Showing posts with label ICRC. Show all posts
Showing posts with label ICRC. Show all posts

Monday, December 23, 2013

ရခိုင်ပြည်နယ်မှာ နိုင်ငံတကာ NGO အရေး မပြေလည်သေး

msf-protest-305.jpg
AZG(MSF)အဖွဲ့ကို ဒီဇင်ဘာလ ၁၁ ရက်နေ့က စစ်တွေဆေးရုံ ကြီးဝင်းထဲမှာ ဆန္ဒပြနေကြသော ဒေသခံတချို့ကို တွေ့ရစဉ်
photo: RFA/ Min Thein Aung
ရခိုင်ပြည်နယ်မှာ လူမှုရေး အကူအညီတွေပေးနေတဲ့ နိုင်ငံတကာ အန်ဂျီအိုအဖွဲ့အစည်းတွေဟာ မွတ်စလင် ဘာသာဝင်တွေကိုသာ ဦးစားပေး ဘက်လိုက်ကူညီနေ တယ်ဆိုပြီး အခုသတင်းပတ်တွေအတွင်း ဒေသခံတွေ ဆန္ဒပြခဲ့ကြဖို့သလို၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ ကလည်း မြောက်ဦးမြို့ ဒေသခံတွေက ကြေညာချက် ထုတ်ပြန်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေ ဒီဇင်ဘာလ ၂၀ ရက်နေ့ နောက်ဆုံးထားထွက်သွားဖို့ တောင်းဆို ထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာ ကြက်ခြေနီကော်မတီ ICRC  နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF တို့ဟာ  ဒီဇင်ဘာလ ၈ ရက်နေ့က မြောက်ဦးမြို့ဒေသခံတွေ နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ပြေလည်မှု မရရှိတဲ့အတွက် သဘောထားကြေငြာချက်ထုတ်ပြန်ပြီး ထွက်သွားပေးဖို့ တောင်းဆိုရတာလို့ ကြေညာချက် ထုတ်ပြန်ရာမှာပါဝင်တဲ့ မြောက်ဦးမြို့ခံ ကိုထွန်းထွန်းက ပြောပါတယ်။
စစ်တွေမြို့က မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးသန်းထွန်းကလည်း နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေရဲ့ အကူအညီတွေဟာ ဘက်လိုက်ပြီး ကူညီပေးရာရောက်ကြောင်း ရခိုင်တိုင်းရင်းသားတွေဘက်က ရှုမြင်ကြတာကြောင့် ကန့်ကွက်နေကြတာဖြစ်သလို ဒေသခံတွေရဲ့အမြင်ကို ရှင်းလင်းအောင်ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းကတော့ နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေခံမူတွေအပေါ် အခြေခံပြီး ကူညီပေးနေတာဖြစ်တဲ့အတွက် ဒေသခံတွေ သိရှိနားလည်အောင် ကြိုးစားပေးဖို့ လိုအပ်ကြောင်း အကြံပြုပြောဆိုပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
အသံနားထောင်ရန် ဤနေရာကို နှိပ်ပါ။
(သတင်းအရင်းအမြစ်- RFA Burmese)

Sunday, December 22, 2013

ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် ICRC အဖွဲ့အား ဒေသခံများ ကန့်ကွက်

နိုင်ငံတကာကြက်ခြေနီကော်မတီ  ICRC အဖွဲ့အား ပေါက်တောမြို့ခံ ၁၀၀ ခန့်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဒီဇင်ဘာ ၁၈ ရက်က ကန့်ကွက်ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။
ယခင်လက ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှာ ဖြစ်ပွားခဲ့သည့် ရခိုင်အမျိုးသမီးများအား ဘင်္ဂါလီများက အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တွင်  ICRC အနေဖြင့်  ဘင်္ဂါလီကိုသာ ဘက်လိုက်အကူအညီပေးခဲ့သောကြောင့် မြို့ခံများက ကန့်ကွက်ခြင်းဖြစ်ကြောင်း သိရသည်။
"  ICRC က ရခိုင်မှာလုပ်နေတာမှာ ဘက်လိုက်မှုရှိနေတာ ပေါ်ပေါ်ထင်ထင်တွေ့ရတယ်။ ကူညီမှုက မမျှတဘူး။ လွန်ခဲ့တဲ့လကဖြစ်ခဲ့တဲ့ ဆင်အိုင်ကိစ္စမှာ ဘင်္ဂါလီကိုပဲ အကူအညီပေးတယ်။ အဲဒီအပေါ်မှာ  ICRC ကို ပေါက်တောမြို့မှာ ယုံကြည်မှုမရှိတော့ဘူး။ သူတို့အကူအညီလည်း မလိုတော့ဘူး။ ဒါကြောင့်မြို့ခံတွေက  ICRC Get Out  ဆိုပြီး လုပ်ကြတာ " ဟု မြို့ခံတစ်ဦးက ဆိုသည်။
ဆန္ဒထုတ်ဖော်ခြင်းကို ရုတ်တရက်ပြုလုပ်ခြင်းဖြစ်ပြီး ICRC အဖွဲ့ ပေါက်တောမြို့သို့ လာရောက်ခြင်းသတင်းကြောင့် ဒေသခံများစုရုံးလာပြီး ကန့်ကွက်ခဲ့ခြင်းဖြစ်သည်ဟုလည်း မြို့ခံများက ပြောကြားသည်။
" ဆန္ဒပြတာကတော့ လတ်တလောလူစုလူဝေးဖြစ်ပြီး ICRC အဖွဲ့လာရောက်ခြင်းကို ကန့်ကွက်တာဖြစ်ပါတယ်။ အဲဒါကလည်း ပြဿနာမဖြစ်ရအောင်အတွက် တားဆီးတာ ဖြစ်တယ်။ ပေါက်တောမြို့နယ်က လူတွေဟာ နိုင်ငံတကာအဖွဲ့အစည်းတွေကို လက်မခံဘူးဖြစ်နေပြီ " ဟု ပေါက်တောမြို့ခံ ကိုကျော်ဝင်းက ပြောကြားသည်။
နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) အဖွဲ့သည် ပေါက်တောဆေးရုံတွင် ရေနှင့်မိလ္လာစနစ်ကောင်းမွန်ရေးအတွက် အကူအညီပေးရန်သွားရောက်ခဲ့ကြောင်းနှင့် ယင်းအချိန်တွင် မြို့ခံများက ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
လွန်ခဲ့တဲ့လက ဖြစ်ခဲ့တဲ့ ဆင်အိုင်ကိစ္စမှာ ဘင်္ဂါလီကိုပဲ အကူအညီပေးတယ်။ အဲဒီအပေါ်မှာ ICRC ကို ပေါက်တောမြို့မှာ ယုံကြည်မှုမရှိတော့ဘူး။ သူတို့အကူအညီလည်း မလိုတော့ဘူး။ ဒါကြောင့်  မြို့ခံတွေက
ICRC Get Out ဆိုပြီး    .    .    .
လက်ရှိအနေအထားတွင် မောင်တောမြို့နယ်အတွင်း ဒုက္ခရောက်နေသူများကို ကူညီပေးနေခြင်းမဟုတ်ဘဲ ရခိုင်တိုင်းရင်းသားကျေးရွာ ၁၂ အား အဓိကမီးရှို့ဖျက်ဆီးခဲ့သည့် ဘင်္ဂါလီကျေးရွာများကို မီးရှို့ခံ ရခိုင်တိုင်းရင်းသားများနှင့် တစ်ပြေးညီကူညီပေးနေခြင်းသည် ICRC ၏အစီအစဉ်ဖြင့်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ယင်းအပေါ်တွင် ပေါက်တောဒေသခံများ မကျေမနပ်ဖြစ်နေကြခြင်းများရှိနေကြောင်းလည်း သိရသည်။
ပေါက်တောမြို့မှ ဦးညီညီက နိုင်ငံတကာအဖွဲ့အစည်းတွေကို ကျွန်တော်တို့သဘောမကျတော့ဘူး။ ဒါကလည်း အကြောင်းပြချက်ရှိတယ်။ မောင်တောမှာ မီးရှို့ခံရွာသားတွေကို ကူညီပေးသလို မီးရှို့လိုက်တဲ့ ဘင်္ဂါလီရွာသားတွေကိုလည်း ကူညီပေးရမယ်ဆိုပြီး မောင်တောက ဒေသခံရခိုင်တွေကို ဘတ်ဂျက်ထုတ်ပေးတယ်။ အဲဒါကို မောင်တောက ရခိုင်တွေ လုပ်နေကြတယ်။ ဒုက္ခရောက်နေသူကို သီးသန့်ကူညီတာ မဟုတ်ဘဲ ဒုက္ခရောက်အောင်လုပ်သွားတဲ့သူတွေကို ပြန်ပြီးကူညီပေးနေတာဟာသိပ်ပြီးတရားလွန်နေပြီလို့ သုံးသပ်မိပါတယ် "  ဟု သူ့အမြင်ကို ပြောကြားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

Saturday, December 21, 2013

ရခိုင်ပြည်နယ် ပေါက်တောမြို့မှာ ICRC ကို ကန့်ကွက်ဆန္ဒပြ

icrc_75
ရခိုင်ပြည်နယ်မှာ လူမှုရေးအကူအညီတွေပေးနေတဲ့ နိုင်ငံတကာ ကြက်ခြေနီကော်မတီ ICRC အဖွဲ့ မြို့ပေါ်ကိုမလာရောက်ဖို့ ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ မြို့ခံတစ်ရာနီးပါးလောက် မနေ့က ကန့်ကွက်တောင်းဆိုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့လက ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှာ ဖြစ်ခဲ့တဲ့ပဋိပက္ခမှာ အိုင်စီအာစီအဖွဲ့ဟာ မွတ်စလင်တွေကိုသာ အကူအညီပေးခဲ့တာကြောင့် အခုလိုကန့်ကွက်ရတာလို့ မနေ့က ကန့်ကွက်ရာမှာပါဝင်ခဲ့တဲ့ ပေါက်တောမြို့ခံ ဦးမောင်ကျော်ဝင်း က RFA ကို ပြောပါတယ်။
“ကူညီမှုက ကုလားကိုကျရင် အကုန်ပေးတယ်ဗျာ၊ ရခိုင်ကိုကျတော့ ဆေးရုံတို့ ကျောင်းတို့မှာ နည်းနည်းဟန်ပြလုပ်ပြီးတော့ ကုလားကိုပဲပေးတယ်၊ အဲဒါကို လူတွေကသိနေကြပြီ၊ အဲဒီအပေါ်မှာ ICRC လို့ စကားလုံးကိုကြားတာနဲ့ မိန်းမ၊ ယောက်ျားမကျန် အကုန်လုံးထွက်ပြီးတော့ ICRC Go Out ဆိုပြီးတော့ လုပ်ကြတယ်”
ပေါက်တောမြို့ခံတွေဟာ ICRC အပေါ် အယုံအကြည်နည်းနေတာကြောင့် ICRC အဖွဲ့  မြို့ကိုမလာကြဖို့ ကန့်ကွက်တားမြစ်ခဲ့ကြတာလို့ မြို့ခံတွေဘက်က ပြောပါတယ်။ နိုင်ငံတကာ ကြက်ခြေနီကော်မတီ ICRC အဖွဲ့ဟာ ပေါက်တောမြို့ဆေးရုံမှာ ရေနဲ့မီးစနစ် ကောင်းမွန်ရေးအတွက် အကူအညီပေးဖို့ မနေ့က ပေါက်တောကို ရောက်ရှိခဲ့တာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တွေမြို့အခြေစိုက် နိုင်ငံတကာ ကြက်ခြေနီကော်မတီ ICRC ရခိုင်ပြည်နယ်ရုံးကို  RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ ပြည်နယ်ရုံးတာဝန်ရှိသူတွေက သူတို့အနေနဲ့ ဒီကိစ္စအပေါ် တာဝန်ယူပြောဆိုခွင့်မရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
(သတင်းအရင်းအမြစ်- RFA Burmese)

Friday, December 13, 2013

ICRC နှင့် မြန်မာရဲတပ်ဖွဲ့တို့ စစ်တွေတွင် အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်

စစ်တွေက အဓိဂရုဏ်းနှိမ်ရဲများ။
စစ်တွေက အဓိဂရုဏ်းနှိမ်ရဲများ။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ(ICRC)နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ စစ်တွေတွင် (၄) ရက်ကြာ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုကို ပြုလုပ် ကျင်းပနေသည်ဟု သိရသည်။
၎င်းအား “ နိုင်ငံတကာ ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းများနှင့် ရဲလုပ်ပိုင်ခွင့် ကျင့်သုံးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ဟု အမည်ပေးထားပြီး လုပ်သက် နှစ်ပေါင်း (၃၀) ကျော်ရှိသော အိုင်စီအာရ်စီမှ ကျွမ်းကျင်သူ မစ္စတာ ဂျွန်အဲရစ်ဂျန်စန်က အဓိက ဦးဆောင် ပို့ချ နေကြောင်း ICRC က ပေးပို့သော သတင်းကျေညာချက်တွင် ဖေါ်ပြသည်။
၎င်းသင်တန်းအား  ဒီဇင်ဘာလ (၁၀) ရက်နေ့မှ (၁၃) ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်ပြီး  ဒုတိယရဲမှူးကြီး အဆင့်မှ ဒုတိယရဲမှူး အဆင့်အထိ  ရဲအရာရှိ စုစုပေါင်း ၃၅ ဦး တက်ရောက် နေကြောင်း ဆိုသည်။
ယခု အလုပ်ရုံဆွေးနွေးပွဲသည် ရခိုင်ပြည်နယ်အဆင့် ရဲအရာရှိများအတွက် ပထမဆုံး အကြိမ်ဆွေးနွေးပွဲ ဖြစ်သည်ဟု ကျေညာချက်တွင် ဖေါ်ပြသည်။
ယခုကဲ့သို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်  အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ(ICRC )တို့ ထိတွေ့ ဆက်ဆံ ဆွေးနွေးမူများ ပြုလုပ်ခွင့်ရ၍ ၀မ်းမြှောက်ကြောင်း ICRC မြန်မာနိုင်ငံ အကြီးအကဲ မစ္စတာယုရ်ခ်မွန်တာနီက ပြောကြားသည်။
‘မြန်မာ ရဲတပ်ဖွဲ့နဲ့ ပိုမို တွေ့ဆုံ ဆွေးမှု ဆက်ရှိလာတဲ့ အတွက် ဝမ်းမြောက်မိပါတယ်။ အိုင်စီအာရ်စီ အနေနဲ့ ကမ္ဘာတဝှမ်းရှိ ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ကိုင်ရာကနေ အခြေအနေအမျိုးမျိုးမှာ ဥပဒေ စိုးမိုးရေး တာဝန်ရှိသူတွေ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ အတွေ့အကြုံတွေ ရရှိ ထားပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲနဲ့ နောင်အနာဂတ် အလုပ်ရုံ ဆွေးနွေးပွဲတွေကနေ နှစ်ဦး နှစ်ဖက်အကျိုးရှိတဲ့ အတွေ့အကြုံတွေကို မျှဝေနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ယင်းက ဆိုသည်။
ယခု စစ်တွေမြို့တွင်ပြုလုပ်နေသည့် ရဲအရာရှိများ အလုပ်ရုံ ဆွေးနွေးပွဲ မတိုင်မီ ၂၀၁၃ ခု စက်တင်ဘာလ အတွင်းက ရဲအရာရှိကြီးများ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကို နေပြည်တော်တွင် ကျင်းပ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ယင်းနေပြည်တော်အလုပ်ရုံ ဆွေးနွေးပွဲသည် အိုင်စီအာရ်စီ အနေဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်ပြုလုပ်သော ရဲလုပ်ငန်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲဖြစ်သည်။
အလုပ်ရုံ ဆွေးနွေးပွဲတွင် ဆွေးနွေးတင်ပြမှုများ၊ ဖြစ်ရပ်လေ့လာမှုများ၊ ဗီဒီယိုပြသခြင်းများနှင့် လက်တွေ့ လေ့ကျင့်ခန်းများဖြင့် ရဲလုပ်ပိုင်ခွင့်များအား ချင့်ချင့်ချိန်ချိန် ကျင့်သုံးပုံကို အဓိက ဆွေးနွေးမည်ဖြစ်သည်ဟု ဆိုသည်။
နေပြည်တော် အလုပ်ရုံဆွေးနွေးပွဲနည်းတူ ယခုဆွေးနွေးပွဲတွင် တင်ပြမည့်ခေါင်းစဉ်များမှာ အများပြည်သူဆိုင်ရာ ငြိမ်ဝပ်ပိပြားမှုကို စီမံခန့်ခွဲခြင်းနှင့် အဓိကရုဏ်းထိန်းသိမ်းခြင်း၊ အင်အားသုံး ဖြိုခွဲခြင်းနှင့် လက်နက် အသုံးပြုခြင်း၊ ဖမ်းဆီးခြင်းနှင့် ထိန်းသိမ်းခြင်း၊ ရှာဖွေမှုကျင့်သုံးပုံများကို ဆွေးနွေးပို့ချမည်ဟု ပြောသည်။
ယင်းအပြင် ကမ္ဘာတဝှမ်းနှင့် မြန်မာနိုင်ငံရှိ အိုင်စီအာရ်စီ၏ အခန်းကဏ္ဍနှင့် လုပ်ငန်းများကိုလည်း တင်ပြ ဆွေးနွေးသွားမည်ဟု ဆိုသည်။
အိုင်စီအာရ်စီသည် လူသားချင်း စာနာထောက်ထားမှု သက်သက်သာ ဆောင်ရွက်သော၊ နိုင်ငံရေးနှင့်မဆိုင် သောအဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း၊  ရခိုင်ပြည်နယ်တွင် အိုင်စီအာရ်စီနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့သည် ကျန်းမာရေးစောင့်ရှောက်မှုစနစ် တိုးတက်ကောင်းမွန်ရန်နှင့် ကျန်းမာရေး စောင့်ရှောက်မှုကို လူတိုင်းလက်လှမ်းမီရန် အတွက် အာဏာပိုင်များနှင့် ပူးပေါင်း လုပ်ဆောင်လျက်ရှိကြောင်း၊  အကြမ်းဖက်မှု ဒဏ်ခံရသောရပ်ရွာအသိုင်း အဝိုင်းများ အတွက် ဝင်ငွေ တိုးရေး လုပ်ငန်းများကိုလည်း လုပ်ကိုင်လျက် ရှိကြောင်း ကျေညာချက်တွင် ဖေါ်ပြသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)