Friday, February 27, 2015

မြောက်ဦးမြို့ နန်းတော်ကုန်းမှ ကျောက်စာများအား ပြည်သူများလာရောက် လေ့လာကြည့်ရှုနိုင်

rakhine pagoda 1
မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား တွေ့ရစဉ်

မြောက် ဦးမြို့နန်းတော်ကုန်း အရှေ့ဘက်  တတိယတံတိုင်းလှေကားခြေရင်းမှ တွေ့ ရှိခဲ့သော ကျောက်စာ ကိုပြည်သူ များ လာရောက်လေ့လာကြည့်ရှုနိုင် ကြောင်း ရှေး ဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှသိ ရသည်။

အဆိုပါ ကျောက်စာတွင် သက္က ရာဇ် ၁၀၇၄ ခုနှစ်ဟု ရေးထိုးထား သည့်အပြင် ကျောက်စာလက်ရေးမှာ လည်း ဝိုင်းစက်နေသောကြောင့်မြောက် ဦးခေတ်တွင် ရေးထိုးထားခြင်း ဖြစ်နိုင် သည်ဟု ပညာရှင်များ ကသုံးသပ်ပြီး ကျောက်စာ၏ အတိုင်း အတာမှာ အလျား ၂ပေကျော်ခန့်နှင့် အနံ ၂ ပေ ကျော်ခန့်ရှိကာ ထုထည်မှာ ၅ လက်မ ခန့် ရှိသည့်အတွက် ဒေသခံပြည်သူ များနှင့် ခရီး သွားပြည်သူ များပါကြည့်ရှု လိုပါက ပြသပေးသွားမည်ဖြစ်သည်။

''ဒီကျောက်စာကို မြောက်ဦး ခေတ်ကပဲ ရေးထိုးတဲ့ ကျောက်စာ လို့ ပညာရှင်တွေက သုံးသပ်ထား တယ်။ လေ့လာချင်စရာ အလွန်ကောင်း တယ်။ ဒါ့ကြောင့် ပြည်သူတွေအနေ နဲ့ လာပြီးတော့ လေ့လာ ချင်တယ်ဆို ရင် လာလို့ရပါတယ်။ ကျွန်တော်တို့ က ကျောက်စာကို ပြသပေး မှာဖြစ် တယ်။ လက်ရှိမှာတော့ ရှေးဟောင်း သုတေသနဌာနကပဲ ဒီကျောက်စာကို ထိန်းသိမ်းထားပါ တယ်'' ဟု ယင်းဌာန မှ တာဝန်ရှိသူတစ်ဦး က  ဆိုသည်။
၎င်းကျောက်စာကို လွန်ခဲ့သော ဒီဇင်ဘာ ၈ ရက်က တွေ့ရှိခဲ့ခြင်းဖြစ် ပြီး ကျောက်စာ၏ ၄၅ ရာခိုင်နှုန်း ခန့်မှာ ပျက်စီးနေပြီး ကျောက်စာ တွင်မူ 'သက္ကရာဇ် ၁၀၇၄ နတ်တော် လပြည့်ကျော်'၊ 'ရွှေနန်းရှင် ဘဝသျှင် စန္ဒဝိဇယ'၊ 'နိုင်ငံတော်သားအနက် လူ တို့တွင် မွှေဓာတ် ရုပ်တုတော်တို့ကို ဖျက်စီးလတ်သှည်'၊ 'အရပ်ရပ်တိုင်း သောင်းကျန်းသော' ဟူသည့်စာသား များပါဝင် ကြောင်းနှင့် ယခင်မြောက် ဦးမြို့စိုးစံခဲ့သည့် ရခိုင်ဘုရင်များမှာ ၎င်းတို့၏ကောင်းမှုကုသိုလ်များကို ကျောက်စာများထက်၌ရေးထိုးကာ မှတ်တမ်းများအဖြစ်ရေးထိုး ထားခဲ့ ကြလေ့ရှိ ကြောင်း သိရသည်။

No comments: