Tuesday, May 27, 2014

ရခိုင်အဆိုတော် ခိုင်မင်းဟိန်း၏ “ကိုယ့်ရိုးရာ” တေးစီးရီး စတင်ဖြန့်ချီ

Band-Horizon-Sittwe
ရခိုင်လူငယ်အဆိုတော် ခိုင်မင်းဟိန်း၏ တစ်ကိုယ်တော်တေးစီရီးတစ်ခွေဖြစ်သော ကိုယ့်ရိုးရာ တေးစီးရီးကို စစ်တွေမြို့တွင် ယနေ့ စတင်ဖြန့်ချီကြောင်း သတင်း ရရှိသည်။
“ကိုယ့်ရိုးရာ” စီးရီးကို အကောင်းဆုံးဖြစ်အောင်ကြိုးစားထားကြောင်း ကိုခိုင်မင်းဟိန်းက နိရဉ္စရာသို့  ပြောသည်။
“ပထမတစ်ခွေ စဖြန့်အချိန်က ဂီရိမုန်တိုင်းနဲ့ကွက်တိဖြစ်နေတယ်။ ဒုတိယခွေကို စစ်တွေမှာစဖြန့်တော့လည်း မောင်တောမြို့မှာ ကုလားရခိုင်အရေးအခင်းစဖြစ်တော့ ဖြန့်ချီရေးတွေ အဆင်မပြေပြန်ဘူး။ နှစ်ကြိမ်လုံး အရှုံးပေါ်ပါတယ်။ ဒါပေမယ့်ဒီလိုအခက်အခဲတွေရှိပေမယ့်လည်းကျွန်တော်တန်ဖိုးထားမြတ်နိုးတဲ့အနုပညာ လုပ်ငန်းဆက်ကြိုးရင်းတတိယအခွေထွက်လာတာပါ၊ဒီခွေဖြစ်မြောက်ဖို့တစ်နှစ်ကျော်လောက်အချိန်ယူခဲ့ရပါ တယ်”ဟု ဆိုသည်။
အဆိုပါတေးစီရီးမှာ ခိုင်မင်းဟိန်း၏ တတိယမြောက် တစ်ကိုယ်တော်တေးစီရီးဖြစ်ပြီး အမျိုးသားရေးသီချင်း (၂)ပုဒ်အပါအဝင် စုစုပေါင်းသီချင်း(၁၃)ပုဒ် ပါရှိကြောင်းသိရသည်။
ယနေ့ စစ်တွေမြို့တွင် ဖြန့်ချီလိုက်သော ‘ကိုယ့်ရိုးရာ’ တေးစီးရီးတွင် ပါဝင်သော သီချင်းများအား ကိုပေါက်၊ ဖိုးသား ၊ မင်းညီ(ဦးရာဇ်မြေ) ၊ ရဲလင်းအောင် ၊ ကျော်လှိုင်ဝင်းဇံ ၊ ကျော်မင်းဦး(စေတီပြင်) ၊ မိုက်ကယ် ၊ သီဟကိုကို ၊ ဇော်လင်းဌေး(ပိုးရွှီပြင်) နှင့် ခိုင်မင်းဟိန်းတို့က ရေးဖွဲ့ထားကြသည်ဟု ကိုခိုင်မင်းဟိန်းက ပြောသည်။
ယနေ့ ဖြန့်ချီသော ကိုယ့်ရိုးရာ တေးစီရီးအား ကိုမြတ်ကျော်( ငွေကြယ်ဦး )က ရိုက်ကူးတည်းဖြတ်ထားပြီးKISS စတူဒီယိုတွင် အသံသွင်းထားကြောင်း သိရသည်။
ယင်း DVD  တစ်ခွေ၏ တန်ဖိုးမှာ ကျပ် ၁၅၀၀ ဖြစ်ကြောင်း သိရသည်။
ရခိုင်လူငယ်အဆိုတော် ခိုင်မင်းဟိန်းမှာ ရခိုင့်ဂီတလောကသို့ ၂၀၀၁ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး တပင်တိုင်ရွှေမင်းသမီး တေးစီရီးနှင့် မျှော်နိန်ပါ ချစ်သူ တေးစီရီးများကို ထုတ်လုပ်ခဲ့ပြီးဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: