Sunday, March 17, 2013

ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးချမ်းအားပေးအပ်မည့် ဂုဏ်ပြုမှတ်တမ်းလွှာ လဲလှယ်ခံလိုက်ရ

၁၆.၃.၂၀၁၃ ရက်နေ့ ၊ နေ့လည် (၁)နာရီတွင် ရခိုင်ပြည်နယ် ၊ စစ်တွေမြို့နယ် ၊ စစ်တွေဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သော သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်း၏ သမိုင်းဆိုင်ရာ ဟောပြောပွဲ အခမ်းအနားတွင် ရခိုင်သမိုင်းဆရာများ၊ ပညာရှင်များ၊ သုတေသီများ က သတ်မှတ်ထားသော ဆုတံဆိပ် ဂုဏ်ပြုမှတ်တမ်းလွှာ လှဲလှယ် ခံခဲ့ရသည်ဟု ပွဲကို စီစဉ်ကျင်းပခဲ့သူ တစ်ဦးမှ RSV ကို သတင်းပေးပို့လာပါသည်။ “ရဟန်းပညာရှိ ၊ လူပညာရှိတွေက သတ်မှတ်ထားတာ ဒီဆုကို ရခိုင်သမိုင်းပညာရှင် ရှင်စက္ကန္ဒကို ရခိုင်တစ်မျိုးသားလုံးကိုယ်စား ပေးခိုင်ဖို့အတွက် သတ်မှတ်ထားပါ၊ ဆုမှတ်တမ်းပါတဲ့ သင်္ကတတွေမှာ တခုချင်းရဲ့ အဓိပ္ပါယ်တွေ ရှိပါတယ်၊ အခုက မှတ်တမ်းလွှာ လှဲလှယ်ခံလိုက်တာ စိတ်မကောင်းဖြစ်ရပါတယ်” ဦးဆောင်လူငယ်က ပြောပြသွားပါသည်။ စာရေးဆရာ တစ်ဦးမှလည်း “ဒီဆုကို တစ်ခုခုဖြစ်သွားမှာ စိုးရိမ်းသောကြောင်း စာရေးဆရာကြီးတွေနဲ့ တပါတည်း ယူဆောင်လာတာပါ။ အဲဒီကြားကနေ လွဲသွားခဲ့ရတာတော့ တော်တော် စိတ်ပျက်ဖို့ကောင်းပါတယ်၊ ဒီဆုက သမိုင်းနဲ့ ဆိုင်ပါတယ် နောက်ပိုင်းမှာ ရခိုင်ပညာရှင်တွေကို ပေးအပ်ဖို့သတ်မှတ်ထားတဲ့ အမျိုးသားရေး အမြင့်ဆုံး ဆုမို့ ပိုစိတ်ပျက်မိတယ်”ဟု ပြောပြသွားပါတယ်။ ဒီကိစ္စကို ပွဲစီစဉ်တွေအနေနဲ့ တခုခုတော့ ပြုလုပ်ပေးသင့်တယ်ဟု ထောက်ပြသွားပါကြောင်း သိရှိရပါသည်။
From : RSV

(သတင်းအရင်းအမြစ်- Lay Mro Website- http://www.laymro.co.nr/)

No comments: