Tuesday, February 4, 2014

ဘင်္ဂလီအမတ် ဦးရွှေမောင်အား သမ္မတ ဦးသိန်းစိန် အရေးယူရန် ဆောင်ရွက်ပြီ


ဒူချီရာတန်းကျေးရွာ မီးရှို့မှုတွင် သတင်းဌာနများသို့ မဟုတ်မမှန် သတင်းများ ဖြန့်ချိပြောကြားခဲ့သော ဘင်္ဂလီအမတ် ဦးရွှေမောင်အား အရေးယူ ရန် သမ္မတ ဦးသိန်းစိန်က သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း၊ အဆိုပါ သ၀ဏ်လွှာအရ ဦးရွှေမောင် အရေးယူတော့မည် ဖြစ်ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဦးရွှေမောင်အား ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက ခေါ်ယူ၍ ၄င်းအား အရေးယူရန် သမ္မတဦးသိန်းစိန်က သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း အသိပေးပြောကြားခဲ့ကြောင်း၊ ဥပဒေနှင့်အညီ ဦးရွှေမောင်အား စုံစမ်းစစ်ဆေးရန် လွှတ်တော်ဥက္ကဌ၏ ခွင့်ပြုချက် တောင်းခံလာခဲ့ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဦးရွှေမောင်အား စစ်မေးမည် ဖြစ်ပြီး နေပြည်တော်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်တွင် စစ်မေးခြင်း ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း ဦးရွှေမောင်၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြချက်အရ သိရှိရသည်။

သမ္မတဦးသိန်းစိန်၏သ၀ဏ်လွှာတွင်DVBသတင်းဌာနနှင့် ပြုလုပ်ခဲ့သော မေးမြန်းခန်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် နိုင်ငံတော်ကို မဟုတ်မမှန် ပြောကြားထားကြောင်း ဖော်ပြပါရှိကြောင်း သိရှိရသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရွှေမောင်ကိုယနေ့ညနေ၄နာရီတွင်စစ်မေးခြင်းများစတင် ပြုလုပ်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

(သတင်းအရင်းအမြစ်- ပြည်သူ့အာဏာ)

No comments: