Tuesday, June 4, 2013

ဒေသန္တရ အမိန့် ထောက်ခံကြောင်း စစ်တွေလူထု ၁၀၀၀ ကျော် ဆန္ဒထုတ်ဖော်

Photo: ဒေသန္တရ အမိန့် ထောက်ခံကြောင်း စစ်တွေလူထု ၁၀၀၀ ကျော် ဆန္ဒထုတ်ဖော်

ရခိုင်ပြည်၊ စစ်တွေမြို့တွင် ပြည်နယ်အစိုးရမှ မောင်တောခရိုင်တွင် ထုတ်ပြန်ထားသော လူဦးရေထိန်းချုပ်သည့် ဒေသန္တရ အမိန့်အား ထောက်ခံသောအားဖြင့် ယနေ့ လူပေါင်း ၁၀၀၀ ကျော်ပါဝင်သော ဆန္ဒဖော်ထုတ်ပွဲ တစ်ရပ်ကို ပြုလုပ်နေကြောင်း သိရသည်။ 

အဆိုပါဆန္ဒဖော်ထုတ်ပွဲအား  စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောင့်ရေး ရဟန်းတော်များမှ ဦးဆောင်သွားကြောင်း သိရသည်။  
ဆန္ဒဖော်ထုတ်သူများမှာ ဆိုင်းဘုတ်ကိုယ်စီ ကိုင်ဆောင်ကာ ကြွေးကြော်သံများ ကြွေးကြော်ကာ လမ်းလျှောက်ဆန္ဒပြနေကြောင်း သိရသည်။

“ (လူ့အခွင့်အရေး)၂  (အညီအမျှပေး)၂
(လူ့အခွင့်အရေး)၂  (ဥပဒေကိုလေးစားပါ)၂
လူမျိုးရေးအတွက်နယ်ချဲ့သူ (ဒို့ရန်သူ)၂
နယ်ချဲ့အကျိုးလိုလားသူ (ဒို့ရန်သူ)၂  ” စသည့် အချက် (၁၀) ကျော်ပါဝင်သော ကြွေးကြော်သံများကို ကြွေးကြော်နေကြကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြသူများမှာ ယခု ၀င်္ကမ္ဘာကွင်း အနီးသို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။

(သတင်းအရင်းအမြစ်- Arakantimes ၏ Facebook စာမျက်နှာ)

No comments: