Thursday, October 13, 2016

ရခိုင်ဒေသတွင်းဖြစ်ပျက်နေသောသတင်းများ

ယခုလတ်တလောကာလအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်နှင့် မောင်တောဒေသများတွင် ဖြစ်ပျက်နေသော အခြေအနေများနှင့် ပတ်သက်သည့် သတင်းများအား Blog တွင် ရေးသားဖော်ပြရန်အတွက် ကျွန်တော်အနေဖြင့် အချိန်မအားလပ်မှုကြောင့် Facebook Page တွင်သာ ရေးသားဖော်ပြနေပါသည်။ သို့ဖြစ်ပါ၍ စာဖတ်သူများအနေဖြင့် အောက်ဖော်ပြပါ လင့်တွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။
https://www.facebook.com/ArakanNewsCollection/

လေးစားစွာဖြင့်
သန်းထွန်း
Blogger
Arakan News Collection

Friday, February 27, 2015

မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ နန်းတော်ကုန်းကို တံတိုင်းခတ်ရာမှ ကျောက်တံတိုင်းတစ်ခုတူးဖော်တွေ့ရှိ

မြောက် ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရှိ နန်းတော်ကုန်းကိုတံတိုင်းခတ်ရာ မှ ကျောက်တံတိုင်း တစ်ခုကိုတူးဖော် တွေ့ရှိထားကြောင်း ယဉ်ကျေးမှုဝန် ကြီးဌာန ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန မြောက်ဦး (ဌာနစိတ်)မှသိရသည်။

ယင်းကျောက်တံတိုင်း ကို ဇန် နဝါရီ ၂၉ ရက်က နန်းတော်ကုန်း ပတ်လည်တံတိုင်းခတ်ခြင်းအတွက် အောက်ခြေဖောင်ဒေးရှင်းချရန် မြေ တူးဖော်စဉ် မြေအောက်နှစ်ပေခန့်တွင် တွေ့ရှိခြင်းဖြစ် ကြောင်း ယင်းဌာန စိတ်မှ ဦးစီးအရာရှိ ဦးဆန်းဝင်းက ပြောသည်။

''နန်းတော်ကုန်းအရှေ့တောင် ထောင့်မှာတွေ့တာပါ။ မြေအောက် နှစ်ပေလောက်အနက်မှာတွေ့တာ။ တံတိုင်းဘေးနား ကို မြောင်း ပုံစံဖော် ပြီးတူးထားတာ မြေအောက် ဘက်ကို တော့ အများကြီးမတူးရသေးဘူး။ မြောင်းအလျားက ပေ၁၅ဝလောက် ရှိသွားပြီ။ အဲဒီအထိကိုတံတိုင်းက ပေါ်နေတာ ဆက်ပြီးတူးရမှာပေါ့''ဟု ဦးဆန်းဝင်းက ပြော သည်။
myauk-oo-pagoda
မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှစ်သောင်းပုထိုးတော်ကြီးအား တွေ့ရစဉ်။
မြောက်ဦးရှေးဟောင်းယဉ်ကျေး မှုနယ်မြေတွင် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ရာမှ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ မကြာခဏတွေ့ ရှိနေရပြီး ထိုအမွေအနှစ်အဆောက် အအုံများ ကို ပိုမိုတူးဖော်လေ့လာနိုင် ပါက နိုင်ငံတော် အတွက်များစွာအကျိုး ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ရှေး ဟောင်းသမိုင်းသုတေသနပညာရှင် ဦးဘုန်းတင့်ကျော်က ''ဒီလိုမျိုး ရှေး ဟောင်းအမွေအနှစ်တွေဆိုတာများ များဖော်ထုတ်သင့်ပါတယ်။ အခုလို တွေ့ရှိတယ်ဆိုရင် ဒါဟာ မြောက်ဦး မြို့ကြီးတစ်ခုလုံးကိုသာမကဘူး    နိုင်ငံသမိုင်း၊ ဒေသသမိုင်း၊ ရခိုင်သမိုင်း ကိုပါ ကိုယ်စားပြုတယ်။ လေ့လာတူး ဖော်နိုင်လေကောင်းလေပဲ။ နိုင်ငံ တော်ဘက်ကလဲ ပိုပြီးအားစိုက်သင့် တယ်'' ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် မြောက်ဦး ဒေသတွင်သာမက ဝေသာလီနှင့် ဓညဝတီဒေသတို့ ပါရှိနေသည့်အ တွက် ထိုဒေသများမှ ရှေးဟောင်း အမွေအနှစ်များကိုပါ တူးဖော်ထိန်း သိမ်းလေ့လာ သင့် ကြောင်း ဦးတင့် ကျော်က အကြံပြုပြောကြားသည်။ 

မြောက်ဦးတွင် ရှေးဟောင်း အ ဆောက်အအုံများပြုပြင်ထိန်းသိမ်း ရန်အတွက် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ ဘတ်ဂျက်ငွေ သိန်းခြောက် ထောင်ကျော်ကို ချပေးထားပြီး ထိန်း သိမ်းမှု၊ ပြုပြင်မှု များပြု လုပ်လျက်ရှိကာ ၂၀၁၄ခုနှစ် ဒီဇင်ဘာလ အတွင်း တွင် ရှေးဟောင်းအမွေအနှစ်များအဖြစ် နှစ်ပေါင်းသုံးရာခန့်မှ ကျောက်စာချပ် နှင့် ၁ရရာစုခန့်တွင် ထွန်းကား ခဲ့သော လှေ ဆိပ်ဆင်း ကျောက်လှေကားတို့ ကို တွေ့ရှိထားပြီး ရှေးဟောင်း သုတေသနမြောက်ဦး (ဌာနစိတ်)တွင် ထိန်းသိမ်းထားကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- ဒီမိုကရေစီတူဒေး)

မြောက်ဦးမြို့ နန်းတော်ကုန်းမှ ကျောက်စာများအား ပြည်သူများလာရောက် လေ့လာကြည့်ရှုနိုင်

rakhine pagoda 1
မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား တွေ့ရစဉ်

မြောက် ဦးမြို့နန်းတော်ကုန်း အရှေ့ဘက်  တတိယတံတိုင်းလှေကားခြေရင်းမှ တွေ့ ရှိခဲ့သော ကျောက်စာ ကိုပြည်သူ များ လာရောက်လေ့လာကြည့်ရှုနိုင် ကြောင်း ရှေး ဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှသိ ရသည်။

အဆိုပါ ကျောက်စာတွင် သက္က ရာဇ် ၁၀၇၄ ခုနှစ်ဟု ရေးထိုးထား သည့်အပြင် ကျောက်စာလက်ရေးမှာ လည်း ဝိုင်းစက်နေသောကြောင့်မြောက် ဦးခေတ်တွင် ရေးထိုးထားခြင်း ဖြစ်နိုင် သည်ဟု ပညာရှင်များ ကသုံးသပ်ပြီး ကျောက်စာ၏ အတိုင်း အတာမှာ အလျား ၂ပေကျော်ခန့်နှင့် အနံ ၂ ပေ ကျော်ခန့်ရှိကာ ထုထည်မှာ ၅ လက်မ ခန့် ရှိသည့်အတွက် ဒေသခံပြည်သူ များနှင့် ခရီး သွားပြည်သူ များပါကြည့်ရှု လိုပါက ပြသပေးသွားမည်ဖြစ်သည်။

''ဒီကျောက်စာကို မြောက်ဦး ခေတ်ကပဲ ရေးထိုးတဲ့ ကျောက်စာ လို့ ပညာရှင်တွေက သုံးသပ်ထား တယ်။ လေ့လာချင်စရာ အလွန်ကောင်း တယ်။ ဒါ့ကြောင့် ပြည်သူတွေအနေ နဲ့ လာပြီးတော့ လေ့လာ ချင်တယ်ဆို ရင် လာလို့ရပါတယ်။ ကျွန်တော်တို့ က ကျောက်စာကို ပြသပေး မှာဖြစ် တယ်။ လက်ရှိမှာတော့ ရှေးဟောင်း သုတေသနဌာနကပဲ ဒီကျောက်စာကို ထိန်းသိမ်းထားပါ တယ်'' ဟု ယင်းဌာန မှ တာဝန်ရှိသူတစ်ဦး က  ဆိုသည်။
၎င်းကျောက်စာကို လွန်ခဲ့သော ဒီဇင်ဘာ ၈ ရက်က တွေ့ရှိခဲ့ခြင်းဖြစ် ပြီး ကျောက်စာ၏ ၄၅ ရာခိုင်နှုန်း ခန့်မှာ ပျက်စီးနေပြီး ကျောက်စာ တွင်မူ 'သက္ကရာဇ် ၁၀၇၄ နတ်တော် လပြည့်ကျော်'၊ 'ရွှေနန်းရှင် ဘဝသျှင် စန္ဒဝိဇယ'၊ 'နိုင်ငံတော်သားအနက် လူ တို့တွင် မွှေဓာတ် ရုပ်တုတော်တို့ကို ဖျက်စီးလတ်သှည်'၊ 'အရပ်ရပ်တိုင်း သောင်းကျန်းသော' ဟူသည့်စာသား များပါဝင် ကြောင်းနှင့် ယခင်မြောက် ဦးမြို့စိုးစံခဲ့သည့် ရခိုင်ဘုရင်များမှာ ၎င်းတို့၏ကောင်းမှုကုသိုလ်များကို ကျောက်စာများထက်၌ရေးထိုးကာ မှတ်တမ်းများအဖြစ်ရေးထိုး ထားခဲ့ ကြလေ့ရှိ ကြောင်း သိရသည်။

၁၁ ကြိမ်မြောက် ပန်းရံအတတ်ပညာသင်တန်း စစ်တွေတွင် ဖွင့်လှစ်


Semi-Skill-Mason--Dual-TECH-Training-Centre
Dual TECH Training Centre စစ်တွေဌာနခွဲ၏ ၁၁ ကြိမ်မြောက်သင်တန်းအဖြစ် ပန်းရံအတတ်ပညာ (Semi Skill Mason) သင်တန်းကို ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ ဘောက်သီးစုရပ်ကွက်ရှိ DUAL TECH ရုံးခွဲတွင် ဖွင့်လှစ်လိုက်သည်။
သင်တန်းကာလ ၁၇ ရက်ဖြစ်ပြီး သင်တန်းသား ၃၁ ယောက်တက်ရောက်သွားမည်ဟု သင်တန်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။
သင်တန်းသားများထဲတွင် လက်ရှိပန်းရံလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသူများအပြင် စစ်တွေ နည်းပညာတက္ကသိုလ်မှ ကျောင်းသားများလည်း တက်ရောက်ကြသည်ဟု သိရသည်။
ယင်းသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးမောင်စံရွှေက ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဆောက်လုပ်ရေးစီမံကိန်းများ တိုးချဲ့ဆောင်ရွက်လျှက်ရှိရာ ကျွမ်းကျင်သော ပန်းရံဆရာများ လိုအပ်လာသည်ဟု ပြောသည်။
“ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ဘဏ္ဍာငွေများကို တစ်နှစ်ထက်တစ်နှစ် တိုးချဲ့ခွင့်ပြုလုပ်ဆောင်ခွင့် ရရှိနေပါတယ်။  ၂၀၁၃-၂၀၁၄ မှာ ၁၀၉ ဘီလီယံကျပ် သုံးစွဲခဲ့ပြီးတော့ ၂၀၁၄-၂၀၁၅ အတွက် ၁၈၉ ဘီလီယံထိ တိုးမြှင့်သုံးစွဲနေပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်လာတာနဲ့အမျှ ကျွမ်းကျင်တဲ့ ပန်းရံဆရာတွေလည်း လိုအပ်လာပါတယ်”ဟု စည်ပင်ဝန်ကြီးက ပြောသည်။
ရခိုင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သန်းကလည်း ယခင်က ရခိုင်ပြည်နယ်မှ လူငယ်များအနေဖြင့် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုခုအတွက် သင်တန်းတက်ရန် ရန်ကုန်သို့သွားခဲ့ကြရပြီး ငွေကြေးအမြောက်အများ ကုန်ကျခဲ့ကြရသည်။ ယခုကဲ့သို့ DUAL TECH က သင်တန်းများကို စီစဉ်ဆောင်ရွက်ပေးနေ၍ ရခိုင်လူငယ်များအတွက် အခွင့်လမ်းကောင်းတစ်ရပ်ဖြစ်လာပြီး အလုပ်အတွက် အခြားဒေသနှင့် ပြည်ပသို့ ထွက်ခွာမှုကိုလည်း လျှော့ချနိုင်မည်ဟု ပြောသည်။
ယခင်အပတ်စဉ်သင်တန်းက လျှပ်စစ်နှင့် ၀ိုင်ယာရိန်းသင်တန်းတွင်တက်ရောက်ခဲ့ပြီး ထူးချွန်ဆုရကျေင်းသား မောင်လင်းလင်းကလည်း ရက်တိုသင်တန်းဖြစ်သော်လည်း ဆရာများကျွမ်းကျင်ပြီး ပို့ချမှုကောင်းမွန်သောကြောင့် မိမိသင်ကြားခဲ့သော ပညာရပ်ကို ကောင်းစွာ နားလည်တတ်မြောက်ခဲ့သည်ဟု ပြောသည်။
“ကျွန်တော်က လျှပ်စစ်နဲ့ဝိုင်ယာရိန်း နည်းပညာကို စိတ်ဝင်စားတဲ့အပြင် အနာဂတ်မှာ ရခိုင်ပြည်နယ်အတွက် မရှိမဖြစ် လိုအပ်လာမည်ဆိုပြီး တက်ရောက်သင်ကြားခဲ့ခြင်းဖြစ်ပါတယ်။ ရက်တိုသင်တန်းဖြစ်ပေမယ့် ဆရာတွေရဲ့ကျွမ်းကျင်မှု၊ သင်ပြပုံနည်းစနစ် ကောင်းမွန်တဲ့အတွက် ကောင်းစွာနားလည် တတ်မြောက်ခဲ့ပါတယ်။ နားမလည်တာတွေရှိခဲ့ရင် ဆရာတွေကို မေးမြန်းပြီး အိမ်ရောက်ရင်လည်း သင်ခန်းစာတွေကို ဖတ်မှတ်ခဲ့လို့ စာမေးပွဲကို အလွယ်တကူ ဖြေဆိုနိုင်ခဲ့ပါတယ်”ဟု ပြောသည်။
ပန်းရံကျောင်းသားများအနေဖြင့်လည်း အလေးထားသင်ယူပြီး မိမိလူမျိုးအတွက် အထောက်အကူပြုစေလိုသည်ဟု မောင်လင်းလင်းက သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
DUAL TECH အနေဖြင့် လူငယ်များကောင်းမွန်သော အလုပ်အကိုင်ရရှိရေး၊ လူမှုဘ၀တိုးတက်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် စက်ပစ္စည်းမျိုးစုံနှင့် အီလက်ထရွန်းနစ် ပစ္စည်းများ ပြုပြင်ရေးအပြင် ကျေးလက်နေအိမ် တည်ဆောက်ရေး၊ သစ်သားစက်လှေတည်ဆောက်ရေးနှင့် အခြားအသက်မွေးဝမ်းကျောင်းပညာရပ်များကို  အခမဲ့သင်ပေးလျှက်ရှိသည်ဟု သိရသည်။
ယခုပြုလုပ်သော သင်တန်းအတွက် ကုန်ကျငွေများကို ဇွဲဆောက်လုပ်ရေးကုမ္ပဏီမှ ပံ့ပိုးကူညီခဲ့ခြင်းဖြစ်ပြီး၊ အင်းစိန်နှင့် မော်ဘီကျောင်းများတွင် အင်ဂျင်နီယာ သင်တန်းပြခဲ့သူ ဆရာကြီးဦးသိန်းဝင်းနှင့် ဆရာဦးကျော်စိန်တို့က ပို့ချပေးသွားမည်ဟု သိရသည်။
ယင်းသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီးသုံးဦးနှင့်အတူ စိတ်ပါဝင်စားသူများနှင့် သင်သန်းသားများအပါဝင် စုစုပေါင်း ၆၀ ခန့်တက်ရောက်ခဲ့ကြသည်။ ဖွင့်ပွဲကို နံနက် ၈ နာရီကျော်တွင် စတင်ပြီး ၁၀ နာရီကျော်တွင် ပြီးဆုံးခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, February 13, 2015

ရခိုင်တန်ဆောင် မဂ္ဂဇင်း အမှတ် (၂၀)ထွက်ရှိ

RK
(၁၈)  နှစ်ကြာ မထုတ်ဝေနိုင်ဘဲ ရပ်နားခဲ့ရသော ရခိုင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ- ရန်ကုန်) မှ ထုတ်ဝေသော ရခိုင်တန်ဆောင် မဂ္ဂဇင်း အမှတ် (၂၀) သည် ယခုလတွင် ပြန်လည် ထွက်ရှိလာပြီ ဖြစ်သည်။
ရခိုင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ- ရန်ကုန်) အထွေထွေအတွင်းရေးမှူး ကိုမောင်စုလိုင်မှ သူ၏ အထွေထွေအတွင်းရေးမှူး သက်တမ်း (၂၀၁၃-၂၀၁၄ ပညာသင်နှစ်)တွင် ရခိုင်တန်ဆောင် မဂ္ဂဇင်းကို ပြန်လည် ထုတ်ဝေနိုင်သဖြင့် အထူး ဂုဏ်ယူမိကြောင်း နိရဉ္စရာသို့ ပြောကြားသည်။
“ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှာ ကျွန်တော်အပါအ၀င် ရခိုင်ကျောင်းသား ကျောင်းသူတွေ ဦးဆောင်တဲ့ ရခိုင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ- ရန်ကုန်) က နေပြီး ရခိုင်တန်ဆောင် မဂ္ဂဇင်းကို ပြန်လည် ထုတ်ဝေနိုင်ခဲ့တာဟာ အထူးဝမ်းမြောက်ဂုဏ်ယူစရာ ဖြစ်ပါတယ်။ ရခိုင်တန်ဆောင် မဂ္ဂဇင်းကို ၁၉၉၆ ခုနှစ် နောက်ဆုံး ထုတ်ဝေနိုင်ခဲ့ပြီး ၁၈ နှစ်အကြာမှ အခုပြန်လည် ထုတ်ဝေနိုင်ခဲ့ပါတယ်” ဟု ကိုမောင်စုလိုင်က ပြောသည်။
ရခိုင်တန်ဆောင် မဂ္ဂဇင်းကို ၁၉၅၀ ခုနှစ်က ရန်ကုန်တက္ကသိုလ်တွင် ဖွဲ့စည်းထားသော ‘ ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသား၊ ကျောင်းသူများ အသင်း’ မှ “ ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသူ/ ကျောင်းသားများ အသင်းမဂ္ဂဇင်း၊ လွတ်လပ်ရေး စာစောင်” အမည်ဖြင့် ထုတ်ဝေခဲ့သည်။ ၁၉၅၁ ခုနှစ်ကျမှ လွတ်လပ်ရေး စာစောင်မှ ရခိုင်တန်ဆောင်မဂ္ဂဇင်း အမည်ဖြင့် ပြောင်းလဲ ထုတ်ဝေခဲ့သည်။
၁၉၅၀မှ ၁၉၆၃ ခုနှစ်ထိ ရခိုင်တန်ဆောင်မဂ္ဂဇင်း စုစုပေါင်း (၁၁) စောင် ထုတ်ဝေခဲ့ပြီး ယင်းနောက်ပိုင်းတွင် နိုင်ငံရေး အခြေအနေများကြောင့် (၈) နှစ်ကြာရပ်နားခဲ့ပြီး ၁၉၇၁-၁၉၇၂ ခုနှစ်တွင် ပြန်လည် ထုတ်ဝေနိုင်ခဲ့သည်။ ၁၉၇၉-၁၉၈၀ တွင် ရခိုင်တန်ဆောင်မဂ္ဂဇင်း အမှတ် (၁၆) ထိ ထုတ်ဝေနိုင်ခဲ့ပြီး ယင်းနောက်ပိုင်းတွင်( ၈) နှစ်ကြာ ပြန်ရပ်နားသွားခဲ့သည်။
၁၉၈၈ ခုနှစ်တွင် အမှတ် (၁၇) ကို ထုတ်ဝေနိုင်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် အမှတ် (၁၈) ကိုလည်းကောင်း၊ ၁၉၉၆ ခုနှစ်တွင် အမှတ် (၁၉)ကိုလည်းကောင်း ထုတ်ဝေနိုင်ခဲ့ပြီး တစ်ဖန် (၁၈) နှစ်ကြာရပ်နားသွားခဲ့ရသည်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် အမှတ် (၂၀) ကို ပြန်လည် ထုတ်ဝေနိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုနှစ်ထုတ်ဝေသည့် ရခိုင်တန်ဆောင်မဂ္ဂဇင်းတွင် ထုတ်ဝေပြီးဖြစ်သော အမှတ် (၅) မဂ္ဂဇင်းမှ အပ ရခိုင်တန်ဆောင်မဂ္ဂဇင်းများ၏ မျက်နာဖုံးများကို မြောက်ဦးမြို့ရှိ ရွှေဂူတောင် ပိဋကတ်တိုက်နှင့် အတူ ဖေါ်ပြထားသည်။
“ ခုလို ဖေါ်ပြထားတာက ရခိုင်ယဉ်ကျေးမှုနဲ့ ရခိုင်တန်ဆောင်မဂ္ဂဇင်းခွဲခြားလို့ မရနိုင်ဘူးဆိုတဲ့ သင်္ကေတ ဖြစ်ပါတယ်။ ယခင်က မြောက်ဦးမြို့မှာ ပိဋကတ်တိုက်တော်ပေါင်း ၄၂ ခုရှိပြီး ပိဋကတ်တော်တွေကို ထိန်းသိမ်းထားခဲ့တယ်လို့ သိရပါတယ်။ စာပေယဉ်ကျေးမှု အရာမှာ ရခိုင်လူမျိုးတွေ ဘယ်အတိုင်းအတာထိ မြင့်မားစွာ တည်ရှိခဲ့တယ်ဆိုတာကို မီးမောင်းထိုးပြလိုတဲ့ ရည်ရွယ်ချက်နဲ့ အဓိပ္ပါယ်ရှိရှိ  မျက်နာဖုံးမှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်” ဟု ရခိုင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ- ရန်ကုန်) ဥက္ကဋ္ဌ၊ ရန်ကုန် ပညာရေး တက္ကသိုလ်မှ ကထိက ဆရာ ဦးကျော်ဇံလှမှ မောင်မယ်သစ်လွှင်ကြိုဆိုပွဲ အခမ်းအနားတွင် ပြောကြားသည်။
အမှတ် (၂၀) ရခိုင်တန်ဆောင် မဂ္ဂဇင်းတွင် မြန်မာ- ရခိုင် နှင့် အင်္ဂလိပ်ဘာ ကဏ္ဍနှစ်ခုခွဲခြားထားပြီး ကဗျာ၊ ဆောင်းပါး၊ ၀တ္ထု၊ ကာတွန်းများဖြင့် ဝေေ၀ဆာဆာဖေါ်ပြထားသည်။
“ ရခိုင်တန်ဆောင် မဂ္ဂဇင်းက အရင်နဲ့စာရင် အများကြီးအားရစရာကောင်းပါတယ်။ ရခိုင်စကားပြော၊ ရခိုင် စကားပြေနဲ့ ရေးသားထားတဲ့ ဆောင်းပါးတွေ၊ ၀တ္ထုတွေ အများအပြား ပါဝင်လာတာကို တွေ့ရတဲ့ အတွက် ရခိုင်စာပေအရေးအသားနဲ့ ပတ်သက်ပြီး အားတက်မိသလို တစ်ဖန် ပြန်လည် အားကောင်းမောင်းသန် နိုးထလာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်” ဟု  ရခိုင်တန်ဆောင် မဂ္ဂဇင်းအား ဖတ်ရှုပြီးနောက် ရခိုင်သားကြီး ကိုလှမြင့်က သူ့အမြင်ကို ဝေဖန် ပြောဆိုသည်။
ရခိုင်တန်ဆောင်မဂ္ဂဇင်းအား ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ နေ့စွဲဖြင့် ထုတ်ဝေခြင်းဖြစ်ပြီး ဦးစံလှမောင် (စန္ဒာဝင်း ပုံနှိပ်တိုက်)တွင် ရိုက်နှိပ်ထားသည်။ ရောင်းဈေးမှာ ကျပ် ၂၀၀၀ ဖြစ်ကြောင်း သိရသည်။
 ရခိုင်တန်ဆောင် မဂ္ဂဇင်း အမှတ် (၂၀)၊ ၂၀၁၅ ခုနှစ် မဂ္ဂဇင်းကော်မတီ (ဓါတ်ပုံ- ရခိုင်တန်ဆောင်)
ရခိုင်တန်ဆောင် မဂ္ဂဇင်း အမှတ် (၂၀)၊ ၂၀၁၅ ခုနှစ်
မဂ္ဂဇင်းကော်မတီ (ဓါတ်ပုံ- ရခိုင်တန်ဆောင်)
သမိုင်းနှင့်သုတရသဆောင်းပါးများထဲတွင်သမိုင်းရှင်(မြောက်ဦး)၊ လေးဝတီခိုင်ကျော်၊ မေဦးသိန်းညွှန့်၊ မောင်မြကျော်၊ ညိုဝင်း(ချစ်မြေ)၊ဖိုးကျော့၊ခိုင်လင်း(မေဃ၀တီ)၊ ဒေါ်စောသိန်းတန်၊သိန်းရွှေ(လုပ်ငန်းရှင်တစ်ဦး)၊ ရက္ခစန္ဒာ (ဥဿ လင်း)၊ဆြာကု၊ ကောင်းမြတ်စံတို့ပါဝင်ရေးသားထားပြီး နီနီအောင်(ကျောက်ဖြူ)၏ ခရီးသွားဆောင်းပါးကိုလည်း ဖတ်ရှုနိုင်ကြမည် ဖြစ်သည်။ လူငယ်တက်သစ်စ စာရေးဆရာ ဝေဟင်အောင်၏ “ အောင်တိုင်ရွာမှ လွမ်းတေးသီ” သမိုင်းနောက်ခံ ၀တ္ထတို အပြင် အဏ္ဍ၀ါ စိုးမိုး၊ ကျွန်းစဉ်မြေ စောခက် (အမျိုးသားစာပေဆုရ)တို့၏ ၀တ္ထုတိုများကိုလည်း ခံစားတွေ့ထိနိုင်ကြမည် ဖြစ်သည်။
ဘာသာပြန်စာပေတွင် စစ်ငြိမ်၊ အောင်သူရကျော် (ရက္ခိုင်)နှင့် မောင်ပေါ်ထွန်း၏ လက်ရာများကို တွေ့မြင်ကြရမည် ဖြစ်သည်။
ရခိုင်စာပေ ကဏ္ဍတွင် မောင်ဗသိန်း၊ ဇယန္တဗောဓိ၊ ခိုင်မင်းဇံ၊ ငြိမ်းချမ်းဦးဖ၊ သန့်ဝဏ္ဍခိုင်၊ သျှင်စောမွန် (ရခိုင်ပြည်)၊ ရက္ခိတသျှစ်မောင် (ပညာရေး)တို့၏ ဆောင်းပါးများ၊ မောင်မောင်စော (ရခိုင်ညွှန့်ဖူး)၏ “ ကံ့ကောတောက အမှတ်တရတိ” တက္ကသိုလ် အလွမ်းပြေ ၀တ္ထုကိုလည်းကောင်း၊ ပွင့်သစ်(တမန်းသား)၊ အယွေစော၊ မာန်ယုကျော် (ရွှေဝမြေ)၊ ဆရာဇော်(ရက္ခမြီ)နှင့် သဇင်နီတို့၏ ရခိုင်ဝတ္ထုတိုများကိုလည်းကောင်း တ၀ကြီး ဖတ်ရှုကြရမည် ဖြစ်ပါသည်။
“ ဒီ ၂၀၁၅- ၂၀၁၆ ပညာသင်နှစ်မှာလည်း ရခိုင်တန်ဆောင်မဂ္ဂဇင်းကို ပိုပြီး ဒီထက် ကောင်းမွန်အောင် ထုတ်ဝေသွားပါမယ်။ ဆရာ/ ဆရာမတွေ၊ ရခိုင် စာရေးဆရာတွေ၊ ကဗျာဆရာတွေ အပါအ၀င် ကျောင်းသားကျောင်းသူတွေနဲ့ တိုင်ပင်ညှိနိုင်းပြီး ရခိုင်တန်ဆောင် မဂ္ဂဇင်း ကို စဉ်ဆက် မပြတ်ထုတ်ဝေနိုင်အောင် ကြိုးစားသွားပါမယ်” ဟု ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ရခိုင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ- ရန်ကုန်)၏ အထွေထွေအတွင်းရေးမှူး မစုမြတ်သွယ်က နိရဉ္စရာသို့ ပြောကြားသွားခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မြန်မာကလေးများနေ့ သံတွဲမြို့တွင် ကြိုကျင်းပ


image-9bb2b2040cc64714fb29f4fb6de4a6ad79d9405c542b6087768ed9e1ce6e07f4-V
ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံကလေးများနေ့ကို ကြိုဆိုသောအားဖြင့် ကလေးပွဲတော်နှင့် နိဗ္ဗာန်ဈေးပွဲတော်ကို ဖေဖော်ဝါရီ ၇ ၊ ၈ နေ့များတွင် သံတွဲမြို့ ပန်းဝတီ မူလ တန်းကြိုကျောင်းတွင် ကျင်းပခဲ့သည်။
သံတွဲမြို့ ဗိုလ်ချုပ်လမ်း ပန်းဝတီ မူကြိုကျောင်းတွင် ကျင်းပသော မြန်မာနိုင်ငံကလေးများ နေ့တွင် ကလေးများအက၊ ရွှေတံဆိပ်ဆုရှင်များ၏ အဆို၊ ရုပ်သေးပညာရှင်များ၏ ရုပ်သေးအက များဖြင့် ဖြေဖျော်ခဲ့ကြသည့် အပြင် ကာတွန်း၊ ကဗျာ၊ ဓာတ်ပုံပြပွဲကိုပါလည်း ပူးတွဲပြသခဲ့သည်။
နိဗ္ဗာန်ဈေးပွဲတော်တွင်လည်း သံတွဲမြို့မှ စေတနာရှင် အလှူရှင်များ၏ ဆိုင်ခန်းပေါင်း နှစ်ရာကျော် ပါဝင်ခဲ့ပြီး ပွဲတော်မှာ အထူးစည်ကားသည်။
ပန်းဝတီ မူလတန်းကြိုကျောင်း ကြီးကြပ်ရေးကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးတင် အောင်က “  မြန်မာနိုင်ငံ ကလေးများနေ့ကို ကျွန်တော်တို့ မူကြိုကျောင်းမှာ ဒုတိယအကြိမ်မြောက် ကျင်းပတဲ့ ပွဲပါ။ မူကြိုဆိုတာ ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာကို အဓိက ပျိုးထောင်တဲ့ ပျိုးဥယာဉ် တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ မူကြိုကျောင်း ကြီးကြပ်တဲ့ ကော်မတီ ဆိုတာလည်း ဘယ်သူကမှ တာဝန်ပေးထားတာမဟုတ်ဘဲ ကလေးချစ်တဲ့ စိတ်တူကိုယ်တူတွေ ပူး ပေါင်းပြီး ဒီကျောင်းလေးကို ထူထောင်ထားတာပါ။ ဒါကြောင့် ဗိုလ်ချုပ်မွေးနေ့ဆိုတာထက် မြန်မာ နိုင်ငံကလေးများနေ့လို့ ခေါင်းစဉ်တပ်တာပါ။ အစက ၁၂၊ ၁၃ လုပ်မယ်လို့ စီစဉ်ခဲ့ပေမယ့် စာမေးပွဲ တွေနဲ့ နီးကပ်နေတော့ ၇၊ ၈ ကိုပြောင်းပြီး ကြိုလုပ်လိုက်တာပါ” ဟု နိရဉ္စရာသို့ ပြောဆိုသည်။
သံတွဲမြို့ ကလေးများကို အစဉ်အလာတစ်ခုအဖြစ် နှစ်စဉ်ကျင်းပပြုလုပ်သွားရန် ရည်ရွယ်ထားသည်ဟု သူက ဆိုသည်။
ပွဲခင်းလာသူ သံတွဲဒေသခံ ဒေါ်လှရီက  “ အရမ်းပျော်ဖို့ကောင်းတာပဲ။ ကလေးများနေ့ဆို ဘယ်သူကမှ အလေးမထားကြဘူး။ အခု ဗိုလ်ချုပ်နှစ်တစ်ရာပြည့်လုပ်လို့သာ ဗိုလ်ချုပ်အောင်ဆန်း ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ မွေးတယ်လို့  ခုမှ သိတဲ့ လူတွေလည်း ရှိတယ်။ ကလေးများနေ့ ဘယ်နေ့ဆိုတာ သိဖို့က ပိုဝေးတာပေါ့။ သိတဲ့ သူက အရမ်းနည်းတယ်။ ဗယ်လင်တိုင်ဒေး ချစ်သူများနေ့ကတော့ လူတိုင်းသိနေကြတယ်။ ဒါ ဂုဏ်ယူစရာမဟုတ်ဘူး။ ရှက်တက်မယ်ဆိုရင် အရမ်းရှက်ဖို့ကောင်းတယ်။ အခုလို ဖော်ထုတ်ပြီး ပွဲ လမ်းသဘင် လုပ်ပေးတဲ့လူတွေကို အင်မတန်မှ ကျေးဇူးတင်ဖို့ကောင်းတယ်။ ပွဲလေးက အင်မတန် စည်ကားတဲ့အပြင် အရမ်း အဓိပ္ပါယ်ပြည့်ဝတဲ့အပြင် နှစ်စဉ်နှစ်တိုင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်သင့်တဲ့ပွဲတစ်ခုပါ” ဟု ပြောသည်။
ကလေးများနေ့ သို့ လူပေါင်းရာချီတက်ရောက် ပါဝင်ဆင်နွှဲခဲ့ကြသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်ကမ်းလွန်တွင် အောင်ပြည်ဟိန်း ရေနံအစမ်းတွင်းတူးဖေါ်


hd981
ရခိုင်ကမ်းလွန်ပင်လယ်ပြင်တွင် ရေနံနှင့် သဘာဓါတ်ငွေ့ ရှာဖွေရန် အောင်ပြည်ဟိန်း (၁) အစမ်းတွင်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့က စတင်တူးဖေါ်သည်ဟု သတင်း ရရှိသည်။
ယင်းအစမ်းတွင်းသည် ရခိုင်ပင်လယ်ပြင် လုပ်ကွက်အမှတ် AD-1 အတွင်းတည်ရှိပြီး  စွမ်းအင်ဝန်ကြီးဌာန မြန်မာရေနံနှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်းနှင့် Chinnery Assets Limited တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသော ရခိုင်ကမ်းလွန် လုပ်ကွက် ဖြစ်သည်။
ယင်းအစမ်းတွင်အား Chinnery Assets Limited မှ ပိုင်ဆိုင်သော Hai Yang Shi  You 981 တွင်းတူးစက်ဖြင့် တူးဖော်သွားမည်ဖြစ်သည်။
ယခုအစမ်းတွင်းသည် ရခိုင်ကမ်းလွန်တွင် ပထမဆုံး တူးဖော်ရှာဖွေသော ရေနက်ပိုင်း ရှာဖွေရေးတွင်းဖြစ်သည်။ ယခု တူးဖော်မည့်နေရာသည် ရေအနက် ၁၇၃၁မီတာ ရှိပြီး စုစုပေါင်း အနက် ၅၀၀၀ မီတာ အနက်ထိ တူးဖော်သွားမည်ဟု ဆိုသည်။
ရခိုင်ကမ်းလွန်ပြင်အောက်တွင် ပလိုင်အိုစင်းနှင့် မိုင်အိုစင်းသက်တမ်းရှိ သဲကြောများ ရှိပြီး ယင်းသဲကြောများမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ရှာဖွေသွားမည်ဟု အစိုးရပိုင် သတင်းစာများတွင် ဖေါ်ပြသည်။
စွမ်းအင်ဝန်ကြီးဌာပြည်ထောင်စု ၀န်ကြီး ဦးဇေယျာအောင်နှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းတို့သည် ယင်းအစမ်းတွင်း တူးဖော်မှုအား ဖေဖော်ဝါရီလ ၇ ရက်နေ့က သွားရောက်ပြီး စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်ဟုသိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

အမျိုးသားရေးနိုင်နိုင် ထောင်ဒဏ် ၃ လချမှတ်ခံရ

တရားရုံးမှ အမိန့်ချပြီးနောက် တရားရုံးရှေ့တွင် ကိုနိုင်နိုင်အားတွေ့ရစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
တရားရုံးမှ အမိန့်ချပြီးနောက် တရားရုံးရှေ့တွင် ကိုနိုင်နိုင်အားတွေ့ရစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
လူမှုရေး လှုပ်ရှားနေသူ ကိုနိုင်နိုင်ကို စစ်တွေ မြို့နယ် တရားရုံးက ဖေဖော်ဝါရီလ ၉ ရက်နေ့က ထောင် (၃) လချမှတ်လိုက်သည်။
ရခိုင်ပြည်နယ်အစိုးရအား အယုံကြည်ပျက်စေမှု၊ အစိုးရ၏ လုပ်ဆောင်ချက်များကို ထင်ယောင်ထင်မှား ဖြစ်စေအောင်လုပ်မှု၊ တည်ငြိမ်မှုပျက်ပြားစေအောင် လုပ်ဆောင်မှုတို့ဖြင့် တရားသူကြီးက ပုဒ်မ ၅၀၅ (ခ) မြောက်သည်ဟု ဆုံးဖြတ်ကာ ထောင်ဒဏ် ၃ လ ချမှတ်လိုက်ခြင်း ဖြစ်သည်။
ကိုနိုင်နိုင်က ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်၌ ပြုလုပ်ခဲ့သော နဘန်းပွဲနှင့် ရခိုင်ပြည်နယ်နေ့တို့တွင် တင်ဆက်ကပြနိုင်ရန် စစ်တွေမြို့ပေါ်ရှိ ကျောင်းများမှ ကျောင်းသူကျောင်းသားများကို ခေါ်ယူပြီး လပေါင်းများစွာ လေ့ကျင့်မှုသည် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကျောင်းသူကျောင်းသားများကို ပညာမတတ် စာမတတ်ဖြစ်အောင် လုပ်ဆောင်နေသည်နှင့်တူနေသည့်အတွက် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အနေဖြင့် နောက်နောင် ကျောင်းသူကျောင်းသားများကို အသုံးချပြီး ကပွဲများ မပြုလုပ်ပါရန် တောင်းဆိုစာများကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က ကပ်ခဲ့သည်။
အဋ္ဌမတန်းစာမေးပွဲစစ်နေစဉ်အတွင်း ကျောင်းသား/သူ ၂၀ ယောက်ကို ဗိုလ်ရှုသဘင်တက်ရန် နေပြည်တော်သို့ ပို့ဆောင်ခဲ့ရာ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အစိုးရကိုအရေးယူရန် စောင့်ကြည့်ရမည်ဟု စာသားများပါသော စာကိုလည်း ကပ်ခဲ့သည်ဟု သိရသည်။
ယင်းသို့ လူပ်ရှား ဆောင်ရွက်သဖြင့် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ရဲက ကိုနိုင်နိုင်အား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
တရားလိုမှ ချေပသည်မှာ ရခိုင်ပြည်နယ်အစိုးရ၏ ကျောင်းသားများကို ပွဲတော်များအတွက် လေ့ကျင့်မှုနှင့် ဖျော်ဖြေခဲ့မှုများသည် ကျောင်းသူ ကျောင်းသားများ စည်းကမ်းရှိအောင်၊ ကိုယ်ခနာကြံ့ခိုင်မှုရှိအောင် လေ့ကျင့်ပေးခဲ့ခြင်းသာ ဖြစ်သည်၊ အစိုးရအနေဖြင့် ရခိုင်ပြည်နယ်ပညာရေး မြင့်မားလာစေရန် အဘက်ဘက်က ဆောင်ရွက်လျှက်ရှိကြောင်း ပြောဆိုခဲ့သည်ဟု သိရှိရသည်။
ဖမ်းဆီးထိန်းသိမ်းခြင်းခံပြီးနောက် ၉ ကြိမ်မြောက်ရုံးထုတ်သည့် ဖေဖေါ်ဝါရီလ ၉ ရက်နေ့တွင် ယင်းကဲ့သို့ ထောင်ဒဏ် ၃ လ ချမှတ်လိုက်ခြင်း ဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဝှိုက်ကတ်မဲထည့်ခွင့် ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ရခိုင်အမျိုးသားပါတီ၊ ၈၈ မျိုးဆက်နှင့် လူမှုအဖွဲ့အစည်းများ လက်တွဲဆောင်ရွက်သွားမည်

DSC02982-1
ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် လွှတ်တော်က ဆုံးဖြတ်သည့် ၀ှိုက်ကတ် ကိုင်ဆောင်သူများ မဲထည့်ခွင့် ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲ တစ်ရပ်ပြုလုပ်သွားရန် စီစဉ်လျှက်ရှိရာ ရခိုင်အမျိုးသား ပါတီ (ANP)ပါတီ၊ ၈၈ မျိုးဆက်များမှ  အခြားလူမှု အဖွဲ့အစည်း များလည်း တညီတညွတ်တည်း ပူးပေါင်း ပါဝင်သွားမည်ဟု သိရသည်။
ဖေဖေါ်ဝါရီလ ၈ ရက်နေ့တွင် ၈၈ မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့နှင့် ရခိုင့်မျိုးဆက်သစ်လူငယ်များ အင်အားစုတို့က ကမကထပြုလုပ်ပြီး ၂၀၁၅ ရွေးကောက်ပွဲအကြို ရခိုင်လူထု သဘောထားအမြင်နှင့် ယာယီသက်သေခံ ကဒ်ပြား ကိုင်ဆောင်သူများကို ပြည်ထောင်စု လွှတ်တော်မှ မဲပေးခွင့်ပေးသည့် ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီးပြုလုပ်သော တွေ့ဆုံ ညှိနှိုင်းပွဲတွင် ထိုသို့ သဘောတူခဲ့ကြသည်။
ယင်းဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် စစ်တွေမြို့ လမ်းမတော်တောင် ဓမ္မာရုံတွင် ပြုလုပ်ခဲ့ပြီးစစ်တွေမြို့အခြေစိုက် အဖွဲ့အစည်းများ အားလုံးကို ဖိတ်ကြားခဲ့ပြီး၊ ရပ်မိရပ်ဖများ အပါအ၀င် စိတ်ပါဝင်စားသူ ၁၀၀ ကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။
ယာယီသက်သေခံလက်မှတ် အဖြူရောင် ၀ှိုက်ကတ်ကိုင်ဆောင်သူများ မဲဆန္ဒပေးပိုင်ခွင့် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ချက်ကို ရခိုင်ပြည်သူများ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ လမ်းလျှောက် ဆန္ဒပြကြမည့်အစီအစဉ်နှင့် လက်ရှိ သာသနာ့ အလံထူ၊ လွှတ်တော်ဆုံးဖြတ်ချက် ကန့်ကွက် စာကပ် ဆန္ဒပြနေကြခြင်းကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
ဖေဖေါ်ဝါရီလ ၄ ရက်နေ့က ရခိုင်ပြည်နယ်စစ်တွေမြို့ရှိ စစ်ကဲတော်မင်းကျောင်းတွင် ပြုလုပ်ခဲ့သော အစည်းအဝေးတွင်  ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ဆန္ဒပြပွဲများ ပြုလုပ်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။
၁၅ ရက်နေ့ ဆန္ဒပြပွဲကို အားဖြည့်ရန် ဖေဖေါ်ဝါရီလ ၄ ရက်နေ့က ဖွဲ့စည်းထားသော ကော်မီတီ၌ ရခိုင်အမျိုးသားပါတီ (ANP) အအပါအ၀င် နောက်ထပ် ပူးပေါင်းပါဝင်မည့် အဖွဲ့အစည်းများမှာ ၈၈ မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့၊ People for people အဖွဲ့၊ရခိုင့်မျိုးဆက်သစ်လူငယ်များအင်အားစု၊ ရက္ခိုင့်အလင်းတံခါး၊ ရခိုင်လူငယ်များပရဟိတ အဖွဲ့တို့ဖြစ်ကြောင်း သိရသည်။
ယင်းဆန္ဒပြပွဲအတွက် ခွင့်ပြုချက်ရရှိရန် ဖေဖေါ်ဝါရီလ ၄ ရက်နေ့က ဖွဲ့စည်းလိုက်သော ဆန္ဒပြပွဲကို ဦးဆောင်မည့် ကော်မီတီက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ထံ ဖေဖေါ်ဝါရီလ ၇ ရက်နေ့က ခွင့်ပြုချက်တင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ လမ်းလျှောက်ဆန္ဒပြပွဲကို မစတင်မီ ဖေဖေါ်ဝါရီလ ၄ ရက်နေ့မှ စတင်ပြီး ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့ရှိအိမ်များတွင် သာသနာ့အလံလွှင့်ထူခြင်း၊   ဆန္ဒမဲပေးခွင့် ပြည်ထောင်စု လွှတ်တော် ဆုံးဖြတ်ချက် လက်မခံဆိုသည့် စာများကို အိမ်ရှေ့တွင် ကပ်ခြင်းများကိုလည်း စစ်တွေမြို့အနှံ့ ပြုလျှက်ရှိကြောင်း သိရသည်။
လက်ရှိ စစ်တွေမြို့ပေါ်ရှိ သာသနာ့အလံထူ ဆန္ဒပြနေမှုများကို ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက သာသနာ့အလံလွှင့်ထူဆန္ဒမပြကြရန် ဆန္ဒပြကော်မီတီကို တောင်းဆိုထားသည်ဟု   သိရသည်။
အခမ်းအနားသို့ တက်ရောက်သူ ဦးစိန်စောလှက “ ၀န်ကြီးချုပ်က သာသနာ့အလံလွှင့်ထူဆန္ဒမပြဖို့ တောင်းဆိုမှုအပေါ် တုန့်ပြန်ထားတာကတော့ ရခိုင်ပြည်သူတွေ အနေနဲ့ အရှေ့ကိုလည်းကြောက်ရ၊ အနောက်ကိုလည်းကြောက်ရနဲ့ ဘုရားတရားကိုသာ အားကိုးမှီခိုရာဖြစ်လို့ ယခုလိုသာသနာ့အလံကို လွှင့်ထူရခြင်းဖြစ်တယ်လို့ တုန့်ပြန် ထားကြတယ်လို့ ကြားသိရပါတယ်” ဟု ပြောကြားသည်။
ဖေဖေါ်ဝါရီလ ၄ ရက်နေ့က ဆုံးဖြတ်ချက်အတိုင်း သာသနာ့အလံလွှင့်ထူခြင်း၊ အဖြူရောင်ကတ် ကိစ္စ လွှတ်တော်က ဆုံးဖြတ်ချက်လက်မခံဆိုသည့် စာများကိုကပ်လျှက်ရှိကြောင်း ဆန္ဒပြပွဲဖြစ်ပေါ်ရန် ဦးဆောင်ဦးရွက် လုပ်နေသူ ရခိုင် အမျိုးသမီးကွန်ယက်မှ ခေါင်းဆောင် ဒေါ်ညိုအေးကပြောသည်။
“ဖေဖေါ်ဝါရီလ ၄ ရက်နေ့ဆုံးဖြတ်ချက်အတိုင်းပဲ သာသနာ့အလံလွှင့်ထူတာတွေ၊ အဖြူရောင်ကဒ်ကိစ္စ လွှတ်တော် ဆုံးဖြတ်ချက် လက်မခံဘူးဆိုတဲ့ စာရွက်တွေကို ထင်သာမြင်သာရှိတဲ့ နေရတွေမှာ လိုက်ကပ် နေပါတယ်။ ၁၅ ရက် ဆန္ဒပြဖို့ကိစ္စနဲ့ပတ်သက်ပြီး ဖေဖေါ်ဝါရီလ ၇ ရက်နေ့မှာပဲ တရားဝင်ခွင့် ပြုချက် တင်ပြီးပါပြီ။ ၁၅ ရက်နေ့ထိ နှိုးဆော်မှုတွေကို ဆက်တိုက်ဆက်တိုက် လုပ်ဆောင်နေပါတယ်” ဟု ဒေါ်ညိုအေးက ပြောသည်။
DSC02983-1
ယနေ့ ၈ ရက်နေ့ကပြုလုပ်သော တွေ့ဆုံဆွေးနွေးပွဲတွင် နာယကအဖြစ်ဆောင်ရွက်ခဲ့သူ ဦးမောင်ထွန်းကျော် ကလည်း အဖြူရောင်ကတ်ကိစ္စသည် ခိုင်သားများအတွက် သေရေးရှင်ရေး ကိစ္စဖြစ်သည်။ ယင်းကိစ္စတွင် ရခိုင်များသာ မနိုင်လိုက်လျှင် နောက်များမကြာမီ ဘင်္ဂလီများ လွှမ်းမိုးမှုကို ခံရမည်ဟု ပြောကြားသွားသည်။
၁၅ ရက်နေ့ဆန္ဒပြပွဲကို မည်သို့မည်ပုံပြုလုပ်မည်ကို ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် စစ်တွေမြို့ စစ်ကဲတော်မင်း ဘုန်းကြီးကျောင်း၌ နောက်ထပ်အစည်းဝေတစ်ရပ်ကို ပြုလုပ်သွားမည်ဟု သိရသည်။
ဖေဖေါ်ဝါရီလ ၄ ရက်နေ့မှစတင်ပြီး ကားဖြင့်စစ်တွေမြို့ကိုပတ်၍ အဖြူရောင်ကတ်ကိစ္စ လွှတ်တော် ဆုံးဖြတ်ချက်ကို ကန့်ကွက်ဆန္ဒပြကြရန် နှိုးဆော်မှုများကိုလည်း နေ့စဉ်ပြုလုပ်လျှက်ရှိသည်။
အဖြူရောင်ကတ်ကိစ္စ လှုပ်ရှားမှုများကို ပြုလုပ်နိုင်ရန်အတွက် အင်းပေါက်ဝ ကုမ္ပဏီမှ ကျပ်ငွေ ၁၅ သိန်းကို ယင်းအခမ်းအနားတွင်ပင် လှူဒါန်းခဲ့ကြောင်းသိရသည်။
မင်းပြားမြို့ ဓမ္မာရုံတွင်လည်း ယာယီလက်မှတ်ကိုင်ဆောင်သူများ မဲပေးခွင့်ပယ်ဖျက်ရေးအတွက် ၁၅ ရက်နေ့တွင် ဆန္ဒပြရန် ဆန္ဒဖေါ်ထုတ် တောင်းဆိုလိုလားသူများအဖွဲ့က အစည်းအဝေးတစ်ရပ်ကို ဖေဖေါ်ဝါရီလ ၈ ရက်နေ့က ပြုလုပ်ခဲ့ပြီး ၁၅ ဦးကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

လောက်ကိုင်တွင် ဖြစ်ပွားနေသော တိုက်ပွဲတွင် ရက္ခိုင့်တပ်မတော် (AA) ပါဝင်

(ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင်များ)
ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင်များ
တရုတ်နယ်စပ်အနီးရှိ ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ လောက်ကိုင်မြို့ပေါ်တွင် လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း ရက္ခိုင့်တပ်မတော် ( Arakan Army) မှ တပ်ဖွဲ့များလည်း ပါဝင်နေသည်ဟု သတင်း ရရှိသည်။
တအာင်းတပ်မတော်၏ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ သတင်း ထုတ်ပြန်ချက်တွင် လောက်ကိုင်ဒေသ၌ ဖြစ်ပွားနေသော တိုက်ပွဲများမှာ ဖုန်ကြားရှင် ဦးစီးသည့် မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီတပ်ပေါင်းစု (MNDAA)၊ တအာင်းတပ်မတော် ( TNLA)၊ ရက္ခိုင့်တပ်မတော် ( AA)နှင့် ကချင် လွတ်မြောက်ရေး အဖွဲ့ ( KIO/KIA) ပူးပေါင်းတပ်ဖွဲ့တို့ နှင့် ဖြစ်ပွားနေသည်ဟု ဖေါ်ပြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က သတင်းထုတ်ပြန်ချက်တွင်  မြန်မာ့ တပ်မတော်နှင့် ဖုန်ကြားရှင် ဦးဆောင်သော လက်နက်ကိုင် တပ်တို့အကြား ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်ပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဖေါ်ပြသည်။
 ( တပ်မတော်ကာကွယ်ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သော တိုက်ပွဲဖြစ်ပွားရာဒေသ မြေပုံ)
တပ်မတော်ကာကွယ်ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သော
တိုက်ပွဲဖြစ်ပွားရာဒေသ မြေပုံ
ကိုးကန့်တိန်းရှောင်အဖွဲ့အား နယ်မြေအတွင်းအခြေပြု လူပ်ရှားနိုင်ခြင်း မရှိစေရေးအတွက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် တပ်မတော် စစ်ကြောင်းများက သူတို့ဆုတ်ခွာရာ အနောက်ဘက်နှင့် အနောက်မြောက်ဘက်သို့ ထပ်ကြပ်လိုက်လံ ရှင်းလင်းမှုများ ပြုလုပ်နေကြောင်း၊ ယင်းပြင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက်နှင့် နေလယ်ပိုင်းတို့တွင် လောက်ကိုင်မြို့ အနောက်မြောက်ဘက်ရှိ ညံခွမ်းကျေးရွာ အရှေ့ဘက် တ၀ိုက်တွင် ၃ ကြိမ်၊ တာရွှေထန် ကျေးရွာ အနောက်မြောက်ဘက်တွင် တစ်ကြိမ် တိန်းရှောင် တပ်ဖွဲ့များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယနေ့ထုတ် Daily Eleven သတင်းစာတွင်မူ ပူးပေါင်းတပ်ဖွဲ့ ရှိ ကိုးကန့်ဦးဆောင်သော မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ တပ်ပေါင်းစု၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့၊ ရက္ခိုင့်တပ်မတော် ပူးပေါင်းတပ်တို့နှင့် ဖြစ်ပွားသော လောက်ကိုင်မြို့ပေါ်တိုက်ပွဲမှာ ပိုမို ပြင်းထန်လာနေကြောင်း၊ ဖေဖော်ဝါရီလ ၁၀ ရက် ညပိုင်းမှ ရှမ်းပြည် မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ပေါ်၌ ပစ်ခတ်မှုများ စတင် ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်းအထိ ဖြစ်ပွားနေကြောင်း၊ ယင်းတိုက်ပွဲများသည် လောက်ကိုင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးရုံးသို့ MNDAA  တပ်ဖွဲ့မှ လာရောက် ပစ်ခတ်ခဲ့ရာမှ စတင်ခဲ့ကြောင်း၊ နှစ်ဘက် အထိအခိုက် အကျအဆုံးများရှိနေကြောင်း ရေးသားဖေါ်ပြသည်။
( ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သော ကျေညာချက်)
ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သော ကျေညာချက်
MNDAA ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ပူးပေါင်းတပ်ဖွဲ့မှ ၅ ဦးကျဆုံးပြီး တပ်မတော်ဘက်မှ ၇၀ ဦးခန့်ကျဆုံးကြောင်း ခန့်မှန်းထားသည်ဟု ပြောဆိုကြောင်း Daily Eleven သတင်းစာတွင် ဖေါ်ပြသည်။
တိုက်ပွဲမှာ တပ်မ ၃၃တပ်များ တိုက်ပွဲ့ ဖြစ်ပွားရာ ဒေသသို့ ရောက်ရှိလာပြီးနောက် တိုက်ပွဲမှာ ပိုမို ပြင်းထန်လာကြောင်း တရုတ်မြန်မာနယ်စပ်ရှိ စစ်ရေးအကဲခတ်များက ပြောဆိုသော်လည်း ဦးထွန်းမြတ်လင်းကမူ တပ်မ ၃၃ နှင့် တပ်မ ၇၇ တို့ ၀င်ရောက်လာတုန်းဖြစ်ပြီး တိုက်ပွဲ ပြင်းထန်လာနေသည်ဟု ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုသည်ဟု ဆိုသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထုတ် Democracy Today သတင်းစာတွင် တိုက်ပွဲများ ပြင်းထန်နေသဖြင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တပ်မတော်(လေ)မှ MIG 29 တိုက်လေယာဉ်များ၊ MI 35 ရဟတ်ယာဉ်များဖြင့် လေကြောင်းကနေ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရသည်ဟု ဖေါ်ပြသည်။
ယင်းသတင်းစာတွင်ပင် မြန်မာတပ်မတော်မှ အဆင့်မြင့် အရာရှိကြီး တစ်ဦးကို ကိုးကားပြီး တပ်အရာရှိ အချို့နှင့် အခြားအဆင့် နှစ်ဆယ်လောက်ကျဆုံးကြောင်း ဖေါ်ပြသည်။ ၎င်းအပြင် ဖေဖော်ဝါရီလ ၁၀ ရက် နံနက် ၈ နာရီခန့်တွင် တာရွှေထန်ရှိ အမှတ် (၉၃၆) ထောက်ပံ့ပို့ဆောင်ရေးတပ်နှင့် အမှတ် (၉၁၇) စစ်မြေပြင် အင်ဂျင်နီယာတပ်များကို ပူးပေါင်းတပ်ဖွဲ့မှ ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး နံနက် ၉ နာရီခန့်တွင် တာရွှေထန် ရဲစခန်းအား ၀င်ရောက် တိုက်ခိုက် ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် အချို့ကျဆုံးခဲ့သည်ဟု ဖေါ်ပြသည်။
 (The Union Daily  Facebook မှ)
The Union Daily Facebook မှ
The Union Daily မှ သတင်းတွင် တိုက်ခိုက်မှုကြောင့် ထွေအုပ်ရုံးတွင်စောင့်ကြပ်နေသော ရဲခြောက်ဦး သေဆုံးခဲ့သည်ဟု ကြားသိရကြောင်း လောက်ကိုင်ဒေသခံ ဦးအိုက်စွန်းကို ကိုးကားဖေါ်ပြသည်။
တိုက်ပွဲကြောင့် လောက်ကိုင်မြို့ဒေသခံများမှာ နယ်စပ်မှ တဆင့် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားကြပြီး အစိုးရ၀န်ထမ်းများလည်း ဘေးလွှတ်ရာသို့ ထွက်ပြေးတိန်းရှောင်သွားကြသည်ဟု သိရသည်။
ဖုန်ကြားဦးဆောင်သော ကိုးကန့်အဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်လာသော အဖွဲ့ ဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် အစိုးရနှင့် ပထမဆုံး ငြိမ်းချမ်းရေးယူခဲ့သော အဖွဲ့ဖြစ်ပြီး လောက်ကိုင် ဒေသကိုလည်း အထူးဒေသ အဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို ငြင်းပယ်ခဲ့ပြီးနောက် ယင်းအဖွဲ့နှင့် မြန်မာတပ်မတော်အကြား တင်းမာမှုများ ပေါ်ပေါက်ခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)