( မြ၀တီ သတင်းစာတွင် ဇူလိုင်လ ၂၄ ရက်နေ့က ရေးသားဖေါ်ပြသော သတင်း) |
ဆိပ်ခံတံတား မပြီးစီးသေးဘဲ ပြီးစီးသည်ဟု အစိုးရပိုင် မီဒီယာ တစ်ခုမှ ရေးသားဖေါ်ပြခြင်းမှာ မဖြစ်သင့်ဟု ပေါက်တောမြို့ အရှေ့ပိုင်းရပ်ကွက်မှ ဦးကျော်ဝင်းကြီးက နိရဉ္စရာသို့ ပြောဆိုသည်။
“ မယုံရင်လာကြည့်လို့ ရတယ်။ တံတားက မပြီးသေးဘူး။ မပြီးသေးတာကို ပြီးတယ်လို့ရေးတော့ မြို့သိက္ခာကျတယ်။ သာမန်မီဒီယာတစ်ခုက ရေးတာမျိုးမဟုတ်ပဲ အစိုးရ မီဒီယာကတောင်မှ ဒီလိုလုပ်တယ်ဆိုရင် မြို့သူမြို့သားတွေကို လိမ်ရာကျတယ် ” ဟု သူက ပြောသည်။
ပေါက်တောဆိပ်ခံတံတား တည်ဆောက်နေမူကို ဇူလိုင်လ ၂၉ ရက်နေ့က တွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ) |
ဆိပ်ခံတံတား မပြီးစီးသေးဘဲ ပြီးစီးသည်ဟု ရေးသားဖေါ်ပြခြင်းမှာ နောက်ကွယ်က အကြောင်းအရာ တစ်ခုခု ရှိနိုင်ကြောင်း ပေါက်တောမြို့ လူမှုကွန်ရက်မှ ကိုအောင်မြင့်က ပြောသည်။
“ မြို့က လူတွေကတော့ ဆောက်လုပ်ရေး ကုမ္ပဏီနဲ့ သတင်းဌာနက သတင်းသမားတွေနဲ့ပေါင်းပြီး လုပ်စားသလားဆိုပီး ဝေဖန်မူတွေ ရှိနေတယ်။ ပြီးစီးရမယ့် သတ်မှတ်ထားတဲ့ နေရက်မှာ ဆိပ်ခံ တံတား မပြီးနိုင်တဲ့ အတွက် လျော်ကြေးပေးရမှာ ကြောက်လို့ ခုလို လုပ်ကြံဖန်တီး ရေးသားတာလား ဆိုပြီး ခုသတင်းနဲ့ ပတ်သက်ပြီး လူတွေက သံသယ၀င်နေကြတယ် ” ဟု သူက ပြောသည်။
သတင်းစာတွင် ပေါက်တော ဆိပ်ခံတား တည်ဆောက်ပြီးစီးပြီဟု ရေးသားထားသည့် သတင်းနှင့် ပတ်သက်၍ ပေါက်တောမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလှိုင်ထံသို့ နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ “ ဒါကတော့ ဆောက်လုပ်ရေးကုမ္ပဏီကိုပဲ မေးကြည့် ”ဟု ၎င်းက ပြန်လည် ဖြေကြားသည်။
ပေါက်တောဆိပ်ခံတံတားမှာဆောက်လုပ်ဆဲဖြစ်ပါသည်။ (ဓါတ်ပုံ- နိရဉ္စရာ) |
“ တံတားက မပြီးသေးဘူး၊ တဝက်ကျော်ကျော်လောက်ရှိသေးတယ်၊ ကျွန်တော်တို့ လုပ်တုန်းပဲ ရှိသေးတယ်၊ မိုးနည်းရင်တော့ နောက်နှစ်ပတ်လောက် ပြီးနိုင်တယ်” ဟု ဦးသာတင်က ပြောသည်။
အဆိုပါ ဆိပ်ခံတံတားတည်ဆောက်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေမှ ကျပ်သိန်းပေါင်း (၂၉၀၀) ခွင့်ပြုခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
No comments:
Post a Comment