Friday, March 15, 2013

ဒေါက်တာအေးချမ်း စစ်တွေရောက်၊ ရက္ခဝံသရက္ခိတ ဆုချီးမြှင့်မည်

ဝံလက်ဖောင်ဒေးရှင်း၏ ဖိတ်ကြားမှုဖြင့် ယနေ့ စစ်တွေမြို့သို့ ရောက် ရှိနေသော သမိုင်းပညာရှင် ဒေါက်တာအေးချမ်းကို ရခိုင်တမျိုးသားလုံး ကိုယ်စားပြုသော ရက္ခဝံသရက္ခိတ ဆုကို ချီးမြှင့်သွားမည်ကြောင်း ၀ံလက်ဖောင်ဒေးရှင်းမှ သိရသည်။

ယခုရန်ကုန်မြို့တွင်ရောက်ရှိနေသော သမိုင်ပညာရှင် ပါမောက္ခဒေါက်တာအေးချမ်းသည် ဝံလက်ဖောင်ဒေးရှင်း၏ဖိတ်ခေါ်ချက်ဖြင့် မနက်ဖန် ၁၅-၃-၂၀၁၃ နေ့တွင် စစ်တွေမြို့သို့ လာရောက်မည်ဖြစ်ပါသည်။

စစ်တွေမြို့ ပညာလင်္ကာရ ဘုန်းတော်ကြီးကျောင်း စိန်းဌေးခန်းမ၌ ရခိုင် သမိုင်းဆိုင်ရာဟောပြောပွဲတစ်ခုကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယင်း အခမ်းအနားတွင် ဒေါက်တာအေးချမ်းကို ရခိုင်စာပေနှင့် သမိုင်းပညာရှင်များ၏ အကြံပြုဆွေးနွေးချက်အရ ရခိုင်တစ်မျိုးသားလုံးကို ကိုယ်စားပြုသော "ရက္ခဝံသရက္ခိတ" ဆုကို ရခိုင်တမျိုးသားလုံးကိုယ်စား သမိုင်းသုတေသီ ဆရာတော်အသျှင်စက္ကိန္ဒက ချီးမြှင့်မည်ဖြစ်သည်။

ဒေါက်တာအေးချမ်းသည် ဂျပန်နိုင်ငံ ကန်ဒါ တက္ကသိုလ်တွင် နိုင်ငံတကာလေ့လာရေးဌာနက သမိုင်းပါမောက္ခဖြစ်သည်။
(သတင်းအရင်းအမြစ်- Rakhine Citizen Journalists facebook page)

No comments: