Friday, June 28, 2013

Time Magazine ရဲ့ Buddhist Terror ကို Online မှာ လက်မှတ်ရေးထိုးကန့်ကွက်ကြပါစို့


ဒီပို့စ်ကတော့ နည်းပညာနဲ့လည်းမဆိုင်သလို သူများကို ဒုက္ခပေးဖို့လည်း မဟုတ်ပါဘူး.. ကျွန်တော်ဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်သူဖြစ်ပြီး ကမ္ဘာကျော် Times Magazine မှာ အရှင် ဝိသူရကို Buddhist Terror လို့ရေးထားတာနဲ့ပတ်သက်ပြီး မကျေနပ်သူတွေ စုပေါင်းလက်မှတ်ထိုးလို့ရမယ့် လင့်တစ်ခု ဒီနေ့ Twitter ကနေ ရရှိလာခဲ့ပါတယ်.. ကမ္ဘာကျော် Times Magazine လို အရှိန်အဝါကြီးတဲ့ Magazine က ဖေါ်ပြစွပ်စွဲလိုက်သလို ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘာသာဟာ အကြမ်းဖက်ဝါမဟုတ်ဘူးဆိုတာကို ငြင်းပယ်ဖို့ ကျွန်တော်တို့ ခုပဲ လက်မှတ်ရေးထိုးပြီး Times Magazine ကို ကန့်ကွက်ကြပါစို့..

အောက်ကလင့်ကိုသွားပါ..



ရောက်တဲ့အခါ First Time Here ? ခေါင်းစဉ်အောက်က  ကျွန်တော် အနီလေးနဲ့ ဝိုင်းပြထားတဲ့အကွက် ထဲမှာ နာမည်တစ်ခု၊ အီးမေးလိပ်စာ၊ ပြီးတော့ နိုင်ငံ.. နိုင်ငံထဲက မြန်မာဆိုရင်တော့ ညာဘက်က Post Code မှာ 11041 ကိုထည့်ပေးရမှာဖြစ်ပါတယ်.. တစ်ခြားနိုင်ငံက ဆိုရင်တော့ သက်ဆိုင်ရာ Post Code တွေကို ထည့်ပြီး Sign ကိုနှိပ်လိုက်ပါ..

ဒီပို့စ်ကို လျှင်လျှင်မြန်မြန်နဲ့ Share လုပ်ပေးပြီး ကိုယ်တိုင် သွားပြီး လက်မှတ်ရေးထိုးကြဖို့လည်း တိုက်တွန်းချင်ပါတယ်..

ကြားနေဝါဒ ရှိသူများအဖို့. ဒီပို့စ်ပါ တိုက်တွန်းချက်တွေဟာ ဘာသာရေးကို လှုံ့ဆော်တာလည်း မဟုတ်ကြောင်း သိစေချင်ပါတယ်..  ကိုယ်ကိုးကွယ်တဲ့ဘာသာဟာ အကြမ်းဖက် ဘာသာ မဟုတ်ကြောင်း ချေပရုံ သက်သက်သာဖြစ်ပါတယ်ခင်ဗျာ..


မောင်ပေါက်
(သတင်းအရင်းအမြစ်- မောင်ပေါက်ထံမှ ကူးယူလာခြင်းဖြစ်ပါသည်)

No comments: