ပထမနေ့ (၆.၈.၂၀၁၃)
မြန်မာနိုင်ငံသမိုင်းတွင် ကြီးမားသောအချိုးအကွေ့တစ်ခုအဖြစ် ဖော်ဆောင်နိုင်ခဲ့ကြသော ရှစ်လေးလုံး အရေးတော်ပုံကြီး ၂၅ နှစ်ပြည့်မြောက်ခဲ့သည့် ငွေရတုအခမ်းအနားကို ယနေ့ သြဂုတ်လ၊ ၆ ရက် မှစ၍ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ Myanmar Convention Centre (MCC) ခန်းမ၌ စတင်ကျင်းပ ပြုလုပ်ခဲ့ကြသည်။
ကြွရောက်လာသော ဧည့်ပရိတ်သတ်များအား နေ့လည်(၁၁း၀၀)နာရီတွင် နေ့လည်စာဖြင့် ကျွေးမွေးဧည့်ခံပြီး မွန်းတည့် (၁၂း၀၀)နာရီတွင် ဆွေးနွေးပွဲများကို စတင်ပြုလုပ်ခဲ့ကြသည်။ (ဓါတ်ပုံ - 8888 Silver Jubilee facebook)ကြွရောက်လာသော ဧည့်ပရိတ်သတ်များအား နေ့လည်(၁၁း၀၀)နာရီတွင် နေ့လည်စာဖြင့် ကျွေးမွေးဧည့်ခံပြီး မွန်းတည့် (၁၂း၀၀)နာရီတွင် ဆွေးနွေးပွဲများကို စတင်ပြုလုပ်ခဲ့ကြသည်။ (ဓါတ်ပုံ - 8888 Silver Jubilee facebook)
မြန်မာနိုင်ငံရှိ ဒီမိုကရက်တစ်အင်အားစုများ စုရုံးပြုလုပ်သော ရှစ်လေးလုံးအရေးတော်ပုံ ငွေရတု အခမ်းအနားကို ယနေ့ နံနက် ၉း၀၀ နာရီအချိန်တွင် ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ (MCC) ခန်းမ၌ စတင်ဖွင့်လှစ်ကျင်းပခဲ့ကြသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံတစ်ဝန်းရှိ ဒီမိုကရေစီအရေး လိုလားကြသူများ၊ တိုင်းရင်းသားပြည်သူများ၊ အဖွဲ့အစည်းအသီးသီးနှင့် ပါတီအသီးသီးမှ ကိုယ်စားပြုပုဂ္ဂိုလ်များ၊ တိုင်းရင်းသားအဖွဲ့များ၊ နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ (၁။ NLD ၂။ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် ၃။ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၄။ ရှမ်းပြည်နယ်လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး (ရလလဖ) ၅။ မွန်ပြည်သစ် ပါတီ ၆။ KNU ၇။ KNU (တပ်မဟာ-၇) ၈။ PNLO (ပအို့အမျိုးသားပါတီ) ၉။ ကယန်းအမျိုးသားပါတီ ၁၀။ ကျားဖြူပါတီ (ရှမ်းပြည်နယ်) ၁၁။ DKBA ၁၂။ KNLP (တပ်မဟာ-၁၆) ၁၃။ SSPP (SSA) ၁၄။ SSNA (ခွဲထွက်) ၁၅။ ဇိုမီး ချင်းအမျိုးသားတိုးတက်ရေးပါတီ ၁၆။ မွန်ဒီမိုကရေစီပါတီ ၁၇။ SSA (အသွင်ပြောင်း) ၁၈။ ချင်းလူငယ်များအဖွဲ့ ၁၉။ TNDP(ရှမ်းနီ) ၂၀။ ALD(စစ်တွေ) ၂၁။ UWSA ၂၂။ ပလောင် တိုင်းရင်းသား လူမှုအဖွဲ့အစည်းများ ၂၃။ NDF၂၄။ ကယန်း အမျိုးသား တိုးတက်ရေးပါတီ ၂၅။ KNLA(PC) ၂၆။ TNDP(ရှမ်းနီ) ၂၇။ ALD(စစ်တွေ) ၂၈။ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ၂၉။ ရခိုင်ရှစ်လေးလုံး (ရခိုင်၈၈၈၈) ၃၀။ ရှမ်းပြည်နယ် ၈၈ လူငယ်များ ၃၁။ MNHRL ၃၂။ SNDP ၃၃။ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၃၄။ ကော်သူမွဲ့ခီး(၄၄) ၃၅။ T.W.O ၃၆။ TSYU ၃၇။ ရခိုင်ကော်မရှင် ၃၈။ KNU/KYO ၃၉။ TSYU ၄၀။ T.W.O ၄၁။ ပလောင်လူငယ်အဖွဲ့အစည်း ၄၂။ အ.န.လ.က (အမျိုးသားနိုင်ငံရေး ကျောင်းသားများ) ၄၃။ ရှမ်းပြည်မျိုးဆက် အင်အားစု ၄၄။ KHUN TAN NEW YOUTH တို့ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပထမဦးစွာ ရှစ်လေးလုံးသမိုင်းမှတ်တမ်း ရုပ်သံကို (၁၀)မိနစ်ကြာ ပြသ၍ ဖွင့်လှစ်ခဲ့ပြီးနောက် မင်းကိုနိုင်က ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတု ဆွေးနွေးပွဲအခမ်းအနား ကြိုဆိုနှုတ်ခွန်းဆက် အဖွင့်စကားကို ပြောကြားပေးခဲ့သည်။ ၄င်းနောက် ဌေးကြွယ်မှ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတု ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြခဲ့သည်။
ခမ်းအနားဖွင့်လှစ်ခြင်းကို နံနက် (၁၀း၃၀)နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ မှတ်တမ်းပြခန်းများကို MCC ခန်းမ အရှေ့ဘက် ဘယ်ဘက်ခန်းတွင်လည်းကောင်း၊ MCC ခန်းမ မျက်နှာစာ ညာဘက်ခြမ်းတွင် လည်းကောင်း ဖွင့်လှစ်ပြသခဲ့သည်။
၎င်းနောက် ကြွရောက်လာသော ဧည့်ပရိတ်သတ်များအား နေ့လည် (၁၁း၀၀)နာရီတွင် နေ့လည်စာဖြင့်
ကျွေးမွေးဧည့်ခံပြီး မွန်းတည့် (၁၂း၀၀)နာရီတွင် ဆွေးနွေးပွဲများကို စတင်ပြုလုပ်ခဲ့ကြသည်။
ဆွေးနွေးပွဲများစတင်ခဲ့ရာတွင် အောက်ဖော်ပြပါ ခေါင်းစဉ် (၆)ခုကို (၄)နေရာပူးပေါင်း၍ ဆွေးနွေးခဲ့ ကြသည်။
(၁) အပစ်အခတ်ရပ်စဲရေး၊ တိုင်းရင်းသားရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဖော်ဆောင်ရေးလုပ်ငန်းစဉ်၊
(၂) လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှု၊
(၃) အနာဂတ်ပြည်ထောင်စု၊
(၄) စစ်မှန်သော အမျိုးသား ပြန်လည်သင့်မြတ်ရေး၊
(၅) မြန်မာ့နိုင်ငံရေးနှင့် ဒီမိုကရေစီအင်အားစုများ၏ အခန်းကဏ္ဍ၊
(၆) တိုင်းပြည်ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊
ဖော်ပြပါ ခေါင်းစဉ် (၆)ခုကို (၄)နေရာခွဲ၍ ဆွေးနွေးရာတွင် တိုင်းရင်းသားရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အနာဂတ်ပြည်ထောင်စု ဖေါ်ဆောင်ရေး ခေါင်းစဉ်အား ဆရာဖေမြင့်၊ ခွန်မြင့်ထွန်း၊ ကိုအောင်မိုးဇော်၊ မခေါန်ဂျာ၊ ဆလိုင်းလျှံမုန်းတို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြပြီး အကျိုးဆောင်များမှ ကိုသားကြီး၊ မသင်းသင်းအောင်၊ ကိုကျော်စွာဆွေ၊ ကိုရဲအောင်တို့မှ ပါဝင်ကူညီကာ တက်ရောက်လာသော လူပုဂ္ဂိုလ်များနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှု ခေါင်းစဉ်ကို ကိုအောင်မျိုးမင်း၊ ကိုမြင့်အေး (HRDP)၊ မစုစုဆွေ (WLB)၊ ကိုမော်လင်းတို့မှ ဦးဆောင်ကာ အကျိုးဆောင် ကိုအောင်မျိုးမင်း၊ ကိုအောင်ဇော်ထွေး၊ ကိုခင်မောင်ဝင်း၊ မသက်သက်အောင်တို့မှ ပါဝင်အားဖြည့်လျှက် တက်ရောက်ကြသော လူပုဂ္ဂိုလ်များနှင့် နှီးနှောတိုင်ပင် ဆွေးနွေးခဲ့ကြသည်။
စစ်မှန်သော အမျိုးသား ပြန်လည်သင့်မြတ်ရေး ခေါင်စဉ်ဖြင့် UNA ကိုယ်စားလှယ် ဦးအေးသာအောင်၊ ကိုကိုကြီး (၈၈)၊ ကိုသံခဲ (ABSDF)၊ ဦးဌေးသိန်း၊ ဒေါ်ခင်မမမျိုးတို့မှ ဦးဆောင်၍ အကျိုးဆောင် စောသန်းလှိုင်၊ မနိုးနိုးထက်စံ၊ ကိုလှိုင်မြတ်၊ မဆုမွန်အောင်တို့မှ ပါဝင်ကူညီပြီး တက်ရောက်ဆွေးနွေးသော လူပုဂ္ဂိုလ်များနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
တိုင်းပြည်ပြန်လည် တည်ဆောက်ရေးနှင့် ဒီမိုကရေစီအင်အားစုများ၏ အခန်းကဏ္ဍ ခေါင်းစဉ်ကို ဆရာဦးမြင့်၊ ဒေါက်တာရန်မျိုးသိန်း၊ မခင်ဥမ္မာ၊ Dr.ရင်ရင်နွယ်၊ ဦးရွှေစင်ထွန်းတို့မှ ဦးဆောင်၍ အကျိုးဆောင် အဖြစ် Dr.ကျော်သူ၊ ဇော်ဇော်ထွန်း၊ ကိုမြတ်စံ၊ မနန်းစော၊ ကိုလှမျိုးနောင်တို့မှ ၀ိုင်းဝန်းပါဝင်ကာ တက်ရောက်လာသော ဧည့်ပရိတ်သတ်များမှ စိတ်ပါဝင်စားစွာ ပါဝင်မေးမြန်းဆွေးနွေးခဲ့ကြသည်။
မွန်းလွဲ (၃း၀၀)နာရီတွင် ဆွေးနွေးမေးမြန်းမှုများကို ခေတ္တရပ်နားပြီး ကော်ဖီ၊ မုန့်တို့ဖြင့် ကျွေးမွေးဧည့်ခံကာ ညနေ (၄း၀၀)နာရီတွင် ဆွေးနွေးမေးမြန်းခြင်း ဒုတိယပိုင်းကို ပြန်လည်စတင်ခဲ့ကြသည်။ ဆွေးနွေးပွဲကို မနက်ဖြန် (သြဂုတ်လ၊ ၇ ရက်)တွင် ဆက်လက်ပြုလုပ်ရန် သဘောတူညီခဲ့ကြပြီး ယနေ့ဆွေးနွေး မေးမြန်းပွဲကို ညနေ (၆း၀၀)နာရီတွင် ရပ်နားခဲ့ကြသည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများ အား ညနေစာဖြင့် ကျွေးမွေးဧည့်ခံခဲ့သည်။
ညနေ (၆း၃၀)နာရီတွင် ရှစ်လေးလုံးအရေးတော်ပုံ ငွေရတုအခမ်းအနားကျင်းပရေးနှင့် လုပ်ငန်း ကော်မတီ အစည်းအဝေးကို MCC ခန်းမအပေါ်ထပ်တွင် ပြုလုပ်ခဲ့ကြပြီး ရှေ့လာမည့် နှစ်ရက်တာ အခမ်းအနား ပြင်ဆင်ရေးနှင့် လုပ်ငန်းပိုင်းဆိုင်ရာများကို ဆွေးနွေးပြင်ဆင်ခဲ့ကြသည်။
မနက်ဖြန် (သြဂုတ်လ၊ ၇ ရက်) နံနက် (၉း၀၀)နာရီတွင် ရှစ်လေးလုံး အရေးတော်ပုံ ငွေရတုအခမ်းအနားကျင်းပခြင်း ဒုတိယနေ့ကို ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဆွေးနွေးပွဲများကို အဆုံးသတ် အတည်ပြု မှတ်တမ်းရယူသွားမည်ဖြစ်သည်။
Ref: 8888 Silver Jubilee Facebook
(သတင်းအရင်းအမြစ်- Arakntimes)