Thursday, January 30, 2014

မြန်မာ စစ်စခန်း ၄ ခု နယ်စပ်တွင် တည်ဆောက်ဟု ဘင်္ဂလာဒေခ်ျ့က စွပ်စွဲ

border security  postမြန်မာ စစ်တပ်သည် စစ်စခန်း ၄ ခုအား ဘင်္ဂလာဒေခ်ျ့ နယ်စပ် အနီးတွင် တည်ဆောက်ထားသည်ဟု  ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက စွပ်စွဲလိုက်သည်။ ၎င်းစစ်စခန်း တည်ဆောက်မူကို ဘင်္ဂလာဒေခ်ျ့က ကန့်ကွက်ကြောင်း ယနေ့ထုတ် ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြသည်။
ယခုကဲ့သို့ ကန့်ကွက်ခြင်းမှာ ယခု တည်ဆောက်ထားသော မြန်မာစစ်စခန်း (၄) ခုသည် နိုင်ငံတကာ နယ်စပ် စည်းမျဉ်းများကို ချိုးဖေါက်ရာ ရောက်၍ ဖြစ်ကြောင်း ဘင်္ဂလာ အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကားပြီး သတင်းစာများတွင် ဖေါ်ပြသည်။
ယခု မြန်မာဘက်က တည်ဆောက်ထားသော စစ်စခန်း (၄) ခုမှာ မြန်မာဘက်မှ ဆလူတောင် ( Saludong) အရပ်တွင် ဖြစ်ပြီး နယ်စပ် စီရိုမျဉ်းမှ ကိုက် ၃၀၀ အကွာတွင် ရှိကြောင်း၊ ဘင်္ဂလာဒေခ်ျ့ဘက်က ဆိုလျှင် နယ်စပ် ကျောက်တိုင် အမှတ် ၄၅ အနီးတွင် ဖြစ်ကြောင်း၊ ၄င်းစစ်စခန်းများကို ယခုလ ဇန်န၀ါရီ ၁၁ ရက်နေ့က တည်ဆောက်ခဲ့ကြောင်း၊ စစ်စခန်းတစ်ခုစီတွင် စစ်သား ၂၄ ဦးက တာဝန် ထမ်းဆောင်နေကြောင်း သတင်းတွင် ဖေါ်ပြသည်။
ယခုကဲ့သို့ နယ်စပ်တွင် မြန်မာဘက်မှ စစ်စခန်းတည်ဆောက်နေခြင်းကို ဘင်္ဂလာနယ်ခြားစောင့်တပ် ဘီဂျီဘီ ရှေ့တန်း ဗျူဟာမှ ဘင်္ဂလာဒေခ်ျ့ ပြည်ထဲရေး ၀န်ကြီးဌာသို့ ယခုလ ၂၁ ရက်နေ့က စာရေးအကြောင်းကြားခဲ့သည်ဟု ဆိုသည်။
ဘီဂျီဘီ တာဝန်ရှိသူများမှ မြန်မာ အနေဖြင့် ထိုကဲ့သို့ ဘင်္ဂလာဒေခ်ျ့ နယ်စပ်နှင့် နီးကပ်စွာ စစ်စခန်း တည်ဆောက်ရန် အခွင့်အရေး မရှိကြောင်း၊ နတ်ကျော်ဆရီ အခြေစိုက် အမှတ် ၃၁ ဘီဂျီဘီ တပ်ရင်း တပ်ရင်းမှူး Lt Col Md Shafiqur Rahman မိမိတို့ ပြင်းထန်စွာကန့်ကွက်ကြောင်း၊ ထိုသို့ ကန့်ကွက်သည်ကို မြန်မာ အာဏာပိုင်များသို့ စာဖြင့် ပို့ပေးခဲ့ကြောင်း၊ စာထဲတွင် ယခု စစ်စခန်း တည်ဆောက်မူသည် နိုင်ငံတကာ သဘောတူညီချက်များနှင့် ၁၉၈၀ ခုနှစ်က ဘင်္ဂလာ- မြန်မာ နှစ်နိုင်ငံ နယ်စပ် သဘောတူညီမူကို ချိုးဖေါက်ခြင်း ဖြစ်ကြောင်း ဖေါ်ပြထားသည်ဟု ဆိုသည်။
မြန်မာဘက်မှ  ယင်းနေရာတွင် လမ်းဖေါက်နေသဖြင့် ယာယီ စစ်စခန်းများ တည်ဆောက်ခြင်းသာ ဖြစ်ကြောင်း ပြောကြားသော်လည်း မိမိတို့မှ အနီးကပ် စောင့်ကြည့်နေကြောင်း၊ သူတို့၏ အကြောင်းပြချက် ဟုတ်မဟုတ်ကို ထောက်လှမ်းရေးဌာနများမှ အသေးစိတ် လေ့လာနေကြောင်း ပြောဆိုသည်။
ယခု စစ်စခန်း တည်ဆောက်မူသည် နှစ်နိုင်ငံ နယ်စပ် တလျှောက်တွင် နေထိုင်သော ဒေသခံ ပြည်သူများကို ခြိမ်းခြောက်ရာလည်း ရောက်နေကြောင်း ပြောဆိုသည်။
ယခု သတင်းစာပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး မြန်မာ အာဏာပိုင်များ၏ တုန့်ပြန်မူနှင့် သဘောထားကို ယခုအချိန်ထိ သိရှိရခြင်း မရှိသေးပါ။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: