မြန်မာနိုင်ငံမှ ဘင်္ဂလာသို့ သစ်တင်ပို့ရန် လာရောက်သော သစ်ဘုတ်နှင့် သစ်တန်ဖိုး တာကာ ၁၃ ကုဋေနှင့်အတူ လိုက်ပါလာသည့် သစ်စီးပွားရေးသမား ၈ ဦးအား ဘင်္ဂလာ ရေတပ်က နတ်မြစ်အတွင်းမှ ကြာသပတေးနေ့က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။
မြန်မာ-ဘင်္ဂလာ နတ်မြစ်ဝတွင် လုံခြုံရေးယူထားသော ဘင်္ဂလာရေတပ်ဖွဲ့ အကြီးအကဲ ဇော်ဆိမ်း ဦးဆောင်သောအဖွဲ့မှ ဖမ်းဆီးခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများမှာ ရခိုင်အမျိုးသားများဖြစ်ကြောင်း သက်ဆိုင်ရာက ထုတ်ဖေါ်ပြောဆိုလိုက်သည်။
 ရခိုင်ပြည်နယ်မှ ဘင်္ဂလာသို့ လာရောက်တင်ပို့ရာတွင် ဖမ်းဆီးခံရသော သစ်ဘုတ်။ ရခိုင်ပြည်နယ်မှ ဘင်္ဂလာသို့ လာရောက်တင်ပို့ရာတွင် ဖမ်းဆီးခံရသော သစ်ဘုတ်။















ဖမ်းဆီးခံရသော သစ်ဘုတ်နှင့် သစ်၏ တန်ဖိုးမှာ ကာလပေါက်ဈေး တာကာ ၁၃ ကုဋေ (သန်း ၁၃၀ ကျပ်)ကျော် ရှိကြောင်း ဘင်္ဂလာရေတပ်၏ စစ်ဆင်ရေးမှူးဖြစ်သူ ဇော်ဆိမ်းက ပြောသည်။
မြန်မာနိုင်ငံမှ ဘင်္ဂလာသို့ သစ်တင်ပို့သော ရခိုင်အမျိုးသားများ ၈ ဦး အနေဖြင့် ယခုအခါ ဘင်္ဂလာနိုင်ငံတော် ဥပဒေအတိုင်း တာခ်နာရဲဌာန၌ စစ်ဆေးခံယူနေကြောင်း သိရှိရသည်။
မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေး အပြန်အလှန်တင်ပို့ နေခြင်းမှာ လွန်ခဲ့သော ၁၉၉၇ ခုနှစ် စက်တင်္ဘာလ ၅ ရက်နေ့ ကတည်းက နှစ်နိုင်ငံသဘောတူ စာချုပ်အရ စတင်ခဲ့ပြီး၊ များသောအားဖြင့် ကုန်ပစ္စည်းများကို နှစ်နိုင်ငံ စီးပွားရေးသမားများအနေဖြင့် နားလည်မှုများဖြင့် အပေးအယူလုပ်လေ့ရှိကြရာမှ ယခုကဲ့သို့ ဖမ်းဆီးခံရခြင်း ဖြစ်သည်။
ယင်း မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်မှ ဘင်္ဂလာသို့ လာရောက်တင်ပို့ရာတွင် ဖမ်းဆီးခံရသော သစ်ဘုတ်မှာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ရေပိုင်နက်အတွင်း ဖမ်းဆီးခံရခြင်းဖြစ်ပြီး၊ ရခိုင်ပြည်နယ်-ဘင်္ဂလာနယ်နမိတ်ခြားထားသည့် ဆတ်မာတင်ကျွန်းအနီး ဖမ်းဆီးခံရခြင်းဖြစ်သည်။
(သတင်းအရင်းအမြစ်- Arakan Times)