Wednesday, August 7, 2013

ဘင်္ဂလားဒေ့ခ်ျမှ ခိုလှုံရန်ဝင်လာသော ရခိုင်များအား ထောက်ပံ့ရန် “ရွှေပြည်တော် မျှော်တိုင်းဝေးလျှင်” ကဗျာစာအုပ် ထုတ်ဝေ

ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှ ခိုဝင်လာကြသော ရခိုင်များအား ထောက်ပံ့ပေးရန် ဇူလိုင် ၅ ရက်နေ့တွင် "ရွှေပြည်တော် မျှော်တိုင်းဝေးလျှင်" ကဗျာစာအုပ်အား ပထမအကြိမ်အဖြစ် ထုတ်ဝေလိုက်ပြီး ၄င်းစာအုပ်များကို သြဂုတ်လအတွင်းမှစပြီး ရောင်းချသွားမည်ဖြစ်၍ ထိုမှ ရရှိလာသောငွေများကို မောင်တောဒေသတွင် အခြေချနေထိုင်ကြသည့် ဇာတိမြေသို့ပြန်လာကြသော ရခိုင်တိုင်းရင်းသားများကို လှူဒါန်းသွားမည် ဖြစ်ကြောင်းသိရသည်။
ရွှေပြည်တော် မျှော်တိုင်းဝေးလျှင် ကဗျာစာအုပ်ကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗုလ်ချုပ်လမ်း၊ ဆာကူရာတာဝါရှိ ဥပဒေပညာရှင် ဦးသန်းမောင်၏ ရုံးခန်းတွင် ထုတ်ယူနိုင်ပါပြီ။ ရွှေပြည်တော် မျှော်တိုင်းဝေးလျှင် ကဗျာစာအုပ်ကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗုလ်ချုပ်လမ်း၊ ဆာကူရာတာဝါရှိ ဥပဒေပညာရှင် ဦးသန်းမောင်၏ ရုံးခန်းတွင် ထုတ်ယူနိုင်ပါပြီ။
ကဗျာစာအုပ်များကို ဖြန့်ချိရန်အတွက် အခန်း - ၁၅၀၅၊ ၁၅- လွှာ၊ ဗိုလ်ချုပ်လမ်း၊ ဆာကူရာတာဝါ၊ ကျောက်တံတားမြို့နယ်ရှိ ဦးသန်းမောင်၏ ဥပဒေရုံးခန်းတွင် လာရောက်ယူနိုင်ပြီး ထိုသို့ ဖြန့်ချိနိုင်ရန်အတွက် မိတ်ဆက်ပွဲ အခမ်းအနားတစ်ခုကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း အမှာစာရေးသားသူ ဦးသန်းမောင် (ဥပဒေပညာရှင်)မှ ပြောသည်။
" ကဗျာစာအုပ် ဖြန့်ဖို့အတွက်တော့ မိတ်ဆက်ပွဲ တခုအနေနဲ့ ရခိုင်ဓမ္မာရုံမှာ လုပ်မယ်လို့တော့ စီစဉ်ထားပါတယ်။ အတိအကျတော့ မစီစဉ်ရသေးပါဘူး။ ဒီအပါတ် စနေ၊ တနင်္ဂနွေလောက် လုပ်မယ်လို့ စဉ်းစားထားပါတယ်။ တအုပ်ကိုတော့ မြန်မာငွေနဲ့ ဆိုရင် ၃၀၀၀ ကျပ်၊ ပြည်ပမှာဆိုရင်တော့ ဒေါ်လာ ၂၀ နဲ့ ညီမျှသော ငွေကြေးနဲ့ ရောင်းချသွားပါမယ်။ " ဟု ပြောသည်။
ရခိုင်ပြည်ရှိ ရခိုင်လူမျိုးများမှာ အင်တာနက်ကို လက်လှမ်းမမီသောကြောင့် စာအုပ်အဖြစ်ထုတ်ဝေရခြင်းဖြစ်ပြီး ယခုရောင်းချမည့် ကဗျာစာအုပ်တွင် ရခိုင်လူမျိုးများ၏ မျိုးချစ်စိတ်ကို အရင်းခံကာ ရေးသားထားသော ကဗျာများဖြစ်ကြောင်း ကဗျာရေးသားသူ ဦးခိုင်အောင်ကျော် (နယူးယောက်)က ပြောသည်။
" ဒီစာအုပ်ရောင်းလို့ ရလာတဲ့ ငွေတွေကို ဘင်္ဂလားဒေ့ရှ်က ပြန်ရောက်လာကြတဲ့ ရခိုင်ပြည်သူတွေကို ထောက်ပံ့ကူညီသွားမှာ ဖြစ်တယ်။ ဒီထဲက ကဗျာတွေကတော့ ရခိုင်လူမျိုးတွေရဲ့ မျိုးချစ်စိတ်ကို အရင်းခံထားပြီးတော့ ရေးဖွဲ့ထားတဲ့ အကြောင်းအရာမျှသာဖြစ်တယ်။ကျွန်တော်တို့ ရခိုင်ပြည်နယ်က ရခိုင်ပြည်သူတွေဟာ အင်တာနက်နဲ့ လက်လှမ်းမမှီတာကြောင့် စာအုပ်အဖြစ် ထုတ်ဝေရတာ ဖြစ်တယ်။ အစကတော့ ရခိုင်ဝေါဟာရနဲ့ ထုတ်မယ့်အစီအစဉ် မရှိဘူး။ ဒါပေမဲ့ တကယ်ထုတ်ဖြစ်တော့ ရခိုင်ဝေါဟာရနဲ့ပဲ ထုတ်ဖြစ်သွားတယ်။ စာအုပ်ထဲက ကဗျာတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က ရေးသားဖော်ပြခဲ့တဲ့ ကဗျာတွေဖြစ်ပြီးတော့ အဲဒီအချိန်၊ အဲဒီကာလနဲ့ ဆက်စပ်တွေးခေါ်ပြီးတော့ ဖွဲ့နွဲ့တင်ပြထားတာတွေ ဖြစ်တယ်။" ဟု သူက ဆိုသည်။
အဆိုပါ ကဗျာစာအုပ်ကို သြဂုတ်လ ၃၁ ရက်နှင့် စက်တင်ဘာ ၁ ရက်တွင် အမေရိကန် ပြည်ထောင်စု၌ ကျင်းပမည့် ရခိုင်အမျိုးသားညီလာခံတွင် စာအုပ် ၁၀၀ ဖြန့်ချိရောင်းချရန် စီစဉ်ထားကြောင်းလည်း သိရသည်။
"ရွှေပြည်တော် မျှော်တိုင်းဝေးလျှင်" စာအုပ်အား နေရီရီ စာတိုက်မှ ရိုက်နှိပ်ဖြန့်ချိပြီး ကိုမောင်ကြီးမှ စစ်ဆေးပေးကာ၊ အမှာစာကို ဦးသန်းမောင် (ဥပဒေပညာရှင်)မှ အမှာစာ ရေးပေးခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakntimes၊ ရေးသားသူ- မြတ်နိုးခင်)

No comments: