Friday, January 17, 2014

ချစ်ကြည်ရေး ရေပေးဝေဌာန ၊ မြဒေးကျွန်း ၊ ကျောက်ဖြူမြို့နယ်


ရခိုင်ပြည်နယ် ရွှေသဘာဝဓါတ်ငွေ့တွင်းမှ ထွက်ရှိသော အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း (၄၀.၁) တန်ဖိုး ရှိသည့် သဘာဝဓါတ်ငွေ့များကို ရယူရာတွင် တရုတ်အမျိုးသားတို့က အပြန်အလှန် ချစ်ကြည်ရေးသဘောဖြင့် ပေးအပ်သော ရေပိုက်ခေါင်းငယ် ကို တရုတ်-မြန်မာနှစ်ဘာသာဖြင့် “ချစ်ကြည်ရေး ရေပေးဝေ ဌာန” ဟု နာမည်တပ်ထားသည်။

ရွှေသဘာဝဓါတ်ငွေ့ပိုက်လိုင်းဖြတ်သန်းသွားပြီးတရုတ် ရေနက်ဆိပ်ကမ်းနှင့် ရေနံစိမ်းသိုလှောင်ကန်များတည်ရှိရာ ကျောက်ဖြူမြို့နယ် မြဒေးကျွန်းတွင် တရုတ်လူမျိုးအလုပ်သမားများက ရေမီး ဇိမ်ခံပစ္စည်များအပြည့်အစုံဖြင့် နေထိုင်ကြပြီး၊ ရခိုင်လူမျိုးရွှေ့ပြောင်းအလုပ်သမားများမှာညစ်ပတ်စုတ်ပြတ်နေသောကျူးကျော်တဲငယ်များတွင် နေထိုင်ကြရသည်။

တရုတ်အလုပ်သမားများနေထိုင်ရာနေရာနှင့်စီမံကိန်းစက်ရုံနေရာများတွင်မီးထိန်ထိန်လင်းကာ ပြောင်ဝင်းနေသော်လည်း မြဒေးကျွန်းဒေသခံ အိမ်ခြေ (၆၀၀) ကျော်တို့မှာ လျှပ်စစ်မီးမရှိဘဲ မှောင်မှောင်မဲမဲတွင် နေကြရသည်။

ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းသည်တစ်ခါက မြဒေးကျွန်းဒေသခံများနှင့် တွေ့ဆုံစကားပြောရာတွင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး ကောင်းစားရေးအတွက် မြဒေးကျွန်းဒေသခံများအနေဖြင့် အနစ်နာခံသင့်သည် ဟု ပြောကြားခဲ့ပြီး၊ လွှတ်တော်ထဲတွင် ၄င်းက စကားပြောသောအခါမူ မြဒေးကျွန်းဒေသခံများအနေဖြင့် မည်သည့်နစ်နာမှုမျှ မရှိပါကြောင်း ဗလောင်းဗလဲ ပြောကြားသွားခဲ့သည်။

ဓါတ်ပုံမှာ - မြဒေးကျွန်းပေါ်ရှိ “ချစ်ကြည်ရေး ရေပေးဝေဌာန” ရေပိုက်ခေါင်းတွင် ပြီးခဲ့သော ၂၀၁၄ ဇွန်န၀ါရီလအစောပိုင်းကရခိုင်လူမျိုး ရွှေ့ပြောင်းလုပ်သားတစ်ဦးလာရောက် ရေခပ်နေသည်ကို တွေ့ရပုံဖြစ်သည်။

(ဤသတင်းကို Coral Arakan News စာမျက်နှာမှ ကူးယူဖော်ပြပါသည်)

No comments: