Friday, February 28, 2014

IRI မှ ရခိုင်နိုင်ငံရေး သမားများကို စစ်တွေတွင် သင်တန်းပို့ချ

IRI-RNDP-ALDInternational Republican Institute ( IRI) မှ ရခိုင်နိုင်ငံရေးသမားများကို စစ်တွေတွင် ယမန်နေ့က သင်တန်းပို့ချခဲ့သည်။
၎င်းသင်တန်းသို့  ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)မှ ကိုယ်စားလှယ် ၃ ဦး၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ALD)မှ ကိုယ်စားလှယ် ၃၂ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ၄၅ ဦး အပါအ၀င် ကြံခိုင်တိုးတက်ရေးပါတီ၊ တစည ပါတီ၊ မြိုခေါ် ခမီ အမျိုးသား ညီညွှတ်ရေး  ပါတီမှ ပါတီဝင်များလည်း  တက်ရောက် ခဲ့ကြသည်ဟု သိရှိရသည်။
“ ဒီသတင်းက ဒီမိုကရေစီမြှင့်တင်ရေးနဲ့ အရည်အချင်းမြင့်တင်ရေးအတွက် ရည်ရွယ် ပြုလုပ်တာဖြစ်ပါတယ်။ ဒါ့ပြင် ထက်မြက် ထူးချွန်တဲ့ ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာဖို့ ရည်ရွယ်ပြီး  ပါတီတစ်ခုကို စနစ်တကျ စုစည်း ဖွဲ့စည်းခြင်းနဲ့ ထိရောက်အောင်မြင်အောင် မဲဆွယ်စည်းရုံးရေးစတဲ့ ခေါင်းစဉ်တွေနဲ့ ဒီသင်တန်းကို ဟောပြော ပို့ချတာဖြစ်ပါတယ်”ဟု သင်တန်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သတ်ပြီး သင်တန်း ကြီးကြပ်ရေးမှူး ကိုညီညီမင်းက  နိရဉ္စရာသို့ ပြောကြားခဲ့သည်။
၎င်းသင်တန်းတွင် နိုင်ငံခြားသား တစ်ဦးဖြစ်သူ Stevecima ဟောပြောပို့ချခဲ့သည်ဟု သိရသည်။
“ သင်တန်းက ကောင်းပါတယ်။ မသိရတာကို သိရတယ်။ ဗဟုသုတတွေလည်း ရပါတယ်” ဟု သင်တန်းသား တစ်ဦးဖြစ်သူ ဦးလှမောင်က ဆိုသည်။
၎င်းသင်တန်းသို့ နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ  စစ်တွေဟိုတယ်တွင်ပြုလုပ်ခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင် ၄ ပါတီ ခေါင်းဆောင်များ ထိုင်းနိုင်ငံတွင် တွေ့ဆုံ

Rakhine-top-leaders-meeting
ရခိုင်ပြည်နိုင်ငံရေးလောကမှ အထင်ကရ ပါတီ (၄) ခု၏ ခေါင်းဆောင်များသည် ယခုလ ၁၁ ရက်နှင့် ၁၂ ရက်နေ့များက ထိုင်းနိုင်ငံ တစ်နေရာတွင် တွေ့ဆုံပြီး ရခိုင်ပြည်နှင့် ပတ်သက်သော နိုင်ငံရေး အခြေအနေများကို အလေးအနက်  ဆွေးနွေးခဲ့ကြသည်ဟု သတင်း ရရှိသည်။

ဆွေးနွေးပွဲသော တက်ရောက်ခဲ့ကြသော ခေါင်းဆောင်များမှာ ရခိုင်ဒီမိုအဖွဲ့ချုပ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ရခိုင်ပြည်လွှတ်မြောက်ရေးပါတီနှင့် ရက္ခိုင့်တပ်မတော် (အေအေ)မှ ဖြစ်ကြသည်။

ယခု လေးပါတီတွေ့ဆုံမူသည် လွန်ခဲ့သော (၃) လကတည်းက ကြိုတင် စီစဉ်ခဲ့သော အစီအစဉ် တစ်ရပ်ဖြစ်ပြီး အဓိကအားဖြင့် ရခိုင်အမျိုးသားညီညွှတ်ရေး အပေါ် အာရုံစူးစိုက် ဆွေးနွေးခဲ့သည်ဟု ၎င်းဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ ရက္ခိုင့်တပ်မတော်မှ ဒုဗိုလ်မှူးကြီးကျော်ဟန်က ပြောသည်။
“ ကျွန်တော်တို့ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးအတွက် လိုအပ်ချက်တွေကို ဆွေးနွေးကြတဲ့ အခါမှာ ရခိုင်အမျိုးသား ညီညွှတ်ရေးဟာအရေးကြီးတယ်ဆိုတဲ့ အခန်းကဏ္ဍကို အဓိကထားဆွေးနွေးကြပါတယ်” ဟု သူက ဆိုသည်။

” ရခိုင်အမျိုးသား ညီညွှတ်ရေးဆိုတဲ့ အခါမှာလည်း အတွင်အပြင် နိုင်ငံရေး ပါတီတွေ၊ လူမူ အဖွဲ့အစည်းတွေ လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေ ညီညွှတ်ရေးဟာ အရေးကြီးတဲ့အတွက် ညီညွှတ်ရေးအတွက် မူတစ်ခု လိုတယ်ဆိုတာကို သဘောထား ပေးမူတွေ ရှိပါတယ်” ဟု သူက ဆက်ဆိုသည်။

ရခိုင်အမျိုးသား အင်အားစုတွေ ညီညွှတ်ပါမှ အမျိုးသားလုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို အကောင်အထည် ဖေါ်နိုင်မှာ ဖြစ်ကြောင်း၊  လုံခြုံရေးဆိုသည်မှာလည်း လက်တွေ့ ခံစားနေရသော အဓိဂရုဏ်းဖြစ်စဉ်များမှာ ရခိုင်ပြည်သူများ အတွက် ခြိမ်းခြောက်မူဖြစ်သည်သာမက မြန်မာပြည်သူ တစ်ရပ်လုံးအတွက် ခြိမ်းခြောက်မူ ဖြစ်ကြောင်း၊ သို့အတွက် ၎င်းခြိမ်းခြောက်မူကို မည်ကဲ့သို့ ဖြေရှင်းမလဲ စဉ်းစားသုံးသပ်ရန် လိုအပ်ကြောင်း၊ အစိုးရဟာ ဒီကနေ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နေတဲ့ အခန်းကဏ္ဍမှာ ရခိုင်များ စုစည်းပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တစ်သံတည်းဖြင့်ပါဝင်ရန် အခြေအနေက အရေးကြီးကြောင်း၊ ရခိုင်ပြည်နယ် အတွင်း ပြည်တွင်း ပြည်ပ ရင်းနှီးမြုပ်နှံမူများ လုပ်ဆောင်ရာတွင်၎င်း၊ သယံဇာတ အရင်းအမြစ်များကို ထုတ်ယူရာတွင်၎င်း၊ အစိုးရဖြင့် သော်၎င်း၊ ပြည်သူနှင့် သော်၎င်း၊ နိုင်ငံတကာ ကုမ္ပဏီများနှင့်၎င်း ပါတီများက စုပေါင်းပြီး သဟာဇာတ ကျကျ စုပေါင်း အဆုံးအဖြတ်ပေးဖို့ လိုအပ်ကြောင်း သူက ပြောကြားသည်။

တွေ့ ဆုံဆွေးနွေးပွဲတွင် လက်ရှိ ရခိုင့်အမျိုးသား နိုင်ငံရေးအခြေအနေ၊ လက်ရှိပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှုအခြေအနေ၊ ရခိုင့်အမျိုးသားလုံခြုံရေးနှင့်ငြိမ်းချမ်းရေးကိစ္စများ ၊ ရခိုင်ပြည်တွင်းရှိ သဘာဝ သယံဇာတ အရင်းအမြစ် ကိစ္စ ရပ်များကို အကျယ်တ၀င့်ဆွေးနွေးသုံးသပ်ခဲ့ကြပြီး  အောက်ပါ သဘောတူညီချက်များကိုချမှတ်နိုင်ခဲ့ကြသည်ဟု သိရသည်။

၁။ ရခိုင်အမျိုးသားညီညွတ်ရေးကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားရန်။
၂။ ရခိုင်အမျိုးသားအင်အားစုအားလုံး ညီညွတ်စွာဖြင့် အမျိုးသားလုံခြုံရေးနှင့်ငြိမ်းချမ်းရေးကိစ္စရပ်များကို ဆောင်ရွက်သွားရန်
၃။ ရခိုင်ပြည်နယ်တွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုတ်နှံမှုနှင့် သဘာဝသယံဇာတအရင်းအမြစ်များကို ထုတ်ယူ သုံးစွဲသည့်အခါ ဒေသံပြည်သူများ၏အကျိုးစီးပွားကို ရှေ့ ရှုဆောင်ရွက်ရန် – နှင့်
၎။ နောက်ထပ်တွေ့ ဆုံပွဲများကို လိုအပ်သလို ဆက်လက်ပြုလုပ်သွားရန် တို့ ဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်မတိုင်မီ MSF ၏ လုပ်ငန်းများ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင်လည်း ရပ်ဆိုင်းခံခဲ့ရ

MSF-kicked-Out-Sittwe-Protest
နယ်စည်းမထား ဆရာဝန်အဖွဲ့ MSF (AZG) ရဲ့ လုပ်ငန်းများ ရခိုင်တွင် ရပ်ဆိုင်း မခံရမှီ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင်လည်း လွန်ခဲ့သော နှစ်အနည်းငယ်က စပြီး ရပ်ဆိုင်းခံခဲ့ရသည်ဟု ဘင်္ဂလာဒေခ်ျ့ရှိ နိရဉ္စရာ သတင်းထောက်မှ ပြောကြားသည်။
“ MSF ကို တစ်ခြား နိုင်ငံတကာ အန်ဂျီအို (၂) ခု နဲ့ အတူ ၂၀၁၂ ခုနှစ် သြဂတ်စ်လမှ စတင်ပြီး ဘင်္ဂလာဒေခ်ျ့ အစိုးရက ရပ်ဆိုင်းပစ်ခဲ့ပါတယ်။ အဓိကတော့ မြန်မာနယ်စပ်အနီး ကော့စ်ဘဇားခရိုင်အတွင်း လုပ်ငန်းများ ရပ်ဆိုင်းခံခဲ့ရပါတယ်” ဟု သူက ပြောသည်။
MSF နှင့် အတူ ရပ်ဆိုင်းခံခဲ့ရသော အခြား နိုင်ငံတကာ အန်ဂျီအို (၂) ခုမှာ AFC ဟု အတိုကောက်ခေါ်သော Action Against Hunger နှင့် ဗြိတိန်နိုင်ငံ အခြေစိုက် Muslim Aid တို့ဖြစ်ကြသည်။
ယခုကဲ့သို့ ရပ်ဆိုင်းရခြင်းမှာ ၎င်းအန်ဂျီအို (၃) ခုသည် ဘင်္ဂလာဒေခ်ျ့ အစိုးရနှင့် ချုပ်ဆိုထားသော စာချုပ်တွင် ပါရှိသော သဘောတူညီမူများကို ချိုးဖေါက်ကာ လုပ်ပိုင်ခွင့်ကို ကျော်လွန်ကာ လုပ်ကိုင်၍ ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ အစိုးရက ထုတ်ဖေါ်ပြောကြားသည်။
ဘင်္ဂလာဒေခ်ျ့ အစိုးရသည် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခကြောင့် မြန်မာဘက်မှ ထွက်ပြေးလာသော မွတ်ဆလင် ဘင်္ဂလီများအား လက်ခံခြင်းဖြင့် သူ့နိုင်ငံအတွင်း ထိန်းနိုင်သိမ်းမရ ဖြစ်မည်ကို စိုးရိမ်၍ ထွက်ပြေးလာသူများကို လက်မခံရန်နှင့် အကူအညီများမှ မပေးရန် အမိန့်ထုတ်ပြန်ထားခဲ့သည်။
၎င်းအန်ဂျီအို (၃) ခုသည် ဘင်္ဂလာဒေခ်ျ့ အစိုးရမှ  တားမြစ်ထားချက်ကို လိုက်နာခြင်းမရှိဘဲ  ချိုးဖေါက်ကာ မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ မွတ်ဆလင်များကို အကူအညီနှင့် ဆေးဝါးများကုသပေးသခဲ့ကြောင်း တွေ့ရှိရသည်ဟု ဆိုကာ ချုပ်ဆိုထားသော MoU ကို ဖျက်သိမ်းကာ သူတို့၏ လုပ်ငန်းများကို ရပ်ဆိုင်းပစ်ခဲ့သည်ဟု သိရသည်။
အလားတူ MSF အား မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်လည်း ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က သူတို့နှင့် ချုပ်ဆိုထားသော MoU ကို ပြည်ထောင်စု အစိုးရမှ ဖျက်သိမ်းပြီး လုပ်ငန်းများကို ရပ်ဆိုင်းပစ်ခဲ့သည်။
ရပ်ဆိုင်းရသည့် အကြောင်း အရင်းမှာ ရခိုင်ပြည်နယ် ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်နှင့် ပတ်သက်၍  MSF Holland ( MEDECINA SANS FRONTIERS- HOLLAND) အဖွဲ့သည် ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူးသို့ ပေးပို့ခဲ့သောစာသည် ရခိုင်ပြည်နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်ဝပ်ပိပြားရေးနှင့် နယ်မြေအေးချမ်းသာယာရေး ပျက်ပြားစေရန် ဖြားယောင်း လူံ့ဆော်သော အဓိပ္ပါယ်ဖေါ်ဆောင်လျှက်ရှိပြီး လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲဖြင့် ပဋိပက္ခ မဖြစ် ဖြစ်အောင် သွေးတိုးစမ်းဖန်တီးမူများ ပြုလုပ်၍ ဖြစ်ကြောင်း သိရသည်။
သို့အတွက် MSF အား INGO အဖြစ် မှတ်ပုံတင် ခွင့်ပြုထားခြင်းမှ ပယ်ဖျက်သွားရန်၊ MoU သက်တမ်း ထပ်မံတိုးမြင့်ခြင်းအား ခွင့်မပြုရန်နှင့် ရခိုင်ပြည်နယ် အတွင်း ၀င်ရောက် လူပ်ရှားမူများအား ပြည်နယ် အစိုးရမှ လက်ခံခြင်း မပြုလုပ်ရန် အစိုးရ၏ ညွှန်ကြားချက်တွင် ပါရှိသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

တောင်ကုတ်ရွာမ တာဝါတိုင် မြေပိုင်ရှင်ကို အသိမပေးဘဲ ကျူးကျော်ဝင်ရောက်တည်ဆောက်

 ဦးမောင်ခင်အေးပိုင် တောင်တွင် တာဝါတိုင် တည်ဆောက်နေသည်ကို တွေ့ရစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ဦးမောင်ခင်အေးပိုင် တောင်တွင် တာဝါတိုင် တည်ဆောက်နေသည်ကို တွေ့ရစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ရွာမကျေးရွာတွင် တာဝါတိုင်တစ်ခု တည်ဆောက်နေရာ မြေပိုင်ရှင်အား လျော်ကြေး မပေးသည့် အပြင် တစ်စုံတစ်ရာ အသိပေး အကြောင်းကြားခြင်းလည်း မရှိဘဲ ကျူးကျောက် ၀င်ရောက် တည်ဆောက်နေသည်ဟု မြေပိုင်ရှင် ဖြစ်သူ ဦးမောင်ခင်အေးက နိရဉ္စရာသို့ ပြောသည်။
“ ဘိုးစဉ် ဘောင်စဉ် ကျွန်တော် လုပ်ကိုင်းစားသောက်တဲ့ တောင်မှာ တယ်လီဖုန်း တာဝါတိုင်တစ်ခု စိုက်ထူဖို့ အတွက် အဆောက်အဦးကြီး တစ်ခုကို တည်ဆောက်နေပါတယ်။ ကျွန်တော်ကိုလည်း ဘာမှ အသိမပေးသလို လျော်ကြေးလည်း မပေးပါဘူး။ ကျေးရွာအုပ်ချုပ်ရေးမှူးကိုသွားပြောတော့ တိုင်ချင်တဲ့ နေရာမှာ သွားတိုင်လို့ ပြောတဲ့ အတွက် မီဒီယာကို တိုင်ကြားရတာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
Wrama-1
အားမာန်သစ် ကုမ္ပဏီမှ  သူ့၏ မြေနေရာတွင် ၎င်းတာဝါတိုင်ထောင်မည့် အဆောက်အဦးတစ်ခုအား အခိုင်အမာ တည်ဆောက်နေကြောင်း သူက ပြောသည်။
“ ဒီတာဝါတိုင်က အစိုးရပိုင်လား၊ ပုဂ္ဂလိကပိုင်လားဆိုတာကိုတော့ ကျွန်တော်မသိဘူး။ ကျွန်တော်တို့ တောကလူတွေမှာ ဒီတိုင်ဘယ်ကပိုင်တယ်ဆိုတာ မသိပါဘူး။ အခု ဆိုင်းဘုတ်ထောင်ထားတာက အားမာန်သစ်လို့ ဆိုင်းဘုတ်ထောင်ထားပါတယ်” ဟု မြေပိုင်ရှင် က ဆက်ပြောသည်။
ယခု တာဝါတိုင်တည်ဆောက်နေသော  မြေအား ပလပ်မြေဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်ဖြင့် တည်ဆောက်နေသည်ဟု အမည် မဖေါ်လိုသူ ကျောင်းဆရာ တစ်ဦးက ဆိုသည်။
“ ဒီမြေက ဦးမောင်ခင်အေး ပိုင်တယ်ဆိုပေမယ့် ကျေးရွာ အုပ်ချုပ်ရေးမှူးက ပလပ်မြေဆိုပြီး အထက်ကို တင်ပြထားတယ်လို့တော့ကြားပါတယ်” ဟု ဆိုသည်။
Wrama-2
၎င်းတောင်မှာ မိမိဘိုးဘွားလက်ထက်ကတည်း လုပ်ကိုင် စားသောက်လာသော တောင်ဖြစ်ပြီး ကျွန်းနှင့် သီဟိုပင်များကိုလည်း စိုက်ပျိုးထားသည်ဟု ဦးမောင်ခင်အေးမှပြောဆိုသည်။
“ ကျွန်တော်ပိုင်တောင်မှာ ခုလို ၀င်ရောက် ကျူးကျော်ပြီး တာဝါတိုင် စိုက်ထူဖို့လုပ်နေတဲ့ အတွက် ဒီကနေ့ဘဲ မြို့နယ် အုပ်ချုပ်ရေးမှူးကို တိုင်ကြားလိုက်ပါတယ်။ တိုင်ကြားစာကို လက်ခံထားလိုက်ပြီး တစ်စုံတစ်ရာတော့ အကြောင်းပြန်ကြားခြင်း မရှိသေးပါ” ဟု သူက ဆိုသည်။
ဦးမောင်ခင်အေးမှ သက်ဆိုင်ရာ အထက် လူကြီးများ အနေဖြင့် ယခု ပြသနာကို တရားသဖြင့် ဖြေရှင်း ပေးစေလိုသည်ဟု ဆိုသည်။
ရွာမကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်အောင် နိရဉ္စရာမှ ဆက်သွယ်သော်လည်း ဖုံးမှားနေသည်ဟု အကြောင်းပြန်ကာ တစ်စုံတစ်ရာ ဖြေကြား မရှိပါ။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

စစ်တွေအထက(၆) မြတ်ဆရာပူဇော်ပွဲကျင်းပမည်

shs-6
ရခိုင်ပြည်နယ် စစ်တွေမြို့ အထက (၆) တွင် ကျောင်းသား ကျောင်းသူဟောင်းများ၏ တတိယ အကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကို ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက် တနင်္ဂနွေနေ့တွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပ ပြုလုပ်မည်ဟု နိရဉ္စရာက သတင်းက ရရှိသည်။
စစ်တွေ အထက (၆) တွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အငြိမ်းစား ဆရာဆရာမများအား ပူဇော်ကန်တော့ကြမည့် မြတ်ဆရာ ပူဇော်ပွဲ အခမ်းအနားကို  ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ ဖြင့် အထက (၆) ရှိ ခန်းမဆောင်တွင် ကျင်းပသွားမည်ဟု စီစဉ်သူ ဆရာမတစ်ဦးက ပြောသည်။
ကျောင်းသားကျောင်းသူ ဟောင်းများ အနေဖြင့် မည်သည့်နှစ်တွင် ပညာသင်ကြားခဲ့သည် ဖြစ်စေ မပျက်အကွက် တက်ရောက်ကြပါရန်နှင့် အလှူငွေများ ထည့်ဝင် လိုပါက အောက်ပါ ကျောင်းသား ကျောင်းသူ ဟောင်းများထံတွင် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
ဒေါ်ကျော့စိန်လှ (ဖုန်း- ၀၉၄၂၁၇ ၄၇၁၈၇)
ဒေါ်ခင်သန်းယဉ် (ဖုန်း- ၉၄၂၁၇ ၃၆၃၈၅)
ဒေါ်နော်လှလှအေး ( ဖုန်း- ၀၉၄၂၁၇ ၆၃၁၀၉)
ဦးစန်းနိုင် (ဖုန်း- ၀၉၄၂၁၇ ၁၄၄၆၆)
ဦးဝင်းဇော်အေး (၉၄၂၁၇ ၃၆၅၀၀)
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်ညီလာခံကျင်းပရေးတွင် ALD မှ ပူးပေါင်းပါဝင်မူ အားနည်းနေခြင်းအပေါ် ပါတီခေါင်းဆောင်က ယခုလိုရှင်း

rmeet
( ဤဓာတ်ပုံအား မဇ္ဈိမ သတင်းဌာနမှ ကူးယူဖေါ်ပြသည်။)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ဧပြီလ ၂၇ ရက်နေ့တွင် စတင် ကျင်းပမည့် ရခိုင်အမျိုးသားညီလာခံနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တွင် အကြိုညှိနိုင်း ဆွေးနွေးပွဲပြုလုပ်နေသည်မှာ သုံးကြိမ်တိုင်တိုင် ရှိနေပြီ ဖြစ်သော်လည်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD မှ ခေါင်းဆောင်များ ပါဝင်မူ အားနည်းနေခြင်း အပေါ် ဝေဖန်မူ အချို့ ပေါ်ပေါက်နေသည်ဟု သိရသည်။ သို့အတွက် ALD မှ ခေါင်းဆောင်  တစ်ဦးဖြစ်သူ ဦးလှမြင့်အား နိရဉ္စရာမှ ဆက်သွယ် မေးမြန်းရာ သူက ယခုလို စပြောကြားသည်။
“ ကျွန်တော်တို့က ညီလာခံကို မကန့်ကွက်ဘူးဆိုတာ အတိအလင်း ပြောထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မပူပေါင်း မဆောင်ရွက်နိုင်တာက တချို့ အကြောင်းအရာတွေတော့ ရှိပါတယ်။ ဒါက ဘာလဲဆိုတော့ မနက်ဖြန် မဟုတ်ရင် နောက်တစ်ရက်နှစ်ရက်မှာ ရခိုင်အမျိုးသား ပါတီ တည်ထောင်ခွင့် ကျတော့မယ်။ အဲသလို ကျလာရင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဆိုတာလည်း ရှိတော့မဟုတ်ဘူး။ ကျွန်တော်တို့ အကုန်လုံးလည်း ရခိုင်အမျိုးသား ပါတီအောက်ကို ရောက်သွားကြတော့မှာ ဖြစ်ပါတယ်။ အဲသလို ကျွန်တော်တို့ အကုန်လုံး ရခိုင်အမျိုးသား ပါတီအောက်ကို ရောက်သွားတဲ့အခါ ပါတီက ဘယ်လို တာဝန် ပေးမလဲ။ ညီလာခံအတွက် တာဝန်ပေးမလား၊ ဘယ်လို လုပ်ပါလို့ ပါတီက တာဝန်ပေးမလား။  ပေးအပ်လာတဲ့ တာဝန်အတိုင်း ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ပါတီ တည်ထောင်ခွင့်ကျအောင်ထိ စောင့်နေတာ ဖြစ်ပါတယ်။”
ယခု ညီလာခံမှာ ရခိုင်တစ်မျိုးသားလုံးအတွက် အလွန်အရေးကြီးသော ညီလာခံ ဖြစ်သဖြင့် ရခိုင်အမျိုးသားရေးကို စွန်းစွန်းတမံ ဆောင်ရွက်နေကြသော ရခိုင်အမျိုးသားများ အားလုံး ကျယ်ပြန့်စွာ ပူးပေါင်း ပါဝင်ရန် လိုအပ်နေကြောင်း ပြောဆိုရာ ဦးလှမြင့်က ယခုလိုဆိုသည်။
“ ကျွန်တော်တို့က အခု ပေါင်းစည်းရေးကို စောင့်နေတယ်။ ပါတီထောင်ခွင့်ကျပြီးတာနဲ့ ကျွန်တော်တို့ အသစ်ဖြစ်လာတဲ့ ရခိုင်အမျိုးသား ပါတီက ခေါင်းဆောင်တွေ အစည်းအဝေး လုပ်ကြရမှာပါ။ အဲဒီ အစည်းအဝေးကနေ တာဝန်ပေးအပ်လာရင် ကျွန်တော်တို့ ပေးအပ်တဲ့ တာဝန်အတိုင်း ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ် သွားတက်ပါဆိုရင်လည်း သွားတက်မယ်။ ဒါကို ဆွေးနွေးပါဆိုရင်လည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ် ” ဟု သူက ဆိုသည်။
ရခိုင်အမျိုးသားညီလာခံကျင်းပရေးနှင့် ပတ်သက်ပြီး အကြိုညှိနိုင်းဆွေးနွေးပွဲကို (၃) ကြိမ်တိုင်တိုင် ရန်ကုန်ရောက် ရခိုင်အမျိုးသားများ အကြားပြုလုပ်ခဲ့ကြပြီ ဖြစ်သော်လည်း ALD ခေါင်းဆောင်များကြသော ဦးအေးသာအောင်၊ ဦးကျော်မြင့်၊ ဦးမျိုးကျော်နှင့် ဦးလှမြင့်တို့မှာ တစ်ကြိမ်တစ်ခါမှ တက်ရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

MSF ၏ ရခိုင်ပြည်နယ်အတွင်း လုပ်ငန်းများကိုတရားဝင်ရပ်ဆိုင်းလိုက်ပြီဟု ပြည်နယ်အစိုးရမှ အတည်ပြုပြောကြား

Protest-in-Sittwe-AZG-MSF
နယ်စည်းမထား ဆရာဝန်အဖွဲ့ MSF ( AZG) ၏ ရခိုင်ပြည်နယ်လုပ်ငန်းများကို တရားဝင် ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလှသိန်းက ယနေ့ တရားဝင် ပြောကြားသည်။
“ သူတို့အထဲက တာဝန်ရှိသူတွေကို မနေ့ကတည်းက ခေါ်ယူပြီး လုပ်ငန်းတွေကို ရပ်ဖို့ တရားဝင် ပြောဆိုလိုက်ပြီဖြစ်ပါတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လူပေါင်းရာနှင့်ချီပြီး ၎င်းအဖွဲ့အား ကန့်ကွက်မူများ ပေါ်ပေါက်ပြီး ၄ ရက်မြောက်နေ့တွင် MSF ၏ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်နေသော လုပ်ငန်းများ အားလုံးကို ရပ်ဆိုင်းရန် ပြည်နယ် အစိုးရ၏ ကျေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
မည်သည့်အတွက်ကြောင့် ရပ်ဆိုင်းရပါသလဲ ဟု ဆိုသော မေးခွန်းအပေါ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းတင်ပြုစုရေး ဆပ်ကော်မီတီ ဥက္ကဌ ပြည်နယ် တရားဥပဒေချုပ် ဦးလှသိန်းမှ ပြောဆိုရန် ငြင်းဆိုသော်လည်း ကျန်းမာရေး ၀န်ကြီးနှင့် ပြည်ထဲရေး ၀န်ကြီးမှ နားလည်မူ စာချွန်လွှာကို သက်တမ်းမတိုးကြောင်းကို ရခိုင်ပြည်နယ် အစိုးရကို အကြောင်းကြားလာသဖြင့် MSF ၏ လုပ်ငန်းများကို ရပ်ဆိုင်းရခြင်း ဖြစ်ကြောင်း ယခုလို ပြောသည်။
“ MSF နဲ့ ကျန်းမာရေး စောင့်ရှောက်မူ အတွက်ကို ကျန်းမာရေး ၀န်ကြီးဌာနနဲ့ လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းကိုတော့ ပြည်ထဲရေး ၀န်ကြီးဌာနဲ့ လုပ်ထားတာ ဖြစ်ပါတယ်။ အခုတော့ ကျန်းမာရေးဝန်ကြီးဌာနကလည်း သူတို့နဲ့ စာချုပ်ကို သက်တမ်းမတိုးတော့သလို ပြည်ထဲရေး ၀န်ကြီးဌာန အနေနဲ့လည်း သူတို့ စာချုပ်ချုပ်ဆိုထားတဲ့ အသင်းအဖွဲ့ မှတ်ပုံတင်ထားတာကို ရပ်ဆိုင်း လိုက်တယ်လို့ သိရပါတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ် အစိုးရနဲ့တော့ ဘာမှ လက်မှတ်ရေးထိုးထာ မရှိတဲ့ အတွက် ကျွန်တော်တို့က ဘာမှ တခြား ပြောစရာမရှိတဲ့ အတွက် သူတို့ လုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ ညွှန်ကြားရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
သို့သော်လည်း နိရဉ္စရာမှ လက်ခံရရှိခဲ့သော ညွှန်ကြားချက် စာတစ်စောင်တွင် ရခိုင်ပြည်နယ် ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်နှင့် ပတ်သက်၍ MSF Holland ( MEDECINA SANS FRONTIERS- HOLLAND) အဖွဲ့မှ ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူးသို့ ပေးပို့ခဲ့သောစာသည် ရခိုင်ပြည်နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်ဝပ်ပိပြားရေးနှင့် နယ်မြေအေးချမ်းသာယာရေး ပျက်ပြားစေရန် ဖြားယောင်း လူံ့ဆော်သော အဓိပ္ပါယ်ဖေါ်ဆောင်လျှက်ရှိပြီး လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲဖြင့် ပဋိပက္ခ မဖြစ် ဖြစ်အောင် သွေးတိုးစမ်းဖန်တီးမူများ ပြုလုပ်ခြင်း ဖြစ်ကြောင်း သုံးသပ်ရရှိသဖြင့် INGO အဖြစ် မှတ်ပုံတင် ခွင့်ပြုထားခြင်းမှ ပယ်ဖျက်သွားရန်၊ MoU သက်တမ်း ထပ်မံတိုးမြင့်ခြင်းအား ခွင့်မပြုရန်နှင့် ရခိုင်ပြည်နယ် အတွင်း ၀င်ရောက် လူပ်ရှားမူများအား ပြည်နယ် အစိုးရမှ လက်ခံခြင်း မပြုလုပ်ရန် ဟု ပါရှိသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, February 7, 2014

မလေးရှားတွင် လုပ်ကြံခံရမှု ရခိုင်ခေါင်းဆောင်များ ရှင်းလင်း

မလေးရှားနိုင်ငံတွင် ဘင်္ဂါလီများ လုပ်ကြံခြင်း ခံခဲ့ရသည် ဖြစ်စဉ်ကို ရခိုင်ခေါင်းဆောင်များဖြစ်သည့် ဒေါက်တာအေးမောင်၊ ဦးအေးသာအောင် တို့က ရန်ကုန်မြို့ရှိ ရခိုင်ဓမ္မာရုံတွင် ရှင်းလင်းခဲ့သည်။

ဖေဖော်ဝါရီလ ၅ရက်နေ့က စာပေဟောပြောပွဲများ ပြီးဆုံးလို့ ရခိုင် လူမူ အဖွဲ့အစည်းက ရခိုင်ခေါင်းဆောင်များအဖွဲ့ကို အဆင့်မြင့် ကုန်တိုက် တစ်ခုမှာ ညနေစာ ကျွေးခဲ့ပါတယ်။ အဲဒီကုန်တိုက်က ပြန်အထွက် ည ၁၁နာရီခန့်မှာ လုပ်ကြံခံရတာ ဖြစ်ပါတယ်။

ဒေါက်တာ အေးမောင်နှင့် ဦးအေးသာအောင် စီးလာသည့် ကားနောက် ကို သေနတ်သမားက ဆိုင်ကယ်နဲ့ လိုက်လိုက်လာပြီးတော့ ဘေးချင်း ကပ်လျပ် သေနတ်နဲ့ ပစ်ခတ်တာဖြစ်တယ်လို့ ရခိုင်ခေါင်းဆောင်များ က ပြောပါတယ်။

ကားမှန်ကို ထိလို့ရှိရင် ဒေါက်တာ အေးမောင်ရဲ့ ဦးခေါင်းပိုင်းကို ထိမှာပါ။ ဒါပေမယ့် မှန်အောက်က ဘောင်ကို ကျည်ဆန်ထိမှန်ခဲ့တဲ့ အတွက် ကံကောင်းခဲ့တယ်လို့ ရခိုင်ခေါင်းဆောင်တွေက ပြောကြားပါတယ်။

သေနတ်နဲ့ လုပ်ကြံဖို့လာတာ လူနှစ်ဦးပါ။ ဆိုင်ကယ် နောက်မှာ လိုက်တဲ့ သူက သေနတ်နဲ့ ပစ်တာပါ။ သူတို့က ဗမာစကား ပြောတယ်။ မုဆိတ်မွေးတွေနဲ့ မြန်မာနိုင်ငံက ဘင်္ဂါလီရုပ်တွေပါ၊

သေနတ်သုံးချက် ပစ်တယ်။ လူတွေကိုတော့ မထိခဲ့ပါဘူး။ ကျည်ဆန် ကတော့ ၉ မမ အမျိုးအစား ကျည်ဆန်ပါ။

ရခိုင်ခေါင်းဆောင်တွေ မလေးရှား မသွားခင်ကပင် ခြိမ်းခြောက်စာတွေ ရတယ်လို့ ခေါင်းဆောင်တွေက ပြောကြပါတယ်။ ခေါင်းဆောင်တွေ မလေးရှားကို ရောက်တဲ့ အချိန်မှာ ဘင်္ဂါလီအဖွဲ့တွေက အစည်းအဝေးတွေ လုပ်ခဲ့ကြတယ် အဲဒီခေါင်းဆောင်တွေက ပြောပါတယ်။

မလေးရှားမှာ ရောက်နေတဲ့ ရခိုင်လူထုကို မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေ အနေ၊ ရခိုင်ပြည်နယ် အခြေအနေတွေကို ရှင်းပြချင်လို့ ရခိုင်ခေါင်းဆောင်တွေ မလေးရှားကို သွားခဲ့တာပါ။ အဲဒီခရီးစဉ်မှာ RNDP က ဦးစံကျော်လှ၊ ဦးခိုင်ကောင်းစံ၊ ALD က ဦးဦးလှမြင့်၊ ရခိုင်အမျိုးသားကွန်ရက်က ဥက္ကဋ္ဌ တင်ထူးအောင်တို့ လိုက်ပါခဲ့ကြပါတယ်။

(သတင်းအရင်းအမြစ်- 

ဘင်္ဂလားဒေ့ရှ်မှ ရခိုင်တိုင်းရင်းသားများ မောင်တောသို့ အုပ်စုလိုက် ၀င်ရောက်လာနေ

ဘင်္ဂလားဒေ့ရှ်, ရခိုင်တိုင်းရင်းသား, အုပ်စုလိုက် ၀င်ရောက်, မောင်တော, ရခိုင်ပြည်နယ်, မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး
မောင်တောသို့ ရောက်ရှိလာသူများ(ဓာတ်ပုံ – စနေလင်း)
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် နေထိုင်ခဲ့ကြသော ရခိုင်တိုင်းရင်းသားများ ရခိုင်ပြည်နယ် မောင်တောမြို့နယ်သို့ ယခုလဆန်း အတွင်း အုပ်စုလိုက် ၀င်ရောက် လာကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျင်စန်းက ပြောသည်။
ဘင်္ဂလားဒေ့ရှ်ရှိ ရွာ ၇ ရွာမှ ကလေးအများစု ပါဝင်သော ရခိုင် တိုင်းရင်းသား ၁၂၂ ဦးသည် ဖေဖော်ဝါရီ ၄ ရက်က မောင်တောမြို့နယ် အတွင်းသို့ ၀င်ရောက်လာသည့်အတွက် ၎င်းတို့ကို ယာယီတည်းခိုနေထိုင်ရန် စီစဉ်ပေးထားကြောင်း ၎င်းက ပြောပြသည်။
“အခုရောက်လာတဲ့သူတွေက ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေဖြစ်နေကြတဲ့ တိုင်းရင်းသားတွေပါ၊ သူတို့ကို ယာယီအနေနဲ့ ထမင်း စား ဖို့ ကျနော်တို့က စီစဉ်ပေးနေတယ်၊ နောက်ပိုင်းမှာတော့ သူတို့ကို အတည်တကျ နေထိုင်စားသောက်နိုင်အောင် ညှိနှိုင်းပြီး ဆက် လုပ် သွားရမှာပေါ့။ သူတို့ကိုယ်တိုင်ကလည်း အလှူတွေကနေ ကိုယ့်ခြေထောက်ပေါ် ကိုယ်တိုင်ရပ်တည် လာနိုင်အောင် ကြိုးစားဖို့လိုပါတယ်”ဟု ဦးကျင်စန်းက ဧရာဝတီသို့ ပြောသည်။
မိမိတို့လူစုတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ရေမတ်ဖော်ရွာ၊ ကွမ်းချောင်းဝ ရွာများနှင့် နီးစပ်သော ရွာများမှ မြန်မာနိုင်ငံ နယ်စပ်
မိုင်တိုင် ၇၀ ကျောက်တိုင်သို့ ၂ ရက်ခန့် လမ်းလျှောက်လာပြီး ချင်းပြည်နယ် ပလက်ဝအတွင်းသို့ ၀င်ရောက်လာခဲ့ကြောင်း၊ ပလက် ၀တွင် ၁ လကျော်နေခဲ့ရပြီး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ ရောက်ရှိကာ ၁၅ ရက်ခန့်နေခဲ့ပြီးမှ မောင်တောသို့ ၀င်ခွင့်ရခဲ့ကြောင်း ရေမတ်ဖော်ရွာမှ ပြောင်းရွှေ့လာသူ ဦးနုမောင်က ဧရာဝတီ ကို ပြောပြသည်။
ဘင်္ဂလားဒေ့ရှ်တွင် မိမိတို့ တောင်ယာစိုက်ပျိုးရာ နယ်မြေများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများက တစတစနှင့် ကျူးကျော် သိမ်းပိုက် လာသည့်အတွက် မိမိတို့အနေဖြင့် ဆက်လက်လုပ်ကိုင်စားသောက်ရန် မဖြစ်နိုင်တော့သဖြင့် မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက် လာခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“၂ နှစ်လောက်ရှိပြီ၊ ကျနော်တို့ကို ဓားနဲ့ခုတ်၊ လူသတ်တာမျိုးတော့ မဖြစ်ပေမယ့် ရန်စောင်မှုတွေ၊ ဖိနှိပ်မှုတွေ ခံလာရတာများ တော့ ကျနော်တို့ ကြောက်ပြီး ထွက်ပြေးလာတာ၊ အဲဒီမှာ ဆက်လုပ်ကိုင် စားသောက်ဖို့ကလည်း ဆက်ရပ်တည်ဖို့ အခြေအနေ မပေးတော့ဘူး။ ဒါနဲ့ မြန်မာနိုင်ငံထဲမှာတော့ ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ငတ်တော့ငတ်မှာ မဟုတ်ဘူးဆိုပြီး ပြန်လာကြတာ”ဟု ဦးနုမောင် ကဆိုသည်။
ယခု ထွက်ပြေးလာသူများသည် ရွာလုံးကျွတ် မဟုတ်ကြောင်း၊ မိမိတို့ ရွာသားအများအပြား ဘင်္ဂလားဒေ့ရှ်တွင် ကျန်ရစ်ခဲ့သေးကြောင်း၊ ဆွေစဉ်မျိုးဆက် ဘင်္ဂလားဒေ့ရှ်တွင် အခြေချနေထိုင်သူများလည်း ပါဝင်ကြောင်း ပြောင်းရွှေ့လာသူ ဦးအောင်ရွှေသိန်း ကလည်း ပြောသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများက မိမိတို့အပေါ် ဖိနှိပ်လာသော်လည်း ဘင်္ဂလားဒေ့ရှ် အစိုးရက အကာကွယ်မပေးကြောင်း၊ မိမိတို့ တောင်ယာများမှ ထွက်ရှိသော သီးနှံများကိုလည်း ဈေးနှိမ်ပြီး ၀ယ်ယူသည့်အတွက် မကြာခဏ ပြဿနာ ဖြစ်ပွားရကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
အသက် ၆၅ နှစ် အရွယ်ရှိ ရွှေ့ပြောင်းလာသူ ဒေါ်ရှမ်းမစု ကလည်း“ကျမတို့က အစိုးရကို အားကိုးပြီးတော့ ပြန်လာတာ၊ အခုလို နှစ် ပေါင်းများစွာ နေလာခဲ့တဲ့ ကိုယ့်အိမ်ကိုယ်ယာကို စွန့်လိုက်ရတဲ့ အတွက် အရမ်းကို ၀မ်းနည်းရသလို ကိုယ့်နိုင်ငံထဲကို ပြန်ရောက် ရတဲ့အတွက်လည်း ၀မ်းသာရတယ်၊ စိတ်ထဲမှာ တမျိုးကြီးပဲ၊ ဟိုဘက်မှာ တချို့သားသမီးတွေလည်းကျန်ခဲ့တော့ သူတို့အတွက် လည်း စိတ်ပူတယ်”ဟု ပြောပြသည်။
ဘင်္ဂလားဒေ့ရှ်မှ တိုင်းရင်းသားများ ရခိုင်ပြည်နယ်သို့ ပြန်လည်ပြောင်းရွှေ့လာခြင်းသည် ၂၀၁၂ ခုနှစ် အောက်တိုဘာလမှ စတင် ခဲ့ကြောင်း၊ ယခုအကြိမ်နှင့်ဆိုလျှင် ၁၄ ကြိမ်ရှိပြီ ဖြစ်ကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၏ စာရင်းများအရ သိရသည်။
ဘင်္ဂလားဒေ့ရှ်မှ မောင်တောမြို့နယ်သို့ ၀င်ရောက်လာသော အိမ်ထောင်စုပေါင်း ၃၅၀ ကျော်ရှိခဲ့ပြီး လူဦးရေပေါင်း ၁၅၀၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း မောင်တော အုပ်ချုပ်ရေးမှူးရုံး စာရင်းများတွင် ပါရှိသည်။
ထို့အပြင် ဘင်္ဂလားဒေ့ရှ်တွင် အခြေချနေထိုင်နေကြသော မြန်မာတိုင်းရင်းသားများ ၁၀ သိန်း ၀န်းကျင်အထိ ရှိနေပြီး လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက အခြေချနေထိုင်နေသူများဖြစ်ကြကြောင်း၊ ၎င်းတို့တွင် ရခိုင်၊ မြို၊ ခမီ၊ သက်တို့အပြင် ချင်းတိုင်းရင်း သား များပင် ရှိနေကြောင်း မောင်းတောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျင်စန်းက ပြောဆိုသည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

ရခိုင်ခေါင်းဆောင်တွေ မလေးရှားမှာ သေနတ်ပစ်ခံရ

dr-aye-maung-b305
ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်
 မလေးရှားနိုင်ငံကို ရောက်ရှိနေကြတဲ့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေကို လူတစ်စုက အကြမ်းဖက်လုပ်ကြံဖို့ ကြိုးစားခဲ့ကြတယ်လို့ သိရပါတယ်။
ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးအေးသာအောင်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဗုဒ္ဓဟူးနေ့ညက အမည်မသိ အကြမ်းဖက် သမားတစ်စုက သေနတ် နဲ့ လိုက်လံပစ်ခတ်ခဲ့ကြရာမှာ၊ သူတို့စီးလာတဲ့ကားကို ထိမှန်ပြီး၊  လူတွေတော့ လွတ်မြောက်သွားတယ်လို့  RFA က စုံစမ်းသိရှိရပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့  ဦးအေးသာအောင်တို့နဲ့အတူ ကားထဲမှာ လိုက်ပါသွားခဲ့တဲ့ မလေးရှားရောက် ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်သူ ဦးစိုးအောင်က RFA ကို အခုလိုပြောပါတယ်။
“ည ၁၁ နာရီလောက်မှာ ဆိုင်ကယ်နဲ့ နှစ်ယောက်က ကားဘေးကနေ ကပ်လိုက်လာပြီးတော့ ပစ်တာပေါ့၊ ကျနော်တို့ ပစ်တယ်လို့ သိလိုက်တဲ့အချိန်မှာ ကျနော်တို့က ကားကိုလွတ်အောင် မောင်း တာပေါ့ဗျာ၊ မောင်းတဲ့အချိန်မှာ သူတို့က နောက်ကထပ်လိုက်တာပေါ့ဗျာ၊ နောက်ပြီးတော့ ဘေးကို တစ်ချက်ပစ်တယ်၊ နောက်ကနေထပ် နှစ်ချက်ပစ်တာပေါ့၊ သုံးချက်ပေါ့၊ ကားထဲမှာ ကျည်ဆန် သုံးခုတွေ့တာပေါ့၊ ပစ်တဲ့အချိန်မှာ ကြားလိုက်တာက ပစ် ထပ်ပစ် ထပ်ပစ်ဆိုပြီးတော့လို့ ပြောတာ ကြားလိုက်တယ်”
သေနတ်သမားတွေက သူတို့ကားနောက်ကနေ လိုက်လံပစ်ခတ်ချိန်မှာ မြန်မာစကားနဲ့ ပြောဆိုသံကြားခဲ့ရတဲ့ အတွက် အဲဒီအကြမ်းဖက်သမားတွေဟာ မြန်မာနိုင်ငံက ဖြစ်လိမ့်မယ်လို့  ဦးစိုးအောင်က ဆိုပါတယ်။
ဦးအေးသာအောင်နဲ့ ဒေါက်တာအေးမောင် ဦးဆောင်တဲ့အဖွဲ့ ဟာ မလေးရှားမှာ အလုပ်လုပ်ကိုင်နေတဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ တွေ့ ဆုံဆွေးနွေးဖို့ သွားရောက်နေတာဖြစ်ပါတယ်။
အခုတိုက်ခိုက်မှုမှာ တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာ မရခဲ့ကြောင်း၊ ဒီဖြစ်ရပ်ကို မလေးရှားရဲဌာနမှာ အမှုဖွင့်ထားကြောင်း သိရပါတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ သေနတ်သမားတွေကို ရှာလို့မတွေ့ သေးဘူးလို့ ဆိုပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့  ဦးစိုးအောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
ဆက်သွယ်မေးမြန်းချက်ကိုနားထောင်ရန် ဤနေရာကိုနှိပ်ပါ။
(သတင်းအရင်းအမြစ်- RFA Burmese)

တပ်မတော်က ပြန်ပေးသော်လည်း ရခိုင်တောင်သူ လယ်ပြန်မရ

confiscation-landsတပ်မတော်က သိမ်းဆည်းမြေများကို တောင်သူများလက်သို့ စိစစ်ပြီး ပြန်လည် ပေးအပ်နေရာတွင် အချို့လယ်သမားများမှာ ၎င်းတို့၏ လယ်မြေများကို ပြန်လည် လုပ်ကိုင်ခွင့်ပြုကြောင်း တပ်မတော် တာဝန်ရှိသူများက ခေါ်ယူ ပြောကြားသော်လည်း လယ်ကို ပြန်မရဘဲ ဖြစ်နေကြသည်ဟု လယ်သမားများက ပြောသည်။
တပ်မတော်က လယ်မြေပြန်ပေးသော်လည်း လယ်ပြန်မရဘဲ ဖြစ်နေရကြောင်းကို တောင်ကုတ်မြို့နယ် ရန်မျိုးအုပ်စုမှ လယ်သမား တစ်ဦးဖြစ်သူ ဦးခင်မောင်စိုးက နိရဉ္စရာသို့ ယခုလို ပြောကြားသည်။
“ တောင်ကုတ် အခြေစိုက် စကခ (၅) က ၂၀၁၃ ခုနှစ် စက်တင်္ဘာလ ၇ ရက်နေ့မှာ လယ်မြေ သိမ်းခံထားရတဲ့ လယ်သမားတွေကို ခေါ်ယူပြီး ခင်ဗျားတို့လယ်တွေကို ခင်ဗျားတို့ ပြန်လုပ်နိုင်ပြီ။ ဒီလယ်တွေကို တပ်မတော်က ဆက်မလုပ်တော့ဘူးလို့ ခေါ်ယူပြောဆိုပါတယ်” ဟု ၎င်းက ဆိုသည်။
တောင်ကုတ်မြို့နယ် ရန်မျိုးအုပ်စု မောက်ချောင်း ကျေးရွာတွင် ဦးခင်မောင်စိုးပိုင် လယ်မြေ (၄) ဧက ရှိကြောင်း၊ ၎င်းလယ်မြေများကို ၂၀၀၁-၂၀၀၂ ခုနှစ် အတွင်းက တပ်မတော်က သိမ်းသွားခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ် စက်တင်္ဘာလတွင် ပြန်ပေးကြောင်း၊ သို့သော်လည်း အခုအချိန်ထိ လယ်မြေများကို ပြန်မရသေးကြောင်း သူက ပြောသည်။
“ အခုအချိန်ထိ ကျွန်တော်လယ်မြေတွေပေါ်မှာ တောင်ကုတ် မြို့မိမြို့ဖ ဆိုသူတွေက နှစ်ရှည် သီးနှံပင်တွေဖြစ်တဲ့ ရော်ဘာပင်တွေ၊ ကျွန်းပင်တွေ စိုက်ပျိုးထားပါတယ်။ အခုအချိန်ထိ ပြန်မပေးသေးပါဘူး။ အဲဒါ ဘယ်လို ဖြစ်နေသလဲဆိုတာကို အရမ်းသိချင်ပါတယ်” ဟု သူက ဆိုသည်။
တောင်ကုတ်မြို့နယ် အတွင်းရှိ လယ်မြေ အမြောက်အများကို တပ်မတော်က သိမ်းဆည်း သွားပြီးနောက်ပိုင်း ယင်းလယ်မြေထဲမှ အချို့မှာ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များ လက်သို့ ရောက်ရှိသွားခဲ့သည်ဟု သိရသည်။
သို့အတွက် ယင်းလယ်မြေများကို စစ်တပ်က လယ်သမားများအား ပြန်ပေးသော်လည်း မူလပိုင်ရှင် လယ်သမားလက်ထဲသို့ မရောက်နိုင်ဘဲ ဖြစ်နေခြင်း ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။
၎င်းကိစ္စနှင့် ပတ်သက်ပြီး တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစံလိုင်ထံသို့ အကြိမ်ကြိမ် ဖုံးဆက်သော်လည်း ဖုံးပိတ်ထားသဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါ။
တောင်ကုတ်မြို့နယ်NLD ခေါင်းဆောင်သူ တစ်ဦးဖြစ်သူ ဦးမင်းအောင်ကမူ ၎င်းလယ်မြေများများနှင့် ပတ်သက်ပြီး ယခုလို ပြောကြားသည်။
“ ကျွန်တော်တို့လည်း ဒီလို လယ်မြေတွေကို တပ်မတော်က ပြန်ပေးမယ့် လယ်သမားတွေရဲ့ လက်ထဲကို မရောက်ဘဲ ဖြစ်နေတယ်ဆိုတာကို ကြားရပါတယ်။ ဒါကြောင့် လွှတ်တော်က ဖွဲ့ပေးထားတဲ့ သိမ်းဆည်း လယ်ယာမြေနဲ့ အခြားမြေများ စိစစ်ရေး ကော်မရှင်က လာပြီး တောင်ကုတ်ကို စစ်ဆေးစေချင်ပါတယ်။ ရှေ့အပတ်မှာတော့ ရောက်မလို့ ကြားတဲ့ အတွက် ကျွန်တော်တို့ကတော့ မျှော်နေပါတယ်။ ကျွန်တော်တို့ NLD ပါတီက အစိုးရလည်း မဟုတ်၊ လွှတ်တော်မှာလည်း ကိုယ်စားလှယ်က နည်းနည်းဘဲ ရှိနေတဲ့ အတွက် လယ်သမားတွေကို အားပေး ကူညီရုံမှ အပ ဘာမှတော့ လုပ်မပေးနိုင်ပါဘူး” ဟု ပြောသည်။
တပ်မတော်မှ သိမ်းဆည်း လယ်မြေများကို ပြန်လည် စိစစ်ပြီး ဒုတိယ အကြိမ် ပေးအပ်မည် ဖြစ်ရာ  ရခိုင်ပြည်နယ်အတွင် သိမ်းဆည်းမြေများထဲမှ ဧက ၁၈၀၁၉ ဒဿမ ၉၅၀ ကို ပြန်ပေးမည် ဖြစ်ကြောင်း လွှတ်တော်တွင် ဖေဖေါ်ဝါရီလ ၅ ရက်နေ့က ကြေညာသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

သံတွဲ စက်မူဝန်ကြီးဌာနပိုင် ရော်ဘာစက်ရုံ မီးလောင်

Ngapali-Thandwe-Sandoway-Rakhine-State-Myanmarရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ အစိုးရ စက်မူဝန်ကြီးဌာန လက်အောက်ရှိ ရော်ဘာအခြောက်လှမ်းသည့် စက်ရုံတွင် ယနေ့ ညနေက မီးလောင်မူ ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။
မီးလောင်မူကြောင့် ရော်ဘာများကို အခြောက်လှမ်းသော ဒေသအခေါ် မိုင်းရုံ၏ တစ်ခြမ်းကျော် မီးထဲပါသွားခဲ့သည်ဟု ပြောသည်။
မီးမှာ ယနေ့ ညနေ ၆ နာရီခွဲက စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ၄၅ မိနစ်ခန့် လောင်ကျွမ်းခဲ့သည်ဟု စိုက်ပျိုးရေး ဌာနမှ ၀န်ထမ်း တစ်ဦးက ဆိုသည်။
နောက်ပိုင်းတွင် ဂျိတ်တော၊ သံတွဲမှ မီးသတ်ကားများနှင့် စက်ရုံဝင်းအတွင်းရှိ အလုပ်သမားများက ၀ိုင်းဝန်း မီးငြိမ်းသတ်ခဲ့ရသည်ဟု ဆိုသည်။
၎င်းစက်ရုံသည် သံတွဲနှင့် ငပလီအကြားတွင် တည်ရှိပြီး သံတွဲမှ  သုံးမိုင်နှင့် ခြောက်ဖါလုံဝေးကြောင်း  သိရသည်။
ရော်ဘာပြားများ မီးထဲပါသွားသဖြင့် အပျက်စီး ဆုံးရှုံးမူ ပမာဏများနိုင်ကြောင်း၊ သို့သော်လည်း လောလောဆယ် မီးငြိမ်းသတ်နေရဆဲ ဖြစ်၍ ဆုံးရှုံးမူ တန်ဖိုးကို မတွက်ချက်နိုင်သေးကြောင်း သူက ပြောဆိုသွားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

သတင်းမှားတွေ ထုတ်ပြန်တဲ့ UNနဲ့ INGO တွေ ဒေသအတွင်းက ထွက်သွားဖို့ ဘူးသီးတောင်မှာ ဆန္ဒပြတောင်းဆို

Protest-Arakan-against-UN-INGO
(Photo by Coral Arakan )
သတင်းမှားတွေ ထုတ်ပြန်တဲ့ အတွက် တင်းမာမူတွေ ကြီးထွားလာတာကြောင့် ဘူးသီးတောင် ဒေသခံ တစ်ထောင်ကျော်ဟာ လမ်းမတွေပေါ်ကို ထွက်ပြီး ယူအန်နဲ့ အိုင်အန်ဂျီအိုတွေကို ဒေသအတွင်းက (၇) အတွင်း ထွက်သွားဖို့ ဒီကနေ့မှာ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီ ဆန္ဒပြပွဲကို ဒီကနေ့ နေ့လယ် တစ်နာရီမှာ စတင်ခဲ့ပြီး ထောင်နဲ့ချီရှိတဲ့ ဘူးသီးတောင် ဒေသခံတွေဟာ ဧစေတီကျောင်းမှာ စုရုံးခဲ့ကြကာ အဲဒီကတဆင့် ပိုစတာတွေ၊ ဆိုင်းဘုတ်တွေနဲ့ အတူ မြို့ထဲ လမ်းမတွေပေါ်မှာ ချီတက် ဆန္ဒပြ တောင်းဆိုခဲ့ကြတယ်လို့ ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ဦးဦးသန်းလိုင်က နိရဉ္စရာကို ပြောပါတယ်။
“ ဆန္ဒပြတဲ့သူက စုစုပေါင်း တစ်ထောင်ကျော်ပါတယ်။  ပိုစတာတွေ၊ ဆိုင်းဘုတ်တွေကို အသီးသီး ကိုင်ဆောင်ပြီး ယူအန်နဲ့ အိုင်အန်ဂျီအိုတွေ ခုနှစ်ရက်အတွင်း မောင်တော ခရိုင်က ထွက်သွားဖို့ ဒီကနေ့ နေ့လယ်က ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ ခုလို တောင်းဆိုရတာက ယူအန်နဲ့ အိုင်အန်အိုဂျီတွေဟာ မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်မှာ ရခိုင်လူမျိုးတွေသတ်တဲ့ အတွက် မွတ်ဆလင် ဘင်္ဂလီ ကလေးနဲ့ အမျိုးသမီး ၄၀ ကျော်သေဆုံးခဲ့တယ်ဆိုပြီး မဟုတ်မမှန် သတင်းတွေ ထုတ်ပြန်တဲ့ အတွက် ဖြစ်ပါတယ်။ ခုလို ထုတ်ပြန်တဲ့ အတွက် ဒေသအတွင်း ပြဿနာတွေ ပိုပြီးတော့ တင်းမာလာခဲ့ရတယ်။ ယူအန်နဲ့ အိုင်အန်ဂျီအိုတွေ ရှိနေသမျှ ဒေသအတွင်းမှာ ပြန်လည် ငြိမ်းချမ်းရေး မရနိုင်ဘူးလို့ ယုံကြည်တဲ့ အတွက် ခုလို နိုင်ငံခြား အဖွဲ့အစည်းတွေ ထွက်သွားဖို့ တောင်းဆိုရတာပါ။”
အခုပြုလုပ်တဲ့ ဆန္ဒပြပွဲဟာ သက်ဆိုင်ရာက ခွင့်ပြုချက်နဲ့ ပြုလုပ်တာ ဖြစ်တဲ့အတွက် အေးအေးချမ်းချမ်းနဲ့ဘဲ နေ့လယ်  ၁ နာရီက စတင်တဲ့  ဆန္ဒပြပွဲဟာ နေ့လယ် ၂ နာရီမှာ ပီးဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဆန္ဒပြတဲ့သူတွေဟာ အချက် (၇) ချက်ပါ တောင်းဆိုချက်တွေကိုလည်း တောင်းဆိုခဲ့ကြပါတယ်။
(၁)UNHCR နှင့် INGO များ ၇ ရက်အတွင်း မောင်တောခရိုင်မှ အပြီးအပိုင်ထွက်ခွာသွားရန် (၂) ကုလသမဂ္ဂမှ တဘက်သတ် ကြေငြာချက်မှာ မှားယွင်းသဖြင့် ပြန်လည်ရုတ်သိမ်းပေးရန် (၃) ဒေသလုံခြုံ၊ အေးချမ်း တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး (၄) ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို အမြန် ဆုံး အကောင်အထည် ဖေါ်ပေးရန်။ (၅) ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း သတ်ဖြတ်ခံရမှု ဥပဒေအတိုင်း အမြန်ဆုံး အရေးယူရန် (၆) တိုင်းရင်းသား၊ ပြည်သူများအား ကာကွယ်ရန် (၇) ရဲတပ်ဖွဲ့အားလုံးကို အချိန်နှင့်တပြေးညီ လုပ်ပိုင်ခွင့်ပြုရန်တို့ ဖြစ်ပါတယ်။
ဒါ့အပြင် ဆန္ဒပြသူတွေဟာ ယူအန်နဲ့ အိုင်အန်ဂျီအို အလိုမရှိ။ အကြမ်းဖက်သမား အလိုမရှိ။ အေပီ၊ ဧရာဝတီ အလိုမရှိစတဲ့ ကြွေးကြော်သံများကို ကြွေးကြော်ဆန္ဒပြခဲ့ကြတယ်လို့လည်း ဦးဦးသန်းလိုင်က ပြောဆိုသွားပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်ပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ဒေါက်တာအေးမောင်တို့ မလေးရှားတွင် လုပ်ကြံခံရ

ရခိုင်လူထုနှင့် တွေ့ဆုံရန် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အတွင်းရေးမှူး ဒေါက်တာအေးမောင်တို့ကို ဖေဖော်ဝါရီလ ၅ ရက်နေ့ ညပိုင်းတွင် သေနတ်သမားတစ်ဦးက ပစ်ခတ် လုပ်ကြံခဲ့ကြောင်း ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော် ပြောကြားသည်။

မလေးရှား စံတော်ချိန် ည ၁၁ နာရီ မိနစ် ၂၀ ခန့်တွင် ကုန်တိုက်တစ်ခုမှ ဈေးဝယ်ပြီး ပြန်လာသော ဒေါက်တာအေးမောင်၏ မော်တော်ယာဉ်ကို အဆိုပါ သေနတ်သမားက ဆိုင်ကယ်ဖြင့် ဘေးချင်း ယှဉ်ကပ်လိုက်လာကာ ပစ်ခတ်ခြင်း ဖြစ်ကြောင်း မလေးရှားနိုင်ငံတွင် ရောက်ရှိနေသူများ၏ ပြောဆိုချက်ကို ကိုးကားကာ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ရှင်းပြသည်။
“ကားမှာ ကျည်ဆန်ရာ ငါးပေါက် ဖြစ်သွားတယ်။ အတွင်းကိုတော့ မပေါက်တဲ့အတွက် ဒဏ်ရာမရဘူး” ဟု ဦးဇော်အေးမောင်က ပြောဆိုသည်။

သေနတ်ပစ်ခတ်သူ စီးလာသည့် ဆိုင်ကယ်နောက်တွင် ၎င်းနှင့် တစ်ဖွဲ့တည်းဟု ယူဆရသည့် လူတစ်စု မော်တော်ယာဉ်နှင့် လိုက်ပါလာပြီး ယင်းမော်တော်ယာဉ်ပေါ်က လူက “ပစ်၊ ပစ်” ဟု မြန်မာဘာသာဖြင့် အော်ပြီး အမိန့်ပေးသံ ကြားရသည်ဟု ဒေါက်တာအေးမောင်နှင့် အတူလိုက်ပါသူများ၏ ပြောဆိုချက်ကို ကိုးကားကာ ၎င်းက ပြန်လည် ပြောကြားသည်။

ဦးအေးသာအောင်၊ ဒေါက်တာအေးမောင်နှင့် ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင် အပါအဝင် စုစုပေါင်း ခြောက်ဦးအဖွဲ့သည် မလေးရှားနိုင်ငံ အခြေစိုက် ရခိုင် လူမှုကယ်ဆယ်ရေး အဖွဲ့၏ ဖိတ်ကြားမှုဖြင့် စာပေဟောပြောရန် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် မလေးရှားသို့ သွားရောက်ခြင်း ဖြစ်ကြောင်း RNDP ပါတီထံမှ သိရှိရသည်။

ဒေါက်တာအေးမောင်နှင့် အဖွဲ့သည် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လာမည် ဖြစ်ကြောင်း ယင်းပါတီထံမှ သိရှိရသည်။

(သတင်းအရင်းအမြစ်- The Voice Weekly)

ရခိုင်ကသိမ်းထားတဲ့ လယ်ဧက တစ်သောင်းရှစ်ထောင်ကျော် စစ်တပ်က ဒုတိယ အကြိမ် ပြန်ပေးမည်


confiscation-lands
(ရခိုင်မှ တပ်မတော်က သိမ်းဆည်းထားသော မြေ)
ရခိုင်ပြည်နယ်အတွင်းက သိမ်းထားတဲ့ မြေဧက မြောက်မြားစွာထဲက လယ်ဧက ၁၈၀၁၉ ဒဿမ ၉၅၀ ကို ပြန်ပေးမယ်လို့ မနေ့က ပြုလုပ်တဲ့ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေးမှာ ထုတ်ဖေါ် ပြောကြားတယ်လို့ သိရပါတယ်။
အခုပေးမယ့်မြေတွေက စစ်တပ်က ဒုတိယ အကြိမ် စိစစ်ပြီး ပြန်လည် စွန့်လွှတ်ပေးတဲ့ မြေတွေ ဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်က ဒုတိယ အကြိမ် ရခိုင်လယ်သမားတွေကို  ပြန်ပေးမယ့် မြေတွေအထဲမှာ ပြည်ထဲရေးအမိန့်ရယူသိမ်းဆည်းမြေ ၁၇၆၀ ဒဿမ ၆၁၀၊ မြေစာရင်းပုံစံ ( ၁၀၅/ ၁၀၆) ရယူသိမ်းဆည်းထားသောမြေ ၉၀၅၂ ဒဿမ ၃၀၀၊ တပ်အစီအစဉ်ဖြင့် လုပ်ပိုင်ခွင့်ရယူသိမ်းဆည်းထားသောမြေ ၃၉၁၄ ဒဿမ ၁၆၀ နှင့် ယခင်ကာလ သိမ်းဆည်းရေး ဆောင်ရွက်ဆဲမြေ ၃၂၉၂ ဒဿမ ၈၈၀ ဧက တို့ပါဝင်တယ်လို့ သိရပါတယ်။
ရခိုင်အတွက်တော့ ပြန်ပေးမယ့် မြေကတော့ ၁၈၀၁၉ ဒဿမ ၉၅၀ ဖြစ်ပြီး တစ်နိုင်ငံလုံးအနေနဲ့တော့ မြေဧက ၁၅၄၈၉၂ ဒသမ ၁၀၂ ကို စစ်တပ်က ဒုတိယ အကြိမ် ပြန်ပေးမှာ ဖြစ်ပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဒေါက်တာအေးမောင် နှင့် ဦးအေးသာအောင်အား မလေးရှားတွင် လုပ်ကြံရန် ကြိုးစားမှုမအောင်မြင်

မလေးရှား ရခိုင်အသိုက်အ၀န်း၏ ဖိတ်ခေါ်မှုဖြင့် မလေးရှားသို့ ရောက်ရှိနေသော ဒေါက်တာအေးမောင် နှင့် ဦးအေးသာအောင် တို့အား သေနတ်သမားအချို့က ပစ်ခတ်လုပ်ကြံခဲ့ကြသော်လည်း မည်သူမျှ ထိခိုက်ဒဏ်ရာရမှုမရှိဘဲ ဘေးမသီရန်မခ လွတ်မြောက်လာခဲ့ကြသည် ဟု သိရသည်။

ယနေ့ ညနေပိုင်း ကုန်တိုက်မှအထွက်တွင် ရခိုင်ခေါင်းဆောင်နှစ်ဦးနှင့် အဖွဲ့အား ဆိုင်ကယ်သမားတစ်ဦး နှင့် ကားတစ်စီးပေါ်မှ သေနတ်သမားတို့က သေနတ်ရှစ်ချက် ပစ်ခတ်ပြီးနောက် ဗမာစကားဖြင့် “ပြေး . . . ပြေး” အော်ဟစ်ကာ မောင်းနှင်ထွက်ပြေးသွားကြသည် ဟု ဆိုသည်။

သေနတ်သမားများ မည်သူမည်ဝါဖြစ်ကြောင်း မည်သည့်အတွက်ပစ်ခတ်ကြောင်း စသည့် အကြောင်းခြင်းရာ များကို ဖော်ထုတ်နိုင်ခြင်းမရှိသေးပါ။

သို့ရာတွင် မလေးရှားရောက် မြန်မာနိုင်ငံမှ ကုလားအချို့က ရခိုင်ခေါင်းဆောင် နှစ်ဦးအား လုပ်ကြံ သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့မှုများ ရှိခဲ့သည်။

(ဤသတင်းကို Coral Arakan News မှ ကူးယူဖော်ပြပါသည်)

Thursday, February 6, 2014

မလေးအချုပ်ထဲရှိ နိုင်ငံမဲ့ ၅၀၀ မြန်မာက လက်ခံရန်ငြင်း

immigration-detention-centre-in-malaysia
မလေးရှား အချုပ်ခန်းထဲတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသားဆိုသူ တရားမ၀င် ရွှေ့ပြောင်း ၀င်ရောက်လာသူများကို မြန်မာက ပြန်လက်ခံရန် ငြင်းဆိုသည်ဟု ဆိုကာ The Star Online Reports တွင် Myanmar refuses to take back nabbed illegals ဖြင့် သတင်းဖေါ်ပြသည်။
မလေးရှား လ၀က ညွှန်ကြားရေးမှူးချုပ် Datuk Alias Ahmad က ကွာလာလမ်ပူရှိ မြန်မာသံရုံးက သူတို့အား ခရီးသွားလက်မှတ် ထုတ်ပေးရန် ငြင်းဆိုကြောင်း ပြောဆိုသည်။
“ သူတို့ကို ခရီးသွားလက်မှတ် မရှိဘဲ ဘယ်လို နှင်ထုတ်နိုင်မလဲ။ သူတို့ရဲ့ နိုင်ငံက သူ့တို့ကို သူ့နိုင်ငံသား မဟုတ်ဘူးလို့ ငြင်းထားတယ်လေ” ဟု ယင်းလ၀က ညွှန်မှူးက ဆိုသည်။
“ သူတို့က မြန်မာစကားတတ်တယ်။ သူတို့အစိုးရက သူတို့ကို ခရီးသွား လက်မှတ် ထုတ်ပေးဖို့ငြင်းတယ်။ ခရီးသွားလက်မှတ် မရှိဘဲ နှင်ထုတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဟု ရာထူး လွဲပြောင်းပွဲတစ်ခုတွင် သူက သတင်းထောက်များကို ပြောဆိုသည်။
၎င်းပြင်သူက မလေးရှား Detention Canter ထိန်းသိမ်းစခန်းတွင် ယခုအခါ မြန်မာနိုင်ငံက ၀င်ရောက်လာသူ  ၅၀၀ ကို ထိန်းသိမ်းထားသည်ဟု သူက သတင်းထောက်များကို ပြောကြားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

တောင်ကုတ် ကျောက်ဆိပ်တောင်ရွာတွင် လုပ်အားပေးစေခိုင်းဟုဆို

Taungupရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ကျောက်ဆိပ်တောင် ကျေးရွာတွင် ရွာသားများကို ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဘုရားဂေါပကမှ လုပ်အားပေး စေခိုင်းခဲ့သည်ဟု နိရဉ္စရာမှ သတင်း ရရှိသည်။
ကျောက်ဆိပ်တောင်၊ ကျောက်ညီ၊ မှန်စီတောင်၊ ရွှေပြည်သာ စသည့် ရွာ (၄) ဖြင့် တစ်အုပ်စု ဖွဲ့ထားသော ကျောက်ဆိပ်တောင် ကျေးရွာ အုပ်စုတွင် ရွာသားများကို တစ်နေ့ လူ ၂၀၀ နုန်းဖြင့် စိမ့်စမ်းရေ ရရှိရေး အတွက် မြောင်းတူးဖေါ်ရာတွင် ဇန်န၀ါရီလ ၃၁ ရက်နေ့က စပြီး စေခိုင်းနေခြင်း ဖြစ်ကြောင်း ရွာသား တစ်ဦးဖြစ်သူ ဦးကျော်နိုင်ဦးက ပြောသည်။
“ သူတို့က ရွာဆော်နဲ့ အော်ပါတယ်။ တစ်အိမ်တစ်ယောက်ကျ ထွက်ရမယ်။ အလုပ် လုပ်ဖို့ မလာရင် တစ်အိမ် ၂၅၀၀ ကျပ် ဒဏ်တပ်မယ်လို့ ပြောပါတယ်။ ခိုင်းတာ ဇန်န၀ါရီလ ၃၁ ရက်နေ့ စခိုင်းပါတယ်။ မနေ့က ဖေဖေါ်ဝါရီလ ၅ ရက်နေ့မှာတော့ နားထားပါတယ်” ဟု သူက ပြောသည်။
ဆင်းရဲကြသော ကျေးရွာသားများ အနေဖြင့် တစ်နေ့လုပ်မှ တစ်နေ့စားကြရသဖြင့် ယခုကဲ့သို့ စေခိုင်းသည်ကို မလုပ်လိုကြဟု သူက ပြောသည်။
၎င်းလုပ်အားပေး စေခိုင်းမူ ကိစ္စနှင့် ပတ်သက်ပြီး တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့်လွှင်အား မေးကြည့်ရာသူက ယခုလို ပြောသည်။
“ အဲဒီရွာတွေက နွေကျရင် ရေရှားတယ်။ သူတို့မှာ အစိုးရဆီက ရထားတဲ့ ငွေ ၁၀ သိန်းရှိတယ်။ ဒါနဲ့ မလုံလောက်တာကြောင့် ကျေးရွာသားတွေကို ခေါ်ပြီး ရေရရှိရေး အတွက် မြောင်းတူးတယ်လို့ သိရပါတယ်။ ရွာသားတွေ ရေမြောင်းတူးတာကို ကိုယ့်မြို့ ကိုယ်ရွာ တိုးတက်ရေး လုပ်တာဖြစ်တဲ့ အတွက် တားလို့ မရဘူး။ ဒါပေမယ့် ဆန္ဒမပါသူတွေကို မခိုင်းနဲ့။ အတင်းအဓမ္မခိုင်းတာမျိုးတွေ မလုပ်နဲ့လို့ မနေ့ကဘဲ ကျနော်ရယ်၊ မြို့နယ် ဥပဒေအရာရှိရယ်၊ မြို့နယ်မှူးတို့ရှေ့မှာ သူတို့ကို ခေါ်ပြောထားတယ်” ဟု ဆိုသည်။
အကယ်၍ ဆန္ဒမပါဘဲ ခိုင်းစေပါက ၂၇ (က) အရေးယူ ခံရနိုင်ပြီး ထောင် ဒဏ် ၁ နှစ် (သို့မဟုတ်) ငွေသိန်းထက် မနည်းသော ဒဏ်ငွေကို ကျခံရနိုင်ကြောင်း သတိပေး ပြောကြားလိုက်သည်ဟု မြို့နယ် အုပ်ချုပ်ရေှးမှူးက ပြောသည်။
“ ရွာသားတွေ သဘော ဆန္ဒမပါဘဲ မခိုင်းနဲ့။ ခိုင်းရင် ၂၇ (က) အရေးယူ ခံရနိုင်ပြီး ထောင် ဒဏ် ၁ နှစ် (သို့မဟုတ်) ငွေသိန်းထက် မနည်းသော ဒဏ်ငွေကို ကျခံရနိုင်တယ်။ တစ်အိမ် တစ်ယောက်ကျလာရမယ်။ မလာရင် ငွေပေးရမယ်။ ဒါမျိုးတွေ လုပ်လို့ မရဘူး။ ဒါကို ရွာသားတွေသိအောင် ရွာဆော်ကို ရွာတွေမှာ ပတ်ပြီး အော်ခိုင်းဖို့လည်း ပြောလိုက်ပါတယ်” ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။
ယခုကဲ့သို့ ရေမြောင်းတူးဖေါ်သည့်နေရာတွင် စေခိုင်းမူကို မကျေနပ်သော ကျေးရွာသားများက မြို့နယ် အုပ်ချုပ်ရေးမှူး အပါအ၀င် ရန်ကုန်ရှိ ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်သို့လည်း တိုင်ကြားလိုက်သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, February 5, 2014

ရခိုင်ပြည်နယ် အေးချမ်းရေး ဝိုင်းပြီးကြိုးပမ်းဖို့ ဒုသမ္မတပြော

unyanwin-305.jpg
ရခိုင်ပြည်နယ် စစ်တွေမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ နိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေ၊ ရပ်မိရပ်ဖတွေ ဖေဖော်ဝါရီလ ၄ ရက်နေ့က တွေ့ဆုံကြစဉ်
photo: RFA/ Min Thein Aung
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ လေးစားလိုက်နာရေးနဲ့ အုပ်စုဖွဲ့ရမ်းကားမှုတွေ မပေါ်ပေါက်ဖို့အတွက် ဒေသ ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေ လူမှုအဖွဲ့အစည်းတွေအားလုံး ဝိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်ကြောင်း နိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ပြောကြားလိုက်ပါတယ်။
နိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ရခိုင်ပြည်နယ် စစ်တွေမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး မှာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေ၊ ရပ်မိရပ်ဖတွေနဲ့ ဒီကနေ့ တွေ့ဆုံရာမှာ အခုလိုတိုက်တွန်း ပြောကြားလိုက်တာ ဖြစ်ပါတယ်။
“ဒီဒေသထဲမှာရှိတဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ၊ မြို့မိမြို့ဖတွေ၊ လူမှုအဖွဲ့ အစည်းတွေက ဒီဒေသမှာနေထိုင်နေကြတဲ့ လူမျိုးတွေအားလုံးပေါ့နော်၊ အတူယှဉ်တွဲနေ ထိုင်သွားဖို့ ဥပဒေလေးစားလိုက်နာဖို့ လူအုပ်စုဖွဲ့ ရမ်းကားတာတွေကို ဒါတွေမရှိဖို့အတွက် ဆွေးနွေး ပညာပေးကြပါ၊ စည်းရုံးပါ၊ ဒေသတည်ငြိမ်အေးချမ်းဖို့အတွက် တရားဥပဒေစိုးမိုးမှု ပေါ်ပေါက် လာအောင် ဆောင်ရွက်ပေးဖို့အတွက်ကိုပဲ ကျနော်တို့က မျှော်မှန်းထားပါတယ်”
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးဟာ အဓိကကျသလို ရခိုင်ပြည်နယ်မှာ ပြည်ပရင်းနှီးမြှုပ်နှံလိုသူတွေ ယုံကြည်စိတ်ချလာတဲ့ အခြေအနေမျိုးအထိရောက်အောင် အားလုံးဝိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်ကြောင်း ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတော်အနေနဲ့ ကောင်းမွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရဖြစ်အောင် ကြိုးပမ်းဆောင်ရွက်နေချိန်မှာ အစိုးရဝန်ထမ်းတွေရဲ့ ခေါက်ရိုးကျိုးနေပြီဖြစ်တဲ့ အကျင့်ဟောင်းတွေကို ပြုပြင်ဖို့ လိုအပ်သလို ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေ အနေနဲ့လည်း ရပ်မိရပ်ဖတွေနဲ့ စဉ်ဆက်မပြတ် တိုင်ပင်ဆွေးနွေးပြီး ဆောင်ရွက်ဖို့လိုအပ်ကြောင်းလည်း တိုက်တွန်းပြောကြားသွားပါတယ်။
(သတင်းအရင်းအမြစ်- RFA Burmese)

နိုင်ငံသားဥပဒေ အမြန်ဖော်ထုတ်ဖို့ စစ်တွေမှာ ဆန္ဒပြ

sittway-protest-305.jpg
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို အကောင်အထည်ဖော်ပေးဖို့ စစ်တွေမြို့မှာ ဖေဖော်ဝါရီလ ၃ ရက်နေ့က ဆန္ဒပြနေကြစဉ်
photo: Min Thein Aung
ရခိုင်ပြည်နယ်မှာ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေကို ချက်ချင်း အကောင်အထည်ဖော်ပေးဖို့၊ ၂၀၁၅ ရွေးကောက်ပွဲမှာ White Card လို့ခေါ်တဲ့ အဖြူရောင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်မပြုဖို့၊ ရခိုင်ပြည်နယ်မှာ လူမှုရေးအကူအညီတွေ ဆောင် ရွက်နေတဲ့ MSF ခေါ် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ၇ ရက်အတွင်း ထွက်ခွာသွားပေးဖို့ စတဲ့အချက်တွေနဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒေသခံနှစ်ထောင်ကျော်လောက်က ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြပွဲကို ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်တဲ့ စစ်တွေလူမှုကွန်ရက်အဖွဲ့ဝင် ဦးကျော်ဇောဦးက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို အကောင် အထည်ဖော်ဖို့ တောင်းဆိုရတာနဲ့ပတ်သက်လို့ သတင်းထောက်တွေကို အခုလိုပြောပါတယ်။

“ဒီယုံကြည်မှု တည်ဆောက်ဖို့ဆိုတဲ့ဥစ္စာကို အဲဒီဘာသာရေး ပဋိပက္ခအသွင်ဆန်တဲ့ မိတ္ထီလာတို့၊ ဥက္ကံတို့ဘက်မှာ ဖြေရှင်းပါ၊ ဒါနယ်စပ် လုံခြုံရေးပြဿနာဖြစ်တဲ့အတွက် ဒီလူအုပ်စုနှစ်စုကို တန်းတူရည်တူ သဘောထားပြီး ချစ်ကြတော့လို့ ပြောလို့မရဘူး၊ တစ်အုပ်စုက နိုင်ငံသားဖြစ်ပြီး နောက်တစ်အုပ်စုက နိုင်ငံသားစိစစ်ရအုံးမယ့် လူတွေဖြစ်တယ်၊ ဒီတော့ကာ ကျနော်တို့ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ပထမဆုံးအနေနဲ့ ၈၂ ခုနှစ် ဥပဒေအရ နိုင်ငံသားဟုတ်၊ မဟုတ် စိစစ်ရမယ်၊ မဟုတ်တဲ့လူကို မဟုတ်တဲ့အလျှောက် စီမံရမယ်၊ ဟုတ်တဲ့လူကို ဟုတ်တဲ့အလျှောက် အခွင့်အရေးပေးရမယ်”

မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာ MSF အဖွဲ့က သတင်းမှားတွေနဲ့ ဝါဒဖြန့်ချိမှုတွေ ပြုလုပ်ခဲ့သလို မွတ်စလင်တွေရဲ့ အရေးကိစ္စကိုသာ အဓိကဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အတွက် MSF အဖွဲ့ကို ၇ ရက်အတွင်း ရခိုင်ပြည်နယ်ကနေ ထွက်ခွာသွားပေးဖို့ တောင်းဆိုရတာလို့လည်း ဆန္ဒပြပွဲဦးဆောင်သူတွေက ပြောပါတယ်။

MSF ရုံးကို RFA က အင်တာနက် အီးမေးကနေတစ်ဆင့် ဆက်သွယ်မေးမြန်းရာမှာ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Peter Paul de Groote က ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ အခြေခံလိုအပ်ချက် ကင်းမဲ့သူတွေအတွက် MSF က ကူညီနေတာဖြစ်ကြောင်း ၊ လူပုဂ္ဂိုလ်တချို့က လက်ခံနိုင်ခြင်းမရှိတဲ့အတွက် MSF အနေနဲ့ စိတ်မကောင်းဖြစ်ရကြောင်း ဖြေကြားပါတယ်။ ဒါ့အပြင် MSF အဖွဲ့ရှိတဲ့ နိုင်ငံတိုင်းမှာ လူမျိုး၊ ဘာသာ၊ ကျား/မ မရွေး ကျန်းမာရေးစောင့်ရှောက်မှု တစ်ခုတည်းကိုသာ အခြေခံပြီး ကူညီပေးနေခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

UNFC တိုင်းရင်းသား ၁၂ ဖွဲ့နှင့် ပြည်ပ ပညာရှင်များ ဆွေးနွေး

unfc-political-party-305.jpg
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မြန်မာပြည်တွင်းက နိုင်ငံရေး ပါတီတွေနဲ့ ပြည်ပကတိုင်းရင်းသား အင်အားစုတွေ နိုဝင်ဘာ လ ၂၂ ရက်နေ့က တွေ့ဆုံကြစဉ်
photo: RFA/ Aung Moe Myint
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် ၁၂ ဖွဲ့က တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ပဋ္ဋိပက္ခဖြေ ရှင်းခြင်းဆိုင်ရာကိစ္စနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ လုပ်နည်းလုပ်ဟန် အကြောင်းတွေကို နိုင်ငံတကာက တတ်သိပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ပါတယ်။
ဒီအလုပ်ရုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ရခိုင်ပြည် အမျိုးသားကောင်စီ ANC အဖွဲ့ရဲ့ ဒုဥက္ကဌ (၁) UNFC အဖွဲ့ရဲ့ဒုတိယ နိုင်ငံခြားရေးတာဝန်ခံ ဒေါက်တာ ခင်မောင် က RFA ကို အခုလို ပြောပါတယ်။
“ပညာရှင်တွေက သုံးယောက်ပါ၊ South Africa နဲ့ အင်ဒိုနီးရှားက ပညာရှင်တွေပါ၊ အခု အကြမ်းဖျဉ်းအားဖြင့် Ceasefire ကိစ္စနဲ့ပတ်သက်ပြီးတော့ ပြည်တောင်စုအစိုးရနဲ့ UNFC နဲ့ ဆွေးနွေးခဲ့တဲ့ဖြစ်စဉ်တွေ၊ လက်ရှိ နောက်ဆုံးဆွေးနွေးနေတဲ့ အခြေအနေတွေ၊ အဲ့ဒါတွေကို UNFC ဘက်က ဘယ်လိုခံစားရလဲ၊ ဘယ်လို အတွေ့အကြုံမျိုးတွေ့ကြုံရလဲ၊ ဒီ Nationwide Ceasefire နဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ ပြောဖြစ်တယ်။ နောက်ပြီးတော့ ကျနော်တို့ Political ဒိုင်ယာလော့ ဖြစ်လို့ရှိရင် Frame Work က ဘယ်လိုဖြစ်မယ်ဆိုတာတွေလည်း ကျနော်တို့ ပြောဖြစ်တယ်၊ သူတို့ကလည်းပဲ အင်ဒိုနီးရှားအတွေ့အကြုံ၊ South Africa အတွေ့အကြုံတွေကို ပြောပြတယ်”
အလုပ်ရုံဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းက ခေါင်းဆောင် ၂၀ ကျော် တက်ရောက်ခဲ့ကြပြီး အင်ဒိုနီးရှားနိုင်ငံနဲ့ တောင်အာဖရိကနိုင်ငံတွေက ပညာရှင်တွေ့ရဲ့ အတွေ့အကြုံနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ အမြင်ဖလှယ်ခဲ့ကြရာမှာ သတိထားစရာ၊ စိတ်ဝင်စားစရာတွေ ရခဲ့ကြတယ်လို့ ဒေါက်တာ ခင်မောင်က ဆက်ပြောပါတယ်။
“စိတ်ဝင်စားစရာတွေတော့ အများကြီးရှိပါတယ်၊ ကျနော်တို့ရဲ့ ဗမာပြည်အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်းပဲ ဘယ်လိုစိတ်ရှည်ဖို့လိုတယ်၊ အခက်အခဲတွေကို ကျော်လွှားတဲ့နေရာမှာ ဘယ်လိုသဘောထားတွေ ထားဖို့လိုတယ် ဆိုတာလေးတွေကို ကျနော်တို့ ဆွေးနွေးကြတာပါ၊ ကျနော်တို့ Negotiation ကို ပိုပြီးတော့ ကျနော်တို့ဘက်က ခံစားချက်တွေကို ကျနော်တို့ဘက်က ဖြစ်ပျက်နေတဲ့အမြင်တွေကို လာပြီးလေ့လာတဲ့သဘောပါ။ ကျနော်တို့အတွက်တော့ အများကြီးအကျိုးရှိပါတယ်။ အတွေ့အကြုံတွေကတော့ ကျနော်တို့ ရရှိတယ်၊ ရှေ့လုပ်ငန်းစဉ်လည်းပဲ ကျနော်တို့ ဆင်ခြင်ပြီးတော့ သတိထားစရာလေးတွေ၊ သင်ခန်းစာတွေ ရတာပေါ့ဗျာ”
ဒီအလုပ်ရုံဆွေးနွေးပွဲ ဖြစ်မြောက်ဖို့အတွက် အင်္ဂလန်နိုင်ငံအခြေစိုက် Inter Mediate ဆိုတဲ့ NGO တစ်ခုက ကမကထပြုလုပ်ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့နဲ့ ပူးပေါင်းစီစဉ်ခဲ့တာ ဖြစ်တယ်လို့လည်းသိရပါတယ်။
(သတင်းအရင်းအမြစ်- RFA Burmese)

Tuesday, February 4, 2014

ကာလတန်ဖိုးကျပ်သိန်းနှစ်ထောင်ကျော်ဖိုးရှိ ယာဘားဆေးပြားခုနှစ်သောင်း စစ်တွေတွင်ဖမ်းမိ

Yaba-tablets-seized-in-Sittwe
ကာလတန်ဖိုး ကျပ် ၂၁၁၄၇၀၀၀၀ ရှိ ယာဘားဆေးပြား ၇၀၀၀၀ ကို စစ်တွေမြို့တွင် ဖေဖေါ်ဝါရီလ ၂ ရက်နေ့က ဖမ်းဆီးမိသည်ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။
စစ်တွေမှ ဘူးသီးတောင်သို့ သွားမည့်  ခရီးသည်တစ်ဦးအား ၎င်းနေ့နံနက် ၆ နာရီခန့်က စစ်တွေ ပြည်တွင်းရေကြောင်း သင်္ဘောဆိပ်တွင် ရှာဖွေရာမှ ပန်းရောင် R/WY အမျိုးအစား စိတ်ကြွရူးသွပ်ဆေးပြား ၇၀၀၀၀ ကို ဖမ်းဆီးမိသည်ဟု ဆိုသည်။
ဖမ်းဆီးခံရသူမှာ စစ်တွေမြို့ ဓည၀တီ (ခ) ရပ်ကွက်မှ ကိုသန်းလှိုင် (၂၈)နှစ် ဖြစ်သည်ဟု ရဲက ဆိုသည်။
သူယူဆောင်လာသည့် ခရီးဆောင်အိတ်အား ရှာဖွေရာ ယင်းအိတ်အတွင်းမှ အပြာရောင်တိပ်ဖြင့် တစ်ထပ်၊ မိုင်းကိုင်စက္ကူဖြင့် တစ်ထပ် ထုပ်ထားသည့် အထုပ်တစ်ထုပ်လျှင် (R/WY) တံဆိပ်ပါ ပန်းရောင် စိတ်ကြွ ရူးသွပ် ဆေးပြား ၁၀၀၀၀ စီပါ ခုနှစ်ထုပ် စုစုပေါင်း ဆေးပြား ခုနှစ်သောင်းကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။
ယင်းပြင်သူ့ထံမှ  HELLO တံဆိပ်ပါ GSM အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံး၊ မြန်မာကျပ် ၅၀၀၀၀ တွေ့ရှိသည်ဟု ရဲက ဆိုသည်။
ကိုသန်းလိုင်မှ ၎င်းဆေးပြားများမှာ စစ်တွေမြို့ကျောင်းကြီးလမ်းရပ်ကွက်နေ စိုးလှိုင် (၂၆)နှစ်ပိုင် ဆေးပြားများဖြစ်ကြောင်း ထွက်ဆိုသဖြင့် စစ်တွေရဲမှ ယင်းနေ့ နံနက် ၇နာရီခွဲတွင် စိုးလှိုင်နေအိမ်အား ၀င်ရောက်ရှာဖွေရာ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄၉၀၊ မြန်မာငွေ ကျပ်ရှစ်သိန်းကို တွေ့ရှိရသဖြင် စိုးလိုင်နှင့် အတူတွေ့ရှိရသည့် စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်နေ မောင်မောင်ထွေး (ခ) တူးတူး (၂၅)နှစ်တို့ အား ဆက်လက် ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သိရသည်။
၎င်းပြင် သူတို့ပိုင်ဆိုင်သော KENBO အမျိုးအစား ဆိုင်ကယ်တစ်စီး၊ NULANG အမျိုးအစား အနက်ရောင်ဆိုင်ဆကယ်တစ်စီး၊ DARANG အမျိုးအစားအနက်ရောင် 125 ဆိုင်ကယ်တစ်စီးတို့ကိုလည်း ထပ်မံသိမ်းဆည်းခဲ့သည်ဟု သိရသည်။
ယင်းဆေးပြားများမှာ ကချင်ပြည်နယ်မှ သယ်ယူလာသော ဆေးပြားများ ဖြစ်ပြီး ဘင်္ဂလာဒေခ်ျ့သို့ တင်ပို့ရန် ဖြစ်နိုင်ချေရှိသည်ဟု ရဲက ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဘင်္ဂလာဒေခ်ျ့- ရခိုင်နယ်စပ်ရှိ ဘိန်းခင်းများ ဖျက်ဆီး

Bangladesh-Joint forces set fire to poppy plants
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် နယ်စပ်အနီး ဘင်္ဂလာဒေခ်ျ့ဘက်ခြမ်းတွင် စိုက်ပျိုးထားသော ဘိန်းစိုက်ခင်း ၅၀ ကို ဘင်္ဂလာဒေခ်ျ့ ပူးပေါင်းတပ်ဖွဲ့ဝင်များက လွန်ခဲ့သော တနင်္ဂနွေက ဖျက်ဆီးပစ်ခဲ့သည်ဟု သတင်း ရရှိသည်။
ဘင်္ဂလာဒေခ်ျ့ စစ်တပ်၊ နယ်ခြားစောင့်တပ် ဘီဂျီဘီနှင့် ရဲတပ်ဖွဲ့တို့ ပူပေါင်းပြုလုပ်သော စစ်ဆင်ရေး တစ်ခုအတွင်း ထိုကဲ့သို့ ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ နေ့စဉ်ထုတ် သတင်းစာများတွင် ယနေ့ ဖေါ်ပြသည်။
၎င်းဘိန်းခင်း ၅၀ မှာ အကျယ်အ၀န်း ၁၄ ဧကခန့်ရှိပြီး ဘင်္ဂလာဒေခ်ျ့ အခေါ် ဆင်ကူးရီဗာ၊ ရခိုင်ဒေသခံများ အခေါ် ရီကြိုင်ချောင်းဖျားတွင် တည်ရှိသော ရခိုင်ပြည်နယ်နှင့် ထိစပ်နယ်မြေများတွင် စိုက်ပျိုးထားခြင်း ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ပြောကြားသည်။
ယခု ဖျက်ဆီးခံလိုက်ရသော ဘိန်းခင်းများမှာ မြန်မာဘက်က ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း၊ ကျောက်တော်မြို့နယ် အနောက်ပိုင်းနှင့် ကပ်ရပ် တည်ရှိသော ဘင်္ဂလာဒေခ်ျ့နိုင်ငံ တန်းဆိပ်မြို့နယ် မော်တုတ်ကြီး တိုက်နယ် လိပ်ကြေး၊ ဘုလုပါရာနှင့် ပိုင်စီရီ အရပ်ဒေသတို့တွင် ဖြစ်ကြသည်ဟု ဒေသခံ ရခိုင်မျိုးနွယ်စုများက ဆိုသည်။
ဘင်္ဂလာဒေခ်ျ့ စုပေါင်း တပ်ဖွဲ့မှ ပူပေါင်း ဘိန်းခင်းနှိမ်နှင်း စစ်ဆင်ရေးကို အလယ်ခွာတောင် တပ်နယ်မြေ တပ်မှူး ဗိုလ်မှူးကြီး Md. Alamgir Kabir မှ ဦးဆောင်ပြီး ဇန်န၀ါရီလ ၂၂ ရက်နေ့မှ စတင်ကာ ပြုလုပ်နေခြင်း ဖြစ်ပြီး ဖေဖေါ်ဝါရီလ ၅ ရက်နေ့ထိ ပြုလုပ်သွားမည်ဟု သိရသည်။
မြန်မာ- ဘင်္ဂလာဒေခ်ျ့နှင့် အိန္ဒိယ နယ်စပ်တွင် နေထိုင်သော တောင်ပေါ်သားများအနေဖြင့် ဘိန်းများကို အဆိုပါ နယ်စပ်ဒေသများတွင် စိုက်ပျိုးလာသည်မှာ ၁၂ နှစ်ခန့်ရှိနေပြီ ဖြစ်ပြီး ဘိန်းမှ ၀င်ငွေ ကောင်းကောင်း ရရှိနေကြသဖြင့် ယခုလို စိုက်ပျိုးနေကြခြင်း ဖြစ်သည်ဟု ဆိုသည်။
ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များမှ ယခု ဘိန်းစိုက်ပျိုးမူမှာ နယ်စပ်များကိုဖြတ်ကျော်ပြီး လုပ်ကိုင်နေသော ဘိန်းမှောင်ခိုသမားများနှင့် ဆက်စပ်မူ ရှိကြောင်း ထုတ်ဖေါ်ပြောကြားသော်လည်း ဒေသခံများကမူ ဒေသအတွင်း အသုံးပြုရန် အတွက် စိုက်ပျိုးကြခြင်း ဖြစ်သည်ဟု ဆိုသည်။
စုပေါင်းတပ်ဖွဲ့ဝင်များသည် ဘိန်းပင်များနှင့် ဘိန်းသီးများကို ခုတ်လှဲပစ်ပြီးနောက် စုပုံမီးရှို့ပစ်ခဲ့ကြသည်ဟု အာဏာပိုင်များက ပြောသည်။ ယခုအခါ ဘိန်းသီးမှ အစေ့ခြစ်ချိန်ဖြစ်သဖြင့် ဘိန်းမထုတ်မှီ ကြိုတင် နှိမ်နှင်းခြင်း ဖြစ်သည်။
၎င်းဘိန်းခင်များ ဖျက်ဆီးပွဲကို အခမ်းအနားဖြင့် ပြုလုပ်ရာ ၎င်းအခမ်းအနားသို့ စစ်တကောင်းတပ်မှူး ဗိုလ်မှူးချုပ် Sabbir Ahamed ၊ ရွာတော် (ဘင်ဒရိုဘင်ခရိုင်) ကောင်စီ ဥက္ကဌ ဦးကျော်ရွှေလှ အပါအ၀င် အစိုးရနှင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်ဟု သတင်း ရရှိသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဘင်္ဂလီအမတ် ဦးရွှေမောင်အား သမ္မတ ဦးသိန်းစိန် အရေးယူရန် ဆောင်ရွက်ပြီ


ဒူချီရာတန်းကျေးရွာ မီးရှို့မှုတွင် သတင်းဌာနများသို့ မဟုတ်မမှန် သတင်းများ ဖြန့်ချိပြောကြားခဲ့သော ဘင်္ဂလီအမတ် ဦးရွှေမောင်အား အရေးယူ ရန် သမ္မတ ဦးသိန်းစိန်က သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း၊ အဆိုပါ သ၀ဏ်လွှာအရ ဦးရွှေမောင် အရေးယူတော့မည် ဖြစ်ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဦးရွှေမောင်အား ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက ခေါ်ယူ၍ ၄င်းအား အရေးယူရန် သမ္မတဦးသိန်းစိန်က သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း အသိပေးပြောကြားခဲ့ကြောင်း၊ ဥပဒေနှင့်အညီ ဦးရွှေမောင်အား စုံစမ်းစစ်ဆေးရန် လွှတ်တော်ဥက္ကဌ၏ ခွင့်ပြုချက် တောင်းခံလာခဲ့ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဦးရွှေမောင်အား စစ်မေးမည် ဖြစ်ပြီး နေပြည်တော်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်တွင် စစ်မေးခြင်း ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း ဦးရွှေမောင်၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြချက်အရ သိရှိရသည်။

သမ္မတဦးသိန်းစိန်၏သ၀ဏ်လွှာတွင်DVBသတင်းဌာနနှင့် ပြုလုပ်ခဲ့သော မေးမြန်းခန်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် နိုင်ငံတော်ကို မဟုတ်မမှန် ပြောကြားထားကြောင်း ဖော်ပြပါရှိကြောင်း သိရှိရသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရွှေမောင်ကိုယနေ့ညနေ၄နာရီတွင်စစ်မေးခြင်းများစတင် ပြုလုပ်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

(သတင်းအရင်းအမြစ်- ပြည်သူ့အာဏာ)

လက်ရှိ ရခိုင်ပြည်တပ်မတော် (Arakan Army) ပေါ်ပေါက်လာပုံ

ရခိုင်ပြည်တပ်မတော် (Arakan army) ၏ ခေါင်းဆောင်များထဲက တစ်ဦးဖြစ်သူ ရဲဘော်ဇော်ဇော်အောင် (ခေါ်) ကိုမင်းဇံဝေ

★ ရခိုင်ပြည်တပ်မတော် (Arakan Army)ကို ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (All Arakan Students’ and Youths’ Congress - AASYC)နှင့် တသီးပုဂ္ဂလ မျိုးချစ်ပြည်ချစ်များ ပူးပေါင်းတည်ထောင်သည်။

★ (AASYC)အနေဖြင့် (၁၉၉၅)တွင် ရခိုင်မျိုးဆက်သစ် တပ်မတော် (Arakan New Generation Army – ANGA)ကို တည်ထောင်ပြီး နောင်တွင် ဗိုလ်ချုပ် ခိုင်ရာဇာ၏ ရခိုင်တပ်မတော် (Arakan Army – AA)နှင့် ရခိုင်ပြည်တပ်မတော် (Arakan Army)အဖြစ် ပေါင်းစည်းပြီး အနောက်ဘက်သို့ဆင်းရာတွင် ဗမာအစိုးရမှ အိန္ဒိယအစိုးရ ထောက်လှမ်းရေးများအား လာဘ်ထိုးပြီး လုပ်ကြံချေမှုန်းခိုင်း သဖြင့်ကျဆုံးခဲ့ရသည်။

★ တဖန် (၂၀၀၅)တွင် ရခိုင်ကျောင်းသားနှင့် လူငယ်တပ်မတော် (Arakan Students’ and Youths’ Army – ASYA)ကို တည်ထောင်ရန် ကြိုးစားခဲ့သော်လည်း မိမိတို့ အခြေစိုက်ထားသည့် မဟာမိတ်နယ်မြေများ (၂၀၀၇)တွင် လက်လွတ်ဆုံးရှုံးခဲ့ရသဖြင့် ပြည်တွင်း၊ ပြည်ပ၌ အမည်ဝှက်ဖြင့် မဟာမိတ်တချို့နှင့် ပူးတွဲစစ်ဆင်ရေး ကိစ္စများကို အကောင်အထည်ဖော်ခဲ့သည်။ ဗမာအစိုးရမှ (၂၀၁၀)ရွေးကောက်ပွဲအပြီး အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ် (BGF)အဖြစ် ပြောင်းလဲရန် ကြိုးပမ်းလာချိန်မှစ၍ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (Democratic Karen Buddhist Army – DKBA)နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (Karen National Liberation Army – KNLA)တို့နှင့် နာမည်ထုတ်ဖော်ခြင်းမပြုဘဲ ပူးတွဲတိုက်ပွဲဝင်ခဲ့သည်။

★ မိမိတို့အနေဖြင့် ယခု ဖော်ထုတ်လိုက်သည့် တပ်ကို ရခိုင်အမျိုးသားတပ်မတော် (Arakan National Army – ANA)ဟု အမည်ပေးရန် စဉ်းစားချက်ရှိခဲ့သော်လည်း -
(၁) မိမိတို့၏ နောင်တော်ရဲဘော်များ ကိုယ်တိုင်ပါဝင်ခဲ့သော၊ နိုင်ငံရေး စစ်ရေးအရ စုစည်းမှုကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည် ဖော်နိုင်ခဲ့သော၊ ရခိုင်ပြည်သူလူထုအား အဖိနှိပ်ခံဘ၀မှ လွတ်မြောက်ရေးအတွက် ထူးထူးခြားခြား မျှော်လင့်ချက်ပေးနိုင်ခဲ့သော အစဉ်အလာရှိသည့် ရခိုင်ပြည်တပ်မတော် (Arakan Army)ဆိုသည့် အမည်ကို ဆက်လက် ထိန်းသိမ်းလိုသဖြင့် လည်းကောင်း၊
(၂) ဗမာပြည်၏ တပ်မတော်သည် (Burma Army)၊ အမေရိကန်၏ တပ်မတော်သည် (U.S Army)စသည်ဖြင့် သက်ဆိုင်ရာ တိုင်းနိုင်ငံ၏ နောက်မှ Army ဆိုသော စာလုံးကို တိုက်ရိုက်ထည့်သွင်း သုံးစွဲသည့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းဖြင့် အံဝင်ခွင်ကျ ဖြစ်စေရန် လည်းကောင်း၊
(၃) ပြည်သူလူထုနှင့် မဟာမိတ်များအမြင်တွင် မတူကွဲပြားသော အဖွဲ့အစည်းတခု သီးခြားပေါ်ပေါက်လာပြန်ပြီဟု အထင်ရောက်ကာ ရခိုင်အမျိုးသား လက်နက်ကိုင် အင်အားစုများအချင်းချင်း ရန်ဘက်သဘောဆောင်နေသည်ဟု မမြင်စေလိုသဖြင့်လည်းကောင်း၊
(၄) အခြား (Arakan Army)နာမည်ကို ခံယူသည့် အဖွဲ့အစည်းများနှင့် နောင်အနာဂတ်တွင် တဖွဲ့တစည်းတည်းအဖြစ် ပူးပေါင်းဖို့ ညှိနှိုင်းဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန်လည်းကောင်း ရည်ရွယ်ပြီး ရခိုင်ပြည်တပ်မတော် (Arakan Army)ဟူသော အမည်ကို ပေးခဲ့ခြင်းဖြစ်သည်။

★ လက်ရှိ ရခိုင်ပြည်တပ်မတော် (Arakan Army)၏ ရည်ရွယ်ချက်မှာ -
(၁) လူမျိုးစုံ ရခိုင်ပြည်သူလူထု တရပ်လုံး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိရေး
(၂) အမျိုးသားရေး လက္ခဏာနှင့် ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး
(၃) အမျိုးသားရေး ဂုဏ်သိက္ခာနှင့် အကျိုးစီးပွါးကို မြှင့်တင်ရေး
(၄) ဗမာပြည်ရှိ လူမျိုးစုတိုင်း နိုင်ငံသူ/သားတိုင်း အာဏာရှင်စနစ်လက်အောက်မှ လွတ်မြောက်ရေး
(၅) လူသားမျိုးနွယ်စုတခုလုံး၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး

★ ရခိုင်ပြည်တပ်မတော် (Arakan Army) ★

(ဤသတင်းကို Coral Arakan News မှ ကူးယူဖော်ပြပါသည်)

သမီးဖြစ်သူကို နောက်မိရာမှ ဖခင်ဖြစ်သူ စခန်းမှူးက ကျောင်းသားတွေကို တံပိုးနဲ့ရိုက်

8700274215_e3c6b2cc6d_zရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အထက်တန်းကျောင်းတစ်ခုမှ ကျောင်းသား ၅ ဦးကို သမီးဖြစ်သူ ဆယ်တန်းကျောင်းသူကို နောက်ပြောင်မိရာမှ အဖဖြစ်သူ စခန်းမှူးက တံပိုးဖြင့် ရိုက်သဖြင့် ကျောင်းသား တစ်ဦးတွင် ဒဏ်ရာ ရရှိသွားသည်ဟု နိရဉ္စရာမှ သတင်း ရရှိသည်။
“ဒဏ်ရာရတဲ့ ကျောင်းသားက ခုနှစ်တန်း ကျောင်းသား မောင်ဇော်ထွန်းနိုင်ဖြစ်ပါတယ်။ ရေထမ်းလာတဲ့ တံပိုးနဲ့ ရိုက်တဲ့ အတွက် ကျောကုန်းမှာ နှစ်ချက်ခန့် ကွဲပြဲသွားပါတယ်။ ကျန်တဲ့ ကျောင်းသားတွေကိုတော့ နားရွက်တွေကို ဆွဲပြီး လက်သီးနဲ့ ထိုးတယ်လို့ သိရပါတယ်” ဟု အမည်မဖေါ်လိုသူ ဆရာ တစ်ဦးက ပြောသည်။
ဇန်န၀ါရီလ ၃၁ ရက်နေ့က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် လောင်းချောင်း အထက်တန်းကျောင်းမှ ဆယ်တန်းကျောင်းသားများ ဖြစ်ကြသည့် မောင်ကျော်သိန်းဦး၊ မောင်နိုင်နိုင်အောင်၊ မောင်သန်းဌေးအောင်နှင့် ခုနှစ်ကျောင်းသား နှစ်ဦးဖြစ်ကြသည့် မောင်ဇော်ထွန်းနိုင်နှင့် မောင်မောင်ဌေးလွင်တို့သည် လမ်းဘေးရှိ ကန်တစ်ခုတွင် ရေကူးရာမှ ကုန်းပေါ်သို့ အတက်တွင် လောင်းချောင်းရဲစခန်းမှူး ဦးဇော်ရဲနိုင်၏ သမီးဖြစ်သူ လမ်းလျှောက်လာသဖြင့် နောက်ပြောင်မိရာမှ စခန်းမှူး ဖြစ်သူက သူတပည့်များနှင့် ၀ိုင်းဝန်းပြီး ကျောင်းသားကို ရိုတ်ပုတ် ထိုးနှက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“ ကျွန်တော်တို့ သိရတာက စခန်းမှူးသမီးက အဖဖြစ်သူကို သူကို စတယ်ပေါ့လေ ဒီလိုမျိုး သွားတိုင်တယ်လို့ ဆိုပါတယ်။ အဲဒါနဲ့ စခန်းမှူးက သူ့တပည့်တွေနဲ့ လိုက်လာပြီး ကျောင်းသားတွေကို ၀ိုင်းထိုးတာပေါ့။ ရဲတပ်ကြပ်တစ်ဦးက သူမှာပါလာတဲ့ ရေထမ်းတဲ့စည် တံပိုးနဲ့ ရိုက်တယ်လို့ ပြောပါတယ်။ စခန်းမှူးကတော့ နရင်းတွေကို လက်တွေနဲ့ ပိတ်ထိုးတယ်လို့ ပြောပါတယ်။ ကျောင်းသား တစ်ယောက်ကတော့ တော်တော်လေး ဒဏ်ရာရသွားပါတယ်” ဟု ကျေးရွာသား တစ်ဦးက ဆိုသည်။
၎င်းကိစ္စနှင့် ပတ်သက်ပြီး ကျေနပ်မူ မရှိသော ကျောင်းသားမိဘများက လောင်းချောင်း အထက်တန်းကျောင်းအုပ်ဆရာကြီးထံ တိုင်ကြားထားသော်လည်း ယခုအချိန်ထိ တစ်စုံတစ်ရာ ဖြေရှင်းပေးခြင်း မရှိသေးကြောင်း ၎င်းဒေသခံက ပြောကြားသည်။
“ မိဘတွေကတော့ ကလေးအချင်းချင်း ဖြစ်တာကို အာဏာပြပြီး ခုလို ဒဏ်ရာရအောင်ထိ ရိုတ်ပုတ်တဲ့ အတွက် မကျေနပ်ကြဘူး။ ကျောင်းသားတွေ ကိစ္စဖြစ်တဲ့ အတွက် ကျောင်းအုပ်ဆရာကြီးကိုတော့ တိုင်ကြား ထားပါတယ်။ ရဲစခန်းမှူးကတော့ ဘာမှ ဖြေရှင်းမယ်ဆိုတဲ့ လေသံမျိုးထွက်မလာသေးပါဘူး” ဟု ယင်းက ဆက်ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး လောင်းချောင်းရဲစခန်းမှူးသို့ ဆက်သွယ်သော်လည်း အဆက်အသွယ် ရရှိခဲ့ခြင်း မရှိပါ။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်ပြည်တွင် အကြမ်းဖက်လှုပ်ရှားမှုများကို RNSC က ကြိုးကိုင်ပြီး ထပ်မံဖြန့်ကြဲချထား

ရခိုင်ပြည်အနှံအပြား အကြမ်းဖက်လှုပ်ရှားမှုများအား ကြိုးကိုင်နေသော RNSC အဖွဲ့မှာ ရဲတကက ဦးအောင်ကျော်သိန်းအား အကြမ်းဖက် သတ်ဖြတ်နိုင်ခဲ့ပြီးနောက် ရှေ့ဆက်အကြမ်းဖက် လုပ်ငန်းများတိုးမြင့်လုပ်ဆောင်ရန် အဖွဲ့ဝင်များကို ဖြန့်ကြဲလိုက်ပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အဖြူကဒ်ကိုင်ဆိုင်သူများ မဲပေးပိုင်ခွင့်မရှိစေရန် တောင်းဆိုခဲ့ကြသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် အဖြူကဒ်ကိုင်ဆိုင်သူများ မဲပေးပိုင်ခွင့်မရှိစေရန် တောင်းဆိုခဲ့ကြသည်။
RNSC လှုပ်ရှားမှုများကို RSO အဖွဲ့ဝင် နုရ်ဘော်ရှောက ဦးဆောင်ကာ တကက ဦးအောင်ကျော်သိန်းအား သတ်ဖြတ်ခဲ့ပြီး ဘင်္ဂလာသို့ ထွက်ပြေးခိုလုံ သွားခဲ့သော တရားခံ ၃၄ ဦးခန့်အား ဆုတံဆိပ်နှင့် ဆုငွေများပေးဆောင်ပြီး ဆက်လက်၍ မြန်မာနိုင်ငံအတွင်း အကြမ်းဖက် လှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန် ဇန်န၀ါရီလ ၁၉ ရက်နေ့က ထပ်မံစေလွှတ်ထားလိုက်ပြီး ဖြစ်ကြောင်း သိရှိရသည်။
ယင်းအကြမ်းဖက်သမားများမှာ မောင်တောခရိုင် တောင်ပြိုနယ်ခွဲ ကျီးကျွန်းဒေသအတွင်းမှ ၀င်ရောက်လာကြောင်းနှင့် ဒုချရားတန်း အနောက်ရွာ အိမ်များအား မီးတိုက်မှုနှင့် လူထိမ်းရဲဖွဲ့ဝင်နှစ်ဦး စီးလာသော ဆိုက်ကယ်ကို ကားဖြင့်တိုက်သတ်မှုတို့ဖြင့် ဆက်တိုက် အကြမ်းဖက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ သက်ဆိုင်ရာက အကြမ်းဖက်သမားများအား ယနေ့ထိ ဥပဒေအရ အရေးမယူနိုင်သေးချေ။
ယင်းနှင့်ဆက်စပ်မှုရှိသော ပါကိစ္စတန်မှ သင်တန်းအောင်မြင်ပြီး ပြန်လာသော ပါကိစ္စတန်အခြေစိုက် TTP အဖွဲ့ဝင် အကြမ်းဖက်သမား အိုစမန် (၂၃)နှစ်၊ မိုဟာမူဒ်(၂၆) နှင့် ဖောခ်ရုလ် ဟာဆန်(၅၀)နှစ်တို့ကို ဘင်္ဂလာအာဏာပိုင်များက ဒက္ကားမြို့တော်မှ ဇန်န၀ါရီလ(၁၉)ရက် နေ့က အထောက်အထား အစုံအလင်ဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း ဘင်္ဂလာမှပြည်ထဲရေးအကြီးအကဲ Mr Ji Dukarl က သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
RNSC အနေဖြင့် မူဆလင်များအား အကြမ်းဖက်ကြရန် ကြိုတင်နိုးဆော်တိုက်တွန်း လုပ်ဆောင်နေမှုများကို OIC နှင့် တခြား အကြမ်းဖက် အဖွဲ့အစည်းများက ထောက်ပံ့ကူညီပေးနေကြောင်း လျှို့ဝှက်သတင်းများ ထွက်ပေါ်နေသည်။
ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားခရိုင် အိုခီးယားမြို့နယ် ကိုတိုးပါလောင်စခန်း၊ တာခ်နာမြို့နယ် နော်ယာပါရာစခန်းနှင့် နီလာမြို့နယ် လေဒါ ဒုက္ခသည်စခန်းများနှင့် ယင်းအကြမ်းဖက်သမားများ ဆက်သွယ်မှုများ ရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။
ရခိုင်ပြည်အတွင်း၌ မူဆလင်များမှာ အကြမ်းဖက်လှုပ်ရှားမှုများဖြင့် ရာဇ၀တ်ပြစ်မှုများကို ကျူးလွန်နေသဖြင့် ဒေသခံရခိုင်များမှာ လုံခြုံအေးချမ်း တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ၁၉၈၂ နိုင်ငံသားဥပဒေကို အကောင်အထည်ဖေါ်ရေးနှင့် White Card များ မဲပေးခွင့်မရှိရေး၊ ရခိုင်-ဘင်္ဂလီအကြား ခွဲခြားဆက်ဆံနေသည့် UNHCR, AZGနှင့် UN အပါအ၀င် INGO ရုံးရှေ့များသို့ သွားရောက်ပြီး ဒေသအတွင်းမှ ထွက်သွားရန် မကြေနပ်မှုများ တိုးပွားလျှက်ရှိနေကာ မြို့များတွင် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ရန် စိုင်းပြင်းလျှက် ရှိနေသော်လည်း အစိုးရအနေဖြင့် ဒေသခံများလုံခြုံရေးအတွက် တာဝန်ယူ ကြိုတင်ဖြေရှင်းမှုတစုံတရာ လုပ်ဆောင်မှု မရှိသေးချေ။
 
(သတင်းအရင်းအမြစ်- Arakan Times)

UN/INGO များ ၇ ရက်အတွင်း ထွက်မသွားပါက နောက်ထပ်ဖိအားတစ်ခုဖြင့် ဖိအားပေးမည်ဟုဆို

ဘင်္ဂလီ - ရခိုင် အရေးအခမ်းတစ်လျှောက်တွင် UN/INGO များအနေဖြင့် ဘင်္ဂလီများကိုသာ တစ်ဖက်သက် ဘက်လိုက်မှုများ ရှိနေသောကြောင့် စစ်တွေမြို့လူထုက UN/INGO များ ၇ ရက်အတွင်း ထွက်ခွာသွားပေးဖို့ ယနေ့တွင် ဆန္ဒပြတောင်းဆိုပြီး ထွက်မသွားပါက နောက်ထပ်ဖိအားတစ်ခုခုဖြင့် ဖိအားပေးသွားမည်ဟု ဆန္ဒဖော်ထုတ်ပွဲကို ခေါင်းဆောင်သူများက ပြောသည်။
ယနေ့ စစ်တွေလူထု ဆန္ဒဖော်ထုတ်နေစဉ်။ ယနေ့ စစ်တွေလူထု ဆန္ဒဖော်ထုတ်နေစဉ်။
ယနေ့ နေ့လယ် ၁ နာရီကနေ ညနေ ၃ နာရီကျော်ထိ စစ်တွေမြို့တွင် သံဃာတောင်များ အပါအ၀င် လူပေါင်း ၆ ထောင်ခန့်က လမ်းလျှောက် ဆန္ဒဖော်ထုတ်ရာတွင် အချက် ၅ ချက်ကို တောင်းဆိုခဲ့ရာတွင် အထက်ပါအချက်ကို ထည့်သွင်းတောင်းဆိုခဲ့ကြောင်း ရခိုင်လူမှုကွန်ယက်၏ ခေါင်းဆောင်တစ်ဦးလည်းဖြစ် ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင် သူလည်းဖြစ်သူ ဒေါ်ညိုအေးက ပြောသည်။
" ကျမတို့ စေတနာနဲ့ မေတ္တာနဲ့ သတိပေးထားတဲ့အချိန်မှာ သူတို့ အလုပ်လုပ်တတ်တဲ့သူတွေက စုဝေးပြီးတော့ အကြံပေးပြီးတော့ ထွက်သွားပါလို့ ပြောထားတာကို ထွက်မသွားဘဲနဲ့ အုံကြွလာတဲ့ ပြည်သူတွေရဲ့ စိတ်ခံစားမှုများလာတဲ့အခါ သူတို့ရဲ့ ရုံးခန်းတွေ၊ စော်ကားခံရတာတွေ၊ တိုက်ခိုက်ခံရတာ တွေရှိလာပြီဆိုရင် ကျမတို့ အပြစ်မဟုတ်ဘူး။ ကျမတို့ကတော့ ၇ ရက်ပြည့်တာနဲ့ လူမှုကွန်ယက် ပေါင်းစုံ အစည်းအဝေးထိုင်မယ်။ အဲဒါကမှတစ်ဆင့် ကျမတို့ ဘာလုပ်သင့်သလဲ ဆုံးဖြတ်ပြီးတော့ ထပ်မံပြီး ဖိအားတစ်မျိုးနဲ့ ဖိအားပေးသွားပါမယ်။ " ဟု ဆိုသည်။
စစ်တွေလူထု၏ တောင်းဆိုချက်များမှာ " ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ချက်ချင်းအကောင်အထည် ဖော်ပေးရန်၊ ၂၀၁၅ ရွေးကောက်ပွဲတွင် White Card ကိုင်ဆောင်သူများ မဲပေးပိုင်ခွင့် ပယ်ဖျက်ရန်၊ ဒေသခံပြည်သူများ လုံခြုံဖို့ အစီအမံများ မြှင့်တင်ပေးရန်၊ တရားမဝင် ဘင်္ဂလီများအား ဘက်လိုက်သော နိုင်ငံများ ကျဆုံးပါစေ၊ UN/INGO များ အလိုမရှိ၊ MSF (AZG) ၇ ရက်အတွင်း ထွက်သွားပေးရန်။ " စသော အချက်များကို တောင်းဆို ခဲ့ကြသည်။
အလားတူ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဘူးသီးတောင်လူထုမှ ဆန္ဒဖော်ထုတ်ပွဲတွင်လည်း အထက်ပါအချက်များကို တောင်းဆိုမှုများ ပြုလုပ်သွားမည်ဟု ဘူးသီးတောင် RNDP ဥက္ကဌ ဦးထွန်းအောင်သိန်းက ဆိုသည်။
UN/INGO အဖွဲ့အစည်းများ အထူးသဖြင့် MSF (AZG) အဖွဲ့ကို လက်ခံထားရှိကြသော ဒေသခံရခိုင်တိုင်းရင်းသားများ အနေဖြင့်လည်း ငွေတစ်ခု တည်းကို မကြည့်ဘဲ မိမိတို့အနေနှင့် အမျိုးသားရေး ရှု့ထောင့်ကကြည့်ကာ အိမ်ငှားရမ်းမှုကို ရပ်တန့်ပေးဖို့ ဒေါ်ညိုအေးက တိုက်တွန်းထားသည်။
ဆန္ဒပြတောင်းဆိုနေကြသူများ။ ဆန္ဒပြတောင်းဆိုနေကြသူများ။
မကြာသေးခင်က မောင်တောမြို့နယ်တွင် ကင်းစောင့်နေသည့် ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးသွားသည့်ကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလီများ ပဋိပက္ခဖြစ်ပွားခဲ့သည်ဟုဆိုကာ ဘင်္ဂလီ ၃၀ ကျော်သေဆုံးခဲ့ပြီး ၁၀ ကျော်ကို AZG က ဆေးကုပေးခဲ့သည်ဟု လိမ်လည်ပြောဆိုခဲ့သည်။ ယင်းကိစ္စကို ပြည်နယ်အစိုးရဖက်မှလည်း ပဋိပက္ခဖြစ်ပွားခဲ့ခြင်းလည်းမရှိ၊ ဘင်္ဂလီများလည်း သေဆုံးမှုများမရှိဟု နိုင်ငံပိုင်သတင်းစာများမှ ပြန်လည်ရှင်းလင်း ထားသည်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာ၌ ညအချိန်တွင် မီးလောင်မှုဖြစ်ပွားပြီး ထိုမီးလောင်မှုသည် ရခိုင်တိုင်းရင်းသားများ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဘင်္ဂလီများက စွပ်စွဲပြောဆိုခဲ့ပြီး၊ အမှန်တကယ်ဖြစ်ရပ်မှန်တွင် ဘင်္ဂလီများက IDP ဖြစ်ရန်နှင့် ကယ်ဆယ်ရေးပစ္စများ ရယူလိုသောကြောင့် ကိုယ့်အိမ်ကို မီးရှို့ကာ တမန်ဖန်တီးလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသလို အစိုးရ တာဝန်ရှိသူများမှလည်း ပြောဆိုကြသည်။
(သတင်းအရင်းအမြစ်- Arakan Times)

မြန်မာ့ပို့ကုန်များ အဓိကဆိုက်ရောက်သော ဘင်္ဂလာ ဆိပ်ကမ်းတခုမှ တာကာ ၇၃၅၂၁၀၅၈ နိုင်ငံတော်ဝင်ငွေရရှိ

မြန်မာနိုင်ငံမှ တင်ပို့ကုန်များကို လက်ခံနေသော ဘင်္ဂလာ နယ်စပ်ကုန်သွယ်ရေး ဆိပ်ကမ်းတခုက ဇန်န၀ါရီလအတွင်း နိုင်ငံတော်ဝင်ငွေ အကောက်အခွန်မှာ တာကာ ၇၃၅၂၁၀၅၈ ရရှိခဲ့ကြောင်း သိရှိရသည်။
နယ်စပ်ဂိတ်။ နယ်စပ်ဂိတ်။
ကော့စ်ဘဇားမြို့နှင့် ၇၉ ကီလိုမီတာ ဝေးကွာသော တာခ်နာမြို့နယ် ဆိပ်ကမ်းမှ ယခုနှစ်ပထမဆုံးလတွင် ယင်းငွေအား ကောက်ခံရရှိခြင်း ဖြစ်ပြီး လစဉ်မျှော်လင့်ထားသော ဘင်္ဂလာနိုင်ငံတော်ဝင်ငွေထက် ပိုမိုရရှိခြင်းဖြစ်ကြောင်း ဆိပ်ကမ်းတာဝန်ရှိသူက ဆိုသည်။
ယင်းအကောက်အခွန်မှာ မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ စီးပွားရေးသမားများ တင်ပို့ကြသော အ၀တ်အထည်၊ ဆံပင်၊ သစ်၊ ငါးစိမ်းငါးခြောက်၊ ကျွဲနွားအရေခွံ၊ ဆေး၊ အယ်လူမီနံယံနှင့် တခြားကုန်ပစ္စည်းများမှ ကောက်ခံရရှိခြင်းဖြစ်သည်။
ယင်းကောက်ခံရရှိသော ငွေကို ဆိပ်ကမ်းအကောက်ဌာန၏ ကာစတင် လစဉ်စာရင်းပေါင်းချုပ် ၂၉၁ ခုအရ လက်ခံရရှိခြင်းဖြစ်သည်။
ဘင်္ဂလာမှ မြန်မာသို့ ဇန်န၀ါရီလအတွင်းက တာကာ ၂၁၂၁၉၆၇၇ တန်ဖိုးရှိ ကုန်ပစ္စည်းများ တင်သွင်းခဲ့ကြောင်း သိရှိရသည်။
ကမ္ဘာပေါ်တွင် လူဦးရေထူထပ်သော နိုင်ငံများအနက် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ လူဦးရေထူထပ်မှုမှာ ကမ္ဘာ့အဆင့် ၃ တွင်တည်ရှိနေပြီး အိမ်နီးနားချင်းနိုင်ငံများမှ စားကုန်များကို အဓိထား အားကိုးနေရကြောင်း သိရှိရသည်။
 
(သတင်းအရင်းအမြစ်- Arakan Times)

ဘူးသီးတောင်မြို့တွင် ဆန္ဒပြမည့်အစီအစဉ်ကို အာဏာပိုင်များ ဟန့်တား

ရခိုင်ပြည် နယ်စပ်ဒေသဖြစ်သော ဘူးသီးတောင်မြို့တွင် UN/INGO များ မောင်တောခရိုင်မှ ထွက်ခွာပေးရေး အပါအဝင် ဒေသခံလုံခြုံမှု ရရှိအောင် ဆောင်ရွက်ပေးရေးနှင့် သတင်းအမှား ကြေညာချက်များအားလုံး ရုပ်သိမ်းပေးရေးကို ရည်ရွယ်၍ ဆန္ဒထုတ်ဖော်ရန် စုစည်းကြသော ဒေသခံမြို့သူ/သား များအား သက်ဆိုင်ရာ အာဏာပိုင်များက ဆန္ဒမဖော်ထုတ်ဖို့ကို လာရောက်ဟန့်တားခဲ့ကြကြောင်း သိရသည်။
UN/NGO များကို ယခင်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ (ဓါတ်ပုံ - မဇ္ဈိမ)UN/NGO များကို ယခင်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ (ဓါတ်ပုံ - မဇ္ဈိမ)
အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ ဒေသခံမြို့ခံများက ဧစေတီဘုရားကျောင်းတွင် လူပေါင်း ၇၀၀ ခန့် စုစည်းခဲ့ကြသော်လည်း ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုချက်တောင်းခံခြင်း မရှိသောကြောင့် အာဏာပိုင်များက လာရောက်ဟန့်တားခဲ့သည်ဟု ဘူးသီးတောင် RNDP ဘဏ္ဍာရေးမှူး ကိုခင်မောင်ရွှေက ပြောသည်။
" ခွင့်ပြုချက်တော့ တင်လို့မရှိပါဘူး။ နားလည်မှုနဲ့ ပြမယ်ဆိုပြီးတော့ လုပ်တာပါ။ ဒါပေမယ့် ပြဖို့လုပ်နေဆဲဆဲမှာပဲ ရဲတပ်ဖွဲ့နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက လာပြီးတော့ ဟန့်တားပါတယ်။ လမ်းကိုတောင် မထွက်လိုက်ရဘူး။ သူတို့က ဆန္ဒဖော်ထုတ်မယ်ဆိုရင် ခွင့်ပြုချက်တင်ပါ။ ခွင့်ပြုပေးမယ်ဆိုပြီးတော့ ပြောပါတယ်။ " ဟု သူကဆိုသည်။
တရားဝင်ဆန္ဒထုတ်ဖော်ခွင့်ရရှိရန် ယနေ့တွင် သက်ဆိုင်ရာ အာဏာပိုင်များအား တင်ပြသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် လူပေါင်း ၁၀၀ ဖြင့် ဆန္ဒဖော်ထုတ်သွားမည်ဟု တောင်းဆိုထားကြောင်း ကိုခင်မောင်ရွှေက ဆိုသည်။
ဆက်လက်ပြီး သူက " အန်ဂျီအိုတွေက ဘင်္ဂလီတွေကို မြေတောင်မြှောင့်ပေးတာ ရှိပါတယ်။ မဟုတ်မမှန် သတင်းတွေကို လွှင့်တာတွေ ရှိပါတယ်။ ယူအန်အဖွဲ့ထဲမှာ လုပ်နေကြတဲ့ ဘင်္ဂလီတွေကလည်း မဟုတ်မမှန်သတင်းတွေကို လွှင့်နေတာတွေ ရှိပါတယ်။ အန်ဂျီအိုအဖွဲ့တွေကလည်း မဟုတ်မမှန် လုပ်နေတဲ့ ဘင်္ဂလီတွေကို Cover ပေးနေတာတွေရှိပါတယ်။ AZG ကလည်း ဘင်္ဂလီ ၃၂ ယောက်ကို ဆေးကုပေးခဲ့တယ်ဆိုပြီးတော့ လိမ်ညှာပြီးပြောတာတွေ ရှိပါတယ်။ နောက်ပြီးတော့ ပြစ်မှုကျူးလွန်ခဲ့တဲ့ ဘင်္ဂလီဝန်ထမ်းတွေကို ထောင်မကျအောင်၊ နိုင်ငံခြားကို ရောက်အောင် လုပ်ပေးတာတွေ ရှိပါတယ်။ အကူအညီပေးတဲ့အခါမှာလည်း တကယ့်ဆင်းရဲတဲ့ ရခိုင်တွေ၊ တောင်ပေါ်မှာရှိတဲ့ သူတွေဆီသို့ မရောက်ဘဲနဲ့ ဘင်္ဂလီတွေကို တစ်ဖက်အကူအညီပေးနေတာတွေ ရှိပါတယ်။ အဲဒါတွေကို ကျနော်တို့ မကျေနပ်တာပါ။ " ဟု ဆန္ဒဖော်ထုတ်မည့် အကြောင်းရင်းကို ပြောပြသည်။
ဆန္ဒဖော်ထုတ်ရာတွင် တောင်းဆိုမည့်အချက်များမှာ " (က) UN/INGO အဖွဲ့အစည်းများအားလုံး မောင်တောခရိုင်မှ ၇ ရက်အတွင်း အပြီးအပိုင်ထွက်ခွာ ပေးရန်၊ (ခ) တရားဥပဒေ စိုးမိုးရေးနှင့် ဒေသလုံခြုံမှု ရရှိအောင်ဆောင်ရွက်ပေးရန်၊ (ဂ) နယ်မြေခံရဲတပ်ဖွဲ့အား အချိန်နှင့်တပြေးညီ ဆောင်ရွက်ခွင့် အမိန့်အာဏာ ပေးထားရန်၊ (ဃ) ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှုဆိုင်ရာ ဥပဒေကို အလျှင်အမြင်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်၊ (င) တိုက်ခိုက်သတ်ဖြတ်ခြင်း ခံခဲ့ရသည့် ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်သိန်း အမှုကိစ္စကို ချက်ချင်း အရေးယူဆောင်ရွက်ပေးရန်၊ (စ) သတင်းအမှားထုတ် ပြန်ကြေညာချက်များအားလုံးကို ရုပ်သိမ်းပေးရန်။ " ဖြစ်သည်ဟု ဘူးသီးတောင် RNDP ဥက္ကဌ ဦးထွန်းအောင်သိန်းက ပြောသည်။
ယခုလ ၅ ရက်နေ့တွင် တရားဝန်ဆန္ဒထုတ်ဖော်ခွင့်ရရန် တင်သွားမည်ဖြစ်ကြောင်းနှင့် ၅ ရပ်ကွက် မီးစက်တွင် လူစုကာ မြို့တွင်းတစ်ပတ်လည်၍ ယင်းရပ်ကွက် မီးစက်မှာပင် အဆုံးသတ်မည်ဖြစ်ကြောင်း သူကဆိုသည်။
(သတင်းအရင်းအမြစ်- Arakan Times)

ရခိုင်သစ်ကုန်သည် ၈ ဦး စက်ဘုတ်-သစ်တန်ဖိုး တာကာ ၁၃ ကုဋေနှင့်အတူ ဘင်္ဂလာရေတပ်ထံဖမ်းဆီးခံ

မြန်မာနိုင်ငံမှ ဘင်္ဂလာသို့ သစ်တင်ပို့ရန် လာရောက်သော သစ်ဘုတ်နှင့် သစ်တန်ဖိုး တာကာ ၁၃ ကုဋေနှင့်အတူ လိုက်ပါလာသည့် သစ်စီးပွားရေးသမား ၈ ဦးအား ဘင်္ဂလာ ရေတပ်က နတ်မြစ်အတွင်းမှ ကြာသပတေးနေ့က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။
မြန်မာ-ဘင်္ဂလာ နတ်မြစ်ဝတွင် လုံခြုံရေးယူထားသော ဘင်္ဂလာရေတပ်ဖွဲ့ အကြီးအကဲ ဇော်ဆိမ်း ဦးဆောင်သောအဖွဲ့မှ ဖမ်းဆီးခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများမှာ ရခိုင်အမျိုးသားများဖြစ်ကြောင်း သက်ဆိုင်ရာက ထုတ်ဖေါ်ပြောဆိုလိုက်သည်။
 ရခိုင်ပြည်နယ်မှ ဘင်္ဂလာသို့ လာရောက်တင်ပို့ရာတွင် ဖမ်းဆီးခံရသော သစ်ဘုတ်။ ရခိုင်ပြည်နယ်မှ ဘင်္ဂလာသို့ လာရောက်တင်ပို့ရာတွင် ဖမ်းဆီးခံရသော သစ်ဘုတ်။















ဖမ်းဆီးခံရသော သစ်ဘုတ်နှင့် သစ်၏ တန်ဖိုးမှာ ကာလပေါက်ဈေး တာကာ ၁၃ ကုဋေ (သန်း ၁၃၀ ကျပ်)ကျော် ရှိကြောင်း ဘင်္ဂလာရေတပ်၏ စစ်ဆင်ရေးမှူးဖြစ်သူ ဇော်ဆိမ်းက ပြောသည်။
မြန်မာနိုင်ငံမှ ဘင်္ဂလာသို့ သစ်တင်ပို့သော ရခိုင်အမျိုးသားများ ၈ ဦး အနေဖြင့် ယခုအခါ ဘင်္ဂလာနိုင်ငံတော် ဥပဒေအတိုင်း တာခ်နာရဲဌာန၌ စစ်ဆေးခံယူနေကြောင်း သိရှိရသည်။
မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေး အပြန်အလှန်တင်ပို့ နေခြင်းမှာ လွန်ခဲ့သော ၁၉၉၇ ခုနှစ် စက်တင်္ဘာလ ၅ ရက်နေ့ ကတည်းက နှစ်နိုင်ငံသဘောတူ စာချုပ်အရ စတင်ခဲ့ပြီး၊ များသောအားဖြင့် ကုန်ပစ္စည်းများကို နှစ်နိုင်ငံ စီးပွားရေးသမားများအနေဖြင့် နားလည်မှုများဖြင့် အပေးအယူလုပ်လေ့ရှိကြရာမှ ယခုကဲ့သို့ ဖမ်းဆီးခံရခြင်း ဖြစ်သည်။
ယင်း မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်မှ ဘင်္ဂလာသို့ လာရောက်တင်ပို့ရာတွင် ဖမ်းဆီးခံရသော သစ်ဘုတ်မှာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ရေပိုင်နက်အတွင်း ဖမ်းဆီးခံရခြင်းဖြစ်ပြီး၊ ရခိုင်ပြည်နယ်-ဘင်္ဂလာနယ်နမိတ်ခြားထားသည့် ဆတ်မာတင်ကျွန်းအနီး ဖမ်းဆီးခံရခြင်းဖြစ်သည်။
(သတင်းအရင်းအမြစ်- Arakan Times)

Monday, February 3, 2014

ဘင်္ဂါလီအရေးကို ထိထိရောက်ရောက်ကိုင်တွယ်ဖို့ စစ်တွေလူထု ဆန္ဒထုတ်ဖော်

၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေဖြင့် ချက်ချင်းစိစစ် ဆောင်ရွက်ရန် ၊ ရခိုင်ပြည်နယ် လုံခြုံရေးတပ်ဖွဲ့အား အဆင့်မြှင့်ပေးရန် ၊ MSF (ခေါ်) AZG အဖွဲ့ ရခိုင်ပြည်မှ ခုနစ်ရက်အတွင်းထွက်ခွာပေးရန် အစရှိသော တောင်းဆိုချက် ကြွေးကြော်သံ ခြောက်ချက်ဖြင့် ရခိုင်လူမှုကွန်ရက် (စစ်တွေ) က ဦးဆောင်ကာ ယနေ့နေ့လယ် တစ်နာရီမှ သုံးနာရီအတွင်း ထုတ်ဖော် ဆန္ဒပြခဲ့ကြရာ လူအင်အား နှစ်ထောင်ကျော်ခန့် ပါဝင်ဆင်နွှဲ ခဲ့ကြသည်။

ဆန္ဒပြပွဲ အဆုံးသတ်ရာ စစ်တွေမြို့လယ် ၀င်္ကပါကွင်း တွင် လူထု ပရိတ်သတ်တို့အား လူမှုကွန်ရက် (စစ်တွေ) ၏ ခေါင်းဆောင်များ ဖြစ်ကြသည့် ဒေါ်ညိုအေး၊ ဦးကျော်ဇောဦး၊ ဦးသာပွင့် နှင့် ဦးစိုးနိုင် တို့က ဟောပြောခဲ့ကြ သည်။

ဦးကျော်ဇောဦးက “ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးတွေ လက်ရှိရင်ဆိုင်တွေ့ကြုံနေရတဲ့ ပြဿနာမြောက်များစွာထဲမှာ အရေးအကြီးဆုံး ပြဿနာ သုံးရပ်က တစ်၊ ခိုးဝင်ဘင်္ဂါလီတွေ သောင်းကျန်းပြီး နယ်မြေချဲ့ထွင်နေတဲ့ ပြဿနာ၊ နှစ်၊ ရခိုင့်သယံဇာတကို ရခိုင်တွေ ခံစားသုံးစွဲပိုင်ခွင့်မရှိတာ၊ သုံး၊ စစ်တပ်က သိမ်းထားတဲ့လယ်ယာမြေတွေကို လယ်သမားတွေလက်ထဲ ပြန်ရောက်အောင်လုပ်ရမှာ စတဲ့ ပြဿနာတွေဖြစ်တယ်။ မိမိတို့လူမျိုး ရှင်သန်တည်တံ့နိုင်ရေးအတွက် အဲဒီပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ရာ ရခိုင်ပြည်နယ်၊ ရခိုင်ပြည်နယ် အစိုးရ နဲ့ ရခိုင်ပြည်နယ် လွှတ်တော်တို့မှာ ဘာလုပ်ပိုင်ခွင့် ဘာအာဏာမှ မရှိတာ။ ဒီပြဿနာတွေကို ပြေလည်အောင်ဖြေရှင်း ပစ်လိုက်ဖို့ရာ အာဏာရယူထားတဲ့ ဗဟိုအစိုးရဟာ တာဝန်ပျက်ကွက်ခဲ့တယ်။ ယနေ့ထက်တိုင်တာဝန် ပျက်ကွက်နေဆဲဖြစ်တယ်။ ဒါတွေအတွက် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့လိုတယ်” ဟု လက်ရှိအခြေအနေ နှင့် ပတ်သက်၍ သုံးသပ်ပြောကြား ဟောပြောသွားခဲ့သည်။

ဦးစိုးနိုင်က “MSF (AZG) ဟာ ပြီးခဲ့တဲ့ တပ်ကြပ်ကြီး အောင်ကျော်သိန်း အသတ်ခံရတဲ့ ကိစ္စမှာ မီဒီယာကို မှားယွင်းတဲ့ သတင်းတွေ လျှောက်ပြီး ဖြန့်ဝေခဲ့တယ်။ အဲဒီအဖွဲ့အစည်း ဟာ သူတို့ ရှိနေခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်း ခိုးဝင်ကုလားတွေ အတွက်ပဲ တောက်လျှောက် တစ်ဖက်သတ်လုပ်လာခဲ့တယ်။ ဒီနေ့က စပြီး ခုနစ်ရက်အတွင်း MSF (Holland) အနေနဲ့ ရခိုင်ပြည်နယ်ထဲက ထွက်ခွာပေးဖို့ ကျွန်တော်တို့က တောင်းဆိုပါတယ်” ဟု ပြောကြားရာ လူအုပ်ကြီးက တစ်ခဲနက် လက်ခုပ်တီး သြဘာပေးခဲ့ကြသည်။

၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေ အကောင်အထည်ဖော်ရေးကို အဘယ်ကြောင့် တောင်းဆိုရသနည်း ဟု မေးမြန်းရာ ဦးကျော်ဇောဦးက “မြန်မာပြည်မထဲမှာ ရှိဖြစ်သွားတဲ့ မိတ္ထိလာလို ပဋိပက္ခမျိုးနဲ့ ရခိုင်မှာ ဖြစ်သွားတဲ့ ဘင်္ဂါလီပြဿနာ တို့ဟာ သဘောသဘာဝချင်း ကွဲပြားခြားနားပါတယ်။ ဒါကြောင့်မို့လို့ ကိုင်တွယ်ဖြေရှင်းပုံလည်း မတူနိုင်ဘူး။ ဘာသာရေးပဋိပက္ခသဘော ဖြစ်တဲ့ မြန်မာပြည်မကနေရာတွေမှာ ယုံကြည်မှုတည်ဆောက်တာတို့ ဘာတို့ဟာ ဖြေရှင်းနည်း ဖြစ်နိုင်ပေမယ့်၊ ဒီရခိုင်မှာက သည်လိုမဖြစ်နိုင်ဘူး။ ဒါပေမဲ့ နယ်စပ်လုံခြုံရေးပြဿနာ၊ လူဝင်မှုကြီးကြပ်ရေး ပြဿနာ သဘောဆောင်တဲ့ ရခိုင်ဘက်က ပြဿနာကို လူဝင်မှုကြီးကြပ်ရေး ဥပဒေအတိုင်း ခိုးဝင်သူလူအုပ်စုကို စစ်ဆေးအရေးယူဆောင်ရွက်ခြင်းအားဖြင့် ဖြေရှင်းရမှာဖြစ်ပါတယ်။ နိုင်ငံသားမဟုတ်တဲ့ သူတွေနဲ့ နိုင်ငံသားတွေကို ယုံကြည်မှုတည်ဆောက်ကြပါ ချစ်ကြည်စွာနေထိုင်ကြပါလို့ လာလာပြောနေတာမှာ အင်မတန်မှ မှားယွင်းတဲ့ ပြဿနာ ဖြေရှင်းနည်း ဖြစ်ပါတယ်။ အဖြေက နံပါတ်တစ် အဲသည်လူတွေကို ပထမဆုံး ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ စိစစ်ပြီး လိုအပ်သလို အရေးယူဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု Coral Arakan News အား ဖြေကြားသည်။

လာမည့် ခုနစ်ရက်အတွင်း MSF (Holland) အနေဖြင့် ရခိုင်ပြည်နယ်မှ ထွက်မသွားပါက မည်ကဲ့သို့ အရေးယူ ဆောင်ရွက်ရမည်ကို ဆွေးနွေးရန်အတွက် လာမည့် တနင်္ဂနွေနေ့ နေ့လယ်တွင် စစ်တွေမြို့ စစ်ကဲကျောင်းတိုက်တွင် တိုင်ပင်ဆွေးနွေးကြရန် ရခိုင်လူမှုကွန်ရက် (စစ်တွေ)က စစ်တွေမြို့သူမြို့သားများအား ဖိတ်ခေါ်ထားသည်။ 
(ဤသတင်းကို Coral Arakan News မှ ကူးယူဖော်ပြပါသည်)

စစ်တွေတွင် ပြည်သူ ၃၀၀၀ ခန့်က White card ကိုင်ဆောင်သူများကို ၂၀၁၅ ခုနှစ်တွင် မဲပေးခွင့်မပြုရန် ဆန္ဒဖေါ်ထုတ်

people demonstration no voter for white card
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လူပေါင်း ၃၀၀၀ ခန့်က အဖြူရောင်  White card (၀ိုက်ကဒ်) ကိုင်ဆောင်သူများကို လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရွှေးကောက်ခံပိုင်ခွင့်နှင့် မဲပေးခွင့်မပြုရန် ယနေ့ နေ့လယ်ပိုင်းက စစ်တွေမြို့ လမ်းမများပေါ်တွင် ချီတက်ကာ ဆန္ဒဖေါ်ထုတ် တောင်းဆိုခဲ့ကြသည်ဟု သတင်း ရရှိသည်။
ဆန္ဒထုတ်ဖော်ပွဲကို ယနေ့နေလည် ၁ နာရီတွင် စတင်ခဲ့ပြီး ဆရာတော် ဦးဥတ္တမပန်းခြံမှ မြို့လယ်ရှိ ၀င်္ကဘာကွင်းသို့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
ဆန္ဒထုတ်ဖော်ပွဲကို ပြုလုပ်ရခြင်းမှာ ၂၀၁၅ ခုနှစ်တွင် အဖြူရောင် White Card ကိုင်ဆောင်ထားသူများကို မဲပေးခွင့်နှင့် အရွှေးခံပိုင်ခွင့် မပြုရန် အတွက် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဦးဆောင်သူ ရခိုင်အမျိုးသမီး ကွန်ရက်မှ ဒေါ်ညိုအေးက ပြောသည်။
“ အဓိကတော့ White card ကိုင်ဆောင်ထားတဲ့ တရားမ၀င် နေထိုင်သူတွေကို ၂၀၁၅ ရွှေးကောက်ပွဲမှာ အရွှေးခံခွင့်နဲ့ မဲပေးခွင့်မပြုဖို့၊ ၁၉၈၂ ခုနှစ်နိုင်ငံသား ဥပဒေကို လွတ်တော်က အမြန်ဆုံးအကောင် အထည်ဖော်ပြီး ဆောင်ရွက် ပေးဖို့စတဲ့ အချက်တွေ အပါအ၀င် အချက် ၇ချက်နဲ့ တောင်းဆို ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ဆန္ဒထုတ်ဖော်သူများ တောင်းဆိုသော အခြား အချက် (၅) ချက်ထဲတွင် ရခိုင်ပြည်နယ်ရှိ  ရဲတပ်ဖွဲ့ဝင်များကို ခေတ်မီလက်နက်များ အစာထိုး တပ်ဆင်ပေးရန်၊  ဒေသခံပြည်သူများ လုံခြုံရေးကို တာဝန်ယူရန်၊ အဖြူရောင် ကဒ်များ တရားမ၀င်ကြောင်း အစိုးရမှ ကျေညာရန်၊ AZG (MSF) ၇ ရက် အတွင်း ဒေသအတွင်းမှ ထွက်သွားရန် ဆိုသည့် အချက်များကို တောင်းဆို ခဲ့ကြသည်ဟု သူမက ဆိုသည်။
ဆန္ဒပြသူများသည် ဘင်္ဂလီဘက်လိုက် နိုင်ငံများကို အလိုမရှိ၊ ဘင်္ဂလီဘက်လိုက် UN အဖွဲ့ကို အလိုမရှိဟု ဆိုကာ ကြွေးကြော် ဆန္ဒပြတောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ရခိုင်လူမှုကွန်ယက်နှင့် တခြားလူမှုအဖွဲ့အစည်းများနှင့် မြို့သူ မြို့သားများက ပူးပေါင်းပြုလုပ်ခြင်း ဖြစ်သည်။
UN အပါအ၀င် နိုင်ငံတကာဖွဲ့အစည်းများအနေဖြင့် စစ်တွေမြို့ခံများတောင်းဆိုထားသည့်အတိုင်း ၇ ရက်အတွင်း တစုံတရာလုပ်ဆောင်မှုမရှိပါက ဥပဒေဘောင်အတွင်းမှ လူထုအားဖြင့်ဆက်လက် တိုက်ပွဲဝင်သွား မည်ဖြစ်ကြောင်းလည်း ဒေါ်ညိုအေးကပြောသည်။
people demonstration no voter for white card
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် White card ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုထားသည့်အတွက် ရခိုင် ပြည်နယ်နှင့် ရခိုင်ပြည်သူများအတွက် နစ်နာမှုများရှိနေကြောင်းလည်း ဒေါ်ညိုအေးက ယခုကဲ့သို့ ပြောသည်။
“White card ကိုင်ဆောင်ထားတဲ့ ဘင်္ဂလီတွေကို မဲပေးခွင့်ပေးထားတဲ့အတွက် White card အတုတွေဖောင်း ပွလာတယ်။ တစ်ဘက်က ခိုးဝင်သူတွေများလာတယ်။ ဒါကြောင့် ကျမတို့က White card တွေကို တရားမ၀င်ဘူးလို့ အစိုးရကထုတ်ပြန်ပေးဖို့လည်း ကျမတို့ တောင်းဆိုထားပါတယ်။”
မောင်တောမြို့တွင်လည်း သတင်းမှားများ ထုတ်ပြန်သည့် ယူအန်နှင့် အိုင်အန်ဂျီအိုများကို ကန့်ကွက်သည့် လူထုဆန္ဒထုတ်ဖော် ပြုလုပ်ရန်စီစဉ်ထားသော်လည်း ဒုသမ္မတ ဦးဥာဏ်ထွန်း ခရီးစဉ်နှင့် တိုက်ဆိုင်နေသည့်အတွက် ဆန္ဒထုတ်ဖော်မှုအစီအစဉ်ကို နောက်ဆုတ်လိုက်သည်ဟု သိရသည်။
အလားတူ ဘူးသီးတောင်မြို့တွင်လည်း သတင်းမှားများ ထုတ်ပြန်သည့် ယူအန်နှင့် အိုင်အန်ဂျီအိုများကို ကန့်ကွက်သည့် လူထု ဆန္ဒထုတ်ဖော်ပွဲကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်အား အစိုးရသဘောထားကို သိရှိရန် ဖုံးဖြင့် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဖုံးမကိုင်သဖြင့် ဆန္ဒပြသူများ တောင်းဆိုချက်အပေါ် အစိုးရ၏ သဘောထားကို မေးမြန်းနိုင်ခြင်း မရှိခဲ့ပါ။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဘင်္ဂါလီများနှင့် အပေးအယူ လုပ်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက် လက်မခံနိုင် ဟု ဆို

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုးစုနှင့် ရခိုင်တိုင်းရင်းသားများအကြား ဖြစ်ပွားနေသည့် ပြဿနာများကို ဖြေရှင်းရာတွင် ‘အပေးအယူနည်းလမ်းမှာ အကောင်းဆုံးဖြစ်ကြောင်း’ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပြီး ယင်းပြောကြားချက်အား လက်မခံနိုင်ကြောင်း သိရှိရသည်။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဇန်နဝါရီ ၃၁ ရက်တွင် တိုင်းရင်းသား မီဒီယာများနှင့် တွေ့ဆုံစဉ် ရခိုင် တိုင်းရင်းသား မီဒီယာတစ်ခု၏ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီ လူမျိုးစုနှင့် ရခိုင်တိုင်းရင်းသား မျိုးနွယ်စု အကြား ပဋိပက္ခအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ အမြင်ကို သိလိုကြောင်း မေးမြန်းချက်ကို ၎င်းက အထက်ပါ အတိုင်း ပြောကြားခြင်းဖြစ်သည်။

“ရခိုင်ပြည်နယ်မှာဖြစ်တဲ့ ပဋိပက္ခက မနေ့က တစ်နေ့ကမှ ဖြစ်တာ မဟုတ်ဘူး။ မြစ်ဖျား ခံတာက နည်းနည်း ကြာပါပြီ။ အဓိကက ပြဿနာမဟုတ်ဘူး။ ပြဿနာက ဖြေရှင်းနည်းပါ။ ပြဿနာကို ဖြေရှင်းတဲ့အခါမှာ အကောင်းဆုံးနည်းကို ရှာရမယ်။ အဲဒါ အပေးအယူနည်းပဲ။ ဒီခေတ်မှာ ကိုယ်သီးသန့်နေလို့ရတဲ့ ခေတ် မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

သီးသန့်နေလို့မရသောခေတ် ဖြစ်သကဲ့သို့ နိုင်ငံအနေနှင့်လည်း သီးသန့်နေ၍ မရပါကြောင်း၊ ဘာသာအနေ ဖြင့်လည်း မရကြောင်း၊ အားလုံး စုပေါင်းကာ နေထိုင်ရမည် ဖြစ်ကြောင်း၊ မည်ကဲ့သို့ ကမ္ဘာတွင် နေထိုင်မည်ကို စဉ်းစားရမည်ဖြစ်ကြောင်း၊ ပဋိပက္ခမှစ၍ မစဉ်းစားရကြောင်း၊ လူတိုင်းတွင် ရည်ရွယ်ချက်ရှိပါကြောင်း၊ မြန်မာ နိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ နေထိုင်သော လူမျိုးပေါင်းစုံရှိကြောင်းနှင့် ကိုးကွယ်သော ဘာသာပေါင်းစုံ ရှိ ကြောင်း၊ မိမိသည် နိုင်ငံရေးအဖွဲ့အစည်းတစ်ခုကို ကိုယ်စားပြုသည်ဆိုပါက မေးရင် ဖြေကြားရမှာ ဖြစ်ကြောင်း၊ ခေါင်းရှောင်၍မရကြောင်း၊ ခေါင်းရှောင်ချင်ပါက ဒီအလုပ်မလုပ်ကြောင်း၊ သို့သော် တကယ် တာဝန်ရှိသူ များအား မေးမြန်းမှသာ လိုချင်သောအဖြေ ရနိုင်မည်ဖြစ်ကြောင်း၊ မိမိ ပေးသော အဖြေသည် အတွေးအခေါ် အဖြေသာဖြစ်ကြောင်း၊ မိမိတွင် လုပ်ပိုင်ခွင့်မရှိဘဲ ဖြေကြားသည်မှာ ပညာမပါကြောင်း၊ မီဒီယာများလည်း မျှမျှ တတ မြင်စေချင်ကြောင်း၊ မိမိ တာဝန် ဖြစ်လာ ပါက ရင်ဆိုင်ဖြေရှင်း ကျော်လွှားမည်ဖြစ်ကြောင်း ၎င်းက ပြော ကြားခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ အပေးအယူဆိုတာ ဘာကို ပြောတာလဲ။ ဘင်္ဂါလီ တွေက တစ်ဆင့်ပြီး တစ်ဆင့် တက်လာတယ်။ ရိုဟင်ဂျာလူမျိုးဖြစ်အောင် ဆောင်ရွက်လာတယ်။ ရခိုင် ဒေသကို သူတို့နိုင်ငံ ဖြစ်အောင် တည်ထောင်ဖို့ ကြိုးစားတယ်။ အဲဒါတွေကို ဘာ အပေးအယူ လုပ်ရမှာလဲ” ဟု ရခိုင်ဒီမို ကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးကျော်မြင့်က မေးခွန်းထုတ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်တို့ ကန့်ကွက်နေတာ မဟုတ်ပါဘူး။ သူရဲ့ အပေးအယူ နည်းလမ်း ဆို တာ ဘာကို ဆိုလိုသလဲ ကျွန်တော်တို့ နားလည်တယ်။ ကျွန်တော်တို့ ငတုံးတွေ မဟုတ်ဘူး။ ကျွန်တော်တို့က ဘာတွေ ပေးပြီး ဘာတွေ ပြန်ယူရမှာလဲ။ ကျွန်တော်တို့ မယုံဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်တို့ ထောက်ခံခဲ့တယ်။ လေးစားခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ယုံကြည်မှုတွေကို ဖြည်းဖြည်းချင်း ဖျက်ဆီးနေ တာ သူကိုယ်တိုင်ပါပဲ။ ရှင်းရှင်းပြောရရင် ရခိုင်ပြည်နယ်ကို အပေးအယူလုပ်ဖို့ ကျွန်တော်တို့ လုံးဝ လက်မခံ ဘူး။ အပေးအယူလုပ်ဖို့ ကြိုးစားလာတဲ့သူမှန်သမျှ ကျွန်တော်တို့ တိုက်ဖျက်သွားမယ်။ ဒီအထဲမှာ ဒေါ်အောင် ဆန်းစုကြည်လည်း ပါတယ်” ဟု မြန်မာအမျိုးသားကွန်ယက်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“ကျွန်တော်တို့ မနေ့က ရန်ကုန်မှာ လုပ်ပြီးပြီ။ မန္တလေးမှာ ဆက်လုပ်မယ်။ နယ်မြို့တွေမှာ ဆက်လုပ်မယ်။ ပြီးတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာလည်း ဆက်လုပ်မယ်။ ပုဒ်မ ၅၉(စ)ထောက်ခံပွဲတွေ လုပ်မယ်။ အခု ဆိုရင် နောက်ထပ် ပွဲတစ်ပွဲ လုပ်ရတော့မယ်။ အပေးအယူနည်းလမ်းကို ဆန့်ကျင်ကန့်ကွက်တဲ့ ပွဲတွေပဲ ဖြစ်တယ်။ အမျိုးသားရေးကို အပေးအယူ လုပ်လို့ရပါသလား။ အမျိုးသားရေးဆိုတာ အပေးအယူ လုပ်စရာ လိုပါသလား။ ကျွန်တော် မေးချင်တယ်။ စောင့်လေမျိုးနွယ်ဆိုတဲ့ အခြေခံ ကျင့်ဝတ်နီတိကိုတောင်မှာ မလိုက် နာနိုင်တဲ့ သူတွေပါးစပ်က အပေးအယူ ဆိုတဲ့ စကားထွက်လာတာ အံ့သြစရာတော့ မဟုတ်ဘူး။ ဒါက ကျွန်တော်တို့ မျှော်လင့်ထားတဲ့ကိစ္စပဲ။ အခုတော့ ဘွင်းဘွင်းကြီး ပေါ်လာပြီပေါ့” မြန်မာအမျိုးသားကွန်ယက် မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို လေးစားပါတယ်။ ဒါပေမယ့် ဒီစကားကို ပြန်ပြီး ရုပ်သိမ်းပေးဖို့၊ ပြန်ပြီးတောင်းပန်ဖို့ ကျွန်တော်တို့ လိုလားပါတယ်။ ဒီလို အပေးအယူ လုပ်လိုတဲ့သူမှန်သမျှ အပြင်းအထန် ကန့်ကွက်ရှုတ်ချ ကြောင်း ပြောလိုပါတယ်” ဟု အမျိုးဘာသာကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

“မြန်မာနိုင်ငံသား၊ ရခိုင်တိုင်းရင်းသား တစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့အမြင်ကတော့ ဘင်္ဂါလီ တွေနဲ့ ဘာမှ ညှိနှိုင်းစရာ မရှိဘူးလို့ ယူဆပါတယ်။ ဘင်္ဂါလီတွေ တောင်းဆိုနေတဲ့ တိုင်းရင်း ဖြစ်ရေးကိစ္စဟာ ညှိနှိုင်းစရာ မလိုတဲ့ ကိစ္စဖြစ်တယ်လို့ ယူဆပါတယ်။ ၈၂ နိုင်ငံသားဥပဒေနဲ့ အညီ နိုင်ငံသားဖြစ်ခွင့် ရှိတဲ့သူတွေကို စိစစ်ပြီး နိုင်ငံသားအဖြစ် အကျုံးဝင်တဲ့သူကို နိုင်ငံသား အဖြစ် အသိအမှတ်ပြု၊ နိုင်ငံသားမဟုတ်တဲ့သူတွေကိုတော့ တရားမဝင် ဝင်ရောက်သူများ အဖြစ်သတ်မှတ်ပြီး တရားစွဲဆို အရေးပြီးရင် ပြည်နှင်ဒဏ်ပေးရမှာကတော့ ဘင်္ဂါလီတွေ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အစိုးရအနေနဲ့ ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်လို့ ယူဆပါတယ်။ အဲဒီတော့ အစိုးရအနေနဲ့ ဘင်္ဂါလီတွေကို ဘာမှ ပေးစရာမရှိတဲ့အတွက် ပေးဖို့ ညှိနှိုင်းစရာ မလိုသလို ဘင်္ဂါလီတွေဆီကလဲ ဘာမှ မလိုချင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲများ အမတ်နေရာ အများစု အနိုင်ရလို့ ဒေါ်အောင်ဆန်းစုကြည်၊ ဒါမှမဟုတ် NLD ကိုယ်စား လှယ်တစ်ယောက် သမ္မတဖြစ် လာရင် ဘင်္ဂါလီတွေကို တိုင်းရင်းသားအဖြစ်ပေးပြီး ဘင်္ဂါလီတွေရဲ့ သစ္စာ စောင့်သိမှုကို ရယူ မယ်ဆိုတဲ့ အပေးအယူမျိုး လုပ်ဖို့များ စဉ်းစားနေတာလား။ ဒီလို အပေးအယူမျိုးကို မြန်မာ နိုင်ငံသားတစ်ယောက်အနေနဲ့ လုံးဝ လက်မခံနိုင်ဘူးဆိုတာ ကြိုတင်ပြောထားပါရစေ” ဟု ပြည်ပရှိ ရခိုင် အမျိုးသား တပ်မတော်မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် မေလအတွင်းမှ စတင်ကာ လူမျိုးစု နှစ်ခုအကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ယခုအချိန်ထိ တည်ငြိမ်အေးချမ်းမှု ရရှိရန် ကြိုးပမ်းဆောင်ရွက်နေဆဲ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် သည် ယင်းပဋိပက္ခနှင့်ပတ်သက်၍ လူနည်းစုကို အကာအကွယ်ပေးရန် လိုအပ်ကြောင်း ထုတ်ဖော်ပြောကြား ထားသူ ဖြစ်သည်။ 
(သတင်းအရင်းအမြစ်- ပြည်သူ့အာဏာ)

စစ်တွေမြို့တွင် ဘင်္ဂလီအရေး ဆန္ဒ ဖေါ်ထုတ်ပွဲ ကျင်းပ


ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ ဖြစ်ပွားနေမှု နှင့်ပတ်သက်ပြီး လူထုဆန္ဒ ဖော်ထုတ်ပွဲတစ်ရပ် ကျင်းပခဲ့ရာ ရဟန်းရှင်လူ ၃၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဆန္ဒဖော်ထုတ်သော ပြည်သူများသည် ယနေ့ မွန်းလွဲ ၁ နာရီတွင် စစ်တွေမြို့ ဦးဥတ္တမ ပန်းခြံမှ စတင်ထွက်ခွါ၍ စီတန်းလှည့်လည်ခဲ့ကြပြီး ၀င်္ကပါကွင်းအထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြကြောင်း၊ စီတန်းလှည့်လည်ရာတွင် တောင်းဆိုချက် များ သံပြိုင်ညီညီညာညာဖြင့် ကြွေးကြော်ခဲ့ကြောင်း သိရသည်။

ယနေ့ စစ်တွေ လူလုဆန္ဒဖော်ထုတ်ပွဲမှ တောင်းဆိုချက် (၇)ချက်မှာ

၁။ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို ချက်ချင်းအကောင်အထည်ဖော်ရေး - ဒို့အရေး

၂။ ၂၀၁၅ ရွေးကောက်ပွဲတွင် White Card ကိုင်ဆောင်သူများ မဲပေးပိုင်ခွင့်ပယ်ဖျက်ရေး - ဒို့အရေး

၃။ ဒေသခံပြည်သူများလုံခြုံဖို့ အစီအမံများမြှင့်တင်ရေး - ဒို့အရေး

၎။ တရားမ၀င်ဘင်္ဂလီများအား ဘက်လိုက်သည့်နိုင်ငံများ ကျဆုံးပါစေ။

၅။ UN, INGO အလိုမရှိ။ (MSF) AZG (၇)အတွင်း ချက်ချင်းထွက်။

၆။ ရခိုင်ပြည်နယ်တွင် ရဲတပ်ဖွဲ.၀င်များအား ခေတ်မှီလက်နက်များ အစားထိုးတပ်ဆင်ပေးရေး။

၇။ ဘင်္ဂါလီနှင့် အပေးအယူလုပ်မည့် ဒေါ်အောင်ဆန်းစုကြည်၏ အစီအစဉ် အလိုမရှိ ဟု ဖြစ်ကြောင်း သိရှိရသည်။

"ကျွန်တော်တို့ရဲ့ တောင်းဆိုချက်တွေက ဒီ ၇ ချက်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂလီတွေနဲ့ အပေးအယူ လုပ်ဖို့ ပြောတယ်။ ဘာကို လုပ်ချင်တာလဲ။ ဘာပေးချင်တာလဲ။ ကျွန်တော်တို့ ဘာမှ အပေးအယူလုပ်စရာ အကြောင်းမရှိဘူး။ သူ့ဘာသာ အပေးအယူ လုပ်ချင်ရင် သူ့အိမ်ပေါ် ခေါ်တင်ထား။ ဒီရခိုင်ပြည်နယ်ကိုတော့ ဘာအပေးအယူမှ လာမလုပ်နဲ့" ဟု ဦးစီးကျင်းပသူ တစ်ဦးက ပြောဆိုသည်။

ဆန္ဒပြသူများသည် ဒူချီရာတန်း အလယ်ကျေးရွာတွင် ဘင်္ဂါလီတို့၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသော ရဲတပ်ကြပ်ကြီးအောင် ကျော်သိန်း၏ ဓါတ်ပုံပိုစတာများကို ကိုင်ဆောင်ကာ တရားမျှတမှု ဖော်ဆောင်ပေးရန် တောင်းဆိုခဲ့ကြကြောင်းလည်း သိရသည်။ 

(သတင်းအရင်းအမြစ်- ပြည်သူ့အာဏာ)

ဒုသမ္မတ ဦးဥာဏ်ထွန်း ရခိုင်သို့ ရောက်ရှိ

vice president of Burma U Nyan Tunနိုင်ငံတော် ဒုသမ္မတ ဦးဥာဏ်ထွန်းသည် ယနေ့ နံနက်က စစ်တွေမြို့မှ တဆင့်  ကျောက်ဖြူမြို့သို့ ရဟတ်ယာဉ်များဖြင့် ရောက်သည်။
ဒုသမ္မတသည် ကျောက်ဖြူမြို့တွင် အထူး စီးပွားရေးဇုန်( Special Economic Zone) ကိစ္စနှင့် ပတ်သက်ပြီး ဒေသအတွင်းမှ အစိုးရ အရာရှိများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများ၊ စက်မူဇုန်အတွင်းမှ ဒေသခံများနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။
၎င်းအစည်းအဝေးသို့ အထူးစီးပွားရေးဇုန်တွင် ပါဝင်သော သစ်ပုတ်တောင်၊ သစ်တော၊ စည်မော်၊ ကြံချိုင်နှင့် ရှောက်ချောင်းမှ တရွာလျှင် ရွာသား ၅ ဦးကျစီ တက်ရောက်ခဲ့သည်ဟု  ကျေးရွာသားများထဲမှ အစည်းအဝေးကို တက်ရောက်ခွင့်မရခဲ့သူ ကိုထွန်းကြည်က ပြောသည်။
စီးပွားရေးဇုန်အတွင်းမှ ကျေးရွာသားများနှင့် တွေ့ဆုံမည့်နေရာတွင် ကျေးရွာသား အစစ်အမှန်များကို ဒေသ အာဏာပိုင်များက ခေါ်ယူခြင်း မရှိဘဲ သူတို့နှင့် သင့်မြတ်သူ လက်သင့်ရာကို ခေါ်ယူပြီး ဒုသမ္မတနှင့် တွေ့ဆုံရန် စီစဉ်ခဲ့သဖြင့် ကျေးရွာသားများအကြားမကျေမနပ်မူများ  ဖြစ်ပေါ်နေသည်ဟုလည်း သူက ပြောသည်။
အစည်းအဝေးအား ဓည၀တီ ရေတပ်စခန်းရှိ ဓမ္မာရုံတွင်ပြုလုပ်ခဲ့ပြီး ဒုသမ္မတမှ အထူးစီးပွားရေးဇုန်ကိစ္စနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့သည်ဟု သိရသည်။
 (သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာတွင် ဘင်္ဂါလီ ၄၀ ကျော် အသတ်ခံရပြီး ၂၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်ဆိုသော ပြည်ပမီဒီယာအချို့၏ ဖော်ပြချက်များအတွက် သက်သေအထောက်အထား ပြသနိုင်ခြင်းမရှိ

ဒုချီးရားတန်း (အလယ်ရွာ) ကျေးရွာအတွင်းပိုင်းကို ဖေဖော်ဝါရီ ၁ ရက်က တွေ့ရစဉ်
အေပီ၊ ဘီဘီစီနှင့် အခြားပြည်ပ သတင်းဌာနများမှ ဖော်ပြခဲ့သော ဇန်နဝါရီ ၁၃ရက် ညပိုင်းက မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာတွင် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း အကြမ်းဖက် သတ်ဖြတ်ခံရမှုကြောင့် လုံခြုံရေးတပ်ဖွဲများမှ ကျေးရွာအတွင်း ဝင်ရောက်ပြီး ပတ်ခတ်သဖြင့် ဘင်္ဂါလီ ၄ဝ ကျော် သေဆုံးပြီး ၂ဝ ဦးကျော် ဒဏ်ရာရရှိခဲ့သည်ဆိုသော သတင်းများနှင့် ပတ်သက်၍ အဆိုပါကျေးရွာတွင် နေထိုင်သူများ အနေဖြင့် သက်သေအထောက်အထား တစ်စုံတစ်ရာ မပြသနိုင်ဘဲ အနီးဝန်းကျင် ကျေးရွာများတွင် နေထိုင်သူများကလည်း လူအများအပြား သေဆုံးဒဏ်ရာရမှုနှင့် ပတ်သက်၍ ၎င်းတို့မကြားမိကြောင်း ပြောကြားသည်။

ဇန်နဝါရီ ၁၃ ရက် ညပိုင်းက ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းသည် မောင်တောမြို့နယ် ခရေမြိုင်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ခရေမြိုင်၊ ကင်းချောင်းကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများ လိုက်ပါပြီး နယ်မြေလုံခြုံရေးအတွက် ကင်းလှည့်လည်စဉ် ဒုချီးရားတန်းကျေးရွာ၌ တာဝန်ထမ်းဆောင်ရင်း အကြမ်းဖက်မှု ခံခဲ့ရပြီး ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ပျောက်ဆုံးသွားခဲ့ပြီးနောက်တွင် ပြည်တွင်းအခြေစိုက် ဧရာဝတီ သတင်းဌာန အပါအဝင် နိုင်ငံတကာ သတင်းဌာနများဖြစ်သော AP၊ BBC နှင့် မီဒီယာအချို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားခဲ့သော ဒုချီးရားတန်းကျေးရွာ အတွင်းသို့ဝင်ရောက်ပြီး အမျိုးသမီးများနှင့် ကလေးသူငယ် ၄ဝ ကျော်အား ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု သတင်းများ ထုတ်လွှင့်ဖော်ပြခဲ့ကြသည်။

ပျောက်ဆုံးရဲတပ်ကြပ်ကြီး၏ ပစ္စည်းများကို ပြသနေစဉ်


ယင်းသို့ သတင်းဖော်ပြမှုများကြောင့် ရန်ကုန်မြို့ရှိ အင်္ဂလန်နှင့် အမေရိကန်က ကြေညာချက်များ ထုတ်ပြန်ပြီး ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်နှင့်ပတ်သက်ပြီး သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးရန် တောင်းဆိုခဲ့ကြသည်။ အစိုးရအနေဖြင့် ဒုချီးရားတန်းဖြစ်စဉ်အတွက် ရခိုင်ပဋိပက္ခ စုံစမ်းရေးကော်မရှင်အား သွားရောက်ပြီး စုံစမ်းစစ်ဆေးရန် တာဝန်ပေးခဲ့သလို အဆိုပါ တွေ့ရှိချက်များအား ဇန်နဝါရီ ၂၈ ရက်တွင် ရန်ကုန်မြို့၌လည်း နိုင်ငံတကာမှ သံတမန်များအား ဖိတ်ကြားပြီး ဒုချီးရားတန်းဖြစ်စဉ်အား အထောက်အထားများဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါကျေးရွာ၌ အမျိုးသမီးများနှင့် ကလေးငယ်များကိုသာ တွေ့ရပြီး ရဲတပ်ကြပ်ကြီး အကြမ်းဖက်မှုဖြစ်စဉ်အား မေးမြန်းခဲ့ရာ အားလုံးက မသိကြောင်းနှင့် နားမလည်ကြောင်းကိုသာ ပြောကြားကြသည်။ အဆိုပါ အမျိုးသမီးများသည် ဒေသခံပြောစကားဖြစ်သော ရခိုင်ဘာသာစကားကိုလည်း မပြောဆိုနိုင်ကြသလို မြန်မာစကားကိုလည်း လုံးဝနားမလည်သည်ကို တွေ့ရှိရသည်

ဇန်နဝါရီ ၂၉ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Mr. Roland Kobia ဦးဆောင်သော သံတမန်အဖွဲ့သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ လာရောက်ကာ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဒုချီးရားတန်းကျေးရွာဖြစ်စဉ်နှင့် ပတ်သက်သည့် အချက်အလက်များကို မေးမြန်းခဲ့ကာစစ်တွေမြို့ရှိ နှစ်ဖက်လူ့အဖွဲ့အစည်းများ၏ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမေးမြန်းခဲ့သည်။ အဆိုပါအဖွဲ့သည် ဇန်နဝါ ရီ ၃ဝ ရက်တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်သို့ ရောက်ရှိကာ အခင်းဖြစ်ပွားခဲ့သော ဒုချီးရားတန်းကျေးရွာသို့ သွားရောက်ပြီး ဒေသခံများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။

ဒုချီးရားတန်း (အလယ်ရွာ) ကျေးရွာရှိ မိသားစုတစ်စုကို တွေ့ရစဉ်


ဒုချီးရားတန်းကျေးရွာ၌ အမျိုးသမီးများနှင့် ကလေးငယ်များသာရှိပြီး အမျိုးသားများမှာ အခင်းဖြစ်ပွားသည့်အချိန် နောက်ပိုင်းကတည်းက တိမ်းရှောင်ပုန်းအောင်းနေကြပြီး ၎င်းတို့ပုန်းအောင်နေသော နေရာကို မသိရှိကြောင်း ဒေသခံများက ထွက်ဆိုကြသည်။ သံတမန်များက ပုန်းအောင်းနေသူ အားလုံးကို ဖမ်းဆီရန် အစီအစဉ် ရှိမရှိကို ရခိုင်ပြည်နယ် ရဲတပ်ရင်းများ ကွပ်ကွဲရေးမှူး ရဲမှူးချုပ်တင်ကိုကိုအား မေးမြန်းရာ ဖမ်းဆီးရန် အစီအစဉ်မရှိဘဲ စစ်ဆေးမေးမြန်းရန်သာ ရှိကြောင်းနှင့် ရဲတပ်ကြပ်ကြီးအား အကြမ်းဖက်မှုတွင် ပါဝင်သူများအား ဖော်ထုတ်နိုင်ပါက ကျန်ကျေးရွာသူ ကျေးရွာသားများအား ဖမ်းဆီးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

Eleven Media Group သတင်းအဖွဲ့အနေဖြင့် အခင်းဖြစ်ပွားခဲ့သော ဒုချီးရားတန်းကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများသို့ ဇန်နဝါရီ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၁ ရက်က သွားရောက်ပြီး စုံစမ်းခဲ့ရာတွင် အဆိုပါကျေးရွာ၌ အမျိုးသမီးများနှင့် ကလေးငယ်များကိုသာ တွေ့ရပြီး ရဲတပ်ကြပ်ကြီး အကြမ်းဖက်မှုဖြစ်စဉ်အား မေးမြန်းခဲ့ရာ အားလုံးက မသိကြောင်းနှင့် နားမလည်ကြောင်းကိုသာ ပြောကြားကြသည်။ အဆိုပါ အမျိုးသမီးများသည် ဒေသခံပြောစကားဖြစ်သော ရခိုင်ဘာသာစကားကိုလည်း မပြောဆိုနိုင်ကြသလို မြန်မာစကားကိုလည်း လုံးဝနားမလည်သည်ကို တွေ့ရှိရသည်။ လူ ၄ဝ ကျော် အသတ်ခံရသည်ဆိုသော သတင်းနှင့် လူရှစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည်ကို မြင်တွေ့ခဲ့သူ ရှိမရှိ မေးမြန်းရာတွင်လည်း ၎င်းတို့ မမြင်တွေ့ရကြောင်းနှင့် လူရှစ်ဦးအားသတ်ဖြတ်ပြီးကင်းချောင်းကျေးရွာသုသာန်ဟောင်းအနီးမှ တောင်ကြားတွင် မြှုပ်နှံထားသည်ဟု ထင်းခုတ်သမားတစ်ဦးက ပြောသဖြင့် သိရကြောင်းသာ ပြောကြားပြီး အဆိုပါ ထင်းခုတ်သမား၏ အမည်နှင့် မည်သည့်ကျေးရွာက ဖြစ်သည်ကို မေးမြန်းရာတွင်လည်း ပြန်လည်ဖြေဆိုနိုင်ခြင်း မရှိပေ။

ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း တာဝန်ကျရာ ခရေမြိုင်ကျေးရွာမှာ ဒုချီးရားတန်းကျေးရွာနှင့် တစ်မိုင်ခန့်သာဝေးကွာပြီး ရခိုင်တိုင်းရင်းသားများနှင့် မြန်မာများနေထိုင်သော ကျေးရွာဖြစ်သည်။ အခင်းဖြစ်ပွားခဲ့သော ဇန်နဝါရီ ၁၃ ရက်ည ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ကျေးရွာလူကြီး ဦးခင်မောင်ဝင်းနှင့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း၏ ညီဖြစ်သူ ကိုထွန်းဖြူအား တွေ့ဆုံပြီး မေးမြန်းခဲ့ရာတွင် သတင်းမီဒီယာအချို့၏ ဖော်ပြချက်နှင့် ဆန့်ကျင်ကွဲလွဲနေသည်ကို တွေ့ရှိခဲ့ရသည်။
ဒုချီးရားတန်း (အလယ်ရွာ) ကျေးရွာ စာသင်ကျောင်းရှေ့မြင်ကွင်း


ကျေးရွာလူကြီး ဦးခင်မောင်ဝင်းက “ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းက အင်မတန် စိတ်သဘောထားကောင်းတဲ့သူပါ။ အရက်သေစာ သောက်စားတတ်တဲ့သူလည်း မဟုတ်ပါဘူး။ ကင်းလှည့်သွားတာကလည်း ပုံမှန်လှည့်ကင်း သွားကြတာပါ။ ရွာထဲကိုရောက်တော့ လူအုပ်နဲ့ဝိုင်းပြီး ရန်လုပ်တာ ခံခဲ့ရတာပါ။ ရဲတွေမှာ လက်နက်အင်အား မကောင်းတာသိလို့ ဒီလိုလုပ်ကြတာ။ တစ်လုံးထိုး သေနတ်တွေပဲရှိပြီး အောင်ကျော်သိန်းကိုင်တဲ့ M-22 မောင်းပြန်သေနတ်က အခင်းဖြစ်မယ့်နေ့ နေ့လယ်ကမှ မောင်တောကထုတ်ခဲ့တာပါ။ ကင်းလှည့်သွားရင်း လူစုနဲ့ရန်ပြုခံရလို့ ခရေမြိုင်စခန်းက ရဲတွေပြန်လာပြီး အောင်ကျော်သိန်း ကျန်ခဲ့တယ်ဆိုတာ သိရပြီး မျှော်နေကြတယ်။ ချက်ချင်းဆိုသလိုပဲ ခရိုင်နဲ့မြို့နယ်အဆင့်က ရောက်လာကြပြီး သုံးနာရီအတွင်း အောင်ကျော်သိန်းကို ပြန်ထုတ်ပေးဖို့ ပြောပါတယ်။ မပေးတဲ့အတွက် သတ်မှတ်တဲ့အချိန်မှာ ရွာထဲကိုဝင်တော့ ယောက်ျားသားတွေ မရှိတော့ဘူး။ ပတ်သံခတ်သံလည်း မကြားရပါဘူး။ ခရေမြိုင်နဲ့ ဒုချီးရားတန်းဆိုတာ လမ်းလျှောက်သွားရင်တောင် ဆယ်မိနစ်အတွင်းရောက်တဲ့ အကွာအဝေးပါ။ လူ ၄ဝ ကို ပစ်ခတ်သတ်ဖြတ်မယ်ဆိုရင် ကျွန်တော်တို့ရွာက အတိုင်းသား ကြားရမှာပါ။ ဘယ်သူလာမေးမေး ကျွန်တော်ဒီအတိုင်းပဲ ဖြေပါမယ်။ မဟုတ်မမှန်လည်း မပြောတတ်ပါဘူး။ လူ ၄ဝ ကျော်သေတယ်လို့ ပြောပေမယ့် သူတို့သင်္ချိုင်းက လွန်ခဲ့တဲ့ ၂ဝ၁၂ ကတည်းက အတိုင်းပါပဲ။ သေသူမရှိတဲ့အတွက် ဖုန်းဆိုးကွင်းကြီးတောင် ဖြစ်နေပါပြီ။ သူတို့ဘာသာရေး ထုံးစံအရဆိုရင် ဒီအတိုင်းမြှုပ်ရပါတယ်။ အခုဘာမှ မတွေ့ပါဘူး” ဟု ပြောကြားသည်။

ဒုချီးရားတန်းကျေးရွာအုပ်စုတွင် ကျေးရွာခုနစ်ရွာရှိပြီး အခင်းဖြစ်သည့် ဒုချီးရားတန်းအလယ်ရွာတွင် အိမ်ထောင်စု ၄ဝဝ ကျော်ရှိကာ လူဦးရေ ၂ဝဝဝ ခန့်ရှိကြောင်း သိရသည်။ အနီးရှိ ရခိုင်တိုင်းရင်းသား ကျေးရွာများဖြစ်သော ခရေမြိုင်၊ ကင်းချောင်း၊ ဗောဓိကုန်း၊ ကန်သာယာ(အထက်)၊ ကန်သာယာ(အောက်) ကျေးရွာများတွင် အိမ်ထောင်စု ၃ဝ ဝန်းကျင်စီသာရှိပြီး လူဦးရေမှာလည်း ၁ဝဝ ပတ်ဝန်းကျင်သာ ရှိကြသည်။ ရခိုင်တိုင်းရင်းသား ကျေးရွာများမှာ တစ်နေရာနှင့်တစ်နေရာ အလှမ်းကွာသော်လည်း ဘင်္ဂါလီကျေးရွာများမှာ ဆက်စပ်လျက်တည်ရှိကြသည်။ ထို့ကြောင့် ရခိုင်တိုင်းရင်းသားများ အနေဖြင့် လုံခြုံရေး အစောင့်အရှောက်ဖြင့်သာ နေထိုင်ရဲကြပြီး ဘင်္ဂါလီကျေးရွာများဖက်သို့ သွားရောက်ရဲကြခြင်း မရှိကြောင်း သိရသည်။

ကင်းချောင်းရဲစခန်းမှ ရဲတပ်သားများကလည်း ဒုချီးရားတန်းကျေးရွာသည် ၂ဝဝ၈ ခုနှစ်ကလည်း ရဲတပ်ကြပ်တစ်ဦးအား ရိုက်နှက်ခဲ့ဖူးပြီး လက်ရှိအချိန်တွင်လည်း စခန်းမှူးကိုပင် ဓားပြကာ ခြိမ်းခြောက်သည့်ရွာဟု ပြောကြားသည်။ ရွာအနီးရှိချောင်းမှ နာရီဝက်ခန့်သွားလျှင် ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ရောက်ရှိသဖြင့် ပြစ်မှုကျူးလွန်ပြီးလျှင် ထွက်ပြေးသွားတတ်ကြသည်ဟု ပြောကြားချက်များအရ သိရသည်။

ပျောက်ဆုံးနေသော ရဲတပ်ကြပ်ကြီး၏ ဖိနပ်အပါအ၀င် အသုံးဆောင်အချို့အား တွေ့ရှိသည့်နေရာအား ပြသနေစဉ်


ရခိုင်ပြည်နယ် ရဲတပ်ရင်းများ ကွပ်ကွဲရေးမှူး ရဲမှူးချုပ်တင်ကိုကိုနှင့် ဇန်နဝါရီ ၃၁ ရက်က တွေ့ဆုံမေးမြန်းခဲ့ရာတွင် ၎င်းက “ဇန်နဝါရီ ၁၄ ရက်မှာ ရွာထဲကိုဝင်တော့ ဗလီစောင့်တစ်ဦးပဲ ယောက်ျားသားတွေ့ရတယ်။ ကျန်တာက မိန်းမနဲ့ကလေးတွေပဲ။ မေးကြည့်တဲ့အခါ အဖမ်းခံရမှာကြောက်လို့ ထွက်ပြေးသွားကြတယ် ပြောပါတယ်။ ဗလီစောင့်နဲ့ ရွာနားမှာ ပုန်းနေတဲ့သူတွေကို ခေါ်ယူစစ်ဆေးတဲ့အခါမှာ လူ ၂၇ ဦးရဲ့ အမည်ကို ရပါတယ်။ လက်ရှိအချိန်မှာ ၁၆ ဦးကို ခေါ်ယူစစ်ဆေးနေပါတယ်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှူးဆီကိုလည်း သူတို့ဓာတ်ပုံတွေနဲ့ ကိုယ်ရေးအချက်အလက်တွေပို့ပြီး အဲဒီဘက်မှာ ရှိ၊ မရှိ စစ်ဆေးပေးဖို့ အကူအညီတောင်းထားပါတယ်။ အခင်းဖြစ်တဲ့ရွာက အရင်ကတည်းက နာမည်ဆိုးတဲ့ရွာပါ။ ဇန်နဝါရီ ၁၃ ရက်က သူတို့ဘာသာရေးရဲ့ တမန်တော်နေ့ပါ။ ကင်းချောင်းအုပ်ချုပ်ရေးမှူးကိုလည်း ဖုန်းဆက်ပြီး ရွာကိုလာဖို့ခေါ်တယ်လို့ သိရပါတယ်။ နောက်ပြီး မောင်တောက ဌာနဆိုင်ရာ အရာရှိတစ်ယောက်ကိုလည်း ရွာကိုလာဖို့ ခေါ်ပါသေးတယ်။ ဘယ်သူမှမသွားကြဘဲ ကင်းလှည့်သွားတဲ့ တပ်ကြပ်ကြီးကို အခုလိုလုပ်လိုက်တာပါ။ ရည်ရွယ်ချက်နဲ့လုပ်တာပြောလို့ ရပါတယ်။ နောက်ပြီး EU သံတမန်တွေလာမယ် ၃ဝ ရက်မတိုင်မီ ၂၉ ရက်ညကလည်း ရွာကိုမီးရှို့ပြီး ကျွန်တော်ကိုယ်တိုင် ဦးဆောင်မီးရှို့ပါတယ်ဆိုပြီး သတင်းလွှင့်ပါတယ်။ အခုဖြစ်စဉ်က နိုင်ငံတော်ဝန်ထမ်းတစ်ယောက်ကို အကြမ်းဖက်ပြီး လက်နက်လုယူတဲ့ နိုင်ငံတော်ပုန်ကန်မှုပါ။ ဒါကြောင့် ကျွန်တော်တို့တောင်းဆိုထားတဲ့ ရဲတပ်ကြပ်ကြီးနဲ့ လက်နက်မရမချင်း ဖိဖိစီးစီး လုပ်သွားပါမယ်” ဟု ပြောကြားသည်။

မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂက စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခဲ့သည်။ ထို့ပြင် ဗြိတိန်နိုင်ငံခြားရေးရုံး အာရှရေးရာ ဝန်ကြီးကလည်း ဒုချီးရားကျေးရွာ ဖြစ်စဉ်အပေါ် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဒုချီးရားတန်းကျေးရွာအုပ်စုတွင် ကျေးရွာခုနစ်ရွာရှိပြီး အခင်းဖြစ်သည့် ဒုချီးရားတန်းအလယ်ရွာတွင် အိမ်ထောင်စု ၄ဝဝ ကျော်ရှိကာ လူဦးရေ ၂ဝဝဝ ခန့်ရှိကြောင်း သိရသည်။ အနီးရှိ ရခိုင်တိုင်းရင်းသား ကျေးရွာများဖြစ်သော ခရေမြိုင်၊ ကင်းချောင်း၊ ဗောဓိကုန်း၊ ကန်သာယာ(အထက်)၊ ကန်သာယာ(အောက်) ကျေးရွာများတွင် အိမ်ထောင်စု ၃ဝ ဝန်းကျင်စီသာရှိပြီးယင်းဖြစ်စဉ်အား သိရှိနိုင်ရန် ဥရောပသမဂ္ဂ သံအမတ်ကြီး ဦးဆောင်သော သံတမန်အဖွဲ့က ရခိုင်ပြည်နယ် စစ်တွေသို့ သွားရောက်၍ ဒေသခံများကို မေးမြန်းမှုများ ပြုလုပ်ခဲ့ရာ ပြင်သစ်သံအမတ်ကြီးက အစ္စလာမ် ဘာသာဝင်များအား ၎င်းတို့၏ လူမျိုးအပေါ် ထင်မြင်ချက်ကို မေးမြန်းမှုအပေါ် ရွာသစ်ကေရပ်ကွက် တာဝန်ခံဘာဆဲက “ကျွန်တော်တို့ကတော့ ဝန်ထမ်းသားသမီးပါ။ မောင်တောမှာ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် အတူတကွ စားအတူ၊ သွားအတူနေပြီး ငြိမ်းချမ်းနေပါတယ်။ ၉၉ ရာခိုင်နှုန်း ငြိမ်းချမ်းနေပါတယ်။ လူနည်းစု တစ်စုကသာဆူပူမှုပြဿနာဖြစ်အောင်ဖန်တီးနေပါတယ်။ဒါကိုပူးပေါင်းပြီးအရေးယူဆောင်ရွက် ဖော်ထုတ်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း ပူးပေါင်းပါဝင် ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့က နိုင်ငံတော်က သတ်မှတ်ပေးတဲ့ လူမျိုးကို လက်ခံပါတယ်။ ကျွန်တော်တို့က မွတ်စလင်လူမျိုးတွေပါ” ဟု ဖြေကြားခဲ့ကြောင်း သိရသည်။

ဒုချီးရားတန်း(အလယ်)ရွာတွင်းမှ ရဲတပ်ကြပ်ကြီး အကြမ်းဖက် တိုက်ခိုက်ခံရသည့် နေရာအား တွေ့ရစဉ်


ထို့အပြင် အီးယူသံအမတ်ကြီးက ဒီနိုင်ငံမှာနေပြီး ဒီနိုင်ငံစကားကို မတတ်ကြဘူးဆိုတော့ တစ်မျိုးဖြစ်နေကြောင်း ထို့ကြောင့် တရားမဝင် ရောက်လာသူများလား၊ ဒီမှာပဲ မွေးဖွားသူများလား စသည်ဖြင့် မေးမြန်းမှုကို မြို့မတောင်ရပ်ကွက် တာဝန်ခံဦးအီဆုပ်က “အဲဒီကိစ္စကို ဌာနဆိုင်ရာတွေက ပိုပြီးသိနိုင်မယ် ထင်ပါတယ်။ ကျွန်တော်တို့ဒီမှာ အချိန်အကြာကြီး ဘိုးဘွားကအစ နေထိုင်လာခဲ့ကြတာပါ။ ခိုးဝင်လာတယ် ဆိုတာတွေကို ဌာနဆိုင်ရာတွေက စစ်ဆေးမှုတွေ လုပ်နေတယ်ဆိုတော့ ပိုသိမှာပါ။ အဓိကကတော့ ဆင်းရဲပြီး စာမတတ်ကြလို့ပါပဲ။ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ကို ပညာရေးတိုးတက်အောင် ကူညီပေးစေချင်ပါတယ်။ ပညာရေးမြင့်မားလာပြီဆိုရင် အားလုံးအဆင်ပြေသွားမှာပါ” ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်က ဒုချီးရားတန်းကျေးရွာအတွင်း ဝင်ရောက်ပြီး အခင်းဖြစ်ပွားပုံနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် အမျိုးသမီးများနှင့် ကလေးငယ်များကိုသာ တွေ့ရှိရပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ဘင်္ဂါလီဘာသာဖြင့် (နော်ဘူဇေး-နားမလည်ဘူး၊ နော်စေးနီ-မသိဘူး) ဟုသာ ပြန်လည်ဖြေဆိုကြသည်။ ထိုသို့မေးမြန်းနေစဉ်အတွင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်နှင့်အဖွဲ့သည် ကျေးရွာအတွင်းဝင်ရောက်ပြီး လူ ၄ဝ ကျော်အသတ်ခံရသည့် ဖြစ်စဉ်၊ လူရှစ်ဦးအား သတ်ဖြတ်ပြီး တောင်ကြားတွင် မြှုပ်နှံထားသည့် ဖြစ်စဉ်များအတွက် သက်သေအထောက်အထားများအား ရွာခံအမျိုးသမီးများနှင့် အနီးဝန်းကျင် ကျေးရွာများမှ အုပ်ချုပ်ရေးတာဝန်ယူထားသူ အမျိုးသားများအား မေးမြန်းခဲ့သည်။

လူ့အခွင့်အရေးကော်မရှင်၏ မေးမြန်းမှုကို လာရောက်ကူညီသော မောင်တောမြို့နယ် ရခိုင်ပြည်နယ် လွှတ်တော်ကိုစားလှယ် ဦးအောင်မျိုးမင်းအား ဒုချီးရားတန်းကျေးရွာဖြစ်စဉ်နှင့် ပတ်သက်ပြီး ၎င်းသိရှိထားသည်များအနက်မှ ပြောကြားပေးရန် မေးမြန်းခဲ့ရာတွင် “ဖြစ်စဉ်ဖြစ်တဲ့အချိန်မှာ ကျွန်တော်မရှိတဲ့အတွက် ဘာမှမပြောပြနိုင်ပါဘူး။ ဒေသခံတွေကိုမေးတာ အကောင်းဆုံးပါ” ဟုသာ ပြန်လည်ဖြေကြားသွားခဲ့သည်။

ရဲတပ်ကြပ်ကြီး ပျောက်ဆုံးခဲ့သည့် ဒုချီးရားတန်း အလယ်ရွာအား တွေ့ရစဉ်
မောင်တောမြို့နယ်တွင် မြောက်ပိုင်းနှင့်တောင်ပိုင်းဟု နှစ်ပိုင်းရှိပြီး ယခုဒုချီးရားတန်းရှိသည့် တောင်ပိုင်းမှာ ပညာရည်နိမ့်ကျပြီး ရာဇဝတ်မှုထူပြောသည့် နေရာဖြစ်ကြောင်း မြောက်ပိုင်းမှာ တည်ငြိမ်မှုရှိသလို ပညာတတ်လည်းများကြောင်း သိရသည်။ ဇန်နဝါရီ ၁၃ ရက်ညက ဖြစ်စဉ်ကြောင့် လူ ၂၂ ဦးအား ဆေးကုသပေးခဲ့ရသည်ဟု မောင်တောအခြေစိုက် နယ်စည်းမခြား ဆရာဝန်များအသင်း (AZG) မှ သတင်းထောက်များထံသို့email ဖြင့်အကြောင်းကြားမှုရှိခဲ့ခြင်းကြောင့် မောင်တောမြို့နယ် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးက AZG မှ တာဝန်ရှိသူများအား ခေါ်ယူမေးမြန်းရာတွင် အထောက်အထား မတင်ပြနိုင်ခဲ့ကြောင်း သိရသည်။

မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးက “မောင်တောပြည်သူ့ဆေးရုံက ဆရာဝန်ကြီးက AZG အဖွဲ့မှာလုပ်နေတဲ့ ဆရာဝန်နှစ်ဦးကိုေ ခေါ်စစ်ပါတယ်။ ဒါဟာ ရဲမှုခင်းဖြစ်စဉ်ဖြစ်တယ်လို့ သေချာရှင်းပြတယ်။ ဒါပေမယ့် ဒဏ်ရာရတဲ့သူတွေကို ကုသရတာ မရှိဘူးလို့ အစစ်ဆေးခံရတဲ့သူတွေက ထွက်ဆိုတယ်။ အဲဒီစစ်ဆေးချက်ကိုလည်း ပြည်နယ်အစိုးရကို တင်ပြထားပြီးပါပြီ” ဟု ပြောပါသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှ အငြိမ်းစားသံအမတ်ကြီး ဦးလှမြင့်က “ကျွန်တော်တို့ ဒီကိုလာတာ လူရှစ်ယောက် အသတ်ခံရတယ် ဆိုတဲ့ဟာရယ် လူ ၄ဝ အသတ်ခံရတယ် ဆိုတဲ့ဟာရယ်အတွက် အဓိကထားပြီး လာပါတယ်။ မနေ့ကတော့ အစိုးရပိုင်းနဲ့တွေ့တယ်။ ဒီနေ့တော့ ဖြစ်စဉ်ရွာကိုသွားတယ်။ ခက်တာက အဲဒီရွာမှာ ယောကျာ်းတွေ တစ်ယောက်မှမရှိဘူး။ မိန်းမတွေချည်းပဲ။ အဲဒီရှိတဲ့ မိန်းမတွေနဲ့ ရွာနီးစပ်က ယောကျာ်းတွေကို မေးတဲ့အခါ ဘယ်သူမှ ရေရေရာရာ မသိဘူး။ ကျွန်တော်တို့မေးတဲ့ထဲက မိန်းမတစ်ယောက်ပြောတဲ့ဟာဆိုရင်သူကိုထင်းခုတ်သွားတဲ့သူတစ်ယောက်က ပြောတာကို ပြန်ပြောတဲ့အခါ လူရှစ်ယောက်ကိုသတ်ပြီး ကင်းချောင်းရွာနားက သင်္ချိုင်းအဟောင်းမှာ မြှုပ်ထားတယ်ဆိုတော့ ကျွန်တော်တို့က အဲဒါဆိုလိုက်ပြလေပြောတော့ သူကကြားရုံကြားတာ။ မသိဘူးတဲ့။ ဒါနဲ့ ကျွန်တော်တို့က ဒီညနေမှာ အဲဒီသူပြောတဲ့သူ ကင်းချောင်းရွာနဲ့ လေးဖာလုံလောက်ဝေးတဲ့ သင်္ချိုင်းကိုသွားတယ်။ ကင်းချောင်းရဲ့ တောင်စပ်နားတောစပ်နားမှာပါ။ အဲဒီမှာ သင်္ကာမကင်းစရာ ဘာမှမတွေ့ခဲဘူး။ ဒီအပြင် အဲဒီအခင်းဖြစ်တဲ့ အလယ်ရွာက မိန်းမတွေရဲ့ ထွက်ချက်မေးတဲ့အခါမှာလည်း ကြားတာလို့ပဲပြောတယ်။ ဘာမှ အတိအကျ မပြောနိုင်ဘူး။ ခုထက်ထိတော့ ဝေဝေဝါးဝါးပါပဲ” ဟု ပြောကြားသည်။


ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း၏ဇနီး ဒေါ်ခင်အေးလွင်နှင့် တွေ့ဆုံခြင်း

ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း၏ဇနီး ဒေါ်ခင်အေးလွင်


မေး - အစ်မတို့ အိမ်ထောင်ကျတာ ဘယ်လောက်ကြာပါပြီလဲ။
ဖြေ - ၂၀၁၂ ခုနှစ် အောက်တိုဘာလကမှ အိမ်ထောင်ကျခဲ့တာပါ။ သူကအဖေနဲ့ ၁၀ နှစ်ကျော် လက်တွဲအလုပ်လုပ်ခဲ့တဲ့သူဖြစ်လို့ သူမောင်တောကို ပြောင်းခါနီးမှာ ကျမနဲ့ အိမ်ထောင်ချပေးခဲ့တာပါ။ အဖေကလည်း ရဲဝန်ထမ်းပါပဲ။ အခု ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ကုလားထိပ်ရဲစခန်းမှာ တာဝန်ကျနေပါတယ်။ သူက အသက် ၄၀ ၊ ကျွန်မက ၃၀ ပြည့်တော့မယ်။

မေး - မောင်တောကိုပြောင်းလာတာ ကြာပြီလား။ တပ်ကြပ်ကြီး အောင်ကျော်သိန်းက အခုဖြစ်တဲ့ရွာနဲ့ ပြဿနာဖြစ်ဖူးတာရှိလား။
ဖြေ - မကြာသေးဘူး ဒီကိုပြောင်းလာတာ။ လက်ထပ်ပြီးနောက်မှ။ သူက ခရေမြိုင်ရဲကင်းမှာ တာဝန်ကျလို့ အဲဒီကိုလိုက်နေတာ လေးလလောက်ပဲ ရှိသေးတယ်။ သူက မသောက်တတ် မစားတတ်ပါဘူး။ ပတ်ဝန်းကျင်ရွာတွေနဲ့လည်း အဆင်ပြေပါတယ်။ ပြဿနာတစ်စုံတစ်ရာမှ မဖြစ်ခဲ့ဖူးပါဘူး။

မေး - အစ်မက မီဖွားခါနီးဆိုတော့ ဘယ်အချိန်က မောင်တောကို ပြန်ပြောင်းလာတာလဲ။
ဖြေ - ဇန်န၀ါရီ ၈ ရက်ကမှ ဆေးရုံတက်ဖို့ မြို့ကိုပြန်လာတာ။ သူက တစ်နေ့တစ်ခေါက်တော့ လာပါတယ်။ ၁၃ ရက်ကလည်း လက်နက်လာထုတ်တာဆိုပြီး နေ့ခင်းမှာ ရောက်လာပါတယ်။ အလုပ်တွေ ရှိသေးလို့ဆိုပြီး အိမ်ထဲကိုတောင် ၀င်မသွားပါဘူး။ အပြင်ကနေပဲ စကားပြောပြီး ပြန်သွားတယ်။ အဲဒါ နောက်ဆုံးတွေ့လိုက်ရတာပါပဲ။ ညပိုင်းမှာ ဖြစ်တယ်လို့သိရပြီး ပြန်တွေ့နိုးနိုး စောင့်နေရတာ အခုချိန်အထိပါပဲ။

မေး - မီးဖွားဖို့အတွက် ဒီကိုရောက်လာရင်း ဖြစ်သွားတာဆိုတော့ အခက်အခဲတွေ ရှိမှာပေါ့။
ဖြေ - အခက်အခဲကတော့ ရှိတာပေါ့။ မြို့နယ်ကရော ခရိုင်ကပါ ၀ိုင်းကူညီကြလို့ အစစအရာရာ အဆင်ပြေပါတယ်။ ကလေးက ခွဲပြီးမွေးရတယ်။ လူကလည်း သောကစိတ်နဲ့ဆိုတော့ ကျန်းမာရေး မကောင်းတဲ့ကြားက ခက်ခက်ခဲခဲ မွေးခဲ့ရတာ။

မေး - ကလေးငယ်လေးနဲ့ဆိုတော့ ဒုက္ခရောက်နေမှာပေါ့။
ဖြေ - သူအဲဒီလိုဖြစ်တယ် သတင်းကြားတော့ ဖျာပုံမှာရှိတဲ့ အဖေနဲ့အမေ ရောက်လာပါတယ်။ သူတို့ကလည်း ရဲဝန်ထမ်းတွေဆိုတော့ အခက်အခဲတွေကြားက လာကြရတာလေ။ အဖေကလည်း သူလိုရဲတပ်ကြပ်ကြီးပါ။ အမျိုးသားရော ကျမတို့ကပါ ရခိုင်တိုင်းရင်းသားတွေပါ။

မေး - ရှေ့ဆက်ပြီး ဘယ်လိုလုပ်မယ် စီစဉ်ထားပါသလဲ။
ဖြေ - ဒီမှာ ကလေးငယ်လေးနဲ့ ဘယ်လိုမှနေလို့ မဖြစ်ဘူးလေ။ အဖေတို့ရှိရာကို လိုက်သွားရမှာ။ ကလေးငယ်သေးလို့ ခဏစောင့်နေရတာ။ ကုလားထိပ်မှာက နေလို့အဆင်မပြေတော့ အမာမြို့သစ်မှာ အမေတို့နဲ့အတူ နေရမှာပေါ့။ သွားရေးလာရေးကခက်တော့ မောင်တောကနေပြန်ဖို့ ခက်နေတယ်။ စစ်တွေကနေ လေယာဉ်နဲ့ပြန်ဖို့ အဆင်မပြေမှာ စိတ်ပူတယ်။

မေး - တခြား ဘာများပြောချင်တာ ရှိပါသေးလဲ။
ဖြေ - ကျမတို့က ရခိုင်တိုင်းရင်းသားတွေပါ။ ကိုယ့်လူမျိုးကို စောင့်ရှောက်ရင်း အခုလိုဖြစ်သွားရတဲ့ သူ့အတွက် စိတ်မကောင်းဖြစ်ရပေမယ့် ဂုဏ်ယူပါတယ်။ လူကြီးတွေကလည်း သူ့အတွက် ၀မ်းနည်းလို့မဆုံးပါဘူး။ ကလေးရှေ့ရေးအတွက်တော့ စိတ်ပူရတာရှိပေမယ့် ကြိုးစားသွားရမှာပေါ့။ ရခိုင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးမှု အားနည်းတဲ့အတွက် အခုလိုမျိုး ဖြစ်သွားရတာပါ။ ဒါကိုသူက သက်သေပြသွားတာပါ။

ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း
(Profile)

အမည်- ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း
ကိုယ်ပိုင်အမှတ် - ၁၇၂၁၀၈
မွေးသက္ကရာဇ် - ၁၁-၁၂-၁၉၇၅
လုပ်သက် - ၁၈ နှစ်
ဇနီးအမည်- ဒေါ်ခင်အေးလွင်
(သတင်းအရင်းအမြစ်- Eleven Media Group)