Showing posts with label လူငယ်ရေးရာ. Show all posts
Showing posts with label လူငယ်ရေးရာ. Show all posts

Monday, August 18, 2014

သံတွဲတွင်ကျင်းပသည့် နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ် အခမ်းအနားသို့ လူငါးသောင်းကျော် ပါဝင်ဆင်နွှဲ

သံတွဲမြို့တွင် သြဂုတ်လ ၁၀ ရက်နေ့က ကျင်းပခဲ့သော နိုင်ငံတော် ဘာသာနေ့ အခမ်းအနား (ဓါတ်ပုံ- နိရဉ္စရာ/ နေဇော်)
သံတွဲမြို့တွင် သြဂုတ်လ ၁၀ ရက်နေ့က ကျင်းပခဲ့သော နိုင်ငံတော် ဘာသာနေ့ အခမ်းအနား (ဓါတ်ပုံ- နိရဉ္စရာ/ နေဇော်)
(၅၃) နှစ်မြောက် နိုင်ငံတော် ဘာသာနေ့ အထိမ်းအမှတ် အခမ်းအနားကို သံတွဲမြို့တွင် ယနေ့တွင် ကျင်းပခဲ့ရာ ဒေသခံ ပြည်သူ ငါးသောင်းကျော် ပါဝင် ဆင်နွှဲခဲ့သည်ဟု သတင်း ရရှိသည်။
ယင်းအထိမ်းအမှတ်နေ့သို့ သံဃာတော်ပေါင်း (၅၃၀) ပါး ကြွရောက်ခဲ့ပြီး လူပေါင်း ငါးသောင်းကျော် ပူးပေါင်းပါဝင်ခဲ့သည်ဟု သံတွဲမြို့ ပုလဲရတနာ ပရိယတ္တိစာသင်တိုက်ဆရာတော် ဦးဣန္ဒာစာရနှင့် မျက်မြင်များက နိရဉ္စရာသို့ ပြောသည်။
နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ်အခမ်းအနားကို ဖေါ်ထုတ်ကျင်းပရခြင်း ရည်ရွယ်ချက်ကို ပုလဲရတနာ ဆရာတော်က ယခုလို မိန့်ကြားသည်။
“လိုအပ်မှုဆိုတဲ့ အချိန်တစ်ခုကို ရောက်လာပြီ။ အခုအချိန်မှာတော့ ဗုဒ္ဓဘာသာတွေက ဗုဒ္ဓဘာသာနေ့ကို သိထားမှ ဖြစ်တော့မယ်။ ဒါက နိုင်ငံတော်က တိတိကျကျ ခွင့်ပြုခဲ့တဲ့ ဗုဒ္ဓဘာသာနေ့ ဖြစ်တယ်။ ဒီလိုမှ မဆောင်ရွက်ကြဘူးဆိုရင် ပျောက်ကွယ်သွားရင် နောက်နောင် ပြန်လည်ဖော်ထုတ်ဖို့ ခက်လိမ့်မယ်။ ဗုဒ္ဓဘာသာတွေရဲ့ နှလုံးသားထဲမှာ ဒီနေ့ဟာ နိုင်ငံတော် ဗုဒ္ဓဘာသာနေ့ ဖြစ်တယ်လို့ သိထားဖို့ လိုတယ်။ ဒီအတွက် ကျင်းပခဲ့ကြတာဖြစ်တယ်” ဟု မိန့်သည်။
နိုင်ငံတော် ဘာသာနေ့ အခမ်းအနား အထိမ်းအမှတ်အဖြစ် ရဟန်တော်များကို ဒေသခံပြည်သူများက ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြသည်ဟု သိရသည်။
အခမ်းအနားတွင် ကြွရောက်လာကြသော သံဃာတော်များကလည်း အန္တရာယ်ကင်း ပရိတ်တော်များကို ရွတ်ဆိုချီးမြှင့်ခဲ့ကြကြောင်း၊ ယနေ့သည် ဝါခေါင်လပြည့် မေတ္တာ အခါတော်နေ့ဖြစ်နေ၍ မေတ္တာသုတ် ပရိတ်တော်ကိုလည်း စုပေါင်း ရွတ်ဖတ်ပူဇော်ခဲ့ကြခြင်း ဖြစ်ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။
image-c3fd0378b70afd97da61eabf2bb92314274a320ce6924324b4372dc98425be8a-V
“ဒီနေ့က ဝါခေါင်လပြည့်နေ့ဆိုတော့ မေတ္တာအခါတော်နေ့လေ။ ဒါကြောင့် မေတ္တာသုတ် ပရိတ်တော်ကိုလည်းပဲ စုပေါင်းရွတ်ဆိုကြတယ်။ ပြီးတော့ ပွဲကို ရောက်လာတဲ့ လူတွေကို စည်းနဲ့ကမ်းနဲ့ နေကြဖို့၊ ပြောကြ ဆိုကြဖို့၊ ဘယ်ပြဿနာမှ မဖြစ်စေဖို့ ဝန်းရံပြီးတော့ ဆောင်ရွက်ကြတာပါ။ လုံခြုံရေးတွေကလည်း တင်းကျပ်စွာ တာဝန်ယူပေးပါတယ်” ဟု ဆရာတော်က မိန့်သည်။
အခမ်းအနားကို သံတွဲမြို့ရှိ လေးမျက်နှာကုန်းတော် ဓမ္မာရုံတွင် နေ့လည် (၁) နာရီအချိန်တွင် စတင် ကျင်းပခဲ့ပြီး ပရိတ်တရားတော်များနာကြား၍ အပြီးတွင် သံဃာတော်များက သံတွဲမြို့ စိတ္တသုခလမ်း၊ ရွှေဆံတော် ဘုရားလမ်း၊ တာဝတိံသာလမ်း၊ ဗိုလ်ချုပ်လမ်း၊ ရတနာလမ်း၊ ဘုရင့်နောင်လမ်း၊ မဟာမြိုင်လမ်းများသို့ ကြွရောက် ဆွမ်းဆန်စိမ်း အလှူခံခဲ့ကြပြီး ဗုဒ္ဓဘာသာဝင်များကလည်း ဆွမ်းဆန်များ၊ ဆီးမီးတိုင်၊ အမွှေးတိုင်များ အပါအဝင် လှူဖွယ်ဝတ္ထုများကို လှူဒါန်းခဲ့ကြသည်။
သံတွဲတွင် ဗုဒ္ဓဘာသာနေ့အထိမ်းအမှတ်အဖြစ် ဆွမ်းလောင်းလှူခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ဤနေ့ကို ဗုဒ္ဓဘာသာဝင်များအနေဖြင့် မသိမဖြစ် သိထားရမည်ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Thursday, July 10, 2014

အလုပ်အကိုင် ရှားပါးလို့ ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူ များလာ

ရခိုင်ပြည်နယ်မှာ ဒေသတွင်း အလုပ်အကိုင်တွေ ရှားပါးလာနေတာကြောင့် နေရပ်ကိုစွန့် နိုင်ငံရပ်ခြား သွား ရောက်လုပ်ကိုင်ကြတဲ့ လူငယ်တွေဟာ တစ်နှစ်ထက် တစ်နှစ် မြင့်တက်လာနေကြောင်း သိရသည်။ 



ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ထဲက ဖွံ့ဖြိုးမှု မရှိသေးတဲ့ ပဒါရွာသစ်၊ ဓာတ်ပုံ- ဧရာဝတီ

ရခိုင်ပြည်နယ်ထဲက တောင်ကုတ်၊ သံတွဲ၊ စစ်တွေ၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ စတဲ့မြို့နယ်တွေက နိုင်ငံခြား ထွက်တဲ့ ဦးရေ အများဆုံးဖြစ်တယ်လို့ ဒေသခံတွေ ပြောကြားချက်အရ သိရပါတယ်။ 

အဲဒီမြို့တွေမှာ နေထိုင်ကြတဲ့ ဒေသခံတွေက များသောအားဖြင့် လယ်ယာ၊ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းနဲ့ အသက် မွေးဝမ်း ပြုကြတာ များပါတယ်။ 

 “ ရွာမှာက မိုးရာသီဆို လယ်ထွန်ကောက်စိုက် နွေရာသီဆိုရင်တော့ လွှတိုက်၊ သစ်ဆွဲ ဒီအလုပ်ဘဲ ရှိတော့ ခုခေတ် လူငယ်တွေက ဘယ်လုပ်ချင်ပါ့မလဲ။ မြို့တက်ပြီး အလုပ်ရှာကြတာပေါ့၊ တချို့ကလည်း လယ်တွေ 
ရောင်း၊ ခြံတွေ ရောင်း နိုင်ငံခြားထွက်ကြ ဆိုတော့ ရွာမှာ လူငယ်တွေ အတော်ရှားသွားပြီ ” လို့ 
တောင်ကုတ်မြို့ နေ တောင်သူ ဒေသခံတစ်ဦးက ဆိုပါတယ်။ 

များသောအားဖြင့် ရခိုင်ပြည်နယ်က ဆယ်ကျော်သက်လူငယ်တွေက ရန်ကုန်၊ မန္တလေး၊ ဖားကန့်၊ စတဲ့ မြို့ကြီးတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြသလို အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ စင်ကာပူ စတဲ့ ပြည်ပနိုင်ငံ တွေအထိ သွားရောက်လုပ်ကိုင်နေကြတာပါ။ 

 “ သမီးတို့မြို့မှာက မိန်းကလေးတွေအတွက် ဈေးရောင်း အလုပ်လောက်ဘဲ ရှိတာ။ ရတဲ့ လစာကလည်း တလကို ကျပ်ငွေ ၃၀၀၀၀ တဲ့။ ဘယ်လိုသွားစားရမလဲ။ ရန်ကုန်တက် အလုပ် လုပ်ပြန်တော့ ရတဲ့လခက အခန်းခ နဲ့ လမ်းစာ ရိတ် ဖိုးဘဲ ရှိတယ်။ တပြားမှ မကျန်ဘူး။ ထိုင်းမှာက ဘတ် ၉၀၀၀ မြန်မာငွေနဲ့ဆိုရင် တလကို ၃ သိန်းနီးနီး ရတယ်။ သမီး မြို့ကို ပြန်တာ ၁ လ ပဲ နေနိုင်တယ်။ အလုပ်မရှိတော့ မနေနိုင်ဘူး ” ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အိမ်အကူ လုပ်နေတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့သူ တစ်ယောက်က ရင်ဖွင့်ပါတယ်။ 





(သတင်းအရင်းအမြစ်- ဧရာဝတီဘလော့ဂ်)

Monday, June 30, 2014

ရခိုင်လူငယ်မျိုးဆက်သစ် အဖွဲ့မှ ဦးဆောင်ကာ စစ်တွေမြို့နယ်တွင် မိုးရာသီ သစ်ပင် စိုက်ပျိုး

tree-plantation Arakan
သစ်ပင် စိုက်ပျိုးနေကြသည့် မျိုးဆက်သစ်အဖွဲ့ဝင်များ (ဓါတ်ပုံ- နိရဉ္စရာ)
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားမှုအဖြစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတစ်ခုကို စစ်တွေမြို့နယ်တွင် “ရခိုင်လူငယ်မျိုးဆက်သစ်” မှ ဦးဆောင်ကာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲကို လွန်ခဲ့သော တစ်ပတ်ခန့် စစ်တွေမြို့နယ် သိန်းတန်ရွာ မူလတန်းကျောင်းတွင် ပြုလုပ်ခဲ့ပြီး ကျောင်းသို့ သွားရာ လမ်းဝဲဘေးယာ တစ်ဘက် တစ်ချက်တွင် စိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။
သစ်ပင်များကို “ရခိုင်လူငယ်မျိုးဆက်သစ်” အဖွဲ့မှ လူငယ်(၂၀)ခန့်မှ ဦးဆောင်ကာ သိန်းတန် ရွာမှ ရွာသူ ရွာသားများနှင့် ပူးပေါင်းစိုက်ပျိုးခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။
“ဒီလို သစ်ပင်တွေစိုက်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ရခိုင်လူငယ်လေးတွေ သဘာဝပတ်ဝန်းကျင်ကို တန်းဖိုးထားတတ်လာအောင်၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာလည်း လူငယ်တွေ ကိုယ်တိုင် တက်တက်ကြွကြွ ပါဝင်လာအောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ပါ” ဟု  သစ်ပင်များ စိုက်ပျိုးရခြင်းနှင့်ပတ်သက်၍ “ရခိုင်လူငယ်မျိုးဆက်သစ်” အဖွဲ့မှ ကိုသန်းလှက နိရဉ္စရာသို့  ပြောသည်။
ယင်းသစ်ပင်စိုက်ပျိုးပွဲတွင် ကံကော်ပင်၊မဟော်ဂနီပင်၊ရေတမာပင်နှင့် ယူကလစ်ပင်များအပါအဝင် သစ်ပင်ပေါင်း (၂၀၀) ကျော်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, April 8, 2014

ရခိုင်ပြည်နယ် မြို့နယ်လူငယ်ကွန်ယက်တို့၏ လူပ်ရှားမူ စတင်

မင်းပြား လူငယ်ကွန်ယက်ရဲ့ လူပ်ရှားမူ (ဓါတ်ပုံ- မတင်တင်သွယ်)
မင်းပြား လူငယ်ကွန်ယက်ရဲ့ လူပ်ရှားမူ (ဓါတ်ပုံ- မတင်တင်သွယ်)
ရခိုင်ပြည်နယ်မှ မြို့နယ်အတော်များများတွင် လူငယ်များ ဦးစီးတည်ထောင်ထားသော လူငယ်ကွန်ယက် အဖွဲ့များ၏ လူပ်ရှားမူများကို ဧပြီလ ၆ ရက်နေ့က စတင်ခဲ့ကြောင်း သတင်းရရှိသည်။
သူတို့ လူပ်ရှားမူမှာ လူငယ်ကွန်ယက် အဖွဲ့ဝင်များ အနေဖြင့် ၎င်းတို့နေထိုင်ရာ မြို့များတွင် စုပေါင်း  အမှိုက်များ ကောက်ပြီး မြို့တွင်း သန့်ရှင်းရေးလုပ်ငန်းများကို ပထမဆုံး လုပ်ကိုင်ခဲ့ကြဖြစ်သည်။
“ ဒီလို လူငယ်တွေက အမိုက်တွေ၊ ပလစ်စတစ်တွေကို ကောက်ပြီး သန့်ရှင်းရေး လုပ်တာမျိုးတော့ တစ်ခါမှ မတွေ့ဖူးဘူး။ အခုလို လူငယ်တွေ ပရဟိတ လုပ်ငန်းတွေမှာ စိတ်ဝင်တစားနဲ့ လုပ်လာကြတာကို မြင်တော့ အရမ်းအံ့သြမိပါတယ်။ ၀မ်းလည်းသာပါတယ်။ အားလည်း ပေးပါတယ်” ဟု မင်းပြားမြို့သူ မနုနုစိန်က ပြောသည်။
ယင်းလူပ်ရှားမူကို ရခိုင်ပြည်နယ်မှ မင်းပြားမြို့တွင်သာမက  ရသေ့တောင် ၊ မြေပုံ ၊ ရမ်းဗြဲ နှင့် တခြားမြို့ အချို့တွင်လည်း ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်ဟု သိရှိရသည်။
မင်းပြားမြို့တွင် လူငယ်ကွန်ယက် အဖွဲ့ဝင်များက ဓမ္မာရုံ နှင့် ၎င်းအနီးပတ်ဝန်းကျင်အား သန့်ရှင်းရေး လုပ်ခဲ့ကြကြောင်း၊ ကိုယ့်မြို့ကိုယ်ရွာ သာယာလှပေစလိုသည့် လူငယ်များ၏ ပထမဆုံး လူပ်ရှားမူ ခြေလှမ်းဖြစ်ကြောင်း မင်းပြား လူငယ်ကွန်ယက်မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် မတင်တင်သွယ်က နိရဉ္စရာကို ပြောသည်။
” ကျမတို့တွေက ကိုယ့်မြို့ကိုယ့်ရွာ သန့်ရှင်းသာယာ လှပတိုးတက်ဖို့တွက် လုပ်နေကြတာ ဖြစ်ပါတယ်။ ကိုယ်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျမတို့လူငယ်တွေမှာလည်း ပိုပြီး တာဝန်ရှိတယ်လို့ ထင်ပါတယ်။ ရခိုင်ပြည်နယ် မြို့အတော်များများမှာလည်း ခုလို ပြုလုပ်ကြတယ်လို့ ကျမတို့ကြားရပါတယ်။ ဝမ်းလည်းသာပါတယ်။ နောက်ဆိုလည်း ဒီထက်အများကြီး လူငယ်တွေ ပူးပေါင်း ကြိုးစားဆောင်ရွက်သွားမှာပါ။ တစ်ပြည်နယ်လုံးက လူငယ်ကွန်ယက်တွေနဲ့လည်း ချိတ်ဆက်ပြီး ပူးပေါင်း ဆောင်ရွက်နိုင်အောင် ကြိုးစားသွားမှာပါ ” ဟု သူမက ဆိုသည်။
ရသေ့တောင်မြို့တွင် ရသေ့တောင် လူငယ်ကွန်ယက်မှ ဦးစီးပြီး စေတီတောင် ဘုရားတောင်ခြေရင်းမှ မြို့မဈေးထိ အမိုက်များကို ကောက်ပြီး သန့်ရှင်းရေးလုပ်ခဲ့ကြသည်။
၎င်းလူပ်ရှားမူကို ညနေ ၅ နာရီ မှ ၇ နာရီခွဲခန့်ထိပြုလုပ်ခဲ့ကြသည်ဟု ရသေ့တောင်လူငယ်ကွန်ယက်မှ ကိုသိန်းသိန်း ကဆိုသည်။
ရခိုင်တစ်ပြည်နယ်လုံးဆိုင်ရာ လူငယ်ဖိုရမ်ကို ဖေဖော်ဝါရီလ ၂၄ ရက်မှ ၂၆ ထိမြောက်ဦးမြို့တွင် ကျင်းပခဲ့သည်။ ယင်းမှတစ်ဆင့် ပြည်နယ်ကိုယ်စားပြု ၁၇ မြို့နယ်မှ လူငယ်ကိုယ်စားလှယ်များကို ရွေးချယ်ပြီး မော်လမြိုင်မြို့တွင် ကျင်းပသည့် မြန်မာလူငယ်ဖိုရမ် သို့ စေလွှတ်ကာ ဒေသတိုးတက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းနောက်ပိုင်း ကိုယ်မြို့ကိုယ်ရွာ၊ ကိုယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရန် မြို့နယ် အသီးသီးမှ ရခိုင် လူငယ် မောင်မယ်များက စုပေါင်းပြီး ညီညီညွှတ်ညွှတ်ဖြင့် အားတက်သရော လူပ်ရှားလာကြခြင်း ဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, September 30, 2013

ရွှေဝါရောင် (၆)နှစ်မြောက် အထိမ်းအမှတ် ရဟန်းတော်အပါး (၅၀) ကို စစ်တွေ မိဇံလူငယ်များ ဆွမ်းကပ်

monks in sittwe
 
ရွှေဝါရောင် (၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို စစ်တွေမြို့တွင် မိဇံ ရပ်ကွက် လူငယ်များက ဆရာတော် အပါး (၅၀) ကို ပင့်ဖိတ် ဆွမ်းလောင်းပြီး ကုသိုလ် ဒါနပြုလုပ်ကာ ကျင်းပခဲ့ကြသည်ဟု သတင်း ရရှိသည်။

အဆိုပါ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့သူ စစ်တွေ သံယာ့ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ ဆရာတော် ဦးပညာဝံသက နိရဉ္စရာကို ယခုလို မိန့်ကြားသည်။

“ ဒီအခမ်းအနားကို စစ်တွေ မိဇံရပ်ကွက်က ကျောင်းသား လူငယ်တွေက ဦးဆောင် ပြုလုပ်ကြတာ ဖြစ်ပါတယ်။ သူတို့က ရွှေဝါရောင်တော်လှန်ရေး အတွင်းမှာ ပြည်သူလူထုရဲ့ ဒုက္ခတွေကို မမြင်ရက်လို့ ပါဝင်ကူညီရင်း ကျဆုံးသွားခဲ့ကြရတဲ့ ရဟန်းတော်တွေကို ရည်စူးပြီး နှစ်ပတ်လည်နေ့မှာ ဆွမ်းလောင်းလှူချင်တယ်လို့ ပင့်ဖိတ်တဲ့ အတွက် ဦးဇင်း အပါအ၀င် ရဟန်းတော် အပါး (၅၀) တက်ရောက်ပြီး သူတို့ အလှူကို လက်ခံခဲ့ကြပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။

အခမ်းအနားကို ယနေ့ နံနက် ၉ နာရီကျော်တွင် ပြုလုပ်ခဲ့ပြီး ပြည်သူ တစ်ရာကျော်က ပါဝင် ဆွမ်းလောင်းလှူခဲ့ကြသည်ဟု ဆိုသည်။

“ ဦးဇင်းတို့ကတော့ ဟောပြောပွဲတွေ မလုပ်ဖြစ်ပါ။ ဒါပေမယ့်လည်း တကာ တကာမတွေနဲ့ စုဝေးပြီးတော့ ရွှေဝါရောင် အရေးအခင်း အကြောင်းအရာတွေကိုတော့ ပြောဖြစ်ကြပါတယ်။ တခြား သိပ်ပြီးတော့ မပြောဖြစ်ပါ” ဟု ဆိုသည်။

ယခု ရွှေဝါရောင် နှစ်ပတ်လည်နေ့ အခမ်းအနားကို စီစဉ်သူများမှာ စစ်တွေ မိဇံရပ်ကွက်မှ ကျောင်းသား လူငယ်များ ဖြစ်ကြပြီး လူငယ်အများစုမှာ မိမိအသိစိတ်ဓါတ်ဖြင့် ပြုလုပ်ကြခြင်း ဖြစ်သည်ဟု စီစဉ်သူများထဲမှ လူငယ်ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုအောင်နိုင်ချေက ဆိုသည်။

သူတို့၏ ရွှေဝါရောင် နှစ်ပတ်လည်နေ့ကို လုပ်ရသော ရည်ရွယ်ချက်မှာ ၎င်းအရေးအခင်း အတွင်း ကျဆုံးသွားခဲ့ကြသော ရဟန်းတော်များနှင့် ကျောင်းသား ပြည်သူများကို သူတို့နှင့် ထပ်တူ ရှိနေခြင်းကို ပြသလို၍ ပြုလုပ်ရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ယနေ့ပြုလုပ်သော အခမ်းအနားကို အာဏာပိုင်များထံမှ ခွင့်ပြုချက် မယူဘဲ ပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း တစ်စုံတစ်ရာ နှောင့်ယှက်ဟန့်တားမူ မရှိ၍ အာဏာပိုင်များကို ကျေးဇူးတင်ကြောင်း၊ ယင်းပြင် အခမ်းအနားသို့ တက်ရောက်လာကြသည့် ရဟန်းတော်များ၊ အမျိုးသမီး ကွန်ယက် အဖွဲ့ဝင်များနှင့် ပါတီမှ ခေါင်းဆောင်များကိုလည်း ကျေးဇူးတင်ပါကြောင်း ကိုအောင်နိုင်ချေက ပြောသည်။

ရခိုင်ပြည်နယ် မြို့တော် စစ်တွေသည် ပြည်သူများအတွက် ကြီးမြှင့်လာသော ကုန်ဈေးနုန်းကို ချပေးရေန် အစိးရကို ရဟန်းတော်များ စစ်တွေမြို့ လမ်းမများပေါ်တွင် စတင် ဆန္ဒပြ တောင်းဆိုခဲ့သော မြန်မာပြည်ထဲမှ မြို့ဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, September 6, 2013

ဘူးသီးတောင်မြို့ပေါ်တွင် လူငယ်များ မူးယစ်ဆေးဖြင့် အလွန်အမင်း ပျက်စီးလျှက်ရှိ (ပေးစာ)

ယခုလ အနည်းငယ်အတွင်း တက္ကသိုလ်ဝင်တန်း ကျောင်းသားများမှာ စိတ်ကြွဆေးများ၊ ဆေးခြောက်များ သုံးစွဲနေပြီး အလွန်အကျွံ အကျင့်ပျက်စီးလျှက် ရှိနေပါသည်။
စိတ်ကြွရူးသွပ်ဆေးများကို ယခုလပိုင်း အတွင်း မြို့ပေါ်တွင် အလွယ်တကူ ဝယ်ယူရနေကြသည်။ ထိုသို့ ပျက်စီး နေကြသည်ကို သက်ဆိုင်ရာမှ ယခုတိုင်ထိရောက်စွာ အရေးယူမှု မရှိသေးပါ။ သည်အတိုင်း ဆက်၍ သွားနေမည် ဆိုလျှင် လူငယ်များအတွက် အနာဂတ်မှာ ပိုမိုဆိုးရွား စေနိုင်ပါသည်။
ဘူးသီးတောင်မြို့တွင် ချဲနှစ်လုံး၊ စိတ်ကြွဆေးများ၊  အရက်ဆိုင်များမှာ စည်းမဲ့ကမ်းမဲ့ ပေါသထက် ပေါလာနေပါသည်။ သက်ဆိုင်ရာမှ လစ်လျူရှုထား သည်ကို တွေ့မြင်နေပါသည်။
အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးကြပါရန် တင်ပြအပ်ပါသည်။
ဘူးသီးတောင်သား
- See more at: http://www.narinjara.com/burmese/?p=6862#sthash.n4PgLcWx.dpuf
 http://www.narinjara.com/burmese/wp-content/uploads/2013/09/Buthidaung.jpg
 
ယခုလ အနည်းငယ်အတွင်း တက္ကသိုလ်ဝင်တန်း ကျောင်းသားများမှာ စိတ်ကြွဆေးများ၊ ဆေးခြောက်များ သုံးစွဲနေပြီး အလွန်အကျွံ အကျင့်ပျက်စီးလျှက် ရှိနေပါသည်။

စိတ်ကြွရူးသွပ်ဆေးများကို ယခုလပိုင်း အတွင်း မြို့ပေါ်တွင် အလွယ်တကူ ဝယ်ယူရနေကြသည်။ ထိုသို့ ပျက်စီး နေကြသည်ကို သက်ဆိုင်ရာမှ ယခုတိုင်ထိရောက်စွာ အရေးယူမှု မရှိသေးပါ။ သည်အတိုင်း ဆက်၍ သွားနေမည် ဆိုလျှင် လူငယ်များအတွက် အနာဂတ်မှာ ပိုမိုဆိုးရွား စေနိုင်ပါသည်။

ဘူးသီးတောင်မြို့တွင် ချဲနှစ်လုံး၊ စိတ်ကြွဆေးများ၊ အရက်ဆိုင်များမှာ စည်းမဲ့ကမ်းမဲ့ ပေါသထက် ပေါလာနေပါသည်။ သက်ဆိုင်ရာမှ လစ်လျူရှုထား သည်ကို တွေ့မြင်နေပါသည်။

အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးကြပါရန် တင်ပြအပ်ပါသည်။

ဘူးသီးတောင်သား
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Thursday, September 5, 2013

လူငယ်များအသိပညာ တိုးတက်စေဖို့ မင်းပြားမြို့တွင် Public Center ဖွင့်လှစ်

Minbya-public-center
 
ရခိုင်ပြည်နယ် မင်းပြားမြို့တွင် လူငယ်များ အသိပညာ တိုးပွားစေရန်နှင့် အိုင်တီ ပညာ တိုးတက်ရေးတို့ အတွက် publice Center တခုကို များမကြာသေးမီက ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

အဆိုပါ Center ကို မင်းပြားမြို့ ဈေးဟောင်းပိုင်းရပ်ကွက် မြောင်ဘွေလမ်းတွင် မြို့ခံလူငယ်များမှ စုပေါင်းဖွင့် လှစ်ထားခြင်းဖြစ်သည်။

“ အဓိကတော့ ကျွန်တော်တို့ အမျိုးသားတွေ အမျိုးသားရေး ဆိုင်ရာ ကိစ္စရပ်တွေမှာ တစ်သံတည်း ထွက်ဖို့၊ လူငယ်တွေကို အသိပညာ မြှင့်တင်ဖို့၊ ခေတ်မီ အိုင်တီနည်းပညာတွေ တိုးတက်လာဖို့ စတဲ့ အချက်တွေအတွက် ရည်ရွယ်ပြီး ဖွင့်တာဖြစ်ပါတယ်။” ဟု ကော်မီတီ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုသန်းရွှေကပြောသည်။

ယင်း Center တွင်ယခုအခါ ကျွန်ပျူတာ ၁၀ လုံးခန့်ဖြင့် နေ့စဉ် နံနက် ၁၁ နာရီကနေ ညနေ ၄ နာရီအထိ စေတနာ့ဝန်ထမ်းများဖြင့် လူငယ်များကို အခမဲ့ ကွန်ပျူတာသင်တန်း သင်ကြားပေးနေသည်ဟု ဆိုသည်။

“ လိုအပ်တဲ့ ကွန်ပျူတာပိုင်းဆိုင်ရာပစ္စည်းတွေကို ကျွန်တော်တို့လူငယ်တွေက စုပေါင်းပြီး ၀ယ်ကြတယ်။ အဲဒီ Center မှာဝန်ထမ်းတစ်ယောက်ကို တလကို ၆၀၀၀၀ ကျပ်နဲ့ ခန့်တဲ့အတွက် အဲဒီ ၀န်ထမ်းနေရာကို ကျွန်တော် တို့အထဲက တစ်ယောက်ယူပြီး ရလာတဲ့ လစာတွေနဲ့ ပေါင်းပြီး ၀ယ်ကြတယ်။ တခြားအလှူရှင်တွေ ကလည်း ထောက်ပံ့ပေးတာရှိတယ်” ဟု ကိုသန်းရွှေက ဆက်ပြောသည်။

ယခု ဖွင့်လှစ်ထားသည့် Publice Center ကို ရည်ရှည်ထိမ်းသိမ်းနိုင်ဖို့နှင့် အမြဲတမ်းဝန်ထမ်းများ ခန့်ထားနိုင် ရေးအတွက် ရံပုံငွေရရှိရေး ကော်မီတီတခု ဖွဲ့စည်းထာပြီး လက်ရှိအချိန်တွင် တစ်လလျှင် ကျပ်တစ်သိန်းခန့် အလှူငွေများ ရရှိနေကြောင်း သိရသည်။

ယခု Center ဖွင့်လှစ်ထားသည့် အဆောက်အဦးကို ကော်မီတီအဖွဲ့ဝင်များနှင့် စေတနာရှင်များထံမှ ထည့် ၀င်ငွေကြေးဖြင့် တစ်လလျှင် ကျပ် ၉၀၀၀၀ ပေးပြီး ငှားရမ်းဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)