အင်ဒိုနီးရှား မြို့တော်ဂျာကာတာမှာရှိသော မြန်မာသံရုံးအား အကြမ်းဖက်လူတစ်စုမှ မေလအတွင်း မအောင်မမြင်ဖြစ်ခဲ့သော ဗုံးခွဲတိုက်ခိုက်မှုတစ်ခု ကြံစဉ်ခဲ့ပြီး ၄င်းအမှုနှင့် ပတ်သက်၍ သံသယရှိသူ နှစ်ဦးကို အကြမ်းဖက်နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ထပ်မံ ဖမ်းဆီးလိုက်ကြောင်း အင်ဒိုနီးရှား သတင်းဌာနတစ်ခုဖြစ်သော Jakarta Globe မှာ ဖော်ပြထားသည်။
မေလအတွင်းက မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ အကြမ်းဖက်တစ်စုမှ ကြံစည်ခဲ့စဉ်အတွင်းက လုံးခြုံရေးယူနေကြသော အင်ဒိုနီးရှားရဲများ။ (ဓါတ်ပုံ - gakarta glope)မေလအတွင်းက မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ အကြမ်းဖက်တစ်စုမှ ကြံစည်ခဲ့စဉ်အတွင်းက လုံးခြုံရေးယူနေကြသော အင်ဒိုနီးရှားရဲများ။ (ဓါတ်ပုံ - gakarta glope)
သံသယရှိသူ အီးပှုးလ် ခေါ် မှုဟာမက် စာအိဖူလ်စာဘာနီဝှိုကို Yogyakarta မြို့ထဲ ကားရပ်နားရာ ကွင်းတစ်ခုအထဲ၌ သြဂုတ်လ ၉ ရက်နေ့က ဖမ်းဆီးလိုက်သည်။ ရဲများ၏ ပြောကြားချက်အရ အီးပှုးလ်သည် မြန်မာသံရုံးဗုံးခွဲကြံစဉ်မှုမှာ နောက်ကွယ်က ငွေကြေးရှာဖွယ်ပေးခဲ့သူဖြစ်ပြီး အနောက်ဂျာဗား စစ်သင်တန်းတစ်ခုမှာလည်း ပါဝင်တက်ရောက်ခဲ့သူ ဖြစ်သည်။
ထို့အပြင် အကြမ်းဖက် ကွန်ယက်ငယ်တစ်ခုနှင့် ဆက်နွယ်မှုရှိပြီး အီးပှုးလ်၏ အပေါင်းအပါတစ်ဦးလည်း ဖြစ်သူ ဘာယုဒွီအာဒီယန်ကို ဂျာကာတာ မြန်မာသံရုံး ဗုံးခွဲကြံစဉ်မှုနှင့် ပတ်သက်၍ သံသယ ဖြစ်ဖွယ်ရှိသောကြောင့် ရဲများမှ ဖမ်းဆီးလိုက်သည်။
အီးပူးလ်နှင့် ဘာယုဒွီအာဒီယန် နှစ်ဦးသည် နောက်ထပ် လူ ၄ ဦးနှင့်အတူ ၂၀၁၃ မေလတွင် ဂျာကာတာ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစဉ်ကြိုးပမ်းခဲ့သည်ကို သတင်းအချက်အလက်များအရ သိရှိရပြီး ရဲများမှ ယခုလို ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
Ref: Jakarta Globe
(သတင်းအရင်းအမြစ်- Arakantimes)