Friday, February 27, 2015

မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ နန်းတော်ကုန်းကို တံတိုင်းခတ်ရာမှ ကျောက်တံတိုင်းတစ်ခုတူးဖော်တွေ့ရှိ

မြောက် ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရှိ နန်းတော်ကုန်းကိုတံတိုင်းခတ်ရာ မှ ကျောက်တံတိုင်း တစ်ခုကိုတူးဖော် တွေ့ရှိထားကြောင်း ယဉ်ကျေးမှုဝန် ကြီးဌာန ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန မြောက်ဦး (ဌာနစိတ်)မှသိရသည်။

ယင်းကျောက်တံတိုင်း ကို ဇန် နဝါရီ ၂၉ ရက်က နန်းတော်ကုန်း ပတ်လည်တံတိုင်းခတ်ခြင်းအတွက် အောက်ခြေဖောင်ဒေးရှင်းချရန် မြေ တူးဖော်စဉ် မြေအောက်နှစ်ပေခန့်တွင် တွေ့ရှိခြင်းဖြစ် ကြောင်း ယင်းဌာန စိတ်မှ ဦးစီးအရာရှိ ဦးဆန်းဝင်းက ပြောသည်။

''နန်းတော်ကုန်းအရှေ့တောင် ထောင့်မှာတွေ့တာပါ။ မြေအောက် နှစ်ပေလောက်အနက်မှာတွေ့တာ။ တံတိုင်းဘေးနား ကို မြောင်း ပုံစံဖော် ပြီးတူးထားတာ မြေအောက် ဘက်ကို တော့ အများကြီးမတူးရသေးဘူး။ မြောင်းအလျားက ပေ၁၅ဝလောက် ရှိသွားပြီ။ အဲဒီအထိကိုတံတိုင်းက ပေါ်နေတာ ဆက်ပြီးတူးရမှာပေါ့''ဟု ဦးဆန်းဝင်းက ပြော သည်။
myauk-oo-pagoda
မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှစ်သောင်းပုထိုးတော်ကြီးအား တွေ့ရစဉ်။
မြောက်ဦးရှေးဟောင်းယဉ်ကျေး မှုနယ်မြေတွင် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ရာမှ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ မကြာခဏတွေ့ ရှိနေရပြီး ထိုအမွေအနှစ်အဆောက် အအုံများ ကို ပိုမိုတူးဖော်လေ့လာနိုင် ပါက နိုင်ငံတော် အတွက်များစွာအကျိုး ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ရှေး ဟောင်းသမိုင်းသုတေသနပညာရှင် ဦးဘုန်းတင့်ကျော်က ''ဒီလိုမျိုး ရှေး ဟောင်းအမွေအနှစ်တွေဆိုတာများ များဖော်ထုတ်သင့်ပါတယ်။ အခုလို တွေ့ရှိတယ်ဆိုရင် ဒါဟာ မြောက်ဦး မြို့ကြီးတစ်ခုလုံးကိုသာမကဘူး    နိုင်ငံသမိုင်း၊ ဒေသသမိုင်း၊ ရခိုင်သမိုင်း ကိုပါ ကိုယ်စားပြုတယ်။ လေ့လာတူး ဖော်နိုင်လေကောင်းလေပဲ။ နိုင်ငံ တော်ဘက်ကလဲ ပိုပြီးအားစိုက်သင့် တယ်'' ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် မြောက်ဦး ဒေသတွင်သာမက ဝေသာလီနှင့် ဓညဝတီဒေသတို့ ပါရှိနေသည့်အ တွက် ထိုဒေသများမှ ရှေးဟောင်း အမွေအနှစ်များကိုပါ တူးဖော်ထိန်း သိမ်းလေ့လာ သင့် ကြောင်း ဦးတင့် ကျော်က အကြံပြုပြောကြားသည်။ 

မြောက်ဦးတွင် ရှေးဟောင်း အ ဆောက်အအုံများပြုပြင်ထိန်းသိမ်း ရန်အတွက် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ ဘတ်ဂျက်ငွေ သိန်းခြောက် ထောင်ကျော်ကို ချပေးထားပြီး ထိန်း သိမ်းမှု၊ ပြုပြင်မှု များပြု လုပ်လျက်ရှိကာ ၂၀၁၄ခုနှစ် ဒီဇင်ဘာလ အတွင်း တွင် ရှေးဟောင်းအမွေအနှစ်များအဖြစ် နှစ်ပေါင်းသုံးရာခန့်မှ ကျောက်စာချပ် နှင့် ၁ရရာစုခန့်တွင် ထွန်းကား ခဲ့သော လှေ ဆိပ်ဆင်း ကျောက်လှေကားတို့ ကို တွေ့ရှိထားပြီး ရှေးဟောင်း သုတေသနမြောက်ဦး (ဌာနစိတ်)တွင် ထိန်းသိမ်းထားကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- ဒီမိုကရေစီတူဒေး)

No comments: