ရခိုင်ပြည်နယ်ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံကူမင်းမြို့အထိ
သွယ်တန်းလျက်ရှိတဲ့ ကျောက်ဖြူ-ကူမင်း ရေနံနှင့်
သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို ၂၀၀၉ ခုနှစ်တွင်
တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း CNPC ကုမ္ပဏီနှင့် မြန်မာအစိုးရတို့
သဘောတူစာချုပ်,ချုပ်ဆိုပြီး စတင်အကောင်အထည်ဖော်ခဲ့ကြခြင်း ဖြစ်ပါတယ်။
ထိုစဉ်တုန်းကချုပ်ဆိုခဲ့ကြတဲ့ စီမံကိန်းများရဲ့စာချုပ်တို့၏ထုံးစံအတိုင်း
ပွင့်လင်းမြင်သာမှု မရှိ ခြင်း၊ ဒေသခံများ ရဲ့ အကျိုးအမြတ်ကို
ထည့်သွင်းစဉ်းစားမှုမရှိခြင်း သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ ဆုံးရှုံးမှု
များစွာ
ဖြစ်နေခြင်း စတာတွေကို ဒေသခံများကြုံတွေ့ရပါတယ်။
ယင်းပိုက်လိုင်းနှင့်
ပတ်သက်၍ ဒေသခံများအလုပ်အကိုင်ရရှိမယ်။ ဒေသစီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးလာ မယ်လို့အစိုးရက ဒေသခံများကို ကတိက၀တ်များပေးခဲ့ပါတယ်။သို့သော်
ပိုက်လိုင်းအကောင်အထည်
ဖော်သည့် ၂၀၀၉ မှ ၂၀၁၂ အတွင်း
လေးနှစ်တာကာလအတွင်းတွင် ဒေသခံများအလုပ်အကိုင် အခွင့် အလမ်းများ
ရရှိခြင်းမရှိခဲ့ပေ။ အုတ်သယ်၊ ကျောက်သယ်စသော အလုပ်ကြမ်းအလုပ်သမားအနည်းစုသာ
ယင်းစီမံကိန်းလုပ်ငန်းများတွင် အလုပ်အကိုင် ရရှိကြပါတယ်။ ဒါကြောင့်
အလုပ်အကိုင် အခွင့်အလမ်းများ ကိုဖော်ထုတ်ပေးမည်ဆိုခြင်းမှာ
အစိုးရ၏လှည့်ကွက် တစ်ခုသာဖြစ်ခဲ့ပါတယ်။ ရခိုင်တို့၏ မူလအသက် မွေး
ဝမ်းကြောင်းဖြစ်တဲ့ လယ်ယာမြေများသိမ်းဆည်းခံရခြင်း၊ ငါးဖမ်းလုပ်ကွက်များ
ပျက်စီးခြင်းတို့ကြောင့် ရခိုင်ပြည်နယ်တွင်အလုပ်အကိုင်များ ရှားပါသည်ထက်
ရှားပါးလို့လူတွေ တစ်ရပ်တစ်ကျေးထွက်ပြီး အလုပ်အကိုင်ရှာကြလို့
လူလတ်ပိုင်းအရွယ်များ ရှားပါးပြီးသက်ကြီးရွယ်အိုအများနှင့် ကလေးများသာ
ဒီဒေသမှာ ကျန်ပါတော့တယ်။
မြန်မာနိုင်ငံအနှံ့အပြား၊ထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံများသို့အများစု
ထွက်ခွာကာရွှေ့ပြောင်းလုပ်ကိုင်လာကြသည်။ “ရခိုင်ပြည်နယ်မှာ
အလုပ်အကိုင်မရှိတော့ ပညာတတ်သူရော၊ မတတ်သူပါ အားလုံးအခြားနေရာတွေကို
ပြောင်းရွှေ့ပြီး အလုပ်လုပ်ကိုင်လာကြတယ်။ လူလတ်ပိုင်း အရွယ်အသက်အရွယ်၊
အပိုင်းအခြားတစ်ခုဟာ လုံးဝပျောက်သွားတယ်” လို့ ရခိုင်တိုင်းရင်းသားရေးရာ
ဝန်ကြီးဦးဇော်အေးမောင်က သယံဇာတအကျိုးခံစားခွင့်လက်မှတ်ကောက်ခံခြင်း
အခမ်းအနားမှာ ပြောခဲ့ပါတယ်။
ဆန္ဒပြမှုများဖြစ်ပေါ်ကျောက်ဖြူမြို့နယ်မှ တရုတ်နိုင်ငံကူမင်းမြို့ထိသွယ်တန်းထားတဲ့ ဒီပိုက်လိုင်းတစ်လျှောက်မှာရှိတဲ့ လယ်ယာမြေ
သိမ်းဆည်းခံကြရပေမယ့် မျှတတဲ့လျော်ကြေးငွေများ မရရှိခြင်း၊
ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ မရရှိခြင်းကြောင့် ဆန္ဒပြမှုများ
ဖြစ်ပေါ်ခဲ့ရပါတယ်။ ဆန္ဒပြခေါင်းဆောင်များကိုလည်း စီတန်းလှည့်လည် ခွင့်
ဥပဒေပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားကာ လက်ရှိမှာအမှုရင်ဆိုင်နေရပါတယ်။
“ဒေသခံတွေရဲ့
လိုအပ်ချက်တွေမတောင်းဆိုရဲအောင် ကျွန်တော်တို့ကို ဦးချိုးထားတာပါ။
ကျွန်တော်တို့ ကတော့ ဆက်တောင်းဆိုသွားမှာပဲ” လို့ ဆန္ဒပြလို့ ပုဒ်မ ၁၈ နဲ့
တရားစွဲဆိုခံရတဲ့ ဦးထွန်းကြည်က ပြောပါ တယ်။
ပင်လယ်ပြင်တစ်လျှောက် ရေအောက်ပိုက်လိုင်းများသွယ်တန်းခြင်း၊ ပင်လယ်ကူး ရေနံသင်္ဘောများ ၀င်ရောက်နိုင်ရန် ရေကြောင်းလမ်း ကြောင်းရှင်းလင်းခြင်း၊ ရေနက်ဆိပ်ကမ်းတည် ဆောက်ခြင်းများအတွက် ပင်လယ်ကြမ်းပြင်နဲ့ ကမ်းရိုးတန်းတစ်လျှောက်မှ ကျောက်ဆောင်ကျောက်တန်းများကို မိုင်းခွဲဖျက်ဆီး ဖယ်ရှားရသောကြောင့် ထွက်ပေါ်လာသောကျောက်တုံးများကို ပင်လယ်မြစ်ချောင်းများတွင် စွန့်ပစ်တယ် လို့ဒေသခံတွေက
ပြောပါတယ်။ ဒါကြောင့်မို့ ပင်လယ်ပြင်ရဲ့ဂေဟစနစ်ပျက်စီးပြီး၊
ငါးမျိုးစိတ်များ ရှားပါးလာကြပါတယ်။ ပိုက်လိုင်းဖောက်လုပ်ရန်
တောင်များဖြိုရသဖြင့် အစုအဖွဲ့ပိုင်သစ်တောများလည်း ဆုံးရှုံးခြင်းနဲ့ ရခိုင်
ကမ်းရိုးတန်း တစ်လျှောက်ရှိ လမုတောများ ပျက်စီးသွားပြီ ဖြစ်ပါတယ်။
ပင်လယ်ပြင်ရှိ
ကျောက်ဆောင်တွေ မိုင်းခွဲမှုများကြောင့် ရှားပါးသန္တာကျောက်တန်းများလည်း
ပျက်စီးခဲ့ရ ပါတယ်။ ဒါ့အပြင် ရေနံသင်္ဘောများဆိုက်ကပ်လာပါက
ရေနံယိုဖိတ်မှုနှင့် သင်္ဘောကြီးများ၏ အညစ်အ ကြေးများကို
ဘယ်လိုတာဝန်ယူဖြေရှင်းမှာလည်း ဆိုသည်ကိုလည်း ကြိုတင်စီမံထားခြင်း
ရှိမရှိကိုလည်း မသိရပါဘူး။ဒီသင်္ဘောကြီးတွေ ဆိုက်ကပ်လာပါက
ကျောက်ဖြူရေနက်ဆိပ်ကမ်းရဲ့ သဘာဝပတ်ဝန်း ကျင်တွေပျက်စီးသွားမှာ ဖြစ်ပါတယ်။
ဓါတ်ငွေ့များ စတင်ပို့လွှတ်ပြီဒေသခံတို့၏
နစ်နာမှုများကို ဖြေရှင်းမပေးသော်လည်း ဓာတ်ငွေ့ပိုက်လိုင်းမှာပြီးစီးကာ
တရုတ်ပြည်သို့ စတင် ဇူလိုင် ၁၅ ရက်က စတင်ပို့လွှတ်ခဲ့ပြီး ဇူလိုင် ၂၈ ရက်က
ဓာတ်ငွေ့ပိုက်လိုင်းကို တရားဝင်ဖွင့်လှစ် ပြီးပါပြီ။ လက်ရှိ
ပို့လွှတ်လျှက်ရှိတဲ့ ဓာတ်ငွေ့ပမာဏမှာ တစ်ရက်လျှင် ကုဗပေသန်းငါးရာရှိပြီး
မြန်မာနိုင်ငံအတွက် တစ်ရက်ကို သန်း၁၀၀ ရရှိမှာပါ။ ဒီသန်းတစ်ရာထဲက
ယင်းဓာတ်ငွေ့ပိုက်လိုင်း အတွက် မြန်မာပြည် အဖို့
နေ့စဉ် ရရှိသော
ဓာတ်ငွေ့ကုဗပေသန်းတစ်ရာအနက် သန်းနှစ်ဆယ်ကို ကျောက်ဖြူမြို့နယ်အတွက်
ခွဲတမ်းချထားပေးလို့ အစိုးရက ဇူလိုင်၃၀ ရက်မှာ
နိုင်ငံပိုင်သတင်းစာတွေကတစ်ဆင့် ကြေညာထားတာ ကို တွေ့ရပါတယ်။
ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းပိုက်လိုင်း တည်ဆောက်ပြီးစီးပါက လည်ပတ်မည့် ကာလမှာ နှစ်၃၀ ကျော်
ကြာမြင့်ပါမယ်။ ပိုက်လိုင်းဖြတ်သန်းခအဖြစ် တစ်နှစ်လျှင်အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၁ သန်း ရရှိမယ်လို့ သိရပါတယ်။
အလားတူ ရေနံစိမ်းပိုက်လိုင်း ဖြတ်သန်းခအဖြစ် တစ်တန်လျှင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ရရှိမည်
ဖြစ်သည့်
အတွက် တစ်နှစ်လျှင်တင်ပို့မည့် ရေနံစိမ်းတန်ချိန် ၂၂ သန်း အတွက်
အမေရိကန်ဒေါ်လာ ၂၂ သန်း ရရှိမည်ဖြစ်ကာ နှစ် ၃၀ အတွက် အမေရိကန်ဒေါ်လာသန်း ၆၀၀
ကိုလည်းအစိုးရက ရရှိမှာဖြစ်ပါ တယ်။ ရခိုင်ပြည်နယ်
လျှပ်စစ်ဖွံ့ဖြိုးမှုအခြေအနေ ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ်ရှိပြီး
ကျေးရွာပေါင်းထောင်နဲ့ချီ၍ရှိကြပါတယ်။လျှပ်စစ်မီးကတော့
မြို့ပေါ်ဒေသတွေမှာသာ ပုဂ္ဂလိကလုပ်ငန်းရှင်များက တစ်ယူနစ် လျှင်
ငါးရာကျပ်ထက်ပိုသောဈေးဖြင့် လျှပ်စစ်မီးဖြန့်ဖြူးပေးလျက် ရှိပါတယ်။
ကျေးလက်ဒေသ တွေမှာတော့ လျှပ်စစ်မီးဆိုတာသူတို့နဲ့ မသက်ဆိုင် သလိုပါပဲ။
လျှပ်စစ်မီးမရှိသလို ဖွံ့ဖြိုးမှုသည်လည်း နတ်္တိပါပဲ။ တစ်ပြည်နယ်လုံး၏
တောင်းဆိုမှုဒါကြောင့် ကျောက်ဖြူမြို့နယ်ကထွက်တဲ့ သဘာဝဓာတ်ငွေ့နဲ့
ပတ်သက်ပြီး သယံဇာတအကျိုးခံစားခွင့်များကို
ရခိုင်ပြည်နယ်တစ်ပြည်နယ်လုံးအနေနဲ့ လှုပ်ရှားမှုစတင်နေတဲ့ ကာလ လည်း
ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တစ်ပြည်နယ်လုံး
လျှပ်စစ်မီးရရှိရေးအတွက်ရခိုင်တိုင်းရင်း သားများအားလုံး
ပါဝင်လက်မှတ်ထိုးပြီးအစိုးရထံကို လွှတ်တော်ကတစ်ဆင့် တောင်းဆိုသွားမယ်လို့
ဦးစီး ဆောင်ရွက်တဲ့ ရခိုင် အမျိုးသားများတိုးတက်ရေးပါတီ RNDP ပါတီဝင်
ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က
ပြောပါတယ်။ ပြီးတော့
ရခိုင်တိုင်းရင်းသားတွေအနေနဲ့ သယံဇာတ အကျိုးခံစားခွင့် ခွဲဝေပေးရေး
ဥပဒေကြမ်း ကိုလည်း လွှတ်တော်ကိုတင်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ နိုင်ငံမှာ တိုင်းရင်းသားဒေသတွေ အားလုံး သယံဇာတထွက်တယ်။
ဒီသယံဇာတတွေကို တိုင်းရင်းသား ဒေသတွေကို အကျိုးခံစားခွင့်
တစ်စုံတစ်ရာပေးမယ့် ဥပဒေရှိရင်တော့ တိုင်းရင်းသားတွေရဲ့အရေးကို ဖြေ
ရှင်းနည်းတစ်ခု ဖြစ်ပါတယ်”လို့ ချင်းပြည်နယ် ဥပဒေအရာရှိ
(ငြိမ်း)ကလေးမြို့နယ် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးဆွန်ဒုတ်ကျင့် က
ပြောပါတယ်။
တရုတ်နိုင်ငံအနေနဲ့ကတော့ ဒီစီမံကိန်းကရရှိတဲ့ဓာတ်ငွေ့နဲ့
တရုတ်ပြည်ရဲ့ဖွံ့ဖြိုးမှု တိုးတက်လာမယ်လို့ ယုံကြည်ထားပေမယ့်
မူရင်းထွက်တဲ့ဒေသဖြစ်တဲ့ ရခိုင်ပြည်နယ်အနေနဲ့ အကျိုးအမြတ်အစွန်အဖျားလေး
ကိုတောင်မှ နည်းမျိုးစုံနဲ့ တောင်းဆိုနေရတဲ့အခြေအနေပါ။ ရခိုင်ပြည်နယ်ဟာ
မြန်မာတစ်နိုင်ငံလုံးအတိုင်း အတာနဲ့ဆိုရင် ဆင်းရဲမွဲတေမှု
ဒုတိယအဆင့်အခြေအနေကို ရောက်ရှိနေပါတယ်။ ဒီသဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းဟာ
ရခိုင်တိုင်းရင်းသားတွေရဲ့ကံကြမ္မာဖြစ်ပါတယ်။ ရခိုင်တို့ရဲ့ကံကြမ္မာ
အပေါ်အစိုးရက ဆုံး ဖြတ်ပေးမယ့်အခြေအနေကိုကြည့်ပြီး
တိုင်းတာတွက်ချက်ရတော့မလို ဖြစ်နေပါတော့တယ်။ ။
(Source : Mizzima Burmese, Photos: Internet)