ရခိုင်ပြည်၊ စစ်တွေမြို့တွင် ပြည်နယ်အစိုးရမှ မောင်တောခရိုင်တွင် ထုတ်ပြန်ထားသော လူဦးရေထိန်းချုပ်သည့် ဒေသန္တရ အမိန့်အား ထောက်ခံသောအားဖြင့် လာမည့် ဇွန်လ ၄ ရက်နေ့၌ လူထု ဆန္ဒဖော်ထုတ်ပွဲ တစ်ရပ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါဆန္ဒဖော်ထုတ်ပွဲအား စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောင့်ရေး ရဟန်းတော်များမှ ဦးဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်တော ခရိုင်တွင် ဘင်္ဂလီလူဦးရေ ၉၅ ရာခိုင်နှုန်းရှိနေပြီး တိုင်းရင်းသားများမှ ၅ ရာခိုင်နှုန်းသာ ရှိနေ၍ စိုးရိမ်နေရသော အခြေအနေရောက်နေကြောင်းကို စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောင့်ရေး ရဟန်းတော်များအဖွဲ့၏ အတွင်းရေးမှူး ဦးကေသာရမှ မိန့်ကြားခဲ့သည်။
ဒေသန္တရ အမိန့်ကို ထောက်ခံကြောင်း လူထုဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ပြုလုပ် စစ်တွေမြို့ရှိ မြို့မိမြို့ဘများ၊ ပါတီများ၊ လူ့မှုအဖွဲ့အစည်းများနှင့် သံဃာတော်များ အစည်းအဝေးပြုလုပ်နေစဉ်။ဒေသန္တရ အမိန့်ကို ထောက်ခံကြောင်း လူထုဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ပြုလုပ် စစ်တွေမြို့ရှိ မြို့မိမြို့ဘများ၊ ပါတီများ၊ လူ့မှုအဖွဲ့အစည်းများနှင့် သံဃာတော်များ အစည်းအဝေးပြုလုပ်နေစဉ်။
" ဘူးသီးတောင်၊ မောင်တော ဒေသမှာ ထိန်းချုပ်မှုမလုပ်ရင် ရခိုင်တွေ တစ်ယောက်မှ မကျန်တော့ဘူး၊ အမျိုးဘာသာ၊ သာသနာ အကျိုးအတွက် ဒေသန္တရ အမိန့်က မဖြစ်မနေလိုနေတယ်၊ လူပုဂ္ဂိုလ်တစ်ချို့နှင့် အဖွဲ့အစည်းတစ်ချို့က ဒေသန္တရ အမိန့်ဟာ လူ့အခွင့်အရေးကို ချိုးဖောက်နေတယ်လို့ ပြောနေကြတဲ့အတွက် အမိန့်ပျက်ပြယ်သွားမှာစိုးတဲ့အတွက် ထုတ်ပြန်တဲ့ အမိန့်ကို ထောက်ခံတဲ့အနေနဲ့ ဆန္ဒပြကြမှာ ဖြစ်တယ်။ " ဟု ဦးကေသာရမှ မိန့်ကြားသည်။
ဇွန်လ ၂ ရက်နေ့က စစ်တွေမြို့ မြို့သူကြီးရပ်ကွက်တွင် သံဃာတော်များ၊ ရခိုင်လူမှု အဖွဲ့အစည်းများမှာ အစည်းအဝေး တစ်ရပ် ပြုလုပ်ကာ အဆိုပါ ထောက်ခံပွဲအား သံဃာတော်များမှ ဦးဆောင်ကာ ဇွန်လ ၄ ရက်နေ့တွင် မဖြစ်မနေပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးသို့ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောင့်ရေးအဖွဲ့မှ သံဃာတော် ၅ ပါးအပါအ၀င်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရခိုင်လူမှုအဖွဲ့အစည်း ၁၄ ဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စုစုပေါင်း ၅၁ ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးအား ညနေ ၁ နာရီခွဲတွင် စတင်ကာ ၃ နာရီခွဲတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်မှ " ရခိုင်ပဋိပက္ခစုံစမ်းရေး ကော်မရှင် အစီရင်ခံစာ၏ အကြံပြုချက်အရ ရခိုင်ပြည်နယ်တွင် မွတ်စလင်လူဦးရေ အဆမတန် တိုးပွားမှုနှုန်းအား ထိန်းချုပ်နိုင်ရန်အတွက် ဒေသန္တရ အမိန့်တစ်ရပ်ကို မောင်တော ခရိုင်အတွင်း ထုတ်ပြန်ခြင်းဖြစ်ကြောင်း။ " မေလ ၂၁ ရက်နေ့က RFA သတင်းဌာနတွင် ဖော်ပြထားသည်။
မွတ်ဆလင် အိမ်ထောင်စုတစ်စုတွင် ကလေး ၂ ဦးနှုန်း မွေးဖွားရန်နှင့် မြန်မာ့ဓလေ့ ထုံးတမ်းအရ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးရန် အမိန့်ကို ထပ်မံအတည်ပြုထုတ်ပြန်ခြင်းဖြစ်ပြီး လက်ရှိထုတ်ပြန်သော ဥပဒေအပေါ် ချိုးဖောက်သူများအား လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်းကိုလည်း ဖော်ပြထားသည်။
ဒေသန္တရ အမိန့်ကို ထောက်ခံကြောင်း လူထုဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ပြုလုပ် စစ်တွေမြို့ရှိ မြို့မိမြို့ဘများ၊ ပါတီများ၊ လူ့မှုအဖွဲ့အစည်းများနှင့် သံဃာတော်များ အစည်းအဝေးပြုလုပ်နေစဉ်။ဒေသန္တရ အမိန့်ကို ထောက်ခံကြောင်း လူထုဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ပြုလုပ် စစ်တွေမြို့ရှိ မြို့မိမြို့ဘများ၊ ပါတီများ၊ လူ့မှုအဖွဲ့အစည်းများနှင့် သံဃာတော်များ အစည်းအဝေးပြုလုပ်နေစဉ်။
အဆိုပါ အမိန့်ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်မှ မောင်တော၊ ဘူးသီးတောင် အတွင်း ထုတ်ပြန်ထားသော ဒေသန္တရ အမိန့်ကို ကန့်ကွက် ရှုတ်ချကြောင်းကို NLD ပါတီ ဗဟိုကော်မတီ အစည်းအဝေးတွင် မေလ ၂၇ ရက်နေ့က သတင်းထောက်များအား ပြောကြားလိုက်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- arakntimes ၊ ရေးသားသူ-ဇင်ကီး)