Showing posts with label UN. Show all posts
Showing posts with label UN. Show all posts

Wednesday, January 21, 2015

လမ်းပေါ်ထွက်ဆန္ဒပြသည်မှာ ခြေပူ၊နေပူရုံသာရှိပြီး ဘင်္ဂါလီကိုရိုဟင်ဂျာအမည်ဖြင့် နိုင်ငံသားဖြစ်ခွင့်ပေးပါက မြန်မာပြည်သူတစ်ရပ်လုံး ရင်ပူရမည်ဟု ဦးဝီရသူမိန့်ကြား

DSCN8645
ဘင်္ဂါလီကိစ္စကြောင့် ပြည်သူများ လမ်းပေါ်ထွက်ကာ ဆန္ဒပြရသဖြင့် မိမိတို့တတွေမှာ ခြေပူရုံ၊ နေပူရုံသာရှိမည် ဖြစ်ပြီး ဘင်္ဂါလီဆိုသည့် ပုဂ္ဂိုလ်များက ရိုဟင်ဂျာအမည်ဖြင့် သူတို့တောင်းဆိုနေသည်ကိုရသွားလျှင် မိမိတို့ပြည်သူတစ်ရပ်လုံးမှာ ရင်ပူရမည်ဟု ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။
ဇန်နဝါရီလ ၁၆ ရက်နေ့က ရန်ကုန်မြို့၊ ဟစ်တိုင်ကွင်းတွင် ပြုလုပ်သည့် ကုလသမဂ္ဂညီလာခံ၏ ဘင်္ဂလီအရေးနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို ကန့်ကွက်ဆန္ဒပြပွဲ အခမ်းအနားတွင် ဆရာတော် ဦးဝီရသူ ထိုသို့ မိန့်ကြားသွားခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် ဆရာတော်က “ကမ္ဘာ့မြေပုံထဲကနေ မြန်မာ့မြေပုံကိုပျောက်အောင် ဖျောက်ဖျက်ဖို့ ကြိုးစားနေတာက ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလိမ်တွေ၊ အဲဒီဘင်္ဂါလိမ်တွေ ကုလသမဂ္ဂရုံးခန်းထဲ၊ ရုံးခန်းစားပွဲပေါ်ထိ ဒီလောက် အတင့် ရဲလာအောင် မြှောက်ပင့် ပေးနေတဲ့သူတွေကတော့ လောက်ကောင်တွေပါပဲ။ အဲဒီလောက်ကောင်တွေဟာ မစင်တွင်းထဲက လောက်ကောင်တော့ မဟုတ်ဘူး။ အသားထဲက လောက်ကောင်တွေပဲ။ အဲဒီလောက်ကောင်တွေဟာ တစ်မျိုးသားလုံးကို သစ္စာဖောက်ရုံတင်မက ဘူး။ မြန်မာပြည်ကြီးကိုပါ ဒေါ်လာနဲ့ရောင်းစားဖို့လုပ်နေတာ”ဟု မိန့်ကြားခဲ့သည်။
ယခုအခါ ကမ္ဘာကုလသမဂ္ဂမှာ အင်္ဂလိပ်လိုခေါ်ဆိုသော United Nations မဟုတ်တော့ဘဲ United Muslims ဖြစ်သွားပြီဟု ဆရာတော်က ဆိုသည်။
“United Muslim မူဆလင်သမဂ္ဂပါ။ အဲဒီမှာ ဌာနပေါင်းစုံရှိတယ်။ ဌာနပေါင်းစုံကို လိုက်ကြည့်လိုက်။ ငွေမကြိုက်တဲ့လက် တစ်ကောင်မှ မပါဘူး။ အရက်မငတ်တဲ့ပါးစပ် တစ်ပေါက်မှ မပါဘူး။ အဲဒီ အရက်နဲ့ငွေကို ရေကြိုသောက်ပြီး တော့ တို့နိုင်ငံကိုရောင်းစားတဲ့ အခြေအနေမျိုး တို့လက်ခံ နိုင်မလား”ဟု ဆရာတော်က မေးခွန်းထုတ်ခဲ့သည်။
မြန်မာနိုင်ငံရှိဘင်္ဂါလီများကို ရိုဟင်ဂျာအမည်ဖြင့် နိုင်ငံသားဖြစ်ခွင့်ပေးရန် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို ရခိုင်တိုင်းရင်းသားများ အပါအ၀င် မြန်မာတိုင်းရင်းသားပေါင်းစုံ ပါဝင်သော လူပေါင်း ၅၀၀ ခန့်က ဇန်န၀ါရီလ ၁၆ ရက်နေ့က ရန်ကုန်မြို့တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြ လူအုပ်ကြီးသည် နေ့လယ် ၁ နာရီမှစတင်ကာ ရန်ကုန်မြို့၊ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်အနီးရှိ ကြေးသွန်း ဘုရားကြီးအနီးတွင် စုဝေးခဲ့ကြပြီး ယင်းမှတဆင့် တာမွေမြို့နယ်ရှိ ဟစ်တိုင်ကွင်းသို့ ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ကာ လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြရာတွင် ပါဝင်သည့် ရခိုင် တိုင်းရင်းသားတစ်ဦးဖြစ်သူ ကိုရဲမင်းဦးက  “မစ္စယန်ဟီးလီက တရားမဝင် ခိုးဝင်လာတဲ့ သူတွေကို နိုင်ငံသားဖြစ်ခွင့်တွေ၊ လူ့အခွင့်အရေးအရ အပြည့်အဝ နိုင်ငံသားဖြစ်ခွင့်ပေးဖို့ကိစ္စတွေကျတော့ဒါကတော့ နိုင်ငံတကာမှာလည်းမရှိဘူး။ ဘယ်တိုင်းပြည်မှာမှမရှိဘူး။ ဒီလိုမျိုး သူတို့ရဲ့ဖိအားပေးမှုက အကြမ်းဖက်မှုကို ဆွပေးတဲ့ လုပ်ရပ် ဖြစ်တယ်လို့မြင်တယ်” ဟု နိရဉ္စရာသို့ ပြောဆိုသည်။
ယခုဆန္ဒပြပွဲတွင် ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားများနှင့် အမျိုးသားရေး တက်ကြွလှုပ်ရှားသည့် ဆရာတော် များဖြစ်ကြသော မန္တလေးမြို့မှ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူ၊ ရန်ကုန်မှ မကွေးကျောင်းဆရာတော် ဦးပါမောက္ခစသည့် သံဃာတော်များအပါအဝင် သီလရှင်များနှင့် အခြား ရန်ကုန်ရှိ လူမှုအဖွဲ့အစည်းအချို့မှ လူပုဂ္ဂိုလ်များ ပါဝင်ခဲ့ကြသည်။
DSCN8647
“မြန်မာ့ပြည်တွင်းရေး ပဋိပက္ခဖြစ်ပေါ်စေရန်ဖန်တီးနေသော ကုသလမဂ္ဂ၏ ဆုံးဖြတ် ချက် အလိုမရှိ”၊ “ခိုးဝင် ဘင်္ဂါလီများအား လူမျိုးအတုအယောင်အမည်ဖြင့် နိုင်ငံသားပေးရန် ကုလသမဂ္ဂ၏ဆုံးဖြတ်ချက် အား လုံးဝ ကန့်ကွက်သည်”၊ “တိုင်းရင်းမျိုးနွယ်ကို လုပ်ကြံ၍ မရ”၊  “Ethnicity can’t be fabricated”၊ “Supporters of Rohingya are our enemy ”၊ “ကုလသမဂ္ဂနှင့် မစ္စယန်ဟီးလီ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကိုလေးစားပါ၊ ပဋိပက္ခကို မဖန်တီးပါနှင့်”၊ “တိုင်းရင်းမျိုးနွယ်စုကို ဖန်တီး၍ မရနိုင်”၊ “ဘန်ကီမွန်းနှင့် ရန်ဟီးလီ တောင်နှင့် မြောက် ပေါင်းစည်းရေး ကြိုးပမ်းပါ၊ ကျုပ်တို့ တိုင်းပြည်(မြန်မာ)အတွင်းမှာ ပဋိပက္ခဖြစ်စေမယ့် ဆုံးဖြတ်ချက်မျိုး မလုပ်ပါနဲ့” စသည့် စာသားများပါ ဗီနိုင်းဆိုင်းဘိုးများကိုကိုင်ဆောင်ကာ လူအုပ်ကြီးက ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။
ယင်းအပြင် ဆန္ဒပြသူများသည် “ဝှိုက်ကတ်ကိုင်ဆောင်သူများအား ဆန္ဒမဲပေးခွင့်ပြု ခြင်းမှ ပယ်ဖျက် ပေးရေး ဒို့အရေး”၊ “တိုင်းရင်းသား ၁၃၅ မျိုးတွင်ထပ်တိုးမည့်အကြံ ဒို့လက်မခံ”၊ “ခိုးဝင် ဘင်္ဂါလီ များအား နိုင်ငံသားဖြစ်ခွင့်ပေးရန် ကုလ သမဂ္ဂရဲ့ဆုံးဖြတ်ချက် ချက်ချင်းရပ်”၊ “နိုင်ငံသား ဥပဒေအရ ခိုးဝင်ဘင်္ဂါလီများအား အရေးယူရေး ဒို့အရေး ”စသည့် စာသားများကိုလည်း လမ်းတစ်လျှောက် ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
လမ်းလျှောက်ဆန္ဒပြလာသည့် လူအုပ်သည် ယင်းတို့ဦးတည်ရာ တာမွေမြို့နယ်ရှိ ဟစ်တိုင်ကွင်းသို့ ညနေ ၃ နာရီခန့်တွင် ရောက်ရှိခဲ့ကြပြီး ဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ကုလသမဂ္ဂ ညီလာခံ၏ ဆုံးဖြတ်ချက်အား ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် အဆိုပါ ဟစ်တိုင်ကွင်းတွင် ဟောပြောခြင်းများကိုလည်း ပူးတွဲပြုလုပ်ခဲ့ကြသည်။
ယခုဆန္ဒပြပွဲကို သက်ဆိုင်ရာ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ညနေ ၄ နာရီခန့်တွင် ဆန္ဒပြပွဲ ပြီးဆုံး သွားခဲ့သည်။
ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ကပြုလုပ်ခဲ့သော (၆၉)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာနိုင်ငံရှိ ဘင်္ဂါလီများအား မြန်မာနိုင်ငံသား အဖြစ် အသိအမှတ် ပြုပေးရမည် ဖြစ်သည့် အပြင် ယင်းတို့ကို မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်စွာသွားလာ ခွင့်ပြုရန်စသည့် အချက်တို့ပါဝင်သည့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ ရန်ကုန်အပြန်ခရီးတွင် စစ်တွေဒေသခံ ၃ဝဝ ခန့်က ထပ်မံဆန္ဒပြ

image-0311ab207a6193812608b6ff25c0947a02de928983e1709bbf83602871794287-V
ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ပြန်လည်ထွက်ခွာမည့် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကို ဇန်နဝါရီလ ၁ဝ ရက်နေ့တွင် စစ်တွေဒေသခံ ၃ဝဝ ခန့်က ထပ်မံဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြသူများက ပြောသည်။
“သူ့အပြန်ခရီးကို နှုတ်ဆက်လိုက်တာပေါ့။ ကျွန်တော်တို့သတင်းကြားထားတာက သူ ၃ နာရီမှာ ဆင်းလာမယ် လို့လေ။ ဒါကြောင့် လူစုချိန်လည်းမရလိုက်တော့ဘူး။ ၃ဝဝ လောက်ပဲပြလိုက်နိုင်တယ်”ဟု ဆန္ဒပြရာတွင် ဦးဆောင်ပါဝင် ခဲ့သူ ရခိုင်လူမှုကွန်ရက်မှ ဦးစိုးနိုင်က ပြောသည်။
ဆန္ဒပြရာတွင် မစ္စယန်ဟီးလီ ရခိုင်သို့ရောက်ရှိခဲ့သည့်နေ့က ပြခဲ့သည့် ဆိုင်းဘိုးများကို ကိုင်ဆောင်ကာ လေဆိပ် တွင်ကြွေးကြော်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။
ယန်ဟီးလီသည် ဇန်နဝါရီလ ၁ဝ ရက်နေ့နံနက်ပိုင်းက စစ်တွေမြို့တွင် အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေး စင်တာ (ECC)နှင့်တွေ့ဆုံခဲ့ပြီး မွန်းလွဲပိုင်းတွင် စစ်တွေမြို့မိမြို့ဖများ၊ လူမှုအဖွဲ့အစည်းများတွေ့ဆုံခဲ့ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် မြို့မိမြို့ဖဦးသန်းထွန်းက ပြောသည်။
“သူဘက်ကပြောတာကတော့ ဘင်္ဂါလီတွေကို လူသားတစ်ယောက်လို အခွင့်အရေးပေးရမယ်၊ နောက်ပြီး နိုင်ငံသားဖြစ်ခွင့်လျှောက်တဲ့အခါ အခွင့်အရေးပေးရမယ်လို့ပြောတယ်။ ရခိုင်တွေနဲ့ဘင်္ဂါလီ တည့်မတ်ကြဖို့ အချင်း ချင်း တွေ့ဆုံဆွေးနွေးဖို့လိုတယ်လို့ပြောတယ်။ ကျွန်တော်တို့ဘက်ကလည်း ပြောတာပေါ့လေ။ လူသားချင်း စာနာမှုအတွက် ကိုတော့ ပြောစရာမလိုပါဘူး။ ဒါပေမယ့် နိုင်ငံသားဖြစ်ခွင့် ပေးရမယ် ဆိုတာ ကတော့ ဘယ်ရမလဲ။ ၁၉၈၂ ခုနှစ်၊ နိုင်ငံသား ဖြစ်ခွင့်ဥပဒေနဲ့ညီတဲ့သူကိုမှ ပေးလို့ရမှာလို့ ပြန်ပြော လိုက်ပါတယ်”ဟု သူက ဆိုသည်။
တွေ့ဆုံပွဲသို့တက်ရောက်လာသူများက ရခိုင်ပြည်နယ်ရှိ နှစ်ဘက်လူ့အဖွဲ့နှစ်ရပ်ပဋိပက္ခများဆက်လက်မဖြစ် ပွားစေလိုလျှင် မစ္စယန်ဟီးလီအနေဖြင့် ယခုရခိုင်ခရီးစဉ်နှင့်ပတ်သက်ပြီးအစီရင်ခံစာရေးသားရာတွင် ဘက်လိုက်မှုမရှိဘဲ မျှမျှတတရေးသားပေးရန်လိုအပ်ပြီး မြန်မာနိုင်ငံတွင်မရှိသည့် လူမျိုးတစ်မျိုး၏အမည်ကို ဆက်လက်မသုံးစွဲရန်လိုသည်ဟု ယန်ဟီးလီကိုတိုက်တွန်းပြောကြားခဲ့ကြကြောင်းလည်း သိရသည်။
ယန်ဟီးလီသည် ရခိုင်ပြည်နယ်သို့ ဇန်နဝါရီလ ၈ ရက်နေ့ကရောက်ရှိနေခဲ့ခြင်းဖြစ်ပြီး စစ်တွေနှင့် မြေပုံမြို့များရှိ နှစ်ဘက် လူ့အဖွဲ့အစည်းများ၏ ဒုက္ခသည်စခန်းများအပြင် နှစ်ဘက်လူ့အသိုင်းအဝိုင်းများနှင့်တွေ့ဆုံခဲ့ပြီး ဇန်နဝါရီလ ၁ဝ ရက်နေ့၊ ညနေ ၃ နာရီခွဲခန့်တွင် ရန်ကုန်သို့ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ကုလ အထူးကိုယ်စားလှယ်ရဲ့ လူမျိုးစုနှစ်ခု အတူယှဉ်တွဲနေထိုင်ရေးကမ်းလှမ်းချက် မြေပုံဒေသခံတို့ လက်မခံ

image-e9270041ed6d99f3a52ba8e53e8e4899186d2844241b760582baa4009f255f6
ဒုတိယအကြိမ်မြောက်ခရီးစဉ်အဖြစ် ရခိုင်ပြည်နယ်သို့ ဇန်ဝါရီလ ၈ ရက်နေ့က ရောက်ရှိလာသော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟီးလီသည် မြေပုံမြို့ရှိ နှစ်ဘက်လူ့ အသိုင်းအဝိုင်းနှင့်တွေ့ဆုံခဲ့ပြီး အတူ ယှဉ်တွဲ နေထိုင်မည့် ကိစ္စတွေကို ဆွေးနွေးခဲ့ကြကြောင်း သူမနှင့်တွေ့ဆုံခဲ့ သူများထံမှ သိရသည်။
သူမသည် ယနေ့နံနက်ပိုင်းက မြေပုံမြို့တွင်းရှိ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းဧည့်ရိပ်သာ၌ မြေပုံမြို့ နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအပြင် မြို့မိမြို့ဖ အချို့တို့နှင့် တွေ့ဆုံရာတွင် ယင်းသို့ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
“သူက ရခိုင်ပြည်မှာ ဒီလူမျိုးစုနှစ်ခု ဘာကြောင့် အတူမနေနိုင်ရတာလဲလို့လည်းမေးတော့ ရခိုင်ပြည်မှာ မနေ့တနေ့က နှစ်ဘက် သတ်ဖြတ်ထားကြတယ်၊ အချင်းချင်း နေအိမ်တွေကို မီးရှို့ထားကြတယ်၊ ဒါကို ဒီကနေ့ ချက်ချင်း အတူနေပေးပါဆိုလို့ရမလား။ လူကြီးမင်းတို့ ကိုရီးယား နိုင်ငံမှာတောင် တောင်နဲ့မြောက် မပေါင်းစည်း နိုင်တာ နှစ်ပေါင်း ၇ဝ ကျော်နေပြီ။ ကျွန်တော်တို့မှာ ၂ နှစ်အတွင်း ဘယ်လိုလုပ် ယှဉ်တွဲနေလို့ရမှာလဲလို့ ပြန်ဖြေလိုက်တယ်”ဟု သူမနှင့်တွေ့ဆုံခွင့်ရခဲ့သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက နိရဉ္စရာသို့ ပြောသည်။
မစ္စယန်ဟီးလီအနေဖြင့် မြေပုံမြို့တွင်ဆောင်ရွက်နေသည့် နိုင်ငံသားဖြစ်ခွင့်စိစစ်ရေးဆောင်ရွက်ချက် အခြေအနေများကိုလည်း မေးမြန်းခဲ့ကြောင်း ဦးဖေသန်းက ဆက်ပြောသည်။
“ဘင်္ဂါလီတွေကို နိုင်ငံတကာက ရိုဟင်ဂျာဆိုပြီးပြောဆိုသုံးနှုန်းနေတဲ့အတွက်ကြောင့် နိုင်ငံသားဖြစ်ခွင့် ဆောင်ရွက်တဲ့ လုပ်ငန်းဟာ အချိန်ကြန့်ကြာနေရတယ်လို့ ပြန်ပြောလိုက်တယ်။ နောက်ပြီး လူကြီးမင်းအနေနဲ့ ဒီအခြေအနေ တွေကို အစီရင်ခံစာရေးတဲ့အခါ မျှမျှတတရေးပေးဖို့တောင်းဆိုတော့ သူမက ဟုတ်ကဲ့ပါ။ ကျွန်မရဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး နောက်ထပ် ဆူပူမှုတွေမဖြစ်ရအောင် အတတ်နိုင်ဆုံးကြိုးစားရေးပေးပါ့မယ်လို့ ကတိခံခဲ့တယ်”ဟု ဦးဖေသန်းက ယန်ဟီးလီ၏ပြောဆိုချက်ကို ပြန်ပြောင်းပြောသည်။
ယန်ဟီးလီသည် ဦးဖေသန်းတို့နှင့် နံနက် ၁၁ နာရီမှ နေ့လယ် ၁ နာရီအထိ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး နေ့လယ် ၂ နာရီအချိန်တွင် သူမသည် မြို့တွင်းရှိ ဘင်္ဂါလီဒုက္ခစခန်းဖြစ်သော တောင်ပေါ်ဒုက္ခသည် စခန်းသို့သွားရောက်ကာ စခန်းတွင်းရှိ ဘင်္ဂါလီများနှင့် တွေ့ဆုံခဲ့ကြောင်း မြို့ခံများ၏ပြောပြချက်အရ သိရသည်။
ယန်ဟီးလီသွားရာလမ်းတွင် မြေပုံမြို့မှ အမျိုးသမီးကွန်ရက်အဖွဲ့ဝင်အချို့က “သမိုင်းလိမ်ညာ ရိုဟင် ဂျာ မြန်မာပြည်မှာလုံးဝမရှိ”၊ “ကိုးရီးယား တောင်နှင့်မြောက်ကိုပေါင်းစည်းနိုင်အောင်လုပ်မှ ရခိုင်ပြည်မှာလည်း လူမျိုးစု နှစ်ဘက်ပေါင်းနိုင်အောင် လုပ်ပါ” ဟူသည့် စာသားပါ ဗီနိုင်းဆိုင်းဘိုးများကိုကိုင်ဆောင် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
အဆိုပါဗီနိုင်းဆိုင်းဘိုးများကို ရဲတပ်ဖွဲ့က ဆွဲယူဆုတ်ဖြဲပစ်သည့်အတွက် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူတို့ ရုန်းရင်း ဆန်ခတ်အနည်းငယ်ဖြစ်ပွားခဲ့ကြောင်း ဆန္ဒပြသူများက ပြောသည်။
“ဝန်ကြီးချုပ်နဲ့ သမ္မတကြီးကတောင် မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိပါဘူးလို့ ပြောထားပြီးသားလေ။ ဒါကို ကျွန် မတို့ ပြည်သူတွေကော ပြောခွင့် မရှိတော့ဘူးလား။ ရဲတပ်ဖွဲ့ရဲ့လုပ်ရပ်က တော်တော်အရုပ်ဆိုးစေပါတယ်။ ကျွန် မတို့ကိုလည်း လူတွေအလယ်မှာ အရှက်ရစေတယ်” ဟု ဆန္ဒပြရာတွင်ပါဝင်သည့် အမျိုးသမီးကွန်ရက်မှ ဒေါ်ခင် သိန်းက နိရဉ္စရာသို့ပြောသည်။
ယင်းသို့ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သော်လည်း ဆန္ဒပြသူများအနေဖြင့် ယန်ဟီးလီလိုက်ပါလာသည့်ကား အနီးတွင် ယန်ဟီးလီကို “ယန်ဟီးလီ Get Out”  ဟု ဝိုင်းဝန်းဟစ်အော်ခဲ့ကြသည်ဟု ဆိုသည်။
ယန်ဟီးလီသည် ဘင်္ဂါလီဒုက္ခသည်စခန်းသို့သွားရောက်အပြီး ညနေ ၄ နာရီခန့်တွင် မြေပုံမှတဆင့် စစ်တွေမြို့သို့ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
သူမသည် ဇန်နဝါရီလ ၁ဝ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်တွေရှိ အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေးစင်တာ (ECC) အဖွဲ့နှင့် တွေ့ဆုံမည်ဖြစ်ပြီး ယင်းနောက် စစ်တွေရှိ နှစ်ဘက်ဒုက္ခသည်စခန်းများသို့သွားရောက်လေ့လာ မည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

စစ်တွေရောက် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကို ဒေသခံထောင်ချီ ဆန္ဒပြ

DSCN8603ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ဘင်္ဂလီလူမျိုးများအား ရိုဟင်ဂျာအမည်ဖြင့် နိုင်ငံသားပေးရန် ကုလသမဂ္ဂ၏ တောင်းဆိုမှုကို ကန့်ကွက်သည့် အနေဖြင့်  ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့် အရေးကိုယ်စားလှယ် မစ္စယန်ဟီးလီ စစ်တွေမြို့သို့ ရောက်ရှိလာစဉ် ထောင်ချီရှိသော ဒေသခံပြည်သူများက လမ်းပေါ်ထွက် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
မစ္စယန်ဟီးလီသည် စစ်တွေမြို့သို့ ဇန်နဝါရီလ ၈ ရက်နေ့၊ ညနေ ၆ နာရီခန့်က လေကြောင်းခရီးဖြင့် ရောက်ရှိလာရာ ရခိုင်ဒေသခံ ပြည်သူ ၃ဝဝဝ ခန့်က စစ်တွေလေဆိပ် အ၀င်ဝ လမ်းဘေးယာ တစ်ဘက်တစ်ချက်မှနေပြီး ကြွေးကြော်သံများ ကြွေးကြော်ပြီး ဆန္ဒပြခဲ့ကြသည်။
“ကျွန်မတို့ရခိုင်တိုင်းရင်းသားတွေကပါ၊ သမ္မတကြီးကပါ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိဘူးလို့ပြောထားတာ ရှိပါတယ်။ ရိုဟင်ဂျာဆိုတာကို ကျွန်မတို့ကတော့ လုံးဝလက်မခံဘူး။ အဲလိုမရှိပါဘူးလို့ပြောဆိုထားတဲ့ အဲဒီအသုံး အနှုန်းကို ယန်ဟီးလီက ထပ်ကာထပ်ကာသုံးနေလို့ ကျွန်မတို့က အခုလို ဆန္ဒပြရတာပါ။ နောက်ပြီး ဟိုတစ်ပတ်က လုပ်ခဲ့တဲ့ ကုလသမဂ္ဂညီလာခံမှာ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံသားအဖြစ်အသိအမှတ်ပြုဖို့ဆိုတာတွေကို ဆုံးဖြတ် ခဲ့ကြတာကို လက်မခံနိုင်လို့ အခုလိုဆန္ဒပြရတာပါ”ဟု ဦးဆောင်ဆန္ဒပြသူ ရခိုင်အမျိုးသမီးကွန်ရက်မှ ဒုတိယ ဥက္ကဋ္ဌ ဒေါ်ကျော့စိန်က နိရဉ္စရာသို့ပြောသည်။
ဆန္ဒပြရာတွင် “ယန်ဟီးလီ ယန်ဟီးလီ နိုးနိုး”၊ “အိုအိုင်စီ နောက်လိုက် Go. Go”၊ “ရခိုင်မြေမှာ ရိုဟင်ဂျာ လုံးဝမရှိ”၊ “ဌာနေတိုင်းရင်းသား အခွင့်အရေး UN ကိုယ်စားလှယ်လေးစားပါ”၊ “ဒေါ်လာစားမ ယန်ဟီးလီ အမှန်တရားကို သိရဲ့လား”၊
“တောင်မြောက်ကိုးရီးယား ပေါင်းဖို့လား ကြိုးစားကြည့်လေ ယန်ဟီးလီ”၊ “အကြမ်း ဖက်သမား အားမပေးနှင့် မှားသွားလိမ့်မည် ယန်ဟီးလီ”၊ “ဘင်္ဂါလီလော်ဘီ ယန်ဟီးလီ Get out” စသည့် ဆိုင်းဘိုးများကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြသည်။
အဆိုပါဆန္ဒပြခြင်းကို ဒေသအာဏာပိုင်များ၏တရားဝင်ခွင့်ပြုချက်ဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်တွေရှိ စည်းကမ်း ထိန်းသိမ်းရေး ရဟန်းတော်များအဖွဲ့နှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်းပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။
DSC02120ယန်ဟီးလီကိုကန့်ကွက်ဆန္ဒပြရာတွင်ပါဝင်သူ ရခိုင်တိုင်းရင်းသားတစ်ဦးကလည်း “ဘင်္ဂါလီတွေကို ရိုဟင်ဂျာလို့သတ်မှတ်ပြီ ရခိုင်တွေနဲ့အတူယှဉ်တွဲနေထိုင်ဖို့တောင်းဆိုတာဟာ ရှေးကဖြစ်ခဲ့တဲ့ ဆူပူမှုဖြစ်စဉ်တွေ ကို သာဓကယူစေချင်တယ်လို့ ကျွန်တော်ပြောချင်တယ်။ ဒါ့ကြောင့် ဒီအဓိပ္ပာဆောင်တဲ့စကားကိုပြောတဲ့သူမကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်”ဟု ဆိုသည်။
ဆန္ဒပြခြင်းကို ယင်းနေ့ညနေ ၇ နာရီခန့်တွင် အပြီးသတ် ရုပ်သိမ်းခဲ့ကြသည်။
မစ္စယန်ဟီးလီသည် ဇန်နဝါရီလ ၉ ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့နှင့်တွေ့ဆုံမည်ဖြစ်ပြီး ယင်းနောက် တွင် နှစ်ဘက်လူ့အဖွဲ့အစည်းများ၏ ဒုက္ခသည်စခန်းများသို့သွားရောက်လေ့လာမည်ဟု ကနဦး သတင်းများအရ သိရသည်။
ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ကပြုလုပ်ခဲ့သည့် (၆၉)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာနိုင်ငံရှိ ဘင်္ဂါလီများအား မြန်မာနိုင်ငံသားအဖြစ်အသိအမှတ်ပြုပေးရမည်ဖြစ် သည့်အပြင် ဘင်္ဂါလီများအား ရိုဟင်ဂျာဟု ဆက်လက်သုံးစွဲခွင့်ပြုရန်နှင့် ယင်းတို့ကို မြန်မာနိုင်ငံတစ်ဝန်း လွတ် လပ်စွာသွားလာ ခွင့်ပြုရန်စသည့် အချက်တို့ပါဝင်သည့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ၏ ယင်းသို့ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာကို စွက်ဖက်ထိပါးသည့် အပြင် ရခိုင်ပြည်နယ် နယ်မြေတည်တံ့မှုကို တိုက်ရိုက်ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ရခိုင်တိုင်းရင်းသားများက မှတ်ယူထားသည်။
မစ္စယန်ဟီးလီသည် ၂ဝ၁၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့က ရခိုင်ပြည်နယ်သို့တစ်ကြိမ် ရောက်ရှိခဲ့ဖူး သည့်အတွက် ယခုတစ်ခေါက် သူမ၏ရခိုင်ခရီးစဉ်မှာ ဒုတိယအကြိမ်ဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, January 6, 2015

၉-၁၂-၂၀၁၄ နေ့တွင်ကျင်းပသော (၆၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တင်သွင်းဆုံးဖြတ်ခဲ့သည့် ရိုဟင်ဂျာဆိုသူများအား နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေး ဆုံးဖြတ်ချက်အပေါ် ရခိုင်အမျိုးသားပါတီ၏ ထုတ်ပြန်ကြေငြာ

၉-၁၂-၂၀၁၄ နေ့တွင်ကျင်းပသော (၆၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တင်သွင်းဆုံးဖြတ်ခဲ့သည့် ရိုဟင်ဂျာဆိုသူများအား နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေး ဆုံးဖြတ်ချက်အပေါ်
ရခိုင်အမျိုးသားပါတီ၏ ထုတ်ပြန်ကြေငြာချက်
သဘောထားထုတ်ပြန်ချက်အမှတ် (၁/၂၀၁၅)
ရက်စွဲ။ ၂၀၁၅-ခုနှစ် ဇွန်န၀ါရီလ (၄) ရက်
၁။ ၂၉-၁၂-၂၀၁၄ နေ့တွင်ကျင်းပသော (၆၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ရိုဟင်ဂျာဆိုသူများအား နိုင်ငံသားအဖြစ် အသိအမှတ်ပြုရမည် ဟု ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်ခဲ့ပါသည်။
၂။ မြန်မာနိုင်ငံတစ်ခုလုံးမှပြည်သူများက မိမိတို့နိုင်ငံအတွင်း သမိုင်းလိမ် ရိုဟင်ဂျာ ဆိုသည့် လူမျိုး လုံးဝမရှိကြောင်း ဆန္ဒပြဖော်ထုတ်ငြင်းပယ်ခဲ့ကြပြီး၊ နိုင်ငံတော်သမ္မတကိုယ်တိုင်ကလည်း ရိုဟင်ဂျာလူမျိုး မြန်မာနိုင်ငံတွင် လုံးဝမရှိကြောင်း အတိအလင်းဖော်ထုတ် ကြေငြာမြွက်ကြားထားပြီး ဖြစ်ပါသည်။
၃။ မြန်မာနိုင်ငံ တစ်မျိုးသားလုံးက ငြင်းပယ်ထားသော သမိုင်းလိမ် ရိုဟင်ဂျာ ဆိုသူများကို မြန်မာနိုင်ငံသားအဖြစ် အပြည့်အ၀ အသိအမှတ်ပြုရန် (၆၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေးတွင် အတည်ပြုချမှတ်ခြင်းသည် မြန်မာနိုင်ငံသားများ၏ ရင်တွင်း ဆန္ဒမှန်များကို ဆန့်ကျင်၍ အတင်းအဓမ္မ လိုရာဆွဲ ဆုံးဖြတ်ခြင်းဖြစ်ပြီး၊ ပြည်ထောင်စု မြန်မာနိုင်ငံ၏ အချုပ်အချာ အာဏာကို စွက်ဖက်ထိပါးမှုဖြစ်သည့်အပြင် ရခိုင်အမျိုးသားများ၏ ရခိုင်ပြည်နယ် နယ်မြေတည်တံ့မှုကို တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်သဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အဆိုပါဆုံးဖြတ်ချက်အား ရခိုင်အမျိုးသားပါတီက လုံးဝပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်သည်။
၎။ ဤသို့ မတရားသော အင်အားသုံး ဆုံးဖြတ်စွက်ဖက်မှုများကို လိုအပ်သော နည်းလမ်းမျိုးစုံဖြင့် ပြင်းပြင်း ထန်ထန် ဆန့်ကျင်ကန့်ကွက်သွားမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ကြေငြာအပ်ပါသည်။
( ဗဟိုအလုပ်အမှုဆောင်ကော်မီတီ၏ ၃-၁-၂၀၁၅ နေ့ အစည်းအဝေး ဆုံးဖြတ်ချက် )
ဗဟိုအလုပ်အမှုဆောင်ကော်မီတီ
ရခိုင်အမျိုးသားပါတီ
(ဤသတင်းအား Coral Arakan News မှ ကူးယူဖော်ပြပါသည်)

နိုင်ငံသားဖြစ်ခွင့်သတ်မှတ်ချက် မည်သူမျှ တိုက်တွန်း၍မရဟု မြန်မာတုံ့ပြန်

 မြန်မာနိုင်ငံတွင် နိုင်ငံသားအဖြစ်    သတ်မှတ်ပေးရန် မည်သူကမျှ  မြန်မာအစိုးရအား တိုက်တွန်း၍မရဘဲ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေနှင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေများဖြင့်သာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကုလသမဂ္ဂသို့ မြန်မာ အစိုးရကိုယ်စားလှယ်အဖွဲ့က တုံ့ပြန်လိုက်သည်။
အီးယူနိုင်ငံများက တင်သွင်းသည့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးတွင် ဒီဇင်ဘာ ၂၉ ရက်က ချမှတ်ခဲ့ရာ လူနည်းစုများကို နိုင်ငံသားဖြစ်ခွင့်ပေးရန်၊ ရိုဟင်ဂျာအမည်များ ကို သုံးစွဲခွင့်ပြုရန်နှင့် ၎င်းတို့ကို မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်စွာ သွားလာခွင့်ပြုရန် အချက်တို့ ပါဝင်ခဲ့သည်။
‘‘EU ဆုံးဖြတ်ချက်မှာကတော့ နိုင်ငံသားဖြစ်ရေးအတွက် လိုအပ်တဲ့အခွင့်အရေးတွေ ညီတူ ညီမျှ ပေးအပ်ဖို့လို့ ဖော်ပြထား တယ်။ နိုင်ငံသားအဖြစ် သတ်မှတ်ပေးဖို့ မည်သူတစ်ဦးတစ်ယောက်ကမျှ မြန်မာနိုင်ငံအစိုးရကို တိုက်တွန်းလို့မရပါဘူး။ နိုင်ငံသားဖြစ်ရေးဟာ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေ၊ အထူးသဖြင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှုဥပဒေနဲ့အညီသာ ဆောင်ရွက်ရမယ်လို့ မြန်မာကိုယ်စားလှယ်အဖွဲ့က ရှင်းလင်းပြောကြားခဲ့ပါတယ်’’ဟု အီးယူကတင်သွင်းသည့် ဆုံးဖြတ်ချက်ကို    မူကြမ်းမှစ၍ နောက်ဆုံးကုလတွင်အတည်ပြု သည်အထိ ပါဝင်ဆွေးနွေးခဲ့သော နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းနှင့် စီးပွားရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
နိုင်ငံသားအဖြစ် စိစစ်ရန် ပထမအဆင့်အဖြစ် နိုင်ငံသား စိစစ်မှုရှေ့ပြေးစီမံချက်ကို ဆောင်ရွက်ခဲ့ပြီး ကိုက်ညီသူများကို နိုင်ငံသားပြုခွင့်ရသူနှင့် နိုင်ငံသားအဖြစ် စိစစ်ခွင့်ပြုခဲ့သည်ဟု ၎င်းက ဆိုသည်။
‘‘စိစစ်မှုအောင်မြင်တဲ့သူတို့ရဲ့ သားသမီးတွေဟာ ဒီဥပဒေနဲ့ အညီ အခွင့်အရေးတွေရရှိပြီးဖြစ်ပါတယ်။ ဒီလိုစိစစ်မှုတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ရိုဟင်ဂျာအသုံး အနှုန်းကိုလည်း ကျွန်တော်တို့ ဒီအစည်းအဝေးတစ်လျှောက်လုံး ကန့်ကွက်ခဲ့တာပါ။ ရိုဟင်ဂျာလို့ ဘယ်တုန်းကမှမရှိတဲ့နာမည်ကို သုံးစွဲနေမယ်ဆိုရင် ရခိုင်ပြည်နယ်မှာ မလိုလားအပ်တဲ့ပြဿနာတွေကို ဖြစ်ပေါ်စေတယ်လို့လည်း ပြောခဲ့ပါတယ်’’ဟု ၎င်းက ပြောကြားသည်။
နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ်လိုလားပါက လက်တွေ့ကျသည့် ဖွံ့ဖြိုးတိုးတက်မှုအကူအညီများ ပေးအပ်ရန်လိုကြောင်း ထောက်ပြခဲ့သည်ဟု ဆိုသည်။
ပြီးခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးကာလတွင် ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံခရီးစဉ်အတွင်း လူနည်းစုရိုဟင်ဂျာဟု သုံးနှုန်းခဲ့သဖြင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ဘန်ကီမွန်းထံ ကန့်ကွက်သည့် သတိထောက်လွှာကို ပေးခဲ့သည်။
ယခု EU က တင်သွင်းသည့် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်မှာ ယခင်ကဲ့သို့ မဲခွဲဆုံးဖြတ်ခြင်းမဟုတ်ဘဲ မြန်မာ အစိုးရတာဝန်ရှိသူတို့နှင့် အပြန်အလှန်ညှိနှိုင်း၍ ကုလတတိယ ကော်မတီသို့ တင်သွင်းခြင်းဖြစ်သည်။ ဆုံးဖြတ်ချက်အများစုတွင် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုထောက်ခံကြောင်း ပြောကြားချက်များကို မြန်မာကိုယ်စားလှယ်အဖွဲ့က ကြိုဆိုသော်လည်း ရိုဟင်ဂျာနှင့် ပတ်သက်၍ မြန်မာအစိုးရ၏ သဘောထားနှင့် တည်ဆဲဥပဒေများကိုသာမူတည်၍ ဖြေရှင်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းအရင်းအမြစ်- 7 Days News)

Thursday, January 1, 2015

ရိုဟင်ဂျာမူဆလင်များကို မြန်မာနိုင်ငံသားအဖြစ် အပြည့်အဝပေးရန် ကုလသမဂ္ဂ တိုက်တွန်းချက် လွှတ်တော် ကိုယ်စားလှယ် များနှင့် မြန်မာ့နိုင်ငံရေးကို စောင့်ကြည့်လေ့လာသူများ ပြင်းထန်စွာကန့်ကွက်ရှုတ်ချ

UN Building
နယူးယော့ခ်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်အား တွေ့ရစဉ်။

000 Del6371634
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းအား ရခိုင်ပြည်နယ်တွင် နိုဝင်ဘာ ၂၃ရက်က ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့စဉ်။ ဖိုင်ဓာတ်ပုံ-အေအက်ဖ်ပီ
ရိုဟင်ဂျာမူ ဆလင်များကို မြန်မာနိုင်ငံသားအ ဖြစ် အပြည့်အဝပေးရန်နှင့် နိုင်ငံအ နှံ့ လွတ်လပ်စွာသွား လာခွင့်ပြုရန် ကုလသမဂ္ဂ အထွေထွေညီလာခံ၏တိုက်တွန်းချက်ကို လွှတ် တော်ကိုယ် စားလှယ်များနှင့် မြန်မာ့နိုင်ငံရေး ကို စောင့်ကြည့် လေ့လာနေသူများက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက် ကြောင်း သိရသည်။ အဆိုပါတိုက်တွန်းချက်ကို ဒီဇင်ဘာ၂၉ရက် တနင်္လာနေ့က ကျင်းပ ခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီ လာခံတွင် ယင်းကဲ့သို့ တိုက်တွန်းခဲ့ ခြင်းဖြစ်သည်။

ယင်းတိုက်တွန်းချက်နှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က''ကျွန်တော် တို့ကတော့ လက်မခံဘူး။ ရှုတ်ချပါ တယ်။ နောက်ပြီးတော့ နိုင်ငံငယ် တစ်ခုရဲ့ အချုပ် အခြာအာဏာကို စော်ကားသလိုလုပ်တဲ့ သဘောဖြစ် တဲ့အတွက် ကုလသမဂ္ဂအနေနဲ့ နိုင် ငံရေးသိက္ခာချတယ်လို့ သုံးသပ်တယ်။ ကုလသမဂ္ဂရဲ့ နိုင်ငံရေး ကစားကွင်း တစ်ခုအနေနဲ့ ရောက်မှန်း မသိ ရောက်လာတယ်။ တစ်နည်းအား ဖြင့် ကုလသမဂ္ဂဟာ ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက် သာလာယံဇရပ် လိုဖြစ်လာတယ်။ ကုလသမဂ္ဂဟာ စတင်တည်ထောင်စဉ်တုန်းနဲ့ ဒုတိယ ကမ္ဘာစစ် အလွန် ကာလပုံစံမျိုးနဲ့ မ တူတော့ဘူးလို့ သုံးသပ်တယ်။ ဒီ မိုကရေစီ သဘောအရ အင်အားကြီး တဲ့အုပ်စုက အောင်မြ င်တယ်။ အင် အားနည်းပါးတဲ့ ငွေကြေးနည်းပါး တဲ့ အုပ်စုကတော့ လက်ညှိုးထိုးခံရ ပြီး ခုလိုလုပ်ရခြင်းခံရတယ်။ ဒါ ကြောင့် နိုင်ငံငယ်တော်တော်များ များတောင်  UN မှာ ပါဖို့ မသင့်တော့ ဘူးလို့ သုံးသပ်မိတယ်'' ဟု ဝေဖန် ပြောကြားလိုက်သည်။

ယခုလုပ်ရပ်သည် ရခိုင်မျိုးနွယ် စုအပေါ်တွင် အသိအမှတ်မပြုဘဲ  အခြားအင်အားစုအပေါ်တွင် နာမည် ဖန်တီးခြင်းမှာ အနိုင်ကျင့်သည့် လုပ် ရပ်ဖြစ်ပြီး ယင်းလုပ်ရပ်သည် လုပ်ရပ် ကောင်း မဟုတ် ကြောင်း ဒေါက်တာ အေးမောင်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ ၏ တိုက်တွန်းချက် နှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးက ''ကုလသမဂ္ဂက non-bidding resolution တိုက်တွန်းတာပါ။ မဖြစ်မနေ လုပ်ရမယ့် ကိစ္စမဟုတ်ဘူး။ ဒါကြောင့် ပြည်သူတွေအနေနဲ့ စိတ်ပူစရာမလို ပါဘူး။ မြန်မာနိုင်ငံ အနေနဲ့ ရိုဟင် ဂျာမရှိဘူးဆိုတာကို နိုင်ငံတကာကို တရားဝင် ပြောကြား ထားပြီး သား ဖြစ်တယ်။ နောက်ဘန်ကီမွန်း မြန်မာ နိုင်ငံကို လာတုန်းကလဲ ရိုဟင်ဂျာ မရှိဘူးဆိုတာကို တရားဝင်အသိ ပေး ပြောကြားထားပြီးသားဖြစ်တယ်။ နံပါတ် (၂) အချက်ကတော့ ဘင်္ဂါလီ တွေကို နိုင်ငံသားပေးဖို့ကို အစိုးရရဲ့ ရပ်တည်ချက်ကတော့ ငြင်းပယ်တာ မဟုတ်ဘူး။ ၁၉၈၂ ဥပဒေနဲ့ညီရင် ပေးမယ်။ မညီရင်မပေးဘူး။ ဘယ် နိုင်ငံ မှာ မဆို အစိုးရတစ်ရပ်အနေ နဲ့ တည်ဆဲဥပဒေကို ကျော်လွန်ပြီး တော့ လုပ်လို့မရဘူး။ နံပါတ်(၃) အ နေနဲ့ကတော့ ကုလသမဂ္ဂနဲ့ မြန်မာ နိုင်ငံဟာ လက်ရှိ အစိုးရ သစ် လက်  ထက်မှာ အပြန်အလှန်ဆက်ဆံ မှု မြင့်တက် လာတယ်။ မြန်မာနိုင်ငံ က ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ အဖြစ် ပီသအောင်နေတယ်။ ဒါ ကြောင့် မြန်မာ နိုင်ငံ ကိုလဲ ကုလသ မဂ္ဂအနေနဲ့ အပြန်အလှန်လေးစားဖို့ လိုအပ်တယ်။ ကုလသမဂ္ဂအပါအ ဝင် ဘယ်နိုင်ငံမဆို နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးလို့ မရဘူး။ နံပါတ် (၄) အနေနဲ့ လက် ရှိနိုင်ငံခြားရေး မူဝါဒအတိုင်း ဆက် လက်ဆောင်ရွက်သွားမှာဖြစ်တယ်'' ဟု ပြောသည်။
ယင်းကဆက်လက်၍ ''မြန်မာ နိုင်ငံမှာ ရခိုင်ပြည်နယ်မှာ ပဋိပက္ခ နှစ်ကြိမ်ဖြစ်ခဲ့တယ်။ အဲ့ဒီမှာ အစိုးရ အနေနဲ့ ခက်ခက်ခဲခဲဖြေရှင်းခဲ့ရ တယ်။ ခုထိလဲ ရခိုင်ကိုအရေးပေါ် အခြေ အနေ ကြေညာထား ရဆဲဖြစ် တယ်။ ဒါကိုနိုင်ငံတကာ အသိုင်းအ ဝိုင်းအနေနဲ့ နားလည်ဖို့လို တယ်။ အပြုသဘောဆောင်ပြီး လက်ခံပေး ဖို့လိုတယ်။ လက်ရှိ ကုလသမဂ္ဂရဲ့ လုပ်ဆောင်မှုဟာ မြန်မာနိုင်ငံ မှာ ပြဿနာကို ပိုဆိုးအောင် လုပ်သလို ဖြစ်နေတယ်။ ဒီပြဿနာကိုပြေလည် ဖို့ အစိုးရအနေနဲ့ ဥပဒေနဲ့အညီ လုပ်ဆောင် ဖို့လုပ်နေတယ်'' ဟု ပြော ကြားခဲ့သည်။

ယင်းတိုက်တွန်းချက်နှင့် ပတ် သက်ပြီးလည်း နိုင်ငံရေးလေ့လာသုံး သပ်သူ ဦးသန်းစိုးနိုင်က''ကုလသမ ဂ္ဂအဖွဲ့ဝင်နိုင်ငံအနေနဲ့ ဆုံးဖြတ်ချက် ကို လက်ခံအကောင်အထည်ဖော်ရ မယ့် တာဝန် တော့ရှိ တယ်။ ဒီကိစ္စက လုံခြုံရေးကောင်စီရောက်ရင် ဗီတို အာဏာသုံးနိုင်တဲ့ တရုတ်တို့၊ ရုရှား တို့က ဗီတိုအာဏာသုံးပြီး ကန့်ကွက် မယ့် အနေအထားရှိတယ်။ မြန်မာ နိုင်ငံအတွက် ဆိုရင်လဲ ရခိုင်ပြည် နယ်အရေးကိစ္စဟာ အင်မတန်သိမ် မွေ့စွာ ကိုင်တွယ်ရမယ့် အနေအထား ဖြစ်တယ်။ ဘန်ကီမွန်းလာတုန်းက တောင် ရိုဟင်ဂျာဆိုပြီး သုံးနှုန်းတဲ့ အတွက် ဆန္ဒပြကန့်ကွက်မှုတွေ အ များကြီး ဖြစ်ပွားခဲ့တယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက် ချပေမယ့်လဲ အစိုးရအနေနဲ့ သံတ မန်ရေးနည်းလမ်းတစ်ခုခုနဲ့ ရှောင်လွှဲ ဖို့ကြိုးပမ်းလိမ့်မယ်လို့ ယူဆတယ်'' ဟု သုံးသပ် ပြောကြားသည်။
ယင်းကဆက်လက်၍ ''မြန်မာ နိုင်ငံမှာ ရခိုင်ပြည်နယ်မှာ ပဋိပက္ခ နှစ်ကြိမ်ဖြစ်ခဲ့တယ်။ အဲ့ဒီမှာ အစိုးရ အနေနဲ့ ခက်ခက်ခဲခဲဖြေရှင်းခဲ့ရ မောင်တောမြို့နယ် ဒေသခံ တစ်ဦးဖြစ်သူ ဦးခိုင်ကျော်မိုးက လည်း ''ကုလသမဂ္ဂကလဲ သူ့ criteria သတ်မှတ်ချက်တွေနဲ့ အညီ ပြော တာ ပေါ့။ သမ္မတကြီးကလဲ မြန်မာနိုင်ငံ ထဲမှာ ရိုဟင်ဂျာ မရှိဘူး လို့ ပြောပြီး သားပဲ။ ဒါကို ကုလသမဂ္ဂအနေနဲ့ အတင်းအကျပ် ဖိအားပေးမယ် ဆို ရင်တော့ ကုလသမဂ္ဂဟာ  moderate  ဖြစ်ရဲ့လားဆိုတာ ပြန်ပြီးမေးခွန်း ထုတ်စရာ ဖြစ်နေတယ်။ နိုင်ငံ ရဲ့အ ချုပ်အခြာ အာဏာကို ဝင်ရောက်စွက် ဖက်ရာ ရောက်နေတယ်။ တရားနည်း လမ်းကျတဲ့ နိုင်ငံသားဖြစ်မှုနဲ့ပဲ သွား လို့ရမယ်။ နည်းလမ်းတကျနဲ့ နိုင်ငံ သားရ သင့်တဲ့ သူကို တော့ ရမယ်။  အဲ့ဒီလို မဟုတ်ဘဲ ရခိုင်ပြည်သူတွေ ဘက်ကတော့ အလျှော့ပေးစရာ မလို ဘူးလို့ဘဲ မြင် တယ်''ဟုပြောသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံသား ဖြစ်ခွင့်၊ မဖြစ်ခွင့်မှာ ကုလသမဂ္ဂ၏တိုက်တွန်းချက်၊ ဆုံးဖြတ်ချက်အပေါ် မူတည်ခြင်းမရှိဘဲ ၁၉၈၂ ခုနှစ် နိုင်ငံ သားဖြစ်ခွင့် ဥပဒေနှင့်သာ သက် ဆိုင်ကြောင်း သုံး သပ် ကြသည်။

ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးသိန်းညွန့်က ''မြန်မာနိုင်ငံမှာ ရှိတဲ့တိုင်းရင်းသား ၁၃၅မျိုး စာရင်း ထဲမှာလဲမရှိဘူး။ အဲ့ဒါကို နိုင်ငံမဲ့ဖြစ် နေလို့ ကုလသမဂ္ဂ အထွေထွေညီ လာခံမှာ ပါတဲ့ ထောက်ခံတဲ့နိုင်ငံတွေ ကသူတို့အသိအမှတ်ပြုရင် သူတို့ နိုင်ငံခေါ် သွားပေါ့။ မြန်မာနိုင်ငံ မှာတော့ အချုပ်အခြာအာဏာပိုင် ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့နိုင်ငံ သားဥပဒေနဲ့အညီ ဆောင် ရွက်နေ တယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံသား ဖြစ် ခွင့်ဥပဒေနဲ့အညီပဲ ဆောင်ရွက်မှာပဲ။ ကုလသမဂ္ဂ အထွေထွေညီလာခံ က ဒီလိုဆုံးဖြတ်တယ်ဆိုတာ ကြား လိုက်ရတာမှတစ်ပါး မြန်မာနိုင်ငံ အနေနဲ့ အသက်ဝင် ဖို့လဲ မရှိဘူး။ ဆောင်ရွက်ဖို့အကြောင်းလဲ မရှိဘူး'' ဟု သုံးသပ်ပြော ကြားသည်။

ရခိုင်တိုင်းရင်းသားရေးရာဝန် ကြီး ဦးဇော်အေးမောင်က ''ကုလသမဂ္ဂအထွေထွေညီလာခံက ဘယ် လိုပဲ ဆုံးဖြတ်ချက်ချမှတ်ချမှတ်၊ ဘယ်လိုပဲတိုက်တွန်းတိုက်တွန်း မြန်မာ နိုင်ငံသည် အချုပ်အခြာ အာဏာပိုင်နိုင်ငံဖြစ်တယ်။ မြန်မာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကိုဘယ် အဖွဲ့အစည်းကမှ (လွှမ်းမိုး)လို့ မရဘူး။ သမ္မတကြီးကိုယ်တိုင်က လဲ ပြောပြီး သားဖြစ်တယ်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရသူကို နိုင်ငံသား ပေးမယ်။ မြန်မာနိုင်ငံသည် အချုပ် အခြာအာဏာပိုင် နိုင်ငံဖြစ်တဲ့အ တွက် ဒီလိုဆုံး ဖြတ်ချက်ကို မလိုက် နာပေမယ့် ဘာပြဿနာမှ တက်နိုင် စရာအကြောင်းမရှိဘူး'' ဟု သုံးသပ် ပြောကြားခဲ့သည်။

ရိုဟင်ဂျာများအား ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုများတွင် သာတူညီမျှရရှိစေရန်နှင့် ခွဲခြား ဆက်ဆံမှုနှင့် အကြမ်းဖက်မှုများ အား ဖော်ထုတ်ရန်လည်း ကုလသမဂ္ဂ အထွေထွေညီ လာခံတွင် ထည့်သွင်း တောင်းဆိုခဲ့သည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက ''ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားမဟုတ် ဘူး။ နောက်တစ်ခုက နိုင်ငံသားဖြစ် မှုဆိုတာ ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေရှိ တယ်။ ၁၉၈၂ ဥပဒေအရ ဘယ်ဧည့်နိုင်ငံသားမဆို ၁၉၈၂ ဥပဒေနဲ့ညီရင် နိုင်ငံသားဖြစ်ခွင့်ရှိ တယ်။ ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက် နဲ့ ပတ်သက်ပြီးအကြံပြုချင်တာက တော့ လူ့အခွင့်အရေး ရှုထောင့် က နေသာမက အချုပ်အခြာအာဏာ ရှုထောင့်ကပါ ထည့်သွင်းစဉ်းစား ဖို့လိုမယ်လို့ပြောချင်တယ်''ဟု ပြော သည်။

ကုလသမဂ္ဂအထွေထွေညီလာ ခံတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ ဒီမို ကရေစီကူးပြောင်းရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ လူ့အခွင့်အရေး မြှင့်တင်ရေးတို့ ဆောင်ရွ က်လျက် ရှိသည့်အပေါ် ကြိုဆိုလိုက်ပြီး ကျန် ရှိနေသေးသည့် လူ့အခွင့်အရေးချိုး ဖောက်မှုများအား တိုးမြှင့်လုပ်ဆောင် ရန် မြန်မာနိုင်ငံအစိုးရအား တိုက် တွန်းခဲ့သည်။
(သတင်းအရင်းအမြစ်- ဒီမိုကရေစီတူဒေးသတင်းစာ)
မူရင်းလင့်အားကြည့်ရန်ဤနေရာကိုနှိပ်ပါ။

Monday, December 1, 2014

ဘန်ကီမွန်းကို ရန်ကုန်တွင် ထပ်မံ ကန့်ကွက်ဆန္ဒပြ

PROTEST-1
ကမ္ဘာ့ကုလသမဂ္ဂ  အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းမှ သူ့၏  မြန်မာနိုင်ငံခရီးစဉ် အတွင်း ရခိုင်ပြည်နယ်တွင် နေထိုင်သော ဘင်္ဂလီလူမျိုးများကို  ရိုဟင်ဂျာအဖြစ်သုံးနှုန်းခြင်းအပေါ် ကန့်ကွက် သည့် ဆန္ဒပြပွဲတစ်ခုကို နိုဝင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ကြသည်။
ဆိုင်းဘုတ်များ၊ ပိုစတာများကို ကိုယ်စီကိုင်ထားကြသော ဆန္ဒပြသူ ၂၀၀၀ နီးပါးခန့်သည် ရွှေတိဂုံ အရှေ့ဘက်မုဒ် ကြေးသွန်းဘုရားကြီးတွင် စုရုံခဲ့ကြပြီး ယင်းမှတဆင့် ကျိုက္ကဆံအားကစားကွင်း အနီးရှိ ဟစ်တိုင် အထိ လမ်းလျှောက် ချီတက်က ကြွေးကြော်သံများ ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်။
ကြေးသွန်းဘုရားကြီး၌ စုရုံးကြစဉ် မြန်မာနိုင်ငံရဟန်းတော်များမှ ထုတ်ပြန်ချက်တစ်စောင်ကို ကြေးသွန်း ဘုရားကြီး သိမ်တော်ကြီးရှေ့တွင် ရဟန်းတော်တပါးက ဖတ်ကြားခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် “ ရိုဟင်ဂျာဆိုသောအသုံးအနှုန်းကိုနောက်နောင် လုံးဝအသုံးမပြုရန်နှင့် တိုင်းရင်းသားအဖြစ် တွန်းအားပေးရေးကို  လုံးဝထပ်မှန်မပြုလုပ်မိစေရန် အလေးအနက်၊ အတိအလင်း သတိပေးကန့်ကွက်လိုက်ပါကြောင်း” ဟု ပါရှိသည်။
ယင်းဆန္ဒပြပွဲတွင် “တိုင်းရင်းသား ၁၃၅ မျိုးထပ်တိုးမည့် အကြံဒို့လက်မခံ၊ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်သော ဘီကီမွန်းအားအလိုမရှိ၊ အစ္စလာမ်မစ် State ထူထောင်မည့်အကြံဒို့လက်မခံ၊ လူမျိုး အတု အယောင် ဖန်တီးသောင်းကျန်းသူ ဒို့ရန်သူ၊ လူမျိုးအတုအယောင် ဖန်တီးနေသူများအား ဆန့်ကျင်ကြ” စသည့် ကြွေးကြော်သံများဖြင့် လမ်းတလျှောက် ကြွေးကြော်ခဲ့ကြသည်။
ဆန္ဒပြပွဲကိုဦးဆောင်သူထဲမှ ရဟန်းတော် တပါးကလည်း “အခုနိုင်ငံတော် သမ္မတကြီးကရော၊ ၀န်ကြီးချုပ် ကရော အားလုံးပြောပြီး သွားပြီးပြီ၊ လူမျိုး ၁၃၅ မျိုးထဲ သူတို့လူမျိုး မရှိဘူး ဆိုတာကိုလည်း ပြောပြီးပြီ၊ သူတို့ဘက်ကသာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကိုထိပါးလာမည်ဆိုရင် လုံးဝ ဆန့်ကျင် ကန့်ကွက် သွားရမှာပဲ” ဟု ပြောကြားသွားသည်။
ဆန္ဒပြချီတက်သူများ ဟစ်တိုင်ကွင်းအရောက်တွင် အားလုံးစုရုံးကာ အဖွဲ့အစည်းအသီးသီးမှ ပေးပို့သော သ၀ဏ်လွှာများကို ဖတ်ကြားခြင်း၊ ဆန္ဒပြပွဲဦးဆောင်သူတစ်ချို့က ၄င်းတို့၏ ဘန်ကီမွန်းအား ဆန္ဒပြရခြင်းနှင့် ပတ်သက်၍ ထုတ်ဖေါ်ပြောကြားခြင်းများကို ပြုလုပ်ခဲ့ကြသည်။
အသျှင်ဝိရသူထံမှ ပေးပို့သောထုတ်ပြန်ချက်တစ်စောင်ကိုလည်း အရှင်ဝိရသူကိုယ်စား ရဟန်းတော်တပါးက ဖတ်ကြားခဲ့သည်။
ယင်းပြင် ရခိုင်သံဃနိကာယအသင်းမှလည်း သ၀ဏ်လွှာပေးပို့ခဲ့သည်။
PROTEST
“ UN ညီလာခံတွင် EU က တင်သွင်းသော ဘင်္ဂါလီများကို မြန်မာနိုင်ငံတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရန် ကိစ္စနှင့်ပတ်သက်၍ လူ့အခွင့်အရေး ကော်မရှင်ကတဖက်သတ်ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းတို့သည် (နိုင်ငံသား ဖြစ်မှုနှင့် ပတ်သက်သော ပြဿနာ များသည် ယင်းနိုင်ငံ၏ စီရင်ပိုင်ခွင့်အတွင်းကျရောက်သည်) ဟူ၍ စာမျက်နှာ ၁၆ တွင်ရှိသော ၁၉၅၄ ခု အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစာချုပ်များနှင့် လုံးဝ ကိုက်ညီမှု မရှိသည့် အပြင် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် ဥပဒေများကို ၀င်ရောက် စွက်ဖက်ရာ  ရောက်သောကြောင့် ရန်ကုန်တိုင်း ဒေသကြီး ရခိုင် သံဃနိကာယ အသင်းမှ လေးနက်စွာ ကန့်ကွက်ပါကြောင်း ထုတ်ပြန် ကြေငြာအပ်ပါကြောင်း” သ၀ဏ်လွှာတွင် ဖေါ်ပြသည်။
ဆန္ဒပြပွဲသို့ကြွရောက်လာသူ ဆရာတော် ဦးကောဝိတကလည်း “ဘန်ကီမွန်းပြောကြားခဲ့တာဟာ မှန်လည်း မမှန်ဘူး။ မြန်မာပြည်သူတွေကလည်း မထောက်ခံဘူး။ အဲဒါကြောင့် တပည့်တော်တို့က ဘန်ကီမွန်းကို ရှုတ်ချ ရခြင်းဖြစ်ပါတယ်။ အကျိုးရှိတဲ့စကားထဲမှာ မပါပါဘူး။ အဲ့ဒါကြောင့် ဘုရားတပည့်တော်တို့ ဆန္ဒပြရခြင်း ဖြစ်ပါတယ်” ဟုမိန့်ကြားသွားခဲ့သည်။
ဆန္ဒပြပွဲကိုမွန်းလွဲတစ်နာကျော်ခန့်တွင် စတင်ပြီးညနေ ၄ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။ ဆန္ဒပြပွဲကို ကြွေးကြော်သံများဖြင့် အဆုံးသတ်ခဲ့ကြသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

UN အတွင်းရေးမှူးချုပ်ဘန်ကီမွန်းအား ရန်ကုန်တွင် ဆန္ဒပြခွင့်သက်ဆိုင်ရာက ခွင့်ပြု


Saw-Tha-Maung
ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအား ရန်ကုန်မြို့တွင် ဆန္ဒပြရန် အတွက် ခွင့်ပြုချက်တောင်းခံရာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ခွင့်ပြုချက် ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
သို့အတွက် နိုဝင်ဘာလ ၂၉ ရက် စနေနေ့ နေ့လယ် (၁) နာရီ အချိန်မှ စတင်ကာ (၃) နာရီထိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အား ကန့်ကွက် ဆန္ဒပြသွားမည်ဟု သိရသည်။
ဆန္ဒပြရန် ရွှေတိဂုံ အရှေ့ဘက်မုခ် ကြေးသွန်ဘုရားကြီးရှေ့ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် စုရပ် အဖြစ် ယခင်က သတ်မှတ်ထားသော်လည်း ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက တာမွေမြို့နယ် ကျိုက္ကဆံ အားကစားကွင်း (အနောက်ဘက်) ဟစ်တိုင်တွင် လူပေါင်း ၁၀၀၀ ခန့်ဖြင့်  ဆန္ဒပြရန် ခွင့်ပြုခဲ့သည်ဟု သိရသည်။
ကျူးကျော်ဝင်ရောက်နေထိုင်ကြသော ဘင်္ဂလီများအား မြန်မာနိုင်ငံတွင် တစ်ခါဖူးမျှ မရှိခဲ့ဖူးသည့် နာမည်အား ကုလသမဂ္ဂ အတွင်းရေးမှူးမှ မြန်မာခရီးစဉ်တွင် ပြောကြားခဲ့ခြင်း၊ ယခုလ ၂၁ ရက်နေ့က UN ညီလာခံတွင် EU ကတင်သွင်းသော ဘင်္ဂလီများကို မြန်မာတိုင်းရင်းသား နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန်လူ့အခွင့်အရေးကော်မရှင်က တစ်ဖက်သတ် အတည်ပြု ဆုံးဖြတ်ချက် ချခြင်းတို့သည် နိုင်ငံတကာ သံတမန်ကျင့်ဝတ်များကို ချိုးဖေါက်၍ မြန်မာနိုင်ငံ၏ အချုပ်အချာနှင့် ဥပဒေများကို ၀င်ရောက် စွက်ဖက်ခြင်းတို့ကြောင့် ယခုလို ဆန္ဒပြကန့်ကွက်သွားမည်ဟု သိရသည်။
ဆန္ဒပြရန် ခွင့်ပြုချက်ကို တင်ပြလျှောက်ထားသူ ဦးစောသာမောင်အား ယခုလ ၂၆ ရက်နေ့စွဲဖြင့် ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Thursday, November 27, 2014

ဘန်ကီမွန်းကို ဘူးသီးတောင်တွင် ဆန္ဒပြ

BUTHIDAUG-PROTECTION
နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ဘင်္ဂါလီကို ရိုဟင်ဂျာဟုသုံးစွဲခဲ့သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အား ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ယနေ့ ထပ်မံ ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
သက်ဆိုင်ရာ၏ တရားဝင်ခွင့်ပြုချက်ဖြင့်ပြုလုပ်ခဲ့သည့် အဆိုပါဆန္ဒပြပွဲကို ယနေ့ (နိုဝင်ဘာလ ၂၄ ရက်)  မွန်းလွဲ ၁ နာရီတွင် စတင်ခဲ့သည်ဟု သိရသည်။
ဆန္ဒပြသူများသည် ဘူးသီးတောင်မြို့၊ ၆ ရပ်ကွက်ရှိ ဧစေတီဘုရားအနီးမှ မင်းဘာကြီးလမ်း၊ တရားရုံးခွဆုံ၊ ဗိုလ်ချုပ်လမ်း၊ ဓညဝတီလမ်း၊ ဝိမလလမ်းတို့အတိုင်း လမ်းလျှောက်ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူ ဘူးသီးတောင်မြို့ခံ ဦးအဖြူမောင်က ပြောသည်။
“ဆန္ဒပြရာမှာ လူထုအင်အား ၃ဝဝဝ ကျော်လောက်ပါဝင်ပါတယ်။ ညနေ ၂ နာရီမှာ ဆန္ဒပြပွဲ အောင်မြင်စွာ ပြီးဆုံး ခဲ့ပါတယ်”ဟု ယင်းက ဆိုသည်။
ယင်းသို့ဆန္ဒပြရာတွင် “ရိုဟင်ဂျာလူမျိုး မြန်မာနိုင်ငံတွင်လုံးဝမရှိ”၊ “သမိုင်းလိမ်ညာ ရိုဟင်ဂျာ”၊ ရိုဟင်ဂျာဟု ပြောဆိုသူ တို့ရန်သူ”၊ “UN အကြီးအကဲ ဘန်ကီမွန်း မြန်မာပြည်ကိုတောင်းပန်ပါ”၊ “ပြည်တွင်းရေးကို စွက်ဖက်သူ တို့ရန်သူ”၊ “UN, INGO အလိုမရှိ”၊ “ဘန်ကီမွန်းကို ပြည်ထောင်စု အစိုးရက ကန့်ကွက် ရှုတ်ချ” စသည့် စာသားများကို ဆန္ဒပြသူများက ကြွေးကြော်ကာ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်သော ဦးအောင်သောင်းရွှေက “ UN, INGO အဖွဲ့တွေရဲ့ အကြီးအကဲ တစ်ဦးဖြစ်ပါလျှက် ဒီခေါင်းစဉ်နဲ့ပဲ လုပ်ဆောင်မယ်ဆိုယင် လက်ရှိထောက်ပံ့ ကူညီပေးရေး လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေအားလုံးဟာ ဘင်္ဂလီအုပ်စုကိုသာ ဦးတည်နေတယ်ဆိုတာ ရှင်းနေပါတယ်။ ဒါကို ECC အဖွဲ့အနေနဲ့ ကြပ်ကြပ်မတ်မတ် စီစစ်သင့်တယ်။ ECC ရဲ့ လုပ်ဆောင်ချက်ကိုလည်း အားမရလို့ ပိုပြီးထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ တောင်းဆိုတယ်။ လိုအပ်ရင် ပြင်ဆင်ဖွဲ့စည်းဖို့လည်း တိုက်တွန်းပါတယ်။ ဗန်ကီမွန်း အနေနဲ့ ကိုယ်ပြောတဲ့စကားကို ကိုယ်တာဝန်ခံနိုင်ဖို့လိုပါတယ်။ မြန်မာပြည်ကို ပြန်တောင်းပန်ဖို့ လိုတယ်။ ဒါကိုလည်း အစိုးရက တရားဝင်ကန့်ကွက်တောင်းဆိုဖို့ တိုက်တွန်းတယ်။ အဓိကကတော့ ဒီအချက်တွေကို သိစေချင်လို့ ဆန္ဒထုတ်ဖေါ်ရခြင်းဖြစ်ပါတယ်။ ထုတ်ပြန်တောင်းဆိုတဲ့ စာကိုလည်း UNHCR ရုံးမှာ ပေးခဲ့ပါတယ်” ဟု ရှင်းပြပါသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဘန်ကီမွန်းက ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို ရိုဟင်ဂျာဟု ပြောဆိုသုံးစွဲခဲ့သည့်အပေါ် ကန့်ကွက် ရှုတ်ချသည့်အနေဖြင့် ယခုကဲ့သို့ဆန္ဒပြရခြင်းဖြစ်ကြောင်း ဆန္ဒပြဦးဆောင်သူများက ပြောသည်။
PRORECTION-in-buthidaung“ဘန်ကီမွန်းဟာ UN ရဲ့အကြီးအကဲတစ်ယောက်ဖြစ်တယ်။ သူ့ရဲ့လူ့အခွင့်အရေး ဆောင်ရွက်မှု ကို လေးစား ပါတယ်။ ဒါပေမယ့် သူ့ရဲ့လူ့အခွင့်အရေးဆောင်ရွက်က တစ်ဘက်စွန်းရောက်သွားတယ် လို့မြင်တယ်။ လူ့အခွင့်ရေး ပြောပြီး ဒေသခံဌာနေရခိုင်တိုင်းရင်းသားတွေကို လျစ်လျူရှုထားတာဟာ သူ့ရဲ့မဟာအမှားပဲ။
ဒါ့ကြောင့် ကျနော်တို့ အခုလိုဆန္ဒပြရတာ”ဟု ဆန္ဒပြဦးဆောင်သူ ဘူးသီးတောင် မြို့ခံ ဦးထွန်းအောင်သိန်းက နိရဉ္စရာသို့ပြောသည်။
ဘူးသီးတောင်တွင် ယခုကဲ့သို့ဆန္ဒပြအပြီး မြို့လူထု၏သဘောထားကြေညာချက်တစ်စောင်ကို လည်း မြို့တွင်းရှိ UNHCR ရုံးသို့ ပေးပို့ခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်မရှိသည့်လူမျိုးတစ်မျိုး၏အမည်ကို မြန်မာနိုင်ငံသို့လာပြီးထုတ်ဖော်ပြောကြားခဲ့ သည့် ကမ္ဘာ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကို နိုဝင်ဘာ ၂၃ ရက်နေ့က လည်း ရခိုင်ပြည်နယ် အတွင်းရှိ စစ်တွေအပါအဝင် ကျောက်တော်၊ ပေါက်တော၊ မင်းပြားနှင့် မောင် တောမြို့များတွင် တစ်ပြိုင်တည်း ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

အပြောနှင့်အလုပ်မညီသော ရခိုင်ပြည်နယ် လဝက၊ ဆန္ဒပြပွဲများနှင့် တွေ့ကြုံရတော့မည်‌လော

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့တွင် အခြေစိုက်သည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)တွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ဘင်္ဂလီဝန်ထမ်းများကို နိုင်ငံခြားသို့ ဆွေးနွေးပွဲ တက်ရောက်ရန် စေလွှတ်မည်ဖြစ်ရာ ၎င်းတို့နိုင်ငံကူးလက်မှတ်ရရှိရေးအတွက် လိုအပ်နေသော အမျိုးသားမှတ်ပုံတင်ကတ်ပြား (သုံးခေါက်ချိုးကတ်ပြားများ)ကို အချိန်မီထုတ်ပေးရန် မောင်တောခရိုင်အတွင်းရှိ လဝကရုံးများမှ ဆောင်ရွက်ပေးနေရကြောင်းကြားသိနေရပါသည်။
UNHCR အပါအဝင် UN ရုံးများနှင့် Agency များ၊ INGO များတွင် လုပ်ကိုင်နေသူ အများစုမှာ ဘင်္ဂလီများသာ ဖြစ်ကြပြီး မြန်မာနိုင်ငံတွင် လက်မခံနိုင်၊ မရှိဟု အမြဲကန့်ကွက်ငြင်းဆိုထားသည့် လူမျိုးများအဖြစ်သာ ခံယူထားကြသူများဖြစ်ကြပြီး ယာယီသက်သေခံလက်မှတ်သာ ကိုင်ဆောင်ထားသူများဖြစ်ကြသည်။ ယာယီသက်သေခံကတ်ပြားဖြင့် နိုင်ငံကူးလက်မှတ် ထုတ်ပေးနိုင်ခြင်းမရှိပေ။ ယခုအခါ သူတို့ကို ပြည်ပနိုင်ငံများသို့ Workshop ဆွေးနွေးပွဲများ တက်ရောက်ရန် UNHCR မှ ရွေးချယ်ထားဖြင့် နိုင်ငံကူးးလက်မှတ် လျှောက်ထားရန် အခက်အခဲဖြစ်နေသည်ဟု ဆိုသည်။
ယင်းဘင်္ဂလီဝန်ထမ်း ၄ဦး(သို့မဟုတ်) ၅ဦးအတွက် အမျိုးသားမှတ်ပုံတင် သက်သေခံကတ်ပြားများ ထုတ်ပေးရန် UNHCR မှ ရခိုင်ပြည်နယ် လဝကသို့ မေတ္တာရပ်ခံတောင်းဆိုထားသည်ဟု အမည်မဖေါ်လိုသူ UN ဝန်ထမ်းတစ်ဦးက ပြောသည်။
မောင်တောခရိုင်အတွင်းရှိ လဝက အသိုင်းအဝန်းမှလည်း ထိုသို့ ထုတ်ပေးရန် စီစဉ်နေခြင်း မှန်ကန်ကြောင်း ပြောသည်။ အထက်ဌာနများ၏ ညွှန်ကြားချက်အရ ထုတ်ပေးခိုင်းရခြင်းဖြစ်ကြောင်း ခရိုင်လဝကရုံးနှင့် နီးစပ်သူများက ဆိုသည်။ ၎င်းကိစ္စကို လဝက ဝန်ထမ်းများက လုံးဝဖွင့်မပြောနိုင်ကြောင်း နှင့် သတင်းပေါက်ကြားမှု မရှိစေရန် တင်းကြပ်စွာ ဖိအားပေးခံထားရပုံရှိသည်ဟု ၎င်းတို့ပြောသည်။
အမျိုးသားမှတ်ပုံတင်ကတ်ပြားများကို မကြာသေးမီကလည်း မောင်တောမြို့နယ်တွင် ထုတ်ပေးခဲ့သေးသည်။ ထိုကိစ္စကို စစ်တွေမြို့ ပြည်နယ်အဆင့် ECC အစည်းအဝေးတွင် စစ်တွေမြို့ရှိ မြို့မိ၊ မြို့ဖများက မေးမြန်းခဲ့သဖြင့် ပြည်နယ်လဝကမှူးက နိုင်ငံတကာ၏ ဖိအားကြောင့် ၅ ဘာသာဂုဏ်ထူးရသူ တစ်ဦးကိုသာ ပညာသင်ကြားရေးအတွက် ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် နောက်နောက်တွင် မည်သည့်ကိစ္စနှင့်မျှ ထုတ်ပေးတော့မည်မဟုတ်ပါ၊ ထုတ်ပေးသူများကိုလည်း အရေးယူမည်ဖြစ်ကြောင်း ကတိပြုခဲ့ဖူးသည်။ သို့ရာတွင် ယခုထိုကတိသည် လွယ်လွယ်ပေးခဲ့သဖြင့် လွယ်လွယ်ပင်ပျက်ပြယ်သွားပြီဟု ဆိုရမည်ဖြစ်သည်။
မည်သည့် အဖွဲ့အစည်း၊ နိုင်ငံကပင်ဖြစ်စေ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအရ လုပ်ဆောင်နေသော ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း၊ ဖိအားပေးအကြပ်ကိုင်ခြင်းတို့ကို ဆောင်ရွက်တောင်းဆိုတိုင်း လိုက်လျောဆောင်ရွက်ပေးနေရမည်ဆိုလျှင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု ဆိုသည်ကို မေးခွန်းထုတ်ရပေတော့မည်။
ဥပဒေနှင့်မညီသည်ကို တောင်းဆိုသည်၊ တောင်းဆိုသည့်အတိုင်း လုပ်ဆောင်ပေးနေသည်ဆိုလျှင် တောင်းဆိုသူ၊ လုပ်ဆောင်ပေးသူ အားလုံးတို့သည် ဥပဒေကို ချိုးဖေါက်သူများသာ ဖြစ်သဖြင့် ဥပဒေနှင့်အညီ အရေးယူပေးရန် တောင်းဆိုရတော့မည်ဖြစ်သည်။ ဥပဒေစိုးမိုးရေးကို နိုင်ငံတွင်းနေသူများကအစ မလိုက်နာလျှင် မည်သူကလာ၍ လေးစားနိုင်ပါတော့မည်နည်း။
အမျိုးသားမှတ်ပုံတင်ကတ်ပြားများကို ၁၉၄၈ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ စီစစ်ပြီးသူများကိုသာ ထုတ်ပေးခြင်းဖြစ်သည်ဟုဆိုရာ ၎င်းကတ်ပြား လက်ဝယ်ရရှိခြင်းဖြင့် အလိုလို နိုင်ငံသား စီစစ်ပြီးသူများဖြစ်သည်ဟု သက်ရောက်သွားနိုင်သည်ကို ဥပဒေအကောင်အထည်ဖေါ်သူ လဝက ဝန်ထမ်းများက အသိဆုံးဖြစ်သင့်သည်။
၁၉၈၂ နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှု စီစစ်ဆောင်ရွက်ခြင်းများတွင် ဥပဒေနှင့်မညီ၊ လွဲချော်မှုများ ရှိနေသဖြင့် ဥပဒေနှင့်အညီ ပြန်လည်စီစစ်ပေးရန် ရခိုင်တစ်ပြည်နယ်လုံးက တောင်းဆိုထားသည့် အချိန်တွင် အမျိုးသားမှတ်ပုံတင် ကတ်ပြားများအား လွယ်လင့်တကူ ထုတ်ပေးခြင်း လုပ်သင့်/ မလုပ်သင့်ကို အလေးအနက် ပြန်လည်စဉ်းစားသင့်ပေသည်။ အလွယ်တကူ ထုတ်ပေးလိုက်ခြင်း၏ နောက်ကွယ်တွင် မမျှော်မှန်းနိုင်သော ကိစ္စရပ်များစွာ ရှိနေသည်ကို သတိချပ်သင့်လှပေ၏။ မဟုတ်လျှင် ကျွန်ုပ်တို့က ဆန္ဒထုတ်ဖေါ်ပွဲများပြုလုပ်၍ ကန့်ကွက်ရပါတော့မည်။
မင်းသိမ်းခိုင်(စိုင်းဒင်သား)
(ဤသတင်းအား Coral Arakan New မှ ကူးယူဖော်ပြပါသည်၊ ဓာတ်ပုံ- အင်တာနက်)

Tuesday, November 18, 2014

ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းအား ဒေါက်တာအေးချမ်း မှ အိတ်ဖွင့်ပေးစာ

(Photo: Internet)
An Open Letter to Ban Ki Moom.
Dear Ban:
The term you used, So-called “Rohingya” was a brazen insult to the people of Myanmar. You have said, you used the term for it has been accepted by the United Nations and International community. However, has been certain that you and United Nations have bluntly supporting the Tyranny of Majority on the Rakhine people from the Rakhine State of Burma. I am a historian and I have written many treatises about the etymology of that term, although you are ignoring. “Rohingya” derived from the Bengali corruption of “Rohong,” “Roshang,” and “Roan,”that all refers to Rakhine. French scholar Jacques Leider, U Khin Maung Saw, and I have proved that with Bengali, and British colonial administrative records. It is sure that “ja” is “man” in Bengali.Therefore, “Rohingya” refers to Rakhine and “Rakhine Ethnic Identity.” If they use that term to call themselves it is surely a snatch of national identity. A French man will call a German “Almany.” But the Frenchmen despite of any objection will never use that term for their national identity.
In this letter I will give you only two excerpts from original documents. Francis Buchanan, who travelled on survey in Southern Bengal and Northern Arakan (Rakhine State) in1798writes:
“Among the hills immediately behind Wanuc, I found a joom of the people by the Bengalese called Mugs. (Buchanan 1992:48).
All Bengalis both from Arakan and Bangladesh call Rakhine Mugs till now. Furthermore:
“Various part of the Hills in the neighborhood are inhabited by Mugs from Rossawn, Rohhawn, Roang, Reng, or Rung, for by all, these names is Arakan called by Bengalese [Francis Buchanan in Southeast Bengal. Dhaka University Press. 1992. P 31).
There are plenty of examples. I can give even the writings of the Bangladeshi scholars. The East
Pakistan District Gazetteer eplains as follows.
“The Arakanese were inhabitants Arakan or Roang, which lies to the south of Chitttagong….
Ooang of Rakhine Muaughs who are found in the Cox’s Bazar District are decendents of the
Arakanese [East Pakistan District Gazetteers: Chittagong District. SNH Rizvi(Ed) pp. 114- 115.)
It is certain that Rohan, Roan refer to the Rakhine People. They have made strenuous effort to take away Rakhine’s own ethnic identity from Rakhine people to make their own identity so that they can lie they are not the illegal immigrants. The President of a Superpower Nation and The United Nation general Secretary are accepting it. Without thorough investigation, Barrack Obama follows. It has been very imprudenct of him. Ban, you have proved himself most incompetent Secretary General of the United Nations giving such nonsense speech in Rangoon.
Aye Chan
Professor of Southeast Asian History, Kanda University of International Studies
(November 14, 2014)

မစ္စတာဘန်၏ အသုံးအနုန်းအပေါ် ကန့်ကွက်မူအဆို ရခိုင်ပြည်နယ် လွှတ်တော်က အတည်ပြု

လွှတ်တော်တွင် ကန့်ကွက် အဆိုတင်သွင်းသူ ဦးအောင်မြကျော် (ဓါတ်ပုံ- နိရဉ္စရာ)
လွှတ်တော်တွင် ကန့်ကွက် အဆိုတင်သွင်းသူ ဦးအောင်မြကျော် (ဓါတ်ပုံ- နိရဉ္စရာ)
ကုလသမဂ္ဂ၏ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းမှ အာစီယံ-ကုလသမဂ္ဂ (၆) ကြိမ်မြောက် ထိပ်သီး အစည်းအဝေးအတွင်း ပြုလုပ်သော သူ၏ သတင်းစာရှင်းလင်းပွဲတွင် ရိုဟင်ဂျာအမည်အား သုံးနုန်းသွားခြင်း အပေါ် ရခိုင်ပြည်နယ် လွှတ်တော်က ကန့်ကွက်ရှုတ်ချကြောင်း အဆိုကို ကန့်ကွက်သူ မရှိ ယမန်နေ့က အတည်ပြုခဲ့သည်။
စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ယမန်နေ့က ပြုလုပ်သော ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် အရေးတကြီး အဆိုတစ်ရပ် အဖြစ် ကုလမသဂ္ဂအတွင်းရေးမှူးချုပ်က ရိုဟင်ဂျာ အမည်သုံးနုန်းသွားခြင်း အပေါ် ကန့်ကွက်ကြောင်း အဆိုတင်သွင်းရာ ကန့်ကွက်သူ တစ်ဦးတစ်ယောက်မှ မရှိဘဲ ယင်းအဆိုကို လွှတ်တော်က အတည်ပြုခဲ့သည်ဟု သိရသည်။
“ ကျွန်တော်ကဘဲ အရေးတစ်ကြီး အဆိုတစ်ရပ်အနေနဲ့ မနေ့က ပြုလုပ်တဲ့ လွှတ်တော် အစည်းအဝေးမှာ တင်သွင်းပါတယ်။ ဦးဖိုးမင်းက ထောက်ခံဆွေးနွေးတယ်။ လွှတ်တော်မှာ တစ်စုံတစ်ဦးမှ ကန့်ကွက်မယ့်သူ မရှိတဲ့ အတွက် ကန့်ကွက်ကြောင်း အဆိုကို အတည်ပြုပါတယ်” ဟု စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ဆိုသည်။
ရိုဟင်ဂျာ အမည်မှာ မြန်မာနိုင်ငံ တည်ဆဲ ဥပဒေတွင်လည်း အသိအမှတ်ပြု၍  မရှိကြောင်း၊ ဖွဲ့စည်းပုံတွင်လည်း မရှိကြောင်း၊ မြန်မာ သမ္မတကြီးကလည်း မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုးဟု မရှိကြောင်း ကမ္ဘာသို့ အတိအလင်း ကျေညာထားကြောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းကြီးသည် ကမ္ဘာတစ်ခုလုံး၏ ငြိမ်းချမ်းရေးကို ဖေါ်ဆောင်နေသော အဖွဲ့အစည်းကြီး တစ်ခု ဖြစ်ကြောင်း၊ ထိုအဖွဲ့အစည်းကို တာဝန်ယူထားသော အကြီးဆုံး ပုဂ္ဂိုလ်က ငြိမ်းချမ်းရေး ပျက်ပြားစေမည့် အသုံးအနုန်းကို သုံးနုန်းခြင်းမှာ လုံးဝ တာဝန်ကင်းမဲ့ရာကျကြောင်း၊  အထိန်းအကွပ်မရှိ သုံးစွဲခြင်းသည် ငြိမ်းချမ်းရေး ဖေါ်ဆောင်မူကို ထိခိုက်စေကြောင်း၊ သို့အတွက်ကြောင့် ယခုကဲ့သို့ ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ဦးအောင်မြကျော်က ဆိုသည်။
“ ဒါ့ပြင် ကျွန်တော်တို့အနေနဲ့ ဒီအသုံးအနုန်းကြောင့် နောက်ဆက်တွဲ ပြသနာတွေ ထပ်ဖြစ်လာမှာကို စိုးရိမ်တယ်။ အခုဆိုရင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် စကားနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် တစ်ခုလုံးမှာ ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ စီစဉ်နေကြတယ်။ ဒီလို ဆန္ဒပြပွဲတွေဟာ တည်ငြိမ်နေတဲ့ ရခိုင်ပြည်နယ်ကို ပြန်ပြီးတော့ မတည်ငြိမ်မူတွေကို ဖြစ်ပေါ်စေနိုင်တယ်။ ဘင်္ဂလီတွေနဲ့ ရခိုင်တွေအကြား ထိပ်တိုက် ပြန်ဖြစ်လာနိုင်တယ်။ အဲသလို ဖြစ်လာရင် အာဏာပိုင်တွေဘက်ကလည်း နှိမ်နှင်းမူတွေ ပြုလုပ်လာရင် သွေးမြေကျနိုင်တယ်။ ခုလို ဖြစ်လာရင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မှာ အဓိက တာဝန် ရှိတယ်လို့ ကျွန်တော်က ပြောလိုပါတယ်” ဟု ဆိုသည်။
အလားတူ နိုဝင်ဘာလ ၁၄ ရက်နေ့ကလလည်း နေပြည်တော်တွင် ကျင်းပနေသော ပြည်ထောင်စု လွှတ်တော်ကလည်း ဘန်ကီမွန်း၏ ရိုဟင်ဂျာ အသုံးအနုန်းအပေါ်  ကန့်ကွက်ကြောင်း အဆိုကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က တင်သွင်းရာ ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့သည်။
ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းမှ နိုဝင်ဘာလ ၁၂ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်တွင်နေထိုင်နေသော ဘင်္ဂလီများကို ရိုဟင်ဂျာဟုသာ ဆက်လက် သုံးစွဲသွားမည် ဖြစ်ကြောင်း၊  ချို့တဲ့စွာနေထိုင်နေရတဲ့ သူတွေကို လူသားချင်းစာနာ ထောက်ပံ့မူတွေပေးဖို့၊ လူ့အခွင့်အရေးနှင့် အညီ ဆက်ဆံဖို့ စသဖြင့် ပြောကြားခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

စစ်တွေ မြို့လူထုအစည်းအဝေးမှ ဘန်ကီမွန်းကို ဆန္ဒပြရန် ဆုံးဖြတ်

လာမည့်တနင်္ဂနွေနေ့တွင်ဆန္ဒပြရန်  (နိုဝင်ဘာ ၁၆ ရက်နေ့)က  စစ်တွေရှိ လူမှုအဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ စုဝေးဆွေးနွေးနေကြစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
လာမည့်တနင်္ဂနွေနေ့တွင်ဆန္ဒပြရန် (နိုဝင်ဘာ ၁၆ ရက်နေ့)က စစ်တွေရှိ လူမှုအဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ စုဝေးဆွေးနွေးနေကြစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သော မြို့လူထု အစည်းအဝေးမှ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းပြောစကား အပေါ် ကန့်ကွက် ဆန္ဒပြရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
နိုဝင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းက စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်ရှိ အောင်မြေကုန်း ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည့် အစည်းအဝေးမှ ဘန်ကီမွန်းမှ ရိုဟင်ဂျာဟု သုံးနုန်းပြောဆိုခြင်းကို ထိုသို့ ကန့်ကွက်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
“ ဆန္ဒပြခွင့်ရရေးအတွက် ဒီနေ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ ခွင့်ပြုချက်တင်မယ်။ ဒီလ ၂၃ ရက်နေ့မှာ ပြမယ်။ ခွင့်ပြုချက်ရမှ အသေးစိတ် ဘယ်လိုလုပ်မယ်ဆိုတာကို ကျွန်တော်တို့ ပြန်ညှိရဦးမယ်” ဟု ဆန္ဒပြရန် ဦးဆောင် စီစဉ်သူ ကိုစိုးနိုင်က ဆိုသည်။
ဆန္ဒပြပွဲတွင် ခန့်မှန်းခြေအင်အား လူ ၂ဝဝ မှ ၅ဝဝ အထိ ပါဝင်မည်ဟုခန့်မှန်းထားသည်။
“ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများကို ရိုဟင်ဂျာဟုသုံးနှုန်းခဲ့တယ်။  ဒီလို ပြောဆိုသုံး နှုန်းခဲ့မှုကို ရုတ်သိမ်းပေးဖို့ရယ်။ နောက်တစ်ချက်က ရိုဟင်ဂျာ အမည်လိမ်ကို ကုလသမဂ္ဂမှာ တရားဝင်သုံးစွဲနေခြင်းကို ရုတ်သိမ်းကြောင်း ကြေညာဖို့ရယ်- ဒီနှစ်ချက်ကို အဓိက  တောင်းဆိုသွားမယ်” ဟု ဆိုသည်။
မိမိတို့တွင် ဆန္ဒပြရန် အခွင့်အရေးရှိကြောင်း၊ ငြိမ်ခံနေလျှင် လက်ခံရာ ရောက်မည်ဖြစ်ကြောင်း၊ သို့အတွက် ဆန္ဒပြရန် စီစဉ်ရခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲကို စီစဉ်နေသူများထဲမှ တစ်ဦးဖြစ်သူ အောင်ဌေးက နိရဉ္စရာသို့ပြောသည်။
“ကျွန်တော်တို့အားလုံးက လက်မခံနိုင်တဲ့ ဒီအသုံးအနှုန်းကို ဘန်ကီမွန်းကပြောသွားတာကို ကျွန်တော်တို့ ငြိမ်ခံနေလို့ မရဘူး။ ငြိမ်ခံနေရင် ဝန်ခံရာကျမယ်။ ဒါကြောင့် အခုလို ဆန္ဒပြဖို့စီစဉ်ရတာပါ” ဟုဆိုသည်။
ယင်းအပြင် မွတ်ဆလင် လူနည်းစု ဟု သုံးနုန်နေခြင်းအပေါ်လည်း ကန့်ကွက်သွားမည် ဖြစ်ကြောင်း၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် ဘင်္ဂလီလူမျိုးများမှာ လူများစု ဖြစ်ကြောင်း၊ လူနည်းစုဟု ကုလသမဂ္ဂက ပြောဆိုသုံးနှုန်း နေခြင်းကို ရုတ်သိမ်းပေးရန်တောင်းဆိုသွားမည် ဖြစ်ကြောင်း၊ နယ်စပ်မြို့နယ်များ ဖြစ်ကြသော ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် လူနည်းစု ရခိုင်တိုင်းရင်းသားများအား အကူအညီပေးရန် တောင်းဆိုသွားမည် သူကပြော သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်က မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးမရှိဟု တရားဝင် ပြောဆိုထားသော်လည်း ကုလ အတွင်းရေးမှူး ဘန်ကီမွန်းက ယခုလို မြန်မာနိုင်ငံသို့လာပြီး ထိုအသုံးအနှုန်းကို ထည့်သွင်းပြောဆိုခဲ့ခြင်းအပေါ်  သမ္မတဦးသိန်းစိန်ကိုသာမက ရခိုင်တိုင်းရင်းများနှင့် မြန်မာတစ်နိုင်ငံလုံးကို စော်ကားရာရောက်သည်ဟုဆိုကာ အများက မကျေမနပ် ဖြစ်နေကြသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဘန်ကီမွန်းကို ကန့်ကွက်ရန် ရခိုင်လူမူအဖွဲ့အစည်းများ ရန်ကုန်တွင် စည်းဝေးမည်


arakan-flagကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းမှ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်ပြည်နယ်တွင် နေထိုင်သော ဘင်္ဂလီလူမျိုးများအား ရိုဟင်ဂျာဟု ခေါ်ဝေါ်သုံးစွဲသွားခြင်း အပေါ် စုပေါင်းကန့်ကွက်နိုင်ရေးအတွက် ရခိုင်အမျိုးသားများက နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့တွင် အစည်းအဝေး တစ်ရပ်ပြုလုပ်သွားမည်ဟု သိရသည်။
ယင်းအစည်းအဝေး ဖြစ်မြောက်ရေးအတွက် ဦးဆောင်ကြိုးပမ်းနေသူ ဦးဖေသိန်းက ရခိုင်လူအဖွဲ့အစည်းများကိုယ်စား နိရဉ္စရာသို့ ယခုလို ပြောဆိုသည်။
“ အခု နေပြည်တော်မှာလည်း ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေက ကျေညာချက် တစ်စောင် ထုတ်ပြန်မယ်လို့ စီစဉ်နေတယ်လို့ ဒေါ်ခင်စောဝေက ခုနကဘဲ ဖုံးဆက် ပြောကြားသွားပါတယ်။ အလားတူ စစ်တွေမှာလည်း လူမူ အဖွဲ့အစည်းတွေက အစည်းအဝေးထိုင်ပြီး ဘန်ကီမွန်းပြောစကား အပေါ် ကန့်ကွက်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ကျွန်တော်တို့လည်း ရန်ကုန်မှာ ရခိုင်လူမူ အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ပြီး စုပေါင်းကန့်ကွက်သွားဖို့ စီစဉ်နေပါတယ်” ဟု သူက ပြောသည်။
ယခုကဲ့သို့ ကန့်ကွက်ရန် စီစဉ်ခြင်းမှာ ကုလသမဂ္ဂအတွင်းရေးမှူး တစ်ဦးအနေဖြင့် ၎င်းနှင့်ထိုက်တန်သော စကားကို မပြောဘဲ အိုအိုင်စီ ကိုယ်စားလှယ်တစ်ဦးပမာ ပြောဆိုသွားခြင်းကြောင်း ကန့်ကွက်သွားမည်ဟု သူက ပြောဆိုသည်။
“ သူက ကုလသမဂ္ဂအတွင်းရေးမှူးလေ။ ဘက်မလိုက်ဘဲ ရပ်တည်ရမယ်။ သမာသမတ်စကားကို ပြောရမယ်။ အခုက အိုအိုင်စီ ကိုယ်စားလှယ်တွေလို ပြောသွားတယ်။ ကျွန်တော်ကတော့ အိုအိုင်စီက ပြောခိုင်းတဲ့ အတွက် ခုလို လာပြောတယ်လို့ ယူဆတယ်။ ဒီအတွက် ပြင်းပြင်းထန်ထန်ကို ကန့်ကွက်သွားမှာ ဖြစ်ပါတယ်” ဟု ဆက်ဆိုသည်။
နိုင်ငံတော် အစိုးရ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့် ရခိုင်ပြည်နယ် အစိုးရ၊  ရခိုင်အမျိုးသားခေါင်းဆောင်များက ရခိုင်ပြည်နယ် ပြသနာ ပြေလည်ရေးနှင့် တည်ငြိမ်ရေး အတွက် ကြိုးပမ်းနေချိန်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်စကားကြောင့် မတည်ငြိမ်မှုများ ပြန်ဖြစ်မည်ကို စိုးရိမ်ကြောင်း ဦးဖေသိန်းက ဆိုသည်။
ရန်ကုန်တွင် ပြုလုပ်မည့် အစည်းအဝေးသို့ ရခိုင်လူမူအဖွဲ့ပေါင်းစုံမှ ကိုယ်စားလှယ်များ စုံညီစွာ တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, November 14, 2014

ရိုဟင်ဂျာဟု သုံးနှုန်းခြင်းကြောင့် ဘန်ကီမွန်းထံ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပေးစာတစ်စောင်ပို့

အာဆီယံထိပ်သီးအစည်းအဝေးသို့တက်ရောက်လာသော ဘန်ကီမွန်း-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ သတင်းစာရှင်းလင်းပွဲတွင် ရိုဟင်ဂျာဆိုသည့် စကားလုံးကို သုံးစွဲခဲ့ခြင်းအတွက် စိတ်အနှောင့်အယှ်ဖြစ်ရပြီး ကုလအတွင်းရေးမှူးချုပ်၏    လူနည်းစုအခွင့်အရေးအလေးထားမှုကို နားလည်နိုင်သော်လည်း ရိုဟင်ဂျာဟု သုံးစွဲမှုမှာ နှစ်ဖက်အသိုက်အ၀န်းအတွက် အစိုးရ၏ ဆောင်ရွက်ချက်လုပ်ငန်းများကို ထိခိုက်စေကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ဘန်ကီမွန်းထံ ယနေ့ရက်စွဲဖြင့် စာတစ်စောင်ပေးပို့လိုက်သည်။
နိုဝင်ဘာ ၁၂ ရက်  ထိပ်သီးအစည်းအဝေးများအပြီး မစ္စတာဘန်ကီမွန်း၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက လူနည်းစုအခွင့်အရေးကို အလေးထားသည့်အားဖြင့် ယခင်ကတည်းက ကုလက သုံးစွဲထားသည့် ရိုဟင်ဂျာအသုံးအနှုန်းကို သုံးစွဲမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရိုဟင်ဂျာစကားလုံးကို အသုံးပြုသည့်အတွက် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးတို့အကြား ကွဲပြားမှုများကို ပိုမိုကျယ်ပြန့်စေသည်သာမက မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းကြားတွင်လည်း နားလည်မှုလွဲမှားစေနိုင်ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများက ရိုဟင်ဂျာဆိုသည့် စကားလုံးကို အသုံးပြုရန် အဆက်မပြတ်ကြိုးစားခြင်းသည် ရခိုင်ပြည်နယ်အတွက် လိုအပ်သော အကူအညီများပေးအပ်နေသည့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် MSF ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများအပေါ် ဒေသခံများ၏ သံသယရှိမှုကို ပိုမိုကြီးမားစေမည်ဖြစ်ကြောင်း ၀န်ကြီးချုပ်ဦးမာင်မောင်အုန်း၏ ပေးစာတွင် ဖော်ပြထားသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
မိမိတို့အနေဖြင့် အသိုက် အ၀န်းနှစ်ခုလုံး၏ အခွင့်အရေး နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးကိုသာ    ဦးစားပေး ဆောင်ရွက်သင့်ပြီး   နှစ်ဖက်အ ကြား ခွဲခြားခြားနားမှုကို တိုးပွား စေမည့် လုပ်ရပ်များကို ရှောင်ရှား သင့်ကြောင်းနှင့် မိမိရခိုင်ပြည်နယ် ၀န်ကြီးချုပ်တာဝန်ကို စတင်ထမ်းဆောင်ချိန်မှစ၍   အသိုက်အ၀န်းနှစ်ခုအကြား အပြန်အလှန်နား လည်မှု တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သကဲ့သို့ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများအပေါ် ဒေသခံရခိုင်တိုင်းရင်းသားများက ယုံကြည်မှုရှိလာစေရန် ဆောင်ရွက်လျက်ရှိ ကြောင်း ပေးစာတွင် ဖော်ပြထား သည်။
အတွင်းရေးမှူးချုပ်၏ပြောကြားချက်မှာ မြန်မာအစိုးရရရှိထားသည့် အောင်မြင်မှုများကို ပျက်ပြားစေပြီး ဒေသခံများ၏ ခံစားချက်များအပေါ်လည်း အကျိုးသက်ရောက်သွားမည်ကို စိုးရိမ်ကြောင်းဖြင့် ပေးစာတွင် ဖော်ပြထားသည်။
ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော လူ့အခွင့်အရေးနှင့်ဆိုင်သော ဆုံးဖြတ်ချက်အား ဆက်လက်ထားရှိလိုသဖြင့်   ဘင်္ဂါလီကိစ္စကို   ရှေ့တန်းတင်လာခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန့်ကျော်က ပြောသည်။
လွန်ခဲ့သော ၅ နှစ်က ကုလ သမဂ္ဂသည် လူ့အခွင့်အရေးနှင့်ပတ်သက်၍ ကလေးစစ်သားများစုဆောင်းပြီး   စစ်မြေပြင်တွင် အသုံးပြုခြင်း၊  အဓမ္မခိုင်းစေခြင်းနှင့် ပေါ်တာဆွဲခြင်း သတင်းလွတ်လပ်ခွင့်ကိစ္စများအား ထောက်ပြပြောဆိုခဲ့သည်။
‘‘ဆုံးဖြတ်ချက်ကတော့ ရှိတုန်းပေါ့။ နောက်ပိုင်းဘာတွေဖြစ်လာလဲဆိုတော့ တစ်ကမ္ဘာလုံးက စိုးရိမ်နေပြီ။ ရခိုင်ကိစ္စကိုအသားပေးလာတယ်။ မြန်မာနိုင်ငံသားတွေ လက်ခံမှုမရှိတဲ့ အသုံးအနှုန်းတွေကို ဦးစားပေးထည့်လာတယ်။ ငြိမ်းချမ်းရေးကိစ္စတွေ၊ ဖွဲ့စည်းပုံတွေလည်းလုပ်တယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်ကို ထားချင်တဲ့ဆန္ဒနဲ့ ဆက်လုပ်နေတာ’’ဟု ဒုဝန်ကြီး ဦးသန့်ကျော်က ပြောသည်။
တပ်မတော်အစိုးရလက် ထက်တွင်    လူ့အခွင့်အရေးနှင့် ပတ်သက်၍    ထောက်ပြခဲ့သောအချက်များအား လျစ်လျူရှုထားခဲ့ သော်လည်း သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် အချို့အချက်များ ပြင်ဆင်မှုများရှိလာသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိနေ သော ကုလသမဂ္ဂ အတွင်းရေးမှူး မစ္စတာဘန်ကီမွန်းက  နိုဝင်ဘာ ၁၂ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌  ရခိုင်ပြည်နယ်တွင် ခွဲခြားဆက်ဆံခံနေရသည့် ရိုဟင်ဂျာများ  အကြမ်းဖက်မှုနှင့်ရင်ဆိုင်နေရသည်ကို     စိုးရိမ် ကြောင်း’’  မစ္စတာဘန်ကီမွန်းက ပြောကြားခဲ့သည်။
မစ္စတာဘန်က ရိုဟင်ဂျာဟု သုံးနှုန်းခဲ့မှုနှင့် ပတ်သက်၍ ရခိုင် အမျိုးသားရေးအင်အားစုများက လည်း ပြင်းထန်စွာကန့်ကွက်ခဲ့ သည်။
‘‘မသင့်တော်တဲ့စကားကို သုံးသွားတာ လုံးဝကန့်ကွက်တယ်’’ဟု စစ်တွေမြို့မိမြို့ဖအဖွဲ့ဝင် ဦး သန်းထွန်းက ပြောသည်။
‘‘နိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ ဖြစ် တည်မှုကို မလေးစားရာကျပါ တယ်။ လိုအပ်လာရင် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပြင်းပြင်း ထန်ထန်ကန့်ကွက်သွားမယ်’’ဟု ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦး တင်ထူးအောင်က ဆိုသည်။
ရခိုင်အမျိုးသားအင်အားစု များက ဘင်္ဂါလီလူမျိုးအသိုက်အ ၀န်းသည် နှစ်ပေါင်းများစွာကပင် ပြည်ပမီဒီယာအဖွဲ့အစည်းများ အပေါ် ထိုးဖောက်မှုအားကောင်း သောကြောင့် နိုင်ငံတကာအသိုင်း အ၀ိုင်းမှာ   ရိုဟင်ဂျာဆိုသည်ကို နားယောင်နေခြင်းဖြစ်ကြောင်း လည်း သုံးသပ်သည်။
ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ လူမျိုး ၁ သန်းကျော်ရှိပြီး ၎င်းတို့ ကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဖြင့် စိစစ်၍ မကိုက်ညီသူ များကို တရားဥပဒေအရ အရေး ယူဆောင်ရွက်ပေးရန် ဒေသခံများ က အစဉ်တစိုက်တောင်းဆိုထား ခဲ့သည်။ လက်ရှိတွင် ၁၉၈၂နိုင်ငံ သားဥပဒေအရ စိစစ်ထားသည့် ဘင်္ဂါလီ၁,၀၀၀ကျော်ရှိပြီး နိုင်ငံ သားဖြစ်ခွင့်၄၀ကျော်ရှိခဲ့ကာ နိုင် ငံသားပြုခွင့် ၁၇၀ခန့်ရှိသည်။
(သတင်းအရင်းအမြစ်- 7 Days News)