Friday, January 31, 2014

စစ်တွေတွင် သစ်စက် ဖမ်းဆီးမှုများအား ရပ်ဆိုင်းပေးရန် သစ်လုပ် ငန်းရှင်များ တောင်းဆို

မိုးဝေ ၊ ရခိုင်ပြည်နယ် (မြစ်မခ)
==========================================
စစ်တွေ၊ ဇန်န၀ါရီ ၃၀ ။ ။ ရခိုင်ပြည် နယ် စစ်တွေမြို့၌ သစ်စက်များ ကို ဖမ်းဆီးခြင်းမပြုရန် သစ်လုပ် ငန်းရှင်များက သစ်တောညွှန် ကြားရေးမှူးရုံးရှေ့ ၌ တောင်းဆို ခဲ့ကြသည်ဟု သိရသည်။

ဇန်န၀ါရီ ၂၇ရက်က နေ ပြည်တော်မှ ဒုတိယညွှန်ကြား ရေးမှူး ဦးဇော်ဌေး စစ်တွေသို့ ရောက်ရှိလာပြီး သစ်စက်များ အား ၀င်ရောက်ဖမ်းဆီးခြင်း၊ လိုင်စင်သိမ်းယူခြင်းများ ပြုလုပ် သည့်အတွက် သစ်လုပ်ငန်းရှင် များကယခုကဲ့သို့ သစ်တောရုံး ရှေ့၌ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

““ဖမ်းဆီးတာက သက်ဆိုင် ရာအစိုးရအဖွဲ့တွေနဲ့လဲ တွေ့ဆုံ ဆွေးနွေး မှုမရှိဘဲဝင်ဖမ်းတာ။ အခုလိုလျှပ်တစ်ပြက်ဝင်ဖမ်း တာကိုမကျေနပ်လို့ သစ်တော ရုံးရှေ့မှာ သွားရောက်တောင်း ဆိုတာဖြစ်ပါတယ်””ဟု စစ်တွေ မြို့မှသစ်လုပ်ငန်းရှင်တစ်ဦး ကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက် ၍ ပြည်နယ်သစ်တောရုံးသို့ သွားရောက်မေးမြန်းခဲ့ရာ ၎င်းင်း ကိစ္စရပ်များကို နောက်မှပြော မည်ဟု ပြောကြားထားသည်။

သစ်စက်လုပ်ငန်းရှင်များ ကလည်း ဒေသသုံးသစ်ဖြူများ ဖမ်းဆီးခြင်းကို ချက်ချင်းရပ် ပေးရန်၊ ရခိုင်ပြည်နယ်ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို သစ်စက်လုပ်ငန်းများက ရောင်း ချပေးနေရခြင်း၊ တရားမ၀င် ဘင်္ဂါလီကျေးရွာ များ အတွက် တန်ထောင်ချီရှိနေသော သစ် များနှင့်သစ်စက်များကို စစ်ဆေး ပေးပါရန် တစ်ဦးတစ်ယောက် ၏အကြိမ်ကြိမ်တိုင်ကြား မှု ကြောင့် ဒေသ ခံ လုပ်ငန်းရှင်နှင့် လက်လုပ်လက်စားများ စား ၀တ်နေရေး အခက်အခဲဖြစ်နေ ပါသဖြင့် စိစစ်ပေးပါရန် စသည့် အချက်များအားတောင်း ဆိုခဲ့ သည်ဟုသိရသည်။

““အဲဒီနေ့က သစ်စက်ပိုင် ရှင် ရှစ်ယောက်ဖမ်းထားတယ် လို့သိရတယ်။ အဲဒီကိစ္စတွေကို လဲတောင်းဆိုခဲ့တယ်။ သဘော တူညီမှုတော့ရခဲ့ပါတယ်။ ဆက် ပြီးမဖမ်းတော့ဖို့၊ ဒါပေမဲ့စောင့် ကြည့်ရဦးမှာပါ””ဟု သစ်လုပ်ငန်း ရှင်တစ်ဦးကပြောသည်။

ယခုကဲ့သို့ စစ်တွေမြို့၌ သစ်စက်များအားဖမ်းဆီးခြင်း မှာ ဒေသခံသစ် လုပ်ငန်း ရှင်တစ် ဦးမှ အကြိမ်ကြိမ်တိုင်ကြား သ ဖြင့် နေပြည်တော်မှ ဒုတိယညွှန် ကြားရေးမှူးအဆင့်ရှိသူ ဦး ဇော်ဌေးက ပြည်နယ်အစိုးရနှင့် ညှိနှိုင်းတိုင်ပင်မှုမရှိဘဲ ဖမ်းဆီးခဲ့ ခြင်းဖြစ်သည်ဟု သစ်စက်လုပ် ငန်းရှင်တို့ကဆိုသည်။

(ဤသတင်းကို Yangon Media Group ၏ Facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်)

No comments: