ကာလတန်ဖိုး ကျပ် ၂၁၁၄၇၀၀၀၀ ရှိ ယာဘားဆေးပြား ၇၀၀၀၀ ကို စစ်တွေမြို့တွင် ဖေဖေါ်ဝါရီလ ၂ ရက်နေ့က ဖမ်းဆီးမိသည်ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။
စစ်တွေမှ ဘူးသီးတောင်သို့ သွားမည့် ခရီးသည်တစ်ဦးအား ၎င်းနေ့နံနက် ၆ နာရီခန့်က စစ်တွေ ပြည်တွင်းရေကြောင်း သင်္ဘောဆိပ်တွင် ရှာဖွေရာမှ ပန်းရောင် R/WY အမျိုးအစား စိတ်ကြွရူးသွပ်ဆေးပြား ၇၀၀၀၀ ကို ဖမ်းဆီးမိသည်ဟု ဆိုသည်။
ဖမ်းဆီးခံရသူမှာ စစ်တွေမြို့ ဓည၀တီ (ခ) ရပ်ကွက်မှ ကိုသန်းလှိုင် (၂၈)နှစ် ဖြစ်သည်ဟု ရဲက ဆိုသည်။
သူယူဆောင်လာသည့် ခရီးဆောင်အိတ်အား ရှာဖွေရာ ယင်းအိတ်အတွင်းမှ အပြာရောင်တိပ်ဖြင့် တစ်ထပ်၊ မိုင်းကိုင်စက္ကူဖြင့် တစ်ထပ် ထုပ်ထားသည့် အထုပ်တစ်ထုပ်လျှင် (R/WY) တံဆိပ်ပါ ပန်းရောင် စိတ်ကြွ ရူးသွပ် ဆေးပြား ၁၀၀၀၀ စီပါ ခုနှစ်ထုပ် စုစုပေါင်း ဆေးပြား ခုနှစ်သောင်းကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။
ယင်းပြင်သူ့ထံမှ HELLO တံဆိပ်ပါ GSM အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံး၊ မြန်မာကျပ် ၅၀၀၀၀ တွေ့ရှိသည်ဟု ရဲက ဆိုသည်။
ကိုသန်းလိုင်မှ ၎င်းဆေးပြားများမှာ စစ်တွေမြို့ကျောင်းကြီးလမ်းရပ်
၎င်းပြင် သူတို့ပိုင်ဆိုင်သော KENBO အမျိုးအစား ဆိုင်ကယ်တစ်စီး၊ NULANG အမျိုးအစား အနက်ရောင်ဆိုင်ဆကယ်တစ်စီး၊ DARANG အမျိုးအစားအနက်ရောင် 125 ဆိုင်ကယ်တစ်စီးတို့ကိုလည်း ထပ်မံသိမ်းဆည်းခဲ့သည်ဟု သိရသည်။
ယင်းဆေးပြားများမှာ ကချင်ပြည်နယ်မှ သယ်ယူလာသော ဆေးပြားများ ဖြစ်ပြီး ဘင်္ဂလာဒေခ်ျ့သို့ တင်ပို့ရန် ဖြစ်နိုင်ချေရှိသည်ဟု ရဲက ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
No comments:
Post a Comment