Thursday, April 11, 2013

ရခိုင်ဒေသတစ်ခုလုံး (၂၄)နာရီ လျှပ်စစ်မီးရရှိရေး စီစဉ်နေ

လျှပ်စစ်စွမ်းအား ရခိုင်ပြည်နယ် တခုလုံး ၂၄ နာရီ လျှပ်စစ်မီး ရရှိရေးအတွက် အိန္ဒိယနိုင်ငံမှ ၀ယ်ယူထားသော ထရန်စဖော်မာများနှင့် ဆက်စပ်ပစ္စည်း မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း အစိုးရ သတင်းစာများတွင် ယနေ့ ဖော်ပြထားသည်။ အိန္ဒိယမှ ၀ယ် ယူ ထားသော (၂၃၀/၁၃၂/၁၁)ကေဗီ(၃၃ ဒသမ ၃၃) အမ်ဗီအေ 1 – Phase Power Transformer ၁၂ လုံး နှင့် ဆက်စပ် ပစ္စည်း များ ရန်ကုန်မြို့အေးရှားဝေါ်လ် ဆိပ်ကမ်းသို့ ရောက်ရှိလာပြီး ဧပြီ ၈ ရက်က သဘောင်္ ပေါ်မှ ချ၍ သက်ဆိုင်ရာ တည်ဆောက်ရေး စီမံ ကိန်းများသို့ ပို့ဆောင်လျက်ရှိကြောင်း၊ စီမံကိန်းကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်မှစတင်၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ စီမံကိန်းများမှာ ဥသျှစ်ပင်-တောင်ကုတ် ၊ မန်း-အမ်း ၊ တောင်ကုတ်-မအီ-ကျောက်ဖြူ ၊ အမ်း-မြောက်ဦး-ပုဏ္ဏားကျွန်း စသည့် ဓာတ်အားလိုင်း နှင့် ပင်မ ဓာတ်အားခွဲရုံ စီမံကိန်းများ ဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- ဧရာဝတီဘလော့ဂ်- http://burma.irrawaddy.org/archives/37495)

No comments: