မတ်လ (၂၉) ရက်နေ့က ဘင်္ဂလာဒေခ်ျ့နိုင်ငံ ကောဆ့်ဘာဇာ(ခ)ဖလောင်းချိတ်ခရိုင် တက္ကနာမြို့ နယ် သော်ဒလီပါရာ(ခ) မြစ်နားရွာ အာသောကကျောင်းတိုက်ရှေ့ လမ်းမကြီးပေါ်တွင် ရခိုင် ကလေးငယ်တစ်ဦးအား ဂျစ်ကား(Dhaka metro 164)ဖြင့် ၀င်တိုက်မိသဖြင့် သေဆုံးသွားကြောင်း သိရသည်။
ကားတိုက်ခံရသည့် ရခိုင်ကလေးငယ် ဆေးရုံသို့ပို့ရန်စီစဉ်နေစဉ်ကားတိုက်ခံရသည့် ရခိုင်ကလေးငယ် ဆေးရုံသို့ပို့ရန်စီစဉ်နေစဉ်
အဆိုပါ ဂျစ်ကားမှာ ဖလောင်းချိတ်မှလာသော ခရီးသည်တင်ကားတစ်စီးဖြစ်ပြီး တက္ကနာသို့အသွား အဆိုပါခလေးငယ်အား မတ်လ ၂၉ ရက်နေ့ ညနေ (၆) နာရီခန့်တွင် တိုက်မိရာ ခလေးငယ်မှ ဦးခေါင်းပိုင်း ထိမှန်၍လွင့်စဉ်ကျသွားသဖြင့် ချက်ချင်း ဖလောင်းချိတ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ဆေးရုံသို့အရောက် ည(၉)နာရီတွင် သေဆုံးသွားကြောင်း ဖလောင်းချိတ် အာလ်ဖေါ်ဝပ် ဆေးရုံတာဝန်ခံ ဆရာဝန်မှ အတည်ပြု ပြောကြားသည်။
သေဆုံးသွားသော ရခိုင်အမျိုးသား ခလေးငယ်မှာ အဖဦးသန်းထွန်းအောင်(ခ)ဒုံးချေနှင့် အမိ ဒေါ်ဖြူမေတို့၏သား မောင်မောင်ချေ(ခ) သန်းကျော်ထွန်း (၇)နှစ်ဖြစ်ကြောင်း အမိဖြစ်သူ ဒေါ်ဖြူမေမှာ ရခိုင်အမျိုးသမီးများ အစည်းအရုံး (RWU)အဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်း သိရှိရသည်။
ဂျစ်ကား(Dhaka metro 164) မွတ်ဆလင်အမျိုးသား ကားဒရိုင်ဘာ အေကလာ၏ သားဖြစ်သူ နူရူအီဆလမ်(၂၅)ဖြစ်ကြောင်း တရားခံနှင့် အဆိုပါဂျစ်ကားအား တက္ကနာမြို့ နယ် ရဲစခန်းမှ ဖမ်းဆီးထားကြောင်း တက္ကနာရဲစခန်းမှ တာဝန်ရှိသူက ဆိုသည်။
သေဆုံးသွားသူမှာ မြစ်နားရွာ ကျေးရွာတွင် လာမည့်ဧပြီ (၃၊ ၄၊ ၅ )ရက်တို့တွင် ကျင်းပမည့် အသောက ကျောင်းတိုက်ဆရာတော် ဦးပဏ္ဍိ ဈာပနအတွက် ဒုံယိမ်းကလေ့ကျင့်နေမှုကို သွားရောက်ကြည့်ရာမှ အပြန်လမ်းဖြတ်ကူးရာ ကားတိုက်ခံရခြင်းဖြစ်ကြောင်း ရွာသားတစ်ဦးဖြစ်သူ ဦးမောင်ထွီးလှမှ ပြောသည်။
ကားဒရိုင်ဘာဖြစ်သူမှာ ကားမောင်းခွင့်လိုင်စင် မရှိဘဲကြုံသလို မောင်းနေသူလူငယ်ဖြစ်ကြောင်း၊ ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် နှစ်စဉ်ကားတိုက်မှု များပြားလာသည်ဟု လူအခွင့်အရေးတာဝန်ခံ ကိုဝင်းသိန်းက ဆိုသည်။
ကလေးငယ်အား ကားဖြင့်တိုက်သည့် ကားဆရာ(အင်္ကျီမပါ)ကလေးငယ်အား ကားဖြင့်တိုက်သည့် ကားဆရာ(အင်္ကျီမပါ)
ကလေးငယ်ကို တိုက်သွားသည့် ကားကလေးငယ်ကို တိုက်သွားသည့် ကား