ရခိုင်သံဃာ့သမဂ္ဂ (RSU) မှ ပြုလုပ်သော တတိယအကြိမ်မြောက် ကွန်ပျူတာ သင်တန်းဆင်းပွဲကို ဧပြီလ ၇ ရက်နေ့က ထိုင်နိုင်ငံ အခြေစိုက် RSU ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်သံဃာ့သမဂ္ဂ(RSU) ဥက္ကဌ ဆရာတော် ဦးသီဟမှ  သင်တန်းသားများအား သြ၀ါဒစကား မိန့်ကြားနေစဉ်ရခိုင်သံဃာ့သမဂ္ဂ(RSU) ဥက္ကဌ ဆရာတော် ဦးသီဟမှ သင်တန်းသားများအား သြ၀ါဒစကား မိန့်ကြားနေစဉ်
သင်တန်း ဆင်းပွဲ အခမ်းအနားတွင် RSU ဥက္ကဌ ဦးသီဟမှ "ကွန်ပျူတာနည်းပညာနဲ့ မီဒီယာလောကကို ထိုးဖောက်ဝင်ရောက်နိုင်စေဖို့ ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာဖြစ်တယ်၊ နောက်ပြီး အလုပ်လုပ်တဲ့အခါ ဘာသာရေးအဆုံးအမနဲ့ အမှားအမှန်ကို ဝေဖန် ပိုင်းခြားနိုင်ဖို့အတွက် ကွန်ပျူတာသင်တန်းကို အခြေခံပြီး ဗုဒ္ဓဘာသာယဉ်ကျေးမှူသင်တန်း၊ နိုင်ငံရေးအတွေးအခေါ်၊ လူမှုရေးအတွေးအခေါ် သင်တန်းတွေကိုပါ သင်ကြားပို့ချခဲ့တယ်၊ ပထမ နှစ်ကြိမ်က တက်ရောက်ခဲ့တဲ့ သင်တန်းသားတွေဟာ သူတို့ရဲ့ပတ်ဝန်းကျင်မှာ ခေါင်းဆောင်တွေ ဖြစ်နေတာကို သိရလို့ အတိုင်းမသိ ၀မ်းသာမိတယ်၊ မပြည့်မစုံဘဲနဲ့ ကြိုးစားပန်းစား သင်တန်းကို ၃ ကြိမ်ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ပြီးပြီ၊ နောက်ကိုလည်း အခုလို သင်တန်းမျိုးလုပ်နိုင်အောင်အတွက် ကြိုးစားရအုံ့မယ်။ " ဟု အခမ်းအနားတွင် မိန့်ကြားခဲ့သည်။
RSU မှ ပို့ချသော သင်တန်းအား တက်ရောက်ပြီးနောက်ပိုင်း၌ လူအများရှေ့တွင် စကားပြောရဲလာပြီး ယခင်က ဓါတ်ပုံတစ်ပုံအား ပေးပို့လိုက ဘတ်တစ်ရာခန့်ပေးခဲ့ရကာ လက်ရှိတွင် ဘတ်တစ်ဆယ်ခန့်သာ အကုန်ခံပြီး နီးစပ်ရာ ကွန်ပျူတာဆိုင်၌ မိမိပို့ပေးလိုသော အရာများကို ပို့နိုင်သည့်အပြင် ကွန်ပျူတာ သင်တန်း မတက်ရောက်ခင်ကာလက တစ်နေ့လျှင် လုပ်အားခ ၃၀၀ ဘတ်ခန့်နှင့် အလုပ်လုပ်ခဲ့ရာ ကွန်ပျူတာ နည်းပညာကြောင့် လက်ရှိတွင် လုပ်အားခ တစ်နေ့ကို ၅၀၀ ဘတ်ရရှိနေပြီဖြစ်ကြောင်း အခမ်းအနားတွင် သင်တန်းသားဟောင်း ကိုမိုးဇော်က ပြောကြားခဲ့သည်။
" RSU က အခုလို လုပ်ဆောင်ပေးတဲ့ သင်တန်းဟာ ကျနော်တို့ စမ်းတ၀ါးဝါးဖြစ်နေတဲ့ လူငယ်တွေကို မျက်စိဖွင့်၊ နားဖွင့် ပေးလိုက်တာပါပဲ၊ ကျနော်ဒီသင်တန်းကို မလာခင်တုန်းက ကွန်ပျူတာနည်းပညာတွေ တတ်မြောက်ပြီး မိမိဒေသကို ပြန်လျှင် အသက်မွေးဝမ်းကျောင်းအဖြစ် စီးပွါးရေးလုပ်မယ်လို့ရည်ရွယ်ခဲ့တယ်၊ ဒါပေမယ့် သင်တန်း တက်ရောက်နေတဲ့ကာလမှာ ကွန်ပျူတာ သင်တန်းအပြင် အခြား အတွေးအခေါ်ပိုင်းဆိုင်ရာတွေ၊ လူ့အခွင့်ရေး ချိုးဖောက်ခံရတာတွေ သိလာတဲ့ခါ မိမိ ကိုယ်ပိုင် စီးပွါးရေးအပြင် ကိုယ့်လူမျိုးအတွက် တတ်နိုင်တဲ့ဖက်က လုပ်ဆောင်မယ်ဆိုတဲ့ စိတ်ဓါတ်တွေ ထက်သန်လာခဲ့တယ်။ " ဟု သင်တန်းသားသစ် ကိုမင်းမင်းက ပြောသည်။
သင်တန်းသားများကို ကွန်ပျူတာ အောင်လက်မှတ် ပေးအပ်နေစဉ်သင်တန်းသားများကို ကွန်ပျူတာ အောင်လက်မှတ် ပေးအပ်နေစဉ်
သင်တန်းဆင်ပွဲ အခမ်းအနားတွင် သင်တန်းသားများအား ရခိုင်သံဃာ့ သမဂ္ဂမှ ကွန်ပျူတာသင်တန်းဆင်းလက်မှတ်နှင့် ဗုဒ္ဓဘာသာ အခြေခံယဉ်ကျေးမှု သင်တန်းအောင်လက်မှတ်တို့ကို ပေးအပ်ခဲ့ပြီး ၄င်းအခမ်းအနားသို့ သံဃာတော်များ၊ အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ၊ ရွေ့ပြောင်းအလုပ်သမားများ၊ သင်တန်းသားများအပါအ၀င် ၅၀ ဦးခန့် တက်ရောက်ခဲ့သည်။
တတိယအကြိမ်မြောက် ကွန်ပျူတာ သင်တန်းအား ဖေဖော်ဝါရီလ ၉ ရက်မှ ဧပြီလ ၇ ရက်နေ့ထိ ၂ လတာ ပို့ချခဲ့ပြီး သင်တန်းသား (၁၁) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှ မတ်လအထိ ပြုလုပ်သော ပထမ အကြိမ် သင်တန်းတွင် သင်တန်းသား ၂၅ ဦး၊ ၂၀၁၂ ခုနှစ် သြဂုတ်လမှ အောက်တိုဘာလအထိ ပြုလုပ်သော ဒုတိယအကြိမ်သင်တန်းတွင် သင်တန်းသား ၂၀ ဦး တက်ရောက်ခဲ့ပြီး သင်တန်း သုံးကြိမ်တွင် ပြည်တွင်း ပြည်ပမှ လူငယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းများတွင် ကွန်ပျူတာသင်တန်းအပြင် ဗုဒ္ဓဘာသာယဉ်ကျေးမှုအခြေခံသင်တန်း၊ နိုင်ငံရေးအတွေးအခေါ်ဆိုင်ရာ အပတ်စဉ်စကားဝိုင်း၊ ဖက်ဒရယ်၊ လူ့အခွင့်အရေး၊ သတင်းနည်းပညာ၊ ဥပဒေရေးရာ စသည့် အခြေခံသင်တန်းများကိုလည်း တွဲဖက်ကာ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
သင်တန်းကာလ အချိန်တိုးမြင့်လာသော်လည်း သင်တန်းသားဦးရေ လျှော့နည်းလာရခြင်းမှာ ပြည်တွင်းမှ သင်တန်း တက်ရောက်လိုသူများမှာ ခရီးစရိတ် ခက်ခဲမှု၊ ပြည်ပတွင် အလုပ်လုပ်ကိုင်နေသူများမှာလည်း ထိုင်နိုင်ငံအတွင်း ခရီးသွားလာရန်ခက်ခဲမှု သင်တန်းတက်ရောက်ရန် ကာလအတွက် စက်ရုံ၊ အလုပ်ရုံ၌ ခွင့်ရရှိရန် ခက်ခဲခြင်းကြောင်းဟု သိရသည်။
သင်တန်းသားများအား ကွန်ပျူတာ ဆရာမှ ကွန်ပျူတာအတတ်ပညာကို သင်ကြားပို့ချနေစဉ်သင်တန်းသားများအား ကွန်ပျူတာ ဆရာမှ ကွန်ပျူတာအတတ်ပညာကို သင်ကြားပို့ချနေစဉ်
သင်တန်းသားဟောင်း ကိုမိုးဇော်မှ သူသင်ကြားခဲ့စဉ်က ကြုံတွေ့ခဲ့ရသော အတွေအကြုံနှင့် အခက်အခဲများကို ပြောကြားနေစဉ်သင်တန်းသားဟောင်း ကိုမိုးဇော်မှ သူသင်ကြားခဲ့စဉ်က ကြုံတွေ့ခဲ့ရသော အတွေအကြုံနှင့် အခက်အခဲများကို ပြောကြားနေစဉ်
သင်တန်းသားသစ် ကိုမင်းမင်းမှ ယခုပို့ချပေးသော ကွန်ပျူတာသင်တန်းအပေါ် ကျေးဇူးတင်စကား ပြောကြားနေစဉ်သင်တန်းသားသစ် ကိုမင်းမင်းမှ ယခုပို့ချပေးသော ကွန်ပျူတာသင်တန်းအပေါ် ကျေးဇူးတင်စကား ပြောကြားနေစဉ်