Friday, February 28, 2014

IRI မှ ရခိုင်နိုင်ငံရေး သမားများကို စစ်တွေတွင် သင်တန်းပို့ချ

IRI-RNDP-ALDInternational Republican Institute ( IRI) မှ ရခိုင်နိုင်ငံရေးသမားများကို စစ်တွေတွင် ယမန်နေ့က သင်တန်းပို့ချခဲ့သည်။
၎င်းသင်တန်းသို့  ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)မှ ကိုယ်စားလှယ် ၃ ဦး၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ALD)မှ ကိုယ်စားလှယ် ၃၂ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ၄၅ ဦး အပါအ၀င် ကြံခိုင်တိုးတက်ရေးပါတီ၊ တစည ပါတီ၊ မြိုခေါ် ခမီ အမျိုးသား ညီညွှတ်ရေး  ပါတီမှ ပါတီဝင်များလည်း  တက်ရောက် ခဲ့ကြသည်ဟု သိရှိရသည်။
“ ဒီသတင်းက ဒီမိုကရေစီမြှင့်တင်ရေးနဲ့ အရည်အချင်းမြင့်တင်ရေးအတွက် ရည်ရွယ် ပြုလုပ်တာဖြစ်ပါတယ်။ ဒါ့ပြင် ထက်မြက် ထူးချွန်တဲ့ ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာဖို့ ရည်ရွယ်ပြီး  ပါတီတစ်ခုကို စနစ်တကျ စုစည်း ဖွဲ့စည်းခြင်းနဲ့ ထိရောက်အောင်မြင်အောင် မဲဆွယ်စည်းရုံးရေးစတဲ့ ခေါင်းစဉ်တွေနဲ့ ဒီသင်တန်းကို ဟောပြော ပို့ချတာဖြစ်ပါတယ်”ဟု သင်တန်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သတ်ပြီး သင်တန်း ကြီးကြပ်ရေးမှူး ကိုညီညီမင်းက  နိရဉ္စရာသို့ ပြောကြားခဲ့သည်။
၎င်းသင်တန်းတွင် နိုင်ငံခြားသား တစ်ဦးဖြစ်သူ Stevecima ဟောပြောပို့ချခဲ့သည်ဟု သိရသည်။
“ သင်တန်းက ကောင်းပါတယ်။ မသိရတာကို သိရတယ်။ ဗဟုသုတတွေလည်း ရပါတယ်” ဟု သင်တန်းသား တစ်ဦးဖြစ်သူ ဦးလှမောင်က ဆိုသည်။
၎င်းသင်တန်းသို့ နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ  စစ်တွေဟိုတယ်တွင်ပြုလုပ်ခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: