မတ်လ(၂၃)ရက်နေ့ မနက်ပိုင်းက တောင်ကုတ်လူမှုကွန်ယက်မှ ဦးဆောင်ပြုလုပ်သည့် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေနှင့်အညီ ဘင်္ဂလီ များအား စီစစ်ခြင်း မရှိပါဘဲ၊ လုံးချင်းနေအိမ်များ ဆောက်လုပ်ပေးရန် စီစဉ်ခြင်းကို ကန့်ကွက်သည့် လူ(၃၀၀)ကျော် ပါဝင်သော ဆန္ဒဖော်ထုတ်ပွဲမှာ အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ကြောင်း သိရသည်။
တောင်ကုတ် ဆန္ဒထုတ်ဖော်ပြပွဲမှ တောင်းဆိုချက်များတောင်ကုတ် ဆန္ဒထုတ်ဖော်ပြပွဲမှ တောင်းဆိုချက်များ
ဆန္ဒဖော်ထုတ်သူများသည် မတ်လ(၂၃)ရက်နေ့ မနက်(၉း၄၀)နာရီတွင် တောင်ကုတ်၊ ဖောင်တော်ဦးဘုရားမှ ဦးဥတ္တမ လမ်းအတိုင်း စတင်ထွက်ခွာခဲ့ကြပြီး၊ အမ်းလမ်းမှတဆင့် ချောင်းကောက် ဦးဥတ္တမလမ်းသို့ချီတက်ကာ နေ့လည်(၁၀း၁၅)နာရီတွင် ဖောင်တော်ဦး ဘုရား၌ စီတန်းလမ်းလျှောက်ခြင်းကို အဆုံးသတ်ခဲ့ကြသည်။
" ဘင်္ဂလီတွေကို နိုင်ငံသားဖြစ်မှုဥပဒေနှင့်စီစစ်မရှိဘဲနဲ့ အိမ်ဆောက်ပေးမယ့်ကိစ္စကို တောင်ကုတ်မြို့အနေနဲ့ အပြတ်အသတ်ကန့်ကွက်ရှုတ်ချတာကိုထုတ်ဖော်ပြသလိုက်တဲ့အပေါ်အားရကျေနပ်မှုရှိတယ်။ "ဟုတောင်ကုတ် လူမှုကွန်ယက်မှ ကိုဇေယျကျော်ကဆိုသည်။
ဆန္ဒဖော်ထုတ်ပွဲကို ခွင့်ပြုချက်မရဘဲ လုပ်ခဲ့ရခြင်းနှင့်ပတ်သက်၍ ကိုဇေယျကျော်က " ကျနော်တို့မြို့နယ်မှာ မတ်လ (၁၅)ရက်နေ့မှာတင်တယ်။ မတ်လ(၁၇)ရက်နေ့မှာ မြို့နယ်က ပလပ်တယ်။ ဒီတော့ ကျနော်တို့က ပြည်နယ်ကို မတ်လ (၁၈)ရက်နေ့မှာ အယူခံတယ်။ ဒါကိုလည်းပြည်နယ်က မတ်လ (၂၁)ရက်နေ့မှာ ပြည်နယ်ရဲမှူးကိုယ်စား ဒုရဲမှူးကြီးအောင်ကျော်ဦးလက်မှတ်နဲ့ ပလပ်ခဲ့တယ်။ " ဟုရှင်းပြသည်။
မတ်လ (၇)ရက်နေ့မှ မတ်လ (၁၀)ရက် အတွင်း ပြုလုပ်ခဲ့သော စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်မြို့နယ်များ၏ ဆန္ဒဖော်ထုတ်သည့် စီစဉ်သူ (၆)ဦးကို ထိုနေ့ညနေပိုင်း၌ ရဲစခန်းသို့ခေါ်ယူကာ အာမခံများပြုလုပ်ပြီး ပြန်လွှတ်ပေးထားရာ ယခုအချိန်ထိ အာဏာပိုင်များဘက်မှ ဆက်သွယ်ဆောင်ရွက်ခြင်း တစ်စုံတစ်ရာ မရှိသေးကြောင်း စစ်တွေဆန္ဒပြပွဲကို ဦးဆောင်စီစဉ်၍ ယာယီထိန်းသိမ်းခံရရာမှ အာမခံဖြင့်ပြန်လွတ်လာသူ စစ်တွေလူမှုကွန်ယက်ခေါင်းဆောင် ဒေါ်ညိုအေးကဆိုသည်။
တောင်ကုတ်မြို့သူ/သားများ မှ ဘင်္ဂလီများကို အိမ်ဆောက်ပေးမည့် ကိစ္စနှင့် ပတ်သက်၍ ဆန္ဒပြနေကြသည်ကို မြင်တွေ့ရစဉ်တောင်ကုတ်မြို့သူ/သားများ မှ ဘင်္ဂလီများကို အိမ်ဆောက်ပေးမည့် ကိစ္စနှင့် ပတ်သက်၍ ဆန္ဒပြနေကြသည်ကို မြင်တွေ့ရစဉ်
ဒေါ်ညိုအေးက " သူမအပါအ၀င် (၅)ဦးတို့ကို နောက်ထပ်တစ်စုံတစ်ရာအရေးယူခြင်း မရှိသေးသည်မှာ သူမ၏နောက်၌ ရခိုင်ပြည်သူလူထု ရှိနေခြင်းကြောင့်ဖြစ်နိုင်ကြောင်း။ " ဆိုပါသည်။
တောင်ကုတ်မြို့ ဆန္ဒဖော်ထုတ်ပွဲနှင့်ပတ်သက်၍ အာဏာပိုင်များဖက်မှ မတ်လ(၂၃)၊ နေ့လည် (၁၂း၀၀)နာရီအထိ တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခြင်း မရှိသေးကြောင်းသိရသည်။