ကျောက်ဖြူမြို့တွင် ပြုလုပ်နေသော အမျိုးသားညီလာခံသို့
တက်ရောက်လာကြသူများ၏ မျှော်လင့်ချက်နှင့် သူတို့၏ ရင်ဖွင့်စကားများအား
တင်ပြပေးလိုက်ပါသည်။
(ဇေယန္တဗောဓိ- အထက်လေညင်းတောင်) 
ဒီညီလာခံကနေ အဖြေကောင်း၊ ရလဒ်ကောင်းတစ်ခု ထွက်ပေါ်လာပါလိမ့်မယ်။
ဒီလိုစုစုစည်းစည်းနဲ့ လုပ်နိုင်တာက အဖြေကောင်း၊ ရလဒ်ကောင်းပါ။ လောလောဆယ်
ညီလာခံက အကုန်လုံးလိုချင်တာတော့ ရနိုင်မှာ မဟုတ်ဘူး။ အဓိကတော့ အနောက်တံခါး
လုံခြုံရေးကို ပြောချင်ပါတယ်။ အနောက်တံခါး မလုံခြုံရင် ရခိုင်ဆိုတာလည်း
ရှိနိုင်မှာ မဟုတ်ဘူး။ အနောက်တံခါး လုံခြုံရေးက ပထမ၊ ကျန်တာတွေက ဒုတိယ
ဖြစ်ပါလိမ့်မယ်။
( ဦးသာလှအောင်- စစ်တွေ) 
အနာဂတ် ရခိုင်ပြည် တိုးတက်ရေး အတွက် ဒီညီလာခံကနေ စီမံကိန်းတွေ ချမှတ်
သွားမှာ ဖြစ်တဲ့ အတွက် ရခိုင်အမျိုးသား တစ်ယောက် အနေနဲ့ တက်သင့်တယ်ထင်လို့
တက်လာတာဖြစ်ပါတယ်။ ရခိုင်အမျိုးသားတွေ စည်းလုံးညီညွှတ်ရေးဟာရှိပြီးသား
ဖြစ်တဲ့ အတွက် ဒီစည်းလုံးညီညွတ်မူကို ဒီညီလာခံကနေ ပိုပြီးခိုင်မာအောင်
ချမှတ်ဆောင်ရွက်လားဖို့ မျှော်လင့်ပါတယ်။
(ဦးဝေစိန်အောင်- ညီလာခံသဘာပတိ – စစ်တွေ) 
ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ငါးရက်ကြာပြုလုပ်တဲ့ ညီလာခံမှာ ပြတ်ပြတ်သား ဆုံးဖြတ်ချက်တွေ
ချမှတ်နိုင်ပါတယ်။ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေကလည်း လုံခြုံရေးကို
အဓိက တောင်းဆိုတယ်။ ကျောက်ဖြူမြို့နယ်ဘက်ကလည်း သယံဇာတ ခွဲဝေ
သုံးစွဲခွင့်ရရေးကို တောင်းဆိုတယ်။ ညီလာခံ ဆုံးဖြတ်ချက်တွေထဲမှာ ဒါတွေ
ပါဝင်လာနိုင်ပါတယ်။
(ဦးသိန်းရွှေ – ခမီးအမျိုးသား တိုးတက်ရေးပါတီ) 
ကျနော်က ဒီညီလာခံကို ခမီးအမျိုးသား တိုးတက်ရေးပါတီ ကိုယ်စားလှယ်အနေနဲ့
တက်လာတာပါ။ ကျနော်တို့လိုချင်တာက ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊
လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို မျှော်လင့်ပါတယ်။ ကျနော်တို့
ခမီးတိုင်းရင်းသားတွေ အနေနဲ့ စုပေါင်းညီညွှတ်ပြီး ရှေ့အနာဂတ် ရခိုင်ပြည်
ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားတဲ့ အတွက် ဒီညီလာခံကနေ
ဒါတွေကို ရနိုင်အောင် ဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ်။
(ဦးရမ်ရော- မြိုလူမျိုးကိုယ်စားလှယ်– ကထိလ ကျေးရွာ၊ ဘူးသီးတောင်မြို့နယ်) 
ကျနော်တို့ ဒီရခိုင်အမျိုးသားင်္ညီလာခံကို တက်ရောက်လာတာက
ရခိုင်တိုင်းရင်းသားတွေထဲမှာ မြိုတွေလည်း ပါဝင်ပါတယ်။ ဒီလိုပါဝင်တဲ့ အတွက်
ညီလာခံကို တက်ရောက်လာတာဖြစ်ပါတယ်။ မြိုလူမျိုးတွေအတွက် အခွင့်အရေးက
တောတောင်တွေမှာ ရှိပါတယ်။ ဒီတောတောင်တွေမှာ နေထိုင်တဲ့ မြိုလူမျိုးတွေရဲ့
ပညာရေး၊ ကျန်းမာရေး- နောက်ပြီး ငြိမ်းချမ်းရေးတို့ကို မြင့်တင်ပေးဖို့
ဒီညီလာခံမှာ တောင်းဆိုချင်ပါတယ်။
(ကျော်သာအောင်- ဘူးသီးတောင်မြို့နယ် ခမီးအမျိုးသားကိုယ်စားလှယ်) 
ကျနော်တင်ပြလိုတာက ခမီးလူမျိုးတွေဟာ ရှေ့နှစ်ပေါင်းများစွာကတည်းက
ရခိုင်ပြည်မှာ နေထိုင်လာခဲ့တယ်။ ကျနော်တို့မှာ ဘာမှ တိုးတက်မူ မရှိဘူး။
ဒါကြောင့် ပညာရေး၊ ကျန်းမာရေးနဲ့ စားဝတ်နေရေးအတွက် ဒီင်္ညီလာခံမှာ
တောင်းဆိုချင်ပါတယ်။
(အောင်ကျော်ဇော- ဒိုင်းနက်အမျိုးသား ကိုယ်စားလှယ်) 
ကျနော်တို့ ရခိုင်ပြည်မှာ ရှေးနှစ်ပေါင်းများစွာကတည်း ရခိုင်သားတွေနဲ့
အတူယှဉ်တွဲနေထိုင်လာခဲ့ပါတယ်။ ကျနော်တို့လည်း ရခိုင်ပြည်နယ်
ဖွံဖြိုးတိုးတက်ရေးကို ရနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီညီလာခံမှာတော့
တင်ပြစရာ မရှိပါ။ တင်ပြခွင့်ရမယ်ဆိုရင် ရခိုင်ပြည်နယ်
ဘူးသီးတောင်မြို့နယ်ကို ကာကွယ်ဖို့ဆိုရင် အစိုးရ လက်နက်ကိုင် တပ်ဖွဲ့အပြင်
တိုင်းရင်းသားရွာတွေမှာ ပြည်သူ့စစ်တွေဖွဲ့စည်းပေးဖို့ တောင်းဆိုချင်ပါတယ်။
( ဦးလှရွှေ- ဟိန္ဒူလူမျိုး ဗုဒ္ဇ္ဓ
ဘာသာ) 
ရခိုင်အမျိုးသားတွေနဲ့ စည်းစည်းလုံးလုံး အတူလက်တွဲဖို့ မျှော်လင့်ပါတယ်။
ကိုယ်စားလှယ် (၂) ဦးတက်ရောက်လာပါတယ်။ ရခိုင်ပြည်မှာ အတူလက်တွဲဖို့ဘဲ
မျှော်လင့်ပါတယ်။
(ဦးသာဇံ- ကျွန်းသာယာကျွန်း- မြေပုံမြို့နယ်) 
ကျနော်တို့ရခိုင်ပြည်ဟာ ၁၁၄၆ ခုနှစ်မှာ ဘ၀ဆုံးရှုံးလားစွာ အခုအခါ ၂၂၉
နှစ်ရှိပြီးအခါမှ အစအန မြင်ရတဲ့အတွက် ဒီညီလာခံကို ၀မ်းပန်းတသာနဲ့
တက်ရောက်လာတာ ဖြစ်ပါတယ်။ ကုလား- ရခိုင်ဖြစ်တဲ့ ကိစ္စမှာ လုံခြုံရေးမဲ့နေတဲ့
အတွက် လုံခြုံရေးတွေကို ရရှိဖို့နဲ့ ငြိမ်းချမ်းဖို့ မျှော်လင့်ပါတယ်။
( စောသီသီမာ- ဘူးသီးတောင်မြို့နယ် အမျိုးသမီး ကိုယ်စားလှယ်) 
အကျွန်ပြောခွင့်ရမယ်ဆိုရင်တော့ အားလုံး ခုရရှိလာတဲ့ စည်းလုံးညီညွှတ်မူကို
ဒီထက် ပိုရရှိအောင် ဆက်လက် ထိန်းသိမ်းကြဖို့ ပြောကြားလိုပါတယ်။)
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)