Friday, January 31, 2014

ဘူးသီးတောင်နှင့် မောင်တောမြို့များတွင် UN နှင့် INGO များကို ဆန္ဒပြကန့်ကွက်မည်

ဘူးသီးတောင်နှင့် မောင်တောမြို့များတွင် မြို့သူမြို့သားများက ဆန္ဒထုတ်ဖေါ်ပွဲများကို ပြုလုပ်သွားရန်စီစဉ်နေပြီး ဘူးသီးတောင်တွင် မနက်ဖန် ဖေဖေါ်ဝါရီလ၁ရက်နေ့တွင် ပြုလုပ်ရန်စီစဉ်ထားပြီး မောင်တောမြို့တွင်ဖေဖေါ်ဝါရီလ ၃ ရက်နေ့၌ပြုလုပ်ရန်စီစဉ်ထားကြောင်းသိရသည်။

မြို့သူမြို့သားများ၏ တောင်းဆိုချက်များမှာ
(၁)UNHCR နှင့် INGO များ ၇ ရက်အတွင်းမောင်တောခရိုင်မှ ထွက်ခွာသွားရန်
(၂)ကုလသမဂ္ဂ မှ တဘက်သတ်မှားယွင်းကြေငြာချက်အား ပြန်လည်ရုတ်သိမ်းပေးရန်
(၃)ဒေသလုံခြုံ၊ အေးချမ်း တည်ငြိမ်ရေး နှင့် တရားသပဒေစိုးမိုးရေး
(၄)၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို အမြန်ဆုံး အကောင်အထည်ဖေါ်ပေးရန်
(၅)ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း သတ်ဖြတ်ခံရမှုအား ဥပဒေအတိုင်းအမြန်ဆုံး ဆောင်ရွက်ပေးရန်
(၆)တိုင်းရင်းသား၊ ပြည်သူများအား ကာကွယ်ရန် ရဲတပ်ဖွဲ့အား အချိန်နှင့် တပြေးညီ လုပ်ဆောင်ခွင့် ပြုရန် တို့ဖြစ်သည်။

ဘူးသီးတောင်ရဲစခန်းတွင် ခွင့်ပြုချက်တောင်းခံခဲရာ ခွင့်ပြုချက်ရပြီးဟုသိရသည်။

(ဤသတင်းကို Coral Arakan News မှ ကူးယူဖော်ပြပါသည်)

ဒုချီးရားတန်းသတင်းထုတ်ပြန်ချက် ဗြိတိန်နိုင်ငံခြားရေးဌာနပြန်ရုပ်သိမ်း



Thursday, January 30, 2014

ရခိုင်ပြည်နယ် မောင်တောမြို့ နယ် ဒုချီးရားတန်းကျေးရွာ၌ ယခု လ ၂၁ရက်က ဖြစ်ပွားခဲ့သည့်
ဖြစ်ရပ်နှင့်ပတ်သက်၍ ဘင်္ဂါလီ များအသတ်ခံရသည်ဆိုသောသက် သေမရှိသည့်သတင်းများကို အခြေ ခံ၍ စိုးရိမ်ကြောင်းကြေညာချက် ထုတ်ခဲ့ပြီး စုံစမ်းစစ်ဆေးရန် တိုက် တွန်းခဲ့သည့် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ထုတ်ပြန်ချက်ကို ပြန် လည်ရုပ်သိမ်းကြောင်းယနေ့သတင်း ထုတ်ပြန်ထားသည်။

ယမန်နေ့တွင် ရန်ကုန်မြို့ နိုင်ငံ ခြားရေးဝန်ကြီးဌာန၌ပြုလုပ်ခဲ့သည့် ဒုချီးရားတန်းဖြစ်စဉ်များအပေါ် အခြေခံသည့်သက်သေမခိုင်လုံသော သတင်းများအပေါ်ပြန်လည်ရှင်းလင်း ပွဲပြီးနောက် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာနကယခုလိုသတင်းထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ အပါ အဝင် သံအမတ်များကို ရှင်းလင်း ပြောကြား ခဲ့သည့် အဆိုပါရှင်းလင်း ပွဲပြီးနောက် သမ္မတရုံးညွှန်ကြား
ရေးမှူးဦးဇော်ဌေးက ၄င်း၏ဖေ့စ် ဘုတ်စာမျက်နှာမှတစ်ဆင့် ဒုချီး ရားတန်းပြဿနာနှင့်ပတ်သက်၍ လူ့အခွင့်အရေးခေါင်းစဉ်အောက်၌ Campaign လုပ်သူများနှင့် နိုင်ငံ တကာသတင်းဌာနများအပေါ် သဘောထားမှတ်ချက်ပြုသည့် ကြေညာချက်တစ်ခုထုတ်ပြန်ထား သည်ကိုတွေ့ရသည်။

အဆိုပါ ကြေညာချက်တွင် လူ့အခွင့်အရေး ခေါင်းစဉ်မှာ ကမ္ဘာပေါ်တွင် အော် ဟစ်ြေ<ွကးကြော်၍ကောင်းသော အကြောင်းတရားတစ်ခုဖြစ်ကြောင်း၊ ရန်ပုံငွေကောင်းလာသောအကြောင်း တရားဖြစ်ကြောင်း၊ နှစ်ပေါင်းများစွာ စနစ်တကျကွန်ရက်ချိတ်ဆက်ဆောင်ရွက်ခဲ့သော Campaign များ၏ အရှိန်အဟုန်မှာ ကြီးမားနေဆဲဖြစ်သောကြောင့် အစိုးရပြောတာမယုံ၊ Campaign သမားများ၏ အပြော အဆိုများကိုသာ ယုံကြည်ခဲ့ကြသော နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာသတင်းဌာနများအနေနှင့် မှတ်တမ်းဟောင်းများနှင့်ချိန်ထိုးကာ သတင်းမှားများကို အဟုတ်အမှန်ဟုထင်မြင်ယူဆခဲ့ကြခြင်းမှာ ယခု ဖြစ်စဉ်တွင်အထင်အရှားပေါ်ထွက်လာခဲ့ကြောင်း၊ ဆယ်စုနှစ်နှင့်ချီ၍ ထင်ကျန်ခဲ့သောပုံရိပ်ကို
အစိုးရသစ် သက်တမ်းနှစ်နှစ်ခွဲကျော်အားထုတ်မှုဖြင့် အပြီးအပြတ်ချေ ဖျက်နိုင်ရန် မလွယ်ကူကြောင်း၊ သို့သော် အတတ်နိုင်ဆုံး ချေဖျက်နိုင်ရန် အားထုတ်နေကြောင်းဖော်ပြထားသည်။

ရှင်းလင်းပွဲပြုလုပ်ခဲ့သည့် ယမန်နေ့တွင် ဒုချီးရားတန်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်မှုမှာ လူမနေသည့်နေအိမ် များအောက်တွင် ထင်းများပုံ၍မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု
ယူဆကြောင်း မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်စန်းက ဘီဘီစီသတင်းဌာနသို့ပြောကြားသည်။ အဆိုပါ မီးလောင်မှုတွင် အိမ် ၁၆လုံးဆုံးရှုံးခဲ့ကြောင်းလည်းသိရသည်။ မီးငြှိမ်းသတ်ရန်ရောက်ရှိသွားချိန်၌ အမျိုး သမီးတစ်ဦးသာတွေ့ရကြောင်းနှင့် မီးလောင်ရသည့်အကြောင်းရင်းကို အဆိုပါအမျိုးသမီးက မပြောနိုင် ကြောင်း ဘီဘီစီသတင်းဌာနက
ဖော်ပြထားသည်။

မီးလောင်မှုနှင့်ပတ်သက်၍ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ၄င်း၏ဖေ့စ်ဘုတ်စာမျက်နှာတွင် မီးလောင်မှုနှင့်မရှေးမနှောင်းမှာပင် အင်တာနက်စာမျက်နှာ များအပေါ်၌ ဘင်္ဂါလီတက်ကြွလှုပ်ရှားသူများက မီးလောင်နေသည့်ဓာတ်ပုံများဖြင့်သတင်းအမှားများ တိုက်ဆိုင်စွာ ထပ်မံထုတ်ပြန်ခဲ့ကြကြောင်း၊ တိုက်ဆိုင်မှုများ များပြားလွန်းနေခြင်းသည်မကောင်းကြောင်း၊ နိုင်ငံတကာကလည်းအခြေအနေမှန်များကို
သိရှိနားလည်သဘောပေါက်စပြုလာပြီဖြစ်ကြောင်း၊ တိုက်ဆိုင် မှုများ ဖန်တီးနေသူများကိုမေးလိုသည်မှာ
ပြဿနာဖြေရှင်းနိုင်ရန် ကူညီမလား၊ ပြဿနာများပိုဆိုးသည်ထက် ဆိုးစေရန်လှုံ့ဆော်နေ
မည်လားဟုပင်ဖြစ်ကြောင်းဖော်ပြထားသည်။

Myawady News
(ဤသတင်းအား Opposite Eye မှ ကူးယူဖော်ပြပါသည်)

စစ်တွေတွင် သစ်စက် ဖမ်းဆီးမှုများအား ရပ်ဆိုင်းပေးရန် သစ်လုပ် ငန်းရှင်များ တောင်းဆို

မိုးဝေ ၊ ရခိုင်ပြည်နယ် (မြစ်မခ)
==========================================
စစ်တွေ၊ ဇန်န၀ါရီ ၃၀ ။ ။ ရခိုင်ပြည် နယ် စစ်တွေမြို့၌ သစ်စက်များ ကို ဖမ်းဆီးခြင်းမပြုရန် သစ်လုပ် ငန်းရှင်များက သစ်တောညွှန် ကြားရေးမှူးရုံးရှေ့ ၌ တောင်းဆို ခဲ့ကြသည်ဟု သိရသည်။

ဇန်န၀ါရီ ၂၇ရက်က နေ ပြည်တော်မှ ဒုတိယညွှန်ကြား ရေးမှူး ဦးဇော်ဌေး စစ်တွေသို့ ရောက်ရှိလာပြီး သစ်စက်များ အား ၀င်ရောက်ဖမ်းဆီးခြင်း၊ လိုင်စင်သိမ်းယူခြင်းများ ပြုလုပ် သည့်အတွက် သစ်လုပ်ငန်းရှင် များကယခုကဲ့သို့ သစ်တောရုံး ရှေ့၌ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

““ဖမ်းဆီးတာက သက်ဆိုင် ရာအစိုးရအဖွဲ့တွေနဲ့လဲ တွေ့ဆုံ ဆွေးနွေး မှုမရှိဘဲဝင်ဖမ်းတာ။ အခုလိုလျှပ်တစ်ပြက်ဝင်ဖမ်း တာကိုမကျေနပ်လို့ သစ်တော ရုံးရှေ့မှာ သွားရောက်တောင်း ဆိုတာဖြစ်ပါတယ်””ဟု စစ်တွေ မြို့မှသစ်လုပ်ငန်းရှင်တစ်ဦး ကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက် ၍ ပြည်နယ်သစ်တောရုံးသို့ သွားရောက်မေးမြန်းခဲ့ရာ ၎င်းင်း ကိစ္စရပ်များကို နောက်မှပြော မည်ဟု ပြောကြားထားသည်။

သစ်စက်လုပ်ငန်းရှင်များ ကလည်း ဒေသသုံးသစ်ဖြူများ ဖမ်းဆီးခြင်းကို ချက်ချင်းရပ် ပေးရန်၊ ရခိုင်ပြည်နယ်ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို သစ်စက်လုပ်ငန်းများက ရောင်း ချပေးနေရခြင်း၊ တရားမ၀င် ဘင်္ဂါလီကျေးရွာ များ အတွက် တန်ထောင်ချီရှိနေသော သစ် များနှင့်သစ်စက်များကို စစ်ဆေး ပေးပါရန် တစ်ဦးတစ်ယောက် ၏အကြိမ်ကြိမ်တိုင်ကြား မှု ကြောင့် ဒေသ ခံ လုပ်ငန်းရှင်နှင့် လက်လုပ်လက်စားများ စား ၀တ်နေရေး အခက်အခဲဖြစ်နေ ပါသဖြင့် စိစစ်ပေးပါရန် စသည့် အချက်များအားတောင်း ဆိုခဲ့ သည်ဟုသိရသည်။

““အဲဒီနေ့က သစ်စက်ပိုင် ရှင် ရှစ်ယောက်ဖမ်းထားတယ် လို့သိရတယ်။ အဲဒီကိစ္စတွေကို လဲတောင်းဆိုခဲ့တယ်။ သဘော တူညီမှုတော့ရခဲ့ပါတယ်။ ဆက် ပြီးမဖမ်းတော့ဖို့၊ ဒါပေမဲ့စောင့် ကြည့်ရဦးမှာပါ””ဟု သစ်လုပ်ငန်း ရှင်တစ်ဦးကပြောသည်။

ယခုကဲ့သို့ စစ်တွေမြို့၌ သစ်စက်များအားဖမ်းဆီးခြင်း မှာ ဒေသခံသစ် လုပ်ငန်း ရှင်တစ် ဦးမှ အကြိမ်ကြိမ်တိုင်ကြား သ ဖြင့် နေပြည်တော်မှ ဒုတိယညွှန် ကြားရေးမှူးအဆင့်ရှိသူ ဦး ဇော်ဌေးက ပြည်နယ်အစိုးရနှင့် ညှိနှိုင်းတိုင်ပင်မှုမရှိဘဲ ဖမ်းဆီးခဲ့ ခြင်းဖြစ်သည်ဟု သစ်စက်လုပ် ငန်းရှင်တို့ကဆိုသည်။

(ဤသတင်းကို Yangon Media Group ၏ Facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်)

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်အား အရေးယူမည်



ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်အား အသရေဖျက်မှု၊ ဆူပူအောင်လှုံ့ဆော်မှု၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေမှု၊ နိုင်ငံသားကဒ်ပြားလိမ်လည်ရယူမှု
စသည့် စွဲချက်များဖြင့် တရားစွဲဆို အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလီလူမျိုးတစ်ဦးဖြစ်သော ဦးရွှေမောင်သည် နိုင်ငံသားမှတ်ပုံတင် ရရှိရေးကို လိမ်လှည့်စာရင်းသွင်း ရယူထားခြင်း ရှိ-မရှိ စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် နိုင်ငံတော်သိက္ခာကျဆင်းစေရန် သတင်းဌာနများနှင့် နိုင်ငံတကာအဖွဲ့အစည်းများသို့ မဟုတ်မမှန် သတင်းများ ဖြန့်ချိခြင်း၊ ရခိုင်ပြည်နယ်အတွင်း ဆူပူမှုများ ဖြစ်ပေါ်လာစေရန် လှုံ့ဆော်ခြင်း၊ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်ခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဂုဏ်သိက္ခာကျဆင်းစေရန် မဟုတ်မမှန် စွပ်စွဲပြောကြား အသရေဖျက်ခြင်း၊ နိုင်ငံတော်အား အကြည်ညို ပျက်စေခြင်း စသည့် လုပ်ဆောင်ချက်များ လုပ်ဆောင်ခဲ့သည့် အထောက်အထားများ တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဇန်န၀ါရီလ ၂၉ ရက်နေ့တွင် DVB သတင်းဌာန၏ မေးမြန်းချက်အား ပြန်လည် ဖြေကြားရာ၌ ဦးရွှေမောင်က "ရဲက ထိန်းချုပ်ထားလို့ အပြင်လူ ၀င်နိုင်စရာ အကြောင်း မရှိဘူး။ အပြင်လူ ၀င်ပြီးမှ မီးရှို့တယ် ဆိုရင်လည်း ဒါကို ရဲက မိမှာပဲ။ ဒါ တစ်ချက်။ နောက်တစ်ချက်က အဲဒီအနီးပတ်ဝန်းကျင်က ရွာတွေက လူတွေက ကျွန်တော့်ကို တယ်လီဖုန်းနဲ့ သေချာခိုင်မာစွာ သတင်းပို့တာကတော့ အဲဒီ ရဲတွေ ကိုယ်တိုင်ပဲ မီးရှို့ခဲ့တာ သူတို့မြင်တယ်" ဟု ထည့်သွင်း ပြောကြားခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား တရားစွဲဆို အရးယူခြင်းနှင့်ပတ်သက်၍ ဥပဒေကြောင်းအရ မည်သို့ ဆောင်ရွက်နိုင်သည် ကို တရားလွှတ်တော်ရှေ့နေပညာရှင်တစ်ဦးက "လွှတ်တော်အမတ်လည်း ဥပဒေ လိုက်နာရမှာပဲ။ ချိုးဖောက်ခွင့် မရှိဘူး ။ အရေးယူရမှာပဲ။ လွှတ်တော် ဥပဒေတွေအရ လွှတ်တော်အစည်းအဝေးခန်းထဲမှာအစည်းအဝေးကျင်းပနေတဲ့အချိန် ဆွေးနွေးတာ ပြောဆိုတာ ဆိုရင်တော့ ငြိစွန်းတဲ့ ပုဒ်မနဲ့ အရေးယူလို့ရပါတယ်။ အကယ်၍ ဦးရွှေမောင်က လွှတ်တော်အစီအစဉ်မှာ ပါဝင်ဆွေးနွေးနေတဲ့အချိန်မှာ ပြော တယ်ဆိုရင်တော့ လွှတ်တော်ဥက္ကဌက စီမံခန့်ခွဲမှုနည်းလမ်းနဲ့ပဲ အရေးယူရမယ်။ အခုကိစ္စက လွှတ်တော်အစည်းအဝေးကျင်းပချိန် မဟုတ်ဘဲ DVB ရုပ်သံနဲ့ အမေးအဖြေလုပ်ထားတာ ဆိုတော့ အရေးယူလို့ ရပါတယ်။ ဥပဒေနဲ့ ညီပါတယ်။ ခုနက ပြောတဲ့ ပြစ်မှုတွေ အကုန်လုံးနဲ့ တရားစွဲဆိုမယ် ဆိုရင်တော့ ကျူးလွန်တာ မှန်ရင် နှစ်ရှည်ထောင်ဒဏ် ကျခံရပါလိမ့်မယ်။ ဒါက အသက်ညှာဆုံး ခန့်မှန်းပြီးပြောတာပါ။ နိုင်ငံတော်သစ္စာဖောက်ဖျက်မှု ဆိုရင် သေဒဏ်အထိ ပေးလို့ ရပါတယ်" ဟု ရှင်းလင်းပြောဆိုသည်။

ဦးရွှေမောင်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဘူးသီးတောင် မြို့နယ်မှ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာခဲ့သူ
ဖြစ်သည်။ ၄င်းအား ရွေးကောက်ပွဲစည်းမျဉ်းစည်းကမ်းနှင့် ညီညွတ်ခြင်းမရှိ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းပေးရန် ပြည်သူများက လက်မှတ်ထိုး တောင်းဆိုခဲ့သော်လည်း ဥပဒေမရှိသဖြင့် အရေးယူနိုင်ခြင်းမရှိသေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က
ပြန်ကြားထားသူ (၃)ဦးတွင် အပါအ၀င် ဖြစ်သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်အများစု ပါဝင်သည့် ပြည်ထောင်စုလွှတ်တော်သည် ပြည်သူများမှ ပြန်လည်ဖြုတ်ချခွင့် (၁%)ကို မဖြစ်သင့် ဟု ဆိုကာ ပိတ်ပင်ထားခြင်း ဖြစ်သည်။

ပြည်သူ့ အာဏာ
(ဤသတင်းအား Opposite Eye မှ ကူးယူဖော်ပြပါသည်)
မူရင်းလင့်- http://www.oppositeyes.info/2014/01/blog-post_7305.html?spref=fb)

White Card ကိစ္စ၊ ရဲကိစ္စ၊ နိုင်ငံသား ကိစ္စ စစ်တွေမှာ ဆန္ဒပြပွဲလုပ်မယ်

White Card ကိုင်တဲ့ လူတွေ ရွေးကောက်ပွဲဝင်ခွင့် မဲပေးခွင့် မရဖို့၊ ရဲတွေကို ခေတ်မီ လက်နက်နဲ့ တပ်ဆင်ပေးပြီးတော့ အရေးပေါ် ပစ်မိန့်တွေ
ပေးထားဖို့၊ ၁၉၈၂ခုနှစ် နိုင်ငံသား ဥပဒေအတိုင်း နိုင်ငံသား စီစစ်ဖို့ ဖေဖော်ဝါရီလ ၃ရက်နေ့ ဆန္ဒပြမယ်။

အသေးစိတ်ကို ဆက်လက်ဖတ်ပါ။

ရခိုင်လူမှုကွန်ရက်များအနေဖြင့်သိသာရန်
........................................................

ရခိုင်လူမှုကွန်ရက် - စစ်တွေ

ယခုအချိန်တွင် ရခိုင်ပြည်မှ အသံတစ်သံထွက်ရန် အရေးပေါ်လိုအပ်နေသည်။
ရခိုင်လူမှုအဖွဲ့အစည်းများ၏ ကွန်ရက်အဖြစ် ရခိုင်လူမှုကွန်ရက်အား မြို့နယ်ပေါင်းစုံမှ စည်းလုံးညီညွတ်စွာပါဝင်ပြီး ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူမှုကိစ္စ မတိုင်မီ ဗဟိုအစိုးရအား လူထုမှ တစ်စုံတစ်ရာဖိအားပေးပြီး ပြုပြင်ပြောင်းလဲရေးလမ်းစဉ်ချက်မှတ်နိုင်ရန် အရေးပေါ် လိုအပ်လျှက်ရှိနေပါသည်။

ရခိုင်လူမှုကွန်ရက် (စစ်တွေ)အနေဖြင့် နိုင်ငံတော်အစိုးရ၏ ဆုံးဖြတ်ချက်မကျနိုင်သည့် ဆုံးဖြတ်ရခက်နေသောကိစ္စရပ်များအား ပြည်သူ့ဆန္ဒဖြင့် ၀ိုင်းရံထောက်ခံတွန်းအားပေးမှု တစ်ရပ်ပြုလုပ်ရန် အချက် (၃)ချက်ပါ ပုံစံ(၄) ငြိမ်းချမ်းစွာစီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခွင့်အား ၂၈-၁-၂၀၁၄ ရက်နေ့ ညနေ ၂ နာရီတိတိအချိန်တွင် ခွင့်ပြုစာတင်ခဲ့ကြရာ ယနေ့ ညနေ ၃ နာရီအချိန်တွင် ပုံစံ (၇)ဖြင့် ခွင့်ပြုချက်ပေးခဲ့သည်။

၁။ ၁၉၈၂ မြန်မာနိုင်ငံသားဖြစ်ခွင့်ဥပဒေအား လွှတ်တော်အတွင်းချက်ချင်းဆွေးနွေးပြီး အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန်။

၂။ White Card နှင့် ယာယီနိုင်ငံသားမှတ်ပုံတင်ကဒ် ကိုင်ဆောင်သူများသည် ဆန္ဒမဲခံယူပိုင်ခွင့်/မဲပေးပိုင်ခွင့်မရှိစေရန် ၂၀၁၄ သန်းခေါင်စာရင်းစစ်တမ်းကောက်ယူခြင်းကိစ္စ မတိုင်မှီ အစိုးရမှ တရားမ၀င်ကြောင်းကြေငြာရန်။

၃။ ဒေသခံများ၏လုံခြုံရေးကို တာဝန်ယူနေကြရသော လုံခြုံရေးဝန်ထမ်းများအား ခေတ်မီလက်နက်များတပ်ဆင်ထားပြီး အရေးပေါ်အခြေအနေများတွင် အထက်အမိန့်စောင့်နေစရာမလိုပဲ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်အရ ပစ်မိန့်ပေးထားရန်။

ဟူသောအချက် (၃)ချက်ဖြင့်
အချိန်။ ၃-၂-၂၀၁၄ ရက်နေ့တွင် နေ့လည် ၁း၀၀ တိတိ မှ ၁၅း၀၀ အထိ
နေရာ ။ ဦးဥတ္တမပန်းခြံ မှ ၀င်္ကပါကွင်းသို့

(ဤသတင်းအား Rakhine Citizen Journalists စာမျက်နှာမှ ကူးယူဖော်ပြပါသည်)

ရခိုင်ပြည်နယ်အရေး ဝင်မစွက်ဖက်ဟု ဗြိတိန်ဝန်ကြီးဆို

Photo: ရခိုင်ပြည်နယ်အရေး ဝင်မစွက်ဖက်ဟု ဗြိတိန်ဝန်ကြီးဆို

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော လူမျိုးရေး ဘာသာရေး အသွင်ဆောင် ပဋိပက္ခများနှင့် ပတ်သက်၍ ဗြိတိန် အစိုးရအနေနှင့် တစ်စုံတစ်ရာ ကြားဝင် စွက်ဖက်မှု ပြုလုပ်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အာရှရေးရာ ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာ ဝန်ကြီး Hugo Swire က ပြောကြားသည်။

မြန်မာနိုင်ငံသို့ သုံးရက်ကြာ အလည်အပတ် ခရီးစဉ်အဖြစ် ရောက်ရှိနေသော ဗြိတိန်ဝန်ကြီးက ဇန်နဝါရီလ ၃၀ ရက်နေ့က ဗြိတိန်သံရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“တကယ်တမ်း ဒီကိစ္စတွေ ဖြေရှင်းရာမှာ ကျွန်တော်တို့ အပြင်ကလူတွေ ဘာမှဝင်ပါစရာ မလိုပါဘူး။ ခင်ဗျားတို့ နိုင်ငံက နိုင်ငံရေး ခေါင်းဆောင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ ဆောင်ရွက်ရမယ့် တာဝန်တွေပါ” ဟု ဝန်ကြီးက ဆိုသည်။

ဗြိတိန်နိုင်ငံ အနေနှင့် ရခိုင်ပြည်နယ်တွင်သာမက ကချင်ပြည်နယ်ရှိ ဒုက္ခသည်များကို အကူအညီများ ပေးအပ်ခဲ့သလို ပဋိပက္ခများ၊ စစ်ပွဲများ အပြီးသတ်စေရန် ကြားဝင် ဆောင်ရွက်နေသည့် အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများကိုသာ အထောက်အပံ့များ ပေးလေ့ ရှိကြောင်း ၎င်းကဆိုသည်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ၎င်း၏ ခရီးစဉ်အတွင်း အစိုးရ အရာရှိများနှင့် တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် မောင်တောမြို့ ဒုချီးရားတန်း ကျေးရွာတွင် ဘင်္ဂါလီ ၄၀ ကျော် အသတ်ခံရသည်ဟူသော သတင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ် သွားမည်ဟု မြန်မာအစိုးရက ပြောကြားခဲ့ကြောင်း ၎င်းကဆိုသည်။
“အစကတော့ အစိုးရဘက်က ငြင်းပါတယ်။ အခုကျတော့ သူတို့ စုံစမ်းစစ်ဆေး ဖော်ထုတ်မယ်လို့ ပြောပါတယ်။ ဒါဆို အဲဒီမှာ ပဋိပက္ခတွေ တကယ်ဖြစ်ခဲ့လို့ များလား။ ဘာပဲဖြစ်ဖြစ် စုံစမ်းစစ်ဆေးမယ် ဆိုတာကိုတော့ ကျွန်တော်တို့ ကြိုဆိုပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ စုံစမ်းစစ်ဆေးရာတွင် နှစ်ဖက် အသိုင်းအဝိုင်းလုံးကို ခြုံငုံ၍ စစ်ဆေးမှုများ ပြုလုပ်သင့်ကြောင်း၊ တစ်ဖက်သတ် စုံစမ်းစစ်ဆေးမှုများကို နိုင်ငံတကာ အသိုင်းအဝိုင်းက ကျေနပ်နိုင်လိမ့်မည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးသည် ရခိုင်ပြည်နယ်သို့ ၂၀၁၃ ခုနှစ်အတွင်းက ပထမဦးဆုံးအကြိမ် ရောက်ရှိလာခဲ့ပြီး အစိုးရ အရာရှိများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ ဒုက္ခသည် စခန်းများသို့ သွားရောက် လေ့လာခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်သည် ရခိုင်ပြည်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေမှုအပေါ် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရာတွင် နိုင်ငံတကာ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အသိအမှတ်ပြု ခံထားရသည့် ပုဂ္ဂိုလ်များ ရခိုင် ပြည်နယ်သို့ သွားရောက် စစ်ဆေးခွင့်ပြုရန် တောင်းဆိုခဲ့သည်။

သို့သော် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ကိစ္စများနှင့် ပတ်သက်၍ နိုင်ငံတကာ အဖွဲ့အစည်းများ၊ သံတမန်အဖွဲ့များ အနေနှင့် ယင်းဒေသသို့ သွားရောက် လေ့လာခွင့် ပြုထားသဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများ အနေနှင့် သီးခြား စုံစမ်းစစ်ဆေးခွင့်ပေးရန် မလိုကြောင်း ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော လူမျိုးရေး ဘာသာရေး အသွင်ဆောင် ပဋိပက္ခများနှင့် ပတ်သက်၍ ဗြိတိန် အစိုးရအနေနှင့် တစ်စုံတစ်ရာ ကြားဝင် စွက်ဖက်မှု ပြုလုပ်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အာရှရေးရာ ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာ ဝန်ကြီး Hugo Swire က ပြောကြားသည်။

မြန်မာနိုင်ငံသို့ သုံးရက်ကြာ အလည်အပတ် ခရီးစဉ်အဖြစ် ရောက်ရှိနေသော ဗြိတိန်ဝန်ကြီးက ဇန်နဝါရီလ ၃၀ ရက်နေ့က ဗြိတိန်သံရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“တကယ်တမ်း ဒီကိစ္စတွေ ဖြေရှင်းရာမှာ ကျွန်တော်တို့ အပြင်ကလူတွေ ဘာမှဝင်ပါစရာ မလိုပါဘူး။ ခင်ဗျားတို့ နိုင်ငံက နိုင်ငံရေး ခေါင်းဆောင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ ဆောင်ရွက်ရမယ့် တာဝန်တွေပါ” ဟု ဝန်ကြီးက ဆိုသည်။

ဗြိတိန်နိုင်ငံ အနေနှင့် ရခိုင်ပြည်နယ်တွင်သာမက ကချင်ပြည်နယ်ရှိ ဒုက္ခသည်များကို အကူအညီများ ပေးအပ်ခဲ့သလို ပဋိပက္ခများ၊ စစ်ပွဲများ အပြီးသတ်စေရန် ကြားဝင် ဆောင်ရွက်နေသည့် အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများကိုသာ အထောက်အပံ့များ ပေးလေ့ ရှိကြောင်း ၎င်းကဆိုသည်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ၎င်း၏ ခရီးစဉ်အတွင်း အစိုးရ အရာရှိများနှင့် တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် မောင်တောမြို့ ဒုချီးရားတန်း ကျေးရွာတွင် ဘင်္ဂါလီ ၄၀ ကျော် အသတ်ခံရသည်ဟူသော သတင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ် သွားမည်ဟု မြန်မာအစိုးရက ပြောကြားခဲ့ကြောင်း ၎င်းကဆိုသည်။
“အစကတော့ အစိုးရဘက်က ငြင်းပါတယ်။ အခုကျတော့ သူတို့ စုံစမ်းစစ်ဆေး ဖော်ထုတ်မယ်လို့ ပြောပါတယ်။ ဒါဆို အဲဒီမှာ ပဋိပက္ခတွေ တကယ်ဖြစ်ခဲ့လို့ များလား။ ဘာပဲဖြစ်ဖြစ် စုံစမ်းစစ်ဆေးမယ် ဆိုတာကိုတော့ ကျွန်တော်တို့ ကြိုဆိုပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ စုံစမ်းစစ်ဆေးရာတွင် နှစ်ဖက် အသိုင်းအဝိုင်းလုံးကို ခြုံငုံ၍ စစ်ဆေးမှုများ ပြုလုပ်သင့်ကြောင်း၊ တစ်ဖက်သတ် စုံစမ်းစစ်ဆေးမှုများကို နိုင်ငံတကာ အသိုင်းအဝိုင်းက ကျေနပ်နိုင်လိမ့်မည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးသည် ရခိုင်ပြည်နယ်သို့ ၂၀၁၃ ခုနှစ်အတွင်းက ပထမဦးဆုံးအကြိမ် ရောက်ရှိလာခဲ့ပြီး အစိုးရ အရာရှိများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ ဒုက္ခသည် စခန်းများသို့ သွားရောက် လေ့လာခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်သည် ရခိုင်ပြည်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေမှုအပေါ် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရာတွင် နိုင်ငံတကာ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အသိအမှတ်ပြု ခံထားရသည့် ပုဂ္ဂိုလ်များ ရခိုင် ပြည်နယ်သို့ သွားရောက် စစ်ဆေးခွင့်ပြုရန် တောင်းဆိုခဲ့သည်။

သို့သော် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ကိစ္စများနှင့် ပတ်သက်၍ နိုင်ငံတကာ အဖွဲ့အစည်းများ၊ သံတမန်အဖွဲ့များ အနေနှင့် ယင်းဒေသသို့ သွားရောက် လေ့လာခွင့် ပြုထားသဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများ အနေနှင့် သီးခြား စုံစမ်းစစ်ဆေးခွင့်ပေးရန် မလိုကြောင်း ပြောကြားခဲ့သည်။

(သတင်းအရင်းအမြစ်- The Voice Weekly)

အမ်းရေနံပိုက်လိုင်းစခန်း မီးရှို့မှု လုပ်သားရှစ်ဦးကို ဖမ်းဆီးစစ်ဆေး

ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ သွယ်တန်းနေသည့် တရုတ်- မြန်မာ ရေနံပိုက်လိုင်း တည်ဆောက်ရေးစခန်း မီးရှို့ခံရမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား လုပ်သားရှစ်ဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း အမ်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ ရခိုင်ပြည်နယ် အမ်းမြို့နယ် တောင်စောက်ကျေးရွာရှိ ရေနံပိုက်လိုင်း တည်ဆောက်ရေး စခန်းတွင် ဇန်နဝါရီလ ၂၇ ရက်နေ့က တရုတ်လုပ်သားက မြန်မာ လုပ်သားကို ရေဖြင့်ပက်ရာမှ အချင်းများမှုများ ဖြစ်ပွားခဲ့ပြီး ပိုက်လိုင်း လုပ်သားများ နေထိုင်သည့် အဆောင်ကို မြန်မာလုပ်သား အချို့က မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းမှ သိရှိရသည်။

အဆိုပါ မီးရှို့မှုကြောင့် လုပ်သားများ နေထိုင်သည့် အဆောက်အအုံနှင့် ဒီဇယ်ဆီ ဂါလန် ၂၀၀၀ အပါအဝင် စုစုပေါင်း ကျပ် ၂၄၃၅ သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါ ရေနံပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်းတွင် တရုတ်လုပ်သား ၇၉ ဦးရှိပြီး မြန်မာဝန်ထမ်း ၁၅၀ ဝန်းကျင် ရှိကြောင်း ယင်းပိုက်လိုင်းကို အကောင်အထည် ဖော်နေသည့် SEAOP (South East Asia oil Pipeline) ထံမှ သိရှိရသည်။

ရေနံပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်းကို EAOP က အိန္ဒိယ ကုမ္ပဏီတစ်ခု ဖြစ်သည့် PunJLoyd ကုမ္ပဏီကို တည်ဆောက်ခွင့် ပေးထားပြီး အဆိုပါ အိန္ဒိယကုမ္ပဏီက Yun Nan Construction လုပ်ကိုင်ခွင့် ပေးထားခြင်း ဖြစ်သဖြင့် အဆိုပါ လုပ်သားများနှင့် SEAOP နှင့် တိုက်ရိုက် သက်ဆိုင်ခြင်း မရှိကြောင်း SEAOP က ထုတ်ပြန်ထားသည်။

မီးရှို့ဖျက်ဆီးမှုတွင် ပါဝင်ခဲ့သူ အချို့မှအပ ကျန်လုပ်သားများမှာ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ပုံမှန် အလုပ်လုပ်ကိုင်နေကြောင်း SEAOP ထံမှ သိရှိရသည်။

(သတင်းအရင်းအမြစ်- The Voice Weekly)

White Card ကိုင်ဆောင်သူများကို ရွေးကောက်ပွဲ ဝင်ခွင့်၊ မဲပေးခွင့် မပေးရန် ဆန္ဒပြမည်

ရွေးကောက်ပွဲတွင် ယာယီ သက်သေခံ လက်မှတ် (White Card) ကိုင်ဆောင်သူများကို ရွေးကောက်ပွဲဝင်ခွင့်၊ ဆန္ဒမဲပေးခွင့် မပြုဟု ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း မကောက်ယူမီ အစိုးရက တရားဝင် ထုတ်ပြန်ပေးရန် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဆန္ဒပြမည် ဖြစ်ကြောင်း အဆိုပါ အစီအစဉ်ကို ဦးဆောင်သူ ဒေါ်ညိုအေးက ပြောကြားသည်။

အဆိုပါ ဆန္ဒပြပွဲတွင် White Card ကိစ္စအပြင် ရခိုင်ပြည်နယ်တွင် လုံခြုံရေး တာဝန်ယူထားသည့် လုံခြုံရေး တပ်ဖွဲ့များကို ခေတ်မီလက်နက် တပ်ဆင်ပေးကာ အရေးပေါ် အခြေအနေများတွင် အထက် အမိန့် စောင့်နေစရာမလိုပဲ ခုခံကာကွယ်ပိုင်ခွင့်အရ ပစ်မိန့်ပေးထားရန်၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအတိုင်း နိုင်ငံသားဖြစ်ခွင့် လွှတ်တော်အချင်းချင်း ဆွေးနွေးပြီး အမြန်ဆုံး အကောင်အထည် ဖော်ရန်ဟူသည့် အချက်သုံးချက်ကို တောင်းဆိုမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဆန္ဒပြရန် စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးက တရားဝင် ခွင့်ပြုချက်ပေးထားပြီ ဖြစ်ပြီး လူဦးရေ ၅၀၀ ဦး ပါဝင်မည် ဖြစ်ကြောင်း ဒေါ်ညိုအေးက ပြောဆိုသည်။

“White Card တွေကို မဲပေးခွင့် ပေးလိုက်ရင် တိုင်းပြည် ကမောက်ကမ ဖြစ်မယ်။ မောင်တောဘက်ကနေ စီးဝင်လာတဲ့သူတွေ များနေပြီ” ဟု ၎င်းကဆိုသည်။

ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံနေရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ခေတ်မီလက်နက် တပ်ဆင်ရေးနှင့် လုပ်ပိုင်ခွင့် ပေးရေးအတွက် တောင်းဆိုခြင်း ဖြစ်ကြောင်း ဒေါ်ညိုအေးက ဆက်လက်ပြောကြားသည်။

စစ်တွေမြို့ရှိ ဘင်္ဂါလီများ နေထိုင်သည့် သဲချောင်းကျေးရွာမှ White Card ကိုင်ဆောင်ထားသူ ဦးမောင်မောင်ခင်ကမူ “၂၀၁၀ တုန်းကလည်း မဲပေးခဲ့တယ်။ အစိုးရ ကိုယ်တိုင်က White Card တွေ ထုတ်ပေးနေတာလေ၊ ကျွန်တော်တို့က မဲပေးဖို့ ဆန္ဒရှိတယ်။ ဟိုကိစ္စတွေ (လူမျိုးရေး) ကို လျစ်လျူရှုထားပါတယ်” ဟု ဆိုသည်။

လာမည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံသား မဟုတ်ဘဲ ယာယီ သက်သေခံကတ် (White Card) ကိုင်ဆောင်ထားသူများကို မဲပေးခွင့် ပြုပါက ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်မည် ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ခေါင်းဆောင် ဆရာတော် အရှင်ဝီရသူကလည်း မိန့်ကြားထားသည်။

မြန်မာနိုင်ငံတွင် White Card ကိုင်ဆောင်သူ ခြောက်သိန်းခန့် ရှိပြီး White Card ကို မည်သည့် နိုင်ငံသားဟု ခွဲခြားမရသူများကို ၁၉၅၁ ခုနှစ် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သူများ အက်ဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ (င) အရ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောဆိုထားသည်။

သို့သော်လည်း White Card ကိုင်ဆောင်သူများ ရွေးကောက်ပွဲဝင်ခွင့်၊ မဲပေးခွင့်မှာ ရွေးကောက်ပွဲ ကော်မရှင်နှင့်သာ သက်ဆိုင်သည်ဟု ၎င်းက ပြောဆိုထားသည်။

White Card နှင့် ပတ်သက်၍ လွှတ်တော်တွင် ဥပဒေများ ပြင်ဆင်ရန် ရှိနေပြီး လွှတ်တော်က ဆုံးဖြတ်ပြီးလျှင် သက်ဆိုင်ရာ ဥပဒေအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ပြောဆိုထားသည်။

(သတင်းအရင်းအမြစ်- The Voice Weekly)

ရခိုင်ရဲတပ်ကြပ်ကြီး တစ်ဦးအသတ်ခံရမှုနှင့် တရားခံ ဒုချရားတန်း အခြေအနေမှန်

ရခိုင်ပြည် မောင်တောမြို့နယ် ဒုချရားတန်း အလယ်ကျေးရွာတွင် နေထိုင်သော ဘင်္ဂလီတချို့က ရဲတကက ဦးအောင်ကျော်သိန်းအား သတ်ဖြတ်ပြီးနောက် ဒုချရားတန်း အနောက်ရွာနေအိမ်တချို့ကို မိမိတို့ဘင်္ဂလီတချို့က ဇန်နဝါရီလ ၂၈ ရက်နေ့ညဥ့်တွင် မီးတိုက်ကာ ဒေသခံရခိုင်၊ ရဲနှင့် လူထိမ်းများ အကြမ်းဖက်မီးရှီုး တိုက်ခတ်သည်ဟု သတင်းများအား ထုတ်ပြန်ခဲ့ကြောင်း မောင်တောမြို့ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မောင်တောမြို့နယ် ဒုချရားတန်းအလယ်ရွာမှ တရားခံတချို့မှာ ဇန်န၀ါရီလ ၁၃ ရက်နေ့က ယင်းနယ်မြေအခြေစိုက် ရဲတကကအား အလောင်းဖျောက် သတ်ဖြတ်မှု ဖြစ်ပေါ်ခဲ့ရာမှ ယင်းဘင်္ဂလီများနှင့် ဆက်စပ်မှုရှိနေသည့် အကြမ်းဖက်တချို့က တဖန်အကွက်ဆင်ကာ အနီးအနားရှိ အနောက်ရွာကို ရှိုးမီးများဖြင့် ထပ်မံလုပ်ဆောင်ခြင်းဖြစ်ကြောင်း အမည်မဖေါ်လိုသူက ဆိုသည်။

၎င်းဘင်္ဂလီများထံ မတရားသဖြင့် သတ်ဖြတ်ခံရသော ရဲတကက ဦးအောင်ကျော်သိန်းသည် ရဲတပ်ဖွဲ့သို့ ၁၉၉၆ ခုနှစ်က ၀င်ရောက်ခဲ့ကြောင်း၊ သူ၏ ကပနံပါတ်မှာ လ ၁၇၂၁၀၈ ဖြစ်ပြီး ရခိုင်အမျိုးသားတစ်ဦးဖြစ်ကာ မောင်တောမြို့ ခရေမြိုင်စခန်းတွင် ရဲကင်းမှူးအဖြစ် ထမ်းဆောင်နေစဉ် Jan ၁၃ ရက်နေ့က ဘင်္ဂလီများလက်ချက်ကြောင့် ကျဆုံးသွားခဲ့ခြင်းဖြစ်သည်။ တကက ဇနီး မခင်အေးလွင်သည် Jan ၂၅ ရက်နေ့က သမီးလေးတစ်ဦး ဖွားမြင်ခဲ့ကြောင်း သိရှိရသည်။
ရခိုင်ပြည်အတွင်း မှီတင်းနေထိုင်နေကြသော ဘင်္ဂလီများမှာ မိမိနေအိမ်နှင့် မိသားစုများကို မီးရှိုးသတ်ဖြတ်ကာ ဒေသခံရခိုင်နှင့် အာဏာပိုင်များက အကြမ်းဖက်ကြောင်း နိုင်ငံတကာသို့ လုပ်ဇာတ်ခင်းသော အလေ့အထရှိကြောင်း လက်ရှိမြန်မာနိုင်ငံ အစိုးရ အဖွဲ့လည်း တရားဝင် ရှင်းလင်းထားပြီး ဖြစ်သည်။

ဘင်္ဂလီများက ရခိုင်အမျိုးသား တကကအား မတရားလူသတ်မှုကျူလွန်ခြင်း ဖြစ်ပွားပြီးနောက် အခြေအနေတင်းမာနေသည့် ကာလအတွင်း ဇန်န၀ါရီလ ၂၂ ရက်နေ့က ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့်အဖွဲ့ အခင်းဖြစ်ပွားရာသို့ ရောက်ရှိခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှုများ အပါအ၀င် မော်လ၀ီများနှင့်တွေ့ဆုံကာ တရားခံဖေါ်ထုတ်ရေးနှင့် အပြစ်မရှိဘဲ ထွက်ပြေးနေသော ကျေးရွာသားများ ပြန်လည်နေထိုင်ရေး ညှိနှိုင်းဆွေးနွေးကြရာ ဇန်န၀ါရီ ၂၇ ရက်နေ့အထိ အိမ်ထောင်စု ၈၀ ခန့်ရောက်ရှိနေထိုင်ခဲ့ရာမှ အနောက်ရွာ၌ မိမိနေအိမ်များကို မီးရှိုးပြီး တဖန်အကြမ်းဖက်မှုများအား နှိုးဆွပေးလိုက်ခြင်းဖြစ်ကြောင်း မောင်တောရဲစခန်းက အတည်ပြု ပြောသည်။

မီးလောင်အခင်းဖြစ်ပွားမှုအား တာဝန်ရှိသူများက စစ်ဆေးချက်အရ လုပ်ကြံရှိုးမီးဖြစ်ကြောင်း၊ မောင်တောမြို့သို့ EU အဖွဲ့ဝင်များ ရောက်ရှိလာချိန်တွင် INGO နှင့် AZG များက ဒုချရားတန်းကျေးရွာကို ဒုက္ခသည်စခန်းအဖြစ် ပြောင်းလဲရန် တင်ပြချက်အား အတည်မပြုခြင်းများနှင့် ဆက်နွယ်မှုရှိနိုင်ကြောင်း၊ မီးလောင်ကျွမ်းသွားခဲ့သော နေအိမ် ၁၆ လုံးမှာ တဲအိမ်ငယ်လေးများဖြစ်ကာ မီးလောင် စာများထည့်သွင်းပြီး မီးရှိုးခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

မောင်တောမြို့နယ်တွင် နေထိုင်ကြသော ဘင်္ဂလီများ အနေဖြင့် ယင်းကင်းလှည့်ရဲတပ်ဖွဲ့က ၁၃ ရက်နေ့တွင် ဘင်္ဂလီအမျိုးသမီးတဦးအား မုဒိမ်းကျင့်ခဲ့ကြောင်း၊ ယင်းမှတင်းမာမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့က ကျဉ်ဆံပေါင်း ၁၀၀ ကျော်ပစ်ခတ်ခဲ့ကြောင်း၊ ရဲ၊ လူထိမ်းနှင့် ရခိုင်တို့ ပူးပေါင်းပြီး ဘင်္ဂလီများကို အကြမ်းဖက်ကြောင်း၊ ဘင်္ဂလီများမှာ အနည်းဆုံး ၂၀ ကျော်သေဆုံးခဲ့ပြီး ၅၀ ကျော်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ရဲတပ်ဖွဲ့က ဘင်္ဂလီ ၁၀၀ ကျော်ဖမ်းဆီယူသွားကြောင်း၊ ရွာလုံးကျွတ်ထွက်ပြေး၍ လွတ်မြောက်ရခြင်းဖြစ်ကြောင်းနှင့် ရဲ၊ လူထိမ်းနှင့် ရခိုင်တို့မှာ ယင်းရွာမှ အိမ်မွေးတိရိစ္ဆာန်များ၊ ဆန်စပါးများနှင့် တခြားတန်ဖိုးရှိ ပစ္စည်းများ လုယူသွားခဲ့ကြောင်းနှင့် မြန်မာအစိုးရက မောင်တောမြို့နယ်အတွင်း ကျေးရွာများ တည်ဆောက်ကာ နေအိမ် ၁၈၀၀၀ ကျော် ဆောက်လုပ်ပြီး ရခိုင်၊ သက်နှင့် ဒိုင်းနက်များ နေရာချထားပေးနေမှုအပေါ် လုံးဝမကြေနပ်မှုများ ရှိနေခြင်းများအား ဖုံးမှတဆင့် အတိုကောက်ရေးသားထားသော စာများကို နိုင်ငံတကာသို့ ယင်းဇွန် ၁၄ ရက်နေ့ကတည်းက ဖြန့်ဝေခဲ့ပြီးစာမူအရ သိရှိရသည်။

သို့သော်လည်း ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုချီရားတန်းအနောက်ရွာ ရှိုးမီးမှာ ဘင်္ဂလီများသာ ဖြစ်နိုင်ခြေရှိကြောင်း ကြားနေ တရားသူကြီးပုံစံအဖြစ် ထုတ်ပြန်ထားသည်။

ယင်းနေ့ ဒုချရားတန်းအလယ်ရွာဒေသအတွင်း ကင်းလှည့်နေသော တကက ဦးအောင်ကျော်သိန်းနှင့်အဖွဲ့အား ဘင်္ဂလီ ၅၀ ကျော်တို့က မတရားသဖြင့် ရှောင်တခင် တုတ်ဓါးအုပ်ခဲများဖြင့် ရိုက်ပေါက်ကြရာကနေ ရဲအဖွဲ့ဆုတ်ခွာချိန် လူစုကွဲသွားပြီး ယင်းရွာမြောက်သို့ ထွက်ပြေးသွားသော တကက ကျဆုံး ရခြင်းဖြစ်ကြောင်း၊ တကကအား ကျေးရွာအတွင်း အတွင်းကြွေအောင် သတ်ဖြတ်ပြီး ရဲဝတ်များ ချွတ်ကာ သင်္ချိင်းသို့ယူပြီး အသေသတ်ဖြတ်၍ မြေမြှပ်ခြင်းမှတဆင့် အလောင်းအားပြန်လည်ဖေါ်ယူပြီး ရွာဘေးချောင်းစပ်သို့ ယူသွားကြောင်းဟု စစ်ဆေးခံနေရသူ ဘင်္ဂလီအမျိုးသမီးတဦးက ထွက်ဆိုသည်ဟု fb သတင်းအရ သိရှိရသည်။

မောင်တောမြို့နယ်နှင့် ဝေးကွာနေသူများအနက် တချို့အနေဖြင့် ယခုဖြစ်ပေါ်နေသော သတင်းမှာ ဘင်္ဂလီ-ရခိုင် အခြေအနေ တင်းမာ နေကြောင်း၊ တဖန်ဆူပူမှုများ ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် fbတွင် ဖြစ်ပေါ်နေသော သတင်းများအား စောင့်ကြည့်နေကြ သော်လည်း လက်ရှိ မောင်တောမြို့နယ်အတွင်း အခြေအနေမှာ တည်ငြိမ်ဆဲဖြစ်သည်။ သို့သော်လည်း လုပ်ဇာတ်ခင်းတတ်သော အကြမ်းဖက် ဘင်္ဂလီ တချို့မှာ နိုင်ငံတကာသို့ ဆက်လက် သတင်းမှား များ ထုတ်ပြန်ရန် ကြိုးစားနေဆဲဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်အတွင်း အကြမ်းဖက်သောင်းကျန်းမှုများ ရပ်တန့်သွားစေရန်နှင့် တရားခံမှန်ဖေါ်ထုတ်ပြီး တရားဥပဒေအရ အရေးယူနိုင်ရန်မှာ လက်ရှိအာဏာရ အစိုးရအပေါ်တွင်သာ မူတည်နေသည်။
(သတင်းအရင်းအမြစ်-  Arakan Times)

အီးယူကိုယ်စားလှယ်အဖွဲ့ ဒုချီးရားတန်းရွာ လာရောက် လေ့လာ

EU meeting Arakan
Photo: Share Arakan News
ယခုလ အစောပိုင်းက ပြဿနာ ဖြစ်ပွားခဲ့သည့် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာသို့ အီးယူကိုယ်စားလှယ်အဖွဲ့မှ လာရောက်လေ့လာခဲ့သည်။
အီးယူကိုယ်စားလှယ်အဖွဲ့များမှာ ယမန်နေ့နံနက်ပိုင်းက ရဟတ်ယာဉ်နှင့်ရောက်ရှိလာခြင်း ဖြစ်ကြောင်း မောင်တောဒေသခံ အမျိုးသမီးတစ်ဦးက့ပြောသည်။
“ သူတို့ ရဟတ်ယာဉ်နဲ့ မနက် ၁၁ နာရီခန့်မှာရောက်ပါတယ်။ ရောက်ရောက်ချင်းဘဲ ဒုချီးရားတန်း ဘင်္ဂလီရွာကို ၀င်သွားပြီး ခဏအကြာမှာ ကားအစီး ၁၀ ကျော်နဲ့ မောင်တောမြို့ကို ထွက်ခွာသွားကြပါတယ်။ ဒီမှာ ခဏဘဲနေခဲ့ပါတယ်” ဟုဆိုသည်။
ဒုချီးရားတန်းကျေးရွာသို့ အီးယူကိုယ်စားလှယ်များ သွားရောက်ခဲ့စဉ် အမျိုးသမီး တချို့နှင့်တွေ့ဆုံ မေးမြန်းခဲ့သည်ဟု သူတို့ခရီးစဉ်တွင် လိုက်ပါ သတင်းယူခဲ့သူ သတင်းထောက် ကိုဖိုးသီဟက ပြောသည်။
“ သူတို့အဖွဲ့မှာ အီးယူသံအမတ်အပါအ၀င် သံအမတ် ၇ ဦးပါတယ်။ သူတို့ ဒုချီးရားတန်း ရွာကအမျိုး သမီး တွေနဲ့တွေ့တဲ့အခါ အဓိကသူတို့မေးတာက ယောင်္ကျားတွေ ဘယ်ရောက်နေလဲ။ လူတွေ အသတ်ခံရတယ် ဆိုတာ ဟုတ်သလား ဆိုတာကို မေးသွားတာတွေ့ရပါတယ်။ အမျိုးသီးကတော့ သူတို့ယောင်္ကျားတွေ ထွက် ပြေးနေကြတယ်။ ဘာကြောင်းလည်းဆိုတော့ ဖမ်းမှာကိုကြောက်လို့ ပြေးနေကြတယ်လို့ဘဲ ပြော တာတွေ့ရ ပါတယ်” ဟုယင်းက           ဆိုသည်။
အီးယူကိုယ်စားလှယ်အဖွဲ့အား မောင်တောမြို့ ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင်လည်း ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်နှင့် ပတ်သတ်ပြီး အာဏာပိုင်များမှ ရှင်းလင်းခဲ့ကြောင်း ကိုဖိုးသီဟက ယခုကဲ့သို့ ဆက်ပြောသည်။
“ ခရိုင်ရုံးမှာ ရှင်းလင်းတဲ့အခါတော့ အမှတ် (၄) ရဲတပ်ရင်းမှူး ဦးတင်ကိုကိုက ရှင်းပြပါတယ်။ ဦးတင်ကိုကို ရှင်းတာကတော့ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ပျောက်ဆုံးသွားတဲ့ အကြောင်း ကိုအသေး စိတ်ရှင်းပါတယ်။ နောက်ပြီး နိုင်ငံခြားမီဒီယာက ရေးတဲ့သတင်းဟာ မဟုတ်ဆိုတာတွေကို ရှင်းပြ ပါတယ်။ အီးယူဘက် ကတော့ ရဲတပ်ကြပ်ကြီး ပျောက်ဆုံးသွားတဲ့ ဖြစ်စဉ်ကို အသေးစိတ်မေးပါတယ်။ အီးယူဘက်က ရဲတပ်သားတွေ ကို အကြမ်းဖက်နှိမ်နှင်းရေး သင်တန်းတွေပေးနေတယ်။ အဲဒီ သင်တန်းကို ဒီကရဲတပ်ဖွဲ့ဝင်တွေ မတက်ကြဘူး လားဆိုတာတွေကို မေးသွားတယ်”  ဟု ဆိုသည်။
မောင်တောခရိုင်အုပ်ချုပ်ရေးမှူရုံးတွင် ပြုလုပ်သည့် ရှင်းလင်းပွဲအပြီး နေ့လည်ပိုင်းတွင် အီးယူကိုယ် စားလှယ်များ မောင်တောမြို့မှ ထွက်ခွာသွားကြောင်း သိရသည်။
ဇန်န၀ါရီ ၂၉ ရက်နေ့ကလည်း အီးယူကိုယ်စားလှယ်အဖွဲ့သည် စစ်တွေမြို့မှ ရပ်မိရပ်ဖများနှင့် စစ်တွေဟိုတယ် တွင် တွေ့ဆုံခဲ့သည်။
ယင်းတွေ့ဆုံပွဲတွင် စစ်တွေမြို့မိမြို့ဖများဘက်မှ ယခင်စစ်အစိုးရကို ဖိအားပေးလို၍ လူ့အခွင့်အရေး ကို ရှေ့တန်းတင်ပြီး ဘင်္ဂလီများဘက်မှ တဖက်သတ် ဘက်လိုက်ဆောင်ရွက်ပေးနေမှုများကို ယခုလို ဒီမိုကရေစီ နိုင်ငံအဖြစ် တည်ဆောက်နေ သည့်ကာလမျိုးတွင် မပြုလုပ်သင့်ကြောင်း။  ဒီမိုကရေစီ အစိုးရ တစ်ရပ်သည် မိမိလူထု၏ဆန္ဒ နှင့် အုပ်ချုပ်ရမည်လား  နိုင်ငံတကာဆန္ဒနှင့် အုပ်ချုပ်ရမည်လား ဆိုတာကို ဒီမိုကရေစီ EU နိုင်ငံများ နားလည်နိုင်မည် ဖြစ်ကြောင်းနှင့် EU ဥရောပသံတမန်တို့ အနေ ဖြင့် လိမ်လည်လုပ်ကြံထားသည့် အတည်မပြုနိုင်သော သတင်းများကို ချင့်ချင့်ချိန်ချိန် သုံးသပ်ပြီးမှ ကြေငြာချက်များ ထုတ်သင့်သည် ဆိုသည့် အချက်များအပါအ၀င် လတ်တလော အခြေအနေများကို ဆွေးနွေး တင်ပြခဲ့ကြကြောင်း အီးယူကိုယ် စားလှယ် များနှင့် တွေ့ဆုံရာတွင် ပါဝင်ခဲ့သည့် စစ်တွေမြို့မှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးသန်းထွန်းက သူ၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဒုချီးရားတန်းရွာ မီးရှို့မူ ရဲတွေကိုယ်တိုင် ပါဝင်ပတ်သက်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင် စွပ်စွဲ

MP-Shwe-Maung
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း အနောက်ရွာမှာ ဒီလ ၂၈ ရက်နေ့ ညနေက မီးရှို့မူ တစ်ခု ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၁၆ ဆောင် မီးထဲပါသွားခဲ့ပါတယ်။
ဒီမီးရှို့မူဟာ ရွာကို ရဲတွေ ကိုယ်တိုင် ထိန်းချုပ်ထားတဲ့ အတွက် အပြင်လူ ၀င်လာစရာမရှိတာကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေ ကိုယ်တိုင် ပါဝင်ပတ်သက်နေတယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က ဒီမိုကရက်တစ် မြန်မာအသံ DVB နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ စွပ်စွဲ ပြောကြားပါတယ်။
ရဲတွေကိုယ်တိုင် ပါဝင် ပတ်သက်နေတဲ့ အကြောင်း ဥင်္ီးရွှေမောင်က ခုလို ပြောဆိုပါတယ်။
“ ရဲကထိမ်းချုပ်ထားတဲ့အတွက် အပြင်လူဝင်လာနိုင်စရာ အကြောင်းမရှိဘူး။ အပြင်လူဝင်ပီးမှ မီးရှို့ရင်လည်း ဒါကို ရဲကမိမှာပေါ့။ ဒါတစ်ချက်။ နောက်တချက်က အဲဒီ အနီးပတ်ဝန်းကျင်က လူတွေက ကျွန်တော့်ကို ဖုန်းဖြင့် သေချာခိုင်မာတိကျစွာ သတင်းပို့တာကတော့ အဲဒီ ရဲတွေကိုယ်တိုင် မီးရှို့နေတာကို သူတို့ကိုယ်တိုင်မြင် တယ်တဲ့။ ဒါက ဒီသတင်းစာရှင်းပွဲရှိလို့ တိုက်ဆိုင်ပီးမှ လုပ်နေတာလို့ သုံးသပ်မလား။ သို့မဟုတ် ကျွန်တော်ပြောတဲ့ ဟာကိုလည်း သုံးသပ်ပြီးမှ၊ ဒါ ဖြစ်နိုင်ခြေရှိတဲ့  ဒီလုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ သူတို့ကိုယ်တိုင် မရှို့ရင်တောင်မှ သူတို့ရဲ့ပေါ့ဆမှု။ မဟုတ်ရင် သူတို့ပူးပေါင်းဆောင်ရွက်မှု၊ သို့မဟုတ် အခြားရွာအပြင်ကလာတဲ့ သူတွေကိုမှ သူတို့က မသိသလိုနေပြီး တော့ မီးရှို့မှုတွေဖြစ်သွားပြီးတော့ ပြဿနာကို ရှုပ်သထက် ရှုပ်ထွေးအောင် ဖန်တီးတာဘဲလို့ ကျွန်တော်က အဲလိုဘဲ ပြောချင်တယ်။”
ဒီသတင်းကို DVB သတင်းထောက် ဒေါ် ခင်ရူပါကနေ DVB TV ကနေ ဒီလ ၂၉ ရက်နေ့မှာ ထုတ်လွှင့်ခဲ့ပြီး အဲဒီလင့်မှာ http://www.youtube.com/watch?v=W_l56XGqxNk&feature=youtu.be  မှာ ကြည့်ရှု့နိုင်ပါတယ်။
ခုလို မြန်မာနိုင်ငံရဲ့ အဆင့်မြင့်ဆုံး လွှတ်တော်မှာ ဥပဒေပြုနေတဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက တရား ဥပဒေစိုးမိုးရေးကို ဆောင်ရွက်နေတဲ့ နိုင်ငံဝန်ထမ်း ရဲတပ်ဖွဲ့ဝင်တွေကို ခုလို ပြည်သူပိုင် အိမ်ယာတွေကို မီးရှို့တယ်လို့ လူသိရှင်ကြား စွပ်စွဲလိုက်တဲ့ အတွက် နောက်ဆက်တွဲ ဘာတွေ ဖြစ်လာမလဲဆိုတာကိုတော့ အများပြည်သူတွေက အထူး စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Thursday, January 30, 2014

ပြည်ပစုံစမ်းရေးအဖွဲ့ဝင် ပါဝင်ရေး အစိုးရပယ်ချ

wunna-mg-lwin-bali-305
၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း အာဆီယံ ထိပ်သီးညီလာခံသို့ တက်ရောက် ခဲ့သော နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို တွေ့ရစဉ်
Photo: RFA
မောင်တောမြို့နယ် ဒုချီးရားတန်း အရေးအခင်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာ စုံစမ်းရေးအဖွဲ့ဝင်တစ်ဦး ပါဝင်စုံစမ်းစစ်ဆေးခွင့်ပေးဖို့ အမေရိကန်သံအမတ်ကြီး က တောင်းဆိုခဲ့တာကို မြန်မာနိုင်ငံခြားရေးဝန်ကြီးက ပယ်ချခဲ့တယ်လို့ သြစတြေးလျအခြေစိုက် ABC သတင်းဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
ရန်ကုန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ မနေ့က ကျင်းပပြုလုပ်တဲ့ သံတမန်တွေကို ရှင်းလင်းပွဲမှာ အခုလို ငြင်းဆိုခဲ့တာလို့ သိရပါတယ်။ သတင်းမီဒီယာတွေကို ၀င်ရောက်သတင်းရယူခွင့် ကန့်သတ်ခဲ့တဲ့အတွက် ဒီကနေ့ကျမှ သတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒုချီးရားတန်းရွာမှာ ရွာသားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတယ်လို့ နိုင်ငံတကာ သတင်းမီဒီယာတွေ နဲ့ လူ့အခွင့်ရေးအဖွဲ့တွေက စွပ်စွဲဝေဖန် ပြောဆိုနေ တာတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာနက သံတမန်တွေကို မနေ့က ရှင်းလင်းရာမှာ အမေရိကန်သံအမတ်ကြီး Derek Mitchell က နိုင်ငံတကာ စုံစမ်းရေးမှူးတစ်ဦး ထည့်သွင်းစုံစမ်းပေးဖို့  အကြံပြုတင်ပြခဲ့ပါတယ်။
ဖြစ်နိုင်မယ်ဆိုရင် စုံစမ်းစစ်ဆေးရာမှာ နိုင်ငံတကာက ကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦး ထည့်ပေးဖို့၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ယုံကြည်လက်ခံနိုင်မယ့် စုံစမ်းစစ်ဆေးရေးမှူးတစ်ဦးကို ထည့်သွင်းပေးဖို့ တောင်းဆိုလိုကြောင်း၊ ဒါဆိုရင် ရခိုင်ပြည်နယ်က ပြည်သူတွေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွက်ပါ ဒီစုံစမ်းစစ်ဆေးမှုဟာ ပြည်သူ လူထုက သက်သက်စုံစမ်းတာမျိုး၊ ဒါမှမဟုတ် မြန်မာအစိုးရချည်းသက်သက် စုံစမ်းတာမျိုး မဟုတ်တော့ ဘဲ နိုင်ငံတကာအသိုင်းဝိုင်းက စိတ်ချယုံကြည်မှာဖြစ်ကြောင်း အမေရိကန်သံအမတ်ကြီးက ပြောပါတယ်။
ဒီလိုတောင်းဆိုရာမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဒီစုံစမ်းစစ်ဆေးမှုဟာ မြန်မာနိုင်ငံ ရဲ့ ပြည်တွင်းရေးသာဖြစ်ကြောင်း၊ ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊  ပြည်ပ ကိုယ်စားလှယ်တစ်ဦးကို ထည့်သွင်းနိုင်မှာ မဟုတ်ကြောင်း ငြင်းဆိုခဲ့ပါတယ်။
(သတင်းအရင်းအမြစ်- RFA)

ဘင်္ဂါလီများ အသတ်ခံရသည်ဟု စွပ်စွဲမှု အထောက်အထားရှိက ဆက်သွယ်နိုင်ဟု ကော်မရှင် အတွင်းရေးမှူးဆို

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဘင်္ဂါလီ ၄၀ ခန့် သတ်ဖြတ် ခံရသည်ဟု နိုင်ငံတကာ မျက်နှာစာတွင် သတင်းများ ပျံ့နှံ့နေသည့်ကိစ္စနှင့် ပတ်သက်ပြီး အထောက်အထားများ ရှိပါက ဆက်သွယ် ပေးပို့နိုင်ကြောင်း ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင် အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်က ပြောကြားသည်။

ဘင်္ဂါလီများ သတ်ဖြတ်ခံရသည်ဟု အင်တာနက် စာမျက်နှာများတွင် တွေ့ရှိရသော်လည်း ယင်းဖြစ်စဉ်များ ဖြစ်ပွားသည့် မောင်တောဒေသသို့ ကွင်းဆင်းကာ ဘင်္ဂါလီ ၇၀ ခန့်ကို မေးမြန်းစုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် ဘင်္ဂါလီများ သတ်ဖြတ်ခံရသည့် အထောက်အထားများ မတွေ့ရကြောင်း ၎င်းကဆိုသည်။
“ဘင်္ဂါလီတွေ သတ်ဖြတ်ခံရတဲ့ တိကျတဲ့ သက်သေ အထောက်အထားတွေ ရှိရင် ကော်မရှင်ကို ဆက်သွယ်ပါ။ စုံစမ်း စစ်ဆေးသွားမယ်” ဟု ဒေါက်တာ ကျော်ရင်လှိုင်က ထပ်မံပြောကြားသည်။

မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာတွင် ဇန်နဝါရီလ ၁၃ ရက်နေ့က ဘင်္ဂါလီများ တိုက်ခိုက်၍ ရဲတပ်ကြပ်ကြီး တစ်ဦး ပျောက်ဆုံးမှု သတင်းသည် နိုင်ငံတကာ စာမျက်နှာများတွင် ဘင်္ဂါလီ ၄၀ ခန့် သတ်ဖြတ်ခံရသည်ဟု ပျံ့နှံ့နေလာပြီးနောက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာအစိုးရကို ဖိအားပေးခဲ့ကြသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပြုလုပ်သည့် ရန်ကုန်မြို့တော် နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ သံတမန်များကို ရှင်းပြသည့် အခမ်းအနားတွင် ဒေါက်တာ ကျော်ရင်လှိုင်က အထက်ပါအတိုင်း ပြောဆိုသော်လည်း ဘင်္ဂါလီများ သတ်ဖြတ်ခံရသည့် သတင်းများကို ထုတ်ပြန်ခဲ့သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ ကိုယ်တိုင် မျက်နှာချင်းဆိုင် တရားဝင် ထုတ်ပြန် ပြောဆိုမှုများ မရှိခဲ့ပေ။

အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည့် ဒုချီးရားတန်း ကျေးရွာအုပ်စုတွင် ဘင်္ဂါလီလူမျိုး ၈၀ ရာခိုင်နှုန်းရှိပြီး ရခိုင် တိုင်းရင်းသား ၂၀ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တွင် ပါရှိသည်။
“အခုဖြစ်တဲ့ နေရာမှာ ဘင်္ဂါလီ နှစ်သောင်းကျော် ရှိတယ်။ ရခိုင်က သုံးထောင်အောက်ပဲ ရှိတယ်။ ဒီလို အခြေအနေမှာ ဘင်္ဂါလီတွေကို တိုက်ခိုက်ဖို့ဆိုတာ အရမ်းခက်ခဲတဲ့ ကိစ္စပါ” ဟု ဒေါက်တာကျော်ရင်လှိုင်က ဆိုသည်။

မောင်တောတွင် တရားဥပဒေ စိုးမိုးရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းကို ဥပဒေမဲ့ တိုက်ခိုက်ခံခဲ့ရပြီး ယင်းလုပ်ရပ်သည် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်ရာ ရောက်ကြောင်း၊ အဖွဲ့အစည်းများ အနေနှင့် သတင်းထုတ်ပြန်ရာတွင် ခိုင်လုံသည့် အချက်အလက်များကို အခြေခံထုတ်ရန် လိုအပ်ပြီး အခြေအမြစ် မရှိသည့် အချက်အလက်များကို ထုတ်ပြန်လျှင် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေနိုင်သည့် အပြင် ဒေသလူထုကလည်း လုံးဝ ခွင့်လွှတ်မည် မဟုတ်ကြောင်းကို သတိပြုစေလိုကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြောကြားသည်။

ဒေါက်တော ကျော်ရင်လှိုင်သည် ဟောင်ကောင်စီးတီး တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံ တွဲဖက် ပါမောက္ခအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

(သတင်းအရင်းအမြစ်- The Voice Weekly)

အစိုးရကို နိုင်ငံတကာ ဖိအားပေးလာရန် ဘင်္ဂါလီများ သတင်းမှားဖန်တီးဟု ဦးရဲထွဋ်ဆို

မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းနေလျှင် ဘင်္ဂါလီများကို ခေါ်လိုသည့် လူမျိုးအမည်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ တိုင်းရင်းသား အခွင့်အရေးများ ပျောက်ကွယ်သွားမည်ကို စိုးရိမ်၍ နောက်ကွယ်က လှုပ်ရှားသည့် အဖွဲ့များက သတင်းမှားများ ဖန်တီးကာ နိုင်ငံတကာ စာမျက်နှာများပေါ် ဆွဲတင်နေကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းတွင် လုံခြုံရေးကင်းတပ်ဖွဲ့ တိုက်ခိုက်ခံခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်မြို့တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနရုံးတွင် ဇန်နဝါရီလ ၂၈ ရက်နေ့က နိုင်ငံတကာ သံတမန်များကို တွေ့ဆုံ ရှင်းလင်းသည့် အခမ်းအနား အပြီးတွင် ၎င်းက မီဒီယာများကို ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး အဖွဲ့ (RSO) အပါအဝင် ဘင်္ဂါလီအရေး လှုပ်ရှားနေသည့် အဖွဲ့အစည်း များသည် အဆိုပါ တောင်းဆိုချက်များ ပျောက်ကွယ် သွားမည်ကို စိုးရိမ်၍ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဦးရဲထွဋ်က ဆိုသည်။
“ဘင်္ဂါလီတွေကို သူတို့ခေါ်ချင်တဲ့ နာမည်နဲ့ ခေါ်ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တောင်းချင်တာတွေ၊ တိုင်းရင်းသား တောင်းချင်တဲ့ ကိစ္စတွေ ပျောက်ကွယ်သွားမှာ စိုးရိမ်လို့။ ပြဿနာ တစ်ခုဖြစ်တိုင်း သတင်းမှားကြီး လုပ်ပြီး နိုင်ငံတကာ စာမျက်နှာကို ဆွဲတင်နေတာ” ဟု ၎င်းက ထပ်မံ ပြောကြားသည်။

မောင်တောမြို့နယ်တွင် ဘင်္ဂါလီများ နေထိုင်သည့် ဒုချီးရားတန်း ကျေးရွာတွင် ဇန်နဝါရီလ ၁၃ ရက်နေ့က ဘင်္ဂါလီများ တိုက်ခိုက်၍ ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးနေသည့် သတင်းအစား မြန်မာ တိုင်းရင်းသားများက တိုက်ခိုက်၍ ဘင်္ဂါလီ ၄၀ ခန့် သေဆုံးကြောင်း နိုင်ငံတကာ မျက်နှာစာတွင် ပျံ့နှံ့ခဲ့သည်။

အဆိုပါ သတင်းမှားကို နောက်ကွယ်က လှုပ်ရှားသည့် အဖွဲ့များက မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူချိန်၊ မကြာမီ ပြုလုပ်မည့် သန်းခေါင်စာရင်း ကောက်ယူမည့် လုပ်ငန်းများနှင့် အချိန်ကိုက် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဦးရဲထွဋ်က ဆိုသည်။

မောင်တောမြို့နယ်တွင် ရခိုင် ဒုက္ခသည်များသာရှိပြီး ဘင်္ဂါလီဒုက္ခသည် မရှိသော်လည်း မောင်တောတွင် ဘင်္ဂါလီ ဒုက္ခသည် စခန်းဖွင့်ရန် ဘင်္ဂါလီအချို့က နိုင်ငံတကာ အဖွဲ့အစည်းအချို့နှင့် ပူးပေါင်း၍ လုပ်ဆောင်မှုများ ရှိနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ရခိုင်ပြည်နယ် အခြေစိုက် မေယု တောင်တန်းဒေသ ကွန်ရက်ပြောရေးဆိုခွင့် ရှိပြီး ရိုဟင်ဂျာဟုဆိုသူ ဦးကျော်စိုးအောင်ကမူ “ရှင်းရှင်းပြောရရင် ဒါကနိုင်ငံရေး လှည့်ကွက် တစ်ခုလို့ပဲ မြင်တယ်။ ဒီလူမျိုးနဲ့ ဒီဘာသာကို အသုံးချနေတာပါ” ဟု ၎င်းအမြင်ကို ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် ပဋိပက္ခနှင့် ပတ်သက်၍ ကာတာနိုင်ငံ အခြေစိုက် အယ်လ်ဂျာဇီးရား သတင်းဌာနက ၂၀၁၂ ခုနှစ် ဒီဇင်ဘာတွင် လူမျိုးတုံး သတ်ဖြတ်မှု အမည်ရ ရုပ်သံမှတ်တမ်းကို ထုတ်လွှင့်ခဲ့ပြီး လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) အဖွဲ့က ထုတ်ပြန်ခဲ့သည့် ‘တောင်းဆုခြွေရုံမှတစ်ပါး အခြားမရှိပါ- မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ’ အမည်ရ စသည့် အစီရင်ခံစာ များကိုလည်း မြန်မာအစိုးရက ကန့်ကွက်ထားသည်။

(သတင်းအရင်းအမြစ်- The Voice Weekly)

မောင်တောအကြမ်းဖက်မှု နိုင်ငံတကာ စုံစမ်းခွင့်ပေးရန် အမေရိကန်တောင်းဆိုမှု မြန်မာပယ်ချ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုသည် ပြည်တွင်းတွင် စုံစမ်းစစ်ဆေးရမည့် ကိစ္စဖြစ်၍ နိုင်ငံတကာ ကိုယ်စားလှယ်များ ဝင်ရောက် စုံစမ်းစစ်ဆေးခွင့် ပေးရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် တောင်းဆိုမှုကို လက်မခံနိုင်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပယ်ချလိုက်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှုများနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် နိုင်ငံခြားရေး ဝန်ကြီးရုံးတွင် ဇန်နဝါရီလ ၂၈ ရက်နေ့က နိုင်ငံတကာ အဖွဲ့အစည်းများ၊ သံတမန်များနှင့် တွေ့ဆုံစဉ် ယင်းကိစ္စကို နိုင်ငံတကာ အဖွဲ့များကို စုံစမ်းစစ်ဆေးခွင့် ပေးရန် တောင်းဆိုမှုကို ၎င်းက ယင်းသို့ ငြင်းပယ် လိုက်ခြင်း ဖြစ်သည်။
“ဒီကိစ္စက ကျွန်တော်တို့ ပြည်တွင်းရေးကိစ္စပါ။ ပြည်တွင်းမှာပဲ စုံစမ်းစစ်ဆေးရမယ်။ ပြည်ပက ပါဝင်စရာ အကြောင်းမရှိဘူး” ဟု ဦးဝဏ္ဏမောင်လွင်က ပြောဆိုသည်။

မောင်တောမြို့နယ် ဒုချီးရားတန်းတွင် ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ သံတမန်အဖွဲ့များကို သွားရောက် လေ့လာခွင့် ရရှိရန် စီစဉ်ပေးထားပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများကလည်း သွားရောက် လေ့လာလျက် ရှိကြောင်း၊ ဥရောပသမဂ္ဂ အဖွဲ့များကိုလည်း သွားရောက် လေ့လာခွင့် ပြုထားသဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများ သီးခြားစုံစမ်း စစ်ဆေးခွင့်ပေးရန် မလိုကြောင်း ၎င်းကဆိုသည်။

ဒုချီးရားတန်း ကျေးရွာတွင် ဘင်္ဂါလီများ တိုက်ခိုက်၍ ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးမှု သတင်းသည် နိုင်ငံတကာ စာမျက်နှာများတွင် ဘင်္ဂါလီ ၄၀ ခန့် သတ်ဖြတ်ခံရသည်ဟု ပျံနှံ့နေလာပြီးနောက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာအစိုးရကို ဖိအားပေးခဲ့သည်။

မြန်မာအစိုးရက ပြုလုပ်သည့် စုံစမ်းစစ်ဆေးမှုတွင် ပြည်တွင်း ကိုယ်စားလှယ်များသာ ပါဝင်သဖြင့် ယင်းအစီရင်ခံစာကို နိုင်ငံတကာ အသိုင်းအဝိုင်း အသိအမှတ်ပြုရန် နိုင်ငံတကာ ကိုယ်စားပြု ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ် ပြုခံထားရသူများ ပါဝင်သည့် အဖွဲ့ကို ရခိုင်ပြည်နယ်သို့ သွားရောက်၍ စုံစမ်းစစ်ဆေးခွင့်ပြုရန် မြန်မာနိုင်ငံ သမ္မတကို တိုက်တွန်းကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ်မစ်ချဲလ်က ပြောကြားသည်။
“ဒီလို အကြမ်းဖက်တဲ့ ဖြစ်ရပ်တွေ အပေါ်မှာ အမေရိကန်နိုင်ငံကလည်း စိတ်ပူတယ်။ မြန်မာနိုင်ငံမှ မဟုတ်ဘူး တစ်ကမ္ဘာလုံးမှာ ဒီလို ဖြစ်နေတာတွေကို စောင့်ကြည့်နေတာ” ဟု ၎င်းကဆိုသည်။

မောင်တော ဖြစ်စဉ်ကို လေ့လာရန် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့ သွားရောက် စစ်ဆေးပြီးဖြစ်ကာ ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့နှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တို့လည်း ထပ်မံသွားရောက်မည် ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးမှု များကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နေသဖြင့် နိုင်ငံတကာကို ဝင်ရောက် စုံစမ်းခွင့်ပေးရန် မလိုကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

“နိုင်ငံတကာနဲ့ ပူးပေါင်းတယ်ဆိုတာ ပြည်တွင်းအရေးကို အကန့်အသတ်မရှိ ဝင်ရောက် စွက်ဖက်ဖို့ ခွင့်ပြုတာ မဟုတ်ဘူး။ ပူးပေါင်း ဆောင်ရွက်ရေးကြောင့် အချုပ်အခြာအာဏာကို သူတို့ ဝင်ရောက် ပြောချင်တိုင်းပြောဖို့ ခွင့်ပြုထားတာ မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

ဒုချီးရားတန်းကျေးရွာ အုပ်စုသည် မောင်တောမြို့နှင့် ငါးမိုင်ခန့် ကွာဝေးပြီး ဘင်္ဂါလီ လူဦးရေး ၈၀ ရာခိုင်နှုန်းရှိပြီး ရခိုင် ၂၀ ရာခိုင်နှုန်း ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မောင်တောမြို့နယ် ခရေမြိုင် ကျေးရွာမှ ရဲတပ်ဖွဲ့ဝင် လေးဦးနှင့် ကင်းချောင်း၊ ခရေမြိုင်၊ ဒုချီးရားတန်း ကျေးရွာများတို့မှ ရွာလူကြီး သုံးဦးအဖွဲ့သည် ဇန်နဝါရီလ ၁၃ ရက်နေ့က ဘင်္ဂါလီများ နေထိုင်သည့် ဒုချီးရားတန်း ကျေးရွာ ရောက်ရှိရာတွင် ဘင်္ဂါလီများက တိုက်ခိုက် ခံရသဖြင့် ရဲတပ်ကြပ်ကြီးတစ်ဦးနှင့်၎င်းကိုင်ဆောင်သည့်အမ်၂၂ မောင်းပြန် သေနတ်တစ်လက် ပျောက်ဆုံးနေဆဲ ဖြစ်သည်။

(သတင်းအရင်းအမြစ်- The Voice Weekly)

အတည်ပြုထားသည့် သတင်းများကိုသာ ထုတ်ပြန်ရန် ကုလကို မြန်မာအစိုးရတောင်းဆို

ကုလသမဂ္ဂ အနေနှင့် သတင်းများ ထုတ်ပြန်ရာတွင် အတည်ပြုထားသည့် သတင်းများကိုသာ ထုတ်ပြန်ရန် ကုလသမဂ္ဂ အထွေထွေ ညီလာခံက ချမှတ်ထားသည့် ကြေညာချက်အတိုင်း လိုက်နာရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။

မောင်တော ဖြစ်စဉ်နှင့် ပတ်သက်၍ ဇန်နဝါရီလ ၂၃ ရက်နေ့က ရန်ကုန်မြို့တော် နိုင်ငံခြားရေး ဝန်ကြီးဌာနရုံးတွင် သံတမန်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာတွင် ဘင်္ဂါလီများ တိုက်ခိုက်၍ ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံး ခဲ့သော်လည်း ကုလသမဂ္ဂ ထုတ်ပြန်ရာတွင် ဒုချီးရားတန်း ကျေးရွာ၌ လုံခြုံရေးများနှင့် ရခိုင်တိုင်းရင်းသားများ တိုက်ခိုက်၍ ဘင်္ဂါလီ လေးဆယ်ခန့် သေဆုံး ခဲ့သည်ဟုဆိုကာ ယင်းကိစ္စကို စုံစမ်းစစ်ဆေးပေးရန် မြန်မာအစိုးရကို တောင်းဆိုခဲ့သည်။

မောင်တော အကြမ်းဖက်မှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရာတွင် နိုင်ငံတကာ မီဒီယာများ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ အနေနှင့် မသေချာသည့် အချက်အလက်များကို ထုတ်ပြန်ခဲ့ကြောင်း ဦးဝဏ္ဏမောင်လွင်က ဆိုသည်။
“UN ညီလာခံကလည်း သတင်းထုတ်ပြန်တဲ့အခါ တိကျသေချာပြီး UN ကြေညာချက်အတိုင်း လိုက်နာဖို့ လိုအပ်တယ်။ နိုင်ငံတကာ မီဒီယာတွေက ထုတ်ပြန်တဲ့ အခါမှာလည်း တိကျသေချာပြီး ယုံကြည်စိတ်ချမှု ရှိဖို့လိုတယ်” ဟု ၎င်းကဆိုသည်။

ကုလသမဂ္ဂ သတင်းပြန်ကြားရေးဌာန ဆက်သွယ်ရေး အရာရှိ ဦးအေးဝင်းကမူ ဦးဝဏ္ဏမောင်လွင်၏ ပြောဆိုချက်နှင့် ပတ်သက်၍ မှတ်ချက်ပေးစရာ မရှိကြောင်း ပြောဆိုသည်။

နိုင်ငံတကာ သတင်းဌာနများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ အနေနှင့် သတင်းထုတ်ပြန်ရာတွင် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများနှင့် ဆက်သွယ်စုံစမ်း အတည်ပြုထားသော သတင်းများကိုသာ ထုတ်ပြန်ရန်၊ အစိုးရ အတည်ပြုချက်မရှိဘဲ သတင်းထုတ်ပြန်မှုသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ရာ ရောက်ကြောင်း ဇန်နဝါရီလ ၂၄ ရက်နေ့က နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

(သတင်းအရင်းအမြစ်- The Voice Weekly)

ဥရောပသမဂ္ဂအဖွဲ့ ရခိုင်ရောက်ချိန် အချိန်ကိုက် မောင်တောတွင် မီးရှို့မှုဖြစ်ဟု အစိုးရဆို

ရခိုင်ပြည်နယ်တွင် တည်ငြိမ်မှု ရှိနေပြီဟု ပြည်ထောင်စုဝန်ကြီးများက သံတမန်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ တွေ့ဆုံရှင်းလင်းချက်မှာ မှန်ကန်မှု မရှိကြောင်း ပြသရန်နှင့် ဥရောပသမဂ္ဂအဖွဲ့ ရခိုင်သို့ ရောက်ရှိရန် တစ်ရက်အလိုတွင် မောင်တောမြို့ ဒုချီးရားတန်း ကျေးရွာတွင် ဇန်နဝါရီလ ၂၈ ရက်နေ့ညပိုင်းက မီးရှို့မှု ဖြစ်ပွားခဲ့ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။

အဆိုပါ မီးရှို့မှု ဖြစ်စဉ်သည် ရခိုင်ပြည်နယ်သို့ ဥရောပသမဂ္ဂ သံရုံးမှ သံအမတ်ကြီး ဦးဆောင်သော မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံတကာ သံရုံးများမှ သံအမတ်ကြီးများအဖွဲ့ ရောက်ရန် ၁၇ နာရီ ခန့်အလိုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုတွင် ဘင်္ဂါလီများ အသတ်ခံရခြင်း မဟုတ်ဘဲ လုံခြုံရေး တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံခဲ့ရခြင်းသာ ဖြစ်သည်ဟု မြန်မာ အစိုးရက နိုင်ငံတကာ အသိုင်းအဝိုင်းကို ရှင်းလင်းချက်မှာ မှားယွင်းကြောင်း ပြသရန် ဒုချီးရားတန်းကျေးရွာ မီးရှို့မှုကို ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ဆောင်သည်ဟု သုံးသပ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။
“ဒီနေရာမှာ (မောင်တော) ဘာမှ မဖြစ်ဘူး အေးဆေးပဲ ဆိုပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကို ရှင်းခဲ့တယ်။ အစိုးရပိုင်းက ဝန်ကြီးတွေ ရှင်းလင်းတဲ့ ကိစ္စဟာ မှားနေတယ်။ ဟိုမှာ မီးရှို့တာတွေ ဖြစ်နေတယ် ဆိုတာကို ပြချင်လို့ လုပ်တယ်လို့ ယူဆရတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါ မီးရှို့မှု ဖြစ်စဉ်မှာလည်း ရခိုင်ပြည်နယ်သို့ ဥပရောပသမဂ္ဂ သံရုံးမှ သံအမတ်ကြီး ဦးဆောင်သော မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံတကာ သံရုံးများမှ သံအမတ်ကြီးများအဖွဲ့ လာရောက်မည့် ခရီးစဉ်ရှိသဖြင့် အချိန်ကိုက် လုပ်ဆောင်ခြင်းဟုလည်း သံသယ ဖြစ်မိကြောင်း ဦးဇော်ဌေးက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ထင်ရှားသူ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ လာရောက်သည့် ခရီးစဉ်တိုင်းတွင် အကြမ်းဖက်မှုများ ဖြစ်ပွားလေ့ ရှိသည်ကို တွေ့ရှိရသည်။

ဒုချီးရားတန်း အနောက်ကျေးရွာတွင် ဇန်နဝါရီလ ၂၈ ရက်နေ့ ည ၉ နာရီခန့်တွင် မီးလောင်နေသော အိမ်တစ်လုံးကို ငြှိမ်းသတ်နေစဉ် တောင်ဘက် ကိုက် ၁၅၀ ခန့် အကွာတွင် နေအိမ်တစ်လုံး မီးထပ် လောင်ခဲ့ကြောင်း၊ ယင်းအိမ်ကို မီးငြိမ်းနေစဉ် အရှေ့ဘက်က နေအိမ်တစ်လုံး ထပ်မီးလောင်မှုကြောင့် စုစုပေါင်း နေအိမ် ၁၆ လုံး လောင်ကျွမ်းသွားပြီး ဒဏ်ရာရရှိခဲ့သူ မရှိကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က သတင်းထုတ်ပြန်သည်။

တောင်ဘက်အရပ်က နေအိမ်ကို မီးသွားရောက် ငြှိမ်းသတ်ရာတွင် ဘင်္ဂါလီငါးဦး ထွက်ပြေး သွားကြောင်း၊ ယင်းဖြစ်စဉ်မှာ ဘင်္ဂါလီများ ကိုယ်တိုင် မီးရှို့ခြင်းသာ ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားပြီး မကြာမီ အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် ဘင်္ဂါလီ တက်ကြွ လှုပ်ရှားသူများက မီးလောင်နေသည့် ဓာတ်ပုံများဖြင့် သတင်းမှားများ ထုတ်ပြန်ခဲ့ကြောင်း ဦးဇော်ဌေးက ဆိုသည်။

ဥရောပသမဂ္ဂသံရုံးမှ သံအမတ်ကြီး ဦးဆောင်သော အဖွဲ့သည် ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်း နှစ်ခုလုံးမှ လူပုဂ္ဂိုလ်များ၏ အသံများကို နားထောင်ရန် လာရောက်ခြင်းဖြစ်ပြီး စစ်တွေ၊ မောင်တော၊ မင်းပြား၊ ပေါက်တာမြို့များသို့ သွားရောက်မည် ဖြစ်ကြောင်း စစ်တွေ မြို့မြိုမိမြို့ဖများနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့ကြောင်း မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောကြားသည်။

ဗြိတိန် နိုင်ငံခြားရေးရုံး ဝန်ကြီးသည်လည်း ဇန်နဝါရီ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ရခိုင်အရေး ကိစ္စများကို ဆွေးနွေးမည် ဖြစ်ကြောင်း အဆိုပါရုံးက ထုတ်ပြန်ထားသည်။

(သတင်းအရင်းအမြစ်- The Voice Weekly)

ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ လုံခြုံရေး နားလည်မှုစာချွန်လွှာမူကြမ်း အပြီးသတ်

သမားရိုးကျ မဟုတ်သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများအတွက် ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံထိပ်တိုက် အဖြေရှာ ဆွေးနွေးရေးအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရ၏ နားလည်မှု စာချွန်လွှာ (မူကြမ်း) အပြီးသတ် ရေးဆွဲထားပြီး ဖြစ်၍ မြန်မာအစိုးရထံ ပေးပို့တော့မည် ဖြစ်ကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် Dhaka Tribune သတင်းဌာနတွင် ဖော်ပြထားသည်။

သဘောတူလက်မှတ် ရေးထိုးမည့် သမားရိုးကျ မဟုတ်သည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် တရားမဝင် ရွှေ့ပြောင်းသွားလာ နေသူများ၊ မူးယစ်ဆေးဝါး ကူးသန်းမှုများ၊ ရာသီဥတု အပြောင်းအလဲနှင့် သဘာဝ ဘေးအန္တရာယ်တို့ ပါဝင်ပြီး ယင်းလုံခြုံရေး ပြဿနာများကို ဖြေရှင်းရန် နားလည်မှု စာချွန်လွှာ ရေးဆွဲရခြင်း ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် သံအရာရှိက Dhaka Tribune သို့ ပြောကြားသည်။

လက်ရှိအချိန်တွင် တရားမဝင် ရွှေ့ပြောင်းသွားလာ နေသူ များကြောင့် နှစ်နိုင်ငံလုံး ရင်ဆိုင်နေရသော ပြဿနာများကို ပူးပေါင်း အဖြေရှာပြီး မူဝါဒများ ချမှတ်ရန် လိုအပ်နေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည့် တရားမဝင် ရွှေ့ပြောင်း နေထိုင်ကြသော ဘင်္ဂါလီလူမျိုး အရေးကိစ္စများကို ရင်ဆိုင်နေရကြောင်း အဆိုပါ သံအရာရှိက ဖြည့်စွက် ပြောဆိုသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ဒုချီးရားတန်း ကျေးရွာတွင် ဇန်နဝါရီလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သော အကြမ်းဖက် ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ် အစိုးရက စိုးရိမ်ပူပန်ပြီး ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများသည် နှစ်နိုင်ငံ စီးပွားရေးနှင့် နယ်စပ်ရေးရာ လုပ်ငန်းများကို ထိခိုက်လာနိုင်ကြောင်း ဇန်နဝါရီလ ၂၈ ရက်နေ့က ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ကျင်းပသော သံတမန်များနှင့် တွေ့ဆုံရှင်းလင်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ် Mr. Anup Kumar Chakma ကပြောကြားသည်။

အဆိုပါ လုံခြုံရေးဆိုင်ရာ မျက်နှာချင်းဆိုင် ဆွေးနွေးရေးအတွက် ၂၀၁၃ ခုနှစ် ဇွန်လက ဆွေးနွေးခဲ့သော နှစ်နိုင်ငံ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအရာရှိက ပြောဆိုသည်။

(သတင်းအရင်းအမြစ်- The Voice Weekly)

ခရီးသွား ဝင်ရောက်မှု မြင့်တက်စေရန် မြောက်ဦးလေယာဉ်ကွင်း အဆင့်မြှင့်မည်

ကမ္ဘာလှည့်ခရီးသွား ဧည့်သည် ဝင်ရောက်မှု မြင့်တက်စေရန်အတွက် ရခိုင်ပြည်နယ် မြောက်ဦးမြို့ လေယာဉ်ကွင်း အဆင့်မြှင့်တင်ရေး လုပ်ငန်းများကို ယခုဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ရွှေက ပြောကြားသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၂) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်၏ မြောက်ဦးမြို့တွင် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းများ တိုးတက်စေရန်အတွက် လေယာဉ်ကွင်း တစ်ခု တည်ဆောက်ပေးရန် ရှိ မရှိ မေးခွန်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
“လေယာဉ်ပြေးလမ်း ပြုပြင်ဖို့အတွက် မြေမျက်နှာပြင်နဲ့ ပတ်ဝန်းကျင် အနေအထားတွေ နုန်းမြေတိုင်းတာ စစ်ဆေးခြင်း လုပ်ငန်းတွေကို စတင်ဆောင်ရွက်သွားမှာပါ” ဟု ဒေါက်တာတင်ရွှေက ဆိုသည်။

မြောက်ဦးမြို့နယ်သည် သမိုင်းဝင် ဘုရားများနှင့် အထင်ကရ နေရာများစွာ ရှိသည့်အတွက် ခရီးသွားများကို ဆွဲဆောင်နိုင်သော်လည်း ရေကြောင်းနှင့် ကုန်းကြောင်းသာ သွားလာ နိုင်သောကြောင့် ခရီးသွား ဝင်ရောက်မှု နည်းပါးကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်က ဆိုသည်။
“ခရီးသွားလုပ်ငန်း တိုးတက်လာဖို့ကို ဒေသခံတွေအနေနဲ့ အများကြီး မျှော်လင့်နေပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ မြောက်ဦးမြို့ လေယာဉ်ကွင်းမှာ လက်ရှိ အနေအထားတွင် ပြေးလမ်းအလျား ၂၅၀၀ ပေ၊ အကျယ် ၁၀၀ ပေ မြေသားပြေးလမ်းသာ ဖြစ်ပြီး ပြုပြင်ထိန်းသိမ်းမှု မရှိသည့်အတွက် လေယာဉ် ဆင်းသက်နိုင်မှု အခြေအနေ မရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့သို့ ခရီးသွား ဧည့်သည် ဝင်ရောက်မှုမှာ ၂၀၁၂ ခုနှစ်တွင် ၃၃၉ ဦး ရှိသော်လည်း ၂၀၁၃ ခုနှစ်အတွင်း ၆၄၆ ဦးအထိ မြင့်တက် လာသော်လည်း တည်းခိုနေထိုင်ရန် စုစုပေါင်းအခန်း ၁၄၉ ခန်းပါ ဟိုတယ်ခြောက်လုံးသာ ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနထံမှ သိရသည်။

(သတင်းအရင်းအမြစ်- The Voice Weekly)

ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် နယ်ခြားစောင့်တပ်ထားရန် ကြိုးပမ်းမည် ALD ဆို


ရခိုင်ပြည်နယ်၏ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော ဒေသများတွင် ရခိုင်တပ်မတော် (AA) ကို နယ်ခြားစောင့်တပ်အဖြစ် ထားရှိနိုင်ရန် ကြိုးပမ်းသွားမည်ဟု ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင် တိုက်ခိုက်ခံရမှုကို နိုင်ငံတကာ သတင်းမီဒီယာ အချို့နှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံခြား အဖွဲ့အစည်းများ သတင်းမှား ထုတ်ပြန်သည်ဟု ယူဆ၍ ပြန်လည် ရှင်းလင်းသည့် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ၇ မိုင်ခွဲရှိ Café 47 တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါတပ်များ ဖွဲ့စည်းနိုင်ရန် ALD၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALD) နှင့် ရခိုင်တပ်မတော် (AA) တို့ ယခုလအကုန်တွင် ဆွေးနွေးရန် ရှိပြီး ငြိမ်းချမ်းမှု ဖော်ဆောင်ရေး ကော်မတီထံ ဆက်လက် တင်ပြသွားမည် ဖြစ်ကြောင်း ဦးအေးသာအောင်က ဆိုသည်။

နယ်ခြားစောင့်တပ်များ ထားရှိလိုက်ပါက အစိုးရ အနေဖြင့်လည်း စစ်အင်အားကို တိုးမြှင့်ချထားပေးရန် မလိုအပ်တော့သည့်အပြင် ရခိုင်ပြည်နယ် လုံခြုံရေး ကောင်းမွန်လာမည် ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။
“အခုလို နယ်ခြားစောင့်တပ်တွေ ချထားလိုက်ခြင်း အားဖြင့် ကျေးရွာတွေက ဒီထက်ပိုပြီး စိတ်ဓာတ် လုံခြုံမှုတွေ ရလာလိမ့်မယ်” ဟု ဦးအေးသာအောင်က ပြောကြားသည်။

ယင်းအပြင် ရခိုင်ပြည်နယ်ရှိ ပဋိပက္ခ ဒေသများတွင် ပြည်သူ့စစ်အဖြစ် သင်တန်းများပေးကာ လက်နက် တပ်ဆင်ရန် ဆက်လက် ကြိုးပမ်းမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ဘင်္ဂါလီများ ပျောက်ဆုံးနေသည့် ဖြစ်စဉ် ကို နိုင်ငံတကာ သတင်းဌာနများနှင့် သံတမန်များက ဘင်္ဂါလီ ၄၀ ခန့် သတ်ဖြတ်ခံရသည်ဟု မှားယွင်းစွာ ထုတ်ပြန်ခဲ့မှုသည် ရခိုင်ပြည်နယ်တွင် ပဋိပက္ခ ထပ်မံဖြစ်ပွားရန် လောင်စာသဖွယ် ဖြစ်နေသဖြင့် အဆိုပါ ထုတ်ပြန်ချက်များကို ပြန်လည် ရုပ်သိမ်းရန် တောင်းဆိုကြောင်း ALD က ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်တွင် လုံခြုံရေးအင်အား လုံလောက်စွာ ချထားပြီး ပြည်ထောင်စု အစိုးရ အစီအစဉ်ဖြင့် လုံခြုံရေးအင်အား ထပ်မံတိုးမြှင့်ရန် စီစဉ်နေကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ပြည်ထောင်စု တပ်မတော် တစ်ခုတည်း ရှိရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါရှိသည့်အတိုင်း နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို တပ်မတော်က ကျေပွန်စွာ ထမ်းဆောင်နေပြီး လက်ရှိ တပ်မတော်တွင်လည်း တိုင်းရင်းသားအားလုံး စုစည်း ပါဝင်သဖြင့် ရခိုင်တပ်မတော် သီးခြားဖွဲ့စည်းရန် မလိုအပ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွှန့်က ဇူလိုင်လ ၂၄ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေးတွင် ပြောဆိုထားသည်။

(သတင်းအရင်းအမြစ်- The Voice Weekly)

၂၀၁၅ ရွေးကောက်ပွဲ White Card ကိုင်ဆောင်သူများ မဲပေးခွင့်ပြုပါက ကန့်ကွက်မည်ဟုဆို

လာမည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံသား မဟုတ်ဘဲ ယာယီသက်သေခံကတ် (White Card) ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုပါက ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်မည် ဖြစ်ကြောင်း အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ခေါင်းဆောင် ဆရာတော် အရှင်ဝီရသူက မိန့်ကြားသည်။

“ဒီမိုကရေစီဝါရင့် နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်နိုင်ငံမှာတောင် Green Card ကိုင်ခွင့်ရတဲ့လူတွေ မဲပေးခွင့် မရှိဘူး၊ ဂျပန်နိုင်ငံမှာ ကိုရီးယားကနေ ရောက်နေတဲ့ သုံးဆက်မြောက် မျိုးဆက်တောင် ဖြစ်နေတဲ့ ကိုရီးယားတွေ အမြဲနေထိုင်ခွင့် ပေးထားပေမယ့် မဲပေးခွင့် မရဘူး။ မြန်မာနိုင်ငံမှာက White Card ကိုင်တဲ့ လူတွေကို မဲပေးပိုင်ခွင့် ရှိနေတယ်။ ဒါကြောင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ White Card တွေကို မဲပေးခွင့် ပြုမယ်ဆိုရင် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ အနေနဲ့ ကန့်ကွက်မယ်။ ဘယ်လို ကန့်ကွက်မယ်ဆိုတာတော့ ထုတ်မပြောဘူး။ အချိန်ကာလနဲ့ လိုက်လျော ညီထွေ လုပ်ဆောင် သွားမှာပါ” ဟု အရှင်ဝီရသူက မိန့်ဆိုသည်။

မန္တလေးမြို့တော် မစိုးရိမ်တိုက်ဟောင်း နိရုတ္တိနယူပဒေသ ကျောင်းတိုက်တွင် ဇန်နဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပသော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲတွင် ဆရာတော်က အထက်ပါအတိုင်း မိန့်ကြားခြင်း ဖြစ်သည်။

“ကော်မရှင်အနေနဲ့ကတော့ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ဆိုင်ရာ ဥပဒေတွေအရ မဲပေးခွင့်ရှိတဲ့ လူတွေ မဲပေးခွင့်ရအောင် လုပ်ကိုင် ဆောင်ရွက်ရတာပါ၊ White Card တွေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဥပဒေတွေ ပြင်ဆင်ဖို့ ရှိနေပါတယ်။ လွှတ်တော်က ဆုံးဖြတ်ပြီး ရွေးကောက်ပွဲ ကော်မရှင်ဆိုင်ရာ ဥပဒေတွေ ပြင်ဆင် သတ်မှတ်ရင်တော့ ကျွန်တော်တို့က သက်ဆိုင်ရာ ဥပဒေအတိုင်း ဆောင်ရွက်သွားဖို့ပါပဲ” ဟု ရွေးကောက်ပွဲ ကော်မရှင် ဒုတိယ ညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ဆိုသည်။

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ကို မန္တလေးခရိုင် ခုနစ်မြို့နယ်တွင် သတင်းထုတ်ပြန်ရေးဌာန၊ ဘဏ္ဍာရေး အထောက်အကူပြုဌာန၊ သင်တန်းရေးရာ ဌာန၊ အသိပညာပေး စည်းရုံးရေးဌာန၊ သုတေသနနှင့် သမိုင်းမှတ်တမ်းဌာန၊ စာရင်းစစ်ဌာန၊ ဥပဒေရေးရာဌာန တို့ဖြင့် ရဟန်း၊ သီလရှင် ၄၂၆ ပါးဖြင့် ဇန်နဝါရီလ ၁၅ ရက်နေ့က မန္တလေး အတုမရှိ ကျောင်းတော်ကြီးပေါ်တွင် ဖွဲ့စည်းခဲ့သည်။

“ဆရာတော်ဝီရသူရဲ့ ဆန္ဒနဲ့ ကျွန်တော်တို့က တစ်ထပ်တည်း ကျပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄ မှာ အချုပ် အခြာအာဏာသည် နိုင်ငံသားထံမှ ဆင်းသက်သည်လို့ ရှိပါတယ်။ မဲပေးတယ်ဆိုတာ အချုပ်အခြာ အာဏာကိစ္စပဲ။ နိုင်ငံသားတွေသာ အချုပ်အခြာ အာဏာပိုင်ရမှာ ဖြစ်တယ်။ ဒါကြောင့် White Card ကိစ္စကို လွှတ်တော်မှာ ဥပဒေပြင်ဆင်ဖို့ လုပ်နေပါတယ်။ ဒါ့အပြင် နိုင်ငံရေးပါတီ တချို့နဲ့ နိုင်ငံရေး ပါတီဝင်တွေ နိုင်ငံသား မဟုတ်ဘဲ ပါတီတွေနဲ့ ပတ်သက်နေတဲ့ ကိစ္စကိုလည်း ရှေ့အပတ်လောက် လွှတ်တော်မှာ တင်ပြဖို့ ရှိနေပါတယ်” ဟု ရခိုင်အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ဆိုသည်။

မြန်မာနိုင်ငံတွင် ဥပဒေအရ မဲပေးပိုင်ခွင့်ရှိသည့် White Card ကိုင်ဆောင်သူဦးရေ ခြောက်သိန်းခန့် ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး၌ အောက်တိုဘာ ၂ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံသား မဟုတ်သူများကို ယာယီနိုင်ငံ သားကတ်များ ထုတ်ပေးပြီး တပ်မတော် အစိုးရက မဲပေးခွင့် ပြုခဲ့ရာ နိုင်ငံရေးသမားများ၊ အတိုက်အခံများနှင့် မီဒီယာများက ဝေဖန်ခဲ့ကြသည်။

(သတင်းအရင်းအမြစ်- The Voice Weekly)

မြန်မာ စစ်စခန်း ၄ ခု နယ်စပ်တွင် တည်ဆောက်ဟု ဘင်္ဂလာဒေခ်ျ့က စွပ်စွဲ

border security  postမြန်မာ စစ်တပ်သည် စစ်စခန်း ၄ ခုအား ဘင်္ဂလာဒေခ်ျ့ နယ်စပ် အနီးတွင် တည်ဆောက်ထားသည်ဟု  ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက စွပ်စွဲလိုက်သည်။ ၎င်းစစ်စခန်း တည်ဆောက်မူကို ဘင်္ဂလာဒေခ်ျ့က ကန့်ကွက်ကြောင်း ယနေ့ထုတ် ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြသည်။
ယခုကဲ့သို့ ကန့်ကွက်ခြင်းမှာ ယခု တည်ဆောက်ထားသော မြန်မာစစ်စခန်း (၄) ခုသည် နိုင်ငံတကာ နယ်စပ် စည်းမျဉ်းများကို ချိုးဖေါက်ရာ ရောက်၍ ဖြစ်ကြောင်း ဘင်္ဂလာ အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကားပြီး သတင်းစာများတွင် ဖေါ်ပြသည်။
ယခု မြန်မာဘက်က တည်ဆောက်ထားသော စစ်စခန်း (၄) ခုမှာ မြန်မာဘက်မှ ဆလူတောင် ( Saludong) အရပ်တွင် ဖြစ်ပြီး နယ်စပ် စီရိုမျဉ်းမှ ကိုက် ၃၀၀ အကွာတွင် ရှိကြောင်း၊ ဘင်္ဂလာဒေခ်ျ့ဘက်က ဆိုလျှင် နယ်စပ် ကျောက်တိုင် အမှတ် ၄၅ အနီးတွင် ဖြစ်ကြောင်း၊ ၄င်းစစ်စခန်းများကို ယခုလ ဇန်န၀ါရီ ၁၁ ရက်နေ့က တည်ဆောက်ခဲ့ကြောင်း၊ စစ်စခန်းတစ်ခုစီတွင် စစ်သား ၂၄ ဦးက တာဝန် ထမ်းဆောင်နေကြောင်း သတင်းတွင် ဖေါ်ပြသည်။
ယခုကဲ့သို့ နယ်စပ်တွင် မြန်မာဘက်မှ စစ်စခန်းတည်ဆောက်နေခြင်းကို ဘင်္ဂလာနယ်ခြားစောင့်တပ် ဘီဂျီဘီ ရှေ့တန်း ဗျူဟာမှ ဘင်္ဂလာဒေခ်ျ့ ပြည်ထဲရေး ၀န်ကြီးဌာသို့ ယခုလ ၂၁ ရက်နေ့က စာရေးအကြောင်းကြားခဲ့သည်ဟု ဆိုသည်။
ဘီဂျီဘီ တာဝန်ရှိသူများမှ မြန်မာ အနေဖြင့် ထိုကဲ့သို့ ဘင်္ဂလာဒေခ်ျ့ နယ်စပ်နှင့် နီးကပ်စွာ စစ်စခန်း တည်ဆောက်ရန် အခွင့်အရေး မရှိကြောင်း၊ နတ်ကျော်ဆရီ အခြေစိုက် အမှတ် ၃၁ ဘီဂျီဘီ တပ်ရင်း တပ်ရင်းမှူး Lt Col Md Shafiqur Rahman မိမိတို့ ပြင်းထန်စွာကန့်ကွက်ကြောင်း၊ ထိုသို့ ကန့်ကွက်သည်ကို မြန်မာ အာဏာပိုင်များသို့ စာဖြင့် ပို့ပေးခဲ့ကြောင်း၊ စာထဲတွင် ယခု စစ်စခန်း တည်ဆောက်မူသည် နိုင်ငံတကာ သဘောတူညီချက်များနှင့် ၁၉၈၀ ခုနှစ်က ဘင်္ဂလာ- မြန်မာ နှစ်နိုင်ငံ နယ်စပ် သဘောတူညီမူကို ချိုးဖေါက်ခြင်း ဖြစ်ကြောင်း ဖေါ်ပြထားသည်ဟု ဆိုသည်။
မြန်မာဘက်မှ  ယင်းနေရာတွင် လမ်းဖေါက်နေသဖြင့် ယာယီ စစ်စခန်းများ တည်ဆောက်ခြင်းသာ ဖြစ်ကြောင်း ပြောကြားသော်လည်း မိမိတို့မှ အနီးကပ် စောင့်ကြည့်နေကြောင်း၊ သူတို့၏ အကြောင်းပြချက် ဟုတ်မဟုတ်ကို ထောက်လှမ်းရေးဌာနများမှ အသေးစိတ် လေ့လာနေကြောင်း ပြောဆိုသည်။
ယခု စစ်စခန်း တည်ဆောက်မူသည် နှစ်နိုင်ငံ နယ်စပ် တလျှောက်တွင် နေထိုင်သော ဒေသခံ ပြည်သူများကို ခြိမ်းခြောက်ရာလည်း ရောက်နေကြောင်း ပြောဆိုသည်။
ယခု သတင်းစာပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး မြန်မာ အာဏာပိုင်များ၏ တုန့်ပြန်မူနှင့် သဘောထားကို ယခုအချိန်ထိ သိရှိရခြင်း မရှိသေးပါ။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, January 29, 2014

ရိုဟင်ဂျာကို တိုင်းရင်းသား အသိအမှတ်ပြုရေး တိုးမြှင့် လုပ်ဆောင်မှုတချို့ ရှိလာ

သန်းခေါင်စာရင်း, အစ္စလမ်ဘာသာ, ဦးဝီရသူ, ဦးပါမောက္ခ, လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန, ပညာရေး ဝန်ကြီးဌာန
ရခိုင်ပြည်နယ် စစ်တွေမြို့ သဲချောင်းရွာ အနီးရှိ ဘင်္ဂါလီ(မွတ်စလင်) ဒုက္ခသည်စခန်း(ဓာတ်ပုံ – ခင်သြ / ဧရာဝတီ)
မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူချိန် နီးကပ်လာသည်နှင့်အမျှ အစ္စလမ်ဘာသာဝင် အဖွဲ့အစည်းတချို့က ရိုဟင်ဂျာလူမျိုးကို တိုင်းရင်းသားအဖြစ် တရားဝင်အသိအမှတ်ပြုရန် တောင်းဆိုမှုများ တိုးမြှင့် ဆောင်ရွက်လာသည်ကို တွေ့ရ သည်။
ရန်ကုန်နှင့် မန္တလေးရှိ အစ္စလမ် ဘာသာဝင်များအကြား သန်းခေါင်စာရင်း ကောက်ယူရေး အထောက်အကူပြု အဖွဲ့တချို့က ပြုလုပ် သော အချက်အလက်များတွင် လူမျိုးနေရာ၌ ရိုဟင်ဂျာလူမျိုးဟု ထည့်သွင်းကောက်ခံကြကြောင်း သိရသည်။
ယင်းသို့ လုပ်ဆောင်နေခြင်းသည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ပိုမိုဖြစ်လာနိုင်ကြောင်း ဘာသာရေး ခေါင်းဆောင်တချို့က ပြောသည်။
နိုင်ငံတော်က အသိအမှတ် ပြုထားခြင်း မရှိသကဲ့သို့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ ဖြစ်ပျက်ခဲ့မှုများကြောင့် တွန်းတိုက် လုပ်ဆောင်နေလျှင် အစ္စလမ် ဘာသာဝင်များနှင့် ဘာသာခြားများအကြား ပဋိပက္ခ ပိုမိုဖြစ်လာနိုင်သည်ကို အထူး သတိထားရမည်ဖြစ်ကြောင်း မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူက ဧရာဝတီသို့ မိန့်ကြားသည်။
ရခိုင်ပြည်နယ်အတွင်းရှိ အစ္စလမ် ဘာသာဝင် ဘင်္ဂါလီ(မွတ်စလင်)များနှင့် တခြားမြို့များရှိ အစ္စလမ် ဘာသာဝင်များအား ဘာသာ ရေး တူညီမှုကို အကြောင်းပြုပြီး လူမျိုးရေး ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သဖြင့် ၎င်းတို့ ၂ စု ကြား ကွဲပြားကြောင်း အများသိစေရန် ဆောင် ရွက်နေချိန်တွင် ယခုကဲ့သို့ လုပ်ဆောင်မှုသည် စိုးရိမ်စရာ ဖြစ်ကြောင်းလည်း ဆရာတော်က ဆက်လက်၍ မိန့်သည်။
“အစ္စလမ်ဘာသာ ကိုးကွယ်တာချင်းတူပေမယ့် စရိုက်ကအစ ကွဲတယ်၊ အခုအချိန်မှာ အဲဒီလိုကွဲပြားတဲ့အကြောင်း ထင်ထင်ရှားရှား ဖြစ်အောင် လုပ်မှ ပြည်တွင်း ပဋိပက္ခတွေကို ဖြေရှင်းလို့ရမှာ၊ ဒီအချိန်မှာ ရိုဟင်ဂျာကို အတင်း အသက်သွင်းရင် ပြည်တွင်း အစ္စလမ် တွေကိုပါ ထိခိုက်သွားနိုင်တယ်”ဟု ဦးဝီရသူက ဆိုသည်။
မန္တလေးတိုင်း ဒေသကြီးမှ အစ္စလမ်ဘာသာဝင်များ၏ သန်းကောင်စာရင်း ကောက်ခံရေး အထောက်အကူပြု လုပ်ငန်းကော်မတီ၏ ဥက္ကဌ ဦးတင့်ဆွေက“အဲဒီလို ရိုဟင်ဂျာလို့ တွန်းတွန်းတိုက်တိုက် လုပ်လာတာကို အခုအချိန်မှာ စဉ်းစားဖို့လိုပါတယ်။ ဗုဒ္ဓဘာသာနဲ့ အစ္စလမ် ဘာသာဝင်တွေ ၂ ဘက်လုံးက သဘောထားကြီးဖို့ လိုတယ်။ အမြင်မတူတာနဲ့ ရန်သူလို့ သဘောထားနေရင်တော့ ပဋိပက္ခ က ပိုကြီးဖို့ပဲရှိမယ်။ အလျှော့အတင်း လုပ်ဖို့လိုပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ အသိအမှတ် မပြုခြင်းသည် လူမျိုးရေးနှင့် မဆိုင်ဘဲ ဘာသာရေးနှင့် ပိုမိုသက်ဆိုင်ပြီး အစ္စလမ် ဘာသာဝင်တိုင်းကို တိုင်းရင်း သားအဖြစ် မပေးချင်သောကြောင့်ဟု ယူဆရမည်ဖြစ်ပြီး နိုင်ငံရေး နယ်ပယ်တွင်လည်း အစ္စလမ် ဘာသာဝင်များ ပါဝင်လာမည်ကို စိုးရိမ်သည့်အတွက် ယခုကဲ့သို့ ကန့်သတ်နေခြင်း ဖြစ်မည်ဟု ထင်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ရိုဟင်ဂျာဟု ဆိုသော လူမျိုးများသည် ယခုအချိန်တွင် အသိအမှတ် ပြုစေရန် ကြိုးစားဆောင်ရွက်၍ မရလျှင် နောက်ပိုင်းတွင် မည် သို့ မျှ မဖြစ်နိုင်သဖြင့် အစ္စလမ် အဖွဲ့အစည်းတချို့က အသိအမှတ်ပြု ခံရစေရန် တွန်းတွန်း တိုက်တိုက် လုပ်ဆောင်လာကြခြင်း ဖြစ်နိုင်ကြောင်း ဦးတင့်ဆွေက ပြောဆိုသည်။
“ကျနော့်အမြင် အရတော့ ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာနိုင်ငံ သမိုင်းမှာ ရှိခဲ့တာကို ဖျောက်ဖျက်လို့တော့ မရဘူးထင်တယ်၊ တိုင်းပြည် တည်ဆောက်တဲ့ နေရာမှာ အမြင်မတူတာတွေ အများကြီးရှိမှာပါ၊ နှစ်သက်တာ၊ မနှစ်သက်တာနဲ့ ကြည့်လို့မရပါဘူး၊ အမှန် တရားကိုပဲ ကြည့်ရမယ်၊ ကိုးကန့်၊ ဝ၊ ချင်း စတဲ့ နယ်စပ်လူမျိုးတွေမှာလည်း ဟိုဘက်နိုင်ငံ၊ ဒီဘက်နိုင်ငံဆိုပြီး လူမျိုးရောနေတာတွေ ရှိတာပဲလေ၊ အဲဒါကြောင့် သန်းခေါင်စာရင်း ကောက်တာမှာ ရိုဟင်ဂျာ လူမျိုးကိုလည်း ထည့်သင့်တယ်လို့ ယူဆတယ်”ဟု ဦးတင့်ဆွေ က ဆိုသည်။
ရိုဟင်ဂျာလူမျိုးသည် တိုင်းရင်းသား ၁၃၅ မျိုးတွင် မပါဝင်ကြောင်း၊ ရိုဟင်ဂျာလူမျိုးကိုလည်း အသိအမှတ်မပြုကြောင်း လက်ရှိအစိုးရက နိုင်ငံတကာသို့ အတိအလင်း ပြောဆိုထားသည်။
အစိုးရ ကိုယ်တိုင်က အသိအမှတ် မပြုသည်ကို အတင်း တောင်းဆိုသွားမည် ဆိုလျှင် ရည်ရွယ်ချက်ရှိရှိဖြင့် ပဋိပက္ခဖြစ်စေရန် ပြုလုပ်သကဲ့သို့ ဖြစ်ကြောင်း မကွေး ပရိယက္တိ စာသင်တိုက်မှ ဦးပါမောက္ခက မိန့်သည်။
“တောင်းဆိုတယ်ဆိုတာလည်း ဖြစ်သင့်ဖြစ်ထိုက်တာကိုပဲ တောင်းဆိုသင့်တယ်၊ မဖြစ်သင့်တာကို အတင်းတောင်းနေမယ် ဆိုရင် ပိုဆိုးရုံပဲရှိမှာ၊ ထိုင်း တောင်ပိုင်းမှာ ဖြစ်ပျက်ခဲ့တာကိုပဲ နမူနာကြည့်သင့်တယ်၊ အစိုးရအနေနဲ့ ဒါကို တိတိကျကျ ကိုင်တွယ်ဖို့လို တယ်” ဟု ၎င်းက ဆိုသည်။
သို့သော် ဘာသာပေါင်းစုံ ဖွဲ့စည်းထားသော ပဋိပက္ခဖန်တီးမှု ကြိုတင်ကာကွယ် တားဆီးရေး ကော်မတီ အိုလမာ အဖွဲ့ချုပ်မှ ဦးလာနာဟာကင်းမ် က မိမိတို့ အစ္စလမ်ဘာသာ အဖွဲ့အစည်းသည် ဗုဒ္ဓဘာသာဝင်များနှင့် အငြင်းပွားစရာများ မပြုလုပ်သောကြောင့် ထိုတောင်းဆိုမှုကို ပြုလုပ်သင့်သည်ဟု ထင်မြင်ယူဆကြောင်း ဧရာဝတီသို့ ပြောသည်။
သန်းခေါင်စာရင်း ကောက်ယူရာတွင် အစိုးရက လူမျိုး ၁၃၅ မျိုး ဟု သတ်မှတ်ချက်မှာ ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်က သန်းခေါင် စာရင်း ကောက်ခံအပြီး သတ်မှတ်ချက် အပေါ်၌သာ အခြေခံ သတ်မှတ် ထားသေးကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ဧရာဝတီသို့ ပြောသည်။
ယခု ကောက်ယူမည့် သန်းခေါင်းစာရင်းသည် နိုင်ငံတကာတွင် ကောက်ခံသည့် စံနှုန်းများအတိုင်းသာ ကောက်ခံမည်ဖြစ်ပြီး ဖြေကြားကြမည့် ပြည်သူများက မိမိနှစ်သက်ရာ လူမျိုးကို ပြောဆိုခွင့် ရှိကြောင်း၊ မည်သည့်လူမျိုးဆိုလျှင် လက်ခံမည်၊ လက်မခံမည်ကို မသတ်မှတ်ထားကြောင်း ၎င်းက ဆက်ပြောသည်။
ဦးမြင့်ကြိုင်က“ဖြေကြားတဲ့သူ ပြောတဲ့ လူမျိုးကိုပဲ မှတ်သားသွားမှာပါ၊ ဘယ်လူမျိုး မရေးရ ဆိုတာ မရှိပါဘူး၊ ဒါပေမယ့် ရေးလိုက် တဲ့ လူမျိုးတိုင်းကိုတော့ တိုင်းရင်းသား ဖြစ်မယ်လို့ မဆိုလိုပါဘူး၊ ကျနော်တို့က ရရှိလာတဲ့ လူမျိုးစာရင်းတွေကို ပြုစုမယ်၊ ပြီးရင် အစိုးရကို တင်ပြမယ်။ အစိုးရကလည်း လွှတ်တော်ကို ထပ်တင်မယ်၊ အဲဒီအချိန်ကြမှ ဘယ်လူမျိုးက တိုင်းရင်းသား ဖြစ်တယ်၊ ဘယ် လူမျိုးက တိုင်းရင်းသား မဖြစ်ဘူး၊ လူမျိုး ဘယ်နှစ်မျိုးရှိတယ်၊ ဘယ်လူမျိုးကတော့ ဘယ်တိုင်းရင်းသားထဲမှာ ပါသွား တယ် ဆိုတာ ဆုံးဖြတ်ပြီး ပေါ်လာပါလိမ့်မယ်”ဟု ဆိုသည်။
သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်၍ ယနေ့အချိန်အထိ အစိုးရနှင့် တိုင်းရင်းသားများအကြား ဆွေးနွေးညှိနှိုင်းမှုများ မပြေ လည်သေးသော်လည်း အစိုးရဘက်မှ ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူမှုများကို ၂၀၁၄ ခုနှစ် မတ် ၃၀ မှ ဧပြီ ၁၀ ရက် အထိ ၁၂ ရက်ကြာ မဖြစ်မနေ ကောက်ယူသွားရန် တရားဝင် ကြေညာထားသည်။
မြန်မာနိုင်ငံအတွင်း သန်းခေါင်စာရင်း ကောက်ခံရန် မြို့နယ်ပေါင်း ၃၃၀ ၊ ရပ်ကွက်ပေါင်း ၃၀၄၄ ရပ်ကွက်၊ ကျေးရွာ အုပ်စုပေါင်း ၁၃၆၂၈ အုပ်စု၊ ကျေးရွာပေါင်း ၆၄၃၄၆ ရွာ ရှိပြီး၊ အိမ်ထောင်စုပေါင်း ၁၁ သန်း ရှိကြောင်း လဝက စာရင်းများ၌ ဖော်ပြထားသည်။
စာရင်းကောက်ခံရေး အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် ပညာရေး ဝန်ကြီးဌာနအား အကူအညီ တောင်းခံထားကြောင်း၊ တနိုင်ငံလုံးရှိ ပညာရေး ဝန်ထမ်း ၁ သိန်းကျော်က တအိမ်တက်ဆင်း ပုံစံနှင့် ကောက်ခံသွားမည် ဖြစ်ကြောင်း၊ သန်းခေါင် စာရင်း ကောက်ခံရေး အတွက် အမေရိကန်ဒေါ်လာ ၅၅ သန်း ဝန်းကျင် ကုန်ကျနိုင်မည်ဟု အစိုးရက ခန့်မှန်းထားပြီး ကုလသမဂ္ဂမှ ဒေါ်လာ ၅ သန်း ထည့်ဝင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)
(ဤသတင်းတွင် ရိုဟင်ဂျာအဖြစ်ဖော်ပြထားခြင်းသည် မူလသတင်းတွင် ဖော်ပြထားသည့်အတိုင်း ကူးယူထားခြင်းသာဖြစ်ပြီး ရခိုင်သတင်းများ စုစည်းမှုဘလော့ဂ်၏ အာဘော်မဟုတ်ပါကြောင်း အသိပေးအပ် ပါသည်)

တရုတ် ရွှေဂက်စ် ပိုက်လိုင်း လုံခြုံရေး စိုးရိမ်စရာ မရှိဟု အစိုးရ ပြော

-ရွှေသဘာဝ ဓာတ်ငွေ့ပိုက် လိုင်း, ပုဏ္ဏားကျွန်း မဲဆန္ဒနယ်, စွမ်းအင် ဝန်ကြီးဌာန, ဦးထွန်းအောင်ကျော်, အမ်းမြို့နယ်, သျှမ်းသံတော်ဆင့်, ကျောက်ဖြူ လူမှုကွန်ရက်, ဂက်စ် ပိုက်လိုင်း စောင့်ကြည့် ရေးအဖွဲ့.
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ၂၀၁၂ ခု ဒီဇင်ဘာလအတွင်းက တွေ့ရသော မြှုပ်လက်စ ဂက်စ်ပိုက်လိုင်း (ဓာတ်ပုံ – ကိုစိုး / ဧရာဝတီ)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းထားသည့် ရွှေသဘာဝ ဓာတ်ငွေ့(ဂက်စ်)ပိုက်လိုင်းသည် နိုင်ငံတကာ စံနှုန်းများနှင့် မကိုက်ညီသဖြင့် လုံခြုံမှုအတွက် အန္တရာယ်ရှိကြောင်း လွှတ်တော်၌ တင်ပြရာ စိုးရိမ်စရာ မရှိဟု အစိုးရ က တုံ့ပြန် ရှင်းလင်းသည်။
ယမန်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးထွန်းအောင်ကျော်က “သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ လမ်းတလျှောက်ရှိ ကျေးရွာများ၊ ခြံမြေ၊ လယ်မြေ၊ သစ်တောများနှင့် ပြည်သူများ ဘေးအန္တရာယ် ကင်းဝေးစေရေး လုံခြုံမှု အကာအကွယ်ပေးရန် အစီအစဉ် ရှိ၊မရှိ”မေးမြန်းရာ စွမ်း အင် ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးအောင်ထူး က အန္တရာယ် မရှိဟု ဖြေဆိုခဲ့ခြင်း ဖြစ်သည်။
ဦးအောင်ထူး က“ပိုက်လိုင်း၏ အရှည်နှင့် ပို့လွှတ်မည့် ဓာတ်ငွေ့ ထုထည် ပမာဏ၏ ဖိအား အပေါ်မူတည်၍ နိုင်ငံတကာ စံနှုန်းနှင့် အညီ ဆောင်ရွက်ထားကြောင်း၊ အနက် ၆ ပေတွင် မြှုပ်နှံထားသည့်အတွက် လုံခြုံစိတ်ချရကြောင်း”ဖြေဆိုခဲ့သည်။
ဒု ဝန်ကြီး၏ ဖြေဆိုမှုနှင့် ပတ်သက်၍ ဦးထွန်းအောင်ကျော်က ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရာ၌ မြေကြီး ထဲသို့ ၁၅ ပေ အနက်မြှုပ်နှံကာ၊ အသုံးပြုရမည့် ပိုက်၏ အထူသည်လည်း ၃ လက်မ ရှိရမည်ဟု နိုင်ငံတကာ ကျွမ်းကျင်သူများ၏ အဆိုအရ သိရကြောင်း၊ သို့သော်လည်း ကျောက်ဖြူ-တရုတ် ပိုက်လိုင်းအား မြေကြီးထဲ၌ ၅ ပေမှ ၆ ပေအထိသာ မြှုပ်နှံထားပြီး ပိုက်လိုင်း အထူမှာလည်း ၁ လက်မခွဲသာ ရှိကြောင်း ပြန်လည် ပြောဆိုခဲ့သည်။
ကျောက်ဖြူ-တရုတ် ဓာတ်ငွေ့ပိုက်လိုင်း ဖောက်လုပ်ရာ၌ နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီမှုမရှိသဖြင့် ပိုက်များ ကွဲထွက်ခြင်း၊ မြေပြိုကျခြင်း၊ ပိုက်လိုင်း ဖြတ်သန်းရာ အမ်းမြို့နယ်ရှိ နေရာ ၁၀ ခုခန့်တွင်လည်း စမ်းသပ် ကာလအတွင်း အက်ကွဲ ပေါက်ထွက်မှုများ ဖြစ်ပေါ်ခဲ့ရာ လွန်စွာဆိုးရွားသည့် အခြေအနေများကို ကြုံတွေ့ခဲ့ရကြောင်း ဦးထွန်းအောင်ကျော်က ဆိုသည်။
ထိုသို့ ဆိုးရွားသည့် ဖြစ်စဉ်များ ပေါက်ပေါက်ခဲ့သည့် အတွက် အန္တရာယ်ကျရောက်လာမည်ကို ပိုက်လိုင်းတလျှောက် နေထိုင် ကြ သည့် ပြည်သူများက စိုးရိမ် ထိတ်လန့်နေကြခြင်းကြောင့် လုံခြုံရေးအတွက် မည်သို့ ဆောင်ရွက်ထားသည်ကိုလည်း မေးမြန်းခဲ့ သည်။
ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးနှင့် ပတ်သက်၍ စနစ်တကျ ဆောင်ရွက်ထားခြင်းကြောင့် စိုးရိမ်စရာ မလိုအပ်ဟု အစိုးရ၏ ပြောဆိုမှုသည် တာဝန်မဲ့သည့် ပြောဆိုမှုသာ ဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ် စက်တင်ဘာလ အတွင်းကလည်း အမ်းမြို့နယ်တွင် ဓာတ်ငွေ့ယိုစိမ့် ၍ အသေးစား ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ကြောင်း အမ်းဒေသခံ တချို့က ဧရာဝတီ သို့ ပြောသည်။
အမ်းမြို့နယ် ကျောက်မြောင်း ကျေးရွာ ဒေသခံတဦး က “ကျမတို့ ဒေသက တချို့နေရာတွေမှာ ၂ ပေ ၃ ပေလောက်ပဲ မြှုပ်ထား ပါတယ်၊ တကယ်လို့ ပေါက်ကွဲမှုဖြစ်ရင် ကျမတို့ ပြေးဖို့ အချိန်ရလိုက်မှာ မဟုတ်ပါဘူး၊ ဒေသခံတွေကလည်း ဘာမှ နားမလည်တော့ ပိုပြီး စိုးရိမ်ကြတာပေါ့၊ တရက်ရက် ပေါက်ကွဲမှုကြီး ဖြစ်လာမလားဆိုတာပဲ စိုးရိမ်နေကြတယ်”ဟု ပြောသည်။
ဂက်စ်ပိုက်လိုင်း ဖြတ်သန်းရာ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ ပိုက်လိုင်း တလျှောက်၌ ချောက်ကမ်းပါး ပြိုကျခြင်း၊ မြေကြီး တုန်ခါခြင်း စသည့်ဖြစ်ရပ်များကို ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၄ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သျှမ်းသံတော်ဆင့် သတင်း၌လည်း ဖော်ပြထားသည်။
ဂက်စ်များ မပို့လွှတ်ခင်က မ္ဗြုပ်နှံထားသည့် ပိုက်လိုင်းသည် ဂက်စ်ပို့လွှတ်သည့် အချိန်တွင် မြေကြီးအပေါ်သို့ ပေါ်ထွက်လာပြီး ထိုမှ တဆင့် ဓာတ်ငွေ့ ယိုစိမ့်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ပိုက်လိုင်း ဖြတ်သန်းရာ ရှမ်းပြည်နယ်အတွင်းမှ မြို့နယ်များ တွင် နေထိုင် သည့် ပြည်သူများကလည်း စိုးရိမ်ထိတ်လန့်မှုများ ရှိကြောင်းလည်း သျှမ်းသံတော်ဆင့်က ဆိုသည်။
ဂက်စ်ပိုက်လိုင်း စတင်ရာ ကျောက်ဖြူမြို့နယ်အတွင်း နေရာတချို့၌ ပိုက်လိုင်း မြှုပ်နှံထားခြင်းသည် စနစ်တကျဆောင်ရွက်မှု မရှိကြောင်း ကျောက်ဖြူ လူမှုကွန်ရက်မှ ဂက်စ် ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့ဝင် ဦးထွန်းလွင် က ပြောသည်။
“တောင်ကုန်းပေါ်က တချို့နေရာတွေမှာပဲ ၅ ပေ၊ ၆ ပေ လောက်မြှုပ်ထားတယ်၊ မြေပြန့်က နေရာတချို့မှာဆိုရင် စူးတံနဲ့ထိုး ကြည့် ရင်တောင် ပိုက်လိုင်းကို ထိနိုင်တဲ့ အခြေအနေ တွေ့နေရပါတယ်”ဟု ဦးထွန်းလွင် က ဆိုသည်။
ဒု ဝန်ကြီး ဦးအောင်ထူးက ပိုက်လိုင်း လုံခြုံရေးနှင့် ပတ်သက်၍ ပြောဆိုရာတွင် အရေးပေါ် အခြေအနေ ဖြစ်ပေါ်လာပါက ဆောင် ရွက်နိုင်ရန် မီးသတ်စခန်းများ၊ ၂၄ နာရီ စောင့်ကြည့်ရေးအဖွဲ့များ ထားရှိကြောင်း၊ အရေးပေါ် ဖြစ်ပေါ်လာပါက အချိန်နှင့် တပြေးညီ သယ်ယူ ပို့ဆောင်ရေး၊ ဆေးဝါးကုသရေး၊ မီးသတ် လုပ်ငန်းဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာများကို ဆောင်ရွက်ထားကြောင်း ရှင်းလင်း ပြောဆိုသွားခဲ့သည်။
ဓာတ်ငွေ့ပိုက်လိုင်းသည် ရခိုင်ပြည်နယ်မှတဆင့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် တို့ကို ဖြတ်သန်း၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ အဆုံးသတ်မည်ဖြစ်ပြီး ယင်းစီမံကိန်းသည် ဒေသခံလူထုအပေါ် ကောင်းကျိုး ခံစားခွင့်များ မရှိခြင်းကြောင့် ရခိုင် တိုင်းရင်း သား အများစု၏ ကန့်ကွက်ခြင်း ခံထားရသည့် စီမံကိန်းတခုဖြစ်သည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

မောင်တော မွတ်စလင် ၄၈ ဦး အသတ်ခံရမှု သတင်း စုံစမ်းရန် နိုင်ငံတကာ တောင်းဆိုမှု အစိုးရ ပယ်ချ

ရခိုင်, မောင်တော, ဒုချီးရားတန်း, မွတ်စလင် ၄၈ ဦး အသတ်ခံရမှု, ICG, MSF, အစိုးရ, နိုင်ငံတကာ, ကုလသမဂ္ဂ
မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာ ဆိုင်းဘုတ်(ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာတွင် မွတ်စလင် ၄၈ ဦး အကြမ်းဖက် သတ်ဖြတ်ခံရမှု သတင်းနှင့် ပတ် သက်၍ မြန်မာအစိုးရက တရားဝင် ငြင်းဆိုလိုက်ပြီး ယင်းသတ်ဖြတ်မှုကို စုံစမ်းစစ်ဆေးရန် နိုင်ငံတကာ၏ တောင်းဆိုမှုကို လက်မခံ ဘဲ ပယ်ချလိုက်သည်။
ရန်ကုန်မြို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ရုံးခန်းတွင် ဇန်န၀ါရီလ ၂၈ ရက်နေ့ က ပြုလုပ်သော ကုလသမဂ္ဂနှင့် သံတမန်များ၊ နိုင်ငံ တကာ အဖွဲ့အစည်းများကို ရှင်းလင်းပွဲအပြီးတွင် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒု ၀န်ကြီး ဦးရဲထွဋ်က သတင်းထောက်များကို ပြောဆိုခြင်း ဖြစ်သည်။
ဒု ချီးရားတန်း ကျေးရွာတွင် ဇန်န၀ါရီ ၁၄ ရက်က မွတ်စလင် ၄၈ ဦး သတ်ဖြတ်ခံရသည် ဆိုသော သတင်းများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရ၊ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းရေး ကော်မရှင်တို့က သွားရောက်စစ်ဆေး ခဲ့သော် လည်း သတင်းများ မမှန်ကန်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း အစိုးရ တာဝန်ရှိသူများက နိုင်ငံတကာ အဖွဲ့အစည်းများသို့ ရှင်း လင်းပွဲ ပြုလုပ်ခြင်း ဖြစ်သည်။
ယင်း မောင်တော အကြမ်းဖက် သတ်ဖြတ်မှုနှင့်ဆက်စပ်၍ အစိုးရ၏ စုံစမ်း စစ်ဆေးမှုများတွင် နိုင်ငံတကာမှ ပူးပေါင်း ပါဝင်ခွင့်ကို အမေရိကန် သံအမတ်က တောင်းဆိုခဲ့သော်လည်း အစိုးရဘက်က ငြင်းပယ်ခဲ့သည်။
“ကျနော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုသည် ကျနော်တို့ရဲ့ ပြည်တွင်းရေး ကိစ္စဖြစ်တယ်၊ ကျနော်တို့နိုင်ငံမှာ လွတ်လပ်စွာစုံစမ်း စစ်ဆေးတဲ့ အဖွဲ့တွေ ရှိခဲ့ပြီးသား၊ ဒီအဖွဲ့နဲ့လုပ်မယ်၊ နိုင်ငံတကာကလူတွေ ပါစရာမလိုဘူး၊ သို့သော် ကျနော်တို့ရဲ့စုံစမ်းစစ်ဆေးမှုသည် ပွင့် လင်း မြင်သာမယ်၊ ကျနော်တို့တွေ့ရှိတာတွေကိုလည်း အားလုံးကိုမျှဝေမယ်လို့ ကျနော်ဖြေကြားခဲ့တယ်”ဟု ဦးရဲထွဋ်က ပြောသည်။
လတ်တလော အစိုးရ၏ စုံစမ်းစစ်ဆေးမှုများအရ မွတ်စလင်များ သတ်ဖြတ်ခံရသည်ဆိုသော သတင်းများမှာ မဟုတ်မှန်သည့်အတွက် အချက်အလက်များ သိသည်ဟုဆိုနေသော ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာ သတင်းဌာနများအနေဖြင့် ခိုင်လုံသော အထောက်အထားများရှိလျှင် အစိုးရထံသို့ တင်ပြနိုင်ပြီး အစိုးရအနေဖြင့် အရေးယူပေးမည်ဖြစ်ကြောင်း လည်း ဦးရဲထွဋ်က ဆက်လက်ပြောဆိုသည်။
ဘယ်လ်ဂျီယံနိုင်ငံ အခြေစိုက် နိုင်ငံတကာ ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေး အဖွဲ့ (ICG) က မွတ်စလင်များ အကြမ်းဖက် သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ မျက်မြင်သက်သေများနှင့် မေးမြန်းထားသည့်အပြင် မှတ်တမ်းဓာတ်ပုံတချို့ကိုပါ ရရှိထားကြောင်း၊ ဇန်န၀ါရီ ၉ ရက်မှ ၁၃ ရက်အတွင်း အကြမ်းဖက်ဖြစ်ရပ်များတွင် လူပေါင်း ၄၉ ဦး ၀န်းကျင် အသတ်ခံခဲ့ရသည်ဟု ယုံကြည်ကြောင်း၊ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန် တောင်းဆိုကြောင်း ဇန်န၀ါရီ ၂၆ ရက်က တရားဝင် ကြေညာချက် ထုတ်ပြန် ခဲ့ သည်။
ကုလသမဂ္ဂကမူ မောင်တော အကြမ်းဖက် သတ်ဖြတ်မှုတွင် မွတ်စလင် ၄၈ ဦး သေဆုံးခဲ့ကြောင်း အေပီ သတင်းဌာနသို့ ထုတ်ပြန် ပြောဆို ခဲ့သည်။
ဦးရဲထွဋ်ကမူ“အလောင်းတွေ မြှုပ်ထားတယ်ဆိုတဲ့ သင်္ချိုင်းနေရာကိုလည်း ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းရေးကော်မရှင်က ရောက်ခဲ့ တယ်၊ ကြည့် တော့ ဘာမှအသစ်မြှုပ်ထားတာ မရှိဘူး၊ သင်္ချိုင်းကုန်း အဟောင်းကြီး ဖြစ်နေလို့ တောတွေတောင်ဖုံးနေပြီ၊ တကယ် လို့ တူးထားတယ် ဆိုရင်လည်း ခြေရာလက်ရာတွေ ရှိနေရမှာပေါ့၊ နောက်တခါ ရခိုင်သူကြီးက ဘင်္ဂါလီတွေကို ဖမ်းပြီးနှိပ်စက်တယ် ဆိုတဲ့ နေရာကိုလည်း ရောက်ခဲ့တယ်၊ အဲဒီမှာ လူမသိအောင်ဖမ်းထားလို့ရတဲ့ အဆောက်အအုံမျိုးလည်း မရှိဘူးလို့ ပြောတယ်၊ မကြာခင်မှာပဲ ဒီအဖွဲ့က ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်မှုတွေ လုပ်မယ်တဲ့”ဟု ပြောသည်။
ရခိုင်ပြည်နယ်အတွင်း လူမှုရေး အထောက်အပံ့များ ပေးနေသော နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ (MSF) မှ မြန်မာနိုင်ငံ တာဝန် ခံ Peter-Paul de Groote က ဇန်န၀ါရီ ၁၄ ရက်က ဒဏ်ရာရသူများ အပါအ၀င် လူ ၂၂ ဦး ကို MSF က ဆေးဝါး ကုသပေးခဲ့ရပြီး ဒဏ်ရာရသူများမှာ ဒုချီးရားတန်းရွာမှ ရွာသူရွာသားများဖြစ်သည်ဟု ယုံကြည်ရကြောင်း ထုတ်ပြန်ပြောဆိုခဲ့သည်။
MSF အနေဖြင့် အမှန်တကယ် ဒဏ်ရာရရှိသူများကို ဆေးဝါး ကုသပေးခဲ့ရမှုများရှိလျှင် အစိုးရသို့ တိတိကျကျ တင်ပြ ရန်ပြောသည့်အခါ ၎င်းတို့မှ မပြနိုင်ကြောင်း၊ ပဋိပက္ခ စုံစမ်းရေး ကော်မရှင်မှ ရွာများသို့ လိုက်လံမေးမြန်းရာတွင်လည်း အဆိုပါ လူ များဆိုသည့် နာမည်နှင့်ပင် မရှိကြောင်း၊ မိမိတို့အနေဖြင့် ယခုပြဿနာကို ဖုံးဖိရန်မဟုတ်ကြောင်း၊ ပြစ်မှုကျူးလွန်သူကို ကာကွယ် ပေးရန်လည်း မဟုတ်ကြောင်း ဦးရဲထွဋ်က ပြောသည်။
“ကျနော်တို့က အဲဒီဒေသက ၂ ဘက်အသိုင်းအ၀ိုင်းကို ကာကွယ်ပေးရမှာ၊ ဘယ်သူကျူးလွန်၊ ကျူးလွန် ကျနော်တို့ အရေးယူမှာပဲ၊
တကယ်ထိခိုက်နစ်နာခဲ့တာက ရခိုင်လူမျိုး ရဲတပ်ကြပ် အောင်ကျော်သိန်းပဲ၊ ကျနော်တို့က သာမာန် ရာဇ၀တ်မှုလေးကို ထိန်းထိန်း သိမ်းသိမ်းလုပ်နေတာမှာ တဖက်က သူတို့ကျူးလွန်တာကို ဖုံးကွယ်ချင်တဲ့အတွက် ပေါင်းလုပ်ကြတယ်”ဟုလည်း ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ မွတ်စလင် အများစု နေထိုင်သော ဒုချီးရားတန်း ကျေးရွာသို့ အာဏာပိုင်များ လာရောက်ပြီး
မိုဘိုင်းလ်ဖုန်းများ သိမ်းယူခြင်း၊ အိမ်ထောင်စု လူဦးရေ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းသို့ ဆောင်ရွက်မှုကို မကျေနပ် သော မွတ်စလင်များက လူစုလူဝေးဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အာဏာပိုင်များနှင့် မွတ်စလင်များ အကြား ပဋိပက္ခများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းနောက် ဇန်န၀ါရီလ ၁၄ ရက်နေ့ နံနက်စောပိုင်းတွင် ပျောက်ဆုံးခဲ့သော ရဲတပ်ကြပ်ကြီး တဦးကို ရှာဖွေရန် စစ်သားများ၊ ရဲများနှင့် ဒေသခံ ရခိုင်တိုင်းရင်းသားများပါဝင်သော လူစုလူဝေးက ဒုချီးရားတန်း ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာသူရွာသားများကို တိုက်ခိုက်ကာ ပစ္စည်းများ သိမ်းယူခဲ့ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။
ယင်းတိုက်ခိုက်မှုအတွင်း ကလေးများ၊ အမျိုးသမီးများအပါအ၀င် လူသေဆုံးသည်ဟု ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သော Arakan Project က ဇန်န၀ါရီလလယ်ပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

လိုအပ်ပါက မြန်မာပြည်ကို ကာကွယ်ရန် အသင့်ရှိဟု ရခိုင်တပ်မတော် စစ်ဦးစီးချုပ်ဆို


အခြေ အနေအရ လိုအပ်လာပါက ရခိုင်ပြည်နယ် အပါအဝင် မြန်မာ ပြည်ကို ကာကွယ်ရန် အသင့်ရှိ သော် လည်း အမှားအယွင်း အဖြစ်မခံနိုင်ဟု ရခိုင်တပ်မ တော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ဆိုသည်။ ၂၀၁၁ခုနှစ် ဇွန်လမှ စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်များနှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ပဋိပက္ခဖြစ်စဉ်များ၏နောက် ကွယ်မှ ကြိုးကိုင်ကာသွေးထိုး လှုံ့ဆော်မှုများမှာ တိုင်းပြည် ၏အချုပ်အခြာကို မလေးစား ရာရောက်သည်ဟု ၎င်းင်းက KNU ဌာနချုပ်၌ ဇန်နဝါရီ ၂ဝမှ ၂၆ရက်အထိ ကျင်းပခဲ့ သော ဒုတိယအကြိမ် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း များညီလာခံ၌ ပြောကြားခဲ့ ခြင်းဖြစ်သည်။ ““တရားသည် မတရား သည်ဆိုတာထက် ဘင်္ဂါလီမှန် ပါတယ်လို့ တစ်ဘက်သတ်ပြော ဆိုတာတွေရှိတယ်။ ဒါက တိုင်း ပြည်ရဲ့ အချုပ်အခြာ ကိုမလေး စားတာပါ။ ပြီးတော့ ကိုယ့် ဘက်က အစစအရာရာအား နည်းတာ လဲပါတယ်။ တပ်မ တော်တစ်ရပ်က တစ်ပွဲထိုးတော့ မဟုတ်ဘူး။ လိုအပ်လာရင် တိုင်းပြည်ကို ကာကွယ်ဖို့အသင့် ပဲ။ ဒါပေမဲ့ဒေါသအလျောက် လုပ်လို့တော့ မရဘူးပေါ့။ ဘာ လို့လဲဆိုတော့ အမှားအယွင်းအ တွက် ကျွန်တော်တို့မှာ နောက် ဆုတ်စရာ မြေမရှိဘူးဗျ””ဟု ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်က ဆိုသည်။ (မြစ်မခ)

လက်ကျန် နိုင်/ကျဉ်းများ လွတ်မြောက်ရေး လမ်းလျှောက်ဆန္ဒပြပွဲ ပြီးဆုံး

monk-demo-305.JPG
ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့မှာ သြဂုတ်လ ၃ ရက်နေ့က တကိုယ်တော် ဆန္ဒပြနေသော ဆရာတော် ဦးရက္ခဝံသကို တွေ့ရစဉ်
photo: RFA/ Kyaw Zaw Win
အကျဉ်းထောင်အသီးသီးမှာ ကျန်ရှိနေသေးတဲ့ လက်ကျန် နိုင်ငံရေးအကျဉ်းသား ၃၀ ကျော် အမြန်ဆုံး လွတ်မြောက်ရေးအတွက် တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒပြခဲ့တဲ့ ဆရာတော် အရှင် ရက္ခဝံသဟာ ဒီကနေ့ ကျောက်တော်မြို့နယ် မဟာမြတ်မုနိဘုရားကြီးမှာ လမ်းလျှောက်ဆန္ဒပြပွဲကို အဆုံးသတ်လိုက်ပါတယ်။
ကျောက်တော်မြို့နယ်  မဟာမြတ်မုနိဘုရားကြီးမှာ ရခိုင်ဒေသခံ သံဃာတော် ၉ ပါးနဲ့အတူ ဆုတောင်းပွဲတစ်ရပ်ပြုလုပ်ပြီး ခရီးစဉ်ကို အဆုံးသတ်လိုက်တာဖြစ်ကြောင်း တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒပြခဲ့တဲ့ ဆရာတော် အရှင်ရက္ခဝံသက RFA ကို မိန့်ပါတယ်။
“မန္တလေးမဟာမြတ်မုနိကနေ ရခိုင်မဟာမြတ်မုနိ အထိပေါ့ ဒီနေ့ကတော့ ကျောက်တော် မဟာမြတ်မုနိမှာ အဆုံးသတ်တာပေါ့နော်၊ သံဃာကိုးပါးနဲ့ မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား ၃၃ ယောက် အားလုံးလွတ်မြောက်ပါစေ ဆိုပြီးတော့ ဆုတောင်းကြတာပေါ့”
နိုင်ငံတော်သမ္မတက ၂၀၁၄ ခုနှစ်မှာ နိုင်ငံရေးအကျဉ်းသားတွေ မရှိစေရလို့ ပြောဆိုထားပေမယ့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီက ပြုစုထားတဲ့စာရင်းတွေအရ ဒီကနေ့အချိန်အထိ နိုင်ငံရေးအကျဉ်းသား ၃၃ ဦးကျန်ရှိနေသေးတဲ့အတွက် သူတို့တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ လမ်းလျှောက်ဆန္ဒပြခဲ့တာလို့ ဆရာတော် အရှင်ရက္ခဝံသက မိန့်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ် မကွေးစာသင်တိုက်မှာ သီတင်းသုံးနေတဲ့ ဆရာတော် အရှင်ရက္ခဝံသဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့က မန္တလေး မဟာမြတ်မုနိဘုရားကြီးကနေ စတင်လမ်းလျှောက်လာခဲ့တာဖြစ်ပြီး ဒီကနေ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မဟာမြတ်မုနိဘုရားကြီးကို ရောက်ရှိခဲ့တာပါ။
(သတင်းအရင်းအမြစ်- RFA)

ဒုချီးရာတန်းကျေးရွာကို EU သံတမန်များ သွားကြည့်မည်

eu-ambassador-305.jpg
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဥရောပသမဂ္ဂ သံအမတ်ကြီး H.E. Mr. Roland KOBIA တို့အဖွဲ့ ဇန်နဝါရီ ၂၃ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံကြစဉ် photo: Pyithuhluttaw Websit

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့ရုံးက သံအမတ်ကြီး   Mr. Roland Kobia နဲ့ ဒိန်းမတ်၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီစတဲ့ အီးယူအဖွဲ့ဝင်နိုင်ငံတွေက သံအရာရှိ ၁၀ ဦးလောက်ဟာ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရာတန်းကျေးရွာကို လာမယ့်ဇန်န၀ါရီ ၃၀ ရက်နေ့မှာ သွားရောက်လေ့လာမယ်လို့ သိရပါတယ်။
အဲဒီ သံတမန်အရာရှိတွေဟာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ အစိုးရတာဝန်ရှိသူတွေ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေအပြင် နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေနဲ့  ဇန်န၀ါရီလ ၂၉ ရက်မှာ တွေ့ဆုံမှာဖြစ်ပြီး ညနေပိုင်းမှာ ရခိုင်နဲ့ မွတ်စလင် နှစ်ဘက်စလုံးက ရပ်မိရပ်ဖတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ နိုင်ငံရေး ပါတီ ခေါင်းဆောင်တွေနဲ့ စစ်တွေဟိုတယ်မှာ သီးခြားတွေ့ဆုံဆွေးနွေးသွားမယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၃၀ ရက်နေ့မှာတော့ မောင်တောမြို့နယ် ဒုချီးရာတန်းကျေးရွာကို သွားရောက်ပြီး ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင် နှစ်ဘက်ခေါင်းဆောင်တွေ၊ နိုင်ငံတကာလူမှု အဖွဲ့အစည်းတွေ တွေ့ဆုံမှာဖြစ်တယ်လို့သိရပါတယ်။
ဥရောပသမဂ္ဂအဖွဲ့ဝင် သံအမတ်ကြီးတွေရဲ့ ရခိုင်ခရီးစဉ်ဟာ ၄ ရက်ကြာမြင့်မှာဖြစ်ပြီး ရခိုင်ပြည်နယ်ခရီးစဉ်နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
(သတင်းအရင်းအမြစ်- RFA)

ပြဿနာ ပိုရှုတ်အောင် UN အဖွဲ့များ လုပ်ခဲ့တယ်လို့ ဦးရဲထွဋ် ပြော

uyehtut-305.JPG
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရာတန်းကျေးရွာမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေဟာ ပြဿနာကို ပိုမိုရှုတ်ထွေးအောင် လုပ်ခဲ့တယ်လို့ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ   ဒုချီးရာတန်း ပဋိပက္ခအပါအ၀င် ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး သံအမတ်တွေ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံရှင်းလင်းပွဲမတိုင်ခင် ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောခဲ့တာပါ။
“သတင်းဌာနတွေ၊ UN အေဂျင်စီတွေ နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အဲဒီဒေသမှာရှိတဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်အောင်လို့၊ တည်ငြိမ်သွားအောင်လုပ်ဖို့ ရောက်နေတယ်၊ ဒါပေမဲ့ သူတို့ လုပ်တဲ့အခါ ပိုပြီးတော့ ရှုပ်ထွေးသွားအောင်လုပ်သလို ဖြစ်နေတယ်၊ ဒါကို ကျနော်တို့က လက်မခံနိုင်ဘူး”
ဒါ့အပြင် ဒုချီးရာတန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ရာဇ၀တ်မှု ကျူးလွန်တာတွေ ရှိခဲ့တယ်ဆိုရင် အစိုးရအနေနဲ့ အရေးယူသွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒုချီးရာတန်းကျေးရွာကို သတင်းမီဒီယာတွေ သွားရောက်သတင်းယူမယ်ဆိုရင် ပြည်နယ်အစိုးရအနေနဲ့ တာဝန်ယူကူညီပေးဖို့ရှိပေမယ့် အဲဒီပဋိပက္ခသတင်းကို စတင်ရေးခဲ့တဲ့ AP သတင်းဌာနကိုတော့ သွားရောက်ခွင့်မပြုဘူးလို့ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
ဒီနေ့တွေ့ဆုံပွဲကို AP, VOA, RFA စတဲ့နိုင်ငံခြား သတင်းဌာနအပါအ၀င် ပြည်တွင်းသတင်း မီဒီယာအများစုကို ဖိတ်ကြားခဲ့ခြင်း မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ရက်ပိုင်းက ဒုချီးရာတန်းကျေးရွာမှာ မွတ်စလင်ဘာသာဝင် ၄၀ ကျော် အကြမ်းဖက်သတ်ဖြတ် ခံခဲ့ရတယ်လို့ AP သတင်းဌာနက ရေးသားခဲ့သလို အမေရိကန်နဲ့ ဗြိတိန်သံရုံးတို့ကလည်း စုံစမ်းစစ်ဆေးပေးပို့ ပူးတွဲကြေညာချက်ထုတ်ခဲ့ပါတယ်။
အဲဒီဖော်ပြချက်တွေဟာ သတင်းမှားတွေဖြစ်တယ်လို့  အစိုးရအာဏာပိုင်တွေက ပြောကြပါတယ်။ ဒုချီးယာတန်းရွာမှာ ရဲတပ်ကြပ်ကြီးတစ်ယောက် ပျောက်ဆုံးနေတာကြောင့်၊ ရဲတပ်ဖွဲ့က ရွာကိုဝိုင်းပြီး ရှာဖွေခဲ့တာဖြစ်ပြီး အဲဒီ ရဲတပ်ကြပ်ကြီးဟာ သေဆုံးသွားပြီလို့ ယူဆကြပါတယ်။
(သတင်းအရင်းအမြစ်- RFA)

ရွေးကောက်ပွဲကော်မရှင်မှာ ANP ပါတီကို မှတ်ပုံတင်ပြီ

arakan-national-party-305.jpg
RNDP နှင့် ALD ပါတီတို့ ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ (Arakan National Party)အဖြစ်ထူထောင်တဲ့ သဘောတူ လက်မှတ်ရေးထိုးပွဲကို ဇွန်လ ၁၇ ရက်နေ့ကကျင်းပခဲ့စဉ်
photo: RFA/ Tun Myint
Add caption
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD  ပါတီ ၂ ခု ပူးပေါင်းထားတဲ့ ရခိုင်အမျိုးသားပါတီ Arakan National Party ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်လိုက်ပြီလို့ ပါတီခေါင်းဆောင်တွေက ဒီကနေ့ ပြောကြပါတယ်။
ပါတီအသစ်အမည်နဲ့ မှတ်ပုံတင်ကျလာရင် ညီလာခံကျင်းပဖို့ ပြင်ဆင်သွားမယ်လို့ ကော်မရှင်ရုံးကို ဒီကနေ့ သွားရောက်မှတ်ပုံတင်ရာမှာပါဝင်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ ဥက္ကဌ ဦးအေးသာအောင်က RFA ကို ပြောပါတယ်။
"ကျနော်တို့ ၁၁ နာရီ ၄၅ မှာ တင်ပါတယ်၊ အဓိကကတော့ ကျနော်တို့က ဒီ ၂ ပါတီပေါင်းဖို့ အကြိမ်ကြိမ်ဆွေးနွေးပြီးတော့ ပေါင်းဖို့သဘောတူညီခဲ့ပြီ၊ နောက်တစ်ခုက မြို့နယ် ၁၇ မြို့နယ် ပြီးတော့ရန်ကုန်၊ ပလက်ဝမှာရှိတဲ့ ALD နဲ့ RNDP နှစ်ဖွဲ့ကို ANP ပါတီအဖြစ် ပေါင်းစည်းပေးဖို့ရှိပါတယ်"
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD တို့ ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ ANP အဖြစ် ပါတီမှတ်ပုံတင်ခွင့်ကို ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၃ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုလိုက်တာဖြစ်ပါတယ်။
(သတင်းအရင်းအမြစ်- RFA)

မောင်တောမြို့ ဒုချီးရားတန်း အနောက်ရွာ၌ မီးလောင်မှုဖြစ်စဉ်မှန်

စစ်တွေ၊ ဇန်န၀ါရီ ၂၉
မောင်တောမြို့နယ် ဒုချီးရားတန်း အနောက်ရွာ (ဘင်္ဂါလီ)၌ ဇန်န၀ါရီ ၂၈ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာအုပ်ချုပ်ရေး မှူးများ သွားရောက် ငြိမ်းသတ်ခဲ့ကြသည်။
အဆိုပါ မီးလောင်မှုမှာ ဒုချီးရားတန်း အနောက် (ဘင်္ဂါလီ)ရွာနေ အဘူဖွေယာ့ (၅၀)နှစ် (ဘ) ကာဆိမ်း၏ နေအိမ်မှ စတင်မီးလောင်ကျွမ်း၍ မီးငြိမ်းသတ်နေစဉ် တောင်ဘက်ကိုက် (၁၅၀)အကွာ အဏ္ဏ၀ါဆလာမ် (၅၀)နှစ် (ဘ) ဆီရာဇူ ၏ အိမ် ထပ်မံမီးလောင်သည့်အတွက် မီးငြိမ်းသတ်ရန်သွားစဉ် ဘင်္ဂါလီလူမျိုးများ (၅)ဦးခန့် ထွက်ပြေးသွား သည်ကို တွေ့ရှိခဲ့ရ သည်။ မီးလောင်မှုဖြစ်စဉ်တွင် အိမ်များထူထပ်ခြင်း၊ သက်ကယ်၊ ၀ါးများဖြင့် ဆောက်လုပ်ထားခြင်းကြောင့် နေအိမ်အကြီး (၄)လုံး၊ အိမ်သေး (၁၂)လုံး စုစုပေါင်း (၁၆)လုံး မီးလောင် ဆုံးရှုံးသွားခဲ့ပြီး လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
မီးရှို့မှုဖြစ်စဉ်အား တပ်ဦးချောင်း ကျေးရွာအုပ်ချုပ်ရေးမှူးမှ တရားလိုပြုလုပ်ကာ မီးရှို့သွားခဲ့သူများအား အမှုဖွင့် တိုင်ကြားခဲ့ သဖြင့် မောင်တောရဲစခန်းမှ (ပ) ၁၉/၂၀၁၄၊ ပုဒ်မ - ၄၃၆ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်။ မီးလောင်မှု ဖြစ်စဉ်အနီးတွင် ရခိုင်ရွာများမရှိဘဲ ဘင်္ဂါလီရွာများသာရှိပြီး မိမိ၏အိမ်များအား မီးရှို့ထွက် ပြေးသွား ခဲ့ပြီး ထိုဖြစ်စဉ်အား ပုံကြီး ချဲ့ကာ သတင်းမှား ထုတ်လွှင့်ခြင်းများ မဖြစ်စေရန်အတွက် သတင်းအ ချက် အလက် များအား သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ရှိ တာဝန်ရှိသူများသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ပြည်နယ် အစိုးရက ထုတ်ပြန်ထားသည်။
(သတင်းအရင်းအမြစ်- MOI)

မောင်တော ဒုချီးရားတန်းမီး ရှို့မီးဖြစ်ကြောင်း အာဏာပိုင်များပြော

Maungdaw-firing
( မီးလောင်မူကို ဒေသဆိုင်ရာ အာဏာပိုင်များမှ ယခုလို ရိုက်ကူး မှတ်တမ်းတင်ခဲ့သည်။)

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း အနောက်ရွာတွင် ယမန်နေ့ညနေက လောင်ခဲ့သော မီးမှာ ရှို့မီး ဖြစ်ကြောင်း မောင်တောခရိုင် ကွပ်ကဲရေးမှူး ရဲမှူးကြီး ဦးတင်ကိုကိုက နိရဉ္စရာသို့ ပြောကြားသည်။
၎င်းမီးသည် ဒုချီးရားတန်း မွတ်ဆလင်အနောက်ရွာတွင် ညနေ ၈ နာရီ ၄၅ မိနစ်တွင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ညနေ  ၁၀ နာရီတွင် မီးညွှန့်ကျိုးကာ ငြိမ်းသွားခဲ့သည်ဟု သိရသည်။
ယခု မီးလောင်မူမှာ ရန်ကုန်မြို့ နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဦးဆောင်ပြီး ဇန်န၀ါရီလ ၁၃ ရက်နေ့က  ဒုချီးရားတန်း (အလယ်ရွာ) တွင် ဖြစ်ပွားခဲ့သောပြဿနာနှင့် ပတ်သက်ပြီး နိုင်ငံခြား သံတမန်များနှင့် ကုလသမဂ္ဂကိုယ်စားလှယ်များအား ရှင်းလင်းပွဲ အပြီး နာရီပိုင်းအကြာတွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
မီးလောင်မူကြောင့် အိမ်ကြီး ၄လုံး အပါအ၀င် တဲသာသာသာ အိမ် ၁၂ လုံး၊ စုစုပေါင်း ၁၆ လုံး မီးထဲပါသွားခဲ့သည်။
ယခုမီးမှာ ရှို့မီးဖြစ်ကြောင်း ရဲမှူးကြီး ဦးတင်ကိုကိုက ယခုလို ပြောသည်။
“ မီးလောင်တယ်ဆိုတာက အိမ်ဘဲ လောင်ရမယ်။ အခု ခြံစည်းရိုးတွေပါ တပြိုင်တည်း လောင်တယ်။ ဒါထုံးစံမရှိဘူး။ အခု မီးလောင်တာက မြောက်ဘက် အစွန်ဆုံးအိမ်၊ အိမ်ရော၊ ခြံစည်းရိုး တပြိုင်တည်း လောင်တယ်။ ဒါ ထူးဆန်းတာ တစ်ချက်။ နောက်တစ်ချက်က မီးလောင်တဲ့ နေရာက တောင်ဘက်ကို ကိုက်၂၀၀ အကွာ ရွာအလယ်မှာ  မီးထလောင်ပြန်တယ်။ အဲဒီအချိန်မှာ လေက အရှေ့ကနေတိုက်နေတယ်။ ဘယ်လိုနည်းနဲ့မှ ရွာလယ်မှာ မီးထလောင်ဖို့ မဖြစ်နိုင်ဘူး။ ဒါက ဒုတိယ တချက်။ ကျွန်တော်တို့က မီးသတ်ဖို့သွားတာ။ ခုလို ဖြစ်နေတော့ ဘယ်လိုမှ မသတ်နိုင်ဘူး” ဟု ဆိုသည်။
ယင်းပြင် မီးလောင်သော နေအိမ်များထဲတွင်လည်း ထင်းပုံများကို စုပုံ၍ တွေ့ရှိရကြောင်း၊ အခြေအနေအရပ်ရပ်ကို သုံးသပ်ပါက ရှို့မီးဖြစ်ကြောင်း ရဲမှူးကြီး ဦးတင်ကိုကိုက ပြောသည်။
ယခု အချိန်ထိ တစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးခြင်း မရှိသေးကြောင်း၊ ရွာထဲတွင် ရွာသား တစ်ဦးမှ မရှိဘဲ ဘင်္ဂလီ အမျိုးသမီးကြီး တစ်ဦးကို တွေ့ရှိရသဖြင့် ဖမ်းထိန်းထားကြောင်း ရဲမှူးကြီးက ဆက် ပြောသည်။
Maungdaw-fire
( မီးလောင်မူကို ဒေသဆိုင်ရာ အာဏာပိုင်များမှ ယခုလို ရိုက်ကူး မှတ်တမ်းတင်ခဲ့သည်။)
ပုံမှန်အတိုင်း မီးလောင်ပါက အနီးအနားရှိ ဒေသခံများက ၀ိုင်းဝန်းမီးငြိမ်းသတ်လေ့ရှိပြီး ယခုမီးလောင်မူတွင် မီးလောင်နေစဉ် ရွာသား တစ်ဦးမှ မရှိဘဲ ထွက်ပြေးသွားကြသည်ကို ထောက်ရှု့ခြင်းအားဖြင့် မီးမှာ ရှို့မီးဖြစ်နိုင်ကြောင်း ပိုမို ထင်ရှားစေသည်ဟု အာဏာပိုင်များက ဆိုသည်။
မီးလောင်မူ ဖြစ်ပွားချိန်တွင် မြို့နယ် အဆင့် တာဝန်ရှိသူများ၊ မီးသတ်ဖွဲ့များ ရောက်ရှိလာပြီး မီးငြိမ်းသတ်ခဲ့ကြသည်ဟု သိရသည်။
ယခုမီးလောင်သော ဒုချီးရားတန်း အနောက်ရွာတွင် အိမ်ခြေ (၃၀) ခန့်ရှိပြီး ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်သိန်း အသတ်ခံခဲ့ရသော ဒုချီးရားတန်း (အလယ်ရွာ)မှ ၂ ဖါလုံခန့်ဝေးကြောင်း သိရှိရသည်။
ဘင်္ဂလီရွာသားများက ကိုယ်အိမ်ကိုကိုယ် မီးရှို့ကြခြင်းဖြစ်သော်လည်း အနီးအနားရှိ ရခိုင်ရွာသားများကို မဆီမဆိုင် စွပ်စွဲလာမည်ကို ဒေသခံများက အထူးစိုးရိမ်နေကြသည်ဟု ၎င်းရွာအနီးရှိ ခရေမြိုင်ရွာသားများက ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ANP မှတ်ပုံတင်ခွင့်လျှောက်

ရခိုင်အမျိုးသား ပါတီ ( Arakan National Party) ၏ နိုင်ငံရေးမှတ်ပုံတင်ခွင့်ကို နေပြည်တော်ရှိ ပြည်ထောင်စု ရွှေးကောက်ပွဲ ကော်မရှင်တွင် ယခုလ ၂၇ ရက်နေ့က လာရောက် လျှောက်ထားခဲ့သည်ဟု သိရသည်။
ယခင် ALD ပါတီ ဥက္ကဌ ဦးအေးသာအောင်၊ RNDP ဥက္ကဌ ဒေါက်တာအေးမောင်တို့မှ သွားရောက် လျှောက်ထားခဲ့သည်ဟု ပါတီ သတင်းရပ်ကွက်အရ သိရသည်။
မြန်မာအစိုးရပိုင် သတင်းစာများမှလည်း ယခုလို ကြေညာသည်။
ကန့်ကွက်နိုင်ကြောင်းအများသိစေရန် ကြေညာခြင်း
၁။  ရခိုင်ပြည်နယ် စစ်တွေမြို့/လမ်းမတော်တောင်ရပ်ကွက်၊ လမ်းမကြီးအမှတ်(၃၉၃)တွင် ပါတီရုံးချုပ်တည်ရှိသော ရခိုင်အမျိုးသားပါတီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၂၇-၁-၂၀၁၄ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့လျှောက်ထားရာတွင် ပါတီအမည်အလံနှင့် တံဆိပ်တို့ကိုဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။
၂။  ယင်းအဖွဲ့အစည်းက အသုံးပြုမည့်ပါတီအမည် အလံနှင့်တံဆိပ်တို့ကို ယခုကြေညာသည့်နေ့မှစ၍ (၇)ရက်တွင်း ခိုင်လုံသောအထောက်အထားများဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လာရောက်ကန့်ကွက်နိုင်ပါကြောင်း နိုင်ငံရေးပါတီများမှ မှတ်ပုံတင်ခြင်းနည်းဥပဒေ ၁၄ (ဃ)အရ အများသိစေရန် ကြေညာအပ်ပါသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

လုပ်ခသွားတောင်းသူတွေကို သေးပန်းတဲ့ တရုတ်တွေရဲ့ CNPC ရုံးခွဲ မီးရှို့ခံရ

CNPC in Myanmarလုပ်ခတောင်းသူတဲ့သူတွေကို ရုံးပေါ်ကနေ သေးနဲ့ပန်းချတဲ့ အတွက် တရုတ် CNPC ရဲ့ ရုံးခွဲ တစ်ခုကို ဒီလ ၂၆ ညနေပိုင်းက ဒေသခံတွေက မီးရှို့လိုက်ကြတယ်လို့ သိရပါတယ်။
ဒေသခံ ကျေးရွာသား တစ်ဦးပြောတာကတော့ အခု မီးရှို့ခံရတဲ့ တရုတ် CNPC ရုံးခွဲဟာ ရခိုင်ပြည်နယ် အမ်းမြို့နယ် ဆင်ခုံးတိုင်းကျေးရွာမှာ တည်ရှိတယ်လို့ ပြောပါတယ်။
ဖြစ်ပွားပုံနဲ့ ပတ်သက်ပြီး သူက ပြောကြားရာမှာ လုပ်ခ သွားတောင်းတဲ့ ရွာသားတွေ ရုံးအောက်မှာ စုရုံးနေချိန်မှာ တရုတ်ဝန်ထမ်း တစ်ဦးက ရုံးပေါ်ကနေ သေးပန်းချတယ်လို့ ပြောပါတယ်။ ဒီအပေါ်မှာ မကျေနပ်တဲ့ အတွက် ခုလို မီးရှို့လိုက်ကြတာဖြစ်တယ်လို့ ပြောပါတယ်။
ရွာသားတွေက သေးပန်းခံရတဲ့နောက်မှာ ၀ိုင်းဝန်းတိုက်ခိုက်ခံရမှာကို စိုးရိမ်တဲ့ အတွက် တရုတ်ဝန်ထမ်းတွေ ထွက်ပြေးသွားတဲ့ နောက်မှာ တရုတ်ဝန်ထမ်းတွေနေတဲ့ ရုံးခွဲ တစ်ခုနဲ့ ဆီပီပါတွေကို ရွာသားတွေက မီးရှို့လိုက်တယ်လို့ သူက ဆိုပါတယ်။
တရုတ်ဝန်ထမ်းတွေဟာ အစိုးရ အချင်းချင်း လုပ်တဲ့ စီမံကိန်းတွေ ဖြစ်တယ်ဆိုပြီး ဘယ်သူကိုမှ ဂရုမစိုက်သလို ဘယ်မြန်မာ အစိုးရ အရာရှိမှလည်း သူတို့ကို မပြောဝံ့တာကြောင့် ဒေသခံ လုပ်သားတွေ အပေါ်မှာ မချေမငံ ဆက်ဆံတာတို့၊ ရိုင်းပျစော်ကားတာတွေ ပြုလုပ်နေတာတွေ ကြာပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။
ခုလို ဆက်ဆံပြုမူနေတာတွေကို အရင်ကလည်း တိုင်းတန်းတာတွေ ရှိပေမယ့် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်အဆင့်ရှိသူတွေက ဘာတစ်ခုမှ ၀င်ရောက်ပြောဆိုတာတွေ မရှိဘူးလို့လည်း လူမူရေး လူပ်ရှားနေသူတွေက ပြောပါတယ်။
ဒါ့ပြင် လုပ်အားခ လျှော့ပေးတာတို့၊ လုပ်အားခတွေကို ပုံမှန် မရှင်းပေးတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
နောက်ဆုံး ရရှိတဲ့ သတင်းအရ အခင်းဖြစ်ပွားတဲ့ ဆင်ခုံးတိုင်ရွာကို ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့က ရဲတွေ ရောက်ရှိနေပြီး ဖမ်းဆီးတာ တချို့လည်း ရှိနေတယ်လို့ သိရပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)