Friday, February 13, 2015

ရခိုင်ကမ်းလွန်တွင် အောင်ပြည်ဟိန်း ရေနံအစမ်းတွင်းတူးဖေါ်


hd981
ရခိုင်ကမ်းလွန်ပင်လယ်ပြင်တွင် ရေနံနှင့် သဘာဓါတ်ငွေ့ ရှာဖွေရန် အောင်ပြည်ဟိန်း (၁) အစမ်းတွင်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့က စတင်တူးဖေါ်သည်ဟု သတင်း ရရှိသည်။
ယင်းအစမ်းတွင်းသည် ရခိုင်ပင်လယ်ပြင် လုပ်ကွက်အမှတ် AD-1 အတွင်းတည်ရှိပြီး  စွမ်းအင်ဝန်ကြီးဌာန မြန်မာရေနံနှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်းနှင့် Chinnery Assets Limited တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသော ရခိုင်ကမ်းလွန် လုပ်ကွက် ဖြစ်သည်။
ယင်းအစမ်းတွင်အား Chinnery Assets Limited မှ ပိုင်ဆိုင်သော Hai Yang Shi  You 981 တွင်းတူးစက်ဖြင့် တူးဖော်သွားမည်ဖြစ်သည်။
ယခုအစမ်းတွင်းသည် ရခိုင်ကမ်းလွန်တွင် ပထမဆုံး တူးဖော်ရှာဖွေသော ရေနက်ပိုင်း ရှာဖွေရေးတွင်းဖြစ်သည်။ ယခု တူးဖော်မည့်နေရာသည် ရေအနက် ၁၇၃၁မီတာ ရှိပြီး စုစုပေါင်း အနက် ၅၀၀၀ မီတာ အနက်ထိ တူးဖော်သွားမည်ဟု ဆိုသည်။
ရခိုင်ကမ်းလွန်ပြင်အောက်တွင် ပလိုင်အိုစင်းနှင့် မိုင်အိုစင်းသက်တမ်းရှိ သဲကြောများ ရှိပြီး ယင်းသဲကြောများမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ရှာဖွေသွားမည်ဟု အစိုးရပိုင် သတင်းစာများတွင် ဖေါ်ပြသည်။
စွမ်းအင်ဝန်ကြီးဌာပြည်ထောင်စု ၀န်ကြီး ဦးဇေယျာအောင်နှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းတို့သည် ယင်းအစမ်းတွင်း တူးဖော်မှုအား ဖေဖော်ဝါရီလ ၇ ရက်နေ့က သွားရောက်ပြီး စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်ဟုသိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: