Friday, January 31, 2014

ဘူးသီးတောင်နှင့် မောင်တောမြို့များတွင် UN နှင့် INGO များကို ဆန္ဒပြကန့်ကွက်မည်

ဘူးသီးတောင်နှင့် မောင်တောမြို့များတွင် မြို့သူမြို့သားများက ဆန္ဒထုတ်ဖေါ်ပွဲများကို ပြုလုပ်သွားရန်စီစဉ်နေပြီး ဘူးသီးတောင်တွင် မနက်ဖန် ဖေဖေါ်ဝါရီလ၁ရက်နေ့တွင် ပြုလုပ်ရန်စီစဉ်ထားပြီး မောင်တောမြို့တွင်ဖေဖေါ်ဝါရီလ ၃ ရက်နေ့၌ပြုလုပ်ရန်စီစဉ်ထားကြောင်းသိရသည်။

မြို့သူမြို့သားများ၏ တောင်းဆိုချက်များမှာ
(၁)UNHCR နှင့် INGO များ ၇ ရက်အတွင်းမောင်တောခရိုင်မှ ထွက်ခွာသွားရန်
(၂)ကုလသမဂ္ဂ မှ တဘက်သတ်မှားယွင်းကြေငြာချက်အား ပြန်လည်ရုတ်သိမ်းပေးရန်
(၃)ဒေသလုံခြုံ၊ အေးချမ်း တည်ငြိမ်ရေး နှင့် တရားသပဒေစိုးမိုးရေး
(၄)၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို အမြန်ဆုံး အကောင်အထည်ဖေါ်ပေးရန်
(၅)ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း သတ်ဖြတ်ခံရမှုအား ဥပဒေအတိုင်းအမြန်ဆုံး ဆောင်ရွက်ပေးရန်
(၆)တိုင်းရင်းသား၊ ပြည်သူများအား ကာကွယ်ရန် ရဲတပ်ဖွဲ့အား အချိန်နှင့် တပြေးညီ လုပ်ဆောင်ခွင့် ပြုရန် တို့ဖြစ်သည်။

ဘူးသီးတောင်ရဲစခန်းတွင် ခွင့်ပြုချက်တောင်းခံခဲရာ ခွင့်ပြုချက်ရပြီးဟုသိရသည်။

(ဤသတင်းကို Coral Arakan News မှ ကူးယူဖော်ပြပါသည်)

No comments: