Sunday, March 24, 2013

နှစ်ပေါင်းတစ်ထောင်ကျော်က တည်ရှိခဲ့သော ဘုန်းတော်ကြီးကျောင်း ဘင်္ဂလားဒေ့ရှ်တွင် ထပ်မံတူးဖော်တွေ့ရှိ

လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ကဟု ခန့်မှန်းရသော ရှေးဟောင်း ဘုန်းတော်ကြီး ကျောင်းတော် တစ်ခုကို ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်းသုတေသန ဌာနမှ ရှာဖွေ တူး ဖေါ်ရရှိခဲ့သည်။
bk0210
ကျောင်းတော်ကြီးကို ပါလ မင်းဆက် ဒုတိယ ဓမ္မပါလ မင်း လက်ထက်  အေဒီ (၉၀၀ နှင့် ၁၁၀၀) ကြားတွင် တည်ဆောက်ခဲ့သော ဗုဒ္ဓဘာသာ ကျောင်းတော် ၃၀ အထဲမှ တစ်ခု ဖြစ်နိုင်ကြောင်း ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်း သုတေသန ဌာနမှ ပြောသည်။
ကျောင်းတော် ၃၀ အထဲမှ ကျောင်းတော် ၇ ခုမှ ၈ ခုထိ ဘင်္ဂလာ ရှေးဟောင်း သုတေသနမှ ရှာဖွေ တူးဖေါ် တွေ့ရှိထားပြီး ဖြစ်သည်။
ကျောင်းတော် မြေနေရာအား ၂၀၀၉  ခုနှစ်က တွေ့ရှိထားပြီး သုံးနှစ်ကြာ တူးဖေါ်ပြီးနောက် ကျောင်းတော်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ယခုတွေ့ရှိခဲ့သော ကျောင်းတော်ကို  Raghurampur ကျေးရွာ Rampal မြို့နယ် Munshiganj ခရိုင်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ခရိုင် အတွင်း ပထမဆုံး တွေ့ရှိသော ကျောင်းတော် ဖြစ်သည်။
၎င်းပြင် ယခု ကျောင်းတော်သည် ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ လွနှ်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်က  ဗုဒ္ဓဘာသာနှင့် ပတ်သက်သော ကျော်ကြားသော ပညာရှင် တစ်ဦး ဖြစ်သူ  Atish Dipankar နေထိုင်ခဲ့ရာ နေအိမ် အနီးတွင် တည်ရှိသည်ဟု ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: