Monday, June 24, 2013

ဘင်္ဂလားဒေ့ခ်ျပါလီမန် နိုင်ငံခြားရေးရာကော်မတီမှ မြန်မာဒုက္ခသည်များအရေး ဖြေရှင်းရန်ဆပ်ကော်မတီဖွဲ့

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ပါလီမန် ဆိုင်ရာ နိုင်ငံခြားရေးရာ ကော်မီတီမှ မြန်မာနိုင်ငံက ၀င်ရောက်လာတဲ့ ဒုက္ခသည်တွေ အရေးကို ဖြေရှင်းဖို့ ဆပ်ကော်မီတီ တစ်ရပ်ကို ဖွဲ့စည်းလိုက်တယ်လို့ သတင်း ရရှိပါတယ်။ http://www.narinjara.com/burmese/wp-content/uploads/2013/06/teknaf-check-point-300x225.jpg teknaf-check-point၎င်းဆပ်ကော်မီတီကို ပါလီမန် အမတ် တစ်ဦးဖြစ်တဲ့ Saifuzzaman Chowdhury က ဦးဆောင်သွားမယ်လို့ သိရပါတယ်။ မနေ့ (တနင်္ဂနွေနေ့) က နိုင်ငံခြားရေးရာ ကော်မီတီက ဘင်္ဂလာဒေခ်ျ့ ပါလီမန်မှာ ပြောကြားရာမှာ အခု လတ်တလော မြန်မာဘက်ကနေ ပူတီယာနဲ့ တက်ကနက်ဒေသကနေ ၀င်ရောက်လာတဲ့ ဒုက္ခသည်တွေ ပြဿနာကို သံတမန်နည်းးအရ ဖြေရှင်းဖို့ ကြိုးစား ဆောင်ရွက်နေတဲ့ အကြောင်းကို ပြောဆိုပါတယ်။ ဒါ့ပြင် Saifuzzaman Chowdhury ဟာ များမကြာမီ အတွင်း ကော့စ်ဘဇားခရိုင် တက်ကနက်မြို့နယ်မှာ ရှိတဲ့ မြန်မာဘက်က ၀င်ရောက်လာတဲ့ မွတ်ဆလင် ဒုက္ခသည် စခန်းတွေကို သွားရောက်ကြည့်ရှု့မယ်လို့ ပြောပါတယ်။ ခုလို ဖြေရှင်းဖို့ ဆောင်ရွက်ဖို့ စီစဉ်နေချိန်မှာဘဲ မြန်မာနိုင်ငံဘက်က ၀င်ရောက်လာတဲ့ မွတ်ဆလင် စုစုပေါင်း ၃၄၄ ဦးကို ဒီလ အတွင်းမှာဘဲ ဘင်္ဂလာဒေခ်ျ့ကနေ မြန်မာဘက်ကို တရားမ၀င် လမ်းတွေကနေ ပြန်ပို့လိုက်တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ (သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန) - See more at: http://www.narinjara.com/burmese/?p=6091#sthash.0LUZaJIA.dpuf

No comments: