင်ဝင်း တို့ ၏ မိသားစုများ အတွက် များစွာ ၀မ်းနည်းမိရပါသည်။ ပြစ်မှုကျူးလွန်သူများကိုလည်း မရအရ ဖမ်းဆီးပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးပါရန် တောင်းဆိုပါသည်။

၎။ တိုင်းရင်းသားပြည်သူများကိုသာမက ပြည်သူ့ရဲတပ်ဖွဲ့ဝင်များကိုပါ ခိုးဝင်ဘင်္ဂါလီများက တိုက်ခိုက် သတ်ဖြတ်နေမှုများကို ဆက်တိုက်ကြုံတွေ့နေရလေရာ၊ အဆိုပါဖြစ်ရပ်များက နယ်ခြားလုံခြုံရေး နှင့် အများ ပြည်သူလုံခြုံရေးကို ဆောင်ရွက်ရာတွင် အားနည်းချက်များ ကြီးမားစွာ ရှိနေပြီဖြစ်ကြောင်း ညွှန်ပြနေပေသည်။

၅။ ဘင်္ဂါလီများရှိနေသည့်နယ်မြေများတွင် တာဝန်ထမ်းဆောင်နေကြရသည့် ရဲတပ်ဖွဲ့ဝင်များအား စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း၊ ပိုမို ထိရောက်အဆင့်မြင့်သည့် လက်နက်များကို တပ်ဆင်ပေးခြင်း၊ အချိန်နှင့် တပြေးညီ တုံ့ပြန်ဆောင်ရွက်ခွင့်ပေးခြင်း၊ ပြည်သူ့ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ရေးနှင့် ပြည်သူ့ ဆက်ဆံရေး အခန်းကဏ္ဍကို မြှင့်တင်ပေးခြင်း၊ နယ်မြေလုံခြုံရေးတွင် တိုင်းရင်းသားပြည်သူများ ကိုယ်တိုင် ကူညီပါဝင်နိုင်သည့် ပြည်သူ့စစ် ကဲ့သို့ ကဏ္ဍသစ်များဖွင့်လှစ်ခြင်းတို့မှာ မဖြစ်မနေ စဉ်းစားကြရမည့် အချက်များ ဖြစ်လာပေသည်။

၆။ ဒုချီးရားတန်းဖြစ်ရပ်တွင် သတင်းမှားများ ထုတ်လွှင့်ခဲ့ကြသည့် သတင်းဌာနများ၏ ဆောင်ရွက်ချက်များမှာ တိုက်ခိုက်သတ်ဖြတ်ခံရသူ ရဲတပ်ကြပ်ကြီးအောင်ကျော်သိန်း၊ မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံသားများအားလုံး၊ လူသားထုတစ်ရပ်လုံး နှင့်တကွ အမှန်တရားတို့၏ ဂုဏ်သိက္ခာကို ထိပါးစော်ကားပုတ်ခတ်လိုက်ခြင်းဖြစ်သည် ဟု ကျွန်ုပ်တို့ မှတ်ယူသည်။

၇။ ထိုသတင်းမှားများကို အကြောင်းခံ၍ ၀င်ရောက်စွက်ဖက် ဖိအားပေးတောင်းဆိုနေကြသော နိုင်ငံကြီးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ လုပ်ရပ်များမှာ တရားမဲ့ကျူးလွန်နေကြသည့် ဘင်္ဂါလီများကို အားပေးအားမြှောက်ပြုရာရောက်သည့်အပြင်၊ နှစ်ဘက်အကြား ပြဿနာ ထပ်ဖြစ်စေရန် မီးမွှေးပေးသလို ဖြစ်နေပါသည်။ မလုံခြုံမှုခံစားနေကြရသော လူနည်းစုတိုင်းရင်းသား ပြည်သူများအား အကြောက်တရား ပိုမိုတိုးပွားခံစားရစေမည်မှာ အမှန်ဖြစ်ပါသည်။ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နေကြသော တပ်ဖွဲ့ဝင်များ အသက်ဆုံးရှုံးနေကြရမှုတို့ကို ပျက်ရယ်ပြုရာ ရောက်နေသည်ကိုလည်း တွေ့ရှိရပါသည်။

၈။ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ နှင့် အချို့သော နိုင်ငံကြီးများသည် မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ အသက်အိုးအိမ် လုံခြုံမှုထက် တရားမ၀င် ၀င်ရောက်လာသူ ဘင်္ဂါလီများ၏ အခွင့်အရေး ရရှိရေးကိုသာ သိသာထင်ရှားစွာ စိတ်အားထက်သန်လျက်ရှိနေကြသည် ကိုလည်း ၀မ်းနည်းဖွယ်ရာ တွေ့မြင်နေရပေသည်။

၉။ ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသည့် ရခိုင်တိုင်းရင်းသားများ၊ နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အဖွဲ့အစည်းများက ထိထိရောက်ရောက် အကာအကွယ်ပေးမည့်အကြောင်းကို ကျွန်ုပ်တို့က အလေးအနက် တိုက်တွန်းတောင်းဆိုသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မီတီ
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ
(ဤသတင်းကို Coral Arakan News မှ ကူးယူဖော်ပြပါသည်)