Showing posts with label ကျေးလက်ဒေသဖွံ့ဖြိုးရေး. Show all posts
Showing posts with label ကျေးလက်ဒေသဖွံ့ဖြိုးရေး. Show all posts

Thursday, February 5, 2015

ဖုန်းတာဝါတိုင်များတွင် စက်ပစ္စည်းများ တပ်ဆင်ခြင်းမရှိသေးသည့်အတွက် မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာအချို့ ဆက်သွယ်ရေးခက်ခဲနေ

မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာတွင် စိုက်ထူထားသော စက်ပစ္စည်းများ
မတပ်ဆင်ရသေးသည့် ဆက်သွယ်ရေး တာဝါတိုင်ကိုတွေ့ရစဉ်။ (ဓာတ်ပုံ - မောင်သန့်ရှင်း / RNA)
 မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် တယ်လီဖုန်းတာဝါတိုင်များစိုက်ထူထားသော်လည်း လိုအပ်သည့် စက်ပစ္စည်းများတပ်ဆင်ပေးခြင်းမရှိသေးသည့်အတွက် ဆက်သွယ်ရေး ခက်ခဲနေကြောင်း သတင်းရရှိသည်။
မြောက်ဦးမြို့နယ်အတွင်းရှိ တိန်ညိုကျေးရွာနှင့် သင်းကျစ်တောင်ကျေးရွာအနီးတွင် ဆက်သွယ်ရေး တယ်လီဖုန်း တာဝါတိုင်များ စိုက်ထူထားသော်လည်းစက်ပစ္စည်းများ တပ်ဆင်ထားခြင်း မရှိသေးကြောင်း ဒေသခံများ ကပြောသည်။
“သင်းကျစ်တောင်ဘုရားအနီးနဲ့ တိန်ညိုကျေးရွာနားမှာ တာဝါတိုင်တွေစိုက်ထားတာ ကြာပါပြီ။ တာဝါတိုင်ပဲရှိပြီး စက်ပစ္စည်းတွေ တပ်ဆင်ထားတာမရှိသေးပါဘူး။ ဖုန်းဆင်းမ်ကတ် တစ်ကတ်ကို ငွေငါးထောင်လောက်နဲ့ ရနေပြီးလူတိုင်းဖုန်းကိုင်နိုင်တဲ့ အချိန်မှာ ကျွန်တော်တို့ရွာက လူတွေတော့အများသုံးဖုန်းဆိုင်တွေကို အားကိုးနေရတုန်းပဲ” ဟု တိန်ညိုကျေးရွာမှာ
ကိုကျော်မြတ်စိုးက Rakhine News Agency သို့ပြောသည်။
မြောက်ဦးမြို့နယ်အတွင်းရှိလူငယ်အများစုမှာရခိုင်ပြည်နယ်အတွင်းအလုပ်အကိုင်ရှားပါးမှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ မြို့များနှင့်ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင် လျက်ရှိပြီး၊ ၄င်းတို့နှင့်ဆက်သွယ်စကားပြောဆိုလိုပါက ဆက်သွယ်ရေးအခက်အခဲကြောင့် အများသုံးဖုန်းဝန်ဆောင်မှုဆိုင်များ ရှိရာသို့ သွားရောက်နေရဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။
“တာဝါတိုင်တွေမှာ စက်ပစ္စည်းတွေ အမြန် တပ်ဆင်ပေးရင်တော့ ဖုန်းဆိုင်တွေကိုသွားစရာမလိုဘဲ လူတိုင်းဖုန်းပြောလာနိုင်မှာပါ” ဟု သင်းကျစ်တောင်ရွာသားတစ်ဦး ကပြောသည်။
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ဆက်သွယ်ရေးကွန်ရက် ကိုသာ အသုံပြုနေရပြီး၊ ပုဂ္ဂလိက ဆက်သွယ်ရေးအော်ပရေတာများဖြစ်သော တယ်လီနော နှင့် အော်ရီဒူး ဆက်သွယ်ရေးကွန်ရက်များကို အသုံးပြုနိုင်ခြင်း မရှိသေးပေ။
(ဤသတင်းကို Rakhine News Agency မှ ကူးယူဖော်ပြပါသည်)

Thursday, January 22, 2015

ကိုးရီးယားကုမ္ပဏီတစ်ခုမှ စစ်တွေမြို့ပြ ဖွံ့ဖြိုးရေးကို လုပ်ဆောင်ရန် ကမ်းလှမ်း

(ဓာတ်ပုံ - စစ်တွေမြို့မဈေးကြီးအားတွေ့ရစဉ်)
(ဓာတ်ပုံ – စစ်တွေမြို့မဈေးကြီးအားတွေ့ရစဉ်)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပြ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်ရန် ကိုးရီးယား ကုမ္ပဏီတစ်ခုက ကမ်းလှမ်းထားကြောင်း သတင်း ရရှိသည်။
စစ်တွေမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စစ်တွေဆိပ်ကမ်း သာယာလှပရေးကို စီမံကိန်းချ လုပ်ကိုင်ရန် ကိုးရီးယားနိုင်ငံမှ ကုမ္ပဏီ တစ်ခုဖြစ်သော BXT Construction & Development ကုမ္ပဏီက ပြည်နယ် အစိုးရအဖွဲ့မှ တဆင့် ယခုလ အစောပိုင်းက ကမ်းလှမ်းလာခြင်းဖြစ်သည်။
စီမံကိန်း၏ အဓိကလုပ်ငန်းများမှာ ကုလားတန်မြစ်ကြောင်းတစ်လျှောက်ရှိ စစ်တွေမြို့ မြို့မဈေးအနီး ကမ်းခြေအား မြေဖို့ကာ မြို့ပြမြေယာဖော်ထုတ်မည်ဖြစ်ပြီး ယင်းနေရာများတွင် လူနေအိမ်ခန်းများ၊ စူပါမားကတ်များ၊ ဟိုတယ်များ၊ အပန်းဖြေကလေးကစားကွင်း၊ ဈေးဆိုင်စသည်များကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
၎င်းကိုးရီးယားကုမ္ပဏီသည်  လုပ်ငန်းများစတင်နိုင်ရန် မြို့လူထုနှင့် ယခုလ ၇ ရက်နေ့က စစ်တွေမြို့တွင်တွေ့ဆုံပြီး သဘောထားများကို မေးမြန်းတောင်းခံသွားသည်ဟု သိရသည်။ ယင်းတွေ့ဆုံပွဲသို့ ရခိုင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင် ၀န်ကြီးများလည်း တက်ရောက်ခဲ့သည်ဟု သိရသည်။
ယင်းသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မြို့ခံများ၏ ဆန္ဒ သဘောထားကို တောင်းခံခဲ့သည်ဟု  မြို့ခံ တစ်ဦးက ပြောသည်။
“လက်ရှိလုပ်ကိုင်နေတဲ့ စစ်တွေပင်လယ်ကူး ဆိပ်ကမ်းကိုလုပ်ကိုင်နေတဲ့ ပုံစံမျိုးဆိုရင်တော့ ကျွန်တော့်ရဲ့ ပုဂ္ဂလိက အမြင်ကတော့ လက်မခံနိုင်စရာမရှိဘူး။ ဒါပေမယ့် ဒေသတွင်းကအဆီအနှစ်တွေကို သူတို့တွေကယူသွားပြီးတော့ ဒေသအတွက် အရိုးအရင်းလေးပဲ ပေးမယ်ဆိုရင်တော့ ကန့်ကွက်ရလိမ့်မယ်”ဟု မြို့ခံတစ်ဦးက ဆက်ပြောသည်။
မြို့မိမြို့ဖ တစ်ဦးကလည်း အခြေအနေကို စောင့်ကြည့်ရန် လိုအပ်ကြောင်း ပြောဆိုသည်။
DSC03233“ရလာတဲ့အကျိုးအမြတ် ပြည်နယ်အစိုးရကိုလွှဲပေးမယ်လို့ အဲဒီကုမ္ပဏီရဲ့အရာရှိပြောတာကို ပြည်နယ်ဝန်ကြီးချုပ်က ကျွန်တော်တို့ကို ပြန်ပြောတယ်။ ဒါပေမယ့် အဲဒီအကျိုးအမြတ်ကို ဒေသဖွံ့ဖြိုးရေးအတွက် ဘယ်လိုအသုံးချမှာလဲဆိုတာကို ပြည်နယ်အစိုးရက ဘာမှမပြောသေးဘူး။ ဒါကြောင့် ကျွန်တော်တို့မြို့လူထုအနေနဲ့လည်း အခြေအနေကို စောင့်ကြည့် နေသေးတယ်”ဟု ဆိုသည်။
စစ်တွေဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကိုးရီးယားကုမ္ပဏီအပြင် ပြည်တွင်း ကုမ္ပဏီ တစ်ခုဖြစ်သော ဆုထူးစံကုမ္ပဏီကလည်းပူးပေါင်းလုပ်ဆောင်သွားမည်ဟု ပြည်နယ်အစိုးရက ထုတ်ဖော်ပြောဆိုသည်။
ယခုအခါ ကုလားတန် မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းတွင် ပါဝင်သော စစ်တွေဆိပ်ကမ်းကို အိန္ဒိယနိုင်ငံမှ  တည်ဆောက်နေပြီး  များမကြာမီ စီမံကိန်းပြီးစီးတော့မည် ဖြစ်ကာ စီမံကိန်းပြီးစီးပါက မြန်မာ အစိုးရကို လွှဲပြောင်းပေးအပ် လုပ်ကိုင်စေမည်ဖြစ်သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, November 12, 2014

လျှပ်စစ်မီးအချိန်ပြည့်မရသည့်အတွက် မြောက်ဦးတွင်ဆန္ဒပြမည်

Mrauk-U-Entrace-gate
လျှပ်စစ်မီးအချိန်ပြည့်မရရှိသည့်အတွက် နိုင်ငံခြားဧည့်သည် အများဆုံ လာရောက်လည်ပတ်သည့် ရခိုင်ပြည်နယ်မှ  မြောက်ဦးမြို့တွင် ဒေသခံများက ဆန္ဒပြရန်စီစဉ်ထားကြောင်း သတင်း ရရှိသည်။
လာမည့် နိုဝင်ဘာလ ၁၆ ရက်(တနင်္ဂနွေ)နေ့၊ ညနေ ၃ နာရီအချိန်တွင် မြောက်ဦးမြို့ရှိ သျှစ်သောင်း ပုထိုးတော်ကြီးရှေ့မှစတင်ကာ
ကုန်သည်တန်းရပ်ကွက်ရှိ အထက(၁)ကျောင်းရှေ့ ဘောလုံးကွင်းအထိ မြို့ခံအင်အား ၅ဝဝဝ ခန့်က ဗီနိုင်းဆိုင်းဘိုးများကိုင်ဆောင်၍
လမ်းလျှောက်ဆန္ဒပြသွားမည်ဖြစ်ကြောင်း ဆန္ဒပြပွဲ စီစဉ်သူ မြောက်ဦးမြို့ခံ ကိုကျော်သိန်းထွန်းက ပြောသည်။
“လျှပ်စစ်မီးကို အရင်အတိုင်းပေးဖို့နဲ့ ဒီဇင်ဘာမှာ လျှပ်စစ်မီး ၂၄ နာရီရမယ်ဆိုပြီး လူကြီးတွေ ပေးထား တဲ့ကတိတွေကို တည်ပေးဖို့အတွက်ကို ဆန္ဒပြတဲ့နေ့မှာ အဓိကထားတောင်းဆိုသွားမယ်”ဟု ယင်းက နိရဉ္စရာ သို့ နိုဝင်ဘာ
၁၁ ရက်နေ့တွင် ပြောကြားသည်။
ရခိုင်ပြည်နယ်၏ ခရိုင်မြို့ (၅) မြို့ထဲတွင် တစ်မြို့ အပါအ၀င် ဖြစ်သော မြောက်ဦးမြို့တွင် ယခင်က လျှပ်စစ်မီး တစ်နေ့လျှင် နံနက် ၅ နာရီမှ ညည့် ၁၂ နာရီအထိ ရရှိခဲ့သော်လည်း ယခုနှစ်ဇူလိုင်လနောက်ပိုင်းမှစတင်ကာ လျှပ်စစ်မီးပုံမှန်မရရှိတော့ ကြောင်း မြို့ခံများ၏ပြောပြချက်အရ သိရသည်။
“မီးက နေ့ခင်းလည်းမရတော့ဘူး။ ညဆိုလည်း ဘယ်အချိန်လာမယ်ဆိုတာ အတိအကျမပြောနိုင်ဘူး”ဟု မြောက်ဦးမြို့မှ သတင်းထောက်တစ်ဦးက ပြောသည်။
ယင်းသို့ လျှပ်စစ်မီးပုံမှန်မလာသည့်အတွက် မြို့တွင်းရှိ လျှပ်စစ်မီးကိုအားကိုးလုပ်ကိုင်နေရသူများအ တွက် နစ်နာမှုများရှိနေကြောင်း
မြို့ခံများက ဆိုသည်။
လာမည့်ဒီဇင်ဘာလအတွင်း မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီရရှိမည့် ရခိုင်ပြည်နယ် မြို့ ၁၁ မြို့စာရင်းတွင် မြောက်ဦးမြို့လည်းပါဝင်နေသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, November 10, 2014

ရခိုင်မှ ဆင်းရဲနွမ်းပါးကျောင်းသားများအားလှူဒါန်းမည့် ထိုင်ဝမ်မှ ဆိုလာမီးအိမ်များရန်ကုန်သို့ ရောက်ရှိ

 မြောက်ဦးမြို့ပြင် ရပ်ကွက်မှ ကျောင်းသူကလေးများ ( ဓါတ်ပုံ- နိရဉ္စရာ)
မြောက်ဦးမြို့ပြင် ရပ်ကွက်မှ ကျောင်းသူကလေးများ ( ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ်မှ ဆင်းရဲနွမ်းပါးသော ကျောင်းသားကျောင်းသူများ အတွက် လှူဒါန်းမည့် ဆိုလာမီးအိမ် ၈၀၀ သည် ထိုင်ဝမ်နိုင်ငံမှ တဆင့် နိုဝင်ဘာလ ၇ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
ယင်းဆိုလာမီးအိမ်များမှာ ကွယ်လွန်သူ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌဟောင်း ဒေါက်တာစောမြအောင် မိသားစုနှင့် ရခိုင်အမျိုးသား လူမူကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်) တို့၏ စီစဉ်ဆောင်ရွက်မူများကြောင့် ထိုင်ဝမ်နိုင်ငံမှ International Rotary Club မှ ပေးပို့ လှူဒါန်းလိုက်သည်ဟု သိရသည်။
ယင်းဆိုလာမီးအိမ်များအား ပြည်တွင်း ပြည်ပ သာသနာပြု ဆရာတော် အလိုတော်ပြည့်ဆရာတော်ကြီး၏ ကြီးကြပ်မူဖြင့် ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရသေ့တောင်၊ မြောက်ဦး၊ စစ်တွေနှင့် မင်းပြားမြို့နယ်များမှ ဆင်းရဲနွမ်းပါးသူ ကျောင်းသား ကျောင်းသားများကို လှူဒါန်းသွားမည်ဟု ဦးဇင်းကုမာရက ပြောသည်။
“ အဓိကတော့ လျှပ်စစ်မီး မရှိတဲ့ ကျေးလက်ဒေသက ကျောင်းသားကျောင်းသူတွေကို ဦးစားပေး လှူဒါန်းသွားပါ့မယ်။ ဒီဆိုလာမီးအိမ်တွေကို ရရှိတဲ့ ကျောင်းသား ကျောင်းသူတွေ အနေနဲ့ စာကြည့်တဲ့အခါ ဖယောင်းတိုင်၊ မီးခွက်တွေကို အသုံးပြုစရာမလိုဘဲ စာကျက်နိုင်ကြမှာ ဖြစ်ပါတယ်” ဟု ဦးဇင်းက ဆိုသည်။
ယင်းဆိုလာမီးအိမ်များမှာ အလိုအလျောက်ဆိုလာဖြင့် နေရောင်ခြည်ကို ယူကာ ဓါတ်အားများ ဖြည့်သွင်းရယူပြီး ညဥ့်အချိန်တွင် မီးထွန်းကာ စာကြည့်နိုင်ကြတော့မည်ဟု ဆိုသည်။
“ ဆိုလာမီးအိမ်များမှာ ပေါ့ပါးပြီး အသုံးပြုရလွယ်ပါတယ်။ ရခိုင်ပြည်နယ်ရှိဆင်းရဲနွမ်းပါးသော ကျောင်းသူ/ ကျောင်းသားများ ပညာသင်ကြားရေးမှာ  အဆင်ပြေစေရန်အတွက် အမြန်ဆုံးပေးပို့လှူဒါန်းသွားဖို့ စီစဉ်ထားပါတယ်” ဟု  အထွေထွေ အတွင်းရေးမှူး ဦးကျော်အေးမောင်မှ ပြောကြားသည်။
ရခိုင်ပြည်နယ်သို့ အခမဲ့ ဆေးဝါးကုသရန် အမေရိကန်၊ နယူဇီလန်၊ ထိုင်ဝမ်၊ ဟောင်ကောင်တို့မှ အဖွဲ့ဝင် ၅၀ ဦးခန့်ပါဝင်သော ဆရာအဖွဲ့ တစ်ဖွဲ့ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ရောက်ရှိမည် ဖြစ်ပြီး သူတို့၏ ခရီးစဉ်အတွင်း ယင်းဆိုလာမီးအိမ်များကို တခြား ဆေးပစ္စည်းများနှင့် အတူ လှူဒါန်းသွားမည်ဟု ဦးကျော်အေးမောင်က ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မိုးနည်း၍ ကန်ရေများ စနစ်တကျ မသုံးစွဲပါက နွေရာသီတွင် ပေါက်တောမြို့၌ ရေရှားနိုင်


 ပေါက်တောမြို့ မြင်ကွင်း (ဓါတ်ပုံ- နိရဉ္စရာ)
ပေါက်တောမြို့ မြင်ကွင်း (ဓါတ်ပုံ- နိရဉ္စရာ)
ယခုနှစ် မိုးရာသီတွင် မိုးနည်း၍ ကန်ရေများ မပြည့်ခဲ့သဖြင့် ပေါက်တောမြို့ပေါ် ရပ်ကွက်များတွင် အသုံးပြုနေကြသော ရေကန်များမှ ရေကို စနစ်တကျ ခွဲဝေ မသုံးစွဲပါက လာမည့် နွေရာသီတွင် ပေါက်တောမြို့၌ ရေရှားနိုင်ကြောင်း ပေါက်တောမြို့ လူမူကွန်ယက် ဥက္ကဌ ဦးကျော်ဝင်းက ပြောသည်။
ပေါက်တောမြို့တွင် ကျောက်ဆိပ်ရေလှောင်ကန်မှ ရေကို မြို့နယ် စည်ပင်မှ ပိုက်လုံးများဖြင့် ဖြန့်ဝေပေးရာတွင် ရပ်ကွက် ၁၊ ၂ နှင့် ၃ ကိုသာဖြန့်ဝေနိုင်ပြီး ရပ်ကွက် ၄ နှင့် ၅ကို ဖြန့်ဝေနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
စည်ပင်မှ ရေဖြန့်ဝေမူကို မရရှိသော ပေါက်တောမြို့ပေါ် ရပ်ကွက်အချို့မှ ဒေသခံများသည် အနီးအနားမှ ပြည်သူများ အသုံးပြုရန် တည်ဆောက်ထားသော ရေလှောင်ကန်များမှ ရေများကို ပိုက်လုံးများဖြင့် ခွင့်ပြုချက်မရှိဘဲ သွယ်တန်းကာ အသုံးပြုနေကြသည်ဟု ဆိုသည်။
“ ဒီလို ပိုက်လုံးတွေနဲ့ ရေကို သုံးနေကြတဲ့ သူအချို့ရှိတယ်။ ဒီလို မလုပ်ကြဖို့ အသံချဲ့စက်နဲ့ မြို့ကိုပတ်ပြီး ကျနော်တို့ သတိပေးမူတွေ လုပ်တယ်။ မလိုက်နာကြဘူး။ ဒါ့အပြင် ဆန့်ကျင်မူတွေ လုပ်တာတောင်ခံရသေးတယ်။ ဒါကြောင့် ဒီကိစ္စကို မြို့နယ် ထွေအုပ်ဆီကို တင်ပြထားပါတယ်” ဟု နိရဉ္စရာက ဆက်သွယ်မေးမြန်းစဉ် မြို့နယ် စည်ပင် အမူဆောင် အရာရှိ ဦးကျော်အေးက ပြောသည်။
ကျောက်ဆိပ်ဆည်အပြင် ပေါက်တောမြို့ပေါ် ရပ်ကွက်များအနေဖြင့် ရေကန်အများအပြားကို အသုံးပြုနေကြရာတွင် အနည်းဆုံး ရေကန် (၅) ကန်မှ တစ်ကန်စီလျှင်  အနည်းဆုံး ပိုက်လုံး ၂၀ မှ ၃၀ ထိ သွယ်တန်းကာ ရေများကို မိမိသဘောဖြင့် မိမိ ဖြန့်ဝေနေကြသည်ဟု သူက ဆက်ဆိုသည်။
ယခုကဲ့သို့ ရေများကို ပိုက်လုံးများဖြင့် သွယ်တန်း ရယူနေခြင်းမှာ အချိန်တိုအတွင်း ရေများကို လိုသလို အသုံးပြုနိုင်ရန်နှင့် ရေအငှားထမ်းခိုင်းလျှင် ငွေကြေးအကုန်အကျများ၍ ဖြစ်ကြောင်း လူမူကွန်ယက် ဥက္ကဌ ဦးကျော်ဝင်းက ပြောဆိုသည်။
“ အဓိကတော့ ရေအဌားထမ်းခိုင်းရင် ပိုက်ဆံကုန်တယ်။ လိုအပ်တဲ့ အချိန်မှာလည်း မရဘူး။ ဒါကြောင့် ပိုက်လုံးတွေကို အလွယ်တကူ တပ်ဆင်ပြီး အသုံးပြုနေကြတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ထိုကဲ့သို့ ရေများကို ပိုက်လုံးများဖြင့် သွယ်တန်းရယူနေသဖြင့် ရေများ ယိုဖိတ်ကာ အလေအလွှင့် များနေပြီး  ကန်ဘောင်ရိုးများ ပျက်စီးခြင်းလည်း ရှိနေသည်ဟု သူက ဆိုသည်။
ပိုက်လုံးဖြင့် ရေသွယ် ရယူနေသော မြို့ခံ တစ်ဦးကမူ ပိုက်လုံးဖြင့် သွယ်သွယ်၊ အဌားထမ်းခိုင်း ထမ်းခိုင်း သုံးစွဲသော ရေပမာဏမှာ အတူတူ ဖြစ်သဖြင့် မထူးခြားဟု ပြောဆိုသည်။
 ပေါက်တောမြို့မှ ကန်တစ်ကန်ကို တွေ့ရစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ပေါက်တောမြို့မှ ကန်တစ်ကန်ကို တွေ့ရစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
“ ပိုက်လုံးနဲ့ ရေသွယ်ပြီး သုံးတာဘဲ ဖြစ်ဖြစ်၊ အဌားရေထမ်းခိုင်းလို့ သုံးစွဲတာဘဲ ဖြစ်ဖြစ် ရေသုံးစွဲတဲ့ ပမာဏက အတူတူဘဲ။ ကျွန်တော်တို့အနေနဲ့ ရေသွယ်ဖို့ အတွက် ပိုက်လုံးတွေ အသုံးပြုရာမှာလည်း ငွေ လေးငါးခြောက်ထောင်တောင် ကုန်ကျသေးတယ်။ ဒါကို စည်ပင်က ခေါ်ယူပြီး ဟန့်တားတယ်။ ကျနော်တို့က မလိုက်နာနိုင်ဘူး” ဟု ဆိုသည်။
ပေါက်တောမြို့တွင် တည်ဆောက်ထားသော ကျောက်ဆိပ်ရေလှောင်ကန်မှာ သိုလှောင်ထားသော ရေပမာဏနည်ပြီး နေရာမှာလည်း ကျဉ်းသဖြင့် ပေါက်တော တစ်မြို့လုံးကို ရေပေးဝေရန် မဖြစ်နိုင်သေးသဖြင့် ရေကန်များမှ ရေကို စနစ်တကျ ခွဲဝေသုံးစွဲရန် လိုကြောင်း  မြို့နယ် စည်ပင် အမူဆောင် အရာရှိ ဦးကျော်အေးက ဆက်လက် ပြောဆိုသည်။
“ ကျွန်တော်တို့ကတော့ ပေါက်တောမြို့သူ မြို့သားတွေ နွေရာသီမှာ ရေအခက်အခဲမရှိစေချင်ဘူး။ ဒါကြောင့် ပေါက်တော တစ်မြို့လုံးကို စနစ်တကျ ပိုက်လုံးတွေနဲ့ ရေဖြန့်ဝေ ပေးနိုင်အောင် ရခိုင်ပြည်နယ် အစိုးရဆီကို ဘတ်ဂျက် သိန်းပေါင်း ၁၈၀၀ တင်ပြထားပါတယ်။ ၂၀၁၅-၂၀၁၆ မှာ ဘတ်ဂျက် ချပေးမယ်လို့ သိရပါတယ်။ ဒါ့ပြင် ကန်ကို တိုးချဲ့နိုင်အောင်လည်း ဆည်မြောင်း ဦးစီးဌာနကို တင်ပြတောင်းခံဖို့ စီစဉ်ထားပါတယ်” ဟု အမူဆောင်အရာရှိက ဆိုသည်။
ပေါက်တောမြို့တွင် နှစ်စဉ် နွေရာသီတွင် ရေရှားပါးလေ့ရှိပြီး ယခုနှစ်တွင် မိုးနည်းခဲ့သဖြင့် ယခင်နှစ်ကထက် ပိုမို ရေရှားပါးမည်ကို မြို့ခံ လူထုက အထူး စိုးရိမ်လျှက် ရှိနေကြသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Thursday, September 11, 2014

ကန်ဒေါ်လာသန်း ၁၆ဝ ကုန်ကျမည့် လေအားလျှပ်စစ် မာန်အောင်မြို့တွင် တည်ဆောက်မည်

manung
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့အား လေအားလျှပ်စစ်ဖြင့် လျှပ်စစ်မီးပေးနိုင်ရန် တိုင်းတာမှုများစတင်ပြု လုပ်နေပြီဖြစ်ကြောင်း သိရသည်။
ယင်းစီမံကိန်းကို ဂျာမနီနိုင်ငံမှ အဖွဲ့တစ်ခုက ကနဦး ဘတ်ဂျက်ငွေ ကန်ဒေါ်လာသန်း ၁၆ဝ ဖြင့် အကုန်အကျခံ တည်ဆောက် သွားမည်ဟု သိရသည်။
ယင်းသို့ဆောင်ရွက်နိုင်ရန် အဆိုပါအဖွဲ့သည် မာန်အောင်မြို့ထံ မကြာသေးမီက သွားရောက် တိုင်းတာမှုများ ပြုလုပ်ခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးလှသိန်းက စက်တင်ဘာလ ၁ဝ ရက်၊ နံနက်ပိုင်းက အတည်ပြုပြောသည်။
“သူတို့အဖွဲ့ မကြာသေးခင်ကပဲ မာန်အောင်ကို တစ်ခေါက်သွားပြီး တိုင်းတာမူတွေ ပြုလုပ်ခဲ့ကြတယ်။ အခု တိုင်းတာမူ ပြီးလို့ ပြန်သွားကြပြီ”ဟု ယင်းက ဆိုသည်။
အစိုးရက လက်ရှိဆောင်ရွက်နေသည့်  မဟာဓာတ်အားလိုင်းမှတဆင့် ရခိုင်ပြည်နယ်မြို့နယ်တိုင်း လျှပ်စစ်မီး ရရှိရေးဆောင်ရွက်ရာတွင် မာန်အောင်မြို့သည် ရခိုင်ပြည်နယ်အတွင်းရှိ အခြားမြို့နယ်များနှင့် မတူဘဲ ရေပတ်လည် ဝန်းရံထားသော ကျွန်းမြို့တစ်မြို့ဖြစ်သည့်အတွက် ယင်းမြို့အနေဖြင့် မဟာဓာတ်အား လိုင်းမှတဆင့် လျှပ်စစ်မီးသုံးစွဲခွင့်ရရှိရန် များစွာအခက်အခဲရှိနေသည်ဟု ဆိုသည်။
“ဒီမြို့ကို မဟာဓာတ်အားလိုင်းကတဆင့် လျှပ်စစ်မီးရရှိဖို့ ပင်လယ်အောက်က မီးကြိုးသွယ်မယ်ဆိုလည်း မရဘူး။ အပေါ်က ဓာတ်တိုင်တွေထောင်ပြီး သွယ်မယ်ဆိုလည်း အဆင်မပြေဘူး။ ဒါကြောင်း ဒီစီမံကိန်းကို ပြုလုပ်ဖို့ စီစဉ်ရတာပါ” ဟု ဦးလှသိန်းက ဆိုသည်။
မာန်အောင်မြို့အား ယခုကဲ့သို့လေအားလျှပ်စစ်စနစ်ဖြင့် လျှပ်စစ်မီးပေးနိုင်ရန် အတွက် ယခုလ ၃ ရက်နေ့ က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ရှိ လေအားလျှပ်စစ်ထုတ်လုပ်သည့် လေရဟတ်များ ရှိသော Wind Park (Energy Sufficient Feldheim Village)သို့သွားရောက်လေ့လာခဲ့သည်ဟု သိရသည်။
Wind Park ရှိ Energy Sufficient Feldheim Village မှ တာဝန်ရှိသူများနှင့် နိုင်ငံတော် သမ္မတတို့ တွေ့ဆုံ ဆွေးနွေးခဲ့မူများ ရှိခဲ့ကြောင်း ရခိုင် ပြည်နယ်အစိုးရအဖွဲ့က အတည်ပြု ပြောဆိုသည်။
မာန်အောင်မြို့သည် ကျောက်ဖြူမှ ထွက်ရှိသည့် ဂတ်စ်များဖြင့်လည်း လျှပ်စစ်မီးရရှိနိုင်ခြင်းမရှိသလို မဟာဓာတ်အားလိုင်းမှသွယ်တန်းမည့်ဓာတ်အားများဖြင့်လည်း လျှပ်စစ်မီးရရှိနိုင်ခြင်းမရှိသည့်အတွက် မာန်အောင်မြို့မီးလင်းရေးအတွက် လေအားလျှပ်စစ်ဖြင့်သာအကောင်အထည်ဖော်ဆောင်ရွက်ပေးရန် နိုင်ငံတော် အစိုးရ ထံ ဒေသခံများက လွှတ်တော်များမှတဆင့် တင်ပြတောင်းဆိုထားပြီးဖြစ်ကြောင်း မာန်အောင်မြို့ခံများက ဆိုသည်။
“ကျွန်တော်တို့မြို့ကို လေအားလျှပ်စစ်နဲ့ပေးဖို့ အခုလိုမျိုး လာရောက်တိုင်းတာမှုတွေလုပ်တာတော့ ကျွန်တော်တို့မသိရသေးဘူး။ ဒီလိုပေးလာနိုင်ရင်တော့ ကျွန်တော်တို့မာန်အောင်ကျွန်းအတွက် အင်မတန် ကောင်းတဲ့ အချက်ပါပဲ”ဟု မာန်အောင်မြို့နယ် ရခိုင်အမျိုးသားပါတီ၏ဗဟိုကော်မတီဝင် ဦးတင်ရွှေက ပြောသည်။
လက်ရှိတွင် မာန်အောင်မြို့၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြို့မီးလင်းရေးကော်မတီတို့ပူးပေါင်းပြီး ညနေ ၆ နာရီခွဲမှ ည ၁၁ နာရီအထိတစ်ကြိမ်၊ နံနက် ၅ နာရီ ၄၅ မိနစ်မှ ၆ နာရီ ၁၅ မိနစ်အထိတစ်ကြိမ်- တစ်နေ့လျှင် လျှပ်စစ်မီး စုစုပေါင်းနှစ်ကြိမ်ပေးလျက်ရှိပြီး ပထမ ယူနစ် ၂ဝ သုံးစွဲခအတွက် တစ်ယူနစ်လျှင် ၃၅ ကျပ်ပေးရပြီး ယင်းထက်ပိုမိုသုံးစွဲပါက တစ်ယူနစ်လျှင် ကျပ် ၄ဝဝ ပေးနေရကြောင်း မာန်အောင်မြို့ခံများ၏ ပြောပြချက်အရ သိရသည်။မာန်အောင်မြို့အား ယခုကဲ့သို့လေအားလျှပ်စစ်ဖြင့် လျှပ်စစ်မီးပေးမည့်စီမံချက်ကို မည်သည့် အချိန်တွင်စတင်ဆောင်ရွက်သွားမည်ဆိုသည်ကို ရခိုင်ပြည်နယ်အစိုးရက ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသေးပေ။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဂွမြို့နယ်က အိမ်မရှိတဲ့ ရေလုပ်သားမိသားစု ၉၂စု အိမ်နဲ့ နေနိုင်တော့မလား

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်း နေစရာအိမ်မရှိသည့် ရေလုပ်သားအိမ်ထောင်စု ၉၂ စုကို  တိုးချဲ့ရပ်ကွက်အသစ်တွင် နေရာချထားပေး နိုင်ရန်အတွက် ဒီဇင်ဘာတွင် ကျင်းပမည့် ပြည့်သူ့လွှတ်တော် အစည်းဝေးတွင် တင်ပြတောင်းပြဆိုသွားမည်ဟု ဂွမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကြည်သာက ပြောသည်။
၎င်းက "အခုချိန်မှာတော့ တိုးချဲ့ရပ်ကွက်နေရာကို ကွင်းဆင်းပြီး  လေ့လာမှုတွေ လုပ်ဆောင်နေပါတယ်။ စာရင်းတွေ အကုန်ပြုစုပြီးရင် ဒီဇင်ဘာ လွှတ်တော်အစည်းဝေးလောက်မှာမှ တင်ပြဖြစ်မယ်လို့ ထင်ပါတယ်။ အားလုံးက ဂွမြို့နယ်ထဲက နေစရာအိမ်မရှိတဲ့ ရေလုပ်သားတွေပါ" ဟု ဆိုသည်။
ယင်းအဆိုတင်ခြင်းနှင့် ပတ်သက်၍လည်း ဦးကြည်သာက  "ပြည်နယ်လွှတ်တော် နဲ့ ပြည်သူ့လွှတ်တော် နှစ်ခုလုံးမှာ တင်ပြသွားမှာပါ။ မြေမဲ့ယာမဲ့တွေကို ပြန်လည်နေရာချထားလို့ရမယ့် နေရာတွေလည်း ရှိနေတာကြောင့်ဖြစ်ပါတယ်" ဟု ဆိုသည်။
အဆိုပါရပ်ကွက်သစ်ကို ဂွမြို့အနီးရှိ ဘုတ်ပင်ချောင်းတွင်  စိမ့်စမ်းသာရပ်ကွက် အမည်ဖြင့် နေရာချထား ပေးရန် မြို့နယ်မြေစာရင်းဦးစီးဌာန နှင့် မြို့နယ်အုပ်ချုပ်ရေးမှုးရုံးများသို့ ၂၀၁၄ ခုနှစ် သြဂုတ် ဒုတိယအပတ် အတွင်းတင်ပြခဲ့ပြီး အိမ်ခြံအကွက်ချပုံစံ နှင့် မြေစာရင်းပုံစံ (၁၀၅ ) ကျထားပြီဖြစ်ကာ ရခိုင်ပြည်နယ် အစိုးရခွင့်ပြုချက် ကျန်ရှိနေသေးသည်ဟုလည်း ဂွမြို့ ရွာမရပ်ကွက်၊ ကံငူကျေးရွာ ဒီရေတော ထိန်းသိမ်းရေး အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောသည်။
လက်ရှိအချိန်တွင် ရေလုပ်သားအိမ်ထောင်စု ၉၂ စု ကို ဂွမြို့အနီး ကမ်းခြေအနီးတွင် နေရာချထားပေးပြီး ရပ်ကွက်သစ်အား ရှင်းလင်းခြင်း၊ခြံကွက်ရိုက်ခြင်းများ ပြုလုပ်နေပြီး မိုးကုန်ကာလတွင် ရေလုပ်သားများ အနေဖြင့် ပြောင်းရွှေ့နေထိုင်လိုသည်ဟုလည်း နေအိမ်မရှိသည့် ရေလုပ်သား  ဦးစိုးမောင် ကပြောသည်။
"ဂွမှာက လယ်လုပ်စရာမရှိရင် ရေလုပ်ငန်းလုပ်ရတယ်။ ရေလုပ်ငန်းကလည်း အထိအမိနည်းတော့ စားဖို့တောင်အနိုင်နိုင်ပဲ။ အဲဒီတော့ အိမ်ကွက်လည်း မဝယ်နိုင်ဘူး။ ကျွန်တော်တို့ကတော့ တရားဝင်ချထားပေးဖို့တော့ မျှော်လင့်မိတာပေါ့" ဟု ဆိုသည်။
စိမ့်စမ်းသာ တိုးချဲ့ရပ်ကွက်သည် ၅ ဧက ကျယ်ဝန်းပြီး အိမ်ထောင်စု တစ်စုလျှင် ၃၅ ပေ၊ ၅၀ ပေ တစ်ကွက်စီ နေရာချထားပေးမည်ဖြစ်ပြီး စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ကျေးရွာဆေးပေးခန်းများ ပါရှိကြောင်း အဆိုပါ ကျေးရွာတွင်နေထိုင်မည့် ရေလုပ်သားများက ဆိုသည်။
(သတင်းအရင်းအမြစ်- မဇ္ဈိမ)

Wednesday, September 10, 2014

ဒီဇင်ဘာလတွင် ရခိုင် မြို့ ၅ ခု မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီ ရရှိတော့မည်

 ကျောက်ဖြူ မဒေးကျွန်းတွင် ဓါတ်မီးတိုင်များ စိုက်ထူထားစဉ် ( ဓါတ်ပုံ- နိရဉ္စရာ)
ကျောက်ဖြူ မဒေးကျွန်းတွင် ဓါတ်မီးတိုင်များ စိုက်ထူထားစဉ် ( ဓါတ်ပုံ- နိရဉ္စရာ)
ယခုလာမည့်ဒီဇင်ဘာလတွင် စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်ရှိ မြို့ ၅ မြို့တွင် မဟာဓာတ်အား လိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီရရှိမည်ဖြစ်ကြောင်း လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ရခိုင်ပြည်နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးအင်ဂျင်နီယာဌာနမှ  တာဝန်ရှိ သူတစ်ဦးက ထုတ်ဖော် ပြောကြားသည်။
“ဒီဇင်ဘာမှာ မြို့ ၅ မြို့ လျှပ်စစ်မီး ၂၄ နာရီရရှိတော့မှာပါ။ အချိန်မီရရှိနိုင်အောင်လည်း ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု ယင်းက နိရဉ္စရာသတင်းဌာသို့ အတည်ပြုပြောသည်။
အစိုးရတာဝန်ရှိသူများအနေဖြင့် ရခိုင်ပြည်နယ်သို့ရောက်ရှိတိုင်း  စစ်တွေမြို့နှင့် ပုဏ္ဏား ကျွန်း မြို့တို့တွင် လာမည့်ဒီဇင်ဘာလအတွင်း မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီရရှိ မည်ဟု ကတိပြုပြောဆိုထားသည်။
ယခုအခါ ယင်းမြို့ (၂) မြို့ အပြင် ကျောက်တော်၊ မြောက်ဦးနှင့် ရမ်းဗြဲမြို့များတွင်လည်း ဒီဇင်ဘာလအတွင်း လျှပ်စစ်မီး ၂၄ နာရီ ရရှိမည်ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။
“လာမယ့်ဒီဇင်ဘာမှာ စစ်တွေနဲ့ ပုဏ္ဏားကျွန်းပဲရမယ်လို့ ကျွန်တော်တို့သိထားတယ်။ အခုတော့မြို့ အများကြီးရမယ်ဆိုတော့ ဝမ်းသာတာပေါ့ဗျာ။ တစ်ပြည်နယ်လုံးကိုတောင် ချက်ချင်းရစေချင်တာ”ဟု ကျောက်တော်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်မီး အပြည့်အဝ သုံးစွဲနိုင်ခြင်းမရှိသေးသည့်အတွက် မြို့ကြီးများထက် ကျေးလက်ဒေသများတွင် ဒေသဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ အားနည်းများ များစွာရှိနေသည်ကိုတွေ့ရပြီး ယင်းအား နည်းချက်များကို ကုစားနိုင်ရန်မှာ လျှပ်စစ်မီးသည်သာ အဓိကကျကြောင်း ရခိုင် ဒေသခံများက တစ်ညီတညွတ်တည်းထောက်ပြ ပြောဆိုကြသည်။
၂ဝ၁၅ ခှုနှစ်အတွင်း ရခိုင်တစ်ပြည်လုံး လျှပ်စစ်ဓာတ်အား ပြည့်ပြည့်ဝဝရရှိရေးအတွက် အစိုးရက မဟာ ဓာတ်အားလိုင်းမှ တဆင့် လျှပ်စစ်မီးသွယ်တန်းလျက်ရှိရာ လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း သံတွဲ၊ တောင် ကုတ်မြို့များတွင် မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီရရှိနေပြီဖြစ်ပြီး အမ်းမြို့တွင်လည်း မဟာ ဓာတ်အားလိုင်းမှတဆင့် တစ်နေ့လျှင် လျှပ်စစ်မီး ၈ နာရီခွဲနီးပါး အထိ ရရှိကြောင်း သိရသည်။
အလားတူ သဘာဝဓာတ်ငွေ့များစတင်ထွက်ရှိရာ ကျောက်ဖြူမြို့တွင်လည်း ၁ ဒသမ ၁ မဂ္ဂါဝပ်ရှိသော ဂတ်စ်တာဘိုင် ၄ လုံးဖြင့် လျှပ်စစ်မီး ၂၄ နာရီပေးလျက်ရှိပြီး အဆိုပါဂတ်စ်တာဘိုင်များကို နောက်ပိုင်းတွင် ၅ဝ မဂ္ဂါဝပ်အဖြစ်ပြောင်းလဲထုတ်ပေးရန် အစီအစဉ်ရှိကြောင်း သိရသည်။
ရခိုင်ပြည်ရှိ မြို့များအားလုံးကိုလည်း မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ် ၂၄ နာရီထုတ်လွှတ် ပေးနိုင်ရန် မြို့နယ်တိုင်းတွင်ဓာတ်အားခွဲရုံများတည်ဆောက်ကာ ဓာတ်အားခွဲရုံများမှတဆင့် မြို့တိုင်း၊ ကျေးလက်တိုင်းကိုအဆင့်ဆင့်ထုတ်လွှတ်ပေးသွားရန်အစိုးရကစီမံချက်ဖြင့် ဆောင်ရွက် နေသည်ကို တွေ့ရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

တောင်ကုတ်မြို့နယ် လူထုအကျိုးဆောင်ကော်မတီဖွဲ့စည်း

DSCN1160
တောင်ကုတ်မြို့နယ်၏ ဒေသလိုအပ်ချက်များကို တစ်ဘက်တစ်လမ်းက ကူညီဆောင်ရွက်ပေးရန် ရည်ရွယ်ချက်ဖြင့် တောင်ကုတ်မြို့နယ် လူထုအကျိုးဆောင်ကော်မတီကို သြဂုတ်လ ၃၁ ရက်နေ့က အတည်ပြုဖွဲ့စည်းလိုက်ကြောင်း သတင်း ရရှိသည်။
သြဂုတ်လ ၃ဝ ရက်မှ ၃၁ ရက်အထိ ၂ ရက်နေ့များက ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ယင်းကော်မီတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးရဲမာန်ခိုင်က ပြောသည်။
“တောင်ကုတ်မြို့နယ်ရဲ့ ဒေသလိုအပ်ချက်တွေကို အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားနိုင်ဖို့ ရည်ရွယ်ပြီး  တောင်ကုတ် မြို့လယ်ရှိ ဓမ္မာရုံကြီးမှာ ပြုလုပ်တဲ့ အစည်းအဝေးကနေ ဖွဲ့စည်းခဲ့တာပါ။ အတတ်နိုင်ဆုံး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားဆောင်ရွက်သွားပါမယ်”ဟု သူက ဆိုသည်။
ယင်ဖွဲ့စည်းလိုက်သော လူုထုအကျိုးဆောင် ကော်မတီတွင် တောင်ကုတ်မြို့နယ်ရှိ နိုင်ငံရေးပါတီအသီးသီးနှင့် လူမှုအဖွဲ့အစည်းအသီးသီးတို့မှ လူငယ်၊ လူလတ်၊ လူကြီးများ ပါဝင်ကြောင်း သူက ဆိုသည်။
ရခိုင်ဒေသအကျိုးကို ဆောင်ရွက်ရန် ရခိုင်ပြည်နယ် မြို့နယ်တိုင်းနီးပါးတွင် တစ်မြို့နယ်ချင်းစီအလိုက် “ရခိုင်လူမှုကွန်ရက်” အမည်ဖြင့် အဖွဲ့ ဖွဲ့စည်းထားကြပြီး၊ ယင်းအထဲ တောင်ကုတ်မြို့တွင် ဖွဲ့စည်းထားသော ရခိုင်လူမှုကွန်ရက် (တောင်ကုတ်)လည်း ပါဝင်သည်။
သို့သော် ယခုဖွဲ့စည်းလိုက်သော “တောင်ကုတ်မြို့နယ် လူထု အကျိုးဆောင်ကော်မတီ”မှာ ရခိုင်လူမှု ကွန်ရက် (တောင်ကုတ်)နှင့် သက်ဆိုင်မှုမရှိဘဲ သီးခြားအဖွဲ့အစည်းတစ်ခု အဖြစ်သာရပ်တည်သွားမည်ဖြစ်ကြောင်း အဆိုပါဆပ်ကော်မတီအဖွဲ့ဝင်တို့က ပြောသည်။
ယင်းဆပ်ကော်မတီကို နာယက၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံကော်မတီတို့အပါအဝင် အဖွဲ့ဝင် ၅၈ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
“အခု တောင်ကုတ်မှာဖွဲ့စည်းလိုက်တဲ့ ကော်မတီအနေနဲ့လည်း ဒေသရဲ့လိုအပ်ချက်ကိုလုပ်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းပြီး နောက်ပိုင်းမှာ  သူတို့အဖွဲ့အစည်းရဲ့ အကျိုးစီးပွားရလိုမှုအတွက် လုပ်သွားမယ် ဆိုရင်တော့ ဒါကို ကျွန်တော်တို့ လုံးဝလက် မခံနိုင်ဘူး”ဟု တောင်ကုတ်မြို့ခံတစ်ဦးက သူ၏ အမြင်ကိုပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, August 18, 2014

ဦးနှောက်အမြှေးရောင်ရောဂါဖြင့် စစ်တွေဆေးရုံကြီးတွင် ကိုးယောက်မြောက်ကလေး သေဆုံး

ရခိုင်မှ ကျေးလက် ဆေးပေးခန်းတစ်ခု( ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်မှ ကျေးလက် ဆေးပေးခန်းတစ်ခု( ဓါတ်ပုံ- နိရဉ္စရာ)
စစ်တွေဆေးရုံကြီးတွင် ဦးနှောက် အမြှေးရောင် ရောဂါဖြင့် တက်ရောက်ဆေးကုနေသူ ရသေ့တောင်မြို့နယ် ကျောက်ရန်ရွာမှ မောင်နေဇော်လင်း (၁၀) နှစ် ယမန်နေ့က သေဆုံးသွားရာ ၎င်းကလေးငယ်သည် ယင်းရောဂါဖြင့် စစ်တွေဆေးရုံကြီးတွင် သေဆုံးသော (၉) ယောက်မြောက် ကလေးငယ်ဖြစ်ကြောင်း သိရသည်။
နောက်ဆုံးသေဆုံးသွားခဲ့သော ကလေးငယ် မောင်နေဇော်လင်း (၁၀) နှစ်သည် ရသေ့တောင်မြို့နယ် ကျောက်ရန်ရွာမှ (ဘ) ဦးလှဝင်း (မိ) ဒေါ်နိုင်နိုင်စိုးတို့၏ သားဖြစ်ပြီး ဆေးရုံသို့ရောက်ပြီး သုံးရက်ခန့်အကြာတွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်သားက ဖျားတော့ စေတီပြင် တိုက်နယ်ဆေးရုံကို ပို့ပါတယ်။ ဆေးရုံ နှစ်ရက်နေခဲ့ပြီး ဦးနှောက် အမြှေးရောင် ရောဂါဖြစ်တဲ့ အတွက် စစ်တွေ ဆေးရုံကြီးကို ပို့ပါဆိုလို့ စစ်တွေဆေးရုံကြီးကို ယူလာပါတယ်။ ဒီရောက်တော့ နှစ်ရက် သုံးရက်အတွင်းမှာဘဲ ကျွန်တော်သားက ဆုံးပါးသွားပါတယ်” ဟု ဖခင်ဖြစ်သူ ဦးလှဝင်းကဆိုသည်။
ဦးနှောက်အမြှေးရောင်ရောဂါဖြင့် သေဆုံးသွားသူ မောင်နေဇော်လင်းမှာ ယခုလပိုင်းအတွင်း(၉) ယောက်မြောက် သေဆုံးသွားသော ကလေးငယ် ဖြစ်ကြောင်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ဆန်းကလည်း အတည်ပြုပြောကြားသည်။
“  ဖြစ်တဲ့ ကလေးငယ်က ၄၀ ကျော်ရှိပါတယ်။ အရင်က ဒီရောဂါနဲ့ သေဆုံးသွားတဲ့ကလေးက ရှစ်ဦးဆိုတော့ ဒီကလေးက ၉ ယောက်မြောက် ဖြစ်ပါတယ်” ဟု ဆိုသည်။
သို့သော်လည်း ယခုအခါ အခြေအနေတိုးတက်ကောင်းမွန်လာပြီး ရောဂါကိုလည်းထိန်းချုပ်နိုင်ပြီ ဖြစ်သည်ဟု ဒေါက်တာ အောင်ဆန်းက ဆိုသည်။
ယင်းပြင် အများစု ကလေးငယ်များမှာ သက်သာသွားပြီ ဖြစ်သဖြင့် ဆေးရုံက ဆင်းသွားကြပြီးဖြစ်သော်လည်း လက်ရှိ ဆေးရုံတွင် ကလေးငယ် ၁၂ ဦး ရှိနေသေးသည်ဟု သိရသည်။
ယင်း ဦးနှောက်အမြှေးရောင်ရောဂါကို ရခိုင်ပြည်နယ် အတွင်း ၂၀၀၇ ခုနှစ်လောက်က စတွေ့ခဲ့ရပြီး ယခင်နှစ်များက ဖြစ်ပွားသူ ကလေးငယ် အရေအတွက်မှာ ယခုနှစ်လောက် မများကြောင်း၊ ၂၀၁၃ ခုနှစ်ကဆိုလျှင် တစ်ဦးတစ်လေမှ ဖြစ်ပွားခြင်း မရှိကြောင်း ဒေါက်တာ အောင်ဆန်းက ဆိုသည်။
ဦးနှောက်အမြှေးရောင်ရောဂါသည် ၀က်၊ ကြွက်စသည့် ရောဂါ ဖြစ်ပွားနေသည့် တိရစ္ဆာန်တစ်ကောင်ကောင်အား ကိုက်ထားသည့်ခြင်မှ ကလေးငယ်များကို ထပ်ကိုက်ရာမှ ကူးစက်လာသော ရောဂါဖြစ်ကြောင်း ဒေါက်တာက ပြောဆိုသည်။
အထူးသဖြင့် ၀က်ြံခံများအတွင်း ၀က်များအိုင်လူးသော ရေများတွင် ပေါက်ဖွားသောခြင်များဖြစ်ကြောင်း၊ သို့အတွက် သွေးလွန်တုတ်ကွေးရောဂါလို ခြင်ကို အဓိကထား နှိမ်နှင်းရန်လိုကြောင်း ဒေါက်တာ အောင်ဆန်းမှ ဆက်လက် ပြောဆိုသည်။
တစ်ဘက်တွင်လည်း ဦးနှောက်အမြှေးရောင်ရောဂါဖြင့် ကလေးငယ်များ သေဆုံးသူများပြားနေသဖြင့် ဒေသခံ ပြည်သူများ အကြား စိုးရိမ်မူများ တိုးပွားနေသည်ဟု သိရသည်။

Wednesday, July 30, 2014

မြဝတီသတင်းစာပါ ပေါက်တောမြို့ဆိပ်ခံတံတားပြီးစီးကြောင်းသတင်းမှားယွင်းသည်ဟု မြို့ခံများဆို

scan-newspaper-ptaw-harbour
( မြ၀တီ သတင်းစာတွင် ဇူလိုင်လ ၂၄ ရက်နေ့က ရေးသားဖေါ်ပြသော သတင်း)
မြ၀တီ သတင်းစာ မျက်နာဖုံးတွင် ဇူလိုင်လ(၂၄)ရက်နေ့က  “ရခိုင်ပြည်နယ် ပေါက်တောမြို့၌ ဆိပ်ခံတံတား တည်ဆောက်ပြီးစီး” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြခဲ့သော သတင်းမှာ မှားယွင်းကြောင်း ပေါက်တောမြို့ခံများက ပြောဆိုသည်။
ဆိပ်ခံတံတား မပြီးစီးသေးဘဲ ပြီးစီးသည်ဟု အစိုးရပိုင် မီဒီယာ တစ်ခုမှ ရေးသားဖေါ်ပြခြင်းမှာ မဖြစ်သင့်ဟု ပေါက်တောမြို့ အရှေ့ပိုင်းရပ်ကွက်မှ ဦးကျော်ဝင်းကြီးက နိရဉ္စရာသို့  ပြောဆိုသည်။
“ မယုံရင်လာကြည့်လို့ ရတယ်။ တံတားက မပြီးသေးဘူး။ မပြီးသေးတာကို ပြီးတယ်လို့ရေးတော့ မြို့သိက္ခာကျတယ်။ သာမန်မီဒီယာတစ်ခုက ရေးတာမျိုးမဟုတ်ပဲ အစိုးရ မီဒီယာကတောင်မှ ဒီလိုလုပ်တယ်ဆိုရင် မြို့သူမြို့သားတွေကို လိမ်ရာကျတယ် ” ဟု သူက ပြောသည်။
pataw-harbour
ပေါက်တောဆိပ်ခံတံတား တည်ဆောက်နေမူကို ဇူလိုင်လ ၂၉ ရက်နေ့က တွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ဇူလိုင်လ ၂၄ ရက်နေ့က မြ၀တီသတင်းစာ၌ “ ရခိုင်ပြည်နယ် ပေါက်တောမြို့၌ ဆိပ်ခံတံတား တည်ဆောက်ပြီးစီး” ခေါင်းစဉ်ဖြင့် မျက်နာဖုံးတွင် ရေးသားဖေါ်ပြသော သတင်းတွင် “ရခိုင်ပြည်နယ် ပေါက်တောမြို့ဆိပ်ခံတံတားကို ရခိုင်ပြည်နယ် အစိုးရခွင့်ပြုရန်ပုံငွေဖြင့် အေးငြိမ်းဆောက်လုပ်ရေး ကုမ္ပဏီမှ ၂၀၁၄ ခုနှစ်ဖေဖေါ်ဝါရီ ၂၆ ရက်တွင် စတင်၍ တာဝန်ယူတည်ဆောက်ခဲ့ရာ ယခုအခါ ဆိပ်ကမ်းတံတား တည်ဆောက်မူမှာ ယမန်နေ့က ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်” ဟု ဖေါ်ပြထားသည်။
ဆိပ်ခံတံတား မပြီးစီးသေးဘဲ ပြီးစီးသည်ဟု ရေးသားဖေါ်ပြခြင်းမှာ နောက်ကွယ်က အကြောင်းအရာ တစ်ခုခု ရှိနိုင်ကြောင်း ပေါက်တောမြို့ လူမှုကွန်ရက်မှ ကိုအောင်မြင့်က ပြောသည်။
“ မြို့က လူတွေကတော့ ဆောက်လုပ်ရေး ကုမ္ပဏီနဲ့ သတင်းဌာနက သတင်းသမားတွေနဲ့ပေါင်းပြီး လုပ်စားသလားဆိုပီး ဝေဖန်မူတွေ ရှိနေတယ်။ ပြီးစီးရမယ့် သတ်မှတ်ထားတဲ့ နေရက်မှာ ဆိပ်ခံ တံတား မပြီးနိုင်တဲ့ အတွက် လျော်ကြေးပေးရမှာ ကြောက်လို့ ခုလို လုပ်ကြံဖန်တီး ရေးသားတာလား ဆိုပြီး ခုသတင်းနဲ့ ပတ်သက်ပြီး လူတွေက သံသယ၀င်နေကြတယ် ” ဟု သူက ပြောသည်။
သတင်းစာတွင် ပေါက်တော ဆိပ်ခံတား တည်ဆောက်ပြီးစီးပြီဟု ရေးသားထားသည့် သတင်းနှင့် ပတ်သက်၍ ပေါက်တောမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလှိုင်ထံသို့ နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ “ ဒါကတော့ ဆောက်လုပ်ရေးကုမ္ပဏီကိုပဲ မေးကြည့် ”ဟု ၎င်းက ပြန်လည် ဖြေကြားသည်။
ptaw-harbour
ပေါက်တောဆိပ်ခံတံတားမှာဆောက်လုပ်ဆဲဖြစ်ပါသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
တံတားဆောက်လုပ်ရေး၌ သံဂဟေဆက်လုပ်ငန်းများကို တာဝန်ယူလုပ်ကိုင်နေသူ ဦးသာတင်က ဆိပ်ခံတံတား ဆောက်လုပ်မှုမှာ ယခုအချိန်ထိ တစ်ဝက်ကျော်ကျော်သာ ပြီးစီး၍ ရာနှုန်းပြည့် ပြီးစီးခြင်း မရှိသေးကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။
“ တံတားက မပြီးသေးဘူး၊ တဝက်ကျော်ကျော်လောက်ရှိသေးတယ်၊ ကျွန်တော်တို့ လုပ်တုန်းပဲ ရှိသေးတယ်၊ မိုးနည်းရင်တော့ နောက်နှစ်ပတ်လောက် ပြီးနိုင်တယ်” ဟု ဦးသာတင်က ပြောသည်။
အဆိုပါ ဆိပ်ခံတံတားတည်ဆောက်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေမှ ကျပ်သိန်းပေါင်း (၂၉၀၀) ခွင့်ပြုခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးကိုမလုပ်နိုင်လျှင် ပြည်ထောင်စုဝန်ကြီးရာထူးမှ နုတ်ထွက်ရန်အထိ ကတိခံဆောင်ရွက်နေပါကြောင်း ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း ထုတ်ဖော်ပြောကြား

27-7-2014-(1)
ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလုပ် ဆောင်နေသည့် ပြည်ထောင်စုဝန် ကြီးများအနေဖြင့် မိမိတို့၏ဆောင် ရွက်ချက်များကို သတ်မှတ်ကာလအတွင်း မလုပ်ဆောင်နိုင်လျှင် ရာထူး မှနုတ်ထွက်ကြရန်အထိကတိခံဆောင် ရွက်နေပါကြောင်း ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်းက စစ်တွေတွင် တရားဝင်ထုတ်ဖော်ပြောဆိုလိုက် သည်ဟု သိရသည်။
နယ်စည်းမခြားဆရာဝန်များ အဖွဲ့ (AZG/MSF) ကို ရခိုင်ပြည် နယ်အတွင်း ဝင်ရောက်လုပ်ကိုင်ရန် အစိုးရက ပြန်လည်ခေါ်ယူလိုက်ခြင်း နှင့်ပတ်သက်ပြီးဇူလိုင်၂၇ရက်၊ နေ့လယ်ပိုင်းကရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ ရုံးတွင် နိုင်ငံတကာသံအမတ်သုံး ဦးအပါအဝင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ပြည်နယ်အစိုး ရတာဝန်ရှိသူများ၊ စစ်တွေမြို့မိမြို့ဖ များ၊ ဒေသတွင်းလူမှုအဖွဲ့အစည်း များနှင့် တွေ့ဆုံပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူများ ထံမှ သိရသည်။
''ဒီအဖွဲ့တွေကိုပြန်ခေါ်လိုက် တာနဲ့ပတ်သက်ပြီး ဦးစိုးသိန်း၊ ဦးခင်ရီတို့က သူတို့ကိုနားလည်ပေး ပါ။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးဖို့အတွက် လုပ်ပေးတာပါ။ ရခိုင်ပြည်နယ်ဖွံ့ဖြိုး ရေးအတွက် ဒီဇင်ဘာမှာစစ်တွေနဲ့ ပုဏ္ဏားကျွန်းကို လျှပ်စစ်မီးအပြည့် အဝပေးမယ်လို့ ကတိခံထားတာတွေ ရှိတယ်။ တကယ်လို့ ဒီဇင်ဘာမှာ မပေးနိုင်ရင် လျှပ်စစ်ဝန်ကြီးဦးခင် မောင်စိုးလည်း အလုပ်ကထွက်၊ ကျွန်တော်လည်း အလုပ်ကထွက်မယ် ဆိုပြီး ပြောထားတာတွေရှိပါတယ်။
ရခိုင်ပြည်နယ်ဖွံ့ဖြိုးဖို့အတွက် အဲဒီလိုတာဝန်ခံထားတာတွေရှိပါ တယ်လို့ ဦးစိုးသိန်းကပြောခဲ့တယ်''ဟု ဦးစိုးသိန်း၏ပြောဆိုချက်ကို ကိုး ကား၍ စစ်တွေမြို့မိမြို့ဖ ဦးရွှေကျော် သာက ပြန်လည်ပြောကြားခြင်းဖြစ် သည်။
ယခုတွေ့ဆုံပွဲတွင် ပြည်ထောင် စုဝန်ကြီးအဆင့် ဦးစိုးသိန်းနှင့် ဦးခင်ရီ တို့နှစ်ဦးတည်းသာပါရှိသော်လည်း ဦးစိုးသိန်းက ယခုကဲ့သို့ပြောဆို ခဲ့ခြင်းမှာဟုတ်မှန်ကြောင်း ရခိုင်ပြည် နယ်အစိုးရအဖွဲ့၏ သတင်းထုတ် ပြန်ရေးနှင့် မှတ်တမ်းပြုစုရေးဆပ် ကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင် က အတည်ပြုပြောဆိုသည်။''အဲလိုပြောခဲ့တာဟုတ်ပါ တယ်။ အဲဒီမှာပဲ တရားဝင်ပြော တာ''ဟု ဦးဝင်းမြိုင်က ပြောသည်။
ယင်းနှင့်ပတ်သက်ပြီး အဆိုပါ တွေ့ဆုံပွဲသို့တက်ရောက်လာသည့် လူမှုကွန်ရက်အဖွဲ့ဝင်တစ်ဦးက''သူ တို့ရဲ့ အဲဒီလိုပြောဆိုချက်တွေကို ဟုတ်၊ မဟုတ်စောင့်ကြည့်လိုက်ပါ့ မယ်''ဟု တုံ့ပြန်ပြောသည်။
လုပ်ငန်းများပြန်လည်လုပ်ကိုင်နိုင်ရန်အစိုးရ၏တရားဝင်ဖိတ် ခေါ်ခြင်းခံထားရသည့် AZG/MSF အဖွဲ့မှာ ရခိုင်ပြည်နယ်အတွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာ တွင် နှစ်ဖက်လူ့အဖွဲ့အစည်းအပေါ် ဘက်လိုက်လုပ်ဆောင်ခဲ့ပြီး ယခုနှစ်၊ ဖေဖော်ဝါရီလက မောင်တောမြို့ နယ်၊ ဒုချီးရားတန်းကျေးရွာ၌ ရဲတပ်ကြပ်ကြီးအောင်ကျော်သိန်း အသတ်ခံရမှု ကိစ္စတွင်လည်း ရခိုင် တိုင်းရင်းသားများက ဘင်္ဂါလီများ ကို တိုက်ခိုက်သတ်ဖြတ်နေသည်ဟု ဆိုကာ သတင်းဌာနများသို့ သတင်း မှားများထုတ်လွှင့်ခဲ့သည့်အပြင် နိုင်ငံရေး၌လည်း ဝင်ရောက်စွက်ဖက် မှုများရှိလာသည်ဟုဆိုကာ အဆိုပါ အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်တွင် ဝင်ရောက်လုပ်ကိုင်နေမှုကို လုံးဝလက် မခံနိုင်တော့ကြောင်း ဒေသခံများက ဖေဖော်ဝါရီ ၂၃ ရက်မှစတင်ကာ ထိုင်သပိတ်ပြုလုပ် ကန့်ကွက်ဆန္ဒပြ ခဲ့ကြသည်။
ယင်းနောက်ပိုင်း အဆိုပါအ ဖွဲ့ကို ရခိုင်ပြည်နယ်အတွင်းလုပ် ကိုင်ခွင့်ကို အစိုးရကတားမြစ်ခဲ့ သော်လည်း ယခုအခါ အဆိုပါအ ဖွဲ့နှင့် အစိုးရတို့ နားလည်မှုစာချွန် လွှာ(MoU) ထိုးကာပြန်လည် လက် ခံလိုက်ခြင်းဖြစ်ပြီး အဆိုပါအဖွဲ့ အနေဖြင့် ယခုနောက်ပိုင်းလုပ်ငန်း များလုပ်ဆောင်ရာတွင် မမှန်မကန် လုပ်ရပ်များ ဆက်လက်လုပ်ဆောင် ပါက အစိုးရအနေဖြင့် သည်းခံတော့မည်မဟုတ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးများကပြောကြားခဲ့ကြောင်း တွေ့ဆုံပွဲသို့တက်ရောက်သူများ၏ပြောကြားချက်များအရသိရသည်။
''အဲဒီလို မဟုတ်မမှန်တွေမလုပ် ရအောင် သူတို့က Control လုပ် ပေးပါ့မယ်။ အကြောင်းအမျိုးမျိုး ကြောင့် အခုလိုလက်ခံလိုက်ရတာ ပါလို့ ဝန်ကြီးတွေကပြောခဲ့တယ်''ဟု စစ်တွေမြို့မိမြို့ဖဦးသာပွင့်က ဆိုသည်။
သို့သော် နယ်စည်းမခြားဆရာ ဝန်များအဖွဲ့(AZG/MSF)ကို အစိုး ရက ထပ်မံခေါ်ယူလိုက်ခြင်း အပေါ် ဒေသခံများအနေဖြင့် လုံးဝလက်မ ခံနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးများမှတစ်ဆင့်သမ္မတထံအိတ်ဖွင့် ပေးစာတစ်စောင်ပေးပို့ခဲ့ကြောင်း လည်း သိရသည်။
အဆိုပါ AZG/MSF အဖွဲ့ ရခိုင်ပြည်နယ်အတွင်း လုပ်ငန်းများ လုပ်ကိုင်ခွင့်ကို ၂ဝ၁၄ခုနှစ် ဖေဖော်ဝါရီလအတွင်းက ခေတ္တရပ် နားခဲ့စဉ်က ပြည်နယ်တွင်းရှိ HIV/AIDS ဝေဒနာရှင်များအတွက် ယင်းအဖွဲ့က ထောက်ပံ့ပေးနေ သည့် ART ဆေးဝါးများပြတ်လပ်သွားခဲ့သည်အထိ အခက်အခဲ တချို့ ဖြစ်ပေါ်ခဲ့သေးသည်။
ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများလုပ်ဆောင်ရန် AZG/MSF အပါအဝင် အခြား အိုင် အင်န်ဂျီအိုအဖွဲ့အစည်းများကိုလည်း ဇူလိုင် ၂၃ရက် ရက်စွဲဖြင့် အစိုးရက နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် တရားဝင်ခေါ်ယူခဲ့ခြင်းဖြစ်သည်။
(သတင်းအရင်းအမြစ်- Yangon Media Group)

Tuesday, July 29, 2014

ဂီတဖြေဖျော်ပွဲမှရရှိငွေကျပ်သိန်း(၈၀)အား ဘင်္ဂလာဒေခ်ျ့မှ ၀င်ရောက်လာသောရခိုင်မျိုးနွယ်စုများသို့ ကူညီလှူဒါန်းမည်

ရန်ပုံငွေဂီတ ဖြေဖျော်ပွဲအား ဇူလိုင်လ ၂၇ ရက်နေ့က မြင်တွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ/ ခိုင်ထူးမြတ်)
ရန်ပုံငွေဂီတ ဖြေဖျော်ပွဲအား ဇူလိုင်လ ၂၇ ရက်နေ့က မြင်တွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ/ ခိုင်ထူးမြတ်)
ဇူလိုင်လ ၂၇ ရက်နေ့က ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ပြုလုပ်ခဲ့သော ရခိုင်တိုင်းရင်းသားး ကူညီစောင့်ရှောက်ရေး ရန်ပုံငွေ ဂီတဖြေဖျော်ပွဲမှ ရရှိခဲ့သော ကျပ်ငွေ သိန်း (၈၀) ကို ဘင်္ဂလာဒေခ်ျ့မှ ၀င်ရောက်လာသော ရခိုင်မျိုးနွယ်စုများသို့ ကူညီလှူဒါန်းသွားမည်ဟု သိရသည်။
မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ ကူညီစောင့်ရှောက်ရေး ပရဟိတအသင်း အတွင်းရေးမှူး ဖြစ်သူ ဦးစောဝင်းအောင်မှ နိရဉ္စရာမှ ဆက်သွယ်မေးမြန်းစဉ် ထိုသို့ ပြောကြားသည်။
“ ကျွန်တော်တို့ ရုပ်ရှင်နဲ့ ဂီတနယ်ပယ်က အနုပညာရှင်တွေ ဖြေဖျော်ပွဲက ၀င်ငွေ စုစုပေါင်း ကျပ်သိန်း (၈၀) ရပါတယ်။ ဒါကို ဘင်္ဂလာဒေခ်ျ့ကနေ ၀င်ရောက်လာကြသော ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမတွေ ဖြစ်ကြတဲ့ မောင်တောမြို့နယ်ရောက် ရခိုင်မျိုးနွယ်စုများသို့ ကူညီလှူဒါန်းသွားမှာ ဖြစ်ပါတယ်” ဟုဆိုသည်။
ထိုသို့ ကူညီရာတွင် ငွေသားများအနေဖြင့် ကူညီသွားမည် မဟုတ်ဘဲ စိုက်ပျိုးရေး လုပ်ငန်းများအတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပြီး ခိုင်းနွားများကို ၀ယ်ယူပြီး ကူညီသွားမည်ဟု ဆိုသည်။
“ ကျွန်တော်တို့က ဧရာဝတီတိုင်း ကျုံပျော်မြို့မှာ ခိုင်းနွားကောင်ရေ သိန်း (၈၀) ဖိုးဝယ်ယူပြီး  နောက်လာမယ့် သြဂတ်စ် (၂) ရက်နေ့မှာ ရခိုင်ပြည်နယ်ကို လွှဲပြောင်းသွားမှာ ဖြစ်ပါတယ်။ သြဂတ်စ်လ (၉) ရက်နေ့မှာ အဲဒီခိုင်းနွားတွေကို မောင်တောမြို့မှာ ရောက်ရှိနေတဲ့ ရခိုင်မျိုးနွယ်စုတွေကို ကျွန်တော်တို့ ကိုယ်တိုင် သွားရောက်ပြီး လှူဒါန်းသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်းသို့ တစ်ဘက်နိုင်ငံ ဘင်္ဂလာဒေခ်ျ့မှ ၀င်ရောက်လာကြသော ရခိုင်မျိုးနွယ်စုများမှာ စားဝတ်နေရေးသာမက တခြားအခက်အခဲများစွာနှင့်လည်း ရင်ဆိုင်နေကြရသည်ဟု သိရသည်။
ဇူလိုင်လ ၂၇ ရက်နေ့ ညနေက ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ပြုလုပ်ခဲ့သော ၎င်းရန်ပုံငွေ ပွဲတော်သို့ ရုပ်ရှင်နှင့် ဂီတနယ်ပယ်မှ နေတိုး၊ ဖိုးကာ၊ ဟဲလေး၊ ဥာဏ်လင်းအောင်၊ ရိုတ၊ ချောစုခင်၊ ငယ်ငယ်၊ မေစပါယ်ညို၊ ဂျင်းနီ၊ Nကိုင်ရာ၊ နေနေ၊ ချစ်စနိုးဦး တို့က အခမဲ့လာရောက် သီဆိုဖျော်ဖြေပေးခဲ့ကြသည်။
(သတင်းအရင်းအမြစ်-နိရဉ္စရာသတင်းဌာန)

ပေါက်တောမြို့နယ်ခန်းမ ကျပ်သိန်းပေါင်း(၂၆၀၀)ကျော် အကုန်ကျခံတည်ဆောက်မည်

(ဓာတ်ပုံ - ပေါက်တောမြို့မှ လောကထိပ်ပန် ဆုတောင်းပြည့် ဘုရားကြီး / လင်းမြတ်
(ဓာတ်ပုံ – ပေါက်တောမြို့မှ လောကထိပ်ပန် ဆုတောင်းပြည့် ဘုရားကြီး / လင်းမြတ်
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ခန်းမကို ကျပ်သိန်းပေါင်း (၂၆၀၀) အကုန်အကျခံ တည်ဆောက်သွားမည်ဟု သိရသည်။
၎င်းမြို့နယ်ခန်းမမှာ အလျား (၁၂၀) ပေ၊ အနံ (၆၀) ပေရှိမည် ဖြစ်ပြီး  ရခိုင်ပြည်နယ် အစိုးရ ရံပုံငွေမှ ခွင့်ပြုငွေ ကျပ်သိန်းပေါင်း (၂၆၀၀) ဖြင့် တည်ဆောက်သွားမည်ဟု ပေါက်တော မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စိုးလှိုင်က နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
” ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ်မှာ ရခိုင်ပြည်နယ် အစိုးရ ဘတ်ဂျက်ငွေက ခွင့်ပြုထားတာ ဖြစ်ပါတယ်။  တည်ဆောက်ရန်အတွက် ခွင့်ပြုထားပီးပါပြီ။ တည်ဆောက်မယ့်နေရာကို အခု မြို့မိ မြိုဖတွေနဲ့ တိုင်ပင်ပြီးတော့ ရှာနေတယ် ” ဟု သူက ဆိုသည်။
ပေါက်တောမြို့နယ် ခန်းမအား ပေါက်တော-မင်းပြား ကားလမ်းအနီးတွင် တည်ဆောက်ရန် စီစဉ်နေပြီး လိုအပ်မည့် မြေနေရာများကို လယ်သမားများထံမှ ဝယ်ယူရန်အတွက် အဖွဲ့ဝင် (၈) ဦးပါဝင်သော ကော်မီတီ တစ်ရပ်ကို ဇူလိုင်လ (၂၇) ရက်နေ့က  ဖွဲ့စည်းတာဝန်ပေးခဲ့သည်ဟု သိရသည်။
ယခု ခွင့်ပြုငွေ ကျပ်သိန်း (၂၆၀၀)မှာ အဆောက်အဦး တည်ဆောက်ရန်အတွက်သာ ဖြစ်ပြီး မြေနေရာ ဝယ်ယူရန်အတွက် မပါဝင်သေးကြောင်း၊ သို့အတွက် ထပ်မံပြီး လိုအပ်မည့် ငွေပမာဏကို ပြည်နယ် လွှတ်တော်၌ ဆက်လက် တင်ပြတောင်းခံသွားမည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ဆိုသည်။
“ပေါက်တာ-မင်းပြားကားလမ်း ဘေးမှာ မြို့တော်ခန်းမ ဆောက်မယ်ဆိုပြီး ကော်မတီတစ်ရပ် ဖွဲ့ပြီး မြေရှာခိုင်းထားတယ်။ ခုက ခွင့်ပြုငွေက အဆောက်အဦးအတွက် ပေးတာ၊ မြေနေရာအတွက် မပါသေးဘူး။ ဒါကြောင့် ဒဿမအကြိမ် ပြည်နယ်လွှတ်တော်မှာ ဆက်လက် တင်ပြရဦးမယ် ” ဟု သူက ပြောသည်။
မူလက မြို့တော်ခန်းမအား လောကထိပ်ပန်ဘုရားကြီးရှေ့မြေကွက်လပ်တွင် တည်ဆောက်ရန် စီစဉ်ခဲ့ကြသော်လည်း ထိုနေရာမှာ ပေါက်တောမြို့၏ ဘုရားပွဲများ ကျင်းပသည့်နေရာဖြစ်၍ မြို့သူမြို့သားများက ကန့်ကွက်သည့်အတွက် ပေါက်တော- မင်းပြားကားလမ်းအနီးတွင် တည်ဆောက်ရန် မြေနေရာကို ရွှေ့ပြောင်း လျှာထားရခြင်း ဖြစ်သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်-နိရဉ္စရာသတင်းဌာန)

Monday, July 14, 2014

တောင်ကုတ်မြို့သိမ်တောင်အမကကျောင်းတွင်းသို့ ညဥ့်အချိန် ကျူးကျော်ဝင်ရောက်၍ မဖွယ်မရာ ပြုလုပ်မူများရှိနေ

Taungup
ရခိုင်ပြည်နယ် တောင်ကုတ်မြို့ သိမ်တောင် အမက (၃) ကျောင်းတွင် ညဥ့်အချိန် ပြင်ပမှ အမည်မသိသူများ ကျူးကျော် ၀င်ရောက်ပြီး မဖွယ်မရာများ ပြုလုပ်နေသည်ဟု ကျောင်းသားမိဘများက ပြောဆိုသည်။
ယခုကဲ့သို့ ဖြစ်ပျက်နေသည်မှာ တာဝန်ထမ်းဆောင်နေသူ ကျောင်းလုပ်သားမှ သူ၏ တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်၍ ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ကျောင်းသား မိဘတစ်ဦးက ပြောသည်။
“ အခု ကျောင်းလုပ်သားက စီးပွားရေး အဆင်ပြေပြီး သူရဲ့ တာဝန်ကို မယူတော့ဘူး။ ကျောင်းကို မလာတာလည်း ကြာပြီ။ ဒါကြောင့် ညဥ့်ကျရင် ကျောင်းထဲကို အပြင်က လူတွေဝင်ပြီး မဖွယ်မရာ လုပ်နေကြတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
တောင်ကုတ်မြို့ သိမ်တောင် အမက (၃) တွင် ဆောက်လက်စ မပြီးသေးသော ကျောင်းဆောင် အသစ်တစ်ခုရှိကြောင်း၊ ယင်းကျောင်းဆောင်ကို ဆရာ ဆရာမများ နားနေဆောင် အဖြစ် လုပ်ထားကြောင်း၊ ကျောင်းသားမိဘများ လာရောက်ပါကလည်း ၎င်းအဆောင်တွင်ပင် နားနေကြကြောင်း၊ ယင်းကျောင်းဆောင်တွင် ညဥ့်တိုင်းလိုလို အပြင်လူများ လာရောက်၍ မဖွယ်မရာ ပြုလုပ်နေမူများ ရှိနေသလို မစင်စွန့်ခြင်း အမူကိုလည်း ပြုလုပ်နေကြသည်ဟု ဆိုသည်။
“ အဓိက ပြသနာက အဲဒီကျောင်းဆောင်ထဲကို ၀င်ပြီး မစင်စွန့်တဲ့ အတွက် နေ့တိုင်းလိုလို ပြသနာ တက်နေပါတယ်။ မနက်ကျောင်းကိုလာတာနဲ့ ဒီလို ဖြစ်နေတော့ အားလုံးအတွက် စိတ်အနှောင့်အယှက် ဖြစ်နေရပါတယ်။ အခုလို အပြင်ကလူတွေ ၀င်ရောက်ပြီး ကျောင်းထဲမှာ မဖွယ်မရာ လုပ်နေတာဟာ ကျောင်းလုပ်သားက ကျောင်းကို မထိန်းသိမ်း မစောင့်ရှောက်နိုင်တဲ့ အတွက် ဖြစ်ပါတယ်” ဟု ဆိုသည်။
ကျောင်းဆရာ ဆရာမများထဲတွင်လည်း ယခုကိစ္စကို အထက်ကို တင်ပြလိုသူနှင့် မတင်ပြဘဲ ဖုံးဖိထားလိုသူ ဟူ၍ အုပ်စု နှစ်စုကွဲနေသည်ဟု အမည်မဖေါ်လိုသူ ဆရာမ တစ်ဦးက ပြောသည်။
“ အထက်ကို မတင်ပြလိုတဲ့ ဆရာမတွေကတော့ ကျောင်းလုပ်သားရဲ့ ဇနီးဆီက ငွေချေး အဌားလုပ်နေကြတဲ့သူတွေ ဖြစ်ပါတယ်။ အထက်ကို တိုင်ရင် ကျောင်းလုပ်သား အရေးယူခံရမယ်ဆိုပီး သူတို့က မတိုင်ကြားလိုကြပါ” ဟု ဆိုသည်။
သို့အတွက် ယခု ပြဿ     နာကို အထက်လူကြီးများ အနေဖြင့် အမြန်ဆုံး ပြေလည်အောင် ဖြေရှင်းပေးရန် ကျောင်းသားမိဘများနှင့် ဆရာ ဆရာမ အချို့မှ အထူးလိုလားနေကြသည်ဟု ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Thursday, July 10, 2014

ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာ အထက်တန်းကျောင်း တိုးမြင့်ဖွင့်လှစ်

သ၀င်ချောင်း အထက်တန်းကျောင်း ဖွင့်ပွဲ အခမ်းအနား ((ဓါတ်ပုံ- နိရဉ္စရာ)
သ၀င်ချောင်း အထက်တန်းကျောင်း ဖွင့်ပွဲ အခမ်းအနား ((ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာ အထက်တန်းကျောင်းခွဲကို အထက်တန်းကျောင်း အဖြစ် တိုးမြှင့်ဖွင့်လှစ်ပွဲ အခမ်းအနားကို ဇူလိုင်လ (၉) ရက်နေ့ နံနက်ပိုင်းက အဆိုပါ ကျောင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
အထက်တန်းကျောင်းအဖြစ် တိုးမြှင့်ဖွင့်လှစ်သည့် အခမ်းအနားနှင့် ကျောင်းဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို နံနက်(၉)နာရီအချိန်တွင် စတင် ကျင်းပရာ  ကျေးရွာအသီးသီးမှ ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင် ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသူ ကျောင်းသားများ တက်ရောက်ခဲ့ကြသည်။
သ၀င်ချောင်းကျေးရွာ အထက်တန်းကျောင်းခွဲအား အထက်တန်းကျောင်းအဖြစ် ပညာရေးဝန်ကြီးဌာနမှ အမှတ်(၁)အခြေခံပညာဦးစီးဌာနမှ  တိုးမြှင့်သတ်မှတ်ပေးခဲ့သဖြင့် အထူးဝမ်းသာရပါကြောင်း၊ သ၀င်ချောင်း ကျေးရွာ အနီးအနားရှိ ကျောင်းသားကျောင်းသူများ ပညာရေးအတွက် အလွန်အကျိုးရှိပါကြောင်း သဝင်ချောင်း အထက ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စောယဉ်က နိရဉ္စရာသို့  ပြောသည်။
“ ဒီလို အထက်တန်းကျောင်းအဆင့်ကို တိုးမြင့်သတ်မှတ်ပေးတဲ့အတွက် ကျေးရွာအတွက်ရော၊ အနီးအနား ကျေးရွာတွေအတွက်ပါ အထောက်အပံ့အများကြီးဖြစ်ပါတယ်။ အခု အထက်တန်းကျောင်းအတွက် ဆရာ/ ဆရာမ လည်း (၁၃)ယောက်ကိုလည်း တစ်ပါတည်း ခန့်လိုက်ပါတယ်။ ကလေးတွေအနေနဲ့ အထက်တန်းပညာ အဆင့်ကို အိမ်ကနေ ဆရာ ဆရာမအင်အားပြည့်စုံစွာနဲ့ သင်ကြားခွင့်ရတော့မှာ ဖြစ်ပါတဲ့ အတွက် ကလေးတွေနဲ့ အတူ ရွာကလူတွေလည်း သိပ်ပျော်နေကြတယ်” ဟု ပြောသည်။
ယခုကဲ့သို့ သ၀င်ချောင်းကျေးရွာ အထက်တန်းကျောင်းခွဲအား အထက်တန်းကျောင်း အဖြစ် နိုင်ငံတော်မှ တိုးမြှင့် ပေးခြင်းအတွက် အထူးကျေးဇူးတင်ပါကြောင်း သ၀င်ချောင်းကျေးရွာမှ ရပ်မိ ရပ်ဖ တစ်ဦးဖြစ်သူ ANP ပါတီ ဗဟိုကော်မီတီဝင် ဦးမြတ်ထွန်းက ဆိုသည်။
Thawin-chaung
“ ဒီလို အထက်တန်းကျောင်းအဖြစ် တိုးမြှင့်ပေးတဲ့ အတွက် သ၀င်ချောင်းရွာက ကျောင်းသူ ကျောင်းသားတွေ အတွက်သာမက ဒီတိုက်နယ်မှာရှိတဲ့ အုပ်စု (၉) စုက ကျောင်းသား ကျောင်းသူ ၂၀၀၀ ကျော်အတွက်လည်း အထူး အကျိုးရှိစေပါတယ်။ ဒါပေမယ့် သ၀င်ချောင်းကျောင်းကို အထက်တန်းကျောင်း အင်္ဂါနဲ့ ညီအောင် ကျောင်းဆောင်သစ်တွေ တိုးချဲ့ ဆောက်ပေးဖို့ လိုအပ်တယ်လို့ မြင်ပါတယ်” ဟု သူက ပြောသည်။
သ၀င်ချောင်းကျောင်းကို ၁၉၄၆ ခုနှစ်တွင် မူလတန်းကျောင်းမှ အလယ်တန်းကျောင်းအဖြစ်သို့ လည်းကောင်း၊ ၂၀၀၈-၂၀၀၉ ပညာသင်နှစ်တွင် အထက်တန်းကျောင်းခွဲအဖြစ်သို့လည်းကောင်း အဆင်ဆင့်တိုးမြှင့် သတ်မှတ်ခဲ့ကြောင်း သိရသည်။
ယခုအခါ သဝင်ချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားကျောင်းသူ (၇၀၀)နီးပါး ပညာသင်ကြားလျှက်ရှိပြီး ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာဆရာမအင်အား (၃၈) ဦးရှိကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, July 9, 2014

စစ်တွေ ဆတ်ရိုးကျ အမက (က)တွင်လည်း ကျောင်းသား ၃၂၃ ဦး အတွက်ဆရာ ဆရာမ ၄ ဦးနှင့် ကျောင်းဆောင် တစ်ခုသာရှိ

Primary-school Arakan state
ဆတ်ရိုးကျမှ အစိုးရ မူလတန်းကျောင်း (က) ကျောင်းဆောင် (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် မြို့တော် စစ်တွေ၏ ရပ်ကွက် တစ်ခု ဖြစ်သော အလုပ်သမားများ အများစု နေထိုင်ရာ ဆတ်ရိုးကျ ရပ်ကွက် အမက (က) ကျောင်းတွင်လည်း ကျောင်းသား ကျောင်းသူ ၃၂၃ ဦးအတွက် ကျောင်းအုပ် ဆရာကြီး အပါအ၀င် ကျောင်းဆရာ ဆရာမ ၄ ဦးနှင့် ကျောင်းဆောင်ငယ် တစ်ခုသာ ရှိကြောင်း သတင်း ရရှိသည်။
သို့အတွက် နိရဉ္စရာ သတင်းဌာနမှ ၎င်းကျောင်းသို့ သွားရောက်ပြီး ကျောင်းအုပ်ဆရာကြီးအား တွေ့ဆုံမေးမြန်းရာ ကျောင်းအုပ်ဆရာကြီး ဦးမောင်သာဆွေ မှ ယခုလို ပြောကြားသည်။
“ ကျွန်တော်တို့ ကျောင်းမှာ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၂၃ ဦးရှိပါတယ်။ ကျွန်တော် အပါအ၀င် ဆရာ ဆရာမ ၄ ဦးဘဲ ရှိပါတယ်။ ကျောင်းဆရာ တစ်ဦး ကလေး ၁၀၀ ယောက်နုန်းနဲ့ စာပြနေရပါတယ်” ဟု သူက ဆိုသည်။
Primary-School-student-Arakan
ဆတ်ရိုးကျ (က) ကျောင်းမှ ကလေးငယ်များ ( ဓါတ်ပုံ- နိရဉ္စရာ)
ယင်းသို့ ကျောင်းသား ကျောင်းသူ ၃၂၃ ဦးအတွက် အလျား ၆၀ ပေ၊ အနံ ၂၅ ပေရှိသော ကျောင်းဆောင် တစ်ခုသာ ရှိပြီး ကလေးငယ်များအတွက် စာရေးခုံများလည်း တစ်ခုံမှ မရှိကြောင်း သူက ဆက်ပြောသည်။
“ အဆောင်ကသေးတော့ ကျောင်းသားတွေ ကျပ်နေတယ်။ စာရေးခုံတွေလည်း မရှိဘူး။ ဒါကြောင့် ကျောင်းဆောင်နဲ့ ဆရာ ဆရာမ ပိုလိုအပ်နေပါတယ်” ဟု ဆိုသည်။
ယင်းဆရာကြီး ဦးမောင်သာဆွေမှ ကျောင်းသားများ ပညာသင်ကြားရန် ကျောင်းဆောင် မလုံလောက်၍ အခက်အခဲ ဖြစ်နေသဖြင့် အထက်သို့ တင်ပြရာ ယင်းအမက (က) အတွက် ကျောင်းဆောင် တစ်ခု ဦးစားပေးချပေးမည်ဟု အထက်လူကြီးများက ပြောဆိုသည်ဟု ဆိုသည်။
“ ကျောင်းဆောင် ဆောက်မှဘဲ ရတယ်လို့ ကျနော်တို့က ပြောနိုင်မယ်။ အထက်ကတော့ ခဏခဏ ဒီလို ပေးမယ်။ ပေးမယ် ပြောနေတာပါဘဲ။ လက်တွေ့မှာတော့ ဖြစ်မလာဘူး” ဟု ရွာသား တစ်ဦးက ဆိုသည်။
primary student Arakan state
ဆတ်ရိုးကျ ရပ်ကွက်သည် စစ်တွေမြို့ ဧရိယာတွင် ပါဝင်သော ရပ်ကွက် တစ်ခု ဖြစ်ပြီး ဆင်းရဲသား အများစုနှင့် လက်လုပ်လက်စားများ အပါအ၀င် နေ့စား အလုပ်သမား အများစု နေထိုင်သော ရပ်ကွက် တစ်ခု ဖြစ်သည်။
၎င်းဆတ်ရိုးကျ ရပ်ကွက်တွင် ဆတ်ရိုးကျ အမက (က) နှင့် ဆတ်ရိုးကျ (ခ) မူလွန်ကျောင်း အမည်ဖြင့် အစိုးရ ကျောင်း (၂) ကျောင်းရှိပြီး ကျောင်း (၂) ခုစလုံးတွင် ကျောင်းဆောင်များ မလုံလောက်မူ၊ ဆရာ ဆရာမ မလုံလောက်မူ၊ စာရေးခုံများမလုံလောက်မူ တို့နှင့် ရင်ဆိုင်နေကြရသည်။
ယခုကဲ့သို့ မလုံလောက်မူ များစွာနှင့် ကြုံတွေ့နေရခြင်းမှာ လက်လုပ် လက်စားများ နေထိုင်သော ဆင်းရဲသား ရပ်ကွက်ဖြစ်သဖြင့် အထက်အာဏာပိုင်များက ပစ်ပယ်ထား၍ ဖြစ်သည်ဟု ရပ်ကွက်နေပြည်သူများက ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

စစ်တွေမြို့ ဆတ်ရိုးကျ ရပ်ကွက်မှ ကျောင်းသား(၅၃၂) ဦးတို့၏ ပညာရေးအခြေအနေ စိုးရိမ်စရာဖြစ်နေ

ဆတ်ရိုးကျ(ခ) မူလွန်ကျောင်းမှ ကလေးငယ်များ (ဓါတ်ပုံ- နိရဉ္စရာ)
ဆတ်ရိုးကျ(ခ) မူလွန်ကျောင်းမှ ကလေးငယ်များ (ဓါတ်ပုံ- နိရဉ္စရာ)
အထက်အာဏာပိုင်များ၏ လျစ်လျူရှု့ခြင်းကို ခံနေရသော ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျ ရပ်ကွက် (ဗျိုင်းဖြူရွာ) မှ ကျောင်းသား ကျောင်းသူ (၅၃၂) ဦးမှာ စာသင်ရန် ကျောင်းဆောင် အလုံအလောက် မရှိသဖြင့် သူတို့၏ ပညာသင်ကြားရေးမှာ စိုးရိမ်စရာ အခြေအနေသို့ ရောက်ရှိနေကြောင်း ကျောင်းသားမိဘများက နိရဉ္စရာသို့ ပြောကြားသည်။
ယင်းကျောင်းသည် စစ်တွေမြို့ ဆတ်ရိုးကျချောင်း တစ်ဘက်ကမ်းတွင် တည်ရှိပြီး ကျောင်းသား ကျောင်းသူ (၅၃၂) ဦးအတွက် အရှည် ပေ ၈၀၊ အနံပေ ၃၀ ရှိသော ကျောင်းဆောင်တစ်ခုသာရှိကြောင်း သိရသည်။
Sat-Yo-kya-4
“ ကျွန်မတို့ကျောင်းမှာ ကျောင်းဆောင် မလုံလောက်မူနဲ့ ရင်ဆိုင်နေရပါတယ်။ ပရိဘောဂတွေလည်း မရှိဘူး။ ခြံစည်းရိုးလည်း မရှိဘူး။ ဒါကြောင့် ကျောင်းသားတွေကို နှစ်သုတ်ခွဲပြီး နံနက်တစ်ကြိမ်၊ နေ့လည်ပိုင်း တစ်ကြိမ် (၂) ကြိမ်ခွဲ၍ သင်ကြားနေရပါတယ်။ ဒါတောင် ပျစ်ညှပ်ပြီး သင်ကြားနေရပါတယ်” ဟု ဆတ်ရိုးကျ (ခ) မူလွန်ကျောင်းအုပ် ဆရာမကြီး ဒေါ်ညွှန့်ရီကပြောသည်။
ထိုသို့ နှစ်သုတ်ခွဲသော်လည်း ကျောင်းသားများ ကျောင်းနှင့် မဆံ့ ဖြစ်နေသဖြင့် ပထမတန်းနှင့် ဒုတိယတန်း ကျောင်းသားများကို ယင်းကျောင်းမှ ခွဲထုတ်ပြီး ရွာလယ်ရှိ တရုတ်နိုင်ငံမှ ဒုက္ခသည်များအတွက် ကူညီပေးသော မိုကျူလာ (၂) ထပ်အိမ်တွင် စာသင်ကြားနေရဟု ဆရာမက ဆိုသည်။
Satyo-Kya-3
၎င်းပြင် ဆတ်ရိုးကျ  (ခ) မူလွန်ကျောင်းတွင် သူငယ်တန်းမှ ခုနှစ်တန်းထိ စာသင်ကြားနေသော်လည်း ကလေးငယ်များ စာသင်ရန် စာရေးခုံများ၊ ထိုင်ခုံများလည်း မရှိသဖြင့် မြေကြီးပေါ်တွင် ပလစတစ်ဖျာငယ်များကို ခင်းကာ စာသင်ကြားနေကြရသည်။
ယခုကဲ့သို့ ကျောင်းဆောင် မလုံလောက်မူ ဖြစ်နေရခြင်းမှာ ဆတ်ရိုးကျ (ခ) မူလွန်ကျောင်းအတွက် ကျထားသော ကျောင်းဆောင်ကို သက်ဆိုင်ရာ ပြည်နယ်အဆင့် တာဝန်ရှိသူများမှ တခြားရွာသို့ ပြောင်းရွှေ့ တည်ဆောက်ထား၍ ဖြစ်ကြောင်း ကျေးရွာကျောင်းအကျိုးတော်ဆောင် ဥက္ကဌ ဦးစောသိန်းအောင်က ပြောသည်။
“ ၂၀၁၂-၂၀၁၃ ကတည်းက ကျွန်တော်တို့ရွာအတွက် ကျောင်းဆောင် တစ်ခုကျတယ်ဆိုတာကို  မြို့နယ် ပညာရေးမှူးရော၊ တခြား အစိုးရ တာဝန်ရှိသူတွေက  တရားဝင် ပြောပါတယ်။ ဒါပေမယ့် ဒီကျောင်းကို အထက်လူကြီးတွေက ကျွန်တော်တို့ ရွာမှာ မဆောက်ဘဲ ကျွန်တော်ရွာအနီးက ကျေးတောပိုက်ဆိပ်မှာ တည်ဆောက်ထားတာကို တွေ့ရပါတယ်” ဟု သူက ဆိုသည်။
ဆတ်ရိုးကျ (ခ) မူလွန်ကျောင်းအတွက် သက်ဆိုင်ရာမှ ခွင့်ပြုပေးထားသောကျောင်းကို ကျေးတော ပိုက်ဆိပ်တွင် ပြောင်းရွှေ့တည်ဆောက်ထားခြင်းမှာ ဟုတ်မှန်ကြောင်း၊ ကျောင်းဆောင်မှာ အလျားပေ ၆၀ နှင့် အနံ ပေ၃၀ ရှိကြောင်း ဆရာမကြီးမှ ထောက်ခံ ပြောဆိုသည်။
“ ကျွန်တော်တို့ ဆတ်ရိုးကျ ရပ်ကွက်မှာ လက်ရှိ ရှိနေတဲ့ကျောင်းဆောင်က ကျောင်းသား ကျောင်းသူ (၁၀၀) တောင် မဆံ့ဘူး။ ဒီလို အဆောက်အဦးမှာ ကျောင်းသား ၅၀၀ ကျော် စာသင်နေကြရတာ ဘယ်လို အခက်အခဲတွေ ရှိမယ်ဆိုတာက လူတိုင်းစဉ်းစားကြည့်ရင် သိနိုင်ပါတယ်” ဟု ယင်းရပ်ကွက်တွင် နှစ်ပေါင်း (၂၀) ကျော် ရယက စာရေးအဖြစ် တာဝန် ထမ်းဆောင်လာသူ ဦးရန်မျိုးအောင်က ပြောသည်။
ထိုသို့ ကျောင်းသားများပြီး ကျောင်းဆောင်သေးငယ်လွန်းနေ၍ ကျောင်းသားများ စာသင်ရန် အခက်အခဲ ဖြစ်နေသဖြင့် ဆတ်ရိုးကျ ရပ်ကွက်မှ လူကြီးများက လွန်ခဲ့သည့် အပတ်က ပြည်နယ် ပညာရေးမှူး ဦး လှစိန်ထွန်းထံသို့ သွားရောက်ပြီး ကျောင်းဆောင်သစ် တစ်ခုချပေးရန် တောင်းဆိုခဲ့ကြသည်ဟု ရပ်ရွာ လူကြီး တစ်ဦးဖြစ်သူ ဦးမြတ်ထွန်းက ဆိုသည်။
Satyokya-2
“ ကျွန်တော်တို့ကို ပြည်နယ် ပညာရေးမှူးက ပြောတာက အစိုးရအဖွဲ့က ညှိပီး ခင်ဗျားတို့ ရပ်ကွက်အတွက် ကျနေတဲ့ကျောင်းကို တခြားနေရာကို ယူသွားတယ်လို့ ပြောပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ ကလေးတွေ စာမသင်ရ ဖြစ်နေတဲ့ အတွက် နောက်ထပ် ကျောင်းဆောင်သစ်တစ်ခု ချပေးပါ ပြောတော့ ပညာရေးမှူးက သူ့အနေနဲ့ တစ်ခုလည်း မတတ်နိုင်ဘူးလို့ ပြောဆိုပါတယ်” ဟု သူက ဆိုသည်။
ယင်းကျောင်းတွင် ဆရာ ဆရာမ (၁၂) ဦးနှင့် ကျောင်းလုပ်သား (၁) ဦးရှိပြီး ကျောင်းသားများ (၂) သုတ်ခွဲပြရသဖြင့် ဆရာ ဆရာမများမှာ အထူးပင်ပန်းပြီး ကျောင်းဆရာများလည်း ထပ်မံလိုအပ်နေသည်ဟု ဆိုသည်။
“ ကျွန်တော်တို့ အနေနဲ့ နိုင်ငံတော်သမ္မတကြီးနဲ့ ရခိုင် ပြည်နယ် ၀န်ကြီးချုပ် အသစ်ကို ကျွန်တော်တို့ရွာက ကလေးတွေ ပညာသင်ကြားရေးမှာ အထူးအခက်အခဲ ဖြစ်နေတဲ့ အတွက် ကျောင်းသားတွေ အရေအတွက်နဲ့ ညီမျှတဲ့ ကျောင်းဆောင်သစ်တစ်ခုကို တိုးချဲ့ တည်ဆောက်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ ဒါ့ပြင် အထက်လူကြီး တွေကို ကျွန်တော် ရပ်ကွက်က ကလေးတွေ ဘယ်လို အခက်အခဲ၊ အကျပ်အတည်းတွေနဲ့ စာသင်နေကြရတယ်ဆိုတာကို လာရောက်စစ်ဆေးလိုပါတယ်” ဟု ဦးမြတ်ထွန်းက ဆိုသည်။
ယင်းအခက်အခဲ ဖြစ်နေသော ဆတ်ရိးကျ (ခ) မူလွန်ကျောင်းသို့ နိရဉ္စရာအယ်ဒီတာ ဦးခိုင်မြတ်ကျော် ကိုယ်တိုင် ဇွန်လ (၃) ရက်နေ့က သွားရောက်ခဲ့ပြီး ကျောင်းသားကျောင်းသူများအတွက် ကျပ်ငွေ (၁၀၄၅၀၀) နှင့် ညီမျှသော ဗလာစာအုပ် (၄၆) ဒါဇင်၊ ခဲတံ (၂၀) ဒါဇင်နှင့် ဘော်လ်ပန် (၃) ဘောက်စ် သွားရောက် ကူညီ လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, June 30, 2014

ရခိုင်မှရွာချင်းဆက်လမ်းများ ဖြစ်သလို ဖေါက်လုပ်တည်ဆောက်မူကြောင့် နိုင်ငံတော်၏ ဘတ်ဂျက်ငွေများ ဆုံးရှုံးမူများစွာရှိနေ

 တောင်ညို- သ၀င်ချောင်း ရွာချင်းဆက်လမ်း (ဓါတ်ပုံ- နိရဉ္စရာ)
တောင်ညို- သ၀င်ချောင်း ရွာချင်းဆက်လမ်း (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် အတွင်း ကျေးရွာချင်းဆက်လမ်းများကို နိုင်ငံတော်မှ ငွေကြေး အမြှောက်အမြား အကုန်အကျ ခံကာ တည်ဆောက်နေရာ တချို့လမ်းများမှာ ပြီးစလွယ် ဖြစ်သလို ဖေါက်လုပ် တည်ဆောက်မူကြောင့် မိုးရွာသည့်နှင့် တစ်ပြိုင်နက်တည်း ပျက်စီးယိုယွင်းလျှက်ရှိကြောင်း နိရဉ္စရာမှ သတင်း ရရှိသည်။
ထိုသို့ ပျက်စီးနေသော လမ်းများထဲတွင် ပေါက်တောမြို့နယ် တောင်ညိုနှင့် သ၀င်ချောင်း ရွာချင်းဆက် လမ်းလည်း ပါဝင်သည်။
“ တောင်ညိုနှင့် သ၀င်ချောင်း လမ်းမှာ အခု ရေတိုက်စားတဲ့ အတွက် လမ်းတွေ ပြိုပျက်နေပါပြီ။ မိုးကုန်တာနဲ့ လမ်းလည်း ဘာမှ ကျန်မှာ မဟုတ်ပါဘူး။ ပြဿနာက ရေဖြတ်စီးမယ့်နေရာမှာ ရေပြွန်တွေ မတည်ဆောက်ဘဲ ထားခဲ့တဲ့အတွက် မိုးရွာတာနဲ့ ရေက လမ်းကို ကျော်ပြီး ဖြတ်တိုက်စားတော့ လမ်းက အကုန်လုံး ပျက်စီး သွားပါတယ်” ဟု သ၀င်ချောင်းရွာသား ANP ပါတီ ဗဟိုကော်မီတီဝင် ဦးမြတ်ထွန်းက ပြောသည်။
IMG_20100102_063256
၎င်းလမ်းမှာ ၄ မိုင်နဲ့ ၂ ဖါလုံ အရှည်ရှိပြီး ပေါက်တော-တောင်ညို- သ၀င်ချောင်းလမ်းဖြစ်ကြောင်း၊ ယခုပျက်စီးနေသော နေရာမှာ တောင်ညိုနှင့် သ၀င်ချောင်းလမ်းပိုင်းတွင် ဖြစ်ကြောင်း သူက ဆက်ဆိုသည်။
“ ဒီလမ်းကို ကန်ထရိုက်ယူပြီး ဖေါက်တာက ++++ ကုမ္ပဏီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီကုမ္ပဏီက စစ်တွေကလား၊ ရန်ကုန်ကလားဆိုတာကိုတော့ တိတိကျကျ မသိဘူး။ ငွေကြေးဘယ်လောက်ဆိုတာကိုတော့ တိတိကျကျ မသိရပေမယ့် သိန်းက ရာဂဏန်းကျော်တယ်လို့ သိရပါတယ်” ဟု ဦးမြတ်ထွန်းက ဆက်ဆိုသည်။
ယင်းလမ်းကို စစ်တွေ အခြေစိုက် ++++  ကုမ္ပဏီမှ ဖေါက်လုပ်ခဲ့သော လမ်းဖြစ်ကြောင်း၊ အပေါ်မှ ကန်ထရိုက်ရလာပြီး လုပ်ကိုင်သော ကုမ္ပဏီ ဖြစ်ကြောင်း၊ ကုမ္ပဏီက လုပ်ကိုင်သော လမ်းဖြစ်၍ ဌာနနှင့် သက်ဆိုင်မူ မရှိကြောင်း၊ ကျွမ်းကျင်သော အင်ဂျင်နီယာများ မပါရှိသဖြင့် ယခုကဲ့သို့ မြန်မြန်ဆန်ဆန် ပျက်စီးခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်း၍ ရကြောင်း၊ ရခိုင်ပြည်နယ်တွင် ထိုကဲ့သို့ ကုမ္ပဏီများ မိုလို ပေါက်နေကြောင်း  ပေါက်တော မြို့နယ် ဆောက်လုပ်ရေးဌာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
တောင်ညို- သ၀င်ချောင်းလမ်း ပျက်စီးနေမူနှင့် ပတ်သက်ပြီး တိုင်ကြားမူများ ရှိနေကြောင်း ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ဆိုသည်။
IMG_20100102_080615
“ ဒီလမ်းကို ဖေါက်တဲ့ နေရာမှာ မြေကိုပက်ပြီး ကပျာကယာ အပေါ်ကိုတင်ကာ ဖေါက်လုပ်ခဲ့တယ်လို့ သိရတယ်။ ဒါကြောင့် မိုးရွာတာနဲ့ လမ်းက အကြီးအကျယ် ပျက်စီးနေတယ်လို့ ရွာသားတွေက တိုင်ကြား ထားပါတယ်။ ဒီလမ်းရဲ့ ဘတ်ဂျက်က ပြည်နယ်ဘတ်ဂျက်မဟုတ်ဘူး။ ပြည်ထောင်စု အစိုးရ ဘတ်ဂျက်က ဖြစ်တယ်လို့ သိရပါတယ်။ ကျွန်တော်က ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ပေမယ့် ဘတ်ဂျက် ဘယ်လောက်ကျတယ်။ ဘယ်ကုမ္ပဏီက လုပ်တယ်ဆိုတာကို မသိပါဘူး။ ဘယ်သူကမှလည်း အကြောင်းကြားတာ မရှိပါဘူး” ဟု ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း လမ်းတံတားများ၊ ဆည်မြောင်းတာတမံ အများအပြားကို နိုင်ငံတော် အစိုးရမှ ဘတ်ဂျက်ငွေ အမြောက်အများချပေးပြီး တည်ဆောက်နေရာတွင် သက်ဆိုင်ရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များသို့ တစ်စုံတစ်ရာ အကြောင်းကြားခြင်း မရှိဟု သူက ဆိုသည်။
“ အခု နိုင်ငံတော်က ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ချပေးတဲ့ ဘတ်ဂျက်တွေက စီမံကိန်းတစ်ခုကို သိန်းထောင်နဲ့ချီပြီးရှိတယ်။ ဒါပေမယ့် ဘယ်လိုလုပ်ပြီး ဘယ်လို ဖြစ်နေကြတယ်ဆိုတာကို မသိရဘူး။ တချို့နေရာတွေမှာ အထူးကို ဆိုးဆိုးရွားရွား ဖြစ်နေတယ်လို့ ကြားသိရပါတယ်” ဟု သူက ဆက်ဆိုသည်။
ယခု ပျက်စီးနေသော တောင်ညို- သ၀င်ချောင်း ရွာချင်းဆက်လမ်းအား နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် တည်ဆောက်သော လမ်းဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, May 27, 2014

ဘတ်ဂျက် အခြေအနေကြောင့် ရသေ့တောင်-ပုဏ္ဍားကျွန်းကားလမ်းအချိန်မှီ ပြီးစီးနိုင်မည် မဟုတ်

 တောဖျားချောင်းတံတား တည်ဆောက်နေသည်ကို တွေ့ရစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
တောဖျားချောင်းတံတား တည်ဆောက်နေသည်ကို တွေ့ရစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ချင်းဆက် လမ်းများ၊ ရွာချင်းဆက်လမ်း အများအပြားကို ရခိုင်ပြည်နယ် အတွင်း နိုင်ငံတော် အစိုးရမှ တာဝန်ယူ ဖေါက်လုပ်နေရာ ယင်းအထဲတွင် ပါဝင်သော ရသေ့တောင်-ပုဏ္ဍားကျွန်း ကားလမ်းမှာ ဘတ်ဂျက်ငွေ လုံလုံလောက်လောက်မရရှိသဖြင့် သတ်မှတ်ချိန် အတိုင်း ပြီးစီးရန် အခြေအနေမရှိဘဲ ဖြစ်နေကြောင်း သတင်း ရရှိသည်။
ဘတ်ဂျက်ငွေ မလုံလောက်မူကြောင့် ရသေ့တောင်-ပုဏ္ဍားကျွန်းကားလမ်း ဖေါက်လုပ်မူကို ရပ်တန့်ထားရပြီး ယင်းလမ်းတွင် တည်ရှိသော တောဖျားချောင်းတံတား တစ်ခုကိုသာ နှစ်အလိုက်ထုတ်ပေးသော ဘတ်ဂျက်ငွေ အနည်းငယ်ဖြင့် မစို့မပို့ တည်ဆောက်နေရသည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။
Tawphyr-chaung-bridge
ဘတ်ဂျက်ငွေ အလုံအလောက် မရရှိမူကြောင့် ပေ ၁၂၀၀ အရှည်ရှိသော တောဖျားချောင်း တံတားကို အပိုင်းလိုက် တည်ဆောက်နေရပြီး ၂၀၁၂ ခုနှစ်က စတင် တည်ဆောက် ခဲ့သော တံတားမှာ ၂၀၁၅- ၂၀၁၆ နှစ်ကုန်လောက်မှ ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားကြောင်း  တံတားအထူးအဖွဲ့ (၁၀) မှ အငယ်တန်း အင်ဂျင်နီယာ တစ်ဦးဖြစ်သူ ဦးဝင်းနိုင်က နိရဉ္စရာသို့ ပြောသည်။
“ ကျွန်တော်က ရေလယ်တိုင်အမှတ် (၄) ကို တာဝန်ယူပြီး တည်ဆောက်နေပါတယ်။ အခုတည်ဆာက်နေပါပြီ။ အုတ်မြစ်ကတော့ ပြီးသွားပါပြီ။ ၂၀၁၅-၁၆ လောက်မှာ ပြီးစီးဖို့ မျှော်လင့်ထားပါတယ်” ဟု ဆိုသည်။
တောဖျားချောင်း တံတားသည် ရသေ့တောင်-ပုဏ္ဍားကျွန်းကားလမ်းပိုင်းတွင် ပါဝင်သော အရှည်ဆုံးနှင့် အရေးပါသော တံတားတစ်ခုဖြစ်ပြီး ယင်းတံတား အတွက်  ၂၀၁၂-၂၀၁၃ မှာ ကျပ်သန်း (၆၀၀) ၊  ၂၀၁၃- ၂၀၁၄ ခုနှစ်တွင် ကျပ်သန်း ၁၀၀၀ ကို အစိုးရထံမှ ရရှိခဲ့သည်ဟု သူက ဆိုသည်။
“ စုစုပေါင်း တောဖျားချောင်းတံတား တစ်ခုတည်းအတွက် ခန့်မှန်းကုန်ကျငွေက ကျပ်သန်းက ၄၆၀၀ ဖြစ်ပါတယ်။ နှစ်အလိုက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ချပေးတဲ့ ဘတ်ဂျက်နဲ့ဘဲ လုပ်ကိုင်ဆောင်ရွက်နေရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
Tawphyr-chaung-bridge-2
ရသေ့တောင်- ပုဏ္ဍားကျွန်း ကားလမ်းပေါ်တွင် တောဖျားချောင်း တံတားအပြင် ထွန်းရဝေ တံတားနဲ့ ရသေ့တောင်တံတားကြီး (၂) ခု ကျန်နေသေးကြောင်း၊ ယင်းတံတား (၂) စင်းမှာ ယခုအချိန်ထိ လုပ်ငန်း မစရသေးကြောင်း သိရသည်။ သို့အတွက် ၂၀၂၀ ခုနှစ်တွင်ပင် ရသေ့တောင်-ပုဏ္ဍားကျွန်းကားလမ်းမှာ ပြီးစီးနိုင်မည်မဟုတ်ကြောင်း ဒေသအတွင်းက လမ်းအရေး ကျွမ်းကျင်သူများက ပြောသည်။
ယင်းပြင် ဘတ်ဂျက်ငွေ မရရှိသဖြင့် ကားလမ်း ဖေါက်လုပ်မူကိုလည်း ရပ်တန့်ထားရကြောင်း၊ သို့အတွက် ယခင် ဖို့ထားသော ကားလမ်းပေါ်မှ မြေများမှာ မိုးရာသီတွင် ရေတိုက်စားမူကြောင့် ပျက်စီးနေကြောင်း၊ လမ်းကြမ်းအဆင့်မှာပင် ပျက်စီးနေသဖြင့် အပိုင်းလိုက်ပင် နွားလှည်း၊ ဆိုင်ကယ်များဖြင့် သွားလာ၍ မရဘဲ ဖြစ်နေကြောင်း ကားလမ်းပေါ်တွင် တည်ရှိသောစေတီပြင် ကျေးရွာသား တစ်ဦးက ပြောသည်။
ရသေ့တောင်- ပုဏ္ဍားကျွန်းကားလမ်းသည် ရန်ကုန်-စစ်တွေ ကားလမ်းမကြီးနှင့် ဆက်စပ်ပေးမည့် လမ်းတစ်လမ်း ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေး အတွက် များစွာ အထောက်အကူ ပြုနိုင်သော လမ်းတစ်ခုဖြစ်သည်။ အဆိုပါ ကားလမ်းပြီးစီးပါက ရသ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်မှ ပြည်သူများအနေဖြင့်  ရသေ့တောင်မှ တဆင့် ရန်ကုန်သို့ တိုက်ရိုက်သွားလာနိုင်မည် ဖြစ်သည်။
“ တံတားအပါအ၀င် ဒီလမ်းကိုတော့ အမြန် ပြီးစီးစေချင်ပါတယ်။  ဒီလမ်းပြီးစီးရင် စီးပွားရေ၊ ပညာရေးကအစ တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ စစ်တွေတို့၊ ပုဏ္ဍားကျွန်းတို့ကိုလည်း ချက်ချင်းသွားလာလို့ ရလာမယ်။ ဒီဒေသက သီးနှံတွေအကြီးအကျယ် ထွက်တော့ ချက်ချင်း မြို့ကြီးတွေကို တင်ပို့လို့ ရလာနိုင်မှာ ဖြစ်တဲ့အတွက် တောဖျားချောင်း ဒေသခံတွေ အတွက် စီးပွားရေးအရ ဖွံ့ဖြိုး တိုးတက်လာနိုင်ပါတယ်” ဟု တံတားအနီး စေတီပြင်ကျေးရွာမှ အလပြ ဆရာ တစ်ဦးက ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)