Sunday, March 31, 2013

ရန်ကုန်မြို့၏ အဝေးပြေးကားဂိတ်များ ပိတ်ပြီ

ရန်ကုန်မြို့၊ ခရီးသည်နှင့်ကုန်ကားဂိတ်များဖြစ်သည့် အောင်မင်္ဂလာဂိတ်နှင့် ဘုရင့်နောင်ဂိတ်တို့အား ရခိုင်ဒေသ အပါအ၀င် မြန်မာပြည်အနှံ့အပြားသို့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအား ၂၉ ရက်နေ့ ည
နေ အချိန်အား နောက်ဆုံးထား၍ သယ်ယူပို့ဆောင်ပေးမည်ဖြစ်ကြောင်း အရေးပေါ်အခြေအနေ အကြောင်းကြောင်းကြောင့် စိုးရိမ်ပူပန်လျက် ကားဂိတ်များမှ သင်္ကြန်ရက်များအထိ ယာယီ ပိတ်ထား လိုက်ရခြင်းဖြစ်
ကြောင်း၊ ကုန်ပစ္စည်းမှာယူကြသည့် နယ်ကုန်သည်များ ထံမှ သိရှိရပါ
သည်။

ယင်းအတွက်ကြောင့် ထိုနေ့ ၂၉ ရက်နေ့မှ စတင်ပြီး အဝေးပြေးကားဂိတ်များ
ကို ပိတ်ထားလိုက်ပြီဖြစ်ကြောင်းသိရသည်။ ထိုသို့ ပိတ်ထားရခြင်းကြောင့် နယ်မြို့များတွင် ကုန်စည်ပြတ်လတ်မှုများကို ရင်ဆိုင်လာရပြီး ဈေးနုန်းများ
မြင့်တက်လာနိုင်ခြေရှိကြောင်းလည်းသိရသည်။

နယ်မြို့မှ ကုန်သည်များသည် အဝေးပြေးကားဂိတ်များမှ ကားများကိုသာ အဓိက အားထားနေခဲ့ရသော်လည်း ယခုအခါတွင် ကုန်စည်များ ဆက်လက်
မှာယူနိုင်ခြင်းမရှိသည့်အတွက် အခက်အခဲများဖြစ်လာနိုင်ကြောင်းလည်း နယ်ကုန်သည်တစ်ချို့က ပြောဆိုကြပါသည်။

Myawady News

(သတင်းအရင်းအမြစ်- လေးမြို့ Website) 

သံတွဲမြို့တွင် ရခိုင်အမျိုးသမီးတို့ ဘ၀လုံခြုံရေး ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်မည်

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ရခိုင်အမျိုးသမီးများ ဘ၀လုံခြုံမှုရှိစေရေးအတွက် လာမည့် ဧပြီလ(၄)ရက်နေ့တွင် ဆန္ဒဖော်ထုတ်ပွဲ တစ်ရပ်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးဆောင်စီစဉ်သည့် ရခိုင်လူမှုကွန်ယက်၏ ခေါင်းဆောင်များက ဆိုသည်။
ဒွါရာဝတီ သံတွဲမြို့အ၀င်ဝတွင်တွေ့ရသည့် သံတွဲမြို့ဆိုင်းဘုတ်ဒွါရာဝတီ သံတွဲမြို့အ၀င်ဝတွင်တွေ့ရသည့် သံတွဲမြို့ဆိုင်းဘုတ်
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို လူ(၂၀၀)ခန့် ဖြင့်ပြုလုပ်မည်ဖြစ်ပြီး၊ ယင်းနေ့ နံနက် (၈)နာရီမှ ၁၀ နာရီအထိ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒဖော်ထုတ်သွားမည်ဟု စီစဉ်သူများက ပြောသည်။
ဆန္ဒဖော်ထုတ်ပွဲ ခွင့်ပြုချက်နှင့်ပတ်သက်၍ သံတွဲလူမှုကွန်ယက် အဖွဲ့ဝင် ဦးမြင့်မိုးက " အစပိုင်းမှာ ဧပြီ ၃ ရက်နေ့ လုပ်မယ် ဆုံးဖြတ်ထားပေမယ့် ယင်းနေ့က သံတွဲမှာ ရှင်ပြုပွဲရှိနေတော့ သက်ဆိုင်ရာနှင့် ဆွေးနွေးပြီး၊ ဧပြီ ၄ ရက်ကို ပြောင်းလိုက်ရတယ်။ ပြီးတော့မှ မတ်လ၂၉ ရက်နေ့၊ နေ့လည်ပိုင်းမှာ မြို့နယ်ရဲတပ်ဖွဲ့မှူးဆီကို ကျနော်တို့ ခွင့်ပြုချက်တင်ပါတယ်။ မြို့နယ်မှူးကလည်း လက်ခံတယ်။ သက်ဆိုင်ရာက ကန့်ကွက်မယ့် လက္ခဏာကိုတော့မတွေ့ရသေးဘူးဗျ။ " ဟု ဆိုသည်။
ယခု ဆန္ဒဖော်ထုတ်ပွဲ ပေါ်ပေါက်လာရခြင်းမှာ " လွန်ခဲ့သည့် ဇန်န၀ါရီ ၂၅ ရက်နေ့ကသံတွဲမြို့နယ်၊ ဆိပ်ကြီးကျေးရွာ၌ ရခိုင်အမျိုးသမီးတစ်ဦးကို ဘင်္ဂလီမူဆလင်တစ်ဦးက မုဒိမ်းကျင့်ခဲ့သည့် အမှုအားခရိုင်တရားရုံး၏ တရားစီရင်မှု အလွန်နှောင့်နှေးကြန့်ကြာနေခြင်း" နှင့်"ဘင်္ဂလီများကျူးလွန်ထားသည့် အမှု ၁၀ ကျော်ကို စီရင်ချက်မချ သေးဘဲထားရှိခြင်း" တို့ကြောင့် ဖြစ်ရသည်ဟု ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူများက ပြောသည်။
ဆန္ဒဖော်ထုတ်ပွဲ၏ တောင်းဆိုချက်များမှာ ရခိုင်အမျိုးသမီးများ၏ ဘ၀လုံခြုံရေးတောင်းဆိုချက်အပြင် လက်ရှိသံတွဲတရား ရုံး၏ တရားစီရင်ရေး ကဏ္ဍနှောင့်နှေးကြန့်ကြာနေမှုအား ကန့်ကွက်ခြင်းအပါအ၀င် ရခိုင်အရေးနှင့်သက်ဆိုင်သည့် တောင်းဆိုချက် (၇) ချက်ကို တောင်းဆိုသွားမည်ဟု သိရသည်။
၂၀၁၃၊ မတ်လအတွင်း စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ တောင်ကုတ် မြို့နယ်များ၌ "ဘင်္ဂလီများအား နိုင်ငံသားစီစစ်ခြင်းမရှိဘဲ အိမ်ရာဆောက်ပေးမည့် အစီအစဉ်အပေါ်ဆန္ဒဖော်ထုတ်" ကန့်ကွက်ခဲ့ရာတွင် ခွင့်ပြုချက်မရဘဲလုပ်သည်ဟုဆိုကာ အနည်းဆုံးလူ ၉ ဦးကို အရေးယူထားကြောင်းကိုလည်း သိရသည်။
(သတင်းအရင်းအမြစ်- Arakantimes၊ ရေးသားသူ- နေဇော်(သံတွဲ))


ဘုမေကုလားရွာအနီးရှိ စစ်တွေတက္ကသိုလ်ဝင်းအတွင်းရှိ အဆောက်အအုံအချို့ မီးရှို့ခံရ

ဘုမေ ကုလားရွာ အနီးရှိ စစ်တွေတက္ကသိုလ်ဝင်းအတွင်းရှိ အဆောက်အအုံအချို့ မီးရှို့ခံရကြောင်းသိရသည်။
မီးရှို့သည်ဟုသံသယရှိသူ ဘင်္ဂလီကုလား ဒီမာမောက်(၃၃)နှစ် ၄င်း၏ဇနီး မာခါဆူ (၃၂)နှစ်တို့အားဖမ်းဆီးရမိကြောင်းသိရသည်။
မီးလောင်မှုကြောင့်ဆောက်အဦတလုံးနှင့် မြက်ခင်းများ မီးလောင်သွားကြောင်း၊မီးသတ် ရဲနှင့် စစ်တပ်မှဝင်ရောက်ငြိမ်းသတ်မှုကြောင့်မီးငြိမ်းသွားပြီဖြစ်ကြောင်းသိရသည်။

Rakhine News Group

ဘုမေ ကုလားရွာ အနီးရှိ စစ်တွေတက္ကသိုလ်ဝင်းအတွင်းရှိ အဆောက်အအုံအချို့ မီးရှို့ခံရကြောင်းသိရသည်။
မီးရှို့သည်ဟုသံသယရှိသူ ဘင်္ဂလီကုလား ဒီမာမောက်(၃၃)နှစ် ၄င်း၏ဇနီး မာခါဆူ (၃၂)နှစ်တို့အားဖမ်းဆီးရမိကြောင်းသိရသည်။
မီးလောင်မှုကြောင့်ဆောက်အဦတလုံးနှင့် မြက်ခင်းများ မီးလောင်သွားကြောင်း၊မီးသတ် ရဲနှင့် စစ်တပ်မှဝင်ရောက်ငြိမ်းသတ်မှုကြောင့်မီးငြိမ်းသွားပြီဖြစ်ကြောင်းသိရသည်။

Rakhine News Group

မူဆလင်ဘာသာဝင်သုံးဦးမှ တရားထိုင်နေသော သံဃာတော်အား ကိုယ်ထိလက်ရောက်စော်ကား

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ နယ် ဓမ္မမဏ္ဍိုင်ကျောင်းတိုက်အတွင်း တရားထိုင်နေသော ဦးပညာသီရိအား မူဆလင်ဘာသာဝင် ဘင်္ဂလီသုံးဦးမှ ကိုယ်ထိလက်ရောက် ပါးရိုက်ကာ စော်ကားသဖြင့် အဆိုပါတရားခံသုံးဦးအား ဘူးသီးတောင်ရဲစခန်းမှ ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။
ဘူးသီးတောင်မြို့ သင်္ဘောဆိပ်မြင်ကွင်းဘူးသီးတောင်မြို့ သင်္ဘောဆိပ်မြင်ကွင်း
ပုဇွန်ချောင်းကျေးရွာမှ ကာမာလ်(၂၂) ဟာမတ်တူဆောင်း(၂၀)နှင့် အီနူးဆ်(၁၉)နှစ်တို့မှာ မတ်လ(၂၈)နေ့ ညနေ(၇)နာရီခွဲအချိန်ခန့်တွင် ဓမ္မမဏ္ဍိုင်ကျောင်းတိုက်သို့ ဝင်ရောက်လာပြီး ဦးပညာသီရိ တရားထိုင်နေစဉ် ဆေးလိပ်မီးတောင်းရာ စကားပြန်မပြောသသဖြင့် ဆရာတော်၏ ပါးအား တအားလွှဲရိုက်လိုက်ခဲ့ကြောင်း သိရသည်။
ဆရာတော်လဲကျသွားခိုက် ကျောင်းတိုက်မှ တခြားကိုယ်တော် တကာများ ထွက်လာစဉ် အဆိုပါကုလားများ ထွက်ပြေးသွားပြီး ဆရာတော်ပါးပြင်ပေါ်ဝယ် ညိုမဲနေသော လက်ဝါးရာကို မြင်တွေ့ကြသော တကာများ မှ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။
ဦးပညာသီရိမှာ သက်တော်( ၃၅)နှစ် သိက္ခါတော်(၁၀)ဝါ ရှိပြီး ဓမ္မမဏ္ဍိုင်ကျောင်းတိုက်တွင် သီတင်းသုံးနေသော သံဃာတော် တစ်ပါးဖြစ်သည်။
ဦးပညာသီရိအား စော်ကားသောသတင်းမှာ ဘူးသီးတောင်မြို့ သူမြို့ သားများထံ ချက်ချင်းပြန့်နှံ့သွားသောကြောင့် ဘူးသီးတောင်ရဲတပ်ဖွဲ့ဝင်များမှ အချိန်မှီ ဆူပူမှုမဖြစ်ရန် ရပ်မိရပ်ဖများကိုတားမြစ်ခဲ့ကြောင်း ဘူးသီးတောင်ရဲတပ်ဖွဲ့ ဝင်တစ်ဦးက ဆိုသည်။
" သတင်းကြားတာနဲ့ ဒေါ်သထွက်ကြတာပေါ့ ဒါပေမဲ့ ကျွန်တော်တို့ ရခိုင်အမျိုးသားဗုဒ္ဓဘာသာဝင်တွေကို အတတ်နိုင်ဆုံးတားကြတာပေါ့ ၊ဥပဒေနဲ့အညီ ဘူးသီးတောင်ပြည်သူ့ရဲတွေက တာဝန်ကျေပါတယ် မကြာခင်တရားခံတွေကို ဖမ်းမိပြီလို့ ရဲကအတည်ပြုပြောပါတယ်။ " ဟု ဘူးသီးတောင်မှ ရခိုင်လူငယ်တစ်ဦးက ပြောပါသည်။
ဖမ်းဆီးရမိထားသော တရားခံမူဆလင်ဘာသာဝင် ဘင်္ဂလီသုံးဦးမှာ ငယ်ငယ်ကတည်းက အဆိုပါကျောင်းနှင့် ရင်းနှီးမှုရှိနေပြီး မူဆလင်ဘာသာဝင် ဘင်္ဂလီငယ်များ မမြဲတမ်း ဝင်ထွက်သွားလာနေကြပြီး ဆရာတော်များဖြင့် ရင်းနှီးနေကြကြောင်း သိရသည်။
ဆရာတော်အား ကိုယ်ထိကာယကျူးလွန်သည်မှာ မှန်ကန်ကြောင်းကို တရားခံများ ထွက်ဆိုထားသဖြင့် တရားဥပဒေအရ ပုဒ်မ(၄၅၂)၊ သာသနာကို အကြည်ညိုပျက်စေမှု ပုဒ်မ (၂၉၅)တပ်ကာ ရဲ စွဲချက်တင်မည်ဟု ဘူးသီးတောင်ရဲတပ်သားတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။
(သတင်းအရင်းအမြစ်- Arakantimes၊ ရေးသားသူ- စောရှင်ထွီး(ဘူးသီးတောင်))


ငွေကျပ်နှစ်သောင်းတန်ဖုန်းကဒ်များ ဧပြီလ(၅)ရက်နေ့တွင် ချထားပေးမည်

ငွေကျပ် နှစ်သောင်းတန်ဖုန်းကဒ်များ ဧပြီ ၅ရက်နေ့ စတင် ချပေးမည်

Saturday, March 30, 2013


မတ်လ ၂၉ရက်နေ့ မနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေး ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ ငွေ ကျပ် နှစ်သောင်းတန် ဖုန်းကဒ်များကို လာမည့် ဧပြီ ၅ရက်နေ့တွင် စတင်ရောင်းချပေးမည် ဖြစ်ကြောင်း ယင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

ယင်း အစည်းအဝေးတွင် ဝန်ထမ်းများအနေနှင့် အရစ်ကျ သွင်းထားသည့် ငွေကျပ်နှစ်သိန်းတန်ဖုန်းများအား ထပ်မံသွင်းရန် မလိုတော့ ကြောင်း၊ ယင်းတို့အနေနှင့် တစ်လတစ်သောင်းနှုန်းဖြင့် ခြောက် လသွင်းထားကြောင်း၊ ယခုအခါ ယင်းငွေကို ဆက်လက်ပေးသွင်းရန် မလို တော့ကြောင်း ယင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

မုံရွာမြို့တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးက “ဝမ်းသာလိုက်တာ၊ ခြောက်လပဲ သွင်းရသေးတယ်။ အခု ထပ်မသွင်း ရတော့ ဘူးဆိုတော့ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး” ဟု ၎င်းက ဆိုသည်။

ယင်းညှိနှိုင်းအစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လက်ရှိ ၂၀၁၃ခုနှစ်မှ ၂၀၁၅အထိ တယ်လီဖုန်းသုံးစွဲမှုမြင့်မားစေရန် လိုင်းပေါင်း ၂၆သန်း တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် လိုင်းကျပ်ခြင်းများ မရှိစေရန်အတွက်လည်း ကြိုတင်ပြင်ဆင်သွားရန် ရှိကြောင်း သိရသည်။

တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များကို ဧပြီလမှ စတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တစ်လလျှင် Sim Card (၃၅ဝဝဝဝ)နှုန်း စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း ယင်းသို့ ဖြန့်ဖြူးရောင်းချပေးရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၏ အစီအမံဖြင့် ရောင်းချ ပေးမည်ဖြစ်ပြီး Sim Card များကို စုဆောင်းဝယ် ယူ၍ ဈေးကွက် လက်ဝါးကြီးအုပ်မှု မဖြစ်စေရန်နှင့် ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက်ရောင်း ချမည့် အစီအစဉ်၊ လက်ရှိအခြေအနေနှင့် နောင် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်တို့ကို မီဒီယာများမှတဆင့် စဉ် ဆက် မပြတ် အသိပေး တင်ပြသွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်အရ သိရသည်။

ခွန်းဆင့်ဆင့်မောင်
မတ်လ ၂၉ရက်နေ့ မနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေး ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ ငွေ ကျပ် နှစ်သောင်းတန် ဖုန်းကဒ်များကို လာမည့် ဧပြီ ၅ရက်နေ့တွင် စတင်ရောင်းချပေးမည် ဖြစ်ကြောင်း ယင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

ယင်း အစည်းအဝေးတွင် ဝန်ထမ်းများအနေနှင့် အရစ်ကျ သွင်းထားသည့် ငွေကျပ်နှစ်သိန်းတန်ဖုန်းများအား ထပ်မံသွင်းရန် မလိုတော့ ကြောင်း၊ ယင်းတို့အနေနှင့် တစ်လတစ်သောင်းနှုန်းဖြင့် ခြောက် လသွင်းထားကြောင်း၊ ယခုအခါ ယင်းငွေကို ဆက်လက်ပေးသွင်းရန် မလို တော့ကြောင်း ယင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

မုံရွာမြို့တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးက “ဝမ်းသာလိုက်တာ၊ ခြောက်လပဲ သွင်းရသေးတယ်။ အခု ထပ်မသွင်း ရတော့ ဘူးဆိုတော့ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး” ဟု ၎င်းက ဆိုသည်။

ယင်းညှိနှိုင်းအစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လက်ရှိ ၂၀၁၃ခုနှစ်မှ ၂၀၁၅အထိ တယ်လီဖုန်းသုံးစွဲမှုမြင့်မားစေရန် လိုင်းပေါင်း ၂၆သန်း တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် လိုင်းကျပ်ခြင်းများ မရှိစေရန်အတွက်လည်း ကြိုတင်ပြင်ဆင်သွားရန် ရှိကြောင်း သိရသည်။

တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များကို ဧပြီလမှ စတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တစ်လလျှင် Sim Card (၃၅ဝဝဝဝ)နှုန်း စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း ယင်းသို့ ဖြန့်ဖြူးရောင်းချပေးရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၏ အစီအမံဖြင့် ရောင်းချ ပေးမည်ဖြစ်ပြီး Sim Card များကို စုဆောင်းဝယ် ယူ၍ ဈေးကွက် လက်ဝါးကြီးအုပ်မှု မဖြစ်စေရန်နှင့် ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက်ရောင်း ချမည့် အစီအစဉ်၊ လက်ရှိအခြေအနေနှင့် နောင် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်တို့ကို မီဒီယာများမှတဆင့် စဉ် ဆက် မပြတ် အသိပေး တင်ပြသွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်အရ သိရသည်။

(သတင်းအရင်းအမြစ်- လေးမြို့ Website)

ရခိုင်တစ်ကျော့ပြန်ပဋိပက္ခတွင်ဖမ်းဆီးခံရသူ မြောက်ဦးမှ (၄)ဦးလွတ်မြောက်

ရခိုင်ပြည်တွင် ၂၀၁၂ ခုနှစ် အောက်တိုဘာလက ဖြစ်ပေါ်ခဲ့သော တကျော့ ပြန်ပဋိပက္ခတွင် အစိုးရမှ ပဋိပက္ခအတွင်း ဦးဆောင်ပါဝင်သူဟု သံသယရှိသူများအား ဖမ်းဆီးအရေးယူခဲ့ရာတွင် ပါဝင်သူ မြောက်ဦးမြို့နယ်မှ ရခိုင်တိုင်းရင်းသား အမျိုးသား (၄) ဦးမှာ အပြစ်ဒဏ်များကျခံပြီး မတ်လ (၂၈) ရက်နေ့က ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။
ရခိုင်တိုင်းရင်း အမျိုးသား(၄)ဦး မတ်လ(၂၈)ရက်နေ့က ပြန်လည်လွတ်မြောက်လာစဉ်တွင် မြင်တွေ့ရစဉ်ရခိုင်တိုင်းရင်း အမျိုးသား(၄)ဦး မတ်လ(၂၈)ရက်နေ့က ပြန်လည်လွတ်မြောက်လာစဉ်တွင် မြင်တွေ့ရစဉ်
အဆိုပါ ပဋိပက္ခတွင် ဦးဆောင်ပါဝင်သူဟု သံသယရှိသူများအား ဖမ်းဆီးအရေးယူခဲ့ရာတွင် မြောက်ဦးမြို့နယ်မှ ရခိုင်အမျိုးသား (၁၇) ဦးရှိခဲ့ပြီး ယခုလ လွတ်မြောက်လာသူများမှာ ဦးစောလှအောင်(ကြက်ဈေးရပ်ကွက်)၊ ဦးထွန်းယဉ်(ကြက်ဈေးရပ်ကွက်)၊ စံသိန်းကျော်(ကျောက်ရာဇ်ကေရပ်ကွက်)တို့ ဖြစ်ကြောင်း သိရသည်။
" ကျနော်တို့ကို ဖမ်းဆီးသွားတာကတော့ ခိုးဝင်ဘင်္ဂလီတွေနဲ့ ပဋိပက္ခဖြစ်တာမှာ ရှေ့ကနေ ဦးဆောင်တိုက်သူဆိုပြီးတော့ ခေါင်းစဉ်တပ်ကာ ဖမ်းဆီးတာဖြစ်တယ်။ သူတို့တွေနဲ့ တိုက်ခိုက်ပြီးတော့ ပြဿနာဖြစ်ပေါ်လာအောင် အားပေးအားမြောက်ပြုမှုနှင့် မီးရှို့တာတွေကို ဖြစ်ပေါ်အောင် လုပ်ဆောင်တယ်လို့ပြောပြီး အဖမ်းခံရတာဖြစ်ပါတယ်။ " ဟု ပြန်လည်လွတ်မြောက်လာသူ တစ်ဦးဖြစ်သည့် အသက် ၅၃ နှစ် ဦးလှစောအောင်က ပြောသည်။
ဖမ်းဆီးခံ(၁၇)ဦးမှာ မီးဖြင့်ဖြစ်စေ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းဖြင့်ဖြစ်စေ၊ ပဋိပက္ခ ဖြစ်ပေါ်လာအောင် အားပေးအားမြောက်ပြုမှု၊ မီးရှို့မှုများကို ဖြစ်ပေါ်အောင် လုပ်ဆောင်မှု၊ ပုဒ်မ ၄၃၆ ဖြင့် တရားစွဲဆို ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း လွတ်မြောက်လာသူ ဦးလှစောအောင်က ဆိုသည်။
" ပြန်လွတ်လာတာကိုတော့ ၀မ်းသာပါတယ်။ ကျနော်တို့ပြန်လွတ်လာတာကို မြောက်ဦးမြို့သူ/သားတွေက တခဲနက်ကြိုဆိုကြပါတယ်။ မြို့သူမြို့သားတွေကို အရမ်းကျေးဇူးတင်ပါတယ်။ ဂုဏ်လေးဂုဏ်ယူပါတယ်။ ဒါပေမယ့် ကျနော်တို့ပြန်လွတ်လာပေမယ့် မလွတ်ဘဲကျန်နေခဲ့ကြတဲ့ ရခိုင်သူရဲကောင်းတွေအတွက် ၀မ်းနည်းမိပါတယ်။ လုံးဝကို စိတ်မကောင်းပါဘူး။ " ဟု ဆက်လက်ပြီး ဦးလှစောအောင်က ပြောသည်။
အဆိုပါ ပုဂ္ဂိုလ်များမှာ စစ်တွေအကျဉ်ထောင်အတွင်း၌ ကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာစဉ်မှာ မိသားစုဝင်များ၊ ရခိုင်မျိုးချစ်ပုဂ္ဂိုလ်များနှင့် မြို့မိမြို့ဖများက စုပေါင်းကာ လူပေါင်း ၅၀၀ ကျော်က ကြိုဆိုခဲ့ကြောင်း သိရသည်။
မတ်လ(၂၈)ရက်နေ့က ပြန်လည်လွတ်မြောက်လာသော ရခိုင်အမျိုးသား(၄)ဦးအား မြောက်ဦးမြို့သူ/သားများက သောင်းသောင်းဖြဖြကြိုဆိုနေစဉ်မတ်လ(၂၈)ရက်နေ့က ပြန်လည်လွတ်မြောက်လာသော ရခိုင်အမျိုးသား(၄)ဦးအား မြောက်ဦးမြို့သူ/သားများက သောင်းသောင်းဖြဖြကြိုဆိုနေစဉ်

(သတင်းအရင်းအမြစ်- Arakantimes ၊ ရေးသားသူ- မိုးဇော်)

ရခိုင်ကလေးငယ်တစ်ဦးအား မွတ်ဆလင်ပိုင် ဂျစ်ကားတိုက်မိ၍ သေဆုံး

မတ်လ (၂၉) ရက်နေ့က ဘင်္ဂလာဒေခ်ျ့နိုင်ငံ ကောဆ့်ဘာဇာ(ခ)ဖလောင်းချိတ်ခရိုင် တက္ကနာမြို့ နယ် သော်ဒလီပါရာ(ခ) မြစ်နားရွာ အာသောကကျောင်းတိုက်ရှေ့ လမ်းမကြီးပေါ်တွင် ရခိုင် ကလေးငယ်တစ်ဦးအား ဂျစ်ကား(Dhaka metro 164)ဖြင့် ၀င်တိုက်မိသဖြင့် သေဆုံးသွားကြောင်း သိရသည်။
ကားတိုက်ခံရသည့် ရခိုင်ကလေးငယ် ဆေးရုံသို့ပို့ရန်စီစဉ်နေစဉ်ကားတိုက်ခံရသည့် ရခိုင်ကလေးငယ် ဆေးရုံသို့ပို့ရန်စီစဉ်နေစဉ်
အဆိုပါ ဂျစ်ကားမှာ ဖလောင်းချိတ်မှလာသော ခရီးသည်တင်ကားတစ်စီးဖြစ်ပြီး တက္ကနာသို့အသွား အဆိုပါခလေးငယ်အား မတ်လ ၂၉ ရက်နေ့ ညနေ (၆) နာရီခန့်တွင် တိုက်မိရာ ခလေးငယ်မှ ဦးခေါင်းပိုင်း ထိမှန်၍လွင့်စဉ်ကျသွားသဖြင့် ချက်ချင်း ဖလောင်းချိတ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ဆေးရုံသို့အရောက် ည(၉)နာရီတွင် သေဆုံးသွားကြောင်း ဖလောင်းချိတ် အာလ်ဖေါ်ဝပ် ဆေးရုံတာဝန်ခံ ဆရာဝန်မှ အတည်ပြု ပြောကြားသည်။
သေဆုံးသွားသော ရခိုင်အမျိုးသား ခလေးငယ်မှာ အဖဦးသန်းထွန်းအောင်(ခ)ဒုံးချေနှင့် အမိ ဒေါ်ဖြူမေတို့၏သား မောင်မောင်ချေ(ခ) သန်းကျော်ထွန်း (၇)နှစ်ဖြစ်ကြောင်း အမိဖြစ်သူ ဒေါ်ဖြူမေမှာ ရခိုင်အမျိုးသမီးများ အစည်းအရုံး (RWU)အဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်း သိရှိရသည်။
ဂျစ်ကား(Dhaka metro 164) မွတ်ဆလင်အမျိုးသား ကားဒရိုင်ဘာ အေကလာ၏ သားဖြစ်သူ နူရူအီဆလမ်(၂၅)ဖြစ်ကြောင်း တရားခံနှင့် အဆိုပါဂျစ်ကားအား တက္ကနာမြို့ နယ် ရဲစခန်းမှ ဖမ်းဆီးထားကြောင်း တက္ကနာရဲစခန်းမှ တာဝန်ရှိသူက ဆိုသည်။
သေဆုံးသွားသူမှာ မြစ်နားရွာ ကျေးရွာတွင် လာမည့်ဧပြီ (၃၊ ၄၊ ၅ )ရက်တို့တွင် ကျင်းပမည့် အသောက ကျောင်းတိုက်ဆရာတော် ဦးပဏ္ဍိ ဈာပနအတွက် ဒုံယိမ်းကလေ့ကျင့်နေမှုကို သွားရောက်ကြည့်ရာမှ အပြန်လမ်းဖြတ်ကူးရာ ကားတိုက်ခံရခြင်းဖြစ်ကြောင်း ရွာသားတစ်ဦးဖြစ်သူ ဦးမောင်ထွီးလှမှ ပြောသည်။
ကားဒရိုင်ဘာဖြစ်သူမှာ ကားမောင်းခွင့်လိုင်စင် မရှိဘဲကြုံသလို မောင်းနေသူလူငယ်ဖြစ်ကြောင်း၊ ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် နှစ်စဉ်ကားတိုက်မှု များပြားလာသည်ဟု လူအခွင့်အရေးတာဝန်ခံ ကိုဝင်းသိန်းက ဆိုသည်။
ကလေးငယ်အား ကားဖြင့်တိုက်သည့် ကားဆရာ(အင်္ကျီမပါ)ကလေးငယ်အား ကားဖြင့်တိုက်သည့် ကားဆရာ(အင်္ကျီမပါ)
ကလေးငယ်ကို တိုက်သွားသည့် ကားကလေးငယ်ကို တိုက်သွားသည့် ကား

(သတင်းအရင်းအမြစ်- Arakantimes၊ ရေးသားသူ- ပျို့အောင်(နတ်မြစ်))

ဂက်စ်ပိုက်လိုင်း လျော်ကြေးခြံပိုင်ရှင်အစစ်အမှန်များ မရ

ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ဂတ်စ်ပိုက်လိုင်း သွယ်တန်းသည့်အတွက် သိမ်းဆည်းခံရသည့် ဥယာဉ်ခြံမြေများ အတွက် သီးနှံ လျှော်ကြေးငွေများ ထုတ်ပေးနေရာတွင် ပိုင်ရှင် အစစ်အမှန်များ လျှော်ကြေးငွေ မရဘဲ ဖြစ်နေကြောင်း သတင်း ရရှိသည်။
Arakan-Gas-pipeline-construction
၎င်းလျှော်ကြေးငွေများကို ပိုင်ရှင် မဟုတ်သူများက အာဏာပိုင်များနှင့် ပေါင်းပြီး လိမ်လည်ထုတ်ယူနေကြောင်း ဒေသခံ တစ်ဦး ဖြစ်သူ မသွယ်သွယ်စိုးက ပြောသည်။
“ ပိုင်ရှင် အစစ်တွေက လျှော်ကြေးမရပါဘူး။ ပိုင်ရှင်မဟုတ်တဲ့ အာဏာပိုင်တွေနဲ့ နီးစပ် သူတွေက အရေးပေါ် ပြေစာ အတုတွေလုပ်ပြီး သီးနှံ လျှော်ကြေးပေးတဲ့အဖွဲ့က ငွေတွေကို အာဏာပိုင်တွေနဲ့ ပေါင်းပြီး ထုတ်နေကြပါတယ်” ဟု ဆိုသည်။
လျှော်ကြေးငွေများ လိမ်လည် ထုတ်ယူခံနေရသည့် ကျေးရွာသားများမှာ နွားရုံတောင်အုပ်စု၊ အောက်ရွာ အုပ်စုအပါအ၀င် ပိုက်လိုင်းတလျှောက် ကျေးရွာအများအပြားမှ ရွာသားများဖြစ်ကြောင်း သူမက ဆိုသည်။
လျှော်ကြေးငွေများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် သီးနှံလျှော်ကြေးပေးရေးကော်မီတီမှ ထုတ်ပေး နေခြင်းဖြစ်သည်။
သိမ်းဆည်းခံနေရသည့် ဥယာဉ်ခြံမြေများ အတွက် လျှော်ကြေးပေးရာတွင် လယ်မြေ အပါအ၀င် တခြားမြေ လျှော်ကြေးနှင့်  သီးနှံလျှော်ကြေးဟူ၍ နှစ်မျိုး ခွဲခြား ပေးနေခြင်းဖြစ်ပြီး တချို့မှာလည်း အစိုးရ မြေစာရင်း ဌာနတွင် စာရင်းပေါက်မရှိ သည့်အတွက် မြေလျှော်ကြေး မရသူများလည်းရှိကြောင်း သိရသည်။
မသွယ်သွယ်စိုး တစ်ဦးတည်းတွင် စိုက်ခင်း ၂ ခု စုစုပေါင်း ဧက ၂၀ ကျော်သိမ်းဆည်းခံရပြီး စိုက်ခင်း တစ်ခုအ တွက်သာ မြေနှင့်သီးနှံလျှော်ကြေးရရှိပြီး ကျန်စိုက်ခင်း တစ်ခု အတွက် တပြားတချပ်မှ မရရှိသေးကြောင်း ပြောသည်။
ယခုကဲ့သို့ စိုက်ခင်းပိုင်ရှင်မဟုတ်သူများ လျှော်ကြေးများကို လိမ်လည်ထုတ်ယူနေသည့်အတွက် မြို့နယ်အတွင်း နစ်နာရသူ တောင်သူများစုပေါင်းပြီး ရတပ ပါတီမှတစ်ဆင့် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုလွတ်တော်သို့ ဥပဒေကြောင်းအရ တင်ပြရန်စီစဉ်နေကြောင်း ပြောသည်။
“ ကျမတို့အခု အုပ်စုအလိုက် စာရင်းကောက်ပြီး လက်မှတ်တွေစုနေပါတယ်။ တမှန်တကယ် နစ်နာတဲ့သူတွေ ကတော့ ကျောက်မြောင်းအုပ်စု တောင်ရင့်ကြီးရွာ၊ ပဒေါင်းချဉ်ရွာ၊ နောက်ပြီး ပဒက်မော်အုပ်စု အိုးပုံရွာ၊ ငါးလုပ်ကျရွာ၊ ဇာတီမော် ရွာ၊ နောက်ပြီးအောက်ရွာအုပ်စုက အောက်ရွာစသဖြင့် အုပ်စုလိုက် စာရင်းကောက်နေပါ တယ်။ တော်တော်များမယ်။  အတိကျတော့ စာရင်း မရတဲ့ အတွက် မသိရသေးဘူး” ဟု မသွယ်သွယ်စိုးက ပြောသည်။
ဒေသအတွင်း လယ်မြေ၊ ဥယာဉ်ခြံမြေများ သိမ်းဆည်းခံရသည့်အတွက် တောင်သူများ၏ စိုးရိမ်ပူပင်များကို မည်သူမှ လာရောက် ဖြေသိမ့် ပေးခြင်း မရှိသလို ဥယာဉ်ခြံမြေ ပိုင်ရှင်များနှင့်  ညှိနှိုင်းခြင်း ၊ အသိပညာပေးခြင်းလည်း မရှိဟု ဆိုသည်။
တောင်သူများကို မြေတစ်ဧကို လျှော်ကြေး ဘယ်လောက်ပေးမည်။ ဖျက်ဆီးခံရသည့် ဥယျာဉ်များမှ  အပင်ကြီး တစ်ပင်ကို မည်ရွေ့မည်မျှ လျှော်ကြေးပေးမည်။  သတ်မှတ်နုန်းထား မည်မျှ ရှိသည်ကို  တောင်သူများအား တစ်စုံတစ်ရာ ရှင်းပြခြင်း  မရှိဘဲ အတင်းအဓမ္မ လက်မှတ် ရေးထိုးခိုင်းက လျှော်ကြေးငွေများကို ခွဲဝေ ပေးနေသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန၊ ရေးသားသူ- မောင်အေး)

ရခိုင်အခြေအနေ တည်ငြိမ်နေ

မြန်မာနိုင်ငံ မန္တလေးတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့တွင် အခြေအနေ မတည်ငြိမ်မူများနှင့် အတူ မွတ်ဆလင် ဘာသာဝင်တို့၏ ဗလီများနှင့် လူနေအိမ်များအား ၀င်ရောက်ဖျက်ဆီးမူများရှိနေသော်
လည်း ရခိုင်ပြည်နယ် အခြေအနေမှာ ပုံမှန် အားဖြင့် တည်ငြိမ်နေကြောင်း သတင်း ရရှိသည်။
Rakhaine-Mapမင်းပြားမြို့နယ် အခြေအနေကို မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးသာကျော်အား မေးကြည့်ရာ မည်သည့် ပြဿနာမှ မရှိဘဲ တည်ငြိမ်အေးဆေးလျှက် ရှိကြောင်း ပြောဆိုသည်။
“ ဘာပြဿနာမှ မရှိဘူး။ အေးအေးဆေးပါဘဲ” ဟု သူက ဆိုသည်။
ဘူးသီးတောင်မြို့နယ်တွင် ပုံမှန် အတိုင်းရှိနေပြီး အခြေအနေ တည်ငြိမ်နေသည်ဟု နွေးထွေးသူများ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ လုံခြုံရေးလည်း တိုးချထားတာလည်း မရှိပါဘူး။ အေးအေးဆေးဆေးပါဘဲ။ မွတ်ဆလင်တွေရော၊ ရခိုင်တွေရော ပုံမှန်အတိုင်းပါဘဲ။ ဗမာပြည်ဘက်က အခြေအနေတွေကြောင့် ထူးခြားမူ မရှိပါဘူး” ဟု ဆိုသည်။
မြောက်ဦးမြို့နယ်တွင်လည်း အခြေအနေ တည်ငြိမ်နေပြီး ရဟန်းတော်များ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ အမျိုးဘာသာ သာသနာ တည်တံ့ရေး တရားပွဲကို သုံးရက်တိုင်တိုင် ပြုလုပ်နေသည်ဟု လူမူရေး လူပ်ရှား ဆောင်ရွက်နေသူ ကိုထွန်းနေမင်းက ဆိုသည်။
ကျောက်ဖြူမြို့နယ်တွင်လည်း အခြေအနေ တည်ငြိမ်နေပြီး ထူးထူးခြားခြား ဖြစ်စဉ်မျိုး မတွေ့ရကြောင်း ကျောက်ဖြူ ဒေသခံ ဦးသန္တာမောင်က ပြောသည်။
ရခိုင်အရေးအခင်း စတင် ဖြစ်ပွားခဲ့သော ရမ်းဗြဲမြို့နယ် ကျောက်နီမော် အခြေအနေမှာလည်း အေးဆေး တည်ငြိမ်နေကြောင်း NLD ဒေသ ခေါင်းဆောင် ဦးအောင်ဇံဝေက ပြောသည်။
“ ဒီမှာက ဒေသန္တာရ ဥပဒေတွေ ထုတ်ထားပြီး လူမျိုး နှစ်မျိုး၊ ဘာသာ ၂ ခုကြားမှာ သင့်သင့်မြတ်မြတ် နေနိုင်အောင် အစီအစဉ်ချထားတဲ့ အတွက် ဘာမှ ပြဿနာ မရှိပါ။ ရဲတွေ၊ စစ်တပ်တွေလည်း လုံခြုံရေးတွေ အပြည့်ရှိပါတယ်။ အကုန်လုံး တည်ငြိမ်နေပါတယ်” ဟု ပြောသည်။
အောက်တိုဘာလ ဆူပူ အကြမ်းဖက်မူ အတွင်း လူပေါင်း ၅၀၀၀ နီးပါးခန့်အထိ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသော မြေပုံမြို့နယ်တွင်လည်း အခြေအနေမှာ အေးအေးဆေးဆေး ရှိကြောင်း ဒေသခံ ဦးထွန်းအေးက ပြောသည်။
“ မွတ်ဆလင် ဒုက္ခသည်တွေကလည်း သူတို့ ဒုက္ခသည် စခန်းမှာ နေထိုင်နေကြပါတယ်။ ဒီလို ရန်ရှာမယ်။ တိုက်ခိုက်မယ် ဆိုတာမျိုးလည်း မရှိပါဘူး။ နှစ်ဘက်စလုံးက ကိုယ်ဟာနဲ့ကိုယ် အေးအေးချမ်းချမ်း နေထိုင်နေကြပါတယ်” ဟု ဆိုသည်။
ဇွန်လနှင့် အောက်တိုဘာလ အရေးအခင်းတွင် စစ်တွေမြို့နယ် ပြီးလျှင် အသေအပျောက် အများဆုံး ဖြစ်ခဲ့သော ကျောက်တော်မြို့နယ်တွင်လည်း မည်သည့် ပြဿနာမှ မရှိဘဲ အခြေအနေ အေးဆေး တည်ငြိမ် နေကြောင်း ကျောက်တော်မြို့ပေါ်မှ ဦးသောင်းစိန်က ပြောသည်။
ရသေ့တောင်မြို့နယ်တွင်လည်း အခြေအနေတည်ငြိမ်နေပြီး ပြည်သူများ ငြိမ်းငြိမ်းချမ်းချမ်းဖြင့် လုပ်ကိုင် စားသောက်နေကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ မြို့နယ် ဥက္ကဌ ဦးလှမြင့်က ပြောသည်။
လူ ၁၁ ဦးထိ သေဆုံးခဲ့ရသော မစဲကမ်း ကူတောင် ဘက်တွင်လည်း အခြေအနေမှာ တည်ငြိမ် အေးဆေးနေသည်ဟု ဆိုသည်။
စစ်တွေမြို့၏ အခြေအနေမှာလည်း အထူးပင် တည်ငြိမ်နေပြီး တစ်ဘက်နှင့် တစ်ဘက် ရန်စောင်မူများ၊ တိုက်ခိုက် ရန်ပြုမည့် အစီအစဉ်များလည်း မတွေ့ရပါကြောင်း ရတပ ပါတီ ဗဟိုကော်မီတီဝင် ဦးစံကျော်လှက ပြောသည်။
လက်ရှိ နယ်စပ် မောင်တောမြို့နယ်တွင် ထူးခြားမူများ မရှိကြောင်း၊ အေးဆေး တည်ငြိမ်နေကြောင်း ဒေသခံများက ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်ရိုးရာသံချပ်ပြိုင်ပွဲနှင့် နံ့သာသွေးပွဲတော်ကို မြောက်ဦးမြို့လုံးကျွတ် ကျင်းပမည်

နှစ်ပေါင်းများစွာ တိမ်ကော ပျောက်ကွယ်နေခဲ့သည့် ရခိုင်ရိုးရာသံချပ်ပွဲတော်အား ပြန်လည်ဖော်ထုတ်သည့်အနေဖြင့် ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် မြို့လုံးကျွတ်ဆိုင်ရာ ရခိုင်ရိုးရာသံချပ်ပြိုင်ပွဲနှင့် နံ့သာသွေးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်အမျိုးသမီးများ နံ့သာသွေးနေစဉ်ရခိုင်အမျိုးသမီးများ နံ့သာသွေးနေစဉ်

" ကျွန်တော်တို့ အခုလိုသံချပ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရတာဟာ အပိုင်းနှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းက သင်္ကြန်မှာ သံချပ်ထိုးတာဟာ ရခိုင်ရိုးရာ ပျော်ပွဲရွှင်ပွဲတစ်ခုပါ။ ပြီးတော့ ဒီရိုးရာဟာ ခုမှစတင်ပြီးလုပ်တာမဟုတ်ပါဘူး။ ရခိုင်ဘုရင်ခေတ်ကတည်းက ကျင်းပတဲ့ရိုးရာအစဉ်လာတစ်ခုဖြစ်ပါတယ်။ ဒုတိယအချက်က ဒီရိုးရာဟာ တိမ်ကော ပျော်က်ကွယ်နေခဲ့တာကြာပါပြီိ။ အခက်အခဲအမျိုးမျိုးကြောင့်ပေါ့။ အဲဒါတွေအားလုံးဟာ ဒီကနေ့အချိန်မှာ ပြန်လည် ဖေါ်ထုတ်သင့်ပြီလို့ထင်တဲ့အတွက် အခုလိုပြုလုပ်ရခြင်းဖြစ်ပါတယ်။ " ဟု သံချပ်ပြိုင်ပွဲဖြစ်မြောက်ရန် ဦးဆောင်ပြုလုပ်နေသူ ကိုကျော်စိန်သန်းက ပြောသည်။

နံ့သာသွေးပွဲကို ဧပြီလတွင် ကျရောက်မည့် ရိုးရာသင်္ကြန် ရက်များဖြစ်သည့် (၁၃) ရက်နေ့တွင် ကျင်းပပြုလုပ်ကာ ဘုရားရေသပ္ပာယ်ပြီး (၁၄)ရက်နေ့မှ မြန်မာနှစ်ဆန်း (၁)ရက်နေ့ထီ သံချပ်ပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းပွဲတော်ကို မြောက်ဦးမြို့ အားကစားကွင်းဟောင်းဖြစ်သည့် နန်းတော်ကုန်း တတိယအထပ်တွင် ကျင်းပမည့်ဖြစ်ပြီး ဆုများကိုလည်း ထိုက်ထိုက်တန်တန် ပေးသွားမည်ဖြစ်ကြောင်းနှင့် မည်သည့်နေရာမည်သည့် မြို့ကမဆို လွတ်လပ်စွာပါဝင် ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

အဆိုပါ သံချပ်ပြိုင်ပွဲကို ရိုးရာဟန်မပျက် ပြန်လည်ဖေါ်ထုတ်ရန်အတွက် ငွေကြေးလုံလောက်မှု အားနည်းနေသည့်အတွက် အလှူငွေများ လှူဒါန်းနိုင်ကြောင်းနှင့် လှူငွေများလှူဒါန်းလိုပါက (ကိုနှင်းထွန်းတိုး-09 41000 184)၊ (ဆရာဦးမောင်ကျော်ဇော- 09 492 175 3171) ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
(သတင်းအရင်းအမြစ်- ARAKANTIMES ၊ ရေးသားသူ- လင်းလင်း(မြောက်ဦး))

ကိုရဲမင်းဦး ပျောက်ဆုံးမှု AYO အပူတပြင်း စုံစမ်းနေ

လွန်ခဲ့သည့်ရက်ပိုင်းက အမည်မသိလူနှစ်ဦး ခေါ်ဆောင်သွားခဲ့ရာမှ ပျောက်ခြင်းမလှ ပျောက်ဆုံးနေသော ကိုရဲမင်းဦး ကိစ္စနှင့်ပတ်သက်၍ ရခိုင်လူမှုရေးအဖွဲ့အစည်းတခုဖြစ်သော ရခိုင်လူငယ်များအဖွဲ့ (Arakan Youths Organization- AYO) အဖွဲ့မှ အပူတပြင်း စုံစမ်းလျက်ရှိကြောင်း သိရသည်။
မတ်လ၂၇ ရက် နေ့ နေ့လည်၁၂ နာရီ ရန်ကုန်မြို့၊ အနောက်ရွှေဂုံတိုင်လမ်းရှိ ရွှေရသာစားသောက်ဆိုင်တွင် ကိုရဲမင်းဦးကိစ္စ AYO က သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်မတ်လ၂၇ ရက် နေ့ နေ့လည်၁၂ နာရီ ရန်ကုန်မြို့၊ အနောက်ရွှေဂုံတိုင်လမ်းရှိ ရွှေရသာစားသောက်ဆိုင်တွင် ကိုရဲမင်းဦးကိစ္စ AYO က သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူးလည်းဖြစ်၊ AYO အဖွဲ့ဝင်လည်းဖြစ်သော ကိုရဲမင်းဦးမှာ ဗဟန်းမြို့နယ် ဦးသာသနာ့ကျောင်းတွင်ရှိနေခိုက် မတ်လ (၂၅)ရက်နေ့ ည(၉)နာရီခန့်တွင် ၄င်းအား အမည်မသိ လူနှစ်ဦး လာရောက်ခေါ်ဆောင်သွားခဲ့ရာမှ ပျောက်ဆုံးသွားခဲ့သဖြင့် ဗဟန်းရဲစခန်း၌ ၁၃/၂၀၁၃ လူပျောက်မှုဖွင့်ကာ ဆက်လက်စုံစမ်းလျက်ရှိရာ မတ်လ(၂၉)ရက်နေ့ ညနေအထိ စုံစမ်းမရရှိ သေးဟု AYO အဖွဲ့ဝင် ကိုဖိုးသားက ပြောသည်။
" အပြင်မှာ သတင်းတွေမျိုးစုံထွက်နေပေမယ့်၊ အာဏာပိုင်တွေဖက်က အရေးယူထားတယ်၊ မထားဘူးဆိုတာ တရားဝင် ပြောတာမရှိသေးဘူး။ ဖမ်းထားတယ် ဆိုရင်လည်း ဖမ်းထားတယ်ပေါ့။ ဘာကြောင့်ဖမ်းထားတယ်၊ ဘယ်မှာထားတယ်ဆိုတာ တရားဝင်ပြောရမှာပေါ့။ အခုဟာက ဘာမှပွင့်လင်းမြင်သာမှုမရှိတော့ အားလုံးက စိုးရိမ်နေရတာပေါ့ဗျာ" ဟု ကိုဖိုးသားက ဆိုသည်။

၎င်းအား မတ်လ ၂၅ ရက်နေ့တွင်ခေါ်ယူသွားပြီးနောက် ၂၆ ရက်နေ့တွင် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့နှင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့တို့မှတာဝန်ရှိသူများ၊နယ်မြေခံ SB များကို AYO မှ စုံစမ်းမေးမြန်းခဲ့သော်လည်း ၄င်းတို့အနေဖြင့် မသိရှိရကြောင်း ဖြေကြားခဲ့သည်ဟု AYO အဖွဲ့ဝင် ကိုမောင်လေးက ရှင်းပြသည်။
အဆိုပါ ကိုရဲမင်းဦးမှာ စီးပွားရေး တက္ကလိုလ်ဂုဏ်ထူးတန်း နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးဖြစ်ပြီး၊ ရွှေဝါရောင် တော်လှန်ရေးတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့၍ အကျဉ်းတောင်တွင်း၌ (၄)နှစ်ကျော်နေခဲ့ရပြီးနောက် ပညာဆက်သင်ခွင့် ရပ်ဆိုင်းခံထားရာမှ လက်ရှိတွင် သမ္မတ၏ခွင့်ပြုချက်နှင့်အတူ ကျောင်းဆက်တက်ရန် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

မိသားစုဝင် ဦးလေးဖြစ်သူ ဦးကျော်ကျော်ကလည်း " ဂွမြို့နယ် ပိန္နဲကုန်းရွာမှာနေတဲ့ ကိုရဲမင်းဦးရဲ့ မိဘတွေက သူ့သားကို ကျနော်တို့ဆီမှာ အပ်ထားခဲ့တာပါ။ အခု သားပျောက်နေတာကြားရတော့ နေမကောင်းဖြစ်နေတဲ့ သူ့အဖေဟာ သားအတွက် စိုးရိမ်စိတ်နဲ့ ထမင်းလည်းမစားတော့ဘူး။ အိပ်ရာထဲမှာ ဘုန်းဘုန်းလဲတော့တာပဲ။ " ဟု ပြောသည်။
ပျောက်ဆုံးနေသည့် ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ကိုရဲမင်းဥိး(ဓါတ်ပုံ- အင်တာနက်)ပျောက်ဆုံးနေသည့် ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ကိုရဲမင်းဥိး(ဓါတ်ပုံ- အင်တာနက်)

ကိုရဲမင်းဦး ပျောက်နေမှုအား စိုးရိမ်ခြင်းပြသသည့်အနေဖြင့် ရခိုင်လူငယ်များအဖွဲ့(AYO)မှ ဦးဆောင်၍ မတ်လ (၂၇)ရက်နေ့က အနောက်ရွှေဂုံတိုင်လမ်းရှိ " ရွှေရသာ " စားသောက်ဆိုင်၌ သတင်းစာ ရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့သလို၊ မတ်လ၂၉ရက် နေ့တွင်လည်း ၄င်းပျောက်ဆုံးမှု အပေါ်ပြည်သူ့လွှတ်တော်တရား ဥပဒေ စိုးမိုးရေးကော်မတီ၊ ရခိုင်နိုင်ငံရေး ပါတီများနှင့်ရခိုင်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာကြက်ခြေနီအဖွဲ့(ICRC)၊ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်(ILO)၊ နိုင်ငံခြားသံရုံးများသို့ AYO က အသိပေးစာများ ပေးပို့ခဲ့ကြောင်း သိရသည်။

ရခိုင်လူငယ်များအဖွဲ့ AYO ကို ၂၀၁၂ ခုနှစ် ဇွန်လ ၁၁ရက်နေ့တွင် ရခိုင်ပြည်နယ်(၁၇)မြို့နယ်မှ ရခိုင်ကျောင်းသား လူငယ်များနှင့် ဖွဲ့စည်းခဲ့ပြီး၊ အမျိုးဘာသာသာသနာနှင့် ဘေးဒုက္ခရောက်နေသူများကို ကူညီဆောင်ရွက်ရန် ရည်ရွယ်သည်ဟု သိရသည်။

(သတင်းအရင်းအမြစ်- ARAKANTIMES ၊ ရေးသားသူ- ဇင်ကီး)

ရခိုင်ကျောင်းသား ရဲမင်းဦးပျောက်ဆုံးနေမှု စိုးရိမ်မှုတိုးပွား

ရခိုင်ကျောင်းသား လူငယ် ခေါင်းဆောင် ကိုရဲမင်းဦး ပျောက်ဆုံးနေမူနှင့် ပတ်သက်ပြီး မိသားစုနှင့် သူ၏လုပ်ဖေါ် ကိုင်ဘက်များ အကြား စိုးရိမ်မူ တိုးပွားနေသည်ဟု သိရသည်။
Federation-student-unions-organising-committee
“ သူ့အတွက် ကျွန်တော်တို့ အားလုံးက စိုးရိမ်နေကြပါတယ်။ ဒါကြောင့်  မနေ့က သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး သူပျောက်ဆုံးနေတဲ့ အကြောင်းကို တရားဝင် ပြည်သူတွေကို အသိပေးပါတယ်” ဟု သတင်းစာ ရှင်းလင်းပွဲကို  ကမကထ ပြုလုပ် ကျင်းပသူ ကိုခင်မောင်လင်းက ပြောသည်။
သတင်းစာ ရှင်းလင်းပွဲအား ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ ရွှေအရသာ စားသောက်ဆိုင်တွင် ယမန်နေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့ပြီး သတင်းသမားများ တက်ရောက် သတင်း ယူခဲ့သည်ဟု သိရသည်။
ကိုရဲမင်းဦးအား အမည်မသိ လူတစ်စုမှ  ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ်ရှိ ဦးသာသနာ ကျောင်းတိုက်မှ မတ်လ ၂၅ ရက်နေ့ ညနေ ၉ နာရီတွင် ခေါ်ယူသွားခဲ့သည်။
“ ည ၉ နာရီကျော်ကျော်လောက်အချိန်မှာ ကိုရဲမင်းဦးကို သူနဲ့ ရင်းနှီးတယ်လို့ ထင်ရတဲ့ မျက်နှာစိမ်း
လူနှစ်ယောက်က လာရောက် ခေါ်ယူသွားပါတယ်။ သူ့ကို ကြေးသွန်း ဘုရားကြီး ရှေ့က ကြံရည်ဆိုင်ကို ပထမ ခေါ်ယူသွားပါတယ်။ အဲဒီမှာ နောက်ထပ် ငါးယောက်လောက်က စောင့်တယ်။ အဲဒီကတည်းက သူနဲ့ အဆက်အသွယ် မရလိုက်တော့ဘူး” ဟု အဆိုပါ ကျောင်းမှ ရဟန်းတော်တစ်ပါးက ပြောသည်။
ကျောင်းထိုင် ဆရာတော် ဦးဥာဏကိုယ်တိုင် သူတို့နောက်သို့ လိုက်လံပြီး အခြေအနေကို ကြည့်ရှု့ခဲ့သည်ဟု သူက ဆိုသည်။
“ ကျွန်တော်တို့ အနေနဲ့ အခုအချိန်မှာ ကိုရဲမင်းဦးကို ဘယ်သူတွေ ခေါ်ယူသွားတယ်ဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး။ အတိအကျ မသိဘဲနဲ့ ခန့််မှန်းပြီးလည်း မပြောနိုင်ဘူး” ဟု ကိုခင်မောင်လင်းက ပြောသည်။
ယမန်နေ့ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် တက်ရောက်လာခဲ့သော ရခိုင်ရဟန်းတော်များနှင့် လူငယ်များက ကိုရဲမင်းဦး ပျောက်ဆုံးနေကြောင်းကို နိုင်ငံတော် သမ္မတ၊ သမ္မတရုံးနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများသို့ အသိပေး တိုင်ကြားရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုသည်။
မတ်လ ၂၆ ရက်နေ့ နံနက် ၁၁းနာရီ ၁၅ မိနစ်တွင် ဗဟန်း ရဲစခန်းတွင် လူပျောက်မူ အမှတ် (၁၃/၂၀၁၃) ဖြင့် အမူဖွင့်ထားကြောင်း ကိုခင်မောင်လင်းက ပြောသည်။
ကိုရဲမင်းဦးသည် စီးပွားရေးပညာရပ်ဖြင့် တက္ကသိုလ် တက်ရောက်သင်ကြားနေသော ကျောင်းသား တစ်ဦး ဖြစ်ပြီး ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဖြစ်မြောက်ရေးကော်မတီ)တွင်လည်း အတွင်းရေးမှူး  အဖြစ် တာဝန်ယူထားသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

နေပူတောင်ကိစ္စအား ပြည်နယ်အစိုးရမှရှင်းလင်း၊ အများပြည်သူသိလိုသောအချက်များ ပါဝင်မှုအလွန်အားနည်း


ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်ရှိ နေပူတောင်အား ပြည်ထောင်စုအစိုးရ၊ သတ္တုတွင်းဝန်ကြီးဌာနမှ အကျိုးတူစာချုပ် ချုပ်ဆိုလျက် အလှဆင်မာဘယ်လ်ကျောက်များ ထုတ်လုပ်ရန် ဗီယက်နမ်နိုင်ငံ Myanmar SIMCO Song Da Limited Joint Stock Company (MYSICO) ကုမ္ပဏီသို့ (၂၅)နှစ်တာကာလ ငှားရမ်းထားခြင်းကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပွဲ တစ်ရပ်ကို မတ်လ (၂၆)ရက်နေ့က တောင်ကုတ်မြို့(မယက)ရုံးတွင် မွန်းလွဲ (၂း၃၀)နာရီမှ ညနေ (၄း၃၀)နာရီအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နေပူတောင်နေပူတောင်
နေပူတောင်ကို ဗီယက်နမ်နိုင်ငံ MYSICO ကုမ္ပဏီသို့ ငှားရမ်းထားခြင်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိသဖြင့် ဒေသခံရခိုင်တိုင်းရင်းသားများ မကျေမနပ် ဖြစ်နေခြင်းအပေါ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်မင်း၊ သစ်တောနှင့် သတ္တုဌာန၀န်ကြီး ဦးအောင်သန်းတင်တို့က လာရောက်ရှင်းလင်းခဲ့သော်လည်း အများပြည်သူသိလိုသော အချက်အလက်များပါဝင်မှု အလွန်အားနည်းသလို၊ မေးမြန်း ချက်များကိုလည်းပြည့်စုံစွာ ဖြေကြားနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
" သူတို့ရှင်းပြတာမှာ လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁၈.၁၇)သန်းကုန်မယ်။ လုပ်ကိုင်တဲ့အခါ နိုင်ငံခြားလုပ်သား (၅၆)ယောက် ပါမယ်။ ပြည်တွင်း ဒေသခံအလုပ်သမား(၂၄၀)ကို ခန့်ထားပေးမယ်။ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနဲ့ ဒေသခံ ပြည်သူလူထု အချိုးတူခံစားခွင့်ရှိမယ် ဆိုတာလောက်ပဲ တွေ့ရတယ်။ ပြည်သူတွေသိချင်တဲ့ SIA၊ EIA ကိစ္စ ဘာမှပြောမသွားဘူး။ ဒေသဖွံ့ဖြိုးရေး အစီအစဉ်ကိုလည်း မချပြဘူး။ ဒေသခံတွေက ကုန်ချောကို ဒီဒေသမှာ ထုတ်ဖို့ပြောကြတယ်။ ၀န်ကြီးတွေကတော့ အထက်ကို တင်ပြပေးမယ်ပဲပြောတယ်။ " ဟု ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သူ တောင်ကုတ် လူမှုကွန်ယက်မှ ဦးစိုးဝင်းက ပြောသည်။
ပြည်နယ်အစိုးရအဖွဲ့မှ ပြည်သူလူထုသို့ ရှင်းပြသည်ဟု ဆိုသော်လည်း ရှင်းလင်းပွဲသို့ တက်ရောက်ရန် ဒေသခံ အနည်းငယ်ကိုသာ ဖိတ်ကြားပြီး အသိပေးရုံသာ အနေအထားမျိုးသာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
" တကယ်တမ်း ရှင်းလင်းပွဲလုပ်မယ်ဆိုရင် ခိုင်မာတဲ့ အချက်အလက်တွေပါတဲ့ စာတမ်းတွေကို လူထုထဲချပြပြီး ကာလတစ်ခုအတွင်း သဘောထား ကောက်ခံသင့်တယ်။ အခုဟာက နဲနဲပွင့်လင်းလာတဲ့ အနေအထားပဲ ရှိပါသေးတယ်။ " ဟု ကိုစိုးဝင်းက ဆက်ပြောသည်။
ရှင်းလင်းပွဲသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့မှ ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ စုစုပေါင်း (၅၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် လွှတ်တော် ပထမအကြိမ် ဆဌမ ပုံမှန်အစည်းအဝေး ဆဌမနေ့တွင် စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ၂၀၁၃ ခုနှစ် ရခိုင်ပြည်နယ် ဒေသန္တရ စီမံကိန်းတွင် ပါဝင်သော နေပူတောင်မှ နေပူတောင်ကျောက်များကို တစ်နှစ်လျင် မက်ထရိတ်တန် ၇၈၅၀ ကို ယခုနှစ် ၂၀၁၃ ခုနှစ်မှစတင်ပြီး ထုတ်လုပ်မည့် စီမံကိန်းနှင့် ပတ်သတ်၍ ကန့်ကွက်ပြီး စီမံကိန်းအား ရပ်နားရန် အဆိုတင်သွင်း တောင်းဆိုခဲ့ကြောင်းလည်း သိရှိရသည်။
(သတင်းအရင်းအမြစ်- ARAKANTIMES ၊ ရေးသားသူ- နေဇော်(သံတွဲ))

ရခိုင်အစိုးရ နေပူတောင်ကိစ္စ တောင်ကုတ်လူထုအား ရှင်းလင်း

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင်  နိုင်ငံခြား ကုမ္ပဏီ တစ်ခုမှ လုပ်ကိုင်မည့်  နေပူတောင် စီမံကိန်းနှင့် ပတ်သက်ပြီး လူထု ရှင်းလင်းပွဲ တစ်ခုအား ရခိုင် အစိုးရမှ  တောင်ကုတ်မြို့တွင်  ယမန်နေ့က ပြူလုပ်ခဲ့သည်။
IMG_2539တောင်ကုတ်  မြို့နယ် အတွင်းရှိ အဖိုးတန် နေပူတောင်မှ ကျောက်မျာကို ဗီယက်ကုမ္ပဏီ တစ်ခုအား ဌားရမ်းထားသည့်  အပေါ် တစ်စုံတစ်ရာ တရားဝင် သတင်း ထုတ်ပြန်ခြင်း မရှိသဖြင့် ရခိုင်လူထု အတွင်း မကျေနပ်မူများနှင့် အတူ ဆန္ဒပြကန့်ကွက်မည် ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက် တောင်ကုတ် လူထုအား ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် ၀န်ကြီးများက လာရောက် ရှင်းလင်းခြင်း ဖြစ်ကြောင်း သိရသည်။
“ တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး စည်းဝေးပွဲ ခန်းမမှာ မတ်လ ၂၆  ရက်နေ့ နေ့လည် ၂ နာရီမှာ ပြုလုပ်ပါတယ်။  ရခိုင်ပြည်နယ် သတ္တုတွင်းဝန်ကြီး ဦးအောင်သန်းတင်နဲ့ ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်မင်းတို့ တက်ရောက် ရှင်းလင်း ပြောကြားပါတယ်” ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ( ရခိုင်ပြည်နယ်) မှ ထိပ်တန်းခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦးမင်းအောင်က ပြောသည်။
အစည်းအဝေးတွင် ၀န်ကြီး နှစ်ဦးမှ နေပူတောင်အား မာဘဲလ်ကျောက် ထုတ်လုပ်ရန် ဗီယက်နမ် ကုမ္ပဏီ တစ်ခုအား ဌားရမ်း လုပ်ကိုင်ခွင့်ပြုထားသည်မှာ မှန်ကန်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
“ တောင်ကုတ်မြို့နယ် ထဲက နေပူတောင်မှာရှိတဲ့ မာဘဲလ်ကျောက်နဲ့ ပတ်သက်ပြီးတော့ ဗီယက်နမ် ကုမ္ပဏီတခုနဲ့ စာချုပ် ချုပ်ဆိုထားတဲ့အကြောင်းကို ရှင်းပြသွားတယ်။ သူတို့ လာပြီးတော့ ရှင်းလင်းတဲ့ အနေအထားမှာက ဒေသဆိုင်ရာ အဖွဲ့အစည်းတွေကို သူတို့က ချပြတဲ့ သဘောပါ။  ဒါပေမယ့် သူတို့ ချပြတာကို ကျွန်တော်တို့ နားမလည် လိုက်တာတွေ အများကြီး ရှိပါတယ်။ ပြည်ထောင်စု အစိုးရ အဆင့်နဲ့ သတ္တုတွင်းဝန်ကြီး စာချုပ် ချုပ်ထားပြီလို့လဲ ပြောတယ်။ ကျွန်တော်တို့ စာချုပ်ရဲ့ တိကျတဲ့ အချက်အလက်တွေကို ကျွန်တော်တို့ ဖတ်ချင်တယ်။ ဖတ်ခွင့်ရမလားဆိုတာကိုလဲ သူတို့က ပြန်လည် ဖြေရှင်း ပြောဆို ခဲ့တာတွေလဲ မရှိခဲ့ပါဘူး” ဟု ဆိုသည်။
ယခုကဲ့သို့ ၀န်ကြီးများအနေဖြင့် လာရောက် ရှင်းလင်းပြခြင်းသည် ပွင့်လင်းမြင်သာမှုရှိကြောင်း  ဟန်ပြသဘော ပြုလုပ် ခြင်းသာ ဖြစ်သည်ဟု သူ့အမြင်ကို ဦးမင်းအောင်က ပြောသည်။
“ ပြည်နယ်အစိုးရအနေနဲ့ ခုလို လာပြီးတော့ တိုင်းရင်းသားဒေသတွေမှာ သယံဇာတတွေကို ထုတ်ယူမယ် ဆိုရင် အကျိုးနဲ့ အပြစ်ကို  ဒေသခံပြည်သူတွေကို ချပြရမယ်၊။ ရှင်းလင်း ပြရမယ်။ ဒါမှ ပွင့်လင်းမြင်သာမူ ရှိတယ်လို့ ဆိုနိုင်မယ်။ ဒါကို လိုချင်တဲ့ အတွက် ဟန်ပြ သဘောမျိုး လာရှင်းလင်းတယ်လို့ဘဲ ကျွန်တော်ကတော့ မြင်ပါတယ်” ဟု ဆိုသည်။
ပြည်သူများ သိအောင် ရှင်းလင်းရာတွင်လည်း ပြည်သူများ နားလည်သဘောပေါက်အောင် ရှင်းပြခြင်း၊ ဖြေကြားခြင်းမျိုး မရှိဟု သူက ပြောသည်။
“ ဒီလို ရှင်းလင်းတဲ့ နေရာမှာလဲ သူတို့က မေးတဲ့ မေးခွန်းတွေကို ခြေခြေ မြစ်မြစ် ပြန်လည် ဖြေကြားသွားတာတို့၊ ရှင်းပြတာမျိုး မရှိဘူး။ တိတိကျကျ ပြန်လည် ဖြေကြားတာမျိုးကိုလည်း မတွေ့လိုက်ဘူ” ဟု ပြောသည်။
ဗီယက်နမ် ကုမ္ပဏီအား နေပူတောင်ကျောက်ကို ထုတ်လုပ်ရန် ဌားရမ်းမူနှင့် ပတ်သက်ပြီးလည်း နိုင်ငံတော်က မည်မျှ ၀င်ငွေ ရရှိမည်။ ရခိုင်ပြည်နယ် အတွက် မည်မျှ ခွဲဝေပေးမည်။ ဒေသခံများ အတွက် ရရှိမည့် အကျိုးနှင့် အပြစ်များကိုလည်း တစ်စုံတစ်ရာ အလေးအနက်ထားကာ ရှင်းလင်း ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။
အစည်းအဝေးကိုလည်း  နေ့လည် တစ်နာရီတွင် ပြုလုပ်ရန် သတ်မှတ်ထားသော်လည်း ၀န်ကြီးအဖွဲ့မှ  ရခိုင်စံတော်ချိန် အတိုင်း နေ့လည် ၂ နာရီမှ အစည်းအဝေးသို့ ရောက်ရှိလာသည်ဟု ဆိုသည်။
အစည်းအဝေးကို တောင်ကုတ်မြို့နယ်ရှိ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ရခိုင်တိုင်းရင်းသား များတိုးတက်ရေးပါတီမှ တာဝန်ရှိသူများ၊ ကြံ့ခိုင်ရေး ပါတီမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ စေတနာသွေးလှူရှင်များအဖွဲ့မှ တာဝနှ်ရှိသူများ၊ ဝေယျာဝစ္စ နာရေးကူညီမှု အသင်း တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ စုစုပေါင်း ၁၀၀ နီးပါးတက်ရောက်ခဲ့သည်ဟု သိရသည်။
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် နေပူတောင်မှ မာဘဲလ် ကျောက်များကို တစ်နှစ်လျှင် မက်ထရစ်တန် ၇၈၅၀ ကို ၂၀၁၃ ခုနှစ်မှ စတင်ပြီး ၂၅ နှစ်ထိ ထုတ်လုပ်မည်ဟု သိရသည်။
အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်လွှတ်တော် ပထမ အကြိမ် ဆဌမပုံမှန်အစည်းအဝေး ဆဌမ နေ့တွင် စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ လွှတ်တော်ကိုယ် စားလှယ် ဦးအောင်မြကျော်က ကန့်ကွက်ခဲ့သည်ဟု သိရသည်။
နေပူတောင်မှ ကျောက်ထုတ်လုပ်ရေး စီမံကိန်းကို ဗီယက်နမ်နိုင်ငံနှင့် ချုပ်ဆိုထားသော စာချုပ်အကြောင်းအရာ များအား ဒေသခံရခိုင်ပြည်သူလူထုနှင့် မြန်မာနိုင်ငံသား များအား ပွင့်လင်းမြင်သာသော သတင်းထုတ်ပြန်မူများ ကို ပြုလုပ်ပြီးမှ ထိုကျောက်များအား ထုတ်ယူစေလိုကြောင်း၊  ထိုသို့မပြုလုပ်လျှင် လက်ပန်းတောင်စီမံကိန်း ကဲ့သို့ ဖြစ်သွားနိုင်ပါကြောင်း ဦးအောင်မြကျော်မှ တင်ပြခဲ့ကြောင်း သိရသည်။
ရခိုင် လူမူကွန်ယက်မှလည်း တောင်ကုတ် နေပူတောင် စီမံကိန်းနှင့် ပတ်သက်ပြီး  ပွင့်လင်း မြင်သာမူ မရှိသဖြင့် ဆန္ဒပြ ကန့်ကွက်မူများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ဖေါ် ပြောဆိုထားသည်။
IMG_2541  IMG_2544
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန၊ ရေးသားသူ- မောင်ရမ္မာ)







(

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း စွန့်ပစ်ပစ္စည်းများကြောင့် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများထိခိုက်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းမှ စွန့်ပစ် ပစ္စည်းများကြောင့် ဒေသခံ လူထု၏ အသက်မွေး ၀မ်းကျောင်း လုပ်ငန်းများကို ထိခိုက်နေကြောင်း သတင်း ရရှိသည်။
IMG_5271
စွန့်ပစ် ပစ္စည်းများကြောင့် မလကျွန်းတွင် သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမူများ အထုး ဖြစ်ပေါ်နေသည်။
ယခု လက်ရှိ ထိခိုက်ခံစားနေရသော ပြည်သူများမှာ ဓါတ်ငွေ့ သန့်စင် စက်ရုံ တည်ရှိရာ မလကျွန်းတွင်  ဖြစ်ကြောင်း သိရသည်။
ပင်လယ်ကမ်းခြေ တလျှောက် စွန့်ပစ်ပစ္စည်းများကြောင့် ဒေသခံပြည်သူများ လုပ်ကိုင် စားသောက်ရန်  အခက်အခဲ ဖြစ်ပေါ် နေသည့် အခြေအနေကို မလကျွန်းဒေသခံ တစ်ဦးက နိရဉ္စရာသို့ ယခုလို  ပြောသည်။
“ မလကျွန်း မြုံးချောင်းလို့ခေါ်တဲ့ စီမံကိန်း ဧရိယာကနေပြီး ကျွန်တော်တို့ လိပ်ခမော် ကမ်းခြေ တလျှောက် ၃ မိုင် လောက်မှာ အခု ဘိလပ်မြေ အိတ်ဆိုးတွေ၊ တခြား ပစ္စည်းတွေ ထုတ်ပိုးခဲ့တဲ့ ပလပ် စတစ် အိတ်တွေကို ဒီအတိုင်း လွှင့်ပစ်ထားပါတယ်။ တချို့လည်း ကမ်းစပ်က သဲသောင်ပြင် အောက်မှာ ရွံ့နွံတွေ ဖုံးသွားတယ်။ တချို့လည်း သဲသောင်ပြင်တွေမှာ ပြန့်ကြဲနေပါတယ်။ အခု ဒီပလစတစ် အိတ်ဆိုးတွေကြောင့် ငါးတွေက မလာတော့ဘူး။ ကမ်းခြေတလျှောက်မှာလည်း  ငါးဖမ်းလို့ မရဖြစ်နေပါတယ်” ဟု ဆိုသည်။
IMG_5272
ယခင်က ကမ်းခြေ တလျှောက်တွင် တနာရီခန့် ငါးရှာလျှင် ငွေကျပ်  ၃၀၀၀ ဖိုးခန့် ရရှိသော်လည်း  ယခုအခါ  ၃ နာရီခန့် ရှာဖွေ ဖမ်းဆီးလျှင်လည်း ၃၀၀၀ ဖိုးခန့် မရရှိတော့ကြောင်း သူက ဆိုသည်။
ဓါတ်ငွေ့ သန့်စင်စက်ရုံမှ ရေဆိုး ရေညစ်များကို ပိုက်လိုင်းမှတဆင့် ပင်လယ်ထဲသို့ စွန့် ပစ်ရန် ပိုက်လိုင်းများ၊ ရေကာဒိုင်းများ ဆောက်လုပ်ထားပြီ ဖြစ်သော်လည်း အဆိုပါ ရေဆိုး ရေညစ်များ မစွန့်ပစ်မီကပင် ပလစတစ် အိတ်ဆိုးများကြောင့် သဘာဝ ပတ်ဝန်းကျင်ကို အထူး ထိခိုက်နေပြီ ဖြစ်သည်ဟု သိရသည်။
၎င်းအပြင် ပင်လယ်ထဲရှိ ကျောက်ဆောင်၊ ကျောက်တန်းများကိုလည်း ပိုက်လုံး သွယ်တန်းရန် မိုင်းခွဲ ဖျက်ဆီးပစ်သဖြင့် ကမ်းနီးဒေသ ၀န်းကျင်တွင် ငါးများ မနေတော့ကြောင်း  လိပ်ခမော် ကျေးရွာမှ တံငါသည်တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
“  မဒေးကျွန်းဆိုတာ ကျောက်ဖြူ ကြားထဲက ၀င်သွားရပါတယ်။ အဲဒီနေရာတွေမှာ ပိုက်လိုင်းတွေ ချဖို့ ရေထဲမှာ မြုပ်နေတဲ့ ကျောက်တန်းတွေကို မိုင်းခွဲပြီးတော့ ရေထဲမှာ စုပုံထားခဲ့ကြပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အယင်လို မိုရံ ပိုက်လို့ ခေါ်တဲ့ ဂျွန်းပိုက်ထောင်လို့ မရပြီ၊ ပိုက်နဲ့ ကျောက်တန်း၊ ကျောက်ပုံနဲ့ ငြိပြီး ပိုက်တွေ စုပ်ပြဲသွားတယ်။ လုပ်စားလို့ မရတော့ဘူး။ နောက်ပြီးတော့ ပင်လယ်ကျောက်တန်းတွေ ပျက်စီးသွားတော့ ကမ်းခြေတလျှောက်မှာ ငါးတွေလဲ မနေတော့ဘူး။ ဒါကြောင့် ငါးရှာစားရတာ အခက်အခဲ ဖြစ်နေကြပါတယ်”  ဟု ဆိုသည်။
IMG_5274
ယခုကဲ့သို့  ၃ မိုင်ခန့် ရှည်လျားသော ပင်လယ်ကမ်းခြေတလျှောက် တံငါလုပ်စားနေကြသော ကျေးရွာများမှာ ဂုံးချွိန်ကျေးရွာ၊ မလကျွန်းကျေးရွာ၊ လိပ်ခမော်ကျေးရွာနှင့် ဂေါ်ဒူကျေးရွာတို့ ဖြစ်သည်။
မြန်မာ အစိုးရ အာဏာပိုင်များမှ ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းကြောင့် ပျက်စီးသွားသော လယ်မြေများ အတွက် အဖိုးအခများ ထုတ်ပေးပြီး လျော်ကြေးများပေးနေသော်လည်း  ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းကြောင့် ပင်လယ်ပြင်များ ပျက်စီးသွားသဖြင့် ငါးရှာဖွေ ဖမ်းဆီးရန် အခက်အခဲ ဖြစ်နေကြရသော ရေလုပ်သားများအား အတွက်ကိုမူ တစ်စုံတစ်ရာ လျော်ကြေး မပေးသလို သူတို့၏ အနာဂတ် အတွက်လည်း အစီအစဉ်များ တစ်စုံတစ်ရာ ချမှတ် ဆောင်ရွက်ခြင်း မရှိသေးကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန၊ ရေးသားသူ- မောင်ရမ္မာ)

Tuesday, March 26, 2013

တောင်ကုတ်မြို့မှ နိုင်ငံရေးပါတီ၊ လူမှုအဖွဲ့အစည်းများအား သက်ဆိုင်ရာမှ အစည်းအဝေးခေါ်ယူ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ နိုင်ငံရေး ပါတီများ၊ လူမူ အဖွဲ့အစည်းများနှင့် မြို့မိ မြို့ဖ  များအား ယနေ့တွင် သက်ဆိုင်ရာ မြို့နယ် မယက ရုံးမှ အရေးပေါ် အစည်းအဝေး ခေါ်ယူထားကြောင်း သတင်း ရရှိသည်။
Taungup-gate“ အစည်းအဝေးက တစ်နာရီမှာ စမှာ ဖြစ်ပါတယ်။ ဘာကြောင့် ခေါ်သလဲဆိုတာတော့ မသိရသေးဘူး။ တစ်ခုခု အရေးကြီးတဲ့ အတွက် ခေါ်တာ ဖြစ်နိုင်တယ်လို့တော့ ယူဆပါတယ်” ဟု တောင်ကုတ်မြို့နယ်မှ NLD ခေါင်းဆောင် တစ်ဦး ဖြစ်သူ ကိုမင်းအောင်က ပြောသည်။
ယခင်က မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ နိုင်ငံရေး ပါတီများ၊ လူမူ အဖွဲ့အစည်းများအား အစည်းအဝေး  ခေါ်ယူခဲ့ခြင်း မရှိသဖြင့် ယခု အစည်းအဝေး ခေါ်ယူမှာ ထူးခြားမူ တစ်ရပ် ဖြစ်သည်ဟု ဆိုသည်။
“ ဒီလိုမျိုး ကျွန်တော်တို့ကို ရှင်းပြစရာ ရှိတယ်ဆိုပြီး အစည်းအဝေးခေါ်တာက အရင်က တစ်ခါမှ မရှိခဲ့ဘူး။ ဒါကြောင့် ထူးခြားတယ်လို့ ပြောနိုင်တယ်။ ကျွန်တော်တို့ ခန့်မှန်းတာကတော့ နေပူတောင်ကနေ ကျောက်ထုတ်နေတာနဲ့ ပတ်သက်ပြီး ရှင်လင်း ဖို့ ခေါ်တယ်လို့ ထင်တယ်။ အတိအကျတော့ မပြောနိုင်သေးဘူး။ အစည်းအဝေးလုပ်မှဘဲ သိရမယ်” ဟု သူက ဆိုသည်။
အစည်းအဝေး ခေါ်ယူမူနှင့် ပတ်သက်ပြီး လူအများ စိတ်ဝင်စားနေကြပြီး နိုင်ငံရေး ပါတီများ၊ လူမူ အဖွဲ့အစည်းများ အပေါ် ဒေသ အာဏာပိုင်များက အသိအမှတ်ပြုမူ တစ်ရပ်ဟုလည်း အများက ထင်မြင်နေကြသည်ဟု ဆိုသည်။
(သတင်းအရင်းအမြစ် - နိရဉ္စရာသတင်းဌာန)

Monday, March 25, 2013

ကျောက်ဖြူတွင် ၉၆၉ တရားပွဲတော်အား အောင်မြင်စွာ ကျင်းပနိုင်ခဲ့

မော်လမြိုင်မြို့မှ ဂဏ၀ါစက သံဃာတော်များက
ွန်ယက် ၉၆၉ ဓမ္မသဘင်ပွဲကို ၂၀၁၃ ခု မတ်လ
၂၁ ရက်နေ့တွင် ကျောက်ဖြူမြို့ မူလာရာမကျော
င်းတိုက်အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပ
ပြုလုပ် ခဲ့ကြေင်းသတင်းရရှိပါသည်။
ဂဏ၀ါစက သံဃာတော်များမှာ ရခိုင်ပြည် မြို့ေ
တ်ာစစ်တွေမှ ရေကြောင်းခရီးဖြင့်ကြွရောက်ေ
တ်ာမူလာပြီး နံနက် ၉း၀၀နာရီတွင် ကျောက်ဖြူ
မို့ အမှတ်(၂)ဆိပ်ကမ်း င/လပွေ့မှ ကျောက်ဖြူ
မို့ဒေသခံ သံဃာတော်များ နှင့် တရားပွဲ ဖြစ်ြေ
မာက် ရေး ကော်မတီအဖွဲ့တို့က သာသနအလံမျ
ားကိုကိုင်ဆောင်ကာ ကြိုဆိုလျှက် ဂဏ၀ါစက
သံဃာတော်များနှင့် ကျောက်ဖြူမြို့တပါတ် စီတ
န်းလှည့်လည်ကာ အပူဇော်ခံပြီး မူလာရာမေ
ကျာင်းတိုက်အတွင်းသို့ ၁၀း၀၀ နာရီခန့်တွင်ရေ
ာက်ရှိလာကြောင်းသိရှိရသည်။
ယင်းနေ့မွန်းလွဲပိုင်းတွင် ကျောက်ဖြူဒေသခံ သံ
ဃကွန်ယက် သံဃာတော်များ၊ ရခိုင်တိုင်းရင်း
သားများ တိုတက်ရေးပါတီ၊ ရခိုင်ဒီမိုကရေစီအ
ဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါ
တီ၊ တိုင်းရင်သားစည်းလုံး ညီညွတ်ရေးပါတီ၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကျော်ဖြူပြန်လည်
ထူထောင်းရေးကော်မတီ၊ ကျောက်ဖြူ မြို့မိမြို့ဖ
များနှင့် မော်လမြိုင်မြို့ဂဏ၀ါစက သံဃာတော်
များကွန်ယက် ၉၆၉ ဓမ္မသဘင်ဆင်ယင်ကျင်းပ
ရေး သံဃာတော်များအား မိတ်ဆက်စကားများ
မိန်းကြားခဲ့ပြီး တစ်နာရီခန့်ကြာ သတိ၊လုံလ၊၀ိ
ရိယ ရှိကြဖို့ရန် ယုန်နှင့်လိပ် အပြေးပြိုင်ပွဲပုံပြ
င် ဥပမာပေးကာ စည်းစည်းလုံးလုံးနှင့် သတိ
အသိစိတ်ဓာတ်ဖြင့် အမျိုးဘာသာ သာသနာကို
စောင့်ထိမ်းကြပါလို့တိုက်တွန်းကာ မိတ်ဆက်
သည့် အခန်းအနားကို ဗုဒ္ဓသာသနာ စိရံနိဌတု
သုံးကြိမ်ရွတ်ဆို၍ ရိုသေစွာပြီးဆုံးစေခဲ့သည်။
ကျောက်ဖြူမြို့နယ်ရှိ ကံ့ကော်တောဘုရား၊ ကျေ
ာက်တလုံးဘုရားများအားသွားရောက်ဖူးမျော်ပြီ
း ကျောက်ဖြူမြို့နယ် မလကျွန်းကျေးရွာအနီးရှိြ
မန်မာ-တရုတ် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း ဓ
ာတ်ငွေ့သန့်စင် စက်ရုံလုပ်ခွင်းသို့သွားရောက်ြ
ကည့်ရှု့ခဲ့ကြောင်းသတင်းရရှိပါသည်။
ကျောက်ဖြူမြို့တွင် ည ၁၀း၀၀ ညမထွက်ရအမိန်
းထုတ်ပြန်ထားသည့်အတွက် အချိန်လုပြီး တရ
ားပွဲကို ညနေ ၆း၀၀ နာရီတွင်စတင်ဟောကြား
မည် စီစဉ်ထားသော်လည်း ကျောင်းဝင်းအတွင
်း တရားတော်နာ ရောက်ရှိလာမည့် တရားချစ်ခ
င် သူတော်စင်များအတွက် နေရာထိုင်ခင်းများြ
ပုလုပ်ခြင်း၊ မီးလုံး၊ မီးချောင်းများတပ်ဆင်းရာ
တွင်နှောင့်နှေးမှုများ ရှိသည့်အတွက် တရားပ
ွဲကို ညနေ ၇း၀၀ နာရီမှ စတင်ဟော ကြားရြေ
ကာင်း တရားပွဲဖြစ်မြောက်ရေးကော်မတီဝင်
တစ်ဦးမှပြောကြားသည်။ အဆိုပါတရားပွဲတွင်
တရားနာပရိသတ် ၂၀၀၀ ကျော်ခန့်လာရောက်
တရားနာယူကြကြောင်းသိရှိရသည်။
“ဂဏ၀ါစက သံဃာတော်များကွန်ယက်မှ ၉၆၉
ဓမ္မသဘင် တရားဒေသနာများချီမြှင့်ဖို့ကြွလာ
တဲ့ သံဃာတော် (၆) ပါးမှာ အချိန်မရတဲ့အတ
ွက် အရှင်ဥတ္တမ (မကွေး) စိန်မမပါဋိတက္ကသိုလ်
ကျောင်းတိုက်၊ အရှင်ဂန္ဓသာရ မြစေတီစာသင်
တိုက်၊ အရှင်သန္ဓမ္မ မြစေတီနန်းဦးစာသင်တို
က်၊ ဟိတဓရဆရာတော် အရှင်ဝိမလာဘိဝံသ
မဟာမြိုင် ပရိယတ္တိစာသင်တိုက် မော်လမြိုင်မြို့
မွန်ပြည်နယ်မှသံဃာ(၄)ပါးသာ တရားဟြော
ကားပြီး ညနေ ၉း၄၀ မိနစ်မှာတရားဟောပွဲကို
ဗုဒ္ဓသာသနာ စိရံနိဌတု သုံးကြိမ်ရွတ်ဆို၍ နိဂုံး
ကမ္ပတ်အဆုံးသတ်ခဲ့ပါတယ်ဟု ကျောက်ဖြူ သံ
ဃကွန်ယက်မှဆရာတော် ဦးဥတ္တရကပြောသ
ည်။
ဂဏ၀ါစက သံဃကွန်ယက်အဖွဲ့မှ ကျောက်ဖြူမြို
့သံဃကွန်ယက်အား အလှူ ၁၀ သိန်းကျပ်၊ ကျော
က်ဖြူမြို့ပြည်လည်ထူထောင်ရေးကော်မတီသို့
အလှူငွေ ၅ သိန်းကျပ်လှူဒါန်းခဲ့ကြောင်းသိရှိရ
သည်။
from : RSV
(သတင်းအရင်းအမြစ်- လေးမြို့ Webpages)

Sunday, March 24, 2013

ရခိုင်လူမျိုးနှင့် မြန်မာစာ

" ရခိုင်လူမျိုးနှင့် မြန်မာစာ " ဟူသော ဆောင်းပါးသည် ရခိုင်လူမျိုးနှင့် မြန်မာစာ မည်သို့မည်ပုံ ဆက်စပ်နေသည်ကို သိရှိနိုင်ကြစေရန် ရည်ရွယ်ချက်ဖြင့် ဤဆောင်းပါးကို ရေးသားရခြင်း ဖြစ်ပါသည်။
ဒွါရာဝတီ-အသျှင်ကုသလ(ငွေသဇင်) ရေးသားထားသော ရခိုင်လူမျိုးနှင့် မြန်မာစာ စာအုပ်အဖုံးဒွါရာဝတီ-အသျှင်ကုသလ(ငွေသဇင်) ရေးသားထားသော ရခိုင်လူမျိုးနှင့် မြန်မာစာ စာအုပ်အဖုံး" ရခိုင်လူမျိုးနှင့် မြန်မာစာ၊ မြန်မာစာနှင့် ရခိုင်လူမျိုး" ကို မည်သည့်အခါမျှ ခွဲခြား၍ ရလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် မြန်မာစာကို ရခိုင်လူမျိုးတို့က မိမိတို့၏ " ကိုယ်ပိုင်စာပေ " အနေဖြင့် အသိအမှတ်ပြု ထားသောကြောင့် ဖြစ်၏။ မြန်မာနိုင်ငံတွင် " မြန်မာစာ " ဟု သတ်မှတ်ခံထားရသော " အက္ခရာစာပေ " ကို ရခိုင်လူမျိုးတို့က မိမိတို့၏ " ရခိုင်စာ" ဟူ၍သာ သိနေကြပါသည်။ စာပေကို ရေးသားသည့်အခါ၌ ရခိုင်စကားပြော အသုံးအနှုန်းဖြင့် ရေးသားခြင်း၊ စာပေအသုံးအနှုန်းဖြင့် ရေးသားခြင်းဟူ၍သာ ခွဲခြားထားသည်။ အက္ခရာ စာပေအနေဖြင့်မူ သည်အက္ခရာသည် စာပေဖြင့်သာ ရေးသားနေကြခြင်း ဖြစ်ပါသည်။
ယင်းစာအမျိုးအစားကို ရခိုင်တို့က " ရခိုင်စာ " (သို့မဟုတ်) " ရက္ခဝဏ္ဏအက္ခရာ " ဟု အမည်ပေးကာ ခေါ်ဝေါ်သမှု ပြုနေကြသည်ကို လည်း တွေ့ရှိနိုင်ပါသည်။

မြန်မာနိုင်ငံတွင် လူမျိုးပေါင်း (၁၃၅)မျိုး ရှိကြသည့်အနက် " မြန်မာစာ အရေးအသား" ကို မည်သည့်လူမျိုးတို့က " ရှေးဦးစွာ စတင်ရေးသား " ခဲ့ကြသည်ကို လေ့လာစူးစမ်းဖို့ အချိန်တန်ပြီဟု စာရေးသူ ယူဆပါသည်။ အကယ်၍ အဖြေမှန် ထွက်ရှိခဲ့ပါလျှင်လည်း အားလုံးက သဘောထားကြီးစွာဖြင့် လက်ခံအတည်ပြု ပေးကြဖို့ကိုလည်း အနူးအညွတ် မေတ္တရပ်ခံလိုပါသည်။
မြန်မာနိုင်ငံအတွင်း၌ ရှေးကရခိုင်လူမျိုးတို့တွင် "ရခိုင်စာ"၊ မွန်လူမျိုးတို့တွင် "မွန်စာနှင့် ပျူစာ"၊ ပြူ(ပျူ)လူမျိုးတို့တွင် "ပြူ(ပျူ)စာ" ဟူ၍ ကိုယ်ပိုင်စာပေ အသီးသီးရှိခဲ့ကြသည့်အနက် သည်ဆောင်ပါးစာတမ်း၌ "မွန်စာနှင့် ပျူစာ" လေ့လာဆန်းစစ်မှုမပြုတော့ဘဲ "မြန်မာစာ"ဟု သတ်မှတ်ခံထားရသော "ရခိုင်စာ"ကိုသာ နှစ်ဖက်နှိုင်းယှဉ်၍ ဝေဖန်သုံးသပ် တင်ပြသွားမည်ဖြစ်ပါသည်။
နှစ်ဖက်နှိုင်းယှဉ်ရာ၌ နှစ်ဖက်စလုံးမှ ထင်ရှားပြီး ခိုင်မာသော သမိုင်းဆိုင်ရာ ခေတ်ပြိုင် အထောက်အထားတစ်ခုစီကိုသာ ထုတ်နုတ်၍ ရေးသားတင်ပြသွားပါမည်။ အထောက်အထားရှိတိုင်း အကျယ်တ၀င့်တင်ပြဖို့ဆိုသည်မှာ အခြေအနေမပေးသေးသဖြင့် မဖြစ်နိုင်သေးချေ။
ရခိုင်နှင့်မြန်မာ ခေတ်ပြိုင်မှုကို ရှာကြည့်ခြင်း " မြန်မာစာပေ " ကို ရေးသားနေကြသည့် " ရခိုင်လူမျိုးနှင့် မြန်မာလူမျိုးတို့၏ ခေတ်ပြိုင်အချိန်ကာလကို ရှာကြည့်သော် ဤသို့တွေ့ရ၏။ " ပု၊ ပင်း၊ အင်း၊ တောင်၊ ညောင်ရမ်းနောင်၊ ကုန်ဘောင် ခုနှစ်ဆက်" ဟူသော သင်္ကေတ သံပေါက် ကဗျာအရ မြန်မာလူမျိုးတို့တွင် ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် ဟူ၍ ခေတ် (၆)ခေတ် ထွန်းကားခဲ့သည်ကို တွေ့ရှိရပါသည်။
ရခိုင်လူမျိုးတို့တွင်လည်း ဒွါရာဝတီခေတ်၊ ရှေးဝေသာလီခေတ်၊ ဓညဝတီ (ပ၊ဒု၊တ)ခေတ်၊ ဝေသာလီကျောက်လှေကားခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦး (ပ၊ဒု၊တ)ခေတ်ဟူ၍ ခေတ် (၆)ခေတ် ထွန်း ကားခဲ့သည်ကို တွေ့ရှိနိုင်သည်။ သို့သော် အချိန်ကာလကြာမြင့်ပုံခြင်းတော့ တူနိုင်မည်မဟုတ်ပါ။
ယင်းတို့အနက် မြန်မာတို့၏ ပုဂံခေတ်နှင့် ရခိုင်တို့၏ လေးမြို့ခေတ်မှာ ခေတ်ပြိုင်ဖြစ်ကြ၏။ မြန်မာတို့ဘက်က ပုဂံခေတ်၏ ထင်ရှားသော " ရာဇကုမာရ်ကျောက်စာ (ခေါ်) မြစေတီကျောက်စာ" ကို ခိုင်မာသော အထောက်အထားအဖြစ် တင်ပြမှာဖြစ်ပြီး၊ ရခိုင်တို့ဘက်က စစ်တွေမြို့၊ ခေါင်းလောင်းကျောင်းတိုက်ရှိ လေးမြို့ခေတ် "ရခိုင်ဘုရင် မင်းရင်ဖြူ " သွန်းလုပ်ပူဇော်ခဲ့သော ဘုရား၏ " စမ္မခဏ်ကမ္ပည်းစာ " ကို ခိုင်မာသော အထောက်အထားအနေဖြင့် တင်ပြသွားမှာ ဖြစ်ပါသည်။
မြန်မာတို့၏ ပုဂံခေတ် " ကြာ၊ အိုး၊ အံ၊ ပုဂံတည်" ဟူသော ဆောင်ပုဒ်အရ ပျဉ်ပြားမင်း (အေဒီ ၈၄၆ မှ ၈၇၈ ထိ) သည် ယခုလက်ရှိ ပုဂံမြို့ကို တည်ချိန်မှာ ကောဇာ ၂၁၁ ခု၊ ခရစ်အေဒီ ၈၄၉ ခု ဖြစ်၏။ ပုဂံပျက်ချိန်မှာကား " စောမွန်နစ်မင်း " (အေဒီ ၁၃၂၅ မှ ၁၃၆၉ ) လက်ထက်တွင် ဖြစ်လေ၏။
ပျဉ်ပြားမင်းသည် ပုဂံမြို့ကိုတည်ဆောက်နေသည့်အချိန်တွင် ပုဂံ၌ " ထေရဝါဒ ဗုဒ္ဓသာသနာ" မရောက်ရှိသေး။ အလားတူ " မြန်မာစာ" ဟူသော စာပေးရေးသားမှု အတတ်ပညာသည်လည်း လုံးဝမရှိသေး သည်ကို တွေ့ရ၏။
ပုဂံမြို့၌ ပျဉ်ပြားမင်းလွန်ပြီးနောက် တန်နက်မင်း (အေဒီ ၈၇၈-၉၀၆)၊ ၎င်းနောက် စလေငခွေးမင်း (အေဒီ ၉၀၆-၉၁၅)၊ ၎င်းနောက် စလေငခွေးမင်း (အေဒီ ၉၁၅-၉၃၁)၊ ၎င်းနောက် ညောင်ဦးစောရဟန်းမင်း (တောင်သူကြီးမင်း) (အေဒီ ၉၃၁-၉၆၄)၊ ၎င်းနောက် ကွမ်းဆော်ကြောင်ဖြူမင်း (အေဒီ ၉၆၄-၉၆၈)၊ ၎င်းနောက် ကျည်စိုးမင်း (အေဒီ ၉၈၆-၉၉၂)၊ ၎င်းနောက် စုက္ကတေးမင်း (အေဒီ ၉၉၂-၁၀၁၇)၊ ၎င်းနောက် အနော်ရထာမင်း (အေဒီ ၁၀၄၄-၁၀၇၇) လက်ထက်တွင်မှ ထေရဝါဒ ဗုဒ္ဓသာသနာကို မွန်ရဟန်းတော် ရှင်အရဟံ၏ အကူအညီ ဖြင့် တည်ဆောက်ခဲ့ရ၏။ ယင်းအချိန်အထိ " ပုဂံ" ၌ " မြန်မာစာ " ဟူသော အရေးအသား မရှိသေးချေ။ မွန်လူမျိုးတို့၏ စာပေကိုသာ မွန်ပညာရှိများ၏ အကူအညီဖြင့် ရေးသားနေကြရလေသည်။
အနော်ရထာမင်း လွန်ပြီးနောက် စောလူးမင်း (အေဒီိ ၁၀၇၇-၁၀၈၄)၊ ၎င်းနောက် ကျန်စစ်သား မင်း (အေဒီ ၁၀၈၄-၁၁၁၃) လက်ထက်တွင် " ဇေယျခေတ္တရာ" အမည်ရှိသော သားတော် " ရာဇကုမာရ်" သည် ပုဂံ၌ " မြစေတီဘုရား" ကို တည်၏။ မြစေတီဘုရား၌ သူ၏ကုသိုလ်တော် မှတ်တမ်းကို " ပါဠိ၊ မြန်မာ၊ မွန်၊ ပျူ " ဟူ၍ ဘာသာလေးမျိုးဖြင့် ကမ္ပည်းစာ ရေးထိုးစေခဲ့ပါသည်။ ယင်းမြစေတီဘုရား ကျောက်စာကား ပုဂံခေတ် ကျောက်စာများအနက် " ရှေးအကျဆုံးကျောက်စာ" ဖြစ်၏။ မြစေတီကျောက်စာကို သာသနာတော် သက္ကရာဇ် ၁၆၅၇ ခု၊ ကောဇာ ၄၇၅ ခု (ခရစ်အေဒီ ၁၁၁၃ ခု)တွင် ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ယင်းအချိန်ထိ ပုဂံ၌ " ပျူလူမျိုး" တို့ ရှိနေသေးသည်ကို တွေ့ရ၏။
ရခိုင်တို့၏ လေးမြို့ခေတ် ရခိုင်တို့၏ လေးမြို့ခေတ်သည် အေဒီ ၈၁၈ မှ ၁၄၃၀ ထိ ကြာမြင့်ခဲ့သည်ကို တွေ့ရ၏။ လေးမြို့ခေတ် ဆိုသည်မှာ အဉ္စနနဒီမြစ်၏ ဝဲယာ၌ ပဉ္စာမြို့၊ ပုရိန်မြို့၊ နေရဉ္စရာတောင်ငူမြို့၊ လောင်းကြက်မြို့ဟူ၍ မြို့လေးမြို့ တည်ရှိခဲ့သည်ကို အကြောင်းပြု၍ " လေးမြို့ခေတ်" ဟု ခေါ်တွင်ခဲ့ခြင်းဖြစ်သည်။

မြန်မာတို့၏ " ပျဉ်ပြားမင်း" သည် ယခုလက်ရှိ " ပုဂံမြို့"ကို မတည်ဆောက်ရသေးမီ (၃၁)နှစ်အလိုက လေးမြို့ခေတ် ရခိုင်ဘုရင် " ခေတ္တသင်မင်း" သည် " ပဉ္စာမြို့" ကို သာသနာ ၁၃၆၂ ခု၊ ကောဇာ ၁၈၀ ခု၊ (အေဒီ ၈၁၈) တွင် တည်ဆောက်ထားပြီး ဖြစ်နေပါသည်။

ရခိုင်တို့၏ လေးမြို့ခေတ် " ခေတ္တ သင်မင်း" လက်ထက်တွင် ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားနေမှု ကို မဆိုထားဘိ လေးမြို့ခေတ်၏ အထက်က ဝေသာလီ ကျောက်လှေကားခေတ် (အေဒီ ၃၂၇ မှ ၈၁၈ ထိ) တွင် လည်းကောင်း၊ တတိယ ဓညဝတီခေတ် ( ဘီစီ ၅၆၉ မှ အေဒီ ၃၂၆ ထိ ) တွင်လည်းကောင်း၊ ထေရဝါဒ ဗုဒ္ဓသာသနာနှင့်ပအတူ စာပေယဉ်ကျေးမှု အနုပညာများ ထွန်းကားလျှက် ရှိနေပြီဖြစ်ကြောင်း ယုံမှားသံသယ မရှိ ခိုင်မာသော အထောက်အထားများက သက်သေပြလျှက် ရှိနေကြပြီ ဖြစ်ပါသည်။

ယင်းတို့အနက် လေးမြို့ခေတ် (အေဒီ ၈၁၈ မှ ၁၄၃၀ ထိ ) ပဉ္စာမြို့တည် " ခေတ္တ သင်မင်း" မှ (၃) ဆက်မြောက် " ဘုရင်မင်းရင်ဖြူ" လက်ထက် (အေဒီ ၈၄၃-၈၇၃ ထိ) အေဒီ ၈၄၇ တွင် သွန်းလုပ်ပူဇော်ခဲ့သော ဗုဒ္ဓဆင်းတုတော် ( ဥာဏ်တော်အမြင့် ၁ ပေ ၂.၃ လက်မ၊ ယခုအခါ စစ်တွေမြို့၊ ခေါင်းလောင်း ကျောင်းတိုက် တွင် ကိန်းဝပ်လျှက် ရှိသည်။) ၏ " စမ္မခဏ် ကမ္ပည်းစာ" ကို တင်ပြလိုပါသည်။ ကျန်စာပေ အထောက်အထား များစွာ ရှိကြသော်လည်း စာရေးသူအနေဖြင့် ယင်းဘုရား၌ ပါရှိသော " စမ္မခဏ် ကမ္ပည်းစာ" ကိုသာ ရခိုင်စာပေ ဘက်က ခိုင်မာသော အထောက်အထားတစ်ခု အနေဖြင့် တင်ပြသွားမည် ဖြစ်ပါသည်။

ဘုရားဆင်းတုတော် စမ္မခဏ်ကမ္ပည်းစာ အဆိုပါဘုရား၏ စမ္မခဏ်ကမ္ပည်းစာမှာ ယခုခေတ် " မြန်မာစာ" ဟု သတ်မှတ်ခံထားရသော " ရခိုင်စာ" အရေးအသားဖြင့် ရေးထိုးမှတ်တမ်းတင်ထားသည်ကို အောက်ပါအတိုင်း တွေ့ရှိရသည်။
" သက္ကရာဇ် ၉၊ ကဆုန်လဆန်း ၆ ရက်၊ တနင်္လာ ၅ နာရီကျော်..... ရောက်.......... ကြီးသွန်းအဲသည်။ ငင်္မင်္ရဖြူကောင်းမှု ဘုရားပဉ္စလောဟာပြီးပြည့်စုံသည်၊ ဘုရားပြုသှော အကျိုဝ်အားဖြင့် ဘုရားမချွတ်ဖြစ်စေသှော .........။ " ဟူ၍ ရေးထိုးထားပါသည်။

အထက်ဖော်ပြပါဘုရား၏ "စမ္မခဏ်ကမ္ပည်းစာ"ကို ပြည့်စုံအောင် ဖြည့်စွက်ဖတ်ရှုသော် အောက်ပါအ တိုင်း ဖြစ်ပါသည်။
" သက္ကရာဇ် ၂၀၉၊ ကဆုန်လဆန်း ၆ ရက်၊ တနင်္လာနေ့ ၅ နာရီကျော်သော (အချိန်) ရောက် (သောအခါ) ကြေးသွန်းအပ်သည်။ ငါမင်းရင်ဖြူ ကောင်းမှုဘုရားကို ပဉ္စလောဟာဖြင့် (သွန်းလုပ်) ပြီးပြည့်စုံ သည်။ ဘုရားပြုသော အကျိုးအားဖြင့် ဘုရားမချွတ် ဖြစ်စေသော်။ " ဟူ၍ ဖြစ်ပါသည်။

လေးမြို့ခေတ် ရခိုင်ဘုရင် မင်းရင်ဖြူသည် အထက်ဖော်ပြပါ ဘုရား၏ " စမ္မခဏ် ကမ္ပည်းစာ" ကို " ရက္ခဝဏ္ဏ အက္ခရာ- ရခိုင်စာ" ဖြင့် ရေးထိုးခဲ့သောနှစ်မှာ ကောဇာ ၂၀၉ ခု၊ ခရစ်အေဒီ ၈၄၇ ခုဖြစ်ရာ မြန်မာတို့ ယခုလက်ရှိ ပုဂံမြို့ကို မတည်ဆောက်ရသေးမီ (၂)နှစ်အလိုက ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ " ရာဇကုမာရ်ကျောက်စာ (ခေါ်) မြစေတီ ကျောက်စာ" သည် ယင်းအချိန်၌ ရှိဖို့မဆိုထားနှင့် " ပုဂံမြို့" ပင်မရှိသေးသောကြောင့် " မြန်မာစာပေ" အရေးအသားမှာလည်း မြန်မာတို့အနေဖြင့် " အိမ်မက် တောင်မက်ဖို့" မလွယ်ကူသေးချေ။
မြန်မာလူမျိုးနှင့် မြန်မာစာ မြန်မာသမိုင်းဆရာများက မြန်မာသည် " ပျူလူမျိုး" က ဆင်းသက်လာသူများဟု ခံယူထားကြ၏။ ယင်းသို့ဆိုလျှင် အဘယ်ကြောင့် မြန်မာတို့သည် " ပျူစာ"ကို မိခင်စာပေအဖြစ် ရပ်တည်အောင် မဆောင် ရွက်နိုင်ခဲ့ကြပါသနည်း ? ဟု မေးစရာ ရှိနေပါသည်။ ယခုအခါ ပျူလူမျိုးနှင့် ပျူစာပေမှာ မြန်မာ့မြေမျက်နှာ ပေါ်က လုံးဝဆိတ်သုဉ်းပျောက်ကွယ်သွားကြပြီ ဖြစ်၏။
အချို့သမိုင်းဆရာများက မြန်မာစာသည် " မွန်စာ"က ဆင်းသက်လာသောစာဟု ကြံဆပြန်၏။ ထိုသို့ ဆိုလျှင်လည်း အဘယ်ကြောင့် မြန်မာတို့သည် " မွန်စာ" ကို နိုင်ငံသုံးစာပေအဖြစ် ရပ်တည်အောင် မဆောင် ရွက်နိုင်ခဲ့ကြပါသနည်း? ဟု မေးစရာတွေ အများကြီးရှိနေပါသည်။

အမှန်က " ပျူစာ" သည် ပျူလူမျိုးတို့နှင့်သာ တိုက်ရိုက်သက်ဆိုင်နေပြီး၊ " မွန်စာ"သည်လည်း မွန်လူမျိုးတို့နှင့်သာ တိုက်ရိုက်သက်ဆိုင်နေသော စာပေဖြစ်ကြောင်းလည်း လေ့လာတွေ့ရှိရပေသည်။

ယနေ့ မျက်မှောက်ခေတ် " မြန်မာစာ" ဟု သတ်မှတ်ခံထားရသော " ရခိုင်စာ"သည်လည်း ရခိုင်လူမျိုးတို့နှင့်သာ တိုက်ရိုက်သက်ဆိုင်ခဲ့ကြသဖြင့် ရခိုင်လူမျိုးတို့သည် ကိုယ့်စာပေကို ခေတ်အဆက်ဆက် တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြသည်မှာ ခေတ်တိုင်းခေတ်တိုင်းတွင် ပေါ်ထွန်းခဲ့သော " ရခိုင် စာပေ အထောက်အထားများ " က သက်သေပြုလျက် ရှိနေပေတော့သည်။

မြစေတီကျောက်စာ၌ ပါရှိသော " မြန်မာစာ" ကို မြန်မာသမိုင်းဆရာများက " ပျူစာက ဆင်းသက်လာ သောစာ" ဟု ထင်မြင်ချက်ပေးကြ၏။ အလားတူ အချို့သမိုင်းဆရာများက " မွန်စာက ဆင်းသက်လာသောစာ" ဟူ၍လည်း ထင်မြင်ချက်ပေးကြပြန်၏။ အမှန်က ယင်း " ပျူစာနှင့် မွန်စာ" နှစ်မျိုးစလုံးသည်ပင်လျှင် မြစေတီ ကျောက်စာ၌ ပါရှိနေပြီး ဖြစ်သောကြောင့် ယင်းစာနှစ်မျိုးက ဆင်းသက်လာသောစာဟု သတ်မှတ်နေကြခြင်း သည် လုံးဝယုတ္တိမရှိချေ။ အဘယ်ကြောင့်ဆိုသော် စာပေတို့မည်သည် အချိန်ကာလတစ်ခုတည်း၌ နေ့ချင်းည ချင်း ပြောင်းလဲရိုးထုံးစံမရှိသောကြောင့်တည်း။ ပြောင်းလဲဖို့ဆိုသည်မှာလည်း ခေတ်ကာလ အတော်ကြာမြင့် အောင် စောင့်ဆိုင်းရပေလိမ့်မည်။ မြစေတီကျောက်စာ (မြန်မာ)သည် ပျူစာနှင့် မွန်စာက ဆင်းသက်လာသော စာမဟုတ်ကြောင်းကို " မြစေတီကျောက်စာ" ကပင်လျှင် အခိုင်လုံဆုံး သက်သေပြုလျှက် ရှိနေပေတော့သည်။

အမှန်က " မြစေတ်ီကျောက်စာ" ၌ ပါရှိသော " မြန်မာစာ" သည် " ပြောင်းလဲလာသောစာ" မဟုတ်ဘဲ " ရောက်ရှိလာသောစာ" ဟုဆိုမှ သဘာဝယုတ္တိကျမည်ကို မြန်မာပညာရှိတို့ သိရှိနိုင်ကြပါလျှက် မသိချင်ယောင် ဆောင်နေခဲ့ကြပြီး အဖြစ်မှန်ကို ရေငုံနှုတ်ပိတ် လုပ်နေခဲ့ကြသည်ကို တွေ့ရ၏။
အဖြစ်မှန်ကို သိရှိလိုပါက လေးမြို့ခေတ်၊ ပဉ္စာမြို့(၁၂)ဆက်မြောက် မင်းဘီလူးကို အေဒီ ၁၀၆၈ တွင် " ဝရောင်းငှက် အသင်္ခယာ" အမတ်က လုပ်ကြံသဖြင့် ကွယ်လွန်သည်။ မင်းဘီလူး၏ သားဖြစ်သူ အိမ်ရှေ့မင်း သား " မင်းရဲဘယ" သည် မိဖုရား " စောပေါက်ညို" (ပေါက်ညိုမြ) နှင့်အတူ ရခိုင်ပညာရှိအမတ် အချို့လိုက်ပါ လျှက် " ဘူးရွက် မညိုးလမ်း" က အရှေ့ပုဂံပြည်သို့ ထွက်ပြေးကာ " အနော်ရထာမင်း" ထံ ခိုလှုံခဲ့ရသည်။ အဆို ပါ မင်းရဲဘယမိသားစုတို့သည် ပုဂံပြည်၌ နှစ်ပေါင်း (၃၅)နှစ်ခန့် ကြာမြင့်အောင် အမှုတော်ထမ်းရွက်ကာ နေ ထိုင်ခဲ့ကြရသော သမိုင်းကြောင်းကိုလည်းကောင်း။
ပုဂံမင်းအနော်ရထာအား " ရခိုင်ဝေသာလီ" က " ပဉ္စကလျာဏီ မင်းသမီး" ကို ဆက်သရာတွင် " ကျန် စစ်သား" ကို ရသည်ဟူသော သမိုင်းကြောင်းကို လည်းကောင်း။ ကျန်စစ်သားသည် မြေးတော်အလောင်းစည်သူကို ပုဂံထီးနန်းကို ပေးအပ်ပြီး " ဇေယျခေတ္တရာ" အမည် ဖြင့် သားတော် ရာဇကုမာရ်မင်းသားကို " ဓညဝတီနှင့် တောင်စဉ်ခုနှစ်ခရိုင်" ( မြန်မာ ရာဇဝင်အလို)ကို စဉ်းစား စေခဲ့သော သမိုင်းကြောင်းကို လည်းကောင်း။
ပုံဂံမင်းတို့အထံ၌ ရခိုင်သားများ အမှုတော်ထမ်းရွက်ခဲ့ကြပြီး အချို့က ဘုရားအလှူ့ဒကာများအဖြစ် ခံယူကာ မြန်မာတို့၏ နယ်မြေ၌ ရှိနေခဲ့ကြသည်ဟူသော သမိုင်းကြောင်းကို လည်းကောင်း။ မြန်မာလူမျိုးတို့ကို ရခိုင်လူမျိုးတို့က " အောက်သား" ဟု နာမည်ပေးကာ နှစ်ပေါင်းများစွာ ခေါ်ဝေါ်လာခဲ့ ကြသည့် သမိုင်းကြောင်းကို လည်းကောင်း။ " ရဟန္တာထွေး (ခေါ် ) အသျှင်ဒိဗ္ဗစက္ခု" အမည်ရှိသော ရခိုင်တို့ ဝေသာလီက ရဟန္တာအသျှင်သူမြတ် သည် ဥပဇ္ဈာယ်ဆရာ " မဟိန္ဒပါလ မထေရ်မြတ်" ၏ စေလွှတ်ချက်အရ ပင်းယမြို့သို့ ကြွရောက်၍ သာသနာ ပြုခဲ့ရသော သမိုင်းကြောင်းကိုလည်းကောင်း ချန်လှပ်၍ ထားကြမည်ဆိုပါက မည်သည့်အခါမျှ အဖြေမှန်ပေါ် ပေါက်နိုင်လိမ့်မည် မဟုတ်ချေ။ ပုဂံခေတ် ကျောက်စာများ၌ ပါရှိနေသော အချို့စကားလုံးမျာသည် ရခိုင်လူမျိုးတို့၏ နေ့စဉ်သုံး ဝေါဟာ ရများ ဖြစ်နေကြောင်း အောက်ပါစကားလုံးများကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။
(၁) ကြာသပတိယ်နိယ်၊ (၂) သုကြ်ာနိယ်၊ (၃) လှိယ်၊ (၄) ရိယ်မှုတ်၊ (၅) အတုမဟိသော၊ (၆) ခြုယ်မ၊ (၇) ခြုပ်မ၊ (၈) အစ်ကို၊ (၉) အစ်မ၊ (၁၀) ပန်စင်၊ (၁၁) ကခြီယ်သည်၊ (၁၂) ပညာမဟိယ်သော၊ (၁၃) သစ္စာ မဟိယ်သော၊ (၁၄) အလှူပိယ်လိုဝ်သော၊ (၁၅) သင်္ဃာတိုဝ်၊ (၁၆) ဤယ်သူ၊ (၁၇) ပတ္တမြားစာတီတိုဝ်၊ (၁၈) လှူခ၏၊ (၁၉) ခြီယ်လက်၊ (၂၀) ခြိယ်ဆိယ်ရိယ်၊ (၂၁) လက်ဆိယ်ရိယ်၊ (၂၂) မပ္လုရကြောင်ဆိုဖိလတ်၊ (၂၃) နိယ်ရလိယ်၏၊ (၂၄) အသရိယ်ဟိသော၊ (၂၅) ခရိုန် စသော ဝေါဟာရများကို ယနေ့ခေတ် မြန်မာတို့ ပြောဆို နေကြပါသေးသလား ? ဟု မေးလျှင် ပြောဖို့မဆိုထားနှင့် အဓိပ္ပါယ်ကို သိရှိအောင် မနည်းကြိုးစားကြရမည် ဟု ထင်ပါသည်။

အဓိပ္ပါယ်ကို သိသည့်တိုင်အောင် အသံထွက်ကို ပီပီသသ ထွက်ရှိနိုင်ဖို့က ပို၍ခက်ပေလိမ့်မည်။ အလားတူ ရခိုင်ဝေါဟာရ အသုံးအနှုန်းများသည် ပုဂံခေတ်ကျောက်စာများ၌ များစွာကျန်ရှိနေသေးသည်ကို တွေ့ရ၏။
ခရစ်အေဒီ ၁၁၁၃ ခုတွင် ရေးထိုးခဲ့သော မြန်မာတို့၏ ရှေးအကျဆုံးဖြစ်သည့် မြစေတီကျောက်စာထက် လေးမြို့ခေတ်၊ အေဒီ ၈၄၇ ခုတွင် ရခိုင်ဘုရင် မင်းရင်ဖြူ သွန်းလုပ်ပူဇော်ခဲ့သော ကောင်းမှုတော်ဘုရား၏ စမ္မခဏ်း ကမ္ပည်းစာက နှစ်ပေါင်း (၂၆၆) နှစ်စော၍ ရှေးကျနေကြောင်း သိရှိရပါသည်။
ထို့ကြောင့် " မြန်မာနိုင်ငံတွင် မြန်မာစာအရေးအသားကို မည်သည့်လူမျိုးတို့က ရှေးဦးစွာ စတင်ရေး သားခဲ့ကြပါသနည်း။ " ဟူသော အမေးဖြစ်ပေါ်ခဲ့လျှင် ဤဆောင်းပါးစာတမ်းက အထိုက်အလျောက် အဖြေပေး နိုင်လိမ့်မည်ဟု ယူဆပါသည်။

နိဂုံးချုပ်အနေဖြင့် ဆိုရသော် " ရခိုင်လူမျိုးနှင့် မြန်မာစာ" မှာ မည်သည့်အခါမျှ ခွဲခြား၍ ရလိမ့်မည် မဟုတ်။ စကားပြောဟန် ရေးနည်းနှင့် စာအသုံးရေးနည်းသာ ခြားနားချက်ရှိနေသည်။ စာပေအက္ခရာမှာ အတူ တူပင်တည်း။ သို့ဖြစ်၍ ယနေ့မျက်မှောက်ခေတ် " မြန်မာစာ" ဟု သတ်မှတ်ခံထားရသော " ရခိုင်စာ" ကို အကြွင်းမဲ့ ခံယူထားကြသည်ကို သုတေသနပြုကာ ရေးသားတင်ပြလိုက်ရပေသည်။
" ရခိုင်စာပေ" အဖြစ်မှန် ပေါ်ပေါက်ပါစေ။
(Arakantimes website တွင် ဒွါရာဝတီ အရှင်ကုသလ (ငွေသဇင်) ရေးသားသောဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)

နှစ်ပေါင်းတစ်ထောင်ကျော်က တည်ရှိခဲ့သော ဘုန်းတော်ကြီးကျောင်း ဘင်္ဂလားဒေ့ရှ်တွင် ထပ်မံတူးဖော်တွေ့ရှိ

လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ကဟု ခန့်မှန်းရသော ရှေးဟောင်း ဘုန်းတော်ကြီး ကျောင်းတော် တစ်ခုကို ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်းသုတေသန ဌာနမှ ရှာဖွေ တူး ဖေါ်ရရှိခဲ့သည်။
bk0210
ကျောင်းတော်ကြီးကို ပါလ မင်းဆက် ဒုတိယ ဓမ္မပါလ မင်း လက်ထက်  အေဒီ (၉၀၀ နှင့် ၁၁၀၀) ကြားတွင် တည်ဆောက်ခဲ့သော ဗုဒ္ဓဘာသာ ကျောင်းတော် ၃၀ အထဲမှ တစ်ခု ဖြစ်နိုင်ကြောင်း ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်း သုတေသန ဌာနမှ ပြောသည်။
ကျောင်းတော် ၃၀ အထဲမှ ကျောင်းတော် ၇ ခုမှ ၈ ခုထိ ဘင်္ဂလာ ရှေးဟောင်း သုတေသနမှ ရှာဖွေ တူးဖေါ် တွေ့ရှိထားပြီး ဖြစ်သည်။
ကျောင်းတော် မြေနေရာအား ၂၀၀၉  ခုနှစ်က တွေ့ရှိထားပြီး သုံးနှစ်ကြာ တူးဖေါ်ပြီးနောက် ကျောင်းတော်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ယခုတွေ့ရှိခဲ့သော ကျောင်းတော်ကို  Raghurampur ကျေးရွာ Rampal မြို့နယ် Munshiganj ခရိုင်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ခရိုင် အတွင်း ပထမဆုံး တွေ့ရှိသော ကျောင်းတော် ဖြစ်သည်။
၎င်းပြင် ယခု ကျောင်းတော်သည် ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ လွနှ်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်က  ဗုဒ္ဓဘာသာနှင့် ပတ်သက်သော ကျော်ကြားသော ပညာရှင် တစ်ဦး ဖြစ်သူ  Atish Dipankar နေထိုင်ခဲ့ရာ နေအိမ် အနီးတွင် တည်ရှိသည်ဟု ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

သံတွဲခရိုင် လ၀ကရုံး မီးလောင်

ရခိုင်ပြည်နယ် သံတွဲမြို့ရှိ သံတွဲခရိုင် လ၀ကရုံး ယမန်နေ့က မီးလောင်ရာ စာရွက် အများအပြား မီးထဲ ပါသွားသည်ဟု သတင်း ရရှိသည်။
thaandweမတ်လ ၂၃ ရက်နေ့ ညနေ ၈ နာရီ မိနစ် ၂၀ ခန့်တွင် မီးလောင်ကျွမ်းခြင်း ဖြစ်သည်ဟု သံတွဲမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တဦးဖြစ်သူ ဦးကျော်လင်းက နိရဉ္စရာသို့ ပြောသည်။
“ မီးလောင်တာက သံတွဲခရိုင် လ၀က ရုံး အပေါ်ထပ်မှာ စာရွက်စာတမ်းတွေ ထားတဲ့ နေရာကို  ညနေ ၈ နာရီ မိနစ် ၂၀ ခန့်မှာ လောင်တာဖြစ်ပါတယ်။ ပေါ့ဆ မီးလို့ ထင်ပါတယ်။ ရုံးနောက်ဖက်မှာ လောင်နေတာက ကြာနေပါပြီ။  မီးညွန့်တက်လာပြီး ရုံးအပေါ်ထပ်က စာရွက်စာတမ်းတွေကို လောင်သွားတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
မီးလောင်မှုတွင် ရပ်ကွက်သူ ရပ်ကွက်သားများ ၀ိုင်းဝန်းငြိမ်းသတ်မှုကြောင့် စာရွက်စာတမ်းမှ အပ တစုံ တရာ ဆုံးရှုံးမှုမ ရှိဟု သူက ပြောသည်။
“ ရုံးစာရွက်စာတမ်းလောက်ဘဲ ဆုံးရှုံးပါတယ်။ ကျန်တာတွေက ဘာမှ မဖြစ်ဘူး။ ရုံးရဲ့ ပတ်ဝန်းကျင် ကိုလည်း  မီးကူးတာ မရှိဘူး။ မြို့ လူတွေ လိုက်သွားပြီးတော့ ၀ိုင်းဝန်း ငြိမ်းသတ် လိုက်ကြပါတယ်” ဟု ဆိုသည်။
နောက် သံတွဲ ဒေသခံ တစ်ဦး ဖြစ်သူ ကိုထွန်းဖေက လ၀ကရုံး မီးလောင်မူ အနည်းငယ် လောင်ကျွမ်းခြင်း ဖြစ်ပြီး စာရွက် စာတန်းတချို့  မီးထဲပါသွားသည်ဟု ဆိုသည်။ သံတွဲ ဒေသခံများက ပေါ့ဆရာမှ မီးလောင်ကျွမ်းခြင်း ဖြစ်သည်ဟု ပြောဆိုနေကြကြောင်း သူက ပြောသည်။
မီးလောင်မှုနဲ့ ပတ်သက်ပြီး ခရိုင်မှူးကိုယ်တိုင်လာရောက် စစ်ဆေးသော်လည်း ဘာကြောင့် မီးလောင်ကျွမ်းသလဲ ဆိုသည်ကို တစုံတရာ ဖေါ်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ယခုကဲ့သို့ ခရိုင် လ၀က ရုံး မီးလောင်မူနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် မြို့နယ်ရဲစခန်းကို ဆက်သွယ် ခဲ့ရာ တာဝန်ကျ အရာရှိတဦးက စုံစမ်းနေဆဲဟု ပြောဆိုကာ ဖုန်းချသွားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန- မောင်ရမ္မာ)

ဇန်န၀ါရီလ ၈ ရက်ကနေ မတ်လ ၂၂ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ လွှတ်တော်တွေမှာ ရခိုင်အမတ်တွေ ဘာတွေကို တင်ပြဆွေးနွေးခဲ့သလဲ

(ဇန္န၀ါရီလ ၈ ရက်နေ့ကနေ မတ်လ ၂၂ ရက်နေ့ထိ ကျင်းပ ပြုလုပ်ခဲ့တဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော်မှာ ရခိုင်အမတ်တွေက ရခိုင်အရေး ကိစ္စနဲ့ ပတ်သက်ပြီး ဘာတွေကို တင်ပြ ဆွေးနွေးခဲ့ကြပါသလဲ။ ဒါတွေကို ပြည်သူတွေ သိအောင် တင်ပြလိုတဲ့ အတွက် ကျွန်တော်တို့ နိရဉ္စရာက  ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့  မြေပုံ အမတ် ဦးဖေသန်းကို ဆက်သွယ် မေးကြည့်တဲ့ အခါ သူက အခုလို စပြောပါတယ်။)
20121103_ASP001
(ဖြေ) ဆဌမ အကြိမ် လွတ်တော် ပုံမှန် အစည်းအဝေးမှာ ကျွန်တော်တို့ RNDP ကိုယ်စားပြု လွှတ်တော် အမတ်တွေက ကိုယ့်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စရပ်တွေ အပါအ၀င် ပညာရေး၊ လူမူရေး စီးပွားရေး နဲ့ ဆက်နွယ် ပတ်သက်တဲ့ ကိစ္စရပ်တွေကို တင်ပြ ဆွေးနွေးခဲ့ကြပါတယ်။ ဒါပြင်  ရိုဟင်ဂျာ မူဆလင်ဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သတ်လို့လည်း တရားဝင်မှု ရှိ မရှိ ဆိုတာတွေနဲ့ နောက်တခါ အထွေထွေပြသနာတွေ အပေါ်မှာလည်း ဆွေးနွေးခဲ့ကြပါတယ်။ မူဆလင်တွေနဲ့ ပတ်သတ်ပြီး ရသေ့တောင်မြို့နယ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုး ရှိမ ရှိ ဆိုတာကို မေးမြန်း ခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုရင် သမ္မတကလည်း ပြောတယ်။ လူဝင်မူ ၀န်ကြီး ဦးခင်ရီကလည်း ပြောတယ်။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုးဆိုတာ မရှိဘူးလို့။ ဒါပေမဲ့ ဒါတွေဟာ  လွတ်တော်မှာ ပြောတာမဟုတ်တဲ့ အတွက် တရားဝင်လို့ ကျွန် တော်တို့က ယူဆလို့ မရဘူး။ ဒါကြောင့် လွတ်တော်မှာ ရိုဟင်ဂျာ လူမျိုး ရှိပါသလားလို့ မေးတဲ့ အခါမှာ တာဝန်ရှိတဲ့ ပြည် ထောင်စု ၀န်ကြီးက ရိုဟင်ဂျာလူမျိုးဆိုတာ အရင်ကလည်း မရှိခဲ့ပါ။ သမိုင်း အဆက်ဆက် မှာလည်း မရှိပါ။ အခုလည်းမရှိပါလို့ ဖြေသွားတဲ့ အတွက်ကြောင့် ကျွန်တော်တို့ဟာ အဲဒီ ရိုဟင်ဂျာဆိုတဲ့ အသုံးအနုန်း ကိစ္စနဲ့ပတ်သတ်ပြီး အဖြေ တစ်ခုကို တိတိကျကျ ရရှိခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ဦးမောင်ညိုကလည်း အဲဒီ မေးခွန်းမျိုး ဆန်ဆန် မေးပါတယ်။ ကုလား ဆိုတဲ့ အသုံးအနှုန်း၊ ဘင်္ဂလီဆိုတဲ့ အသုံးအနုန်းဟာ မြန်မာပြည်မှာ ရှိ မရှိ  ဆိုတာကို မေးပါတယ်။ ဒီလိုဘဲ ဒေါက်တာ အေးမောင်တို့ဆိုရင်လည်း မိမိတို့ ရခိုင်ပြည်နယ် ရပိုင်ခွင့်တွေ၊ ပြဿနာတွေ ကို အများကြီး မေးပါတယ်။ ကျွန်တော်ကလည်း မြေပုံ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ယောက် အနေနဲ့ ငမန်းရဲကျွန်းမှာ လယ်ကွင်းတွေကို ဖျက်ပြီး ပုဇွန်တာတွေလုပ်ထားတယ်။ လယ်သမားနဲ့ ပုဇွန်လုပ် ငန်းရှင်တွေ အကြားမှာ  ပြဿနာဖြစ်နေတာတွေကို လွတ်တော်မှာ မေးမြန်းပြီး အဖြေတစ်ခု ရအောင် လုပ်နိုင် ခဲ့ပါတယ်။ တခြားကတော့ ဒေသဖွံ့ဖြိုးရေး အတွက် ပညာရေးကဏ္ဍတွေ၊ စာသင်ကျောင်းကဏ္ဍတွေ တောင်းဆိုလို့ ရခဲ့တာ တွေရှိတယ်။ နိမ့်ကျနေတဲ့ ရခိုင်ပြည်နယ် လမ်းပမ်း ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီးလည်း မေးမြန်း ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ ရခိုင် အမတ်တွေ အနေနဲ့ အများကြီး လုပ်နိုင် ခဲ့တယ်လို့  သုံးသပ်မိပါတယ်။ ပါတီက လွတ်တော်ထဲမှာ ရှိနေတဲ့အတွက်ကြောင့် ရခိုင် ပြည်သူပြည်သားတွေ အတွက် အများကြီးလုပ်နိုင်ခဲ့တယ်လို့  ဒီလိုဘဲ ကျွန်တော်တို့က ရိုးရိုးတွေးပြီး ယူဆမိပါတယ်။
(အဲဒီမှာ ရိုဟင်ဂျာ မရှိဘူးလို့ပြောတဲ့ ၀န်ကြီးက ဘယ်သူပါလဲ)
(ဖြေ) ဗိုလ်ချုပ်ကျော်ကျော်ထွန်း – လူဝင်မူ ဒုဝန်ကြီးပါ။
( ဒီရိုဟင်ဂျာ ကိစ္စအပြင် တခြား ဒေသဖွံ့ဖြိုးရေးအတွက် အဓိကဘာတွေကို ဦးစားပေးဆွေးနွေး မေးမြန်းခဲ့တာတွေ ရှိခဲ့ပါသလဲ)
(ဖြေ) ကျွန်တော်တို့ ရခိုင်ပြည်နယ် တိုးတက်ဖို့ ဖွံ့ဖြိုးရေး အတွက် လမ်းတွေ၊ တံတားတွေ၊ ကျောင်းတွေ ချပေးမယ့် အနေအထားတွေကို တင်ပြပါတယ်။  နောက်ပြီးကျောင်းတွေ ပျက်စီး နေတာတွေနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ အများအားဖြင့် ဆွေးနွေးကြ ပါတယ်။ ပုဏ္ဍားကျွန်း စက်မှုဇုန်ကိစ္စ၊ ကျောက်ဖြူ စက်မှုဇုန် ကိစ္စ တွေနဲ့ ပတ်သတ်လို့လည်း ကျွန်တော်တို့ မေးမြန်း မှုတွေ၊ ဆွေးနွေးမှုတွေ၊ တောင်းဆိုမှုတွေ လုပ်ခဲ့ ပါတယ်။ နောက်ပြီး ဒေါက်တာ အေးမောင်ကလည်း တိုင်းရင်း သားတွေရဲ့ ရပိုင်ခွင့်တွေကို တောင်းဆိုပြီး တိုင်းရင်းသား ဒေသတွေက ထွက်တဲ့ ဓါတ်ငွေ့လို  သဘာဝသယံဇာတတွေကို တိုင်းရင်းသားဒေသတွေမှုာ ၂၅ ရာခိုင်နှုန်း ရအောင် လက်မှတ်ထိုးပြီး တင်ပြထားတွေ ရှိပါတယ်။ အဲဒီ လိုဘဲ အားလုံးတတ်နိုင်သမျှ ၀ိုင်းဝန်းပြီး ကျွန်တော် တို့  ကြိုးစား နေပါတယ်။
(နောက်တခုက ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လျှပ်စစ်မီးက သိပ်အရေးကြီးနေပါတယ်။ အခု ဂတ်စ်နဲ့လည်ပတ်မယ့်   ကာဗိုင်တာ မီးစက်ကြီးတွေကို ဂျပန်ကနေ မှာယူ တင်သွင်းနေတယ်။ ဒါပေမဲ့ ရခိုင်ပြည် နယ်အတွက် ပါလာတာကို မတွေ့ရဘူး။ သမ္မတကြီး ဦးသိန်းစိန်ကလည်း ရခိုင်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးယ်ဆိုပြီး ပြောနေတာတွေကို ကြားနေရတယ်။ လက်တွေ့မှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် သိသာ ထင်ရှားတဲ့ စီမံကိန်းမျိုးတွေ၊ လုပ်ငန်းတွေကို မတွေ့ရသေးဘူး။ ဒါကြောင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဈေးနုန်းချိုသာစွာနဲ့ လျှပ်စစ်မီး ၂၄ နာရီ ရရှိရေးကို  လွတ်တော်မှာ ရခိုင်အမတ်တွေ တင်ပြဆွေးနွေးခဲ့တာတွေ ရှိပါသလား။)
(ဖြေ) ရခိုင်ပြည်နယ် လျှပ်စစ်မီးရရှိရေးအတွက် ကျွန်တော်တို့ လွတ်တော်မှာ ခါတိုင်းလိုလို တင်ပြပါတယ်။ ပြင်ပမှာလည်း ကျွန်တော်တို့ ၀န်ကြီးတွေနဲ့တွေ့တိုင်း ဆွေးနွေးတာတွေ ရှိပါတယ်။ ကျောက်ဖြူမှာ ဆိုရင်လည်း စစ်မှုဇုန်တည်ထောင်ဖို့အတွက် သူတို့လျှပ်စစ်မီးကို ဒီနှစ်မှာရအောင်ပေးမယ်လို့ ဂတိ ပေးထား ပါတယ်။ နောက် ပြည်ထောင်စုနေ့မှာလည်း သမ္မတ ဦးသိန်းစိန်က ကျွန်တော်တို့ ရခိုင်ပြည်နယ်က လွတ်တော် အမတ် တွေကို လက်ဆွဲနှုတ်ဆက်ပြီးပြောခဲ့တာက မကြာမီ အတွင်းမှာ ရခိုင်ပြည်နယ် တစ်ခုလုံး လျှပ်စစ်မီး ရရှိအောင် ကျွန်တော်တို့ဘက်က လုပ်ဆောင်နေပါတယ်လို့ သူကပြောသွားပါတယ်။ ရခိုင်ပြည်နယ် လျှပ်စစ်မီး ကိစ္စတော့ အမြဲ တမ်းလိုလို ကျွန်တော်တို့လွတ်တော်ထဲမှာ တင်ပြတောင်းဆိုနေပါတယ်။ လျှပ်စစ်မီးနဲ့ ပတ်သတ်တဲ့ အဆိုတွေ တင်တိုင်းကိုလည်း ကျွန်တော်တို့ထောက်ခံပြီးဆွေးနွေးတယ်။ ရခိုင်ပြည်တခုလုံး တောရွာတွေက အစ ပြည် နယ်တခုလုံး လျှပ်စစ်မီးရဖို့ အတွက် အမြဲတမ်းဆွေးနွေးလို့ရှိပါတယ်။ အခြေအနေ ကတော့ တဖြည်းဖြည်းနဲ့  ကောင်းလာမယ်လို့ ထင်ပါတယ်။  အခုဆိုရင် လည်းကျွန်တော်တို့ မြောက်ဦး ဘက်ကိုလည်း လျှပ်စစ်မီး ပေးနိုင်အောင်  ဓါတ်တိုင်တွေ သွယ်တန်းပေးနေတဲ့ အခြေအနေမှာ ရှိပါတယ်။ ဒီဘက်က သူဌေးချောင်း လျှပ်စစ်ကလည်း ၂၀၁၉ ခုနှစ်မှာ ရမယ်လို့ပြောပါတယ်။ နည်းနည်းတော့ နောက်ကျမယ်။ ရခိုင် တစ်ပြည်နယ်လုံး ကတော့ ၂၀၁၅-၂၀၁၆ မှာ မီးအလင်းလို့ ၀န်ကြီးတွေက ပြောပါတယ်။
(ဟုတ်ကဲ့ သမ္မတ ဦးးသိန်းစိန်က ဦးဖေသန်းတို့ကို ဘယ်အချိန်က ပြောကြားခဲ့တာပါလဲ)
(ဖြေ) ကုန်ခဲ့တဲ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့မှာပါ။ သူက အားလုံးကို ပြည်ထောင်စုနေ့မှာ ညစာ စားပွဲ တည်ခင်းပြီး လက်ဆွဲနှုတ်ဆက်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ရခိုင်ပြည် RNDP ကိုယ်စား လှယ် တွေက သူ့ကို တန်းပြီး မတ်တတ်ရပ် ကြိုဆိုကြတဲ့ နေရာမှာ သူက ကျွန်တော်တို့ ရခိုင်ပြည်နယ်က ကိုယ်စား လှယ် တွေနဲ့တွေ့လို့ မကြာမီအချိန်အတွင်းမှာ မီးလင်းအောင် နိုင်ငံတော်က အစွမ်းကုန်ကြိုးစားနေပါတယ်။ စိတ်ဓါတ် မကျပါနဲ့ဆိုပြီး အားပေးစကားပြောသွားပါတယ်။
( နောက်တခုက ကမ္ဘာ့ဘဏ်ရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အစီအစဉ်တွေ လုပ်နေတာ ရှိပါတယ်။ တနင်္သာရီတိုင်းက ကျွန်းစု မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကမ္ဘာ ဘဏ်ရဲ့ အကူ အညီနဲ့ လုပ်မယ်လို့ အစိုးရက တရားဝင် ထုတ်ပြန်ထားတာတွေကို တွေ့ရပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ အကူအညီနဲ့ နိမ့်ကျ ဆင်းရဲနေတဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတက်အောင်လုပ်ဖို့ကော အစိုးရမှာ အစီအစဉ် ရှိတယ်လို့ ကြားမိ ပါသလား။ လွှတ်တော် အမတ်တစ်ယောက် အနေနဲ့ သိထားသလောက် ပြောပြပေးပါ။)  
(ဖြေ) နိုင်ငံခြားချေးငွေနဲ့ ပတ်သတ်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တခုလည်း ပါဝင်တာ မျိုးကိုတော့  မတွေ့ရသေးပါဘူး။ ရခိုင်ဒေသ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကလည်း အမြဲတန်း ထောက်ပြ ပြောဆိုနေတာတွေ ရှိပါတယ်။ အဲဒါ လိုအပ်ချက်တွေ ရှိနေပါတယ်။ ကမ္ဘာ့ဘဏ် အပါအ၀င် နိုင်ငံတကာ  အကူအညီတွေနဲ့ ကျွန်တော်တို့ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးကို အများကြီး လုပ်ဆောင် ပေးဖို့ လိုပါတယ်။ သမ္မတ ကြီး ဦးသိန်းစိန်ကလည်း ရခိုင်ပြည်နယ်မှာ မူဆလင်နဲ့ ရခိုင်တွေ ဖြစ်ကြတဲ့ ပြဿနာ အကြောင်းရင်းဟာ ဆင်းရဲလို့၊  ပညာ မတတ်လို့၊ လမ်းပမ်း ဆက်သွယ်ရေး နိမ့်ကျလို့ ဆိုပြီး ထောက်ပြ ပြောဆို ထားတာတွေ ရှိပါတယ်။ ကျွန်တော်တို့လည်း ဆွေးနွေးဖူးပါတယ်။ ဒါပေမယ့် လက်တွေ့ နိုင်ငံ တကာ အကူညီတွေနဲ့ တည်ဆောက်မယ့် နေရာမှာ ရခိုင်ပြည်နယ်ကို ထည့်သွင်း မစဉ်းစားသေးတာ ကတော့ အထူး ၀မ်းနည်းစရာကောင်းတဲ့ အချက်ဘဲ ဖြစ်ပါတယ်။
(ပြီး)
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဒုက္ခသည် နေရာချရေးကိစ္စ တောင်ကုတ်တွင် လူ ၃၀၀ ဆန္ဒပြ၊ သုံးဦး အရေးယူခံရ

စစ်တွေ (မဇ္ဈိမ)။   ။ တောင်ကုတ်မြို့တွင် ရခိုင် အရေးအခင်းလွန် နောက်ပိုင်း အစိုးရ၏ ဒုက္ခသည်များ ပြန်လည်
နေရာချထားခြင်း အစီအစဉ်များအပေါ် မကျေနပ်၍ မတ်လ ၂၃ ရက်နေ့ မနက်ပိုင်းက လူ ၃၀၀ ခန့်က လမ်းလျှောက် ဆန္ဒပြရာ ခွင့်ပြုချက် မရှိဘဲ လုပ်ဆောင်ခဲ့ကြ၍ ဦးဆောင်ပါဝင်သူ သုံးဦးအား ဒေသဆိုင်ရာ အာဏာပိုင်တို့က အရေးယူထားကြောင်း တောင်ကုတ်မြို့ ရခိုင် လူမှုကွန်ယက် တာဝန်ရှိသူများက ပြောသည်။

Rakhine-Toung-Goke
ဒုက္ခသည်များ ပြန်လည်နေရာချထားရေးတွင် နိုင်ငံသားစိစစ်ခြင်းမရှိဘဲ လုံးခြင်းအိမ်များ ချပေးမည့်အပေါ် တောင်ကုတ်မြို့ရှိ ရခိုင်လူမှုကွန်ယက် ဦးဆောင်၍ ၂၀၁၃ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့က ဆန္ဒပြကြစဉ်။ (ဓာတ်ပုံ - သိန်းလှိုင်၊ မဇ္ဈိမ)

မနက် ၉း၄၀ နာရီမှ ၁၀း၁၅ နာရီထိ တောင်ကုတ်မြို့ လမ်းများပေါ်တွင် စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြခြင်း
ဖြစ်သည်။

“ယာယီဒုက္ခသည် စခန်းက လူတွေကို အိမ်တွေ ဆောက်လုပ်နေရာချထား ပေးမယ်ဆိုရင် ပထမဆုံး သူတို့တွေကို
နိုင်ငံသား ဟုတ်မဟုတ် စီစစ်ဖို့လိုတယ်။ ဒီလို ဥပဒေနဲ့အညီ မဟုတ်ဘဲ တဖက်သတ် ဆုံးဖြတ်လုပ်ကိုင်နေတာ
ကြောင့် ကျနော်တို့ ဆန္ဒ ဖော်ထုတ်ရခြင်း ဖြစ်တယ်” ဟု ရခိုင်လူမှုကွန်ယက်အဖွဲ့ဝင် ကိုဇေယျကျော် က ဆိုသည်။

ဒုက္ခသည်များအတွက် ဆောက်လုပ်ပေးမည့် အိမ်များမှာ လုံးချင်းအိမ်များဖြစ်ကာ တူရကီနိုင်ငံမှ လှူဒါန်းထားပြီး ပဋိပက္ခဖြစ်ပွားရာ မြို့နယ်များတွင် ဆောက်လုပ်သွားမည်ဟု သိရှိထားရကြောင်း ကွန်ယက် ခေါင်းဆောင်များက ပြောသည်။

ခွင့်ပြုချက်မရဘဲ ဆန္ဒပြသည့်အတွက် ရခိုင် လူမှုကွန်ယက်မှ ခေါင်းဆောင် သုံးဦးဖြစ်သော ဦးစိုးဝင်း၊ ဦးသန်းလွင်စိုး
နှင့် ဦးမင်းထွန်းတို့အား သက်ဆိုင်ရာမှ အရေးယူထားသည်။

“ညနေ ၃ နာရီလောက်မှာ ကျနော်တို့အားလုံး ရုံးကို ရောက်တယ်။ မြို့နယ် ရဲတပ်ဖွဲ့မှူးက ဥပဒေအရ အရေးယူရတာလို့ ပြောတယ်။ ကျနော်တို့ သုံးယောက်ကို အာမခံ နှစ်ယောက်စီနဲ့ ခံဝန်လုပ်ပြီးတော့ ညနေ ၄ နာရီကျော်လောက်မှာ ပြန်လွှတ်ပေးလိုက်တယ်” ဟု ဦးစိုးဝင်း က မဇ္ဈိမကို ပြောသည်။

“ကျနော်တို့က ဥပဒေနဲ့အညီ လုပ်ချင်ခဲ့တာပါ။ ဒါကြောင့်လည်း ခွင့်ပြုချက် ရဖို့အတွက် အဆင့်ဆင့်တင်ပြခဲ့တယ်။ ဒါပေမယ့် သက်ဆိုင်ရာက အားလုံး ပယ်ချခဲ့တယ်။ ကျနော်တို့တွေ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ နောက်ဆုံးမှ ဒီလမ်းကို ရွေးခဲ့တာပါ။ ဥပဒေအရ အရေးယူထားတယ် ဆိုရင်လည်း ဥပဒေအရ ရင်ဆိုင်ရုံပဲပေါ့ဗျာ” ဟု ၎င်းက ဆက်ပြောသည်။

ဆန္ဒပြခွင့်ကို မတ်လ ၁၅ ရက်နေ့တွင် မြို့နယ်ကို တင်ပြခဲ့ရာ မတ်လ ၁၇ ရက်နေ့တွင် မြို့နယ်က ပလပ်ခဲ့သည်။ မတ်လ ၁၈ ရက်နေ့တွင် ပြည်နယ်သို့ အယူခံရာတွင်လည်း မတ်လ ၂၁ ရက်နေ့တွင် ပြည်နယ်ရဲမှူး ကိုယ်စား ဒု-ရဲမှူးကြီး အောင်ကျော်ဦး လက်မှတ်ရေးထိုး၍ ပလပ်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် မတ်လ ၇ ရက်နေ့မှစ၍ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင် မြို့နယ်များတွင်လည်း ဆန္ဒဖော်ထုတ်ပွဲများ ကျင်းပခဲ့ရာ ဥပဒေနှင့်အညီ သက်ဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုချက်အရ ပြုလုပ်ခြင်း မဟုတ်၍ ဆန္ဒပြပွဲများ၌ ဦးဆောင်ပါဝင်သူ အနည်းဆုံး ၆ ဦးကို သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးများက အရေးယူထာရှိပြီး ၎င်းတို့အား မခံဖြင့်ပြန် လွှတ်ပေးထားကြောင်း သိရသည်။

စစ်တွေဆန္ဒပြပွဲကို စီစဉ်မှုဖြင့် ယာယီထိန်းသိမ်းခံရရာမှ အာမခံဖြင့် ပြန်လွတ်လာသူ စစ်တွေလူမှုကွန်ယက်
ခေါင်းဆောင် ဒေါ်ညိုအေးက “ဒီနေ့အထိတော့ အာမခံနှင့် လွှတ်ပေးထားတဲ့ ဆန္ဒပြခေါင်းဆောင်တွေကို အာဏာပိုင်ဘက်က တယောက်မှ နောက်ထပ် ဆက်သွယ်တာမျိုး မရှိသေးဘူး” ဟု ပြောပြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တောင်ကုတ်မြို့နယ် အတွင်းရေးမှူး ဦးမင်းအောင် ကလည်း ဆန္ဒဖော်ထုတ်ခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသားတိုင်းရပိုင်ခွင့်ရှိပြီး အစိုးရအနေနှင့် ပွင့်လင်းမြင်သာမှု မရှိ၍ ယခုလို ဆန္ဒပြမှုများနှင့်ရင်ဆိုင်နေရကြောင်း ပြစ်တင်ဝေဖန်လိုက်သည်။

“ရခိုင်မှာ ဆန္ဒဖော်ထုတ်မှုတွေကို ကြည့်ရင် အစိုးရရဲ့ ပွင့်လင်းမြင်သာမှုနဲ့ အများကြီး သက်ဆိုင်နေတယ်။ သမ္မတ ဦးသိန်းစိန် က နိုင်ငံသားဖြစ်မှု ဥပဒေနဲ့အညီ ဆောင်ရွက်မယ် ပြောတယ်။ လက်တွေ့ ဆောင်ရွက်တဲ့အခါ ပွင့်လင်း
မြင်သာမှု မရှိဘူး။ ဒီကြားထဲ အခု စစ်တွေမှာ လုံးချင်းအိမ် ၅၀၀၀ဆောက်မယ်ဆိုတာကို ဒေသခံ ရခိုင်လူမျိုးတွေဟာ သတင်းအရပဲ သိလာရတယ်။ အစိုးရဆီက ဒီကနေ့ထိ မသိရသေးဘူး။ ဒါဟာ ပွင့်လင်းမြင်သာမှု မရှိတာကို
ပြနေတာ။ ဒီလိုပွင့်လင်းမှုမရှိလို့ ဆန္ဒပြပွဲတွေ ဖြစ်လာရတာပဲ”ဟု ဦးမင်းအောင် က ဆိုသည်။

ဆန္ဒပြခွင့်နှင့်ပတ်သက်၍ ပြည်နယ်နှင့် တိုင်းအလိုက်၊ တနေရာနှင့်တနေရာ ကျင့်သုံးပုံချင်း မတူကြသလို၊ ခွင့်ပြုချက် ပေးခြင်း မပေးခြင်းမှာလည်း ဥပဒေအပေါ် မူမတည်ဘဲ အာဏာပိုင်များ အပေါ်၌သာ တည်နေသည်ဟု ၎င်းက ဝေဖန်ထောက်ပြသည်။

ထို့အပြင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော် ကလည်း “နိုင်ငံသား ဟုတ် မဟုတ်တောင် ကွဲကွဲပြားပြား မသိဘဲ ဘယ်လို လုပ်နေရာချမလဲဗျာ။ ဒီကိစ္စ ALD က နဂိုကထဲက ပြောပြီးသား။ ဥပဒေနဲ့အညီ အမြန်စီစစ်ပါ။ နိုင်ငံသား ဖြစ်သင့်တဲ့လူ ဖြစ်ရမယ်။ နိုင်ငံသား လက်မှတ် ရှိပြီးသား ဖြစ်ပေမယ့် မှန်မှန်ကန်ကန် ရထားတာ ဟုတ်မဟုတ် စီစစ်ဖို့ လိုမယ်။ တကယ်လို့ မတော်မတရားနည်းနဲ့ နိုင်ငံသားလက်မှတ် ရထားတဲ့သူတွေရှိရင် သူတို့တွေကို နိုင်ငံသား မဟုတ်သူတွေနဲ့အတူ Camp (ဒုက္ခသည်စခန်း) မှာ ထားဖို့
ပြောခဲ့တယ်။ ဒါဟာ ALD ရဲ့ မူပဲ” ဟု ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ယမန်နှစ် ဇွန်လမှ စတင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် အသက် အိုးအိမ် ဆုံးရှုံးပျက်စီး
ခဲ့ရပြီး အောက်တိုဘာနှင့် နိုဝင်ဘာလများက ကမ္ဘာ့အစ္စလာမ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) ရုံး မြန်မာနိုင်ငံ တွင် လာဖွင့်မှုအား ဆန့်ကျင်သည့် ဆန္ဒပြမှုများမှာ ရခိုင်ပြည်နယ်မှသည် အခြားမြို့များသို့ ပြန့်နှံ့သွားခဲ့ရပြီးနောက် ယခုဆန္ဒပြမှုများမှာ ရခိုင်ဒေသ၏ တကျော့ပြန် ဆန္ဒပြမှုများ ဖြစ်သည်။
(သတင်းအရင်းအမြစ်- မဇ္ဈိမ၊ ရေးသားသူ- သိန်းလှိုင်)

ကျောက်ဖြူကို ဂက်စ်ကာဘိုင်တာစက်ကြီးနဲ့ လျှပ်စစ်မီးပေးမယ်ဆိုပေမယ့် ကျောက်ဖြူလူထုက မယုံကြည်

တရုတ်ကို ရောင်းမယ့် ဂတ်စ်တွေ အထဲက တချို့ကို ခွဲဝေ ယူပြီး ဂတ်စ်ကာဗိုင်ဒါ စက်ကြီးနဲ့ ရခိုင်ပြည်နယ် ဒုတိယ မြို့တော်  ကျောက်ဖြူမြို့ကို လျှပ်စစ်မီး ပေးမယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောကြားပေမယ့် မြို့လူထုက အယုံအကြည် မရှိဘူးလို့ ဆိုပါတယ်။
K-Pruအခုလို မယုံကြည်တာကတော့ အုပ်ချုပ်သူ  အစိုးရ အဆက်ဆက်ဟာ ခုလို အလိမ်အညာတွေနဲ့ ရခိုင်လူထုကို ချွေးသိပ်ပေါင်းများနေခဲ့ပြီ ဖြစ်တဲ့ အတွက်ကြောင့်လို့ မြို့ခံ တစ်ဦး ဖြစ်သူ ဦးသန္တာမောင်က ပြောပါတယ်။
ကျောက်ဖြူ စက်မူဇုံ ဥက္ကဌ- အလုပ်သမား ဒုဝန်ကြီး – ဦးမြင့်သိန်းက များမကြာမီက ပြုလုပ်ခဲ့တဲ့ သူရဲ့ ကျောက်ဖြူ ခရီးစဉ် အတွင်းမှာ တရုတ်ကို ရောင်းမယ့် ဂတ်စ်တွေထဲက တချို့ကို ခွဲဝေ ယူပြီး ဂတ်စ် ကာဗိုင်တာ စက်ကြီးနဲ့ ကျောက်ဖြူမြို့ကို လျှပ်စစ် မီး ဖြန့်ဖြူးပေးသွားမယ်လို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
အခု ကျောက်ဖြူမြို့မှာလည်း လျှပ်စစ် မီးကြိုးတွေကို တိုးချဲ့သွယ်တန်းနေသလို တရမ်စဖေါ်မှာတွေကိုလည်း တိုးချဲ့ တပ်ဆင်နေတယ်လို့ ပြောပါတယ်။
အရင်က မီးကြိုး အရှည်ဟာ ကျောက်ဖြူမြို့က အပြင်ဘက်ကို ၂မိုင်ခွဲထိသာ သွယ်တန်း ထား ရှိပေမယ့် အခုအခါမှာတော့ ၁၅ မိုင် အရှည်ထိ တိုးချဲ့နေတယ်လို့ မြန်မာ့ လျှပ်စစ်ဓါတ်အား လုပ်ငန်း တာဝန်ရှိသူတွေကို ကိုးကားပြီး ဦးသန္တာမောင်က ဆိုပါတယ်။
အရင်ခေတ်အဆက်ကတည်းက အလိမ် အညာတွေကြောင့် မြို့လူထုကတော့ အစိုးရ အပေါ် သိပ် အယုံအကြည် မရှိသလို ဗမာပြည်က လူတွေလို လျှပ်စစ်မီး မီတာခ တယူနစ် ၃၅ ကျပ်၊ ကျပ် ၅၀ နဲ့ ရမယ် ဆိုတာကိုလည်း အများစု မြို့လူထုက မယုံကြည်ကြဘူးလို့ ပြောပါတယ်။
အခုလို လျှပ်စစ် မီးကြိုးတွေ၊ ထရမ်စဖေါ်မှာတွေ တပ်ဆင်နေပေမယ့်  တယူနစ် ၅၀ ကျပ် အစိုးရဈေးနုန်းနဲ့ ရပီးမှ ရတယ်လို့ ယုံကြည်နိုင်မယ်လို့ သူက  ပြောပါတယ်။
ရခိုင်ပြည်နယ်ဟာ မြန်မာပြည်ထဲမှာ လျှပ်စစ်မီးတာခ တယူနစ်ကို ပျှမ်းမျှ ကျပ် ၅၀၀ ထိပေးနေရတဲ့  ပြည်နယ် တစ်ခု ဖြစ်ပါတယ်။
ဗမာပြည်မက လူထုတွေကတော့  လျှပ်စစ်မီး တယူနစ်ကို ကျပ် ၃၅ ကျပ်၊ ကျပ် ၅၀ နဲ့ ရနေတဲ့ အချိန်မှာ ရခိုင်လူထုက မီတာ တယူနစ်ကို ကျပ် ၅၀၀ ပေးနေရတာဟာ တိုင်းပြည်တစ်ခုထဲမှာ ပြည်သူ ပြည်သားတွေဟာ တန်းတူ အခွင့်အရေး မခံစားရဘဲ ဖြစ်နေတယ်ဆိုတာကို သက်သေ ပြနေတဲ့ အချက်ဘဲ   ဖြစ်ပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Saturday, March 23, 2013

တောင်ကုတ်ဆန္ဒဖော်ထုတ်ပွဲ အောင်မြင်စွာပြီးဆုံး

မတ်လ(၂၃)ရက်နေ့ မနက်ပိုင်းက တောင်ကုတ်လူမှုကွန်ယက်မှ ဦးဆောင်ပြုလုပ်သည့် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေနှင့်အညီ ဘင်္ဂလီ များအား စီစစ်ခြင်း မရှိပါဘဲ၊ လုံးချင်းနေအိမ်များ ဆောက်လုပ်ပေးရန် စီစဉ်ခြင်းကို ကန့်ကွက်သည့် လူ(၃၀၀)ကျော် ပါဝင်သော ဆန္ဒဖော်ထုတ်ပွဲမှာ အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ကြောင်း သိရသည်။
တောင်ကုတ် ဆန္ဒထုတ်ဖော်ပြပွဲမှ တောင်းဆိုချက်များတောင်ကုတ် ဆန္ဒထုတ်ဖော်ပြပွဲမှ တောင်းဆိုချက်များ
ဆန္ဒဖော်ထုတ်သူများသည် မတ်လ(၂၃)ရက်နေ့ မနက်(၉း၄၀)နာရီတွင် တောင်ကုတ်၊ ဖောင်တော်ဦးဘုရားမှ ဦးဥတ္တမ လမ်းအတိုင်း စတင်ထွက်ခွာခဲ့ကြပြီး၊ အမ်းလမ်းမှတဆင့် ချောင်းကောက် ဦးဥတ္တမလမ်းသို့ချီတက်ကာ နေ့လည်(၁၀း၁၅)နာရီတွင် ဖောင်တော်ဦး ဘုရား၌ စီတန်းလမ်းလျှောက်ခြင်းကို အဆုံးသတ်ခဲ့ကြသည်။
" ဘင်္ဂလီတွေကို နိုင်ငံသားဖြစ်မှုဥပဒေနှင့်စီစစ်မရှိဘဲနဲ့ အိမ်ဆောက်ပေးမယ့်ကိစ္စကို တောင်ကုတ်မြို့အနေနဲ့ အပြတ်အသတ်ကန့်ကွက်ရှုတ်ချတာကိုထုတ်ဖော်ပြသလိုက်တဲ့အပေါ်အားရကျေနပ်မှုရှိတယ်။ "ဟုတောင်ကုတ် လူမှုကွန်ယက်မှ ကိုဇေယျကျော်ကဆိုသည်။
ဆန္ဒဖော်ထုတ်ပွဲကို ခွင့်ပြုချက်မရဘဲ လုပ်ခဲ့ရခြင်းနှင့်ပတ်သက်၍ ကိုဇေယျကျော်က " ကျနော်တို့မြို့နယ်မှာ မတ်လ (၁၅)ရက်နေ့မှာတင်တယ်။ မတ်လ(၁၇)ရက်နေ့မှာ မြို့နယ်က ပလပ်တယ်။ ဒီတော့ ကျနော်တို့က ပြည်နယ်ကို မတ်လ (၁၈)ရက်နေ့မှာ အယူခံတယ်။ ဒါကိုလည်းပြည်နယ်က မတ်လ (၂၁)ရက်နေ့မှာ ပြည်နယ်ရဲမှူးကိုယ်စား ဒုရဲမှူးကြီးအောင်ကျော်ဦးလက်မှတ်နဲ့ ပလပ်ခဲ့တယ်။ " ဟုရှင်းပြသည်။
မတ်လ (၇)ရက်နေ့မှ မတ်လ (၁၀)ရက် အတွင်း ပြုလုပ်ခဲ့သော စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်မြို့နယ်များ၏ ဆန္ဒဖော်ထုတ်သည့် စီစဉ်သူ (၆)ဦးကို ထိုနေ့ညနေပိုင်း၌ ရဲစခန်းသို့ခေါ်ယူကာ အာမခံများပြုလုပ်ပြီး ပြန်လွှတ်ပေးထားရာ ယခုအချိန်ထိ အာဏာပိုင်များဘက်မှ ဆက်သွယ်ဆောင်ရွက်ခြင်း တစ်စုံတစ်ရာ မရှိသေးကြောင်း စစ်တွေဆန္ဒပြပွဲကို ဦးဆောင်စီစဉ်၍ ယာယီထိန်းသိမ်းခံရရာမှ အာမခံဖြင့်ပြန်လွတ်လာသူ စစ်တွေလူမှုကွန်ယက်ခေါင်းဆောင် ဒေါ်ညိုအေးကဆိုသည်။
တောင်ကုတ်မြို့သူ/သားများ မှ ဘင်္ဂလီများကို အိမ်ဆောက်ပေးမည့် ကိစ္စနှင့် ပတ်သက်၍ ဆန္ဒပြနေကြသည်ကို မြင်တွေ့ရစဉ်တောင်ကုတ်မြို့သူ/သားများ မှ ဘင်္ဂလီများကို အိမ်ဆောက်ပေးမည့် ကိစ္စနှင့် ပတ်သက်၍ ဆန္ဒပြနေကြသည်ကို မြင်တွေ့ရစဉ်
ဒေါ်ညိုအေးက " သူမအပါအ၀င် (၅)ဦးတို့ကို နောက်ထပ်တစ်စုံတစ်ရာအရေးယူခြင်း မရှိသေးသည်မှာ သူမ၏နောက်၌ ရခိုင်ပြည်သူလူထု ရှိနေခြင်းကြောင့်ဖြစ်နိုင်ကြောင်း။ " ဆိုပါသည်။
တောင်ကုတ်မြို့ ဆန္ဒဖော်ထုတ်ပွဲနှင့်ပတ်သက်၍ အာဏာပိုင်များဖက်မှ မတ်လ(၂၃)၊ နေ့လည် (၁၂း၀၀)နာရီအထိ တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခြင်း မရှိသေးကြောင်းသိရသည်။

(သတင်းအရင်းအမြစ်- Arakantimes written by နေဇော်(သံတွဲ))

Friday, March 22, 2013

၉၉-လတ္တံ့ (ရခိုင်ကျောက်ရိုး မဟာရာဇ၀င်မှ ကောက်နှုတ်ချက်)


မြောက်ဦးမြို့တော်တွင် သက္ကရာဇ်(၁၁၀၅)ခုနှစ်က နန်းတက်ခဲ့သော နရပတိမင်းလက်ထက် သစ်တက်ငလက်ရုံးအား မေးမြန်းသောကြောင့် မြောက်ဦးမြို့ နတ်သ္မီးအခန်းဆက်တွင်(၉၉)လတ္တံ့ကို မေးဖြေတော်မူခဲ့၏။ ထိုမေးဖြေခဲ့သော (၉၉)လတ္တံ့မှာ–

(၁)-မင်းတို့မတရား ကျင့်ဖောက်ပြား၍ တိုင်းသားပြည်သူ ကျွတ်ကျွတ်ဆူလို့၊ အိုးကင်းရေကျဖြစ်လတ္တံ့။
... (၂)-မင်းတို့မတရား အစိုးစားလည်းများလတ္တံ့။
(၃)-လက်နက်အားကိုး ထိုမင်းမျိုးတို့ အုပ်စိုးပိုင်ရာ တိုင်းပြည်မှာ သူခိုးဓါးပြများလတ္တံ့။
(၄)-သူ့မင်းငါ့မင်း အချင်းချင်းလည်း သတ်ဖြတ်ထိုခါဖြစ်လတ္တံ့။
(၅)-ရက္ခပူရ ပြည်ဓညမှာ ရာဇာနတ္ထိ မင်းမရှိဘဲဖြစ်လတ္တံ့။
(၆)-ရက္ခပူရ ပြည်ဓညမှာဝါဒလက်ကိုင် စစ်ပွဲပြိုင်ကာ ဘယာဘေးကြီးသင့်လတ္တံ့။
(ရ)-ရခိုင်ပြည်သူ ကျွတ်ကျွတ်ဆူလို့ အားကိုးရာမဲ့ဖြစ်လတ္တံ့။
(၈)-ရခိုင်ပြည်သူ ကျွတ်ကျွတ်ဆူလို့ စိတ်ပူပင်သောကများလတ္တံ့။
(၉)-နိုင်ငံရေးယောင်ယောင် လိမ်လှဲ့ဆောင် သူတောင်းစားလည်းများလတ္တံ့။
(၁၀)-ဘုရားကိုကား နိမ့်ရာထား မျောက်ကားအထက်ရောက်လတ္တံ့၊ ရက္ခပူရပြည်ဓညမှာ က၀ိအဖေါ်ပညာကျော်တို့ ဗလာနတ္ထိချောတိတိလည်းဖြစ်လတ္တံ့။
(၁၁)-ပညာရှိပျောက် ရခိုင်ပြည်မှာ ဘေးကြီးရောက် များစွာလူဆိုးဖြစ်လတ္တံ့။
(၁၂)-သူမြတ်သားကိုမနာလို ၀န်တိုစိတ်ဆိုးများလတ္တံ့။
(၁၃)-သူမြတ်ကိုကား နိမ့်ရာထားလို့ လူဆိုးစိတ်ရောက်လတ္တံ့။
(၁၄)-လူကြီးကိုကား နိမ့်ရာထား မင်းကားချီးမြှောက် သူငယ်ရောက်ကာ အထောက်အပံ့ပြုလတ္တံ့။
(၁၅)-ဘုရားတရားစောင့်သူများ ရန်မျိုးကပ်ကြီးလွတ်လတ္တံ့။
(၁၆)-ဘုရားတရား မစောင့်ငြား ရန်မျိုးကပ်ကြီးသင့်လတ္တံ့။
(၁၇)-အမျိုးလေးပါး သိသူများ ဘယာဘေးကြီးလွတ်လတ္တံ့။
(၁၈)-အမျိုးလေးပါး မသိငြားက ဘယာဘေးကြီးရောက်လတ္တံ့။
(၁၉)-မိခင်ဘခင် ဘုရားသရှင်ကို ကိုးကွယ်သောသူကျန်လတ္တံ့။
(၂၀)-ရခိုင်ဂတုံး ဗမာသုံဉ်းလည်းဖြစ်လတ္တံ့။
(၂၁)-ရခိုင်ဂတုံး ပြည်ရွာသုံဉ်းလည်းဖြစ်လတ္တံ့။
(၂၂)-ချင်းနှင့်ရခိုင် စားပွဲထိုင် ဗမာအောက်သားပြေးလတ္တံ့။
(၂၃)-မယူနတ်ကြီး စည်တော်တီး ကုလားဘေးကြီးသင့်လတ္တံ့။
(၂၄)-ဘူးသီးတောင်နယ် ပြင်ခေါင်ကုလားစိုးလတ္တံ့။
(၂၅)-ကုလားခေါင်းထက် အမာနက် အခါကိုးခါပွါးလတ္တံ့။
(၂၆)-ကုလားကိုရှာကျောက်တော်မှာ ထိုခါတရုပ်တွေ့လတ္တံ့။
(၂၇)-ဂိဇ္ဈကုတ်တောင် ပိတ္တာဖေါင် လူဘောင်ရောက်လည်းများလတ္တံ့။
(၂၈)-မုသ၀ါဒါ ပြောဆိုကာ များစွာစားသောက်ပွါးလတ္တံ့။
(၂၉)-မိဘကိုကား နိမ့်ရာထားလို့ သားကဆရာခံလတ္တံ့။
(၃၀)-မိမယောက်ျား ထိုသူများတို့ ဒုက္ခဘေးကြီးတွေ့လတ္တံ့။
(၃၁)-ရက္ခပူရ ပြည်ဓညမှာ မိမများစွာ လက်ကောက်ခြီချင်းကျွတ်လတ္တံ့။
(၃၂)-ထိုသို့မိမ က္ကုတ္ထိယ(ခပဇာ) ထ္မင်းချက်လတ္တံ့။
(၃၃)-ရက္ခပူရ ပြည်ဓညမှာ ရွှေငွေအသပြာ ရတနာလည်း ဗလာနတ္ထိ ချောတိတိလည်းဖြစ်လတ္တံ့။
(၃၄)-ရက္ခပူရပြည်ဓညမှာ မ၀၀မ်းစာဖြစ်လတ္တံ့။
(၃၅)-မြို့သားလူနတ် လူသူမြတ်တို့ သားမယားစားဖို့ မျိုင်ချေထိုခါထိုးလတ္တံ့။
(၃၆)-အင်္ကျီမဟုတ် ကုလားခြုပ်လည်းဝတ်လတ္တံ့။
(၃၇)-သင်္ဘောမဟုတ် တရကုတ်နှင့် စီးသူများစွာပွါးလတ္တံ့။
(၃၈)-ယောက်ျားမပီ လူဗလီလည်းများလတ္တံ့။
(၃၉)-အင်္ကျီလက်ပေါ် လူလက်ပေါ်လည်းများလတ္တံ့။
(၄၀)-မိမမတရား လင်မျှောင်ထားလည်းများလတ္တံ့။
(၄၁)-အပျိုကညာ ရတနာတို့ အသရေမလုံ ရူပါရုံနှင့် သားမြတ်ပေါ်အောင်ပြလတ္တံ့။
(၄၂)-မိမမတရား ကျင့်ဖေါက်ပြား၍ စီးပွါးကုန်သည်လုပ်လတ္တံ့။
(၄၃)-ထိုသည်မိမ ဖွါးသည်သားက သူခိုးဓါးမြများလတ္တံ့။
(၄၄)-ထိုသည်မိမ ဖွါးသည်သားက လူလိမ်လူညာများလတ္တံ့။
(၄၅)-တောင်ကအောက်ချင်း ပြားကိုဆင်း အောက်ချင်းဖေါ်ရွီရှာလတ္တံ့။
(၄၆)-ကျေဇူးမသိ လူဒိဌိလည်းများလတ္တံ့။
(၄၇)-ဘုရားပြကာ စီးပွါးရှာ အရှောင်စားလည်းများလတ္တံ့။
(၄၈)-ဂတုံးရိပ်ခါ သင်္ကန်းဝါဆို ထိုပြည်ရဟန်းပွါးလတ္တံ့။
(၄၉)-ကျောင်းထိုင်သံဃာ သင်္ကန်းဝါ ဘဏ္ဍာစုလည်းများလတ္တံ့။
(၅၀)-ပိဋကတ်သုံးဖုံ မလုံခြုံ ငြင်းခုံဖြစ်လတ္တံ့။
(၅၁)-သိက္ခာမစုံ မလုံခြုံ သူတုံနိမ့်လည်းများလတ္တံ့။
(၅၂)-စားပြီးအိပ်နေ ဘိက္ခဝေ ကျောင်းစရိုက်မရ ဒေါသထွက်လည်းများလတ္တံ့။
(၅၃)-ဘုန်းကြီးမတရား ကျောင်းကြီးစားလည်း များလတ္တံ့။
(၅၄)-ဘုန်းကြီးယောင်ယောင် ကျောင်းတဆောင်နှင့် မင်းခေါင်ဆရာလည်းများလတ္တံ့။
(၅၅)-ဆေးအိုးတပြောင်ပြောင် ကွမ်းယာဆောင် ယပ်တောင်ကားကားများလတ္တံ့။
(၅၆)-သင်္ကန်းမပီ ဧကသီနှင့် ဒုဿီရှင်များ ငွေကြေးစားလည်းများလတ္တံ့။
(၅၇)-မင်းဝယ်ခယ အကျင့်ယွမ်း ရှင်ရဟန်းလည်းများလတ္တံ့။
(၅၈)-သေရည်အရက် ကြက်ခြံဝက်နှင့်သောက်လတ္တံ့။
(၅၉)-မိမများနှင့် စကားမြူးထူး ရဟန်းရူးတို့များလတ္တံ့။
(၆၀)-လူနှင့်မခြား ငွေကြေးစားလည်းများလတ္တံ့။
(၆၁)-မင်းတွင်ခစား ပေါက်လွတ်ထား ရှင်စော်ကားလည်းများလတ္တံ့။
(၆၂)-ကျောင်းအောက်တွင်တက် ပုခက်တွဲလွဲမျာလတ္တံ့။
(၆၃)-ရဟန်းချင်းချင်း တရားထိုခါတွေ့လတ္တံ့။
(၆၄)-အရေးကြီးရဟန်း တက္ကဒွန်းကိုပယ်လတ္တံ့။
(၆၅)-ရက္ခပူရ ပြည်ဓညတွင် မြတ်စွာဗုဒ္ဓ ကိုယ်စားလှယ်လည်း တောင်သာယာက ရောင်ဝါထိုခါပြလတ္တံ့။
(၆၆)-နတ်တို့ဖူးပြန် ကန်တော့သံကို ရခိုင်အမှန်ကြားလတ္တံ့။
(၆၇)-ဝေသာလီတောင်တွင်း ခြေတော်ရင်းက စောင်းညှင်းတူရိယာတီးလတ္တံ့။
(၆၈)-ရက္ခပူရ ပြည်ဓညမှာ သာသနာရောင်တပြောင်ပြောင် နေလပမာထွန်းလတ္တံ့။
(၆၉)-ဥတ္တရမဓုရ ပြည်ရက္ခတွင် အကျင့်ထူးဆန်း သီလပန်းနှင့် ရဟန်း-၉-ပါးပေါ်လတ္တံ့။
(၇၀)-သာသနာ့ဒါယကာ ပေါများစွာတို့ သဒ္ဒါရွှင်လန်းဖြစ်လတ္တံ့။
(၇၁)-ရက္ခပူရ ပြည်ဓညမှာ ရွှေငွေအသပြာ ရတနာနှင့် ဆန်ရေစပါးပွါးလတ္တံ့။
(၇၂)-ရခိုင်ပြည်သူ ခပ်သိမ်းသူတို့ မေတ္တာတရားပွါးလတ္တံ့။
(၇၃)-ရက္ခပူရ ပြည်ဓညတွင် ဘာဝနာကမ္မဌာန်း စီးဖြန်းသောသူများလတ္တံ့။
(၇၄)-ငပြီဗဒုန်း မြို့ကိုဖုန်းကာ စစ်တွေမြို့ကြီးပျက်လတ္တံ့။
(၇၅)-မြစ်ဆိပ်ကမ်းနား နေသူများလည်း ဒုက္ခဘေးကြီးတွေ့လတ္တံ့။
(၇၆)-ကုလားတန်ဖျား ရွာအများကို အပိုင်ကုလားသိမ်းလတ္တံ့။
(၇၇)-သာသနာရောင်ဝါ ထွန်းသောခါ ဘူးသီးတောင်မှာ ပြင်ခေါင်ကုလားပြိုလတ္တံ့။
(၇၈)-ဂစ္ဆပနဒီ မြစ်ညာဆီက ရေမင်းထိုခါပေါက်လတ္တံ့။
(၇၉)-ရက္ခပူရ ပြည်ဌါနတွင် ရှေ့နောက်မြော်မြင် ပညာရှင်တို့ များစွာထိုခါပေါလတ္တံ့။
(၈၀)-ပညာရှိရောက်ခါ တိုင်းပြည်ရွာမှာ သာယာဝဖြိုးဖြစ်လတ္တံ့။
(၈၁)-ငြိမ်းချမ်းတိုင်းပြည် ရှိတုန်လေ စစ်သည်များစွာနာလတ္တံ့။
(၈၂)-စစ်သည်နာပြီး စည်တော်တီး ဘုမ္မိနေရောက်တောက်လတ္တံ့။
(၈၃)-ဘိုရမနတ်ကြီး စည်တော်တီး ပြည်ကြီးအောင်လံထူလတ္တံ့။
(၈၄)-နတ်မောင်းတီးခါ မိစ္ဆာတို့ မှတ်ချက်ထိုခါပျက်လတ္တံ့။
(၈၅)-ဘောင်းဒွတ်နတ်ကြီး စည်တော်တီးက ပြည်ကြီးသာယာဖြစ်လတ္တံ့။
(၈၆)-မျက်စိမျက်ဆံ ကုလားတန်က လွန်ပျံထိုခါဝဲလတ္တံ့။
(၈၇)-တချို့မယုံ တချို့ယုံ ငြင်းခုံထိုခါဖြစ်လတ္တံ့။
(၈၈)-၀ိဇ္ဖာယောင်ယောင် သီလကြောင် လည်းများလတ္တံ့။
(၈၉)-ဘုန်းကြီးတန်းကြီး အသီးသီးတို့ ပူဆွေးဒုက္ခဆိုက်လတ္တံ့။
(၉၀)-ရက္ခပူရ ပြည်ဌါနမှာ လိမ်လည်မတရား ထိုသူများလည်း ဒုက္ခဘေးကြီးသင့်လတ္တံ့။
(၉၁)-ရခိုင်ဌါန ပြည်ဓညမှာ ဂုမ္ဘန်တထောင်ထွက်လတ္တံ့။
(၉၂)-ဂုမ္ဘန်ထွက်ခါ လူမိစ္ဆာတို့ ဘယာဘေးကြီးဆိုက်လတ္တံ့။
(၉၃)-အရှေ့ထောညက် အနောက်ပျက် မုချထိုခါဖြစ်လတ္တံ့။
(၉၄)-အလယ်တရိုး ရခိုင်ပြည်မှာ ရွှေထီးမိုး ဂုဏ်တချို့လည်းတက်လတ္တံ့။
(၉၅)-ရွှေငွေအသပြာ စုထားတာလဲ အိမ်တိုင်ရာရောက်ပွါးလတ္တံ့။
(၉၆)-ရက္ခတိုင်းပြည်ချဲ့ထွင်လေ လူတွေအထွတ် မြတ်မဟာကို ထိုခါတရုတ်ပို့လတ္တံ့။
(၉၇)-တရုတ်ဝင်တိုက် သက္ကရာဇ်ကို တွေ့သစ်သင်္ချာ(အတြိန၀)မည်ရသိစက် ပြချဝေါဟာ လေသာသင်္ဘော ဖောင်နှင့်မျှော၍ သွင်းပြာအင်း၀၀င်လတ္တံ့။
(၉၈)-အင်းပေါက်၀၀င် မှိုင်းလျှင်ပျက်ပျက် ကသီမဟု ကမ်းမှလက်ျာ နမကွဲရှိ သိရိချောင်းဖျား ဒဿရာဇာ သိမ်တော်ရင်းမှာ တကာကိုးကွယ်ထားလတ္တံ့။
(၉၉)-တရုတ် ကုလား အချိန်စေ့သော် ရခိုင်ဘုရင်စကြာမင်းကို မေစန္ဒီဟု သမီးကညာတပါးဆက်လတ္တံ့။

မှတ်ချက်–
ရှေ့မူအတိုင်း မူရင်းအတိုင်း အနာဂတ်ရခိုင်ပြည်သူ ရခိုင်သားတိအတွက် ပြန်လည်ဖေါ်ထုတ်တင်ပြလိုက်ပါသည်။
အသျှင်-က္ကန္ဒာစက��
ဗေဒင်နှင့် သမိုင်းသုတေသီ။