Friday, September 6, 2013

ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် တရုတ်နိုင်ငံသား တစ်ဦးအသတ်ခံရ

pipe images
 
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မြဒေးကျွန်း ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်းတွင် အလုပ် လာရောက် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား တစ်ဦး အသတ်ခံရကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသည့် တရုတ်ငံသားမှာ Main structure work တွင် လုပ်ကိုင်နေသူ မစ္စတာ လူ (Mr Lu) ဆိုသူဖြစ်ပြီး အသက် ၃၀ ခန့်ရှိကြောင်း သိရသည်။

“ ဒီမှာ ကောလဟလ သတင်း ဖြစ်နေတာက သူတို့တရုတ်အချင်းချင်း သတ်ပြီး မြစ်ထဲကို ပစ်ချ လိုက်တယ်လို့ ကြားတယ်။ အခုသေသွားတဲ့ တရုတ်က တခြား တရုတ် အမျိုးသား ၁၂ ယောက်နဲ့ အတူ မြဒေးကျွန်းက အဆောင်မှာ နေစဉ် ပျောက်သွားတာ ဖြစ်တယ်။ ပျောက်သွားတာ ၂ ရက်ခန့် ရှိပြီးမှ သူ့အလောင်းကို ယမန်နေ့က ပြန်တွေ့တာပါ” ဟု မြဒေးကျွန်းဒေသခံ ကိုထွန်းကြည်က ပြောသည်။

ယမန်နေ့က မြဒေးကျွန်းအနီး ရေထဲမှ သူ့အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး လည်ပင်းနှင့် လက်မောင်းတွင် ဒဏ်ရာတချို့ ရရှိထားသည်ဟု မျက်မြင်များက ပြောသည်။

Mr Lu ပျောက်ဆုံးသွားပြီးနောက် သူ့ဓါတ်ပုံများကို ကျေးရွာများတွင်ကပ်ပြီး လူပျောက်ကြေငြာကာ ရှာဖွေမူများ ပြုလုပ်ခဲ့ကြောင်း၊ ခရိုင်ရဲမှူး ကိုယ်တိုင် မြဒေးကျွန်းသို့ လာရောက်စုံးစမ်း စစ်ဆေးမူများပြုလုပ်ခဲ့ကြောင်း၊ ယမန်နေ့ကမှသာ သူ့အလောင်းကို ရေထဲက ရှာဖွေတွေ့ရှိခဲ့ကြောင်း ကိုထွန်းကြည်က ဆက်လက် ပြောသည်။

ယခုအခါ သေဆုံးသွားသူ အလောင်းကို ကျောက်ဖြူဆေးရုံးကို ယူဆောင်သွားပြီး Mr Lu သေဆုံးရသည့် အကြောင်းကို စစ်ဆေးချက်များ ပြုလုပ်နေကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: