Friday, January 17, 2014

ရခိုင်ပညာရည်ချွန်ဆုနှင့် ထူးခြားထူးချွန်ဆုပေးပွဲ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ ကျင်းပမည်

Burma-KyaukPyu
ရခိုင်ပညာရည်ချွန်ဆုနှင့် ထူးခြားထူးချွန်ဆုပေးပွဲကို ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဟု သတင်း ရရှိသည်။
၎င်းဆုပေးပွဲကို နှစ်စဉ် ပူးပေါင်းကျင်းပနေသော ရခိုင်သဟာယအသင်းနှင့် ရခိုင်အမျိုးသမီးအသင်းတို့မှ ပူးပေါင်းကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ဆုချီးမြှင့်သူများအထဲတွင် ၂၀၁၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူး ၅ ဘာသာာနှင့် အထက်ရရှိကြသော ရခိုင်ပြည်နယ်နှင့် အခြား တိုင်းနှင့်ပြည်နယ်များမှ ကျောင်းသူ-ကျောင်းသားများကိုသာမက  ဂုဏ်ထူး ၃ ဘာသာနှင့် အထက်ရရှိသူ အသင်းနှစ်သင်း၏ အသင်းဝင်မိသားစု ကျောင်းသူ ကျောင်းသားများကိုလည်း ဆုများချီးမြှင့်သွားမည်ဟု သိရသည်။
ယင်းပြင် နိုင်ငံတကာ အဆင့်နှင့် နိုင်ငံတော် ဗဟိုအဆင့်တို့တွင် ဆုရရှိခဲ့ကြသည့် အားကစား၊ စာပေ၊ ဂီတ၊ အနုပညာနယ်ပယ်တွင် ဆုရရှိသူများကို ချီးမြှင့်သွားမည်ဟု ဆိုသည်။
၎င်းသတ်မှတ်ချက်နှင့် ပြည့်မှီသော ကျောင်းသား ကျောင်းသူများနှင့် သက်ဆိုင်သူများသည် သက်ဆိုင်ရာ ဆု၊ ဂုဏ်ပြုလက်မှတ် အထောက်အထားများနှင့်အတူ ဇန်န၀ါရီလ ၃၁  ရက်နေ့ကို နောက် ဆုံးထား၍ သဟာယ အသင်းရုံး၊ အမှတ်(၄၈၁)၊ ဒု-ထပ်၊ ကျိုက္ကဆံလမ်း၊ တာမွေအခွန်လွတ်ဈေးအနီး၊ တာမွေမြို့နယ် ဖုန်း-၀၁-၄၃၀၁၇၊ ရခိုင်အမျိုးသမီးအသင်းမှ ဒေါ်မြ၀င်း ဖုန်း-၅၇၃၁၄၃၊ ဒေါ်ခိုင်နု ဖုန်း-၃၇၄၄၉၀တို့ထံသို့ ဆက်သွယ် လျှောက်ထားကြောင်း သိရှိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: