Monday, November 10, 2014

မြန်မာနိုင်ငံမှ ဆိုသူများကို ပြန်လက်ခံရန် ဘင်္ဂလာဒေခ်ျ့ သမ္မတတောင်းဆိုမူ သမ္မတဦးသိန်းစိန် ပယ်ချ


Burma-Bangladesh
အထောက်အထားမဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဒုက္ခသည် စခန်းများတွင် နေထိုင်နေကြသော မြန်မာနိုင်ငံသား ဆိုသူများကို ပြန်လည် လက်ခံရန် ဘင်္ဂလာဒေခ်ျ့ သမ္မတ၏ တောင်းဆိုမူကို မြန်မာ သမ္မတ ဦးသိန်းစိန်က ပယ်ချလိုက်ကြောင်း ယနေ့ နံနက်က ထုတ်လွှင့်သွားသော မန္တလေး FM သတင်းတွင် ဖေါ်ပြသည်။
နိုဝင်ဘာ ၉ ရက်နေ့က မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ဘင်္ဂလာဒေခ်ျ့ သမ္မတတို့ တရုတ်နိင်ငံ ဘီဂျင်းမြို့တွင် APEC (အေပက်အလွန် ဒေသ၏ ဖွံ့ဖြိုးတိုးတက်မူနှင့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလန်းများ) အစည်းအဝေး မတိုင်မီ သီးသန့်တွေ့ဆုံရာတွင် ဘင်္ဂလာဒေခ်ျ့ သမ္မတက ထိုသို့ တောင်းဆိုခဲ့သည်ဟု မန္တလေး FM မှ The Voice ဂျာနယ်ကို ကိုးကားဖေါ်ပြသည်။
မြန်မာ သမ္မတမှ စခန်းနှစ်ခုရှိ ယခင်စိစစ်ရန် သဘောတူထားသော လူပေါင်း ၂၄၀၀၀ ကိုသာ အချက် (၄) ချက်ဖြင့် ပြန်လည် စိစစ်ပြီး လက်ခံသွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။
ဘင်္ဂလာဒေခ်ျ့ နိင်ငံတွင် အထောက်အထား တစ်စုံတစ်ရာ မရှိသည့်အပြင် မြန်မာစကားကိုလည်း မပြောတတ်သော ဘင်္ဂလီလူမျိုး တစ်သိန်းခန့်ကို ဒုက္ခသည် စခန်းများတွင် စုဆောင်းထားပြီး သူတို့မှာ မြန်မာနိုင်ငံသားများ ဖြစ်သည်ဆိုကာ ဘင်္ဂလာမှ မြန်မာနိုင်ငံကို ပြန်ပို့ရန် လိုလားနေသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: