Monday, December 1, 2014

ဘန်ကောက်မြို့ ထေရ၀ါဒ ဗုဒ္ဓဘာသာဆွေးနွေးပွဲမှ ဒေသတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် ပတ်သက်ပြီး ပူးတွဲကျေညာချက်ထုတ်ပြန်

Alodawpyi
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သော တတိယအကြိမ် ထေရ၀ါဒ ဗုဒဘာသာနှင့် ပဋိပက္ခ ဖြေရှင်းဆိုင်ရာ ဆွေးနွေးပွဲမှ ပူးတွဲ သဘောတူညီချက် တစ်ခုကို ထုတ်ပြန်လိုက်သည်။
၎င်းဆွေးနွေးပွဲသို့ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ ကဗ္ဘောဒီယားနှင့် လာအိုနိုင်ငံတို့က ဆရာတော် သံဃာတော်များ တက်ရောက်ခဲ့ပြီး  မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ပဋိပက္ခများနှင့်  ထိုင်းနိုင်ငံ တောင်ပိုင်တွင် ဖြစ်ပွားနေသော ပဋိပက္ခများစွာကို အဖြေ ရှာရေးတို့ကို အဓိကထား ဆွေးနွေး ခဲ့ကြသည်ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ  အလိုတော်ပြည့်ကျောင်းတိုက်မှ လက်ထောက် ဆရာတော် အရှင်ကုမာရက ပြောသည်။
ယင်းဆွေးနွေးပွဲအား The Centre for Humanitarian Dialogue (HD Centre) မှ ကြီးမှူးပြီး Theravada Buddhism and Conflict Resolution ခေါင်းစဉ်ဖြင့် ဘန်ကောက်မြို့ Swissotel Nai Lert Park တွင်ပြုလုပ်ခဲ့သည်။
“ မြန်မာနိုင်ငံဖက်က ကိုယ်စားလှယ် ဆရာတော် (၇) ပါးနှင့်အတူပြည်တွင်းပြည်ပသာသနာပြု အလိုတော်ပြည့် ဆရာတော်ကြီးတက်ရောက်ခဲ့ပါတယ်။ တစ်ခြား အာရှဒေသက ထေရ၀ါဒ  ၅ နိုင်ငံ ဆရာတော်ကြီးတွေလည်း တက်ရောက်ခဲ့ပါတယ်။  (HD Centre)၏ ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်” ဟု အရှင်ကုမာရက ဆက်ဆိုသည်။
ဆွေးနွေးပွဲ နောက်ဆုံးရက် ဖြစ်သော နိုဝင်ဘာလ ၂၆ ရက်နေ့ တွင် ဒေသအတွင်းဖြစ်ပေါ်ခဲ့သော ပဋိပက္ခများနှင့် ပတ်သက်ပြီး ဆွေးနွေး အဖြေရှာခဲ့ကြပြီး  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဆရာတော်ကြီးများက ပူးတွဲကြော်ငြာချက် တစ်စောင်ကိုလဲ ထုတ်ပြန်ခဲ့သည်။
ကျေညာချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
_DSC4512“ပူးတွဲကြေငြာချက်”
-ကျွနှ်ုပ်တို့ လူမှုအသိုင်းအ၀ိုင်းထဲတွင် ငြိမ်းချမ်းရေးမြှင့်တင်ရန်နှင့် သဟဇာတကျမှုကို ထိန်းသိမ်း ထားနိုင်ရန်ဆိုသည့် စိန်ခေါ်မှုများကိုကျော်လွှားနိုင်ရေးကို ဆွေးနွေးကြရန် အတွက် ကျွနှ်ုပ်တို့ အာရှဒေသ ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းက ကိုယ်စားလှယ်များသည် ဘန်ကောက်မြို့တွင် စုဝေးခဲ့ကြပါသည်။
-ကျွနှ်ုပ်တို့ အနေဖြင့်  ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအားကောင်းလာစေရန် စိတ်ဆန္ဒဖြင့် ဒေသတွင်းမိတ်ရင်းဆွေးရင်းပူးပေါင်းဆောင်ရွက်ရေးစိတ်ဓါတ်ဖြင့် တွေ့ဆုံခဲ့ကြပါသည်။
ကျွန်ုပ်တို့၏ ဆွေးနွေးပွဲမှ အောက်ပါ အခြေခံသဘောတရားများနှင့် ဆောင်ရွက်ချက်များကိုယနေ့သဘောတူညီမှု ရရှိခဲ့ကြသည်။
(၁) ဘာသာရေးကို ခုတုံးလုပ်ပြီး အကြမ်းဖက်မူများ ပေါ်ပေါက်ရေးအတွက် လုံ့ဆော်မှုနှင့် ၀င်ရောက်စွက်ဖက်မှုများ မပြုလုပ်ရန် အလေးအနက် သဘောတူသည်။
(၂) ဗုဒ္ဓဘာသာဘုန်းတော်ကြီးများနှင့် ပုထုစဉ်များအား ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ကြဖို့ တိုက်တွန်းနှိုးဆော်ရန် သဘောတူသည်။
(၃) မတူကွဲပြားသောယုံကြည်မှုများနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများအကြားတွင် ပိုမိုနားလည်မှု ရရှိလာစေရန် အတွက် ကျွနှုပ်တို့ ကြိုးပမ်းဆောင်ရွက်သွားရန် သဘောတူသည်။
(၄) ညှိနိုင်း ဆောင်ရွက်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ကြားဝင်ဖျန်ဖြေရန် ကရိယာများကို ဗုဒ္ဓဘာသာ အထောက်အထားများနှင့်အညီ ဖွံ့ဖြိုးအားကောင်းလာစေဖို့ အတွေ့အကြုံများကို ဖလှယ်ရန်ရည်စူး၍ ဤဒေသဆိုင်ရာ ကွန်ယက်များကို အားကောင်းလာစေရန်ဆောင်ရွက်ဖို့ ကျွနှ်ုပ်တို့ သိန္နိဌာန်ချမှတ်သည်။
(၅) သတင်းအချက်အလက်များကို ဖလှယ်ခြင်းက ကျွနှုပ်တို့ လူမှုအဖွဲ့အစည်းထဲတွင် ငြိမ်းချမ်းရေးနှင့် သဟဇာတကျမှုစိန်ခေါ်မှုများကို ပိုမိုနားလည်လာနိုင်စေရန် ကူညီနိုင်မည်ဟု ကျွနှုပ်တို့ယုံကြည်သည်။
ဤနည်းလမ်းများအတိုင်း ဓမ္မအခြေခံသဘောတရားများနှင့် ဗုဒ္ဓ၏ဟောကြားချက် ဆိုလိုချက်အမှန်များကို  ဖြန့်ဖြူးပေးခြင်းများ ပိုမိုအားကောင်းလာစေရန် ကျွနှုပ်တို့၏ ပေါင်းစပ်စွမ်းအားကို အသုံးပြုရန် သန္နိဌာန်ချမှတ်သည်။
လက်မှတ်ရေးထိုးခဲ့သည့်ဆရာတော်များ
unnamed
1* Ven.VYSovechea, Cambodiaအသျှင် VY ဆိုဗေချီယာ (ကမ္ဘောဒီးယား)
2* Ven.PhumchhonTola, Cambodiaအသျှင်ဖုန်းချွန်တိုလ(ကမ္ဘောဒီးယား)
3* Ven.SyadejVongsopha, Laosအသျှင်ဆယာဒေခ်ျ ဘုန်းစိုးဖ (လော)
4* Ven.DrAriyawansa , Myanmarဒေါက်တာအသျှင်အရိယ၀ံသ (မြန်မာ)
5* Ven.DrParami, Myanmarဒေါက်တာအသျှင်ပါရမီ (မြန်မာ)
6* Ven.AriyaWunThaBhiwunsa, Myanmarအသျှင်အရိယ၀ံသဘိဝံသ (မြန်မာ)
7* Ven.TayZadiPati , Myanmarအသျှင်တေဇအဓိပတိ (မြန်မာ)
8* Ven.AriYaVunsa, Myanmarအသျှင်အရိယ၀ံသ (မြန်မာ)
9* Ven.Kumara, Myanmarအသျှင်ကုမာရ (မြန်မာ)
10* Ven.Ottara, Myanmarအသျှင်ဥတ္တရ (မြန်မာ)
11* Dr.JennykoGyi, Myanmarဒေါက်တာဂျေနီကိုကြီး (မြန်မာ)
12* Ms.MraThezynNyun, Myanmarဒေါ်မြသဇင်ညွှန့် (မြန်မာ)
13* Mr.BaHlaing. Myanmarဦးဘလှိုင် (မြန်မာ)
14* Mr. MyintMaungHtay , Myanmarဦးမြင့်မောင်ဌေး (မြန်မာ)
15* Ven.Dr.IttapanaDhammalankaraMahaNayake, Sri Lankaဒေါက်တာအသျှင် ဣတ္ထပန္န ဓမ္မလင်္ကာရမဟာနာယကေ (သီရိလင်္ကာ)
16* Ven.ProfBellanwilaWimalaratanaAnunayakde, Sri Lankaပါမောက္ခအသျှင် ဘေလန်ဝိလ ၀ိမာလရတနာ အနုနာယဒေ (သီရိလင်္ကာ)
17* Rev.MataleDhammakusala, Sri lanka Rev-Mataleဓမ္မကုသလ (သီရိလင်္ကာ)
18* Rev.LLukewalaDhammarathana, Sri LankaRev.LLukewalaဓမ္မရတနာ  (သီရိလင်္ကာ)
19* Ven.Prof.Dr.KotapityeRahula, Sri lankaပါမောက္ခ ဒေါက်တာအသျှင် Kotapityeရာဟုလာ (သီရိလင်္ကာ)
20* Ven.Dr.MedagampititiyeVijithadhamma, Sri lankaဒေါက်တာအသျှင် Medagampititiye၀ိစိတ္တဓမ္မ (သီရိလင်္ကာ)
21* Mr R.A.D. Sirisena, Sri lankaMr R.A.Dသီရိသေန (သီရိလင်္ကာ)
22* Mr GKGS Godakanda, Sri lankaMr GKGSဂေါဒခန္ဒ
23* MrSudanthaAjithAmaratunga, Sri lankaMrသုဒန်သအာဂျိသ် အမရတွန်းဂါ (သီရိလင်္ကာ)
24* Ven.PhrakhruPaladThanyakorn,Thailandအသျှင် ဖရခရူပါလက် ထန်ယခွန် (ထိုင်း)
25* Ven.PhrakhruBunyapiban,Thailandအသျှင် ဖရခရူဘုန်ယဖိဘန် (ထိုင်း)
26* Ven.PhrapisithThammasuntorn, Thailandအသျှင် ဖရဖိစိသ် ဓမ္မဆွန်ထုန် (ထိုင်း)
27* Ven.PramahaChariangManeeniam, Thailandအသျှင် ဖရမဟာချာရီယာန် မာနီးနီယာန် (ထိုင်း)
28* Ven.PhramahaNapanSantibhaddoThawornbanjob, Thailandအသျှင် ဖရမဟာနာ့ဖန် ဆန်ထိဘတ်ဒို ထာဝန်ဘန်ဂျို့ဘ် (ထိုင်း)
29* Ven.PhrakhrusangkharakNatthawutNonthawiro,Thailandအသျှင် ဖရခရူသင်္ဃာ့ရာ့ နတ္ထ၀ို့ထ် နွန်ထ၀ိရို (ထိုင်း)
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: