Wednesday, June 26, 2013

ရခိုင်ပြည်နယ်အတွင်းရှိ အဝေးပြေးလမ်းများ သုံးနှစ်အာမခံဖြင့် ကတ္တရာခင်းခြင်းနှင့် လမ်းပြုပြင်ခြင်းများကို ဆောင်ရွက်ခဲ့သော်လည်း ယခုလကတည်းက ဖာထေးမှုများပြုလုပ်နေရ

sittwe-june26
ရခိုင်ပြည်နယ် အတွင်းရှိ အဝေးပြေး လမ်းမကြီး တစ်နေရာကို ဖာထေးမှုလုပ်ငန်း ဆောင်ရွက်နေစဉ်

ရခိုင်ပြည်နယ် အတွင်းရှိ စစ်တွေမြို့နယ်မှ စတင်သော အဝေးပြေးလမ်းကို သုံးနှစ်အာမခံဖြင့် ကတ္တရာခင်းခြင်းနှင့် လမ်းပြုပြင်ခြင်းများကို ကုမ္ပဏီ ၃၀ ကျော်တို့က တာဝန်ယူ ဖောက်လုပ်ခဲ့ကြသော်လည်း လက်ရှိအနေအထားတွင် ဖာထေးမှုများကို စတင်ပြုလုပ် နေရပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းသည် စစ်တွေ-ပုဏ္ဏားကျွန်း-ကျောက်တော်-မြောက်ဦး-မင်းပြား-အမ်း တို့ကိုဖြတ်ပြီး မကွေးတိုင်းအတွင်းသို့ ၀င်ရောက်သွားသော လမ်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း နှစ်မိုင်ခန့်ကိုသာ ကွန်ကရစ်လမ်းအဖြစ် စမ်းသပ်ခင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ရေး ကုမ္ပဏီများသည် ရခိုင်ပြည်နယ်အတွင်း အပိုင်းလိုက် လုပ်ကိုင်ခွင့် ရရှိခဲ့ကြပြီး မကြာသေးခင် လအတွင်းက အစိုးရ အဖွဲ့သို့ အပ်နှံခဲ့ရကြောင်း သိရသည်။ ထိုသို့ အသစ်ခင်းထားသော ကတ္တရာလမ်းနှင့် ပတ်သက်ပြီး ကားသမားများက "လမ်းဖောက်တာတောင် မကြာသေးဘူး။ တစ်လျှောက်လုံးလိုက်ပြီး ဖာထေးနေရတယ်။ ဒါဟာ ဆောက်လုပ်ရေးလုပ်ငန်း လုပ်သူတွေ အနေနဲ့ လမ်းကို အရည်အသွေး ဘယ်လောက်နဲ့ လုပ်ခဲ့တယ်ဆိုတာ ထင်ရှားနေတယ်" ဟု ပြောကြားသည်။
အဝေးပြေးလမ်းသည် ရခိုင်ပြည်နယ်အတွက် အရေးပါသော လမ်းတစ်ခုဖြစ်ပြီး ၂၀၀၁ ခုနှစ်က စတင်ဖောက်လုပ်ခဲ့သော လမ်းဖြစ်ကြောင်း၊ လမ်းပိုင်းများကို ပြုလုပ်ရာတွင် တာဝန်ယူခြင်းများနှင့် အရည်အသွေး မြင့်မားရေးတို့ကို စစ်ဆေးဆောင်ရွက် မှုများကိုလည်း ပိုမိုတိုးမြှင့် လုပ်ဆောင်သင့်ကြောင်း . . . . .
ယင်းအတွက် တချို့သော လမ်းပိုင်းများတွင် နေ့စဉ်လုပ်ကိုင်နေသည့် ဒေသခံ အလုပ်သမားများကို တွေ့ရှိနေရပြီး လမ်းများအား ဖာထေးခြင်းများကို ပြုလုပ်နေကြသည်ကိုလည်း တွေ့ရကြောင်း ကားသမားများမှ သိရသည်။ ထို့အပြင် ကားလမ်းတစ်လျှောက်တွင် တချို့သော အပိုင်းများ၌ ကတ္တရာများကို မတွေ့ရသည်အထိ ဖြစ်နေကြောင်း သိရသည်။
အဝေးပြေးလမ်းသည် ရခိုင်ပြည်နယ်အတွက် အရေးပါသော လမ်းတစ်ခုဖြစ်ပြီး ၂၀၀၁ ခုနှစ်က စတင်ဖောက်လုပ်ခဲ့သော လမ်းဖြစ်ကြောင်း၊ လမ်းပိုင်းများကို ပြုလုပ်ရာတွင် တာဝန်ယူခြင်းများနှင့် အရည်အသွေး မြင့်မားရေးတို့ကို စစ်ဆေးဆောင်ရွက် မှုများကိုလည်း ပိုမိုတိုးမြှင့် လုပ်ဆောင်သင့်ကြောင်းလည်း အဝေးပြေး ကားသမားများထံမှ သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media  Group)

No comments: