Tuesday, February 4, 2014

မြန်မာ့ပို့ကုန်များ အဓိကဆိုက်ရောက်သော ဘင်္ဂလာ ဆိပ်ကမ်းတခုမှ တာကာ ၇၃၅၂၁၀၅၈ နိုင်ငံတော်ဝင်ငွေရရှိ

မြန်မာနိုင်ငံမှ တင်ပို့ကုန်များကို လက်ခံနေသော ဘင်္ဂလာ နယ်စပ်ကုန်သွယ်ရေး ဆိပ်ကမ်းတခုက ဇန်န၀ါရီလအတွင်း နိုင်ငံတော်ဝင်ငွေ အကောက်အခွန်မှာ တာကာ ၇၃၅၂၁၀၅၈ ရရှိခဲ့ကြောင်း သိရှိရသည်။
နယ်စပ်ဂိတ်။ နယ်စပ်ဂိတ်။
ကော့စ်ဘဇားမြို့နှင့် ၇၉ ကီလိုမီတာ ဝေးကွာသော တာခ်နာမြို့နယ် ဆိပ်ကမ်းမှ ယခုနှစ်ပထမဆုံးလတွင် ယင်းငွေအား ကောက်ခံရရှိခြင်း ဖြစ်ပြီး လစဉ်မျှော်လင့်ထားသော ဘင်္ဂလာနိုင်ငံတော်ဝင်ငွေထက် ပိုမိုရရှိခြင်းဖြစ်ကြောင်း ဆိပ်ကမ်းတာဝန်ရှိသူက ဆိုသည်။
ယင်းအကောက်အခွန်မှာ မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ စီးပွားရေးသမားများ တင်ပို့ကြသော အ၀တ်အထည်၊ ဆံပင်၊ သစ်၊ ငါးစိမ်းငါးခြောက်၊ ကျွဲနွားအရေခွံ၊ ဆေး၊ အယ်လူမီနံယံနှင့် တခြားကုန်ပစ္စည်းများမှ ကောက်ခံရရှိခြင်းဖြစ်သည်။
ယင်းကောက်ခံရရှိသော ငွေကို ဆိပ်ကမ်းအကောက်ဌာန၏ ကာစတင် လစဉ်စာရင်းပေါင်းချုပ် ၂၉၁ ခုအရ လက်ခံရရှိခြင်းဖြစ်သည်။
ဘင်္ဂလာမှ မြန်မာသို့ ဇန်န၀ါရီလအတွင်းက တာကာ ၂၁၂၁၉၆၇၇ တန်ဖိုးရှိ ကုန်ပစ္စည်းများ တင်သွင်းခဲ့ကြောင်း သိရှိရသည်။
ကမ္ဘာပေါ်တွင် လူဦးရေထူထပ်သော နိုင်ငံများအနက် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ လူဦးရေထူထပ်မှုမှာ ကမ္ဘာ့အဆင့် ၃ တွင်တည်ရှိနေပြီး အိမ်နီးနားချင်းနိုင်ငံများမှ စားကုန်များကို အဓိထား အားကိုးနေရကြောင်း သိရှိရသည်။
 
(သတင်းအရင်းအမြစ်- Arakan Times)

No comments: