Monday, February 3, 2014

စစ်တွေမြို့တွင် ဘင်္ဂလီအရေး ဆန္ဒ ဖေါ်ထုတ်ပွဲ ကျင်းပ


ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ ဖြစ်ပွားနေမှု နှင့်ပတ်သက်ပြီး လူထုဆန္ဒ ဖော်ထုတ်ပွဲတစ်ရပ် ကျင်းပခဲ့ရာ ရဟန်းရှင်လူ ၃၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဆန္ဒဖော်ထုတ်သော ပြည်သူများသည် ယနေ့ မွန်းလွဲ ၁ နာရီတွင် စစ်တွေမြို့ ဦးဥတ္တမ ပန်းခြံမှ စတင်ထွက်ခွါ၍ စီတန်းလှည့်လည်ခဲ့ကြပြီး ၀င်္ကပါကွင်းအထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြကြောင်း၊ စီတန်းလှည့်လည်ရာတွင် တောင်းဆိုချက် များ သံပြိုင်ညီညီညာညာဖြင့် ကြွေးကြော်ခဲ့ကြောင်း သိရသည်။

ယနေ့ စစ်တွေ လူလုဆန္ဒဖော်ထုတ်ပွဲမှ တောင်းဆိုချက် (၇)ချက်မှာ

၁။ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို ချက်ချင်းအကောင်အထည်ဖော်ရေး - ဒို့အရေး

၂။ ၂၀၁၅ ရွေးကောက်ပွဲတွင် White Card ကိုင်ဆောင်သူများ မဲပေးပိုင်ခွင့်ပယ်ဖျက်ရေး - ဒို့အရေး

၃။ ဒေသခံပြည်သူများလုံခြုံဖို့ အစီအမံများမြှင့်တင်ရေး - ဒို့အရေး

၎။ တရားမ၀င်ဘင်္ဂလီများအား ဘက်လိုက်သည့်နိုင်ငံများ ကျဆုံးပါစေ။

၅။ UN, INGO အလိုမရှိ။ (MSF) AZG (၇)အတွင်း ချက်ချင်းထွက်။

၆။ ရခိုင်ပြည်နယ်တွင် ရဲတပ်ဖွဲ.၀င်များအား ခေတ်မှီလက်နက်များ အစားထိုးတပ်ဆင်ပေးရေး။

၇။ ဘင်္ဂါလီနှင့် အပေးအယူလုပ်မည့် ဒေါ်အောင်ဆန်းစုကြည်၏ အစီအစဉ် အလိုမရှိ ဟု ဖြစ်ကြောင်း သိရှိရသည်။

"ကျွန်တော်တို့ရဲ့ တောင်းဆိုချက်တွေက ဒီ ၇ ချက်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂလီတွေနဲ့ အပေးအယူ လုပ်ဖို့ ပြောတယ်။ ဘာကို လုပ်ချင်တာလဲ။ ဘာပေးချင်တာလဲ။ ကျွန်တော်တို့ ဘာမှ အပေးအယူလုပ်စရာ အကြောင်းမရှိဘူး။ သူ့ဘာသာ အပေးအယူ လုပ်ချင်ရင် သူ့အိမ်ပေါ် ခေါ်တင်ထား။ ဒီရခိုင်ပြည်နယ်ကိုတော့ ဘာအပေးအယူမှ လာမလုပ်နဲ့" ဟု ဦးစီးကျင်းပသူ တစ်ဦးက ပြောဆိုသည်။

ဆန္ဒပြသူများသည် ဒူချီရာတန်း အလယ်ကျေးရွာတွင် ဘင်္ဂါလီတို့၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသော ရဲတပ်ကြပ်ကြီးအောင် ကျော်သိန်း၏ ဓါတ်ပုံပိုစတာများကို ကိုင်ဆောင်ကာ တရားမျှတမှု ဖော်ဆောင်ပေးရန် တောင်းဆိုခဲ့ကြကြောင်းလည်း သိရသည်။ 

(သတင်းအရင်းအမြစ်- ပြည်သူ့အာဏာ)

No comments: