Monday, August 12, 2013

ဘူးသီးတောင်၊မောင်တောမှ ဘင်္ဂလီများ လက်နက်များစုဆောင်းနေ

ဘူးသီးတောင်နှင့်မောင်တော မြို့နယ်အတွင် ရှိကုလားများ လက်နက်များစုဆောင်းနေပြီး ယင်းသို့လက်နက်များ ပြုလုပ်ရန် အတွက် ကုန်ကြမ်းများကို ကုန်သည်ကုလားများက တရားဝင်မှာယူနေခြင်းဖြစ်ပြီး အမျိုးမစစ်သည့်ရခိုင်ကုန်ပို့ကိုယ်စားလှယ်များကပို့ဆောင်ပေးနေဖြစ်ကြောင်း လည်း ဆိုကြသည်။

ယနေ့ နံနက် ၁၁ နာရီခန့်က စစ်တွေမှ ပို့လာသည့် ကုန်ပစ္စည်းများ ထားရာ ဘူးသီးတောင် သင်္ဘောဆိပ်ဂိုဒေါင်အတွင်းတွင် သံသယဖြစ်ဖွယ် သားရေထုပ် များအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဂိုဒေါင်အတွင်း မောင်တော မြို့ရှိ မြို့မဘုန်းတော်ကြီးကျောင်းလမ်း ကြား၊ မြန်မာ့စီးပွားရေးဘဏ် နောက်ဘက် ကပ်ရပ်တွင် ဖွင့်လှစ်ထားသည့် ( Mr clean ) ကုန်စုံဆိုင် ပိုင်ရှင် အာရာဖတ် ၏ ပစ္စည်းများမှာ သံသယဖြစ်ဖွယ် သားရေထုတ်မြောက်များစွာဖြစ်နေသည်ကို သိရသဖြင့် ဘူးသီးတောင်ရဲအား သတင်းပေးချက်အရ ဘူးသီးတောင် ရဲမှ သွားရောက်စစ်ဆေးရာ လေးဂွပြုလုပ်ရာတွင်းသုံးသည့် သားရေထုတ် ( ၂၀ ) ထုတ်အား တွေ့ရှိခဲ့သဖြင့် ယင်းသားရေထုတ်များအား ဘူးသီးတောင်ရဲမှသိမ်းဆည်းထားလိုက်ကြောင်းသိရသည်။အဆိုပါသားရေထုတ်များအားပိုင်ရှင်အားခေါ်ယူကာမည်သည့်အတွက်အသုံးပြုရန်(သို့မဟုတ်)မည်သူတို့အားရောင်းချရန်ရည်ရွယ်ချက်အား မေးမြန်းရန်ရှိကြောင်းလည်းသိရသည်။

အဆိုပါသားရေထုတ်တစ်ထုတ်လျင်သားရေပင်ရေသုံးသောင်းထိပါဝင်ကြောင်းနှင့်ယင်းသို့သားရေထုတ်များအား မောင်တောမြို့သို့ ကားပိုင်ရှင် စိုးဝင်းမှ သယ်ယူပေးခြင်းဟုလည်းသိရသည်။

ယင်းဘင်္ဂလီ အာရာဖတ် အတွက် စစ်တွေမှ ပို့ဆောင်ပေးသူမှာ ရခိုင်လူမျိုးညိုလှဝင်း ဖြစ်ကြောင်းလည်းသိရသည်။ဘင်္ဂလီအာရာဖတ်မှာ မောင်တောမြို့ရှိ ဘင်္ဂလီလူမျိုးခေါင်းဆောင် ဒေါက်တာ ဇော်မင်း ၏သားမက်ဖြစ်ကြောင်းနှင့်ပညာတတ်အသိုင်းအ၀ိုင်းဖြစ်ကြောင်းသိရသည်။ယင်းအပြင်၂၀၁၂ခုနှစ်ဇွန်လ၈ရက်နေ့အတွက်စည်းရုံးရေးလုပ်ဆောင်မှုများတွင် ဘဏ္ဍာထိမ်းတစ်ဦးဖြစ်ကြောင်းလည်းသိရသည်။

လက်ရှိဖြစ်ပေါ်နေသည့် စစ်တွေမြို့အုန်းတောကြီး ဘင်္ဂလီကယ်ဆယ်ရေးစခန်း ဖြစ်စဉ်တွင်လည်း သြဂုတ်လ ၁၀ ရက်နေ့ ညနေ ၆ နာရီခန့်က လုံခြုံရေးရဲတပ်ဖွဲ့ဝင်များအား ၀ိုင်းဝန်းကာ ဂျင်ဂလိ ၊ဖန်ဂေါ်လီသီးများဖြင့် အဝေးမှလှမ်းပစ်ခဲ့ကြောင်း နှင့် ယင်းသို့ လေးဂွများ ကို စနစ်တကျကြိုတင်ပြင်ဆင်မှုများ ဘင်္ဂလီကျေးရွာများတွင် လုပ်ဆောင်လျက်ရှိကြောင်းလည်းသိရသည်။

မောင်တောမြို့နယ်အတွင်း သားရေဆိုင်များတွင် သားရေများပြတ်လတ် သည်အထိ အရောင်းအ၀ယ်ဖြစ်နေပြီး အများစု အရောင်းဆိုင်များမှာ ဘင်္ဂလီဆိုင်များဖြစ်ကြောင်းလည်းသိရသည်။ယင်းအပြင် ကမ်းခြေတွင် သံသယဖြစ်ဖွယ် စက်လှေအခွန်တစ်စီးအားတွေရှိရသဖြင့် အကြမ်းဖက်သမားများနှင့် လက်နက်ခဲယမ်းများ သယ်လာသည့် စက်လှေဖြစ်နိုင်ကြောင်းနှင့် ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ် အစပ် မေယုတောင်တန်း ဂူခေါင်းများတွင် ခိုလှုံနိုင်ခြေရှိကြောင်း ဒေသခံများက ပြောကြသည်။

(သတင်းအရင်းအမြစ်- RSV ၏ Facebook စာမျက်နှာ)

No comments: